စာစုတို

စိုးခိုင်ညိန်း ● သံစဉ်မဲ့ ဂီတ

November 4, 2016
စိုးခိုင်ညိန်း ● သံစဉ်မဲ့ ဂီတ

စိုးခိုင်ညိန်း ● သံစဉ်မဲ့ ဂီတ (မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၁၆ မင်း အပြုံးလက်လက်လေးဆီ ရောက်ရှိဖို့ ငါ့မာနတရားတွေ ခုတ်ရှင်းပြီး သိက္ခာတရားတွေ ချခင်းခဲ့ရတယ်။ ဝေဒနာတွေနဲ့လာဘ်ထိုးပြီး ငါ့ရင်ခုန်မှုသံစဉ်ကို မင်း အကြည့်တချက်လေးနဲ့ စည်းဝါးပျက်စေခဲ့လည်း ငါကတော့ ဆက်လက်တီး ခတ်နေမှာပါပဲ။ မင်းနှလုံးသားတဝိုက်မှာ ပရိယာယ် မာယာအထုတ်တွေနဲ့ ခြေရှုပ်နေကြတဲ့အချိန်မှာ မှန်လေးတချပ် ချပြမိတာကိုက ငါ့အမှားပါကွယ်။ မင်းမှာ အပြစ်မရှိပါဘူး။ မတန်မရာ တောင့်တမိတဲ့ ငမိုက်သားကို ခွင့်လွတ်တာပဲ ကျေးဇူးတင်လှပါပြီ။ ငါ့ရင်ဘတ်ပေါ်တဖျပ်ဖျပ်ခတ်ပြီး တက်နင်းသွားတဲ့ မင်းခြေထောက်က ဖိနပ်မှာ အချစ်တွေပေကျံ သွားတာကို ငါ့မျက်ရည်တွေနဲ့ ဆေးကြောချင်သပဆိုရင်လည်း ငါ မငြင်းပါဘူးလေ။ ဆုလာဘ်တခုအဖြစ် ချီးမြှောက်တယ်ပဲ သဘောထားပါတယ်။ အဲဒီလိုနဲ့ ငါဟာ စကားတွေ...

Read more »

ခင်ဇော်မိုး ● စိမ်းလာပါဦးမည်လား အကျွန့်မြေ

October 31, 2016
ခင်ဇော်မိုး ● စိမ်းလာပါဦးမည်လား အကျွန့်မြေ

ခင်ဇော်မိုး ● စိမ်းလာပါဦးမည်လား အကျွန့်မြေ (မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၆ အပျင်းကြီးတယ်လို့ ပြောလည်း ခံရမှာပါပဲ။ တောသူဖြစ်ပေမယ့်  တခါတလေ ယာတော၊ လယ်ခင်း သွားချင်စိတ်မရှိလှဘူး။ အဲသလို အပျင်းထူမိတဲ့အကြောင်းရင်းလည်းရှိတယ်လို့ပြောရမှာပဲ။ ရှင်းရှင်းပြောရရင်တော့ စိတ်ကုန် စိတ်ပျက်မိတာလို့ ဆိုရမှာပေါ့။ ဒီနှစ်ဆို ပိုပြီးစိတ်ကုန်စိတ်ညစ် ရတယ်။ လုပ်သမျှ သီးနှံကလည်း အဆင်မပြေလှပါဘူး။ ဘာ့ကြောင့်လဲဆိုရင်တော့ သီးနှံတွေ တွက် ရာသီမိုးမပို့လို့ပါဘဲ။ တောင်သူလယ်သမားတွေ သိပ်ကိုပင်ပန်းကြရတယ်။ အဲ့ဒီပင်ပန်းတာကိုပဲ နာမ်၊ နာမဝိသေန/ ကြိယာ၊ ကြိယာဝိသေသနကို စသဖြင့်ခွဲသလို ခွဲခြားပြရရင် ပင်ပန်းခြင်းနှစ်မျိုး ရှိတယ်။ ပထမ ကတော့ သိတဲ့အတိုင်း လူပင်ပန်းခြင်း ဖြစ်ပြီး၊ နောက်တခုကတော့ သီးနှံအဆင်မပြေခြင်းတွက် စိတ်ပင်ပန်းခြင်းပါပဲ။ ဒါနဲ့ပြောရဦးမယ်။ ကျမတို့ဘက်မှာ လယ်၊...

