ဝတ္ထုတို

မောင်လူရေး ● မှိုင်းညို့မှောင်

May 17, 2016
မောင်လူရေး ● မှိုင်းညို့မှောင်

မောင်လူရေး ● မှိုင်းညို့မှောင် (မိုးမခ) မေ ၁၇၊ ၂၀၁၆ မန္တလေးကို ဘယ်လိုရောက်သွားတာလဲဆိုတော့ …မန္တလေးကို ရထားစီးပြီးတော့ ပြန်မဆင်းတတ် တော့လို့။ ငယ်ငယ်လေးတုန်းက သူငယ်ချင်းတွေနဲ့  ရပ်ကွက်ထဲမှာ ထမင်းလျှောက်စားတာ ဇလုံကြီးတွေနဲ့။ ထမင်းစားပြီးတော့ ပြန်လာတဲ့အခါကျတော့ အမေ့ကို ပန်းကန်ကြီး ချပေးပြီး လျှောက်သွားမယ်ဆိုပြီးတော့ သွားကြတာ။ ရပ်ကွက်ထဲကို သွားကြတဲ့အခါကနေပြီးတော့ ငါတို့ ရထားကြီး သွားစီးကြရအောင်ဆိုပြီးတော့ ကလေးတွေကို ပြောတယ်။ ရထားပေါ်လည်း ရောက်ရော …နောက်ဆုံးကျတော့ ကလေးတွေက ဘယ်အချိန် ဆင်းသွားမှန်းမသိဘူး။ သမီးတယောက်တည်း ကျန်ခဲ့တာ။ အဲဒါနဲ့ ရထားနဲ့ ပါသွားတာ။ မန္တလေးမြို့ကြီးကို ပါသွားတော့ အမှိုက်ကောက်တဲ့ ကလေးတွေနဲ့ တွေ့တယ်။ သူတို့တွေနဲ့ တွေ့တဲ့ အခါကျတော့ ဘုရားကြီးကို ပါသွားတယ်။ ဘုရားကြီးကနေပြီးတော့...

Read more »

ကမ္ဘာ – မြေခွေးတကောင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ

May 11, 2016
ကမ္ဘာ – မြေခွေးတကောင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ

Snow fall and Fox painting by Jonathan Knight Art ကမ္ဘာ – မြေခွေးတကောင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ   (မိုးမခ) မေ ၁၁၊ ၂၀၁၆ မရည်ရွယ်ပါပဲ တောအုပ်ထဲမှာ လမ်းလျှောက်မိတဲ့ တနေ့ သူနဲ့ တွေ့တာပါပဲ။ အဲဒီမှာ ဇာတ်လမ်းစတယ် ဆိုပါတော့။ တကယ်တော့ မြေခွေးဆိုတာ ကျွန်တော့်အတွက် ကြားဖူးရုံအဆင့်ပဲ။ ပုံပြင်ထဲက လူကြမ်းပဲ။ အပြင်မှာ ဘယ်တုန်းကမှ မြင်ဖူးခဲ့တာ မဟုတ်ဘူး။ သူက စပြီး မိတ်ဆက်မှ မြေခွေးဆိုတာ သိတာ။ ‘နေပါဦး…ခင်ဗျားက ဘာလို့ ကျွန်တော့်ကို လာမိတ်ဆက်ရတာတုန်း..’ ‘မင်းကို စားမလို့’ ‘မြေခွေးတွေက ကိုယ်စားမယ့်သတ္တ၀ါကို မစားခင် ကိုယ့်ကိုကိုယ် မိတ်ဆက်ကြသလား..။ ခင်ဗျားမှာ...

Read more »

ညိုမှိုင်းဝေ (သနပ်ပင်) ● ခုတ်သားစများ (၀တ္ထုတို)

May 5, 2016
ညိုမှိုင်းဝေ (သနပ်ပင်) ● ခုတ်သားစများ (၀တ္ထုတို)

