အတွေးအမြင်

ကျော်မောင်(တိုင်းတာရေး) – ကျော်သွားခဲ့သော အပိုင်းများ

July 19, 2016
ကျော်မောင်(တိုင်းတာရေး) – ကျော်သွားခဲ့သော အပိုင်းများ

ကျော်မောင်(တိုင်းတာရေး) – ကျော်သွားခဲ့သော အပိုင်းများ (မိုးမခ) ဇူလိုင် ၁၉၊ ၂၀၁၆ ဖတ်ပြီးသား စာအုပ်တစ်အုပ်ကို ပြန်လည်ဖတ်ရှုမိသောအခါမှ သတိထားမိလေသည်။ ထိုအရာမှာ ယခင်ဖတ်တုန်းက သေသေချာချာမဖတ်ဖြစ်ခဲ့ဘဲ ကျော်သွားခဲ့သော အပိုင်းများ ဖြစ်သည်။ ထိုတစ်ခေါက်တုန်းက အဘယ်အကြောင်းကြောင့် မဖတ်ဘဲ ကျော်လွှားသွားခဲ့ရပါသနည်း။ ဆန်းစစ်ကြည့်ရာမှ အဖြေတစ်ခုထွက်လာသည်။ ပထမတစ်ခါဖတ်စဉ်က နားမလည်သောကြောင့် ရှည်ရှည်ဝေးဝေး မတွေးတောတော့ဘဲ ကျော်ကာ ဖတ်ရှုခဲ့ခြင်းဖြစ်ကြောင်း တွေ့လာရခြင်းပင်။ ယခု ဖတ်သောအခါ ကျော်ခဲ့သော ထိုအပိုင်းသည် အရေးပါသော အပိုင်းဖြစ်နေကြောင်းတွေ့ရသည်။ ရုပ်ရှင်ကားဟောင်းတစ်ကားကို အပျင်းပြေပြန်ကြည့်မိသည်။ ကြည့်ဖူးသည့်အတွက် ဘယ်အပိုင်းပြီးလျှင် ဘယ်အပိုင်း၊ ဘယ်ဇာတ်ကွက်ပြီးလျှင် ဘယ်ဇာတ်ကွက်လာမည်ဆိုသည်ကို ကြိုသိနေသည်။ ပြန်ကြည့်နေရင်းမှာပင် ဇာတ်ကောင်တစ်ယောက်ပြောသော စကားက အသစ်အဆန်းကဲ့သို့ဖြစ်နေပြန်သည်။ ကြည့်ခဲ့တုန်းကလည်း ထိုစကားပြောခန်းကို နားထောင်ခဲ့ဖူးသည်။ သို့သော် ထိုအခါက...

Read more »

တက္ကသိုလ်ရွှေရီဝင်း – ဈေး

July 11, 2016
တက္ကသိုလ်ရွှေရီဝင်း –  ဈေး

  တက္ကသိုလ်ရွှေရီဝင်း –  ဈေး  (မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၆ (အတွေးအမြင် – အမှတ် ၂၈၈ -၂၀၁၆ ဇွန်လ) ‘ဈေး’ ဆိုတဲ့ဝေါဟာရကို ငယ်စဉ်ကလေးဘဝကစပြီး ကြားခဲ့သိခဲ့တာပါ။ မနက်တိုင်း ‘ဖေဖေနဲ့မေမေ ဈေးသွားတယ်’ ဆိုတဲ့စကားကို ကြားဖူးခဲ့တယ်။ တကယ်လည်း ဖေဖေက ကားမောင်းပြီး မေမေက ဖေ့ဖေ့ေ ဘးမှာထိုင်ပြီး ဈေးဝယ်ထွက်တယ်ပေါ့။ ကိုယ်ကိုယ်တိုင်အရွယ်ရောက်တော့လည်း ကိုယ့်ရဲ့အထက်အစ်ကိုနဲ့ဈေးသွားရတာ မှတ်မိပါတယ်။ ဖေဖေက နောက်ပိုင်းဈေးလိုက်ပို့တာ အမှတ်မရတော့ပါ။ မောင်နှမနှစ်ယောက် ကြုံရင်ကြုံသလို သံဈေး၊ မော်တင်ဈေး ၊ သိမ်ကြီးဈေး သွားကြပါတယ်။ အများဆုံးသွားတာက သံဈေးဖြစ်ပါတယ်။ ကိုယ်နေတဲ့အိမ်က ပြည်လမ်းမီးရထားခုံး(ကုန်း) နဲ့နီးတယ်။ ရန်ကုန်ထောင်ကြီးနဲ့ နီးတယ်။ ဒီတော့ အနီးဆုံး သံဈေးသွားတာမှတ်မိတယ်။ အစ်ကိုလတ်က ကားမောင်းပြီး...

