ဝတ္ထုတို

ညိုမှိုင်းဝေ(သနပ်ပင်) – တောင်တက်သမား

October 13, 2016
ညိုမှိုင်းဝေ(သနပ်ပင်) –  တောင်တက်သမား

ညိုမှိုင်းဝေ(သနပ်ပင်) –  တောင်တက်သမား (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆ (၁) သူတို့လူစု ပစ္စည်းတွေအဆင်သင့် ဖြစ်နေလေပြီ။ သူတို့လူစုဆိုတာ တောင်တက်ဖို့ သူတို့စုဖွဲ့ထားတဲ့ စိတ်တူကိုယ်တူ လူငါးယောက်ကို ဆိုလိုခြင်းဖြစ်တယ်။ သူတို့တောင်တွေကိုတက်ဖို့ နှစ်ရှည်လများ ကြိုးစားလာခဲ့ကြတယ်။ သူတို့ မွေးဖွားလာ ခြင်းဟာ တောင်တက်ဖို့ကလွဲပြီး အခြားအတွက်မဟုတ်လို့ ခံယူထားကြသူများပင်။ သူတို့ဝါသနာနဲ့ သူတို့ယုံကြည်ချက်များကို ဒီကနေ့ စတင်ကြတော့မယ်။ သူတို့အားလုံး ပျော်ရွှင်နေကြလိမ့်မယ် ထင်တယ်။ ဒါပေမယ့် သူတို့မျက်နှာတွေကတော့ ပျော်ရွှင်မှုကိုဖမ်းကြည့်နိုင်မယ့် ပုံရိပ်တွေရှိမနေဘဲ အားလုံးတည်ငြိမ်နေကြတယ်။ သူတို့ခရီးအတွက် တစုံတခုကို တရောက်တမျိုးစီ တွေးနေကြပုံပင်။ “ပြီးရင် စထွက်ကြရအောင်” အေးတိအေးစက် စကားသံတခု သူတို့ထဲက ထွက်လာတယ်။ စကားသံရဲ့နောက်မှာတော့ ကျောပိုးအိတ်ဖောင်းဖောင်းကြီးလွယ်ပြီး ခြေလှမ်းစလိုက်ကြတယ်။ “ဒီတောအုပ်ကိုကျော်ရင် ငါတို့တက်မယ့်တောင် ရောက်မယ်။...

Read more »

အလွမ်းသစ် (တောင်ကုတ်) ● အလင်းဖျောက်ခံထားရသော ကြယ်

October 9, 2016
အလွမ်းသစ် (တောင်ကုတ်) ● အလင်းဖျောက်ခံထားရသော ကြယ်

အလွမ်းသစ် (တောင်ကုတ်) ● အလင်းဖျောက်ခံထားရသော ကြယ် (မိုးမခ) အောက်တိုဘာ ၉၊ ၂၀၁၆ (၁) သည်နှစ်မိုးရာသီက မနှစ်တုန်းကလိုမဟုတ်ဘဲ မိုးနှောင်းရောက်မှ မိုးက အလွန်ကောင်းနေခဲ့သည်။ အမေနှင့်အဖေက နေ့တိုင်းလိုလိုပင် မနက်ဆို အစောကြီးထ၍ ယာထဲဆင်းသွားသည်။ အိမ်တွင် မြပုဝါနှင့် သူမ၏မောင်လေးဖိုးသဲသာလျှင် ကျန်နေခဲ့သည်။ အိမ်လို့သာပြောရပေမယ့် မြပုဝါတို့အိမ်လေးသည်  သူများအိမ်တွေလို တောင့်တောင့်တင်းတင်း လုံလုံခြုံခြုံ မရှိဘဲ  တဲသာသာမျှသာ။ ဓနိအုန်းလေးမိုးထားသော်လည်း မိုးသည်းသည်းမည်းမည်းရွာသောအခါတွင် အိမ်ထဲတွင် နေစရာ ပင်မရှိတော့။ မြပုဝါတို့မိသားစုအိပ်သောနေရာလေးတခုသာလျှင် မိုးမစိုဘဲ ကျန်ခဲ့ခြင်းဖြစ်သည်။ ဝါးထရံလေး ကာထားပေ မယ့် မောင်လေး ဖိုးသဲဆော့လွန်းသဖြင့် ဝါးထရံလေးမှာလည်း အပေါက်များ ဖြစ်နေလေပြီ။ မြပုဝါသည် နေ့စဉ်လုပ်နေကျ  ထမင်းဟင်းချက်ပြုတ်ပြီးသောအခါ  ကျောင်းသွားရန် ပြင်ဆင်ရတော့သည်။ ပြင်ဆင်စရာ များက...