 ညိုမှိုင်းဝေ (သနပ်ပင်) ● ခုတ်သားစများ (၀တ္ထုတို) (မိုးမခ) ဧပြီ ၅၊ ၂၀၁၆ (၁) ”အုန်း” ခနဲ မြည်သံကြီးတခုက တလောကလုံးရှိအရာတိုင်းကို ဖျတ်ဖျတ်လူးသွားစေသလိုပင်။ သူ့ခန္ဓာကိုယ်ထဲက ဆဲလ်၊ ကလပ်စည်းများ အမျှင်အဆက် ပြတ်တောက်သွားသလို ခံစားလိုက်ရသည်။ သူ့ပါးစပ်ထဲသို့ ဝင်အံ့ဆဲဆဲ ထမင်းလုတ် ပြုတ် ကျသွားသည်။ ထမင်းဝိုင်း၏ခေါင်းရင်းဘက်ရှိ သူ့အဖေဟုယူဆရသောလူကြီးက သူ့လို ထမင်းလုတ် ပြုတ်ကျတာမျိုး တော့ မဖြစ်။ သို့သော် စားမည့်ထမင်းလုတ်ကို လမ်းခုလပ်မှ ပြန်ချ၍ ဝရန်တာဘက်သို့ ထွက်ကြည့်လေသည်။ သူလည်း ရော ယောင်ကာထ၍ လိုက်ကြည့်သည်။ သူ့အမေဟုယူရသောမိန်းမကြီးသာ ထမင်းဝိုင်း၌ ကျန်နေခဲ့သည်။ (၂) မြို့၏အနောက်ဘက်မှ မီးခိုးလုံးကြီးများ အလိပ်လိုက် အလိပ်လိုက် တက်လာသည်။ ပေါက်ကွဲသံများ အဆက်မပြတ်သည့်...

Read more »

မိုး​ကျော်​ဇင် – ထိုင်​ခုံကိစ္စ

May 5, 2016
မိုး​ကျော်​ဇင် – ထိုင်​ခုံကိစ္စ

Artist – Than Htay Maung မိုးကျော်ဇင် – ထိုင်ခုံကိစ္စ (မိုးမခ) မေ ၅၊ ၂၀၁၆ ( ၁ ) ” ထိုင်ခုံမရရင် ပြန်ခဲ့နော် ” ဟု ဇနီးသည်က တံခါးဖွင့်ပေးရင်းမှာသည်။ ” မရ မရှိပါဘူးကွာ ” ဟု ကျွန်တော်က ခပ်ညည်းညည်းတုံ့ပြန်ကာ ထွက်လာခဲ့သည်။ အိပ်မောကျနေသော မြို့ထဲ တိတ်ဆိတ်ခြင်းဧ၊၊်အသံကို ထင်ထင်ရှားရှား ကြားနေရသည်။ လမ်းပေါ်မှာ အအေးဓာတ်က စိမ့်ခနဲ ပြေးဝင်လာ၏။ ဂျာကင်အင်္ကျီဇစ်ကို လည်ပင်းအထိ ဆွဲတင်လိုက်ရသည်။ ညဦးကရွာထားသောမိုးကြောင့် ကတ္တရာလမ်းပေါ် ရေကွက်တွေ ဟိုတစကွက်သည်တကွက်။ လမ်းမီးရောင်ကြောင့် လမ်းအနားသတ်မြက်ပင်ဖျားလေးတွေမှာ စိန်ပွင့်လေးတွေက တွဲရရွဲ ခိုစီးနေ။ လမ်းထိပ်အရောက် ထရန်စဖော်မာနား ကင်းတဲပုလေးထဲလူတယောက်က...

Read more »