Read more »

ဂျူနီယာဝင်း – တထောင့်ကိုးရာရှစ်ဆယ့်လေး

July 8, 2016
ဂျူနီယာဝင်း – တထောင့်ကိုးရာရှစ်ဆယ့်လေး

ဂျူနီယာဝင်း – တထောင့်ကိုးရာရှစ်ဆယ့်လေး (မိုးမခ) ဇူလိုင် ၈၊ ၂၀၁၆ (အတွေးအမြင် အမှတ် ၂၈၈ ၊ ၂၀၁၆ ဇွန်လ) Nighteen – Eighty – Four ( တစ်ထောင့်ကိုးရာရှစ်ဆယ့်လေး ) (1984) အမည်တွင်သော စာအုပ်တွင် အစစ အရာရာဆိုးရွားနေသော ခေတ်တစ်ခေတ်ကို George Orwell က ပုံဖေါ်ရေးသားထားသည်။ လက်တစ်ဆုပ်စာ လူနည်းစုတစ်စုက တိုင်းပြည်ကြီးတစ်ခုလုံး ၊ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ထိန်းချုပ်လျှက်ရှိသော အခြေအနေ တစ်ခုကို တွေ့ရသည်။ Oceanian အမည်ပေးထားသော ဒေသတစ်ခုမှာ မပြီးဆုံးသော စစ်ပွဲတစ်ခုကို တိုက်လျှက်ရှိသည်။ Big Brother ဟူသော ‘ သင်တို့အား စောင့်ကြည့်နေသော မျက်လုံးများ’ က...

Read more »

ခိုင်ကြည်သစ် – စစ်နှင့် စီးပွားရေး

June 29, 2016
ခိုင်ကြည်သစ် – စစ်နှင့် စီးပွားရေး

ခိုင်ကြည်သစ် – စစ်နှင့် စီးပွားရေး (မိုးမခ) ဇွန် ၂၉၊ ၂၀၁၆ (၁) ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်းက စစ်နှင့် ငြိမ်းချမ်းရေး (War and Peace) ဆိုတဲ့ စာအုပ်ကိုရေးသားခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဆရာမြသန်းတင့်က ဘာ သာပြန်ဆိုပြီး ထုတ်ဝေခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း စစ်ပွဲတွေချုပ်ငြိမ်းပြီး စစ်မှန်တဲ့၊ ထာဝရတည် တန့်တဲ့ငြိမ်းချမ်းရေးကို တည် ဆောက်နိုင်ဖို့ အစိုးရသစ်က ဦးစီးဆောင်ရွက်နေပါတယ်။ ဒီနေရာမှာစဉ်းစားမိတာက အမှန်တကယ် စစ်ပွဲတွေကနေ အကျိုးအမြတ်ရရှိနေသူတွေ အကြောင်းပါ။ စစ်ပွဲကိုယ်၌က အကျိုးစီးပွား (interest) အတွက် ဖြစ်ပွားနေတာဖြစ်ပြီး တချိန်တည်းမှာ စစ်ပွဲကြောင့် အကျိုးအမြတ် (Profit) ရရှိနေသူတွေလည်း အမြောက်အမြားရှိနိုင်ပါတယ်။ တခါတရံ အဲဒီစစ်ပွဲကနေ အကျိုးအမြတ်ရရှိနေသူတွေဟာ စစ်ပွဲတွေကို ဖန်တီးလေ့ရှိကြပါတယ်။...

