အတွေးအမြင်

မောင်ရစ် – သေနတ်တွေ ထိန်းချုပ်မှာလား၊ ကာကွယ်မှာလား၊ အမေရိကား

June 6, 2018
မောင်ရစ် – သေနတ်တွေ ထိန်းချုပ်မှာလား၊ ကာကွယ်မှာလား၊ အမေရိကား

မောင်ရစ် – သေနတ်တွေ ထိန်းချုပ်မှာလား၊ ကာကွယ်မှာလား၊ အမေရိကား (အတွေးအမြင်မဂ္ဂဇင်း၊ ဇွန် ၂၀၁၈) မိုးမခ၊ ဇွန် ၆၊ ၂၀၁၈ ဖေဖော်ဝါရီ ၁၄ ဗလင်တိုင်းနေ့မှာ ဖလော်ရီဒါပြည်နယ်၊ ပတ်ခ်လင်းမြို့၊ အထက်တန်းကျောင်းမှာ ကျောင်းသားနဲ့ ဆရာ စုစုပေါင်း ၁၇ ဦးဟာ သူတို့ကျောင်းသားဟောင်းတဦးရဲ့ သေနတ်နဲ့ ပစ်ခတ်အကြမ်းဖြတ်မှုအောက်မှာ ၆ မိနစ်အတွင်း အသက်ပျောက်ခဲ့ကြရပါတယ်။ အကြမ်းဖက်သမား ကျောင်းသားဟောင်းကို ကျောင်းပြင်ပတနေရာမှာ ရဲတွေက အရှင်ဖမ်းမိခဲ့ကြပါတယ်။ ၁၉ နှစ်အရွယ် အကြမ်းဖက်သမားဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေသူ၊ အကြမ်းဖက်တဲ့ လက္ခဏာတွေရှိသူလို့ ပတ်ဝန်းကျင်က ပြောဆို တိုင်တန်းနေကြပေမယ့် အာဏာပိုင်တွေက ကြိုတင်အရေးယူဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ ပြီးတော့ ၁၉ နှစ်သားမှာ သူကိုယ်တိုင် သေနတ်လက်နက်တွေ ၀ယ်ယူ...

Read more »

ဂျူနီယာဝင်း – အမေရိကားက စာမတတ်သူ ပပျောက်ရေး

May 29, 2018
ဂျူနီယာဝင်း – အမေရိကားက စာမတတ်သူ ပပျောက်ရေး

ဂျူနီယာဝင်း – အမေရိကားက စာမတတ်သူ ပပျောက်ရေး အတွေးအမြင်မဂ္ဂဇင်း၊ ရန်ကုန်၊ ဇွန် ၂၀၁၈ ထုတ်မှ။ (မိုးမခ) မေ ၂၉ ၊ ၂၀၁၈ (1994 April ထုတ် American Mosaic စာစောင်မှာ ဖတ်လိုက်ရတဲ့ This is America, Adult Literacy ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်။ အဲသည်စာစောင်မှာ စာရေးတဲ့သူအမည်တွေ ဖော်ပြမထားပါဘူး။ အများအားဖြင့် လူထုကြား ပတ်သတ်နေတဲ့ အကြောင်းအရာများကို ဦးစားပေးထားတာကြောင့် စာရေးသူအမည် ဖော်ပြဖို့ မလိုအပ်ဖူးလို့ ယူဆထားလို့ ထင်ပါတယ်။ အမေရိကန်ပြည်ထောင်စု သံရုံးကနေ သတင်းအချက်အလက်ဆိုင်ရာ ဌာနဆိုင်ရာက ရေးသား ထုတ်ဝေမှု စာစောင်တွေဆိုပါတော့။ ဒါ့အပြင် ၂၀၁၇ခုနှစ် Adult Literacy ပရိုဂရမ်ရလဒ်အကျဉ်းကို...

