စာစုတို

သစ်ကောင်းအိမ် – ငွေလရောင်ရဲ့တိမ်းရှောင်သူ (အပိုင်း – ၆)

February 17, 2015
သစ်ကောင်းအိမ် – ငွေလရောင်ရဲ့တိမ်းရှောင်သူ (အပိုင်း – ၆)

 သစ်ကောင်းအိမ် – ငွေလရောင်ရဲ့တိမ်းရှောင်သူ (အပိုင်း – ၆) (မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၁၅ ကျနော် အိမ်နဲ့ ပထမဆုံးအကြိမ် စတင်ခွဲခွာဖူးသည့် နေ့တနေ့သည်လည်း ကျနော့်အရေပြားပေါ်တွင် အရုပ်ဆိုးအကျည်းတန် လွန်းသည့် အမာရွတ်တခုအနေနဲ့ပဲ ဖွဲ့နွဲ့ရမည်လား…။ လှပ၍ ဆွဲဆောင်မှုအားကောင်းလှသော ဆေးမင်ကြောင်တခုအဖြစ် တင်စားရမည်လား မပြောတတ်ပါ။ တမနက်ခင်းတွင် အဖေနဲ့အမေက ကျနော်ကို သပ်ရပ်စွာ ဖီးလိမ်းပြင်ဆင်ပေးလျက် စက်ဘီးနောက်တွင်တင်ကာ ခေါ်ဆောင် သွားပြီး ပုသိမ်ထောင်ကြီးဘေး စစ်သားစုဆောင်းရေး မျက်နှာချင်းဆိုင်ရှိ နေ့ခလေးထိန်းကျောင်းတွင် ကျနော်အား ထားရစ် ခဲ့ကြပါသည်။ သူတို့ထွက်သွားတော့ ဆရာမတယောက်က ကျနော့်အား အတင်းဆွဲခေါ်ထားကာ တခါးကို ပိတ်ပစ်လိုက်ပါသည်။ ကျနော်ကား ဆရာမလက်ထဲမှ အတင်းရုန်းကန်ပြေးထွက်လျက် ကျောင်းရှေ့သံတိုင်နှစ်ဖက်ကို ဆုပ်ကိုင်ရင်း ထောင်ကုန်း လမ်းမဘက်ကို မျက်နှာတူရှုလျက်...

Read more »

ငြိမ်းချမ်းအေး – အမှန်မြင်နိုင်ကြပါစေ

February 12, 2015
ငြိမ်းချမ်းအေး – အမှန်မြင်နိုင်ကြပါစေ

  ငြိမ်းချမ်းအေး – အမှန်မြင်နိုင်ကြပါစေ (မိုးမခ) ဖေဖော်ဝါရီ ၁၂၊ ၂၀၁၅ စစ်အစိုးရ အဆက်ဆက် ဘယ်လောက် ငြိမ်းချမ်းရေး လိုလားခဲ့သလဲ ဆိုရင်  “စစ်နဲ့ငြိမ်းချမ်းရေး” လို စစ်ဆန့်ကျင်ရေး (ဗီယက်နမ်စစ်ဆန့်ကျင်ကာလ ရေးတဲ့ သီချင်း) သီချင်းမျိုးကို တရားဝင် သီဆိုခွင့် မပြုပါဘူး။  အခွေ ထုတ်ဖို့ မပြောနဲ့ စင်ပေါ်တောင် မဆိုရပါဘူး။  ဒီလို သဘောထားတွေနဲ့ ဘယ်လို ငြိမ်းချမ်းရေး တည်ဆောက်နိုင်မလဲ။ ကျနော်ရဲ့ တပ်မတော် ဆက်စပ် မိတ်ဆွေများ စဉ်းစားပါ။  ပုဂ္ဂလိက ခံစားချက် ဆိုတာတော့ လူတိုင်း ရှိကြတာချည်းပါပဲ။  ကျနော့်နဲ့ မွေးကတည်းက လည်ပင်းဖက်ပေါင်းလာတဲ့ စစ်တပ်ထဲက သူငယ်ချင်းတွေ ချက်ချင်းလက်ငင်း အသက်ထွက်သွားနိုင်တယ်၊ ခြေပြတ်လက်ပြတ် ဖြစ်သွားနိုင်တယ်။ ကျနော်...

