စာစုတို

စေထွဋ်ပိုင် (ပုသိမ်) – နှစ်ဟောင်းမှ နှစ်သစ်သို့စီသည့် ၀ါကျများ

December 31, 2014
စေထွဋ်ပိုင် (ပုသိမ်) – နှစ်ဟောင်းမှ နှစ်သစ်သို့စီသည့် ၀ါကျများ

စေထွဋ်ပိုင် (ပုသိမ်) – နှစ်ဟောင်းမှ နှစ်သစ်သို့စီသည့် ၀ါကျများ (မိုးမခ) ဒီဇင်ဘာ ၃၁၊ ၂၀၁၄ နှစ်ကုန်ခါနီးအချိန်က ရင်ထဲကို မီးတောက်များပစ်ထည့်သွား၏။ ကမ္ဘာမကြေသီချင်းက ကျွန်တော်တို့ ဆိုလို့မဆုံးသည့် သီချင်းသံလား။ နှစ် ဟောင်းကို သွေးနှင့်ကြွေစေပြီး နှစ်သစ်ကို သွေးနှင့် ဝေစေမှာလား။ ကျည်ဆံကတော့ အကျဉ်းတန်စွာ ၂၀၁၄ ကို ဖောက်ထွက်သွားခဲ့ပြီ။ အိပ်ရေးပျက်သည်အထိ အကြမ်းဖက်သတင်းများက လူတိုင်းကို နှောင့်ယှက်နေ၏။ ဘူဒိုဇာပုံရိပ်များ၊ ၀ါရင်းတုတ်များ၊ လှံ၊ လေးခွ၊ သေနတ် နှင့် ဓားကအစ အနုမြူဗုံးကလည်း မျက်ခုံးတလှုပ်လှုပ်။ နောက်ကျောမလုံသည်စိတ်နှင့် လူသည်လည်း သံသယများ ဖွံ့ထွားလာခဲ့ပုံ။ လုံခြုံမှုမရှိသည့် စိုးရိမ်စိတ်တွေနှင့် အိပ်ရေးပျက်သူများ နှစ်ကုန်ခါနီးမှာ ပိုများလာသည်ထင်မိ၏။ ပြဿနာပေါင်းသောင်းခြောက်ထောက်နှင့် အမယ်ဘုတ်ချည်ခင်ကြီးက ရှုပ်ထွေးမက ရှုပ်ထွေးလျှက်။...

Read more »

လောအယ်စိုး – ခရစ်စမတ် ၀တ်ပြုခေါ် ခေါင်းလောင်းကို ထိုးခွင့်ပေးပါ

December 26, 2014
လောအယ်စိုး – ခရစ်စမတ် ၀တ်ပြုခေါ် ခေါင်းလောင်းကို ထိုးခွင့်ပေးပါ

  လောအယ်စိုး – ခရစ်စမတ် ၀တ်ပြုခေါ် ခေါင်းလောင်းကို ထိုးခွင့်ပေးပါ (မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၁၄ ခရစ်စမတ် သီချင်းသံများ ကြားနေရပေပြီ အလုပ်ကျောင်း ရုံးများ ပိတ်မည့် ရက်ကိုလည်းမျှော်၍ ပျော်သော သူတို့ ပျော်ရွှင်ကြ သည်။ ကာလအတန်ကြာ မိသားစု ရင်းနှီးသော မိတ်ဆွေများတို့ နှင့် ဝေးကွာနေသော သူတွေ ဝေးကွာနေဆဲသော သူများ ခရစ်စမတ်အချိန်ဆိုလျှင် အမညဖေါ်၍မရနိုင်သော ဝေဒနာတမျိုးကို ခံစားရသည်။          မိသားစုများ.ဆုံစည်းရန်အတွက် အိမ်မပြန်နိုင်သော အိမ်ပြန်၍ မသင့်သေးသော အချိန်ကာလ တစ်စုံ တခုတို့ ကြောင့် ကွဲကွာနေရဆဲသူတွေ အများကြီးရှိသည်။ ကျနော်နေထိုင်သော ဒေသတွင် လွန်ခဲ့သော တလကျော်ကျော်ခန့်က နှင်းမုန်တိုင်းကြီး ကျရောက်၍ ဒေသခံများ ဒုက္ခရောက်ခဲ့ကြသည်။...