Read more »

နိုင်ဝင်းသီ – မြေခွေး

October 9, 2016
နိုင်ဝင်းသီ – မြေခွေး

pos နိုင်ဝင်းသီ – မြေခွေး (မိုးမခ၊ သစ်ခက်သံလွင်) အောက်တိုဘာ ၉ ၊ ၂၀၁၆ * * * * * မျက်လုံးတွေကို ကြည့်ပြီး စိတ်ရဲ့အဆင်အကွက်ကိုခန့်မှန်းလို့ရတယ်ဆိုရင် ဆိတ်သိုး တကောင်နဲ့တူတဲ့ ခင်ဗျားရဲ့မျက်နှာပေါ်မှာ ဖိုတိုဂရေးမျက်မှန်တလက် တပ်ထားတာဟာ အင်မတန်မှ လျော်ကန်သင့်မြတ်လှပါတယ်။ တပ်မက်မှုမီးလျှံတွေနဲ့ လောင်ကျွမ်းတောက်ပနေတဲ့ ခင်ဗျားရဲ့မျက်လုံးတွေကို အဲဒီ ဖိုတိုဂရေးမျက်မှန်က လူမမြင်အောင်အကာအကွယ် ပေးထားလို့ပါပဲ။ ခင်ဗျားဟာ မြေခွေးတကောင်လိုကောက်ကျစ်ပြီး ဝံပုလွေတကောင်လို စဉ်းလဲတယ်ဆိုတာ ခင်ဗျားနဲ့ထိတွေ့ဆက်ဆံဖူးသူတိုင်း သိကြသလို ခင်ဗျားကိုယ်ခင်ဗျားလည်း ရိပ်မိမှာပါ။ တခုတော့ရှိတာပေါ့။ မြေခွေးတကောင်ရဲ့စိတ်ပိုင်းဆိုင်ရာအခင်းအကျင်းမျိုး ခင်ဗျားမှာ ရှိတယ်ဆိုတာ လူ့အဖွဲ့အစည်းထဲကလူတွေသိဖို့ အချိန်နည်းနည်းတော့ပေးရမှာပေါ့။ အဲဒီသိပ်မများလှတဲ့အချိန်အတွင်းမှာ ခင်ဗျားနဲ့ အလုပ်သဘောအရ ဆက်ဆံခဲ့ဖူးတဲ့ လူတိုင်းဟာ ပွယောင်းထူအစ်နေတဲ့ခင်ဗျားရဲ့မျက်နှာပြဲပြဲကြီးကို လှည့်မကြည့်ချင်လောက်အောင် စိတ်ကုန်သွားတဲ့...

Read more »

မောင်ကြီးပြည်စိုး ● ဘဝဟောင်းက လိပ်ပြာ

October 5, 2016
မောင်ကြီးပြည်စိုး ● ဘဝဟောင်းက လိပ်ပြာ

မောင်ကြီးပြည်စိုး ● ဘဝဟောင်းက လိပ်ပြာ (မိုးမခ/သစ်ခက်သံလွင်) အောက်တိုဘာ ၅၊ ၂ဝ၁၆ ဘယ်ခေတ်ကအဆိုလဲတော့သူမသိ။ ရောမလား၊ ခေါမလား၊ ဂရိခေတ်လား သူမသိတော့။ လူတယောက် မြစ်တမြစ်ကိုနှစ်ခါမဆင်းနိုင် ဟုဆိုကြသည်။ သူကတော့ထိုမြစ်ကိုပင် အခါခါဆင်းခဲ့ ဖြတ်ခဲ့ပြီးပြီ။ ဖြတ်ရအုံး မည်။ ထိုမြစ်က မြစ်သေမြစ်တစင်းပဲဖြစ်မည်။ သို့မဟုတ် မြစ်သေတစင်းလိုဖြစ်နေတာမျိုးလည်း ဖြစ်နိုင်သည်။ သို့မဟုတ် ငြိမ်သက်စောင့်စားနေသော မြစ်တမြစ်လည်း ဖြစ်နိုင်သည်။ သေချာတာက ရေတို့သည် မစီးဆင်း၊ လှိုင်းတို့သည် ခေါင်းမကြွ တေးမဆို ငြိမ်သက်လွန်းလှသည်။ ထိုမြစ်သည် နက်သည် တိမ်ကောသည် စသည်ဖြင့် သည်လိုဆို၍လည်း မရစကောင်း။ မြစ်တို့မည်သည် စုန်းရင်းဆန်ရင်း စီးရင်းတေးဆိုကြသည်သာ။ သို့သော် သူဖြတ်သန်းလာသောမြစ် ကဖြင့် တေးလည်းမဆို ရေလည်းမစီးခဲ့သည်မှာကြာပြီး။ အင်း သည်သို့ဆိုရမည်းလား။ မြစ်သေမြစ်...