Read more »

ဆောင်းလူ ● ပုံမှန်မဟုတ်သော လူတယောက်နှင့် အိမ်မြှောင်ကောင်

October 28, 2016
ဆောင်းလူ ● ပုံမှန်မဟုတ်သော လူတယောက်နှင့် အိမ်မြှောင်ကောင်

 ဆောင်းလူ ● ပုံမှန်မဟုတ်သော လူတယောက်နှင့် အိမ်မြှောင်ကောင် (မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၆ အိမ်မြှောင်တကောင်က တစ်တစ် … တစ်တစ် … နဲ့ အိမ်မြှောင်သံနဲ့ စကားတွေပြောနေပြန်တယ် ……။ တနေ့ တနေ့ ပုံမှန် မဟုတ်တဲ့ လူတယောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို အကဲခတ်ရင်း ဟိုပြေး သည်ပြေး …။ ဒါဟာ အိမ်မြှောင်တကောင်ရဲ့ ပုံမှန်လုပ်နေကြ အလုပ်တွေပဲ ထင်ပါတယ်။ လူတယောက်ကလည်း ပုံမှန်မဟုတ်တဲ့ အတွေးတွေနဲ့ စိတ်ဝတ္တုတွေ၊ ရုပ်ဝတ္တုတွေကြား ဗျာများရင်း ယောက်ယက်ခတ် နေရတယ် …။ ဒါဟာလည်း ပုံမှန်မဟုတ်တဲ့ လူတယောက်ရဲ့ ပုံမှန်လုပ်နေကြ အလုပ်တွေပဲ ထင်ပါတယ်…။ အိမ်မြှောင်တကောင်က သဘာဝအလင်းဝန်းကျင်အောက်မှာ အစာရှာဖို့ ကြိုးစားကြည့်နေတယ် …။ ပုံမှန်မဟုတ်တဲ့...

Read more »

လင်းငယ် ● အိမ်အိုကြီးရှင်

October 25, 2016
လင်းငယ် ● အိမ်အိုကြီးရှင်

လင်းငယ် ● အိမ်အိုကြီးရှင် (မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၁၆ ကျွန်တော်က အိမ်အိုကြီးရဲ့ပိုင်ရှင်ပေါ့။ အိမ်အိုကြီးဆိုလို့ ရုပ်ရှင်ကားတွေထဲကလို ခြံအကျယ်ကြီးထဲက ဟိန်းနေတဲ့ မည်း မှောင် မှောင်အိမ်ကြီးတလုံးတော့လည်းမဟုတ်ပါဘူး။ တိုက်ခန်းတွဲ အဟောင်ကြီးရဲ့ အခန်းတခန်းမျှသာ ဖြစ်ပါတယ်။ သို့ သော်လည်း လူနေတဲ့နေရာဖြစ်တဲ့အတွက်၊ ကျွန်တော်တို့မိသားစုနေတဲ့ နေရာဖြစ်တဲ့အတွက် အိမ်လို့ပဲခေါ်ပါရစေ။ ပိုင်ရှင် လို့ပြောရတာကလည်း ယာယီနေထိုင်ဖို့ ကာလတိုအငှားနဲ့ အိမ်ငှားအဖြစ်နေထိုင်ရန် ရောက်ရှိနေတာကြောင့် ဖြစ်ပါတယ်။ ပိုင်ရှင်အစစ်ဆီက ခေတ္တပိုင်ဆိုင်ခွင့်ရယူထားတဲ့ ယာယီပိုင်ရှင်ဆိုပါတော့။ ဒီအိမ်ကို စရောက်ရောက်ချင်း နေလို့ထိုင်လို့ဖြစ်အောင် မနည်းပြုပြင်ယူရပါတယ်။ အိမ်ကြီးဆောက်ခဲ့တာက ပြည်တော်သာ စီမံကိန်းခေတ်ကဆိုတော့ တော်တော်ကို ကြာခဲ့ပါပြီ။ အစဉ်အဆက်နေခဲ့ကြတဲ့ ရှေ့ကလူ တွေလည်း နေဖို့သာအားသန်ခဲ့ကြပြီး မပြုမပြင်ဘဲ ဖြစ်သလိုဖြတ်သန်းခဲ့တယ်ဆိုတာ အိမ်ရဲ့ပကတိအခြေအနေကို တချက်ကြည့်လိုက်ရုံနဲ့ သိသာတဲ့အသွင်မျိုးပါ။...