Read more »

ကျော်မောင်(တိုင်းတာရေး) – တပုဒ်ကောင်း တအုပ်ကောင်း

June 20, 2016
ကျော်မောင်(တိုင်းတာရေး) – တပုဒ်ကောင်း တအုပ်ကောင်း

  ကျော်မောင်(တိုင်းတာရေး) – တပုဒ်ကောင်း တအုပ်ကောင်း  (မိုးမခ) ဇွန် ၂၀၊ ၂၀၁၆ (၁) ငယ်ငယ်တုန်းက ဒို့နေတာ နယ်ဖက်မှာဆိုတော့ စာအုပ်စာတမ်းတွေက နည်းတယ်။ ဟိုလူ့ဆီက ငှားဖတ်၊ ဒီလူ့ဆီက ငှားဖတ်နဲ့ စာတွေဖတ်လာကြရတာ။ ၀တ္ထုတွေဖတ်ဖြစ်တော့လည်း ဒီအတိုင်းပဲ။ ရတဲ့စာအုပ်ပဲဖတ်ရတာ။ စာအုပ်ကောင်းတွေ စာပေကောင်းဆိုတာတွေကို ရွေးရလောက်အောင်အထိ ပေါပေါများများ မရခဲ့ မရှိခဲ့ဘူး။ ဒို့ခေတ်မှာ စာဖတ်တဲ့သူတွေလား၊ ရှိတာပေါ့ကွာ။ ငါစွဲသွားတဲ့ စာအုပ်တအုပ်က အဲဒီစာဖတ်သူတွေထဲက တယောက်ရဲ့ကျေးဇူးကြောင့်လို့ ပြောလို့ရတယ်။ စာအုပ်ရလာတဲ့ဇာတ်လမ်းက ဒီလိုကွ။ ငါ့အဖေက စက်လှေထောင်ဖူးတယ်။ အနီးအနား ရွာနီးချုပ်စပ်က ဒေသထွက်ကုန်တွေကို သယ်ယူပို့ဆောင်ပေးတဲ့ စက်လှေပဲ။ ကုန်သည်မဟုတ်တဲ့ ရိုးရိုးခရီးသည် နည်းနည်းပါးပါးလည်း တင်တာပေါ့။ အဖေက ဘာကိုပဲဖြစ်ဖြစ်နာမည်ပေးရင် အဓိပ္ပာယ်ပါပါနဲ့ပေးတတ်တဲ့ သူ။ သူ့စက်လှေကို...

Read more »

တက္ကသိုလ်ရွှေရီဝင်း – ကလေးတွေဖတ်ဖို့

June 16, 2016
တက္ကသိုလ်ရွှေရီဝင်း – ကလေးတွေဖတ်ဖို့

တက္ကသိုလ်ရွှေရီဝင်း – ကလေးတွေဖတ်ဖို့ (အတွေးအမြင်၊ မိုးမခ) ဇွန် ၁၆၊ ၂၀၁၆ ကလေးဆိုတာ အင်မတန်မှ စိတ်ထား သန့်ရှင်းပြီး ဘေးပတ်ဝန်းကျင်ရဲ့ပုံရိပ်လေးတွေအောက်မှာ ပြောင်းလဲလာကြတာ အမှန်ဖြစ်ပါတယ်။ နောက်ပြီး သူတို့ရဲ့စိတ်က အလွန်စပ်စု စူစမ်းပြီး တက်တက်ကြွကြွရှိကြတယ်။ လူတိုင်းဟာ ကလေးဘဝကို ကျော်ဖြတ်ပြီးမှ ဆက်လက ရှင်သန်နေကြပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ကလေးဘဝကို ဖြတ်သန်းခဲ့ရပါတယ်။ မောင်နှမရှစ်ယောက်ရှိတဲ့အိမ်ထောင်မှာ ကြီးထွားရတာမို့ အစ်ကိုနှစ်ယောက်ရဲ့ အောက် ညီမလေးအဖြစ် ကလေးဘဝနေခဲ့ရသလို ညီ ညီမငါးယောက်ရဲ့အစ်မအဖြစ် ကလေးဘဝ ဖြတ်သန်းခဲ့ရပါတယ်။ နောက်တော့ မိခင် တယောက်အဖြစ် ကလေးတွေကို ပြုစုရပါတယ်။ ညီ ညီမတွေက ပေါက်ဖွားတဲ့တူတူမတွေနဲ့နေခဲ့ရသလို သူငယ်ချင်းအပေါင်းအသင်းတွေရဲ့ကလေး တွေနဲ့ ရောနှောပြီး နေဖူးခဲ့တယ်။ နောက်တဆင့်တက်ပြီး မြေးဆိုတဲ့ ကလေးနဲ့  နေရပြန်ပါတယ်။...