Read more »

ညိုထက်ညို – ဒဂုန်တာရာ့ မျက်စိ

December 25, 2014
ညိုထက်ညို – ဒဂုန်တာရာ့ မျက်စိ

ညိုထက်ညို – ဒဂုန်တာရာ့ မျက်စိ (မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၁၄ အင်တာနက်တနေရာမှာ ဆရာတာရာ့ပုံ တွေ့လိုက်ရင်းနဲ့ ကျွန်တော် ဆရာတာရာ့မျက်စိအကြောင်း တွေးမိပါတယ်။ သိကြတဲ့အတိုင်း ဆရာ့ မျက်စိက နဂိုကတည်းက ခပ်မှုန်မှုန် …။ ကျွန်တော်မှတ်မိသလောက် ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ဆရာ့မျက်စိ အတော်အခြေအနေဆိုးနေပြီ ထင်ပါတယ် …။ “ဆေးရောင်စုံ ဒဂုန်တာရာ” ဆရာ့အကြောင်း စာရေးဆရာတွေ ၀ိုင်းရေးကြတဲ့စာအုပ်က ဆောင်းပါးတပုဒ်မှာတော့ မှော်ဘီ ဘော်လုံးစက်ရုံ နားက ဆရာ့ ကျေးလက်မဲဇာကို အလည်သွားတော့ ဆရာ ငရုတ်သီးမှုန့်ပုလင်းနဲ့ ကော်ဖီမှုန့်ပုလင်း မှားဖွင့်တယ် ရေးထားတယ်။ လုံးဝ မမြင်ရတဲ့အဆင့်တော့ မဟုတ်သေး ….။ ကျွန်တော် မှတ်မိသလောက် ဆရာမြသန်းတင့် မျက်စိခွဲတာလည်း အဲဒီအချိန်လောက်ပဲ ထင်...

Read more »

မောင်ဦး – (untitled) (ခေါင်းမပါတဲ့စာ)

December 19, 2014
မောင်ဦး – (untitled) (ခေါင်းမပါတဲ့စာ)

  မောင်ဦး – (untitled) (ခေါင်းမပါတဲ့စာ) (သူ့ဖေ့စ်ဘွတ်) ဒီဇင်ဘာ ၁၉ ၊ ၂၀၁၄ “မဆီမဆိုင်ကွာ၊ ကိုယ်နဲ့ရလို့ ကိုယ့်မယားဖြစ်လာတဲ့ မိန်းမတစ်ယောက်ကို ရှာဖွေကျွေးရတယ်ဆိုတာ တကယ်တွေးကြည့်တော့ တော်တော်ရယ်စရာကောင်းတာပဲ” အဲဒါ ကျွန်တော် ပြောတာ မဟုတ်ဘူး။ ကိုသန်း ပြောတာ။ (မရှင်းလို့ မဖြစ်ဘူး။ တော်ကြာ ဒီကောင် သူ မရလို့ ပြောတာ ဘာညာနဲ့ ဝိုင်းသမမယ့်သူတွေရှိတယ်။ ဟဲဟဲ) ကိုသန်းက ဆရာမြသန်းတင့်ရဲ့မိတ်ဆွေ။ ဆရာက သူ့ကို ‘အော်သရူး’ လို့ ခေါ်တယ်။ မနက်စောစော ဆရာမြသန်းတင့်ရဲ့ ‘ပုံတောင်ပုံညာသွား တောလား’ ကို ဖတ်ရင်းနဲ့ ကိုသန်း အကြောင်းကို ဖတ်မိတာ။ ဒါပေမဲ့ အခု ပြောမှာက ကိုသန်း အကြောင်း...