Read more »

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) – အိမ်တွင်း သတိပဋ္ဌာန် “ပစ္စုပ္ပန်”

May 26, 2018
ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) – အိမ်တွင်း သတိပဋ္ဌာန် “ပစ္စုပ္ပန်”

  ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) – အိမ်တွင်း သတိပဋ္ဌာန် “ပစ္စုပ္ပန်” (မိုးမခ) မေ ၂၆၊ ၂၀၁၈အရှင်ဘုရား.. မြတ်စွာဘုရားလက်ထက်က သာဝတ္ထိပြည်သားတွေဟာ အိမ်ထောင်သားမွေး လူ့ကိစ္စလူ့အရေးဆောင်ရွက်ရင်းကပဲ *အလုပ်လဲမပျက်၊ မဂ်ဖိုလ်လဲရ” ဆိုတာတွေ ကြားသိရပါတယ်ဘုရား၊ ခုခေတ် တပည့်တော်တို့ရော *အလုပ်မပျက် မဂ်ဖိုလ်ရ” နေထိုင်နည်းလေးများ မရှိဘူးလား၊ ရှိရင်ပြောပြပေးပါဘုရား.. တဲ့။ ဒကာကြီးက အတော်မေးတတ်ထာပဲ၊ ဒကာမကြီးပါ သံသာလေကမ်းတိုင်နည်းလေးပါ ရှိ, မရှိ မေးဖို့ကောင်းတာ။ အဟင်း.. မေးချင်တာဘုရာ့၊ မတော်လှဘူးလားလို့ .. အဟဲ ..နှစ်ယောက်တွဲ သံသာလေကမ်းတိုင်အထိ သွားနည်းတော့ မတွေ့မိဘူးဗျ၊ ကမ်းနားအထိ သွားသူများအဖြစ်နဲ့တော့ ရှင်ပိပ္ပလိ (ရှင်မဟာကဿပ) နဲ့ ဘဒ္ဒါထေရီတို့အတွဲ ထင်ရှားရှိပါတယ်။ ကဲ – ဟုတ်ပါပြီဗျာ။  *အိမ်ထောင်မကွဲ၊...

Read more »

စမ်းစမ်းတင် – စတုန်းက စိတ်ကူးကောင်း – နောက်မှ စိတ်ပျက်ဖို့ကောင်း

May 15, 2018
စမ်းစမ်းတင် – စတုန်းက စိတ်ကူးကောင်း – နောက်မှ စိတ်ပျက်ဖို့ကောင်း

စမ်းစမ်းတင် – စတုန်းက စိတ်ကူးကောင်း – နောက်မှ စိတ်ပျက်ဖို့ကောင်း (မိုးမခ) မေ ၁၅၊ ၂၀၁၈ အစကောင်းမှ အနှောင်းသေချာဆိုပေမဲ့ အစလည်းကောင်း၊ အသုံးလည်းတကယ်တည့်ပေမဲ့ ကြာလေလေပြဿနာကြီးလာလေလေက ပလတ်စတစ်၊ ခုထိလည်း ပလတ်စတစ်ကင်းစင်စေမယ့် ဇာတ်သိမ်းခန်းက မရောက်နိုင်သေးဘဲ ပလတ်စတစ်အမှိုက်ကိစ္စနဲ့ ကမ္ဘာက ခေါင်းခဲနေတုန်း၊ ဗမာပြည်မှာတော့ ပြောမနေနဲ့တော့ ကိန်း၊ ဇီဝနည်းနဲ့ ရက် ပေါင်း ၁၈၀ အတွင်း ဆွေးမြေ့သွားအောင် လုပ်နိုင်တဲ့ နည်းတော့ ဖော်ထုတ်နိုင်လို့ တချို့က သုံးတောင်သုံးနေပြီ၊ ဒါပေမဲ့ ဗမာပြည်ကို ဘယ်ရောက်နိုင်ပါ့အုန်းမလဲ၊ အမေရိကားမှာတောင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစားပေးတဲ့ ကုန်မျိုးစုံဆိုင်တိုင်းတောင် မသုံးနိုင်သေး၊ ပလတ်စတစ်နိဒါန်း တကယ်တော့ ပလတ်စတစ်ဟာ ကမ္ဘာတလွှားရှင်းလို့မနိုင် နိုင်တဲ့ အမှိုက်တွေထဲ ရှေ့ဆုံးကနေရာယူနေပြီး သဘာဝပတ်ဝန်းကျင်ကို...