မင်းကိုနိုင် ● နွေတညမှာ အဖြေမရပါ

May 4, 2016
မင်းကိုနိုင် ●  နွေတညမှာ အဖြေမရပါ

မင်းကိုနိုင် ●  နွေတညမှာ အဖြေမရပါ (မိုးမခ) မေ ၄၊ ၂၀၁၆ (ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ထပ်ဆင့်ကူးယူဖော်ပြပါသည်။)   ဤမြင်းဖြူကို ကျနော် မျက်စိကျနေတာ ကြာပါပြီ။ဤညောင်ပင်ကြီးအောက် ရောက်လာကတည်းကကျနော်သွားဆွဲချင်နေတာ အောင့်ထားခဲ့ရသည်။ ဤညောင်ပင်ကြီးကလည်း ဘယ်ခေတ် ဘယ်ကာလကတည်းက ရှိခဲ့သည် မသိပါ။ မုတ်ဆိတ် ရှည်ရှည်ကြီးတွေ တဖားဖား အဘိုးအိုကြီးနှင့် တူလှသည့် ထိုညောင်ပင်ကြီးသည် ကျနော်တို့အိမ်နောက်ဖေး ဘေးမဲ့ခြံဝင်းကြီး၏အုပ်နံရံပေါ်ခွထိုင်လျက်ကျနော်တို့ ကလေးတသိုက်အတွက်ကစားချင်တိုင်း ကစားနိုင်ရန်ထီးမိုးပေးခဲ့သလို၊ ငှက်ပေါင်းစုံအတွက်လည်း စားစရာ အသီး အသိုက်ဖွဲ့စရာ နေရာပေးခဲ့ပါသည်။ ခုတော့ ကျနော် မျက်စိကျစေသည့် မြင်းဖြူတကောင် ရောက်နေပြီ။ ဘေးမဲ့ခြံဝင်းထဲမှာ မြင်းတွေရှိသော်လည်း မြင်းဖြူတ ကောင်မှ မရှိ။ ညောင်ပင်အောက်မှာမှ ကကြိုးတန်ဆာအစုံနှင့်ရုပ်သေးမြင်းဖြူတစ်ကောင် ရောက်လာသည်။ ညောင်ပင်ကြီးရင် နတ်ကွန်းဖြစ်တာပဲဟုလူကြီးတွေပြောသည့်အတိုင်း ထိုညောင်ပင်ကြီးမှာ...

Read more »

သစ်ထူးဆက် – ကြောင်ကုတင်

April 24, 2016
သစ်ထူးဆက် – ကြောင်ကုတင်

   သစ်ထူးဆက် – ကြောင်ကုတင် (မိုးမခ) ဧပြီ ၂၄၊ ၂၀၁၆ တိရစ္ဆာန်များကိုသံယောဇဉ်ကြီးတတ်သော်လည်း အိမ်မပိုင်သောအိမ်ငှားဘဝဖြစ်၍ မည်သည့်တိရစ္ဆာန်မှ ကျွန်တော်မမွေးပါ။ မမွေးပါဘဲလျက် အခြားအိမ်မှကြောင်နှစ်ကောင် ကျွန်တော်တို့အိမ်တွင် လာသောင်တင်ခဲ့ဖူးသည်။ ပထမတကောင်နာမည်မှာ ဖိုးတရုတ်ဖြစ်ပါသည်။ သူ့သခင်အိမ်က ကျွန်တော်တို့ငှားနေသော အိမ်နောက်ဖေးလမ်းတွင် ရှိသည်။ ဒီကောင်က ဖြူဖြူဖွေးဖွေး ဝဝကစ်ကစ်ကောင်ကြီးဖြစ်သည်။ ကျွန်တော်တို့အိမ်ဘက်ကို မကြာခဏလမ်းသလားလာရင်း ဒီကောင်ကဝဝကစ်ကစ်ကြီးဆိုတော့ ပွတ်သပ်ပေးရင်း အိမ်မှမပြန်ဖြစ်တော့။ ဖိုးတရုတ်ကလူလည်း အင်မတန်ယဉ်သည်။ အကိုင်အတွယ်အပွတ်အသပ်လည်းခံသည်။ အဲဒီလိုနဲ့ အိမ်မှာသောင်တင်လာတာပဲ ဖြစ်သည်။ ကျွန်တော်တို့ မိသားစုတစုလုံးက သူ့ကိုချစ်ကြသည်။ အိမ်ရောက်လာတော့မှ ငနဲသားအကြောင်း သိရသည်။ ဒီကောင်က ဟင်းဆိုကောင်းပေ့မှစားသည်။ တော်တန်ရုံဆိုမစား။ သူ့သခင်အမျိုးသမီးကလည်း ကျွန်တော်တို့ငှားနေသောဘေးအိမ်တွင် သူ့သားလေးကျူရှင်လာထားရင်း ဒီကောင့်ကိုတွေ့သွား၍ စကားစပ်မိရာမှ ဒီကောင့်နာမည် ဖိုးတရုတ်မှန်းသိရသည်။ သူ့သခင်အမျိုးသမီးက သူတို့အိမ်တွင် ကြောင်တွေရောခွေးတွေပါ...