Read more »

ဂျူနီယာဝင်း – ကွိုင်းမြစ်ပေါ်က တံတား

June 8, 2016
ဂျူနီယာဝင်း – ကွိုင်းမြစ်ပေါ်က တံတား

ဂျူနီယာဝင်း – ကွိုင်းမြစ်ပေါ်က တံတား (အတွေးအမြင် ၂၀၁၆ မေလ အမှတ် ၂၈၇)။ မိုးမခ၊ ဇွန် ၈၊ ၂၀၁၆ ပြင်သစ်စာရေးဆရာ Pierre Boceille ၏ ဝတ္ထုတပုဒ်ဖြစ်သော Le Pomt de la Rievere Kwai (1952) ကို The Bridge on the River Kwai အမည်ဖြင့် ၁၉၅၇ ခုနှစ်တွင် ရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့သည်။ ဝတ္ထုသည် ဒုတိယကမ္ဘာစစ်အတွင်းကာလ ၁၉၄၃ ခုနှစ်ကို နောက်ခံပြုထားသည်။ ၁၉၄၃ခုနှစ် ဒုတိကမ္ဘာစ်အတွင်းမှာ ဗြိတိသျှစစ်သားပေါင်းတစ်သောင်းကျော်ဟာ တံတားတည်ဆောက်နေစဉ်အတွင်း အသက်ဆုံးရှုံးရကာ ထို တံတားတလျှောက် မြေနေရာတွေမှာမြှုပ်နှံခဲ့ရသည်။ အနီးအနားက မြို့ရွာများမှ လူပေါင်းတစ်သိန်းနီးပါးဟာလည်း တံတားတည်ဆောက်မှု အတွင်း အသက်ဆုံးကြရသည်။...

Read more »

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) – လေးမျိုးဖြစ်ထူး နှစ်ဦးကဆုန်

May 20, 2016
ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) – လေးမျိုးဖြစ်ထူး နှစ်ဦးကဆုန်

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) – လေးမျိုးဖြစ်ထူး နှစ်ဦးကဆုန် (မိုးမခ) မေ ၂၀၊ ၂၀၁၆ ဗုဒ္ဓဘာသာဝင်များရဲ့ ၁၂-လ ရာသီ ပွဲတော်တွေထဲ မှာ ကဆုန်လပြည့်နဲ့ပတ်သက်လို့- “ဆု, ဖွား, ပွင့်, စံ၊လေးတန်ထူးကြုံ၊လကဆုန်”လို့ အတိုကောက်မှတ်သားထားပါတယ်။ ဆု=ဘုရားဆုပန်တော်မူတဲ့နေ့၊ ဖွား=ဖွားမြင်တော်မူတဲ့နေ့၊ ပွင့်=သဗ္ဗညုဘုရားရှင်အဖြစ် ပွင့်တော်မူတဲ့နေ့၊ စံ=ပရိနိဗ္ဗာန် စံတော်မူတဲ့နေ့..ဆိုပြီးတော့ပေါ့။ ဒီလေးခုက အခုဘုရားရှင်သာမကပါဘူး၊ ပွင့်တော်မူသမျှ ဘုရားရှင်တိုင်းဟာ မဇ္ဈိမဒေသမှာချည်းဆိုတော့ ဒီနေ့မှာ ဒီအဖြစ်ထူးလေးမျိုးက အတူတူပါပဲတဲ့။ ဒီနေ့မှာမှ ဘာ့ကြောင့် ဒီလိုမင်္ဂလာရှိတဲ့အဖြစ်ထူးလေးမျိုးကဆုံရသလဲ-ဆိုတာနဲ့ ပတ်သက်လို့တော့ မင်းကွန်းတိပိဋကဆရာတော်ကြီးရဲ့ “မဟာဗုဒ္ဓဝင် ပထမတွဲ” အနုဒီပနီမှာ- ကောင်းတဲ့ကိစ္စတိုင်းမှာ အဦးဆုံးဟာ အထူးခြားဆုံးနဲ့ အကောင်းဆုံးပါပဲ..တဲ့။ တစ်နှစ်ရဲ့(၁၂)လထဲမှာ ကဆုန်လသာလျှင် နှစ်ရဲ့ အဦးဆုံးလဲဖြစ်၊ဝိသာခါနက္ခတ်နဲ့ စန်းလတို့ဆုံတဲ့ အထူးခြားဆုံးလဲ ဖြစ်ပါတယ်။...

