စာစုတို

လှရွှေ ● ဘောင်ထဲက ကျနော် နဲ့ လွတ်လပ်ခြင်း မျိုးဆက်

September 5, 2016
လှရွှေ ● ဘောင်ထဲက ကျနော် နဲ့ လွတ်လပ်ခြင်း မျိုးဆက်

လှရွှေ ● ဘောင်ထဲက ကျနော် နဲ့ လွတ်လပ်ခြင်း မျိုးဆက် (မိုးမခ) စက်တင်ဘာ ၅၊ ၂၀၁၆ ကျနော့်သားနဲ့ ကျနော်တို့ နှစ်ဦးဟာ နောင် ၁၂ နှစ်ကြာရင် ဘာဖြစ်နိုင်လဲ၊ ဘယ်လို ကွာနိုင်လဲ အမြဲ စဉ်းစား ဖြစ်တယ်။ သားလေး တက်နေတဲ့ Grade 1 သင်ခန်းစာတွေကိုလည်း လေ့လာ ဖြစ်တယ်။ Grade 1 မြန်မာလို ပထမ တန်း ကျောင်းသား တဦးက ကျောင်းစာ အပြင် တခြား စာအုပ်တွေကို ကျောင်း စာကြည့် တိုက်ကနေ ငှားဖတ်ရတယ်။ တပတ်ကို အနည်းဆုံး (၂) အုပ်ဖတ်ရမယ်။ ကျောင်းစဖွင့်တဲ့ ပထမ ပတ်မှာ သူငှားလာတဲ့ စာအုပ်...

Read more »

နေနေ ● ကျနော့်မှတ်စု

September 4, 2016
နေနေ ● ကျနော့်မှတ်စု

နေနေ ● ကျနော့်မှတ်စု (မိုးမခ) စက်တင်ဘာ ၄၊ ၂၀၁၆ (၁) ကမ္ဘာကြီးမှာ အစီအစဉ်တွေရှိနေတယ်၊ အကန့်အသတ်တွေရှိနေတယ်၊ တစ်စက္ကန့်တောင် မယွင်းတဲ့ တိကျမှုမျိုးတွေ။ တစ်လက်မတောင်မယွင်းတဲ့ သေချာမှုတွေရှိနေတယ်၊ နားလည် ရခက်တယ်၊ အတိအကျလွဲတဲ့အခါ ဘယ်လိုမှညှိလို့ မရသလိုပဲ အမြီးအမောက်တည့်သွားပြန် ရင်လည်း ဘာမှမဟုတ်ပြန်ဘူး၊ ဒါကြောင့် အရာရာကို တန်းခိုးရှင်တယောက်ယောက် ဖန်ဆင်း နေတာဆိုရင် ဒီတန်ခိုးရှင်ဟာ သင်္ချာတော်တဲ့လူ (သို့မဟုတ်) သချာင်္ညံ့လွန်းတဲ့သူပဲ ဖြစ်ရမယ်လို့ ဆက်စပ်ကြည့် ဖူးတယ်၊ တော်တော်နောက်တဲ့ တန်းခိုးရှင်ပဲ၊ (၂) အလွဲထဲမှာ နိုင်ငံရေးစနစ်တခုလွဲပြီးဆိုတာနဲ့ အကုန်လွဲကုန်တော့တာပဲလို့ပြောမိတယ်၊ လိုအပ် ချက်အရ လုပ်နေရတာပါလို့ ဆင်ခြေပေးကြတဲ့ခေတ်မှာ လူတိုင်းတခုတည်းနီးပါး လုပ်နေကြတယ်လို့မြင်တယ်၊ ဘဲအုပ်ထဲကို ခဲပစ်နေကြတယ်လို့ ထင် တယ်၊ ထိသူကောင်း၊ မထိသူ...

Read more »