Read more »

လှရွှေ ● လူချီ

October 23, 2016
လှရွှေ ● လူချီ

လှရွှေ ● လူချီ (မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၁၆ “ဦးလေး စားပြီးပြီလား၊ ဘာယက်လုပ်နေလဲ” လို့ အမေဘက်ကတူတော်သူ လမ်းမပေါ်ကနေမေးတော့ အဖေက “ ယက် သဲ့ ယက်လုပ်နေတယ်” လို့ ပြန်ဖြေတယ်။ ယက်သဲ့ဆိုသည်မှာ ချောင်းကမ်းစပ်တွင် ပုဖွန် သေးလားများ ဖမ်းရန် ယက်လုပ်ထားသည့် အရာကို ခေါ်သည်။ မေးတဲ့သူက “ဦးလေးယက်နေတာ ယက်သဲ့မှမဟုတ်တာ၊ စပါးထည့်မယ့် ပုတ်” လို့ပြောတော့ အဖေက မြင်လျက်နဲ့ ဘာလို့မေးတာလဲ လို့ပြောတော့ မိသားစု ဝိုင်းပြီးဟားကြသည်။ အဖေသည် ရယ်စရာများကို အကွက်ကျကျ ပြောတတ်သူ။ တခါတုန်းက ရွာရိုးလျောက်ပြီး ငရုတ်သီးရောင်းသူ အိမ်ရှေ့ ရောက်တော့ အဖေက “ဘာရောင်းလဲ” လှမ်းမေးသည်။ ငရုတ်သီးရောင်းတဲ့ အမျိုးသမီးလည်း...

Read more »

ခင်ဇော်မိုး ● ဆေးရုံသို့ရောက်သည့်အခါ

October 23, 2016
ခင်ဇော်မိုး ● ဆေးရုံသို့ရောက်သည့်အခါ

 ခင်ဇော်မိုး ● ဆေးရုံသို့ရောက်သည့်အခါ (မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၁၆ အလျင်စလို မောင်းနှင်နေသည့် ကားလေးတစီးထဲကနေ ငိုသံတွေ ကွန်ကရစ်လမ်းမထက်မှာ ဖိတ်ကျနေခဲ့သည်။ လောက ကြီးကို မနှစ်မြို့သူတဦး၏ အသက်ရှူသံ ခပ်ညှင်းညှင်းများလည်း နွေဦးအစ သစ်ရွက်ဝါတွေ တရွက်ချင်းလွင့်ကျသလို ကျ ကျန်ခဲ့သည်။ ကားလေးကတော့ အလိုတော်ကျ အလျင်စလို ပြေးလွှားနေဆဲ။ တစ်နာရီလောက် ပြေးလွှားပြီးချိန်တွင် လေး ထပ်မျှရှိသော အဆောက်အဦးတခုရှေ့တွင် ရိုကျိုးစွာဖြင့် ကားလေးရပ်တန့်သွားသည်။ အဖြူရောင်အင်္ကျီနှင့် အနီရောင်လုံချည်ဝတ်ဆင်ထားသော မိန်းကလေးများညွှန်ခေါ်ရာသို့ ကျွန်မကို သယ်ဆောင်လာကြ သည်။ ထိုယူနီဖောင်းကိုမြင်သည်နှင့် ဆေးရုံဆေးခန်းတခုဆိုသည်ကို သိလိုက်သည်။ တသက်တကိုယ်မှာ ယခုတစ်ကြိမ်သာ ဤကဲ့သို့သောဆေးရုံနှင့် ထိတွေ့ဖူးပါသည်။ ဆေးရုံ ဆေးခန်းများဟူသည် ဒုက္ခများစုဝေးရာဟု ထင်မှတ်ထားသောကြောင့် တကြိမ်တခါမှ အရေးတယူမဆက်ဆံဖူးခဲ့။ မျက်နှာစိမ်းဖြစ်နေသော...