Read more »

ဂျူနီယာဝင်း – သတင်းစာဆရာရေးတဲ့ သတင်းတစ်ပုဒ်

May 2, 2018
ဂျူနီယာဝင်း – သတင်းစာဆရာရေးတဲ့ သတင်းတစ်ပုဒ်

ဂျူနီယာဝင်း – သတင်းစာဆရာရေးတဲ့ သတင်းတစ်ပုဒ် (အတွေးအမြင် အမှတ် ၃၀၉ မေလ ၂၀၁၈) မိုးမခ၊ မေ ၂၊ ၂၀၁၈ (James Glen Stovall (ဂျိမ်းစ် ဂလန် စတိုဗယ်) ရဲ့”Journalism“ (သတင်းစာပညာ) လို့ အမည်ပေးထားတဲ့ စာအုပ်က ပထမအခန်းက စာပိုဒ်များကို သင့်လျော်သလို ဘာသာပြန်တင်ပြထားတာပါ။ သူ့ရဲ့အာဘော်အတိုင်း ဘာသာပြန်ထားသောလည်း စာရေးသူ ဖြည့်စွက်ထားတာတွေကို ကွင်းစကွင်းပိတ်နဲ့ လုပ်ပေးထားပါတယ်။) သတင်းတွေနဲ့ အချက်အလက်တွေဆိုတာ သတင်းစာဆရာက ထုတ်လုပ်လိုက် တဲ့အရာတွေ – ထုတ်ကုန်တွေ ဖြစ်ပါတယ်တဲ့။ ဒါပေမယ့်လို့ သတင်းတိုင်းဟာ အချက်အလက်တွေ မဟုတ်ဖူးလို့ ဆိုထားပါတယ်။ သတင်းစာဆရာက ထူးခြားတဲ့အချက်အလက်တွေ လို့ခေါင်းစဉ်တပ်လိုက်တဲ့ အမျိုးအစားတွေကိုမှသာလျှင် သတင်းတွေလို့သတ်မှတ်ပါတယ်။ အဲသည်သတင်းတွေဟာ စာဖတ်ပရိသတ်တွေလိုအပ်တဲ့...

Read more »

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) – သဒ္ဓါလွန် ပညာနုံ့တဲ့ လစ်ဘရယ်ဝါဒ (Liberalism )

April 28, 2018
ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) – သဒ္ဓါလွန် ပညာနုံ့တဲ့ လစ်ဘရယ်ဝါဒ (Liberalism )

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) – သဒ္ဓါလွန် ပညာနုံ့တဲ့ လစ်ဘရယ်ဝါဒ (Liberalism ) (မိုးမခ) ဧပြီ ၂၈၊ ၂၀၁၈ (ငယ်ပေါင်းတွေပြန်ဆုံတဲ့ စကားဝိုင်းလေးပါ) ပြောနေတာကတော့- “ဗောဓိပက္ခိယသင်တန်း”နဲ့ပတ်သက်ပြီး “ဣနြေ္ဒငါးပါး”မှာ အချင်းချင်းဆန့်ကျင်ရာမှ ပေါင်းစည်းညီညွတ်ပြီး ခွန်အားရှိ(ဗလ) ဣနြေ္ဒရ(ဣနြေ္ဒ)ဖြစ်သွားကြတဲ့ သဒ္ဓါနဲ့ပညာအတွဲ၊ သမာဓိနဲ့ ဝီရိယအတွဲ အကြောင်းပါ။ *သဒ္ဓါက ဘာနှင့်ကြုံကြုံ အလွယ်တကူယံတတ်တဲ့သဘော၊ *ပညာက ဘယ်သူ အပြောကောင်းကောင်း စုံစမ်းစပ်စုတတ်တဲ့သဘော၊ ဒီဆန့်ကျင်ဘက်တရားနှစ်ခုက တစ်တွဲ။ *သမာဓိက အေးဆေးတည်ငြိမ်တဲ့သဘော၊ *ဝီရိယက “အာတာပီ”ဆိုတဲ့အတိုင်း အပူတပြင်းလှုပ်ရှားတတ်တဲ့သဘော၊ ဒီဆန့်ကျင်ဘက်တရားနှစ်ခုကလဲ တစ်တွဲ။ “ဗောဓိပက္ခိယ=ဗောဓိအသင်းဝင်”အဖြစ် အတူတွဲထမ်းဆောင်ကြရင်း အချင်းချင်း သဘောကွဲနေကြတဲ့ တရားတွဲနှစ်တွဲ။ ဒါက သုတမယအသိ၊ စိန္တာမယအသိကာလမှာ ဖြစ်လေ့ဖြစ်ထ အကွဲအပြဲပါပဲ။ (“နိုင်ငံရေးလိုပြောရင်တော့- ပါတီထောင်စ...