Read more »

ကျော်ကျော် (မြရည်စမ်း) ● ကွေ့

October 2, 2016
ကျော်ကျော် (မြရည်စမ်း) ● ကွေ့

ကျော်ကျော် (မြရည်စမ်း) ● ကွေ့ (မိုးမခ) အောက်တိုဘာ ၂၊ ၂ဝ၁၆ ကွေ့ ကျွန်တော့်စာရေးစားပွဲမှနေ၍  ထိုကွေ့လေးကို ကောင်းမွန်စွာမြင်ရ၏။ စာရေးစားပွ္ပဲ္ပ္ပ္ပ္ပ္ပ္ပ္ပ္ပ္ပမှာထိုင်ဖြစ်သည့်ရက်တိုင်းလိုလို၊ ထို ကွေ့ လေးကို အမှတ်မထင် လှမ်းကြည့်ဖြစ်သည်။ အော်ဟစ်သတိပေးလိုက်မည်ဟု ကြံရွယ်လိုက်တိုင်းလည်း နောက်ကျသွား တတ်သည်။ သတိပေးဆိုင်းပုဒ်ကလေးကို စေတနာဖြင့်ရေးသား၍ ထိုလမ်းကွေ့လေး၌ ထောင်ထားခဲ့ဖူးသည်။ ထိုကွေ့ဘေး မှာနေထိုင်ကြသော အိမ်ရှင်များ၏ ရန်လိုကြည့်ဖြင့် အကြည့်ခံရသည့်အပြင် သုံးလေးရက်အကြာတွင် ဆိုင်းပုဒ်လေးပါ အစ အန ပျောက်ခဲ့ရသည်။ ကွေ့။ ထိုကွေ့လေးသည် ကျွန်တော့်မျက်စိရှေ့မှာပင် လူတော်တော်များများကို ဒုက္ခပေးပေါင်းမနည်းတော့။ ထိုကွေ့လေးကို ဖြစ် ပေါ်စေခဲ့သူများကတော့ ကွေ့ကြောင့် လူတွေဒုက္ခရောက်ကြတာကိုပင် ပီတိတခုလိုစားသုံးနေကြသည်လား မပြောတတ်ပါ။ တောင်နှင့်မြောက်တန်းနေသောလမ်းမကြီးမှ ထိုကွေ့ကလေး ခွဲဖြာထွက်လာသည်မှာ  ဆယ်စုနှစ်တခုတော့ကြာခဲ့ပြီ ဖြစ် သည်။...

Read more »

လွင်(ဘော်တွင်း) – ညို ရဲ့ကမ္ဘာ

October 1, 2016
လွင်(ဘော်တွင်း) – ညို ရဲ့ကမ္ဘာ

    လွင်(ဘော်တွင်း) – ညို ရဲ့ကမ္ဘာ (မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၆ ညိုအိပ်လိုက်ဦးမယ်။ အိပ်ရင်အိပ်မက်မက်တယ်လေ။ အိပ်မက်ထဲမှာက ပျော်စရာကောင်းတယ်။ ညို့ရဲ့လက် တွေ့ဘဝက အိမ်ရှင်မ။ ကလေးတွေငယ်တုန်းကတော့ ညိုပျော်ပါတယ်။ သူတို့ကိုသေချာမစောင့်ရှောက်နိုင်မှာ စိုးလို့ ညိုအလုပ်ထွက်ပြီး အိမ်ရှင်မဘဝခံယူခဲ့တာ။ အခုတော့သူတို့တွေကြီးကုန်ပြီ။ ငယ်ငယ်တုန်းကလို ညိုကပဲ အကုန်လိုက်လုပ်ပေးနေစရာ မလိုတော့ဘူး။ အငယ်ဆုံးတကောင်ပဲ၊ ညို့ကိုသိပ်ကပ်တယ်။ သူလဲအချိန်တန် ရင် ညို့အနားကခွာသွားမှာပါ။ အခုတော့ အိမ်ရှင်မလုပ်ရတာ ညိုမပျော်တော့ဘူး။ ဒါကြောင့် ညိုငယ်ငယ်လေး က တည်းက မက်ခဲ့တဲ့အိပ်မက်ကို ပြန်ရောက်သွားအောင် ညိုအိပ်နေတာပေါ့။ ညိုက လုပ်ငန်းတွေကို ဦးစီးဦးဆောင်ပြုနေတဲ့ပ ညာရှင်အမျိုးသမီးတယောက်ဖြစ်ချင်တာ။ ဒါကြောင့် ညိုအိပ်မက် ထဲမှာ အောက်စဖို့ဒ်တက္ကသိုလ်မှာ ပညာသွားသင်တယ်။ အများအားကျရတဲ့ အမ်ဘီအေကို ပီအိပ်ခ်ျဒီရသည်...