Read more »

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – အရိုးသားဆုံး နှလုံးသားရဲ့  အလှတရား

February 11, 2015
မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – အရိုးသားဆုံး နှလုံးသားရဲ့  အလှတရား

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – အရိုးသားဆုံး နှလုံးသားရဲ့  အလှတရား (မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၅ ထိုင်းမှိုင်းလေးလံနေတဲ့   အသိဥာဏ် ကတော့   ၁၉၇၈-၇၉ ခုနစ်..တနှစ်နှစ်ကို ညွှန်းဆိုနေရက်….. ထိုနှစ်အချိန်  ထိုကာလ နေ့ ရက်တရက်ရက် မှာ  စစ်ရဟတ်ယာဉ်တစီး…. မြို့ ရဲ့   အနီးဆုံး တပ်ရင်း ၉၉ ဆီ ဆင်းသက်လာခဲ့ တာကို. အညိုရောင်နယ်မြေအဖြစ်သတ်မှတ်ခံရတဲ့  မြို့   လွိုင်လင် အဖို့     ထူးထူးခြားခြား သတိမထားမိခဲ့ ..၊ လုပ်ရိုးလုပ်စဉ် ဆင်းသက်နေကြမို့   တကူးတက ပြောစရာမရှိ    တွေးစရာမရှိ……၊၊ စစ်ကားတန်းရှည် တွေ  ဝင်လိုက်  ထွက်သွားလိုက်……....

Read more »

အရှင်စန္ဒိမာ (မွန်စိန်တောရ) – အောင်ဆန်းစိတ်ဓါတ်

February 10, 2015
အရှင်စန္ဒိမာ (မွန်စိန်တောရ)  – အောင်ဆန်းစိတ်ဓါတ်

အရှင်စန္ဒိမာ (မွန်စိန်တောရ)  – အောင်ဆန်းစိတ်ဓါတ် (မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၁၅ လောကမှာ အကောင်းနဲ့အဆိုးဟာ ဒွန်တွဲနေတာ သဘာဝပါ။ ဘဝအခက်အခဲ ဆင်းရဲမွဲတေမှုကြောင့် ကိုယ်ကျင့်သီလပျက်စီးမှုဆီ ဦးတည်သွားနိုင်သလို လုပ်ပိုင်ခွင့်အာဏာနဲ့ ချမ်းသာကြွယ်ဝမှုကြောင့်လည်း ကိုယ်ကျင့်တရားဖေါက်ပြားသွားမှုတွေ ရှိနေပါတယ်။ ဘဝအခက်အခဲ ဆင်းရဲမွဲတေမှုကြောင့်ပင် ကြံ့ကြံ့ခံနိုင်တဲ့ စွမ်းရည် ကာယစွမ်းအား ဉာဏစွမ်းအားတွေကို ညှစ်ထုတ်အသုံးပြုနိုင်တဲ့ အခြေအနေတွေ ပေါ်ပေါက်လာစေသလို လုပ်ပိုင်ခွင့်အာဏာ၊ နာမည်ကျော်ကြားမှုနဲ့ ချမ်းသာကြွယ်ဝမှုကြောင့် မြင့်မြတ်တဲ့ လူသားအကျိုးပြု ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်ဖို့ အခွင့်အလမ်းတွေ ရရှိလာစေပါတယ်။ အစိုးရအာဏာရှိသူတွေဟာ အကြီးမားဆုံး လူသားအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်ဖို့ အခွင့်အလမ်းရှိကြသူတွေ ဖြစ်ပါတယ်။ ပညာရှိသူတော်ကောင်းများအဖို့ သန္တိသုခချမ်းသာမြတ်ဆိုတဲ့ ခရီးဆုံးပန်းတိုင်ကို သွားရောက်ရန် လူ့ဘဝကို အသုံးပြုစရာ ယာဉ်တခုအဖြစ်သာ သဘောထားကြပါတယ်။ ယခုရရှိထားတဲ့ လူ့ဘဝဆိုတာ...