Read more »

ကိုသစ်(သီတဂူ) – အရေးပေါ် ဆရာဝန်

December 19, 2014
ကိုသစ်(သီတဂူ)  – အရေးပေါ် ဆရာဝန်

ကိုသစ်(သီတဂူ)  – အရေးပေါ် ဆရာဝန် (မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၁၄ ဆရာဝန်တစ်ယောက်သည် အရေးပေါ်တယ်လီဖုံးတစ်လုံးကို လက်ခံစကားပြောပြီးနောက် အခုချက်ချင်း ခွဲစိပ်ခန်းဝင်ရမည်ဟု သိရသောကြောင့် ဆေးရုံသို့ အပြေးအလွှားရောက်ရှိ လာလေ သည်။ ဆေးရုံရောက်ရောက် ချင်း ခွဲစိပ်ခန်းသုံးအ၀တ်အစားများကို ၀တ်ရုံပြီးနောက် ခွဲစိပ်ခန်းသို့ ကသုတ်ကရက် ပြေးဝင်သွားလေသည်။ လူနာ၏ ဖခင်ဖြစ်သူ သည် သူ့သားငယ်ကို ခွဲစိပ်ပေးမည့် ဆရာဝန်ကိုစောင့်ရင်း အခန်းဝတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလေသည်။ ဆရာဝန်ကို မြင်သောအခါ “ဒီလောက်နောက်ကျရလားဗျ။ ကျနော့်သားဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေဆိုတာ ခင်များ နားမလည်ဘူးလား။ ခင်များတို့ ဆရာဝန်တွေမှာ တာဝန်ယူ လိုစိတ်ကော ရှိမှရှိသေးရဲ့လား”ဟု စိတ်ဆိုးမာန်ဆိုးဖြင့် ဆီးငေါက်ပါတော့သည်။ ဆရာဝန်က ပြုံးရွှင်စွာဖြင့် “အခုလို နောက်ကျသွားတာကို...

Read more »

ကျော်မောင်(တိုင်းတာရေး) – ဗာလာနံ

December 11, 2014
ကျော်မောင်(တိုင်းတာရေး) – ဗာလာနံ

  ကျော်မောင်(တိုင်းတာရေး) – ဗာလာနံ (မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၄   နယ် မြို့လေးမှာ အဖိုးအဖွားတွေ ရှိတုန်းက နွေရာသီကျောင်းပိတ်ရက်ဆို ဦးလေးတွေက နယ်ကို သင်္ဘောဖြင့် လိုက်ပို့သည်။တစ်နှစ်တွင်  ဖိုးဖွား မိဘတွေတိုင်ပင်ပြီး ကျော်မောင်တို့ ညီအကိုနှစ်ကောင်ကို ဘုန်းကြီးကျောင်းက  ဆရာတော်ထံ အပ်နှံကာ ပရိတ်ကြီး သင်စေသည်။ မကောင်း ကျောင်းပို့ အဲလေ အနည်းဆုံး မင်္ဂလသုတ် လောက် တက်နိုင်ခဲ့ရင် အမြတ်ပဲဟု အဖေက ဆိုကာ ကျောင်းပို့ခြင်းဖြစ်သည်။   ကျောင်းအိပ် ကျောင်းစား မဟုတ်၊ ကိုရင်တွေ ဦးဇင်းတွေ မနက် (၉)နာရီလောက် ဆွမ်းခံမကြွခင် ရောက်အောင် သွား၊ ဆွမ်းခံထွက်ဖို့ ကျောင်းသားလိုရင် လိုသော ကိုရင် (သို့)...

Read more »

အရှင်စန္ဒိမာ (မွန်စိန်တောရ) – လူထုဒေါ်အမာနှင့် တခဏတာ တွေ့ဆုံခဲ့ရာဝယ်

December 1, 2014
အရှင်စန္ဒိမာ (မွန်စိန်တောရ) – လူထုဒေါ်အမာနှင့် တခဏတာ တွေ့ဆုံခဲ့ရာဝယ်