Read more »

အောင်လွင် ( ကံပေါက်သား ) – ငါးရံ့တစ်ကောင်ရဲ့ ရင်ဖွင့်သံ

September 30, 2016
အောင်လွင် ( ကံပေါက်သား )  – ငါးရံ့တစ်ကောင်ရဲ့ ရင်ဖွင့်သံ

အောင်လွင် ( ကံပေါက်သား )  – ငါးရံ့တစ်ကောင်ရဲ့ ရင်ဖွင့်သံ (Dawei Watch, တနလာင်္ရီ အပတ်စဉ်) မိုးမခ၊ စက်တင်ဘာ ၃၀၊ ၂၀၁၆ (ပြည်တွင်းမှာ အသရေဖျက်မှုနဲ့ တရားစွဲ အရေးယူခံရတဲ့ ဆောင်းပါးကို လေ့လာနိုင်ရန် ကူးယူ တင်ဆက်လိုက်ပါတယ်။ ခွင့်ပြုချက် ကြိုတင် မတောင်းခံနိုင်တာ ခွင့်လွှတ်ပါ) နေဟာခြစ်ခြစ်တောက် ပူနေတယ်။ ကျွန်တော် နေထိုင်ရာ ရေချောင်းရဲ့ အထက်ဖက် သတ္တုတွင်းလုပ်ငန်း စီမံကိန်း တစ်ခုက လွှတ်ချလိုက်တဲ့ စွန့်ပစ်နုန်း အနှစ်တွေဟာ ရေစီးနဲ့အတူ ကျွန်တော့် ကိုယ်လုံးပေါ်မှာ စက္ကန့် မလပ်ဖြတ်သန်းစီး ဆင်းနေတယ်။ ကျွန်တော့်မျက်စိတွေဟာ နောက်ကျိနေတဲ့ နုန်းအနှစ်တွေအကြား မှာ အစာကို ကောင်းကောင်းမမြင်ရ တော့ဘူး။ ကျွန်တော်အသက်ရှူရတာ လည်း မလွတ်လပ်တော့ဘူးဗျ။ ကျွန်တော်ဟာ...

Read more »

ဝေမြင့်မောင် ● နေ့ စွဲခြစ်ရာများ

September 19, 2016
ဝေမြင့်မောင် ● နေ့ စွဲခြစ်ရာများ

ဝေမြင့်မောင် ● နေ့ စွဲခြစ်ရာများ (မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၁၆ ကျနော့်အိပ်ကပ်ထဲမှာ ရက်စွဲတွေအများကြီးရှိတယ်။ ရက်စွဲတွေထဲမှာ အပြာရောင်နှင်းတွေဟာ ချယ်ရီပင်ရဲ့ဦးခေါင်းထိပ် မှာဝေလို့။ လူငယ်လေးတယောက် ဘာကိုမှမကြောက်ဘဲ ရဲရဲရင့်ရင့် ရှေ့ဆက်နေခဲ့ပုံ နေထိုင်ပုံနှင့် အခြားသောအရာများ။ အားလုံးဟာ ပြုံးနေကြသလို ပေါ်လာတယ်။ ငါးတွေဟာ ငါးစာကိုမြင်နေကြ။ ကောင်းကင်ဟာ မည်းမှောင်လို့။ သူမဟာ စွန်လေးကိုတင်ဖို့ကြိုးစားလို့။ ကလေးငယ်တွေဟာ လမ်းမပေါ်ကစားနေကြ။ လူငယ်လေးရဲ့နှုတ်ခမ်းလှုပ်ရှားနေပုံဟာ မြစ် ရေတွေလိုကြည်လင်လို့။ လူသားဆိုတဲ့လူသား အားလုံးမှာ သက်ဆိုင်ရာခုနှစ်တွေ ရှိကြမယ်ထင်ပါတယ်။ ကျနော့် အိပ်ကပ် လေးထဲက တချို့ကို ကျနော်လွှင့်တင်ခဲ့မိပါရဲ့။ ရက်ပေါင်းများစွာ။ ● တနင်္လာ လူ့ဘဝဟာ ခြင်ပဲလို့ကြားတော့ သစ်ရွက်တွေ ပိုစိမ်းသွားကြတယ်လို့ ကျနော်ထင်နေမိတယ်။ ဒီလို အတွေးအခေါ်မျိုးကို ကြားဖူးပါရဲ့။...