Read more »

သစ်ကောင်းအိမ် – ငွေလရောင်ရဲ့ တိမ်းရှောင်သူ (အပိုင်း – ၅)

February 4, 2015
သစ်ကောင်းအိမ် – ငွေလရောင်ရဲ့ တိမ်းရှောင်သူ (အပိုင်း – ၅)

သစ်ကောင်းအိမ် – ငွေလရောင်ရဲ့ တိမ်းရှောင်သူ (အပိုင်း – ၅) (မိုးမခ) ဖေဖော်ဝါရီ ၄၊ ၂၀၁၅ ကျနော် ၅ တန်းစာမေးပွဲဖြေဆိုပြီးသည့် နှစ်တွင်တော့ အနော်မာမြစ်တဖက်ကမ်းကို လှမ်းမျှော်ရည်စူး၍ အဖေနဲ့အမေက ကျနော်တို့ တခြံကျော်ရှိ တိုက်ကြီးကျောင်းမှာ ကိုရင်ဝတ်ပေးပါသည်။ ထိုစဉ်က ကျနော်တို့ ရပ်ကွက်ရွာဦးရှိ ဘိုးဘွားအစဉ်ဆက် ကိုးကွယ်ဆည်းကပ်ခဲ့သော ကျောင်းထိုင်ဘုန်းဘုန်းမှာ ကျောင်း ဝန်းကျယ်ကြီးတခုလုံး တပါးတည်း အုပ်စိုးခြယ်လှယ် သီတင်းသုံးနေထိုင်လေရာ ကျောင်းကြီးပေါ် မောင်မဆော့ပေမယ့် အလှူပြီးသည့်ညမှာပဲ ကျနော်ကိုရင်အား လက်ခံစောင့်ရှောက်မည့်သူမရှိသဖြင့် တခြံကျော်ရှိ ကိုယ့်အိမ်ကိုယ်ပြန်ကာ သီ တင်းသုံးနေထိုင်ရပါသည်။ အဖေရယ် အမေရယ် အိမ်ရယ်နဲ့ ကျနာ် တခါမှ ခွဲမအိပ်စဖူး.. အိမ်ရှေ့ခန်းက သီးသန့်ခင်းကျင်းပေးထားသည့်အိပ်ရာပေါ်က သင်္ကန်းနံ့ စူစူးပေါ် လူးလိမ့်လို့ ကြမ်းတပြေးကြီးပေါ်မှာ...

Read more »

ကျော်သူ – လမ်း

February 4, 2015
ကျော်သူ – လမ်း

ကျော်သူ – လမ်း (နာရေးကူညီမှုအသင်း) ဖေဖော်ဝါရီ ၄၊ ၂၀၁၅ အမျိုးသားပညာရေးဥပဒေအား သပိတ်မှောက်လမ်းလျှောက်ဆန္ဒပြနေသည့် ကျောင်းသားသပိတ် စစ်ကြောင်းအဖွဲ့ကို ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် (မြင်းခြံ၊ တောင်သာ၊ ပုပ္ပါး၊ ကျောက်ပန်းတောင်း) ခရီးစဉ်တွေကို ကျွန်တော်လိုက်ပါသွားခဲ့ပါတယ်။ ကျွန်တော် ၂ဝ၁၁ ခုနှစ်က ရေးသားခဲ့တဲ့ “ငယ်စဉ်ကြီး လိုက်” ဆိုတဲ့ ကဗျာစာသားတွေကို အမှတ်ရနေခဲ့တဲ့အတွက် ပြန်လည်တင်ပြလိုက်ပါတယ်။ ယင်းကဗျာစု လေး ပေါ်ပေါက်လာတဲ့ ရည်ရွယ်ချက်က – (၁) လူသားချင်းစာနာထောက်ထားစေလိုသော စိတ်။ (၂) ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြုလိုသော စိတ်။ (၃) စည်းလုံးခြင်း အင်အားစုကြီးဖြင့် ငြိမ်းချမ်းသော ကမ္ဘာ့ရွာကြီး တည်ဆောက်စေလိုသော စိတ်။ (၄) လူမျိုးဘာသာ အဆင့်အတန်း ပညာအရည်အချင်း မခွဲခြားစေလိုသော စိတ်ဓါတ်များ ရှင်သန်...