ခင်ဇော်မိုး ● သစ်ပင်ကလေးများနှင့် ကျွန်မ

September 3, 2016
ခင်ဇော်မိုး ● သစ်ပင်ကလေးများနှင့် ကျွန်မ

ခင်ဇော်မိုး ● သစ်ပင်ကလေးများနှင့် ကျွန်မ (မိုးမခ) စက်တင်ဘာ ၃၊ ၂၀၁၆ (၁) အသွေးအရောင်စုံလင်စွာနှင့် ပန်းရနံ့များစွာထုံသင်းနေသည့် ပန်းခင်းလေးက နံနက်ခင်း လေပြေအဝေ့မှာ ယိမ်းနွှဲ့ ကနေ သည်။  တိမ်ကျဲကျဲလေးများကြားမှ နေရောင်ခြည်နုနုလေးများက ပန်းကလေးများပေါ်တွင် ရွာကျလာသည်။ လိပ်ပြာကလေး များနှင့် ပျားပိတုန်းလေးများက တစ်ပင်မှတစ်ပင်ကူးလူးဝဲပျံကာ ၀တ်ရည်များစုပ်ယူနေကြသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း ကျွန်မကျေနပ်စွာပြုံးလိုက်မိပြီး မျက်စောင်းပင်ထိုးလိုက်မိသည်။ ကျွန်မပြုစုပျိုးထောင်ထားသော ပန်းကလေးများပွင့်လန်းနေ သည်မှာ ကျွန်မစိတ်ကိုလည်း ချမ်းမြေ့အေးချမ်းစေသည်။ အိမ်ကလေးကိုလည်း သာယာစေသည်။ ပတ်ဝန်းကျင်ကို သင်းရ နံ့များဖြင့် အလှဆင်သည်။ ထိုကဲ့သို့ အကြောင်းအရာသာမကပဲ လိပ်ပြာနှင့်ပျားပိတုန်းလေးများတွက်လည်း အကျိုးပြုသေး သည်မို့ ကျွန်မကြည်နူးစွာ ပြုံးမိခြင်းပင်။  ကျွန်မစိုက်ပျိုးထားသည့် ပန်းကလေးများကို အရိပ်တကြည့်ကြည့်ဖြင့် ကျွန်မ မနမ်းရှိုက်ရက်ပေမယ့် လိပ်ပြာနှင့်ပျားပိတုန်းလေးများ ၀တ်ရည်ကို...

Read more »

သစ်စိုး ● လှိုင်းနှင့်လူ

September 2, 2016
သစ်စိုး ● လှိုင်းနှင့်လူ

သစ်စိုး ● လှိုင်းနှင့်လူ (မိုးမခ) သြဂတ်စ် ၂၊ ၂၀၁၆ လွန်ခဲ့သော ၁၉၅၀ ခုနှစ်နှောင်းပိုင်းနှစ်များက ကျွန်တော့်ငယ်ဘ၀ဖြတ်သန်းခဲ့သည့် “သက္ကယ်သောင်” ဟု ခေါ်သော၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင်းရှိ ပင်လယ်ကမ်းခြေရွာ ကလေးတရွာကို တခါတခါ ပြန်လည်တ,သ သတိရနေမိသည်။ အုန်းပင်တွေမားမားမတ်မတ်။ သက်တမ်းလွန်မန်ကျည်းပင်အိုများ။ ကျွန်တော်ပညာ ဆည်း ပူးရာမူလတန်းကျောင်းရှေ့မှာ ထည်းထည်းကြီးရပ်နေသည့် အရိုးပြိုင်ပြိုင်း လက်ပံပင်တပင်။ ပင် လယ်ငါးနံ့ ညှီစို့စို့။ ငါးပိနှင့်ငံပြာရည် ပုပ်အဲ့အဲ့အနံ့များ။ အထူးသဖြင့် ပင်လယ်လေထန်သောအချိန် များမှာကြားရလေ့ရှိသော ပင်လယ်ဟီသံ။ ညဘက်လူခြေတိတ်ချိန်တိုင်း ပင်လယ်လှိုင်းတ၀ုန်းဝုန်း ရိုက်ပုတ်သံများမှာ သက္ကယ်သောင်ရွာသား ကလေးငယ်များအဖို့ မရိုးမအီနိုင်စရာ သားချော့တေး များ..။ အမှတ်အရဆုံးကတော့ ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့တိုင်း တရွာလုံး တက်တက်ကြွကြွဆင်နွှဲ လေ့ရှိသည့် ၀ါဆိုလှိုင်းခုန်ပွ။ဲ သဲသောင်ပြင်ပေါ်မှာ ရွာကသက်ကြီးရွယ်အိုများနှင့်...