Read more »

ဆလိုင်းဇုန် ● မြူ (​ဝတ္တုတို)

September 13, 2016
ဆလိုင်းဇုန် ● မြူ (​ဝတ္တုတို)

ဆလိုင်းဇုန် ● မြူ (ဝတ္တုတို) (မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၁၆   (၁) အခန်းတံခါးလေးက ခပ်ဟဟလေးပွင့်နေသည်။ အခန်းထဲ အသံဗလာ တစ်စုံတရာမျှ မကြားရ တိတ်ဆိတ်လျက်။ လှုပ်ရှားမှုလည်းမရှိငြိမ်သက်နေသည်။ အခန်းအပြင်ဘက်တွင် မြူများဆိုင်းနေ၏။ ထို့ကြောင့် ကိုက်နှစ်ဆယ်အတွင်းသာ မှုန်မှုန်ဝါး ဝါးမြင်ရသည်။ အခန်းတွင်း စိုထိုင်းဆမြင့်တက်လာသည်။ ကြမ်းခင်းပျဉ်ပြားပေါ်တွင် စိုစွတ်စွတ် ဖြစ်လာသည်။ ပြတင်းတခါး များမှာ လိုက်ကာချထားသောကြောင့် အပြင်ဘက်ကိုမမြင်ရပေ။ မီးရောင်မရှိသောနေ့ခင်းသည် ညနေဘက်ရောက်သွား သလို မှောင်တောင်တောင်ဖြစ်နေသည်။ အခန်းတွင်း လူတယောက်သည် ငြိမ်သက်စွာ လဲလှောင်းနေ သည်။ တိတ်ဆိတ်ခြင်း ငြိမ်သက်ခြင်းသည် ကြောက်ရွံခြင်းကိုဖြစ်စေတော့သည်။ ခြောက်ခြားစေသည်။ (၂) အသက်ရှုသံပင် အကျယ်လောင်ဆုံးသော အသံဖြစ်စေသည်။ နံရံပေါ် ချိတ်ဆွဲထားသော အဖေ့ အမွေ...

Read more »

မောင်နေမျိုး ● ဟင်းလင်းပြင်မှာ လွင့်မျောသွားတဲ့ ကျောင်းစိမ်းဘောင်းဘီလေးတထည်

September 11, 2016
မောင်နေမျိုး ● ဟင်းလင်းပြင်မှာ လွင့်မျောသွားတဲ့ ကျောင်းစိမ်းဘောင်းဘီလေးတထည်

မောင်နေမျိုး ● ဟင်းလင်းပြင်မှာ လွင့်မျောသွားတဲ့ ကျောင်းစိမ်းဘောင်းဘီလေးတထည် (မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၆   (၁) အိုက်ခန်နှင့် အိမ်နီးချင်းသူငယ်ချင်း စိုင်းလွင်သည် ညီအစ်ကိုကဲ့သို့ ခင်မင်ကြသည်။ အရင်တုန်းကဆိုလျှင် သူတို့နှစ်ယောက် သည် တတွဲတွဲနှင့်ဖြစ်သည်။ အတူတူကစားကြသည်။ ရွာဘေးရှိ လယ်ကွင်းထဲတွင် ပုစွန် အတူတူဖမ်းကြသည်။ ငှက်ပစ် အတူတူထွက်ကြသည်။ ဘောလုံးကန်ရင် တဖက်တည်းတွင်သာ အတူတူ ကန်သည်။ အဲသည်လောက်အထိ သူတို့နှစ် ယောက်သည် တွဲမိကြသည်။ အခုတော့ သူတို့နှစ်ယောက်ပင် တော်တော်နှင့် မတွေ့ဖြစ်ကြ။ အခုရက်ပိုင်းအတွင်း ရွာဘေးပတ်ဝန်းကျင်တွင် မီးခိုးငွေ့များနှင့် ယမ်းနံ့များသာ ဖုံးလွှမ်းနေခဲ့သည်။ ရွာထဲရှိသူများ ရွာအပြင် သို့ ခပ်ဝေးဝေးမထွက်ကြရန် ဘောင်းဘီရှည်ဝတ်ထားသောသူများက လာ၍သတိပေးထားကြောင်း သိရသည်။ ရွာထဲရှိ ကလေးများလည်း အိမ်အပြင်သို့ပင်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်