Read more »

နေဝန်းနီ(မန္တလေး) – “မန္တ လေး က စကား”

February 1, 2015
နေဝန်းနီ(မန္တလေး) – “မန္တ လေး က စကား”

  နေဝန်းနီ(မန္တလေး) – “မန္တ လေး က စကား” (မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၁၅      ကျွန် တော် တို့ငယ် စဉ် တုန်းကတည်းက အဖိုး အဖွား အ ဖေ၊ အ မေ တွေ ပြောဆို နေကြတယ် စကား လေးတစ် ခွန်းရှိတယ် ။ထိုစကား လေးကိုယ နေ့တိုင် သုံးစွဲ နေကြဆဲ ပါပဲ။              “ရန် ကုန် က အကြွား မော် လမြိုင် က အစား မန္တ လေး...

Read more »

သစ်ကောင်းအိမ် – ငွေလရောင်ရဲ့ တိမ်းရှောင်သူ (အပိုင်း -၄)

January 29, 2015
သစ်ကောင်းအိမ် – ငွေလရောင်ရဲ့ တိမ်းရှောင်သူ (အပိုင်း -၄)

သစ်ကောင်းအိမ် – ငွေလရောင်ရဲ့ တိမ်းရှောင်သူ (အပိုင်း -၄) (မိုးမခ) ဇန်န၀ါရီ ၂၉၊ ၂၀၁၅ ညနေစောင်းပြီဆိုလျှင် ကျနော်တို့အိမ်အပေါ်ထပ် ဝရန်တာလေးမှ မြင်ခွင့်ရသည့် မြင်ကွင်းတခု ရှိခဲ့ပါသည်။ ပျံလွှားငှက်ဟု ကျနော်ထင်မြင်သော ငှက်ကလေးများအုပ်စုနှင့် မျိုးချစ်မျက်ကန်း ကျီးကန်းများ တအုပ်စုနဲ့တအုပ်စု ထိုးဆိတ်သတ်ဖြတ်သော ငှက်တိုက်ပွဲဖြစ်ပါသည်။ ညနေရောက်တိုင်း သူတို့ တအုပ်စုနဲ့ တအုပ်စု ထိုးဆိတ်သတ်ဖြတ်ကြပါသည်။ သူတို့တကိုယ်စာ သူတို့ငှက်မျိုးနွယ်စု တစုစာ အတောင်ပံများ ပျံသန်းရန်အလို့ငှာ သဘာဝကြီးက သဘောထားကြီးကြီး ကျယ်ပြန့်ပေးထားသော ကောင်းကင်ပြာကြီးသည် ထိုငှက်အုပ်စုများ၏ အတောင်ပံများ အပျင်းဆန့်ရန်အတွက်မူ ကျဉ်းလွန်းလှသည် ထင်ပါသည်။ ငှက်များ၏ စစ်ပွဲကို ကျနော့်က အလိုမတူလျက် ငေးမောတွေဝေရင်း ရောက်ရှိလာသော တခုသော နွေဦးရာသီတွင်တော့ ကံကြမ္မာက ခါချဉ်ကောင်များ အသိုက်ဖွဲ့ထားသော...

Read more »

သစ်ကောင်းအိမ် – ငွေလရောင်ရဲ့တိမ်းရှောင်သူ – အပိုင်း (၃)

January 28, 2015
သစ်ကောင်းအိမ် – ငွေလရောင်ရဲ့တိမ်းရှောင်သူ – အပိုင်း (၃)