Read more »

သက်ဝေ ● စာအုပ်ပိုး (အက်ဆေး)

October 19, 2016
သက်ဝေ ● စာအုပ်ပိုး (အက်ဆေး)

  သက်ဝေ ● စာအုပ်ပိုး (အက်ဆေး) (မိုးမခ မဂ္ဂဇင်း ဇူလိုင်လ ထုတ်ပါ ရသအက်ဆေး) အောက်တိုဘာ ၁၉၊ ၂၀၁၆ ကွယ်ဝှက် သိုသိပ်စွာ ထိန်းချုပ်လိုသော စိတ်အစဉ်သည် ဟိုးရှေးကာလများစွာကပင် စိတ်နှင့် ကိုယ်တို့၌ ဖြစ်တည်၏။ လိုအပ်သော ကွယ်ဝှက်ခြင်းနှင့် မလိုအပ်သော ကွယ်ဝှက်ခြင်းများအကြားတွင် လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ အစဉ်သဖြင့် ယောက်ယက်ခတ်စွာ ပူလောင်တတ်၏။ ချစ်ခြင်း၊ မုန်းခြင်းဟူသော စိတ်ခံစားမှုနှင့် သက်ဆိုင်သော ကိစ္စများအဖို့မှာမူ ဆိုဖွယ်ရာ မရှိတော့ချေ။ ချစ်ခြင်းကို မြင်သာအောင် ထုတ်ဖေါ်၍ မပြလို၊ မပြတတ်၊ မပြရဲလေရာ များစွာသောသူတို့၏ ကဲ့ရဲ့ အပြစ်တင် စကားတင်းဆို အထင်လွဲမှားမှုများကို ခံရဖူးလေ၏။ ထို့အတူ မုန်းခြင်း (ဝါ) မနှစ်မြို့ခြင်းကို သိသာအောင်...

Read more »

လင်းငယ် ● စေတနာဖြင့် သိက္ခာချခြင်း

October 14, 2016
လင်းငယ် ● စေတနာဖြင့် သိက္ခာချခြင်း

လင်းငယ် ● စေတနာဖြင့် သိက္ခာချခြင်း (မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၁၆ ● ကာတွန်းတကွက်ကို သတိရ ကာတွန်းတစ်ကွက်ကို ကြည့်ရင်း တစိမ့်စိမ့် ရယ်ချင်နေမိသည်။ ငိုလည်း ငိုချင်နေမိသည်။ ကားတွန်းက မြင်ဖူးကောင်း မြင်ဖူးကြပေလိမ့်မည်။ အခြားသူတွေအတွက် မသိပေမယ့် ကိုယ့်အတွက်တော့ တရားတပုဒ်လည်း ဖြစ်နေပြန်သည်။ ကိုယ့်လုပ်ငန်းနှင့်လည်းဆက်စပ်နေပြန်တော့ လေးနက်မှုက ပိုပါသည်။ ကာတွန်းက သားသားနားနား ဝတ်ဆင်ထားသည့် လူတ ယောက်က စုတ်စုတ်ပြတ်ပြတ် မိသားစုတစုရဲ့ခွက်ထဲကို ငွေအကြွေလေး ထည့်နေတဲ့ပုံပါ။ လူကြီးမင်းက သူရဲ့စိတ်စေတနာ ကောင်းမှုကို မှတ်တမ်းတင်ချင်တော့ ခေတ်ပေါ်ဆယ်လ်ဖီတုတ်ချောင်းနဲ့ အလှုခံသူရဲ့ခွက်ထဲကို ငွေအကြွေလေးထည့်နေ ဟန်ကို ဓာတ်ပုံရိုက်ပါသည်။ နောက်က ခွက်ကလေးကိုင်ပြီးကြည့်နေတဲ့ မျက်နှာငယ်လေးနဲ့မိသားစုရဲ့မျက်ဝန်းတွေက ကျွန်တော့ရင်ထဲမှာ နက်နက်နဲနဲ စွဲထင်သွားသည်။ ရေးဆွဲတဲ့ကာတွန်းဆရာရဲ့လက်ရာ ကောင်းလွန်းလို့လည်း...