Read more »

အမျိုးသားရေး ရင်ကြားစေ့ရေး ငြိမ်းချမ်းရေး နှင့် မောင်မိုးသူ

May 13, 2016
အမျိုးသားရေး ရင်ကြားစေ့ရေး ငြိမ်းချမ်းရေး နှင့် မောင်မိုးသူ

 အမျိုးသားရေး ရင်ကြားစေ့ရေး ငြိမ်းချမ်းရေး နှင့် မောင်မိုးသူ   မောင်မိုးသူ     မော်ဒန်သတင်းဂျာနယ်               မိုးမခ ၊  မေ  ၁၃ – ၂၀၁၆        ဦးသိန်းစိန်အစိုးရလက်ထက်မှာ ကတည်းက အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးများ လုပ်ဆောင်ခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးကြတဲ့ အဖွဲ့အစည်းများ ရှိသလို လက်မှတ်ရေးထိုးခြင်း မပြုသေးတဲ့ အဖွဲ့အစည်းများလည်း ရှိနေသေးတာ တွေ့ရပါတယ်။ အဲသည် လုပ်ငန်းစဉ်ကို ပြီးမြောက်အောင် မလုပ်နိုင်ခင် အစိုးရအပြောင်းအလဲ ဖြစ်သွားပြီး နောက်အစိုးရဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ဆက်လက်လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။             အစိုးရဟောင်းနဲ့ အစိုးရသစ်အပြောင်းအလဲဟာ အတော်အချိန်ကြာပါတယ်။ နောက်ဆုံးတော့...

Read more »

တက္ကသိုလ်ရွှေရီဝင်း – ဘီဘီအက်(စ်) သို့မဟုတ် မြန်မာ့အသံဌာန

May 12, 2016
တက္ကသိုလ်ရွှေရီဝင်း –  ဘီဘီအက်(စ်) သို့မဟုတ် မြန်မာ့အသံဌာန

တက္ကသိုလ်ရွှေရီဝင်း –  ဘီဘီအက်(စ်) သို့မဟုတ် မြန်မာ့အသံဌာန (မိုးမခ) မေ ၁၂၊ ၂၀၁၆ ဒီနှစ် ၂၀၁၆ မှာ မြန်မာ့အသံဌာနရဲ့ နှစ်(၇၀) မြောက်အခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။ ကိုယ့်အသက် အရွယ်ကြီးလာတဲ့အလျောက် နှစ် ၁၀၀ ပွဲတွေ၊ နှစ် ၇၀၊ နှစ် ၅၀၊ နှစ် ၂၅ ပွဲတွေကို ကိုယ်တိုင်ကြုံခဲ့ရပါတယ်။ ဒီလိုနှစ်တွေကို ကျော်လွန်ခဲ့တဲ့ဆီမှာ ပါဝင်ခဲ့တာ၊ အမှတ်တရရှိတာတွေကို သိခဲ့ရတာကြောင့် ကိုယ့်အ သက်ကိုလည်း မငယ်တော့ဘူးဆို ပြီး သတိရပါတယ်။ ကိုယ့်ယောက္ခမမိဘရဲ့နှစ် ၁၀၀ ပွဲက မနှစ်ကကျင်းပခဲ့ပါတယ်။ စာရေးသူရဲ့ ဖခင်ကြီးရဲ့နှစ် ၁၀၀ ပြည့် ပွဲက ၂၀၁၇ မှာ ပြည့်မှာပါ။ နောက် စောစောကခေါင်းစဉ်ရဲ့ နှစ်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly December 2016 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ

By

 မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ  (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆ “အ...

Read more »

စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ

By

  စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ (မိုးမခ) စက်တင်ဘာ ၂၅၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မင်းကောင်းချစ် မာမာအေး မိုးသွင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်ကုသလသာမိ (အတည်မဲ့) အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ကျောက်ကျောက် ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) လောကပါလ သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်