သစ်ကောင်းအိမ် – ငွေလရောင်ရဲ့တိမ်းရှောင်သူ – အပိုင်း (၃) (မိုးမခ) ဇန်န၀ါရီ ၂၈၊ ၂၀၁၅ နှစ်တနှစ်အရောက်တွင်တော့ ထိုသူ့လက်ထဲသို့ စိတ်ပုတီးတကုံး ရောက်လာပါသည်။ သူ့၏ နှုတ်ကမူ တလှုပ်လှုပ်နဲ့ ဘာတွေရွတ်ဆိုနေသည် မသိ။ လဘက်ရည်ဆိုင်ထိုင်ရင်လည်း ထိုပုတီးနှင့် ..။ သို့သော်လည်း သူ့နိုင်ငံရေးသိပ္ဗံကို စိတ်အားထက်သန်စွာဆွေးနွေးနေချိန်နှင့် ကမ္ဘာ့ရေး၊ မြန်မာ့ရေးသတင်းများအလယ် သူနစ်မြှုပ်နေချိန်များတွင်တော့ သူ့စိတ်ပု တီးသည် စားပွဲခုံအောက် သူ့ခြေထောက်နားတွင် ပြုတ်ကျလျက် …။ မြင်တွေ့သူ ကျနော်တို့တယောက်ယောက်က ကောက် ယူကာစားပွဲပေါ်သို့ ပြန်တင်ပေးထားရတတ်ပါသည်။ ကျောင်းပိတ်ရက်နေ့လယ် တနေ့ခင်း ကျနော်တို့ညီအကို၏တသိုက် မျိုးကိုတို့အိမ်တွင် ထိုကာလက ထွက်ခါစ ခိုင်ထူးရဲ့ မကျေနပ်ဘူးသိလား .. သီချင်းတိတ်ခွေကို စုဝေးနားထောင်နေခိုက် ပုတီးတကုံးနဲ့ သူရောက်ရှိလာကာ နေရာလွတ် ခုံတန်း...

Read more »

သစ်ကောင်းအိမ် – ငွေလရောင်ရဲ့တိမ်းရှောင်သူ (အပိုင်း ၂)

January 24, 2015
သစ်ကောင်းအိမ် – ငွေလရောင်ရဲ့တိမ်းရှောင်သူ (အပိုင်း ၂)

သစ်ကောင်းအိမ် – ငွေလရောင်ရဲ့တိမ်းရှောင်သူ (အပိုင်း ၂) (မိုးမခ) ဇန်န၀ါရီ ၂၃၊ ၂၀၁၅   ထိုသူသည် မနက်လင်းသည်နှင့် ကျနော်တို့ အိမ်ရှေ့ရှိ ဦးကျင်သိန်းလဘက်ရည်ဆိုင်လေးသို့ ရေနွေးကြိုပြင်ဆင်တုန်းမှာပင် ထိုနေ့၏ ပထမဆုံးဖောက်သည်အဖြစ် အရင်ဦးဆုံးရောက်လာကာသတင်းစာဖတ်ဖို့စောင့်ရင်း လဘက်ရည်သောက်မည်။ ပြီးပါက ကျနော်တို့ အိမ်နဘေးက ဖဆပလခေတ် ပမညတအမတ်ဟောင်း အဖေကြီးဦးစိန်မောင် လမ်းလျှောက်ပြန်လာသည့် အရိပ်အယောင်ကိုမြင်တွေ့ပါက ကျနော်တို့အိမ်ရှိရာ လမ်းတဖက်ကမ်းသို့ကူးလာကာ သူတို့နှစ်ယောက် မနက်ခင်း ရေဒီယို နားထောင်လျှင် နားထောင်၊ သို့မဟုတ်ပါက သူညက နားထောင်ထားသော ညသိပ်သတင်းများ မနက်ခင်းသတင်းစာပါ အကြောင်းအရာများကို အဖေကြီးဦးစိန်မောင်အား သူက ပြောဆိုဆွေးနွေးမည်။ (ကျနော်တို့မမွေးခင်ထဲ အတီ အတေကပင် ကျနော်မိဘများနှင့် အိမ်ချင်းကပ်နေထိုင်ခဲ့ရာ အဖေကြီးဦးစိန်မောင်ကို သူ့ သား များခေါ်ဝေါ်သည့်အတိုင်း အဖေကြီးဟုခေါ်၍...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်