Read more »

မောင်ရစ် – မိတ်ဆက်ပေးစရာမလိုတဲ့ အိုဘားမားနဲ့ စကားလက်ဆုံ

April 26, 2018
မောင်ရစ် – မိတ်ဆက်ပေးစရာမလိုတဲ့ အိုဘားမားနဲ့ စကားလက်ဆုံ

မောင်ရစ် – မိတ်ဆက်ပေးစရာမလိုတဲ့ အိုဘားမားနဲ့ စကားလက်ဆုံ  (အတွေးအမြင်မဂ္ဂဇင်း၊ ရန်ကုန်၊ မေ ၂၀၁၈) မိုးမခ၊ ဧပြီ ၂၆၊ ၂၀၁၈ ၂၀၁၈ နှစ်ဆန်းမှာ Netflix အင်တာနက်စတေရှင်က အွန်လိုင်းတီဗီအစီအစဉ်လုပ်ပါတယ်။ My Next Guest needs no introduction with David Letterman ဖြစ်ပါတယ်။ David Letterman ဆိုတာက အနားယူသွားတဲ့ တီဗီအစီအစဉ် အင်တာဗျူးသူပါ။ အနားယူနေရာကနေ သူက နက်ဖလစ်နဲ့တွဲပြီး စင်ပေါ်ပြန်တက်လာပါတယ်။ သူ ပထမဦးဆုံး တွေ့ဆုံသူကတော့ Barack Obama ဖြစ်ပါတယ်။ သူကလည်း မကြာခင်က အနားယူသွားတဲ့ အမေရိကန်သမ္မတ ဖြစ်ပါတယ်။ သူနဲ့ လုံးဝဆန့်ကျင်ဘက် လက်ယာအစွန်းသန် ဓနရှင် ဒေါ်နယ်ထရန့်...

Read more »

မယ်မွှေး – Dear Facebook

April 22, 2018
မယ်မွှေး – Dear Facebook

မယ်မွှေး – Dear Facebook (မိုးမခ) ဧပြီ ၂၂၊ ၂၀၁၈ ဤစာကိုရချိန်တွင် ကျွန်မ၏ ကိုယ်ရေးရာဇ၀င်ကိုရှင်တို့ စစ်ဆေးပြီး စက်ရုပ်တစ်ခုထံမှ အော်တိုမက်တစ်လွှတ်လိုက်သော အကြောင်းကြားစာမဟုတ်ကြောင့် သိပြီးဖြစ်ပါလိမ့်မည်။ ကျွန်မမှာ အသက် ၆၀ ပြည့်ပင်စင်စားကာစ အဘွားကြီးတစ်ဦးဖြစ်သောကြောင့် အသုံးမ၀င်သော အငြိမ်းစားတစ်ဦး၏ အမြင်ဟု ပစ်ပစ်ခါခါ မထားစေလိုပါ။ * ကျွန်မသည် ယမန်နေ့ကပင် ဆိုရှယ်မီဒီယာသုံးစွဲသူသက်တမ်း အနှစ် ၄၀ ပြည့်ပေပြီ။ ကျွန်မဘ၀၏ဆယ်ကျော်သက်အလွန် ဘ၀အစိတ်အပိုင်းများအားလုံးကို ရှင်တို့ဒေတာဘဏ်တိုက်ကြီးထဲတွင် အသေးစိတ်သိမ်းဆည်းထားပြီးဖြစ်ရာ ကျွန်မ ဘယ်သူဆိုသည်ကို အထူးတလည်မိတ်ဆက်ရန် လိုမည်မထင်ပေ။ လူတစ်ယောက်အကြောင်းကို သိရန် သူဘာတွေ Like လုပ်တတ်သည်ကို ကြည့်ရုံပင်ဖြစ်သည်ဟု သုတေသန အင်စတီကျုများက သုံးသပ်ကြသည်။   ရှင်သည် ကျွန်မ၏ Like...