Read more »

ကျော်ကျော် (မြရည်စမ်း) ● အမှောင်မလွတ်သေးသည့် အတွေးတစ

August 15, 2016
ကျော်ကျော် (မြရည်စမ်း) ● အမှောင်မလွတ်သေးသည့် အတွေးတစ

ကျော်ကျော် (မြရည်စမ်း) ● အမှောင်မလွတ်သေးသည့် အတွေးတစ (မိုးမခ) သြဂတ်စ် ၁၅၊ ၂၀၁၆ ငယ်ဘဝတွင် အဖေဝယ်ပေးသော ဆရာဦးအောင်သင်း၏ စာစီစာကုံး တွေးနည်း ရေးနည်းစာအုပ်လေးကို ဖတ်ခဲ့ရဖူးသည်။ ထိုစာအုပ်ထဲတွင် စာစီစာကုံးများသာမက နောက်ဆက်တွဲအဖြစ် ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများ၏ အဆိုအမိန့်များကိုပါ  နာယူစေလိုသောစေတနာဖြင့် ထည့်သွင်းပေးထားသေးသည်။ “ပထမသော် အလေ့အထကို ကိုယ်ကဖန်တီး၍၊ နောင်သော် အလေ့အထက ကိုယ့်ကိုဖန်တီးလေတော့သည်” ဟူသော မိန့်မှာထားခဲ့သည်ကို ယခုအချိန်ထိ သတိရနေမိသည်။ သို့တိုင် တန်ဖိုးရှိသောစာများကိုဖတ်ကြားခဲ့ရသော်လည်း၊ ကျနော်လူမိုက်မှာ နာယူမှုမရှိခဲ့ပါ။ ငယ်ဘဝထဲက ဆေးလိပ်မကောင်းကြာင်း ရေးသားထားသည့် စာများစွာဖတ်ခဲ့ဖူးသည်။ ဆရာသိပ္ပံမှူးတင်၏ဟောပြောပွဲကို တက်ရောက် နားဆင်ဖူးသည်။ သို့သော် နာယူမှုမရှိခဲ့။ “တဖက်ထိပ်မှာ မီးစ၊ တစဖက်မှာတော့ လူမိုက်”  ဟူသောစကားကိုကြားဖူးပါလျက်နှင့် ကျနော်တို့ လူငယ်ဘဝတွင် သူငယ်...

Read more »

ညီစောလွင် ● တောက သပိတ်

August 8, 2016
ညီစောလွင် ● တောက သပိတ်

ညီစောလွင် ● တောက သပိတ် (မိုးမခ) သြဂတ်စ် ၈၊ ၂၀၁၆   ၈၈ မှာ မြို့ပေါ်မှာ ဆူပူနေတာနဲ့ ကျောင်းတွေလည်း ပိတ်လိုက်တာဆိုတော့ ကျနော်တို့ မောင်နှမတတွေ ရွာမှာ ပြန်နေကြတယ်။ မြို့ပေါ်မှာတော့ ဝမ်းကွဲအစ်ကိုတွေက သပိတ်ခေါင်းဆောင်တွေ လုပ်ကြတယ်။ ခေါင်းပတ်အနီတွေ စည်းလို့တဲ့၊ ကြားရတယ်။ တနေ့ကျတော့ ရွာက ကျနော့်အစ်မဆီကို စာပို့လာတယ်။ “နင်တို့လည်း သပိတ်လုပ်ကြ၊ မလုပ်ရင် ငါတို့ လာလုပ်မယ်” ဆိုတာမျိုး ရေးလာတယ်။ ဒါနဲ့ပဲ ရွာမှာ သပိတ်ကော်မတီတခု ဗြုန်းခနဲပေါ်လာတယ်။ ဆယ်တန်းကျောင်းသူ ကျနော့်အစ်မကြီးနဲ့ သူ့ သူငယ်ချင်းတယောက် သပိတ်ခေါင်းဆောင် လုပ်ကြတယ်။ ကျနော့်ဦးလေးတို့လည်း ရွာကသပိတ်မှာ အရမ်းတက်ကြွတယ်။ ညဘက်ကျတော့ အိမ်မှာ မီးခွက်ကလေးထွန်းပြီး ကျနော့်...

Read more »

