ဝတ္ထုတို

ဆောင်းဖြူ – အတွေးသစ်ဇာတ်လမ်း

February 27, 2016
ဆောင်းဖြူ – အတွေးသစ်ဇာတ်လမ်း

ဆောင်းဖြူ – အတွေးသစ်ဇာတ်လမ်း (မိုးမခ မဂ္ဂဇင်း ဝတ္ထုတို ဖေဖော်ဝါရီလထုတ်) ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆ ကျွန်တော့်နာမည်လား ၊ “အတွေးသစ်” လေဗျာ။  ကြည့် ခင်ဗျားက ရယ်ချင်နေပြီ။  ဟုတ်ပါတယ်ဗျ။  ကိုသော်ထူးဆိုတဲ့ ကျွန်တော့်ပိုင်ရှင် အမြတ်တနိုးပေးထားတဲ့ နာမည်ပါ။  သြော် … သူများတွေက သမုဒယစာပန်းခင်းတို့၊ ဧဒင်ဥယျာဉ်စာပေတို့ ပေးနေချိန်မှာ ဒီလို ပုံတုံးအမည်ကြီးပေးရတယ်လို့ ဟုတ်လား။  နားထောင်ပါဦးဗျ၊ ကျွန်တော်ရှင်းပြပါ့မယ်။ ကိုသော်ထူးက ဒီလိုဆိုသဗျ။ “လူတွေကိုယဉ်ကျေးသိမ်မွေ့စေတာဟာ စာပေပါ။ လူတွေရဲ့ တွေးခေါ်မှုကိုမြှင့်တင်ပေးနေတာဟာလည်း စာပေပါပဲ၊ ဒါကြောင့် ကျွန်တော်တို့ ရပ်ကွက်ကလေးမှာရှိတဲ့ ကလေးလူငယ်တွေကအစ လူကြီးတွေအဆုံး စိတ်အဆင့်အတန်းမြင့် မားစေဖို့၊ စိတ်အာဟာရပြည့်ဝစေဖို့အတွက် ဒီစာအုပ်ဆိုင်ကလေးကိုဖွင့်ရတာပါ၊ စာဖတ်သူတွေ အားသစ်အင်သစ်နဲ့ အတွေး အမြင်အသစ်တွေ ရရှိစေဖို့...

Read more »

ဖိုးထက် – အဝေးဆုံး ရမည်းသင်း

February 17, 2016
ဖိုးထက် – အဝေးဆုံး ရမည်းသင်း

ဖိုးထက် – အဝေးဆုံး ရမည်းသင်း  (မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၁၆ ”ရမည်းသင်း ရောက်ပြီး ဟိုဘက်က ညီလေး။ ဟေ့..ညီလေး။ ဘေးက ဦးလေးကြီး နှိုးလိုက်စမ်းပါဗျာ အဲဒီ ညီလေးကို။ ရမည်းသင်းရောက်ရင် နှိုးပါလို့ သေချာမှာထားလို့၊ မေ့နေတာဗျာ” စပါယ်ယာဖြစ်သူ၏ ကွမ်းပလုပ် ပလောင်းနှင့် ဆော်အောသံကြောင့် ခရီးသည်များ အားလုံး၏ အကြည့်က သူ့ဆီသို့ ရောက်လာသည်။ ညီလေးဟု အခေါ်ခံရသူမှာ အလွန်ဆုံး ရှိလှ ဆယ့်ကိုးနှစ်။ နှစ်ဆယ်။ လျှာထိုးအုပ်ထုပ်။ ဂျင်းဘောင်းဘီ မီးခိုးရောင်။ ကျောပိုးအိတ်ကို ရင်ဘတ်မှာ ကပ်မှီ အိပ်ပျော်နေတာများ နှစ်နှစ်ခြိုက်ခြိုက်။ လန်းဆန်းတက်ကြွ မျှော်လင့်ချက်ရှိသော လူငယ်တို့၏ အားမာန်အပြည့်ကို အပြစ်ကင်းစွာ အိပ်ပျော်နေသည့် သူ့မျက်နှာလေးပေါ်မှာ တွေ့နေရသည်။ “ဟေ့...