  အရှင်စန္ဒိမာ (မွန်စိန်တောရ) – လူထုဒေါ်အမာနှင့် တခဏတာ တွေ့ဆုံခဲ့ရာဝယ်   (မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၄ ၁၉၉၉ နှစ်အတွင်းက မိမိဟာ တောင်မြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှာ သီတင်းသုံးနေစဉ် လူထုဒေါ်အမာကို မန္တလေးလူထုတိုက်မှာ ပထမဦးဆုံးနဲ့ နောက်ဆုံးအကြိမ်အဖြစ် သွားရောက်တွေ့ဆုံခွင့် ရခဲ့ပါတယ်။ အလွန်မြန်မာဆန်တဲ့ ဝတ်စားဆင်ယင်မှုက မထူးဆန်းလှပေမယ့် ယဉ်ကျေးသိမ်မွေ့ တည်ငြိမ်အေးချမ်းတဲ့ သူ့အသွင်အပြင်က ပညာရှိမြန်မာအမျိုးသမီးကြီးတယောက်ရဲ့ ဟန်အမူအယာကို ပေါ်လွင်စေတယ်လို့ ထင်မိတယ်။ စာပေမှတဆင့် လေးစားခဲ့ရသူတယောက်ကို တိုက်ရိုက်တွေ့ဆုံစကားပြောခွင့် ရလိုက်တဲ့အခါမှာ ကြည်နူးမှုဖြင့် ပိုမိုလေးစားခဲ့ရတယ်ဆိုတာကို ရိုးရိုးသားသား ဝန်ခံချင်ပါတယ်။ ဆရာမောင်ထွန်းသူ ဘာသာပြန်တဲ့ အရက်အန္တရာယ်ကို မီးမောင်းထိုးပြထားတဲ့ ဝတ္ထုတိုတပုဒ်နဲ့ လူထုဦးလှနဲ့ လူထုဒေါ်အမာတို့ ရေးသားပြုစုတဲ့ “ဆေးလိပ်နှင့်လူသား” စာအုပ်ထဲမှ ဆောင်းပါးတချို့ကို ထုတ်နှုတ်ပြီး စာအုပ်ခပ်သေးသေး...

Read more »

အဲဒိုဗေဒါ – မြန်မာ့နိုင်ငံရေးနှင့် မင်းသားသုံးပါး

November 26, 2014
အဲဒိုဗေဒါ – မြန်မာ့နိုင်ငံရေးနှင့် မင်းသားသုံးပါး

အဲဒိုဗေဒါ – မြန်မာ့နိုင်ငံရေးနှင့် မင်းသားသုံးပါး (မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၄ ကျနော်တို့မြန်မာတွေက အလွန်အချော့ကြိုက်သည်။ တနည်းအားဖြင့် အမြှောက် အလွန်ကြိုက်သည်။ သက်ကြီးပိုင်းတယောက်တွေ့လျှင် အန်ကယ်၊ ဦးလေးခေါ်လျှင် မကြိုက်။ အကိုကြီးဟု ချော့ခေါ်မှ ကြိုက်သည်။ နဲနဲပိုအသက်ကြီးလျင် အဘဟု မြှောက်ခေါ်မှ ကြိုက်သည်။ မြန်မာပြည်အခြေအနေကို အမှန်အတိုင်းပြောလျှင် အမျိုးသားသစ္စာဖောက်၊ ပြည်ဖျက်၊ မျိုးမစစ်ဟုမြင်ကြသည်။ “ဆီကိုရေချိုး.. ဆေးရိုးမီး လှုံ .. ဆေးရိုးမီးလှုံဟု” ဆိုပြလျှင် အလွန်သဘောကျကြသည်။ ဘေးဘီက လူတွေကို ပတ်ပြီး ပြုံးပြုံးကြီး လက်မထောင်ပြတတ်ကြသည်။ တကယ်ကျတော့ ဆီကို ရေချိုးဖို့နေနေသာသာ မြန်မာလူထုရဲ့ ၉၉ ရာခိုင်နှုန်းသည် ပြည်ပမှတင်သွင်းသော စားအုန်းဆီ အညံ့စားများကိုသာ စားသုံးနေကြရတာကို အားလုံးသိပြီးသား ဖြစ်ပါသည်။ ဆေးရိုးမီးလှုံဖို့နေနေသာသာ...