သန်းဌေးမောင် – အမည်မဲ့ သီချင်းတပုဒ်

August 5, 2016
သန်းဌေးမောင် – အမည်မဲ့ သီချင်းတပုဒ်

ပန်းချီသန်းဌေးမောင် သန်းဌေးမောင် – အမည်မဲ့ သီချင်းတပုဒ်  (မိုးမခ) သြဂုတ်၊ ၅၊ ၂၀၁၆ လူတွေတော်တော်များများက ဒီပန်းချီကားကိုနားမလည်ဘူး …. ဒီအနုပညာကို နားမလည်ဘူး စသဖြင့် ပြောလေ့ရှိကြတယ်။ အခုလိုချိုးငှက်လေးတကောင်ရဲ့ ကူချွဲနေတဲ့တေးသံလေးကျတော့ရော အဓိပ္ပာယ်ကို နားလည်ကြလို့လား … … . ပြာမှောင်မှောင်တောင်တန်းများ စိမ်းညို့ညို့တောအုပ်များ တည်တည်ငြိမ်ငြိမ်အုပ်မိုးနေသော ဖြူဖြူဖွဖွတိမ်ဆိုင်အဆုပ်အခဲများ တချို့တောင်ခြေတွေမှာတော့ မြူခိုးဖြူဖြူတို့ဝေနေဟန်က ရေဆေးကြည်ကြည်ပန်းချီကားတချပ်လို မနက်ခင်းစောစောက မိုးတဖြိုက်နှစ်ဖြိုက်ရွာထားလို့မို့ မိုးရွာပြီးစ တောအုပ်ရဲ့အလှက ငိုပြီးစ မိန်းမလှလေးတယောက်ရဲ့ ညှို့နိုင်လွန်းတဲ့မျက်နက်ဝန်းလေးတွေလို ထိုးထွက်စနေခြည်မှာ လက်လက်ထ လှပနေလေရဲ့ … အရိုင်းဆန်စွာ လျှို့ဝှက်လွန်းစွာ တည်ငြိမ်ရင့်ကျက်လွန်းစွာ ။ တကုကူး ကူး x x x တကုကူး ကူး x x...

Read more »

အဲလိုထူး ● မိုးရွာပြီးစ…ညနေခင်း

August 2, 2016
အဲလိုထူး ● မိုးရွာပြီးစ…ညနေခင်း

အဲလိုထူး ● မိုးရွာပြီးစ…ညနေခင်း (မိုးမခ) သြဂတ်စ် ၂၊ ၂၀၁၆ မိုးစက်မိုးပေါက်တွေ အုံနဲ့ ကျင်းနဲ့ သွန်ချလိုက်တာ ညနေစောင်းမှမဟုတ်ပါဘူး၊ နေ့လည်သာသာလောက်ကတည်းက အညှိုးနဲ့ ရွာသွန်းနေတာ။ ဖြည်းဖြည်း အေးအေး ညင်ညင်သာသာလည်း မဟုတ်ဘူး။ ပတ်ဝန်းကျင်ကို အမှောင်ကြီးနဲ့ အုပ်ချလိုက်ပြီး ဝုန်းဝုန်းဒိုင်းဒိုင်းအသံတွေနဲ့ကို ပစ်ပေါက်တိုက်ခိုက်တော့တာ။ လျှပ်စီးတွေ ဖျင်းခနဲ…ဝင်းခနဲ…လက်ခနဲ..၊ မိုးကြိုးတွေကလည်း ပစ်သေး။ အချို့သောမိုးရွာခြင်းတွေကအင်မတန်ဖွဲ့နွဲ့တင်ပြလို့ကောင်းပါတယ်။ မိုးလေးအေးအေးနဲ့၊ ကော်ဖီခွက်ကလေးနဲ့..၊ ဆွတ်ပျံ့ဖွယ်ရုပ်ရှင်ဇာတ်ကားလေးနဲ့၊ ဒါမှမဟုတ်…သာယာငြိမ့်ညောင်းတဲ့တေးသွားကလေးနဲ့၊ ကြိုက်နှစ်သက်ရာစာရေးဆရာတယောက်ရဲ့အရေးအသားနဲ့၊ ဒီလိုအေးချမ်းတည်ငြိမ်မှုမျိုး..၊ အသက်ရှူနှုန်းကိုက သက်တောင့်သက်သာ အေးမြနေစေရမယ်၊ သို့တည်းမဟုတ်ပေါ့..၊ ချစ်သူလေးနဲ့ ထီးအမိုးသေးသေးအောက်မှာ လမ်းတွေလျှောက်ကြမယ်..၊ ချစ်သူရဲ့လက်မောင်သားလုံးလုံးကလေးပေါ် လိမ့်တွဲနေတဲ့ မိုးရစက်ကြည်ကြည်ကလေးတွေကိုငေးကြည့်ရင်း..၊ အနီးကပ်နမ်းရှိုက်ခွင့်ရတဲ့ချစ်သူရဲ့ ကိုယ်သင်းရနံ့..၊ လျှပ်စီးတချက်လက်ရင် အားကိုးတကြီးတွယ်ဖက်လာတဲ့ ချစ်သူရဲ့ခွန်အားလက်တွေ..။ နောက်ဆုံး…မကာကွယ်နိုင်တော့တဲ့မိုးရေစက်တွေက ချစ်သူရဲ့မျက်နှာပေါ်ကိုဖြတ်သန်းစီးဆင်းပြီး မိတ်ကပ်အခံကြောင့်ဖြစ် ပေါ်လာရတဲ့...