Read more »

ခင်လေး – အငှားယာဉ် (ဘာသာပြန်ဝတ္ထုတို)

January 22, 2016
ခင်လေး – အငှားယာဉ် (ဘာသာပြန်ဝတ္ထုတို)

ခင်လေး – အငှားယာဉ် (ဘာသာပြန်ဝတ္ထုတို) (မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၁၆ မာရီနာအပန်းဖြေဟိုတယ်ရဲ့ အငှားယာဉ်ရပ်တဲ့နေရာမှာ ကျွန်တော့်ကားရပ်စရာ နေရာလေးတခုရနိုင်ဖို့အတွက် ကျွန်တော်ကြိုးစားရှာဖွေနေမိတယ်……။ ဘာဖြစ်လို့လဲဆိုတော့  အဲ့ဒီနေရာက ခရီးသည်ရဖို့လည်း လွယ်သလို၊ စီးတဲ့ခရီးသည်တွေ အများစုကလည်း ဘောက်ဆူး ပေးကြတယ်လေ။ ကားရပ်စရာနေရာတခု ရလာတော့ ကျွန်တော်လည်း ကားကိုရပ်ပြီး ကျွန်တော့ကားလေးကို ငှားစီးမယ့် အလှည့်ရောက်မှာကို စောင့်နေပါတယ်။ တကယ်တော့ဗျာ…. ဒီ အငှားယာဉ် ရပ်တဲ့နေရာမှာရှိနေကြတဲ့ ယာဉ်မောင်းသမားတွေထဲက ဘယ်သူကမှတော့ သူတို့ အငှားယာဉ်မောင်းသမားအဖြစ် အသက်မွေးဖြစ်ကြမယ်လို့ စိတ်ကူးထားကြမှာ မဟုတ်ပါဘူးဗျာ…..။ ကျွန်တော့်အလှည့်ရောက်လာမှာကို စောင့်နေရင်းနဲ့ပဲ ကျွန်တော့်ရဲ့ အတွေးတွေဟာ ဒီလို အငှားယာဉ်မောင်းသမားဘ၀ မရောက်ခင်က အချိန်တွေဆီကို ရောက်သွားမိ ပါတော့တယ်…… ။  တကယ်တော့ ကျွန်တော်က အရှေ့အာဖရိကမှာရှိတဲ့...

Read more »

အဲလိုထူး – “ဆယ်အိမ်ခေါင်း”

January 15, 2016
အဲလိုထူး – “ဆယ်အိမ်ခေါင်း”

အဲလိုထူး – “ဆယ်အိမ်ခေါင်း” (မိုးမခ) ဇန်န၀ါရီ ၁၅၊ ၂၀၁၆ နိုင်ငံက….…တောင်လိုလို မြောက်လိုလို လမ်းပေါ်မှာ၊ ကျွန်တော် ကလည်း တောင်လိုလို မြောက်လိုလိုကောင်။ ကျွန်တော်ငယ်ငယ်က လမ်းစဉ်လူငယ် သင်တန်း တက်ခဲ့ဘူးတယ်ဗျာ။ ကျောင်းမှာ… အသင်းခေါင်းဆောင်…. မော်နီတာတွေ ဘာတွေလည်း လုပ်ခဲ့ဘူးပါတယ်။ ခေါင်းဆောင်မှုပညာလား၊ တပည့်တပန်းမွေးနိုင်ရင် ဆရာဖြစ်တာပဲ ဟာကို၊ ကျွန်တော့်မှာလည်း မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်း ရှိပါတယ်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆို တပ်ရင်းမှုးတွေ ဘာတွေဖြစ်နေပြီ၊ အခု အသစ်တက်မယ့်အစိုးရထဲမှာလည်း လွှတ်တော်အမတ် နှစ်ယောက်လောက် ပါတယ်ဗျာ၊ ဘယ်.. ဒီကောင်တွေက အိမ်သာထဲ ဆေးလိပ်ခိုးသောက်ရင်.. ကျွန်တော့်အကျန် အတိုလောက် ဖွာရတဲ့ ကောင်တွေ။ ကျွန်တော်က ဒီကောင်တွေလို ဆယ်တန်းသာ မအောင်တာ… ကျောင်သားအရေးအခင်းဖြစ်တော့ လက်သီးလက်မောင်းတန်းခဲ့တာ ကျွန်တော်ပဲ၊...