Read more »

မိုး​ကျော်​ဇင်​ – စစ်​ပွဲ

April 15, 2016
မိုး​ကျော်​ဇင်​ – စစ်​ပွဲ

မိုး​ကျော်​ဇင်​ – စစ်​ပွဲ (မိုးမခ) ဧပြီ ၁၅၊ ၂၀၁၆ ​ဆောင်းနှင်းထုထည်​က ပဲခူးမြစ်​ပြင်​​ပေါ် အလျားလိုက်​ တွဲခို​နေသည်​။ မြစ်​​ဘေးကို ​မေးတင်​​ထားသည့်​ ရွာက​လေးက ​ဆောင်း​အေး​အေး​ကြောင့်​ ​သွေး​လေးလံ​နေပုံရ၏။ တိတ်​ဆိတ်​​နေဆဲ။ ကျွန်​​တော်​က ဆိပ်​ခံတံတားသွယ်​သွယ်​​လေးအတိုင်း ဆင်းခဲ့သည်​။ ​ရေကျ​နေချိန်​ မို့ ဆိပ်​ခံတံတားသည်​ မြစ်​ထဲ ​ရေငုံ့​သောက်​​နေသည့်​ ကုလားအုတ်​တစ်​​ကောင်​၏ လည်​တံရှည်ကြီးလို။ ​မော်​​တော်​​ပေါ်ေ​ရောက်​​တော့လည်း တိတ်​ဆိတ်​ခြင်းက အိပ်​ယာမထ​သေး။ အဖြူ အစိမ်း​ပေါ် ဂျာကင်​ထပ်​ဝတ်​ထာသည့်​ အမျိုးသားတစ်​ဦးသာ ​ရောက်​​နေနှင့်​ဧ၊၊်​။ လက်​ဆွဲ အိတ်​​ကို ​ပေါင်​​ပေါ်တင်​ထိုင်​​နေသည်​။ ​မော်​​တော်​မောင်းဆရာက ​စောင်​တစ်​ထည်​နှင့်​ ​ပုစွန်​ထုပ်​​ကွေး​နေသည်​။ နှင်းစက်​​တွေ ပက်​ထားပုံရသည့်​ စိုထိုင်းထိုင်းခုံရှည်​တစ်​ခုမှာ ကျွန်​​တော်​ ထိုင်​ချ လိုက်​ဧ၊၊်​။ အဖြူအစိမ်းဝတ်​ပုဂ္ဂိုလ်​နှင့်​လည်း စကားမ​ပြောမိ။ အပြုံးချင်း မဆုံမိ။ ဆုံစရာ အ...

Read more »

အဲလိုထူး – “ဘုရားပွဲဈေး လျှောက်ခြင်း”

April 8, 2016
အဲလိုထူး – “ဘုရားပွဲဈေး လျှောက်ခြင်း”

  အဲလိုထူး – “ဘုရားပွဲဈေး လျှောက်ခြင်း” (မိုးမခ) ဧပြီ ၈။ ၂၀၁၆ ဘုရားပွဲဈေးလျှောက်ကြတယ်ဆိုတာ ဇာတ်ပွဲကြည့်တာ မဟုတ်ပါဘူး ၊ဘုရားဖူးထွက်တာလည်း မဟုတ်ပါဘူး.၊ ဈေးဆိုင်းတန်းတွေနဲ့ လမ်းဘေးခင်းကျင်းရောင်းချထားပုံတွေကို လျှောက်ကြည့်ခြင်းဖြစ်ပါတယ် ၊အနည်းအကျဉ်း ဝယ်ချင်လည်း ဝယ်မှာပေါ့ ၊အစားအသောက်တချို့  ဝင်စားချင်လည်း စားမှာသောက်မှာပေါ့ ၊ဒီလောက်ပါပဲ ခေါင်းစဉ်အောက်မှာ ဒီလောက်ပဲ လုပ်လေ့လုပ်ထရှိကြပါတယ် ။ တပို့တွဲ တပေါင်းလတွေကို ဘုရားပွဲရာသီလို့ပြောကြကောင်းပြောကြပါလိမ့်မယ်။ ကျွန်တော်တို့နဲ့ အနီးဆုံးဘုရားပွဲတော်တွေထဲမှာတော့ မိုးကောင်းဘုရားပွဲက အစောဆုံး ၊ တပို့တွဲလဆန်းထဲမှာစတယ် ၊ဇာတ်ကြီးတွေဝင်တဲ့ ဘုရားပွဲကြီးပေါ့ ၊ဘုရားပွဲဈေးတန်းကို တီ(T)ပုံစံလုပ်လေ့ရှိတယ်၊   မိုးကောင်းမှတ်တိုင် မရောက်ခင်ကနေ ရန်ကင်းတီတီစီကျောင်းပေါက်ဝနားထိ တစ်ဘက်ခြမ်းမှာ ဈေးတန်းရှည်ကြီး ၊ တစ်ခါ မိုးကောင်းဘုရားပေါ်တက်တဲ့ လမ်းတလျှောက်ကိုလည်း ဆိုင်ခန်းနေရာတွေ ပေးထားသေးတယ် ၊...