Read more »

ဆောင်းလူ ● နွားအိုတကောင်ရဲ့ ပျံကျအတွေးများ

July 30, 2016
ဆောင်းလူ ● နွားအိုတကောင်ရဲ့ ပျံကျအတွေးများ

ဆောင်းလူ ● နွားအိုတကောင်ရဲ့ ပျံကျအတွေးများ ဇူလိုင် ၃၀၊ ၂၀၁၆   ကျုပ်စိတ်ထဲ လူတွေရဲ့အကြောင်း တွေးမိလေလေ … စိတ်ထဲမှာ တနုံ့နုံ့နဲ့ဗျာ …။ ဒါလည်း ကျုပ် ငယ်နုစဉ်ကာလများတုန်း စားပြီး စားမြုံ့ပြန်ဖို့အချိန်တောင်မရှိလို့ လူတွေအိပ်မောကျနေချိန်တွေကျမှ စားမြုံ့ပြန်ခဲ့ရတာဆိုတော့ အတွေးဆိုတာ တွေးချိန်တောင် မရခဲ့ပါဘူးဗျာ …။ ခုတော့ ကျုပ် အိုနေပြီလေဗျာ …။ အချိန်တွေနည်းနည်းပိုလာတဲ့ နွားအိုကြီးပေါ့ဗျာ …။ ကျုပ်တို့ နွားဘ၀က မလွယ်ပါဘူးဗျာ …။ ငယ်တုန်းကကြတော့လည်း ခိုင်းလိုက်ကြတာ ရက်ရက်စက်စက်။ အိုလာလို့ ယိုင်နဲ့ နဲ့ သွားတွေနဲ့ မြက်ရင့် မြက်ခြောက်တွေ မ၀ါးနိုင်တော့လို့ မြက်နုလေးတွေ ရွေးစားမိပြန်တော့ ပြောလိုက်ကြတာ ပက်ပက် စက်စက် …။ ဘာတဲ့...

Read more »

သျှင်မျိုးငယ် – အခန်းငယ်တခုမှာ နေထိုင်ခြင်း

July 30, 2016
သျှင်မျိုးငယ် – အခန်းငယ်တခုမှာ နေထိုင်ခြင်း

Photo – Than Htay Maung သျှင်မျိုးငယ် – အခန်းငယ်တခုမှာ နေထိုင်ခြင်း (မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၆ ကျနော်ဟာ ဒီအခန်းကလေးထဲမှာ နေထိုင်လာခဲ့တာ ကြာပြီ။ ဒီအခန်းကလေးရဲ့နေ့စဉ် သမားရိုးကျ ဖြစ်ပျက်မှုတွေကိုလည်း တွေ့ကြုံခံစားခဲ့ဖူးပြီ။ ကျနော်ဟာ ဒီအခန်းလေးကို ဘာကြောင့် တွယ်တာမက်မောနေရပါသလဲ။ ဘာလို့များ ဒီအခန်းကလေးရဲ့အဝေးကို ထွက်မသွားခဲ့တာလဲ။ အဖြေက “ကိုယ့်ကိုယ်ကို ပိတ်လှောင်မိခြင်းသာ”။ ကျနော်တို့သည် ကိုယ့်ကိုယ်ကို အခန်းငယ် တခုမှာ ပိတ်လှောင်ထားကြလေသည်။ အခန်းတံခါးကို ဆွဲဖွင့်လိုက်တာနဲ့ ခန်းဆီးစလေးက ယိမ်းထိုးက ခုန်နေသလို။ ကျနော်လည်း ခန်းဆီးစလေးကို တွန်းဖယ်ရင်း အခန်းလေးထဲသို့ ခန္ဓာကိုယ်ကို ဆွဲသွင်းနေလေရဲ့။ အခန်းထဲမှ အောက်သိုးသိုးရနံ့တခုက လေနှင့်အတူ လွင့်ပျံ့လာလေပြီ။ ဒါဟာ နိစ္စဓူဝအဖြစ်အပျက် တွေပဲ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly December 2016 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ

By

 မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ  (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆ “အ...

Read more »

စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ

By

  စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ (မိုးမခ) စက်တင်ဘာ ၂၅၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မင်းကောင်းချစ် မာမာအေး မိုးသွင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်ကုသလသာမိ (အတည်မဲ့) အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ကျောက်ကျောက် ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) လောကပါလ သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်