Read more »

မောင်ရစ် – အမေရိကန်က အခွန်ဥပဒေ အသစ် ၂၀၁၈ အကြောင်း

March 1, 2018
မောင်ရစ် – အမေရိကန်က အခွန်ဥပဒေ အသစ် ၂၀၁၈ အကြောင်း

မောင်ရစ် – အမေရိကန်က အခွန်ဥပဒေ အသစ် ၂၀၁၈ အကြောင်း (အတွေးအမြင်မဂ္ဂဇင်း၊ မတ် ၂၀၁၈) မတ် ၁၊ ၂၀၁၈ ၂၀၁၇ ၊ ဒီဇင်ဘာ ၂၀၊ ညနေ အမေရိကန်အရှေ့ခြမ်း စံတော်ချိန်မှာ အမေရိကန်လွှတ်တော် ၂ ရပ်လုံးက အမေရိကန်အခွန်ဥပဒေ ပြင်ဆင်ပြဌာန်းမှုကို အတည်ပြုလိုက်ပါတယ်။ အမေရိကန်သမ္မတကြီး ဒေါ်နယ်ထရန့် စာပွဲပေါ်ရောက်တာနဲ့ ထရန့်ကလည်း လက်မှတ်ထိုး ထောက်ခံဖို့ အဆင်သင့်ပါပဲတဲ့။ အတိုက်အခံ ဒီမိုကရက်တွေကတော့ ဒီအခွန်ဥပဒေပြင်ဆင်မှုဟာ အမေရိကန်တွေကို အကြွေးတွေ ပိုပိစေပြီး ခရိုနီတွေကို သာ၍ ကောင်းစားစေမှာ ဖြစ်တယ်လို့ ပြန်လှန်ပြစ်တင်လိုက်ပါတယ်။ လွှတ်တော် ၂ ရပ်လုံးက ဒီမိုကရက်အမတ်တွေက ကန့်ကွက်ဆန္ဒမဲပေးခဲ့ကြပေမယ့် မဲအသာစီးရနေတဲ့ ထရန့်နဲ့ ရီပတ်ဘလစ်ကန်အမတ်တွေက အတည်ပြုနိုင်ခဲ့ကြပါတယ်။ အမေရိကန်ဥပဒေသက်တမ်းထဲ...

Read more »

ဂျူနီယာဝင်း – သတင်းစာပညာ စာအုပ်တစ်အုပ်

March 1, 2018
ဂျူနီယာဝင်း – သတင်းစာပညာ စာအုပ်တစ်အုပ်

ဂျူနီယာဝင်း – သတင်းစာပညာ စာအုပ်တစ်အုပ် (အတွေးအမြင် အမှတ် ၃၀၈ မတ် ၂၀၁၈ ) မိုးမခ၊ မတ် ၁၊ ၂၀၁၈ (”Journalism“ (သတင်းစာပညာ) လို့အမည်ပေးထားတဲ့ စာအုပ်ကို James Glen Stovell (ဂျိမ်းစ် ဂလန် စတိုဗယ်) ကရေးပါတယ်။ ဂျိမ်းစ်ဟာ ၁၉၄၈ခုနှစ် စက်တင်ဘာ၈ ရက်နေ့ ဖွား အလာဘားမား (Alabama) တက္ကသိုလ်က သတင်းနှင့်အချက်အလက်ဆိုင်ရာဌာန အငြိမ်းစား ပါမောက္ခ ဖြစ်ပါတယ်။ သူက လက်ရှိ (၂၀၁၈ လက်ရှိအနေအထားအရ) သတင်းရေးသားခြင်းဆိုင်ရာ ဘာသာရပ်ကို သင်ကြားနေဆဲ၊ ၀က်ဆိုက်သတင်းစာပညာကို သင်ကြားနေဆဲ သူတစ်ယောက်ဖြစ်ကာ စာရေးဆရာအဖြစ်နဲ့ ဂျေပရော့ဖ် (jprof) ၀က်ဆိုက်မှာ ရေးသားနေဆဲသူတစ်ယောက်ဖြစ်တယ်။) ယခုစာအုပ်က သက္ကရ်ာဇ်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်