Read more »

ခင်ဇော်မိုး ● လောင်းရိပ်အောက်က သစ်တပင်

October 7, 2016
ခင်ဇော်မိုး ● လောင်းရိပ်အောက်က သစ်တပင်

ခင်ဇော်မိုး ● လောင်းရိပ်အောက်က သစ်တပင် (မိုးမခ) အောက်တိုဘာ ၇၊ ၂၀၁၆ တရိပ်ရိပ်ရွေ့နေသည့်တိမ်မျှင်တိမ်ဆိုင်တွေက ညနေခင်းနေ၀င်ဆည်းဆာနှင့် ပနာရလှပနေသည်။  အနောက်ဆီက ရေလှိုင်းသဏ္ဍန်တွန့်နေသော တောင်တန်းညှို့ညှို့ကြီးမှငှက်တွေ ပျံသန်းလာကြသလို တချို့ငှက်တွေကလည်း ထိုတောင် ညှို့ညှို့သို့ ပျံသန်းသွားကြသည်။ အုပ်စုဖွဲ့၍ ပျံသန်းကြသလို တကောင်စနှစ်ကောင်စ စသဖြင့် ကူးလူးပျံသန်းနေကြသည်။ သို့သော် လှောင်အိမ်ထဲမှငှက်ကလေးများတွင်မူ ငှက်တကောင်ဖြစ်ပါလျက်၊ အတောင်တစုံပါရှိလျက်၊ အားအင်တွေရှိပါလျက် ပျံသန်းခွင့်တွေနှင့် ကွေကွင်းကြရသည်။ ကျွန်မတို့အိမ်တွင် အလှမွှေး ငှက်ကလေးတကောင်ရှိပါသည်။ ထိုငှက်ကလေး၏ပိုင်ရှင်မှာ ကျွန်မ အမေပင်။ ထိုငှက်ကလေး နည်းတူ ပျံသန်းခွင့်တွေနှင့် ကွေကွင်းသောငှက်ကလေးတွေ မည်မျှ ရှိမည်မသိ။ ကျွန်မအမေနည်းတူ လှောင်အိမ်ထဲတွင် အလှကြည့်ကာ မွေးမြူချစ်ကြသောသူများသည်လည်း များစွာရှိပေလိမ့်မည်သာ။ ထိုငှက်ကလေးများသည် သူတို့ကျင်လည်နေထိုင်ရသော အိမ်၊ ပတ်ဝန်းကျင်ကိုသာ ခံစားခွင့် ရှိကြသည်။...

Read more »

ဆောင်းလူ ● လိင်တူချစ်သူတွေ နေတဲ့မြို့

September 27, 2016
ဆောင်းလူ ● လိင်တူချစ်သူတွေ နေတဲ့မြို့

ဆောင်းလူ ● လိင်တူချစ်သူတွေ နေတဲ့မြို့ (မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၁၆ နီယွန်မီးတွေကိုအကြောင်းပြုပြီး မြို့က ညနဲ့နီးစပ်လာတာကို မြင်နေရတယ် ..။ ယောက်ယက်ခတ်နေတဲ့ ကိစ္စတွေ တ ထွေးကြီးကို မနိုင်မနင်းထမ်းပိုးထားပြီး လမ်းကလည်း သူ့လမ်းကြောင်းအတိုင်း စုန်ဆန်ဆင်းနေတယ် …။ မိတ်ကပ်တွေ အဖွေးသားနဲ့ ချွေးချောင်းတွေစီးဆင်းနေတဲ့ လမ်းကြိုလမ်းကြားတွေရဲ့ ဝလစ္စလစ်ဆန်မှုကလည်း အထင်းသား …။ လာနေကြလမ်းရဲ့ မနက် မနက်တွေမှာဆို နီယွန်းမီးတွေ အိပ်ငိုက်နေကြတယ် …။ လနေကြလမ်းရဲ့ မနက် မနက်တွေမှာဆို မိတ်ကပ်ပျက်နေတဲ့ အခွင့်အရေးသမားတွေရှိတယ် …။ လာနေကြလမ်းမှာ ည ည ဆို ကျီးတွေလည်း အာနေတယ် ….။ လာနေကြလမ်းမှာ ည ည ဆို ဆက်ရက် (ဇရက်)...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly February 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ

By

 မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ  (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆ “အ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) လောကပါလ သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်