Read more »

ဒေါက်ထက်(ယူကေ) – အပျိုကြီးမမရယ် ဂွကျလှတယ်

December 15, 2015
ဒေါက်ထက်(ယူကေ) – အပျိုကြီးမမရယ် ဂွကျလှတယ်

ဒေါက်ထက်(ယူကေ) – အပျိုကြီးမမရယ် ဂွကျလှတယ် (မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂၀၁၅ ၁၉၈၉ ခု ဧပြီလ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ကျနော့ရဲ့ အလုပ်သင် ဆရာဝန်တာဝန်ထမ်းဆောင်မှု ပြီးဆုံးပါတယ်။ အရေးအခင်း ကောင်းမှုနဲ့ ပညာလည်းစုံ ကြင်ယာလည်း စုံ ဖြစ်ခဲ့ပါပြီ။ ဒါက အပျိုကြီး ဇာတ်လမ်း အစပါ။ အလုပ်သင် ဆရာဝန်ဘဝအစ မန္တလေးပြည်သူ့ဆေးရုံကြီး ကလေးရုံမှာက အလုပ်သင်ဘဝ ပထမဆုံးစတဲ့အချိန် ထူးခြားမှု မရှိလှပါဘူး။ ဆေးထိုးချိန်ရောက်ရင် ဂျူတီမဟုတ်လည်း စက်ဘီးကိုယ်စီနဲ့ ဆေးထိုးပွဲကို လာရောက် ကူညီကြတဲ့ သူငယ်ချင်းတွေကို ထာဝရ အမှတ်ရမိနေပါတယ်။ လူနာက ဆေးထိုးဖို့ ၃၀-၄၀လာက်မှာ ဆေးထိုးအပ်က ၄-၅-၁၀ချောင်းသာသာမို့ အပ်ပြုတ်တဲ့ အိုးထဲ ပြန်ထည့်ပြုတ်ပြီး သုံးခဲ့ကြရတာပါ။ တကမ္ဘာလုံးလိုလို တခါသုံးအပ်တွေ...

Read more »

မျက်ရှု – ပိုးသတ်ဆေး (ဝတ္ထုတို)

December 9, 2015
မျက်ရှု – ပိုးသတ်ဆေး (ဝတ္ထုတို)

မျက်ရှု – ပိုးသတ်ဆေး (ဝတ္ထုတို) (မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၁၅ (၁) ညသည် ကြယ်ရောင်ဝိုးတ၀ါးအောက်တွင် ခပ်လဲ့လဲ့ မှောင်လျှက်ရှိသည်။ ပတ်ဝန်းကျင်တွင် ဆိတ်ငြိမ်မှုသာ သည်းသည်းကြီး အုပ်စိုးနေဆဲ။ လေတချက် ကြွေလိုက်တိုင်း ညမွှေးပန်းရနံ့က ဘုရားကုန်းတောင်ဘက် စောင်းတန်းအထိ ဝေ့ကာ ၀ဲကာ ကလူကျီစယ်နေသည်။ ထိုတောင်ဘက်စောင်းတန်းတွင်ပင်ဖြစ်သည်။“ချွင်”။ ထိုအသံသည် လှဘော်အဖို့ မဉ္ဇူတည်းဟူသော သာယာမှုကိုလည်းကောင်း၊ သ၀နိယာဆိုအပ်သော နာချင်ဖွယ်ရှိခြင်း ကိုလည်းကောင်း ဖြစ်ပေါ်စေ၏။ လေနှင့်အတူ စေတီထက်မှ လွင့်ပျံ့လာတတ်သော ဆည်းလည်းလှိုက်သံကို ကြားရလေ တိုင်း လှဘော်ခမျာ လွမ်းသလို၊ ဆွေးသလို၊ ၀မ်းနည်းသလိုလို လှိုက်ဖိုလှိုက်ဖို ဖြစ်ရလေသည်။ ယခုမူ ထိုဆည်းလည်းလှိုက်သံ တချွင်ချွင်ထက် သာယာသောအသံကို သူကြားလိုနေပေသည်။ ထိုအသံသည် သူ့အတွက် ပို၍နားဝင်ပီယံဖြစ်၏။...