Read more »

နေ၀န်းနီ (မန္တလေး) – မန္တ​လေးရယ်​ … ဆောင်းပြန်​​ခေါ်​ပေးပါ

November 26, 2014
နေ၀န်းနီ (မန္တလေး) – မန္တ​လေးရယ်​ … ဆောင်းပြန်​​ခေါ်​ပေးပါ

နေ၀န်းနီ (မန္တလေး) – မန္တ​လေးရယ်​ … ဆောင်းပြန်​​ခေါ်​ပေးပါ (မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၄ photo : Christopher Martin Photography မြူနှင်းတို့ တ​ဝေ့​ဝေ့  တဝဲဝဲ ကျဆင်းချိန်​တွင်​​ မြောက်​​လေချို​အေး​သည်​ ဝန်း​ဝေ့တိုက်​ခတ်​လျှက်​ရှိသည်​။ နှင်း​တွေက​တော့ ​ဝေမှိုင်းကျ​နေဆဲ ပါ။ ယဲ့ယဲ့က​လေးကျဆင်း​နေ​သော​ နေ​ရောင်​ခြည်​က ပိတ်​ဖုံးနေ​သောနှင်းထုကို အစွမ်းကုန်​ထိုး​ဖောက်​​နေဆဲ။ ​တောင်​ခိုးတ​ဝေ​ဝေ မြူ​ခြေက တစိုင်းစိုင်းနှင့်​ မန္တ​လေး​တောင်​ကြီးမှာ လွမ်းစရာမြင်​ကွင်းကို ဖန်​တီး​နေပါသည်​။ ဝန်းကျင်​တခိုကို သဲသဲကွဲကွဲ ပီပီပြင်​ပြင်​ မမြင်​ရ​ပေ။ မန္တ​လေး​ဟေမန်​​ဆောင်း၏ မှုန်​ပျပျ ပန်းချီကားမှာ ရှု့မငြီးဖွယ်​​ကောင်းလှပါဘိ….။ ဒါ ဟိုတစ်​ချိန်​တုန်းက မန္တ​လေးရဲ့ ​ဆောင်းရာသီ​ပေါ့။ အခုမန္တ​လေးက​တော့ နိုဝင်​ဘာလသာ​ရောက်​လာသည်​။ ဆောင်းက ဘယ်​ဆီမှာ မသိ​ပေ။ ဟိုတုန်းက ရပ်​ကွက်​ဘုရားပွဲဆိုရင်​ မီးဖိုပြီး...

Read more »

ညိုထက်ညို – ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ

November 25, 2014
ညိုထက်ညို – ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ

ညိုထက်ညို – ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ (မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၁၄ ကျွန်တော် ဟိုးငယ်ငယ် လူမှန်းသိတတ်စကတည်းက မြန်မာကလေး အတော်များများရဲ့ထုံးစံ ဘောလုံး စ၀ါသနာပါခဲ့ပါတယ်။ ပန်းဆိုးတန်း လမ်းမကြီးရဲ့ အာဖရိကက အမည်းရောင်ကျောက်ပြားကြီးတွေခင်းထားတဲ့ ပလက်ဖောင်းတွေပေါ်မှာ ကျွန်တော် ကော်ဘော လုံး၏ကလေးနဲ့ ကျွန်တော့် ကလေးဘ၀ ကို ဖြတ်သန်းခဲ့တယ်။ အဲဒီတုန်းက မဆလခေတ်။ မြန်မာလက်ရွေးစင်အသင်းက အဲဒီအချိန်မှာ “ဒူ” နေတယ်။ ကျွန်တော်တို့ ဘောလုံးပရိသတ်တွေ အဓိကထား အားပေးကြရတာ ပြည်နယ် နှင့်တိုင်း ဘောလုံးပြိုင်ပွဲတွေ။ ကျွန်တော်က ရန်ကုန်တိုင်း ပရိသတ်…. ယဉ်ထွေး၊ ၀င်းအောင်၊ လှမိုး၊ အောင်ထွန်းထွန်း၊ မြင့်ဇော်၊ စောလွင်၊ နောက် မျိုးလှိုင်ဝင်း။ ပြည်နယ် နှင့် တိုင်းအသီးသီးက...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်