Read more »

ညိုမှိုင်းဝေ (သနပ်ပင်) – ဆောင်းခိုငှက်တို့၏ခရီး (၀တ္ထုတို)

April 7, 2016
ညိုမှိုင်းဝေ (သနပ်ပင်) – ဆောင်းခိုငှက်တို့၏ခရီး (၀တ္ထုတို)

 ညိုမှိုင်းဝေ (သနပ်ပင်) – ဆောင်းခိုငှက်တို့၏ခရီး (၀တ္ထုတို) (မိုးမခ) ဧပြီ ၇၊ ၂၀၁၆ “ကလင်…  ကလင် … ကလင် …  ကလင် …” ဒေါက်တာငြိမ်းမွန် သူ့ရှေ့စားပွဲပေါ်မှဖုန်းကို ကောက်ကိုင်လိုက်သည်။ “ဟဲလို ” “ဟဲလို … ကိုကို၊ မေမေ ဆေးရုံတင်ထားရတယ်” “ဘယ်လို ညီမလေး၊ မေမေဆေးရုံတင်ထားရတယ် ဟုတ်လား” “ဟုတ်တယ် ကိုကို၊ မနက်က ဘုရားခန်းထဲမှာ မေ့ပြီး လဲကျသွားတာ၊ အခု ဝိတိုရိယမှာ တင်ထားတယ်၊ အခုထိလည်း သတိ မရသေးဘူး၊ ကိုကို့ သူငယ်ချင်း ဒေါက်တာဇော်နိုင်ကတော့ ကိုကို့ကို အမြန်ဆုံးပြန်ခေါ်ပါတဲ့၊ ဒီနေ့ရောက်အောင်ပြန်လာမှ မေမေ့…၊ မေမေ့ အသက် …… ” ညီမလေးအသံတိမ်ဝင်သွားပြီး...

Read more »

ဇော်သစ် – လူနဲ့တူသော ကြောင် (၀တ္ထုတို)

March 27, 2016
ဇော်သစ် – လူနဲ့တူသော ကြောင် (၀တ္ထုတို)

ဇော်သစ် – လူနဲ့တူသော ကြောင် (၀တ္ထုတို) (မိုးမခ) မတ် ၂၇၊ ၂၀၁၆ ကျုပ်က ကြောင်တစ်ကောင်ပေါ့… ကြောင်ရဲ့သဘောကတော့ အိမ်မသာရင် မနေဘူးဗျ။ ဒါကြောင့်ပဲ လူတွေက ကြောင်တွေကို ခွေးတွေလောက် သစ္စာမရှိဘူးလို့ ပြောတတ်ကြတာပေါ့။ နောက်ပြီး ကြောင်တွေဟာ ခွေးတွေလို လူကခိုင်းတိုင်းလည်း လိုက်မလုပ်တတ်ကြဘူး။ ဒီအပေါ် မှာလည်း တစ်ချို့လူတွေက ကျုပ်တို့လိုကြောင်တွေကို သိပ်အမြင်မကြည်ကြဘူး။ ကြောင်တွေဟာ ခွေးတွေလို လူနဲ့အနေ မနီးဘူး။ လူစကား နားမလည်ဘူးလို့ သူတို့က သတ်မှတ်ကြတယ်။ တကယ်တော့ ကျုပ်တို့ကြောင်တွေဟာ လူစကားကို နားမလည်တာ မဟုတ်ပါဘူး။ လူစကားနားလည် လိုက်သမှ ခွေးတွေ ထက်တောင် ပိုသေးတယ်။ ပြောရမယ်ဆိုရင် လူတွေ ပြောသမျှ၊ လုပ်သမျှ အရိပ်အကဲကို သိတဲ့နေရာမှာ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်