Read more »

မောင်လှ – သုံးပွင့်တစ်ခိုင် (၀တ္ထုတို)

December 1, 2015
မောင်လှ – သုံးပွင့်တစ်ခိုင် (၀တ္ထုတို)

မောင်လှ – သုံးပွင့်တစ်ခိုင် (၀တ္ထုတို) (မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၁၅ ဟိုတုန်းကဈေးဆိုင်ရယ်လို့ ရွာမှာမရှိခဲ့ပါချေ။ သိန္နီကန်က အရီးခွေးညိုမတို့သားအမိသာ လျှင် ခေါင်းရွက်ဈေးသည် အနေနဲ့ ရောက်လာကြလေ့ရှိသည်။ အရီးခွေးညိုမဆိုတာကလည်း ချက်ပြုတ်စရာတွေလောက်သာ အဓိကထားပြီးရောင်းတာပါ။ ကလေးတွေအတွက် မုန့်ပဲသွားရေစာရယ်လို့ သိပ်မပါဘူး။ သည်တော့လည်း မုန့်စားရဖို့က တောနေကလေးတွေအတွက် လွယ်တာမဟုတ်ပါဘူး။ တစ်ခါ တစ်ခါ မြောက်ဘက်ရွာကြီးကနေ မရှမ်းဆိုတာက မုန့်တီလာရောင်းတတ်သည်။ တစ်ခါ တစ်ရံတွင် အိုးပုတ်ဂျိုးရုပ်သည်နှင့်အတူ မုန့်ပဲသွားရည်စာပါတတ်သည်။ ထိုထက်ပို၍ ဈေးသည်ဟူသည်မရှိ။ ကိုသိန်းအောင် ကြီး မိန်းမရပါပြီဆိုသည့်အခါတွင်တော့ တူတူတန်တန် ဈေးဆိုင်ကလေးရှိလာသည်။ ကိုသိန်းအောင်ဆိုသည်ကလည်း မိန်းမရပြီး ရွာပြန်ရောက်လာမှသာသိခဲ့ရတာပါ။ လူပျိုပေါက်အရွယ်ကတည်းက ရွာကနေ ထွက်သွားခဲ့သူဆိုတော့ မြင်ဘူးခဲ့ရတာမဟုတ်ပါဘူး။ မိန်းမတစ်ယောက်နှင့်အတူ ရွာပြန်ကပ်ချိန်မှသာ ဦးတုတ်ပေါ ဒေါ်ချစ် မေတို့၏...

Read more »

မာန်(တောင်လုံးပြန်) – နှင်းဆီ

November 20, 2015
မာန်(တောင်လုံးပြန်) – နှင်းဆီ

  မာန်(တောင်လုံးပြန်) – နှင်းဆီ (မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၅ တိမ်တစ်အုပ်သည် တုပ်တုပ်မျှမလှုပ်။ လမင်းသော်တာသည် ထိုတိမ်အုပ်ကို ငေးကြည့်နေသည်။   အမေက နောက်တခွန်း မေးလာသည်။ မာလာသည် ဖျတ်ခနဲစာအုပ်ကို လှန်ကာ ပြန်၍ အသံပေးသည်။ “အေး၊ ညည်းစာကျက်တာ စိတ်က ဘယ်ရောက်နေလဲ” ဟု မြည်တွန်တောက်တီးရင်း အမေဖြစ်သူ အခန်းဝမှ ပြန်လှည့်ထွက်သွား၏။   မာလာသည် သက်ပြင်းရှည်ကြီး ဟီးတိုက်ချရင်း လှန်ထားသော စာအုပ်ကို ပိတ်လိုက်သည်။ ဓာတုဗေဒ – ဒုတိယနှစ် ဟူသော ကမ္ဗည်းထိုးထားသည့် စာအုပ်အဖုံးသည် မာလာ၏ သက်ပြင်းမောကို ခုခံရန်မစွမ်း။ မာလာစိတ်ညစ်နေသည်။ ခင်ရူပါကိုလည်း ဒေါသထွက်သည်။ ထို ဒေါသကိုလည်း အသိမခံဝံ့။ သူ့ရှေ့မှာ ဝံ့ဝံ့ကြွားကြွား...

Read more »

ထက်မြက် – သေခြင်း၏ အခြားမဲ့၌ (၀တ္ထုတို)

November 13, 2015
ထက်မြက် – သေခြင်း၏ အခြားမဲ့၌ (၀တ္ထုတို)

ထက်မြက် – သေခြင်း၏ အခြားမဲ့၌ (၀တ္ထုတို) (မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၁၅     အဲဒီလို လူမသိ၊ သူမသိ နေချင်လှ     အဲဒီလို လူမဆွေး၊ သူမဆွေး သေချင်ပ     လူသူလေးပါး တိတ်ဆိတ်ချိန်ကြ လောကကြီးကထွက်ခွာမှ     ငါလျောင်းရာ ဘာကျောက်တိုင်မှမပြ။     Thus let me live, unseem, unknown,     Thus unlamented let me die,     Steal from the workd, and not a stone,     Tell where I lie.   ...

Read more »

ကိုကံညို(ထူးကြီး) – “၁၄မဲ…၂မဲ”

November 7, 2015
ကိုကံညို(ထူးကြီး)   – “၁၄မဲ…၂မဲ”

ကိုကံညို(ထူးကြီး)   – “၁၄မဲ…၂မဲ”  (မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၁၅ ဒီမှာတော့ ကြိုတင်မဲတွေ ထည့်နေကြပါပြီ။ မိတ်ဆွေတစ်ယောက်က…ChatBoxက လှမ်ပြောတယ်၊ ကြိုတင်မဲနောက်ကို လိုက်ကြည့်ပေးဖို့၊ ဒီအတွက် တာဝန်ရှိသူဆိုတဲ့ စာရင်းထဲမှာ ပါဝင်ဖို့ လိုအပ်ပါတယ်။ မဲရုံမှုး ဆရာမတစ်ယောက်ပါမယ်။ နောက်လိုက် ဆရာမနှစ်ယောက်ပါမယ်။ ကော်မရှင်ကတစ်ယောက်..၊ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက တစ်ယောက်၊ စောင်ကြည့်လေ့လာ ကူညီအနေနဲ့ ပါလာတဲ့နှစ်ယောက်က ပါတီကြီးတစ်ခုနဲ့ ဆက်နွယ်နေကြောင်း မယုတ်မလွန် ပြောသံကြားပါတယ်။ ဒါက အရှင်းကြီးပါ။ မဲရုံ မဲစာရင်းနဲ့ ပတ်သက်သမျှကို ဘယ်သူက ခန့်အပ်တာလဲ၊ အစိုးရက ခန့်အပ်တာဖြစ်ပါတယ်။ အစိုးရကို ဘယ်ပါတီက ဦးဆောင်ပြီး၊ ဘယ်သူတွေနဲ့ ဖွဲ့စည်းထားတာလဲ … ရှင်းလောက်ပါပြီ။  ရွေးကောက်ပွဲမှာ အစိုးရပါတီကလည်း ထင်တစ်လုံးပိုက်ပြီး သေချာပေါက်အကွက်တွေနဲ့ ဝင်ပြိုင်တာဆိုတော့...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်