ဝတ္ထုတို

အယ်ကော် ● တိမ်မည်းညိုကို ချွေတဲ့လေ

January 22, 2018
အယ်ကော် ● တိမ်မည်းညိုကို ချွေတဲ့လေ

အယ်ကော် ● တိမ်မည်းညိုကို ချွေတဲ့လေ (မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၁၈    ငပြဲဝယ်တဲ့ဆန်ဖိုးက နို့ဆီသုံးလုံးစာပဲ။ ထွန်းမင်းက  ငါးလုံးထည့်ပေးတယ်။ ဒါကိုထွန်းမင်း မိန်းမကမျက်စောင်းထိုးပြီး ကြည့် ပစ်လိုက်တယ်။ “ဘာလို့ပေးရတာလဲဆိုတဲ့သဘော” “ဟဲ့ကောင်၊ ငပြဲဆားနည်းနည်း၊ ငပိနည်းနည်းပါယူသွား”လို့ ထွန်းမင်းပြောလိုက်တာကြောင့် ထွန်းမင်းမိန်းမ အေးအေးမူ ဆီ က  မျက်စောင်းမဟုတ်တော့ဘဲ အသံထွက်လာတယ်။ “ဘုရားဖြစ်မယ့် အုတ်နီခဲကြီး၊ စိတ်ရှုးပေါက်တိုင်းချချပေးမနေနဲ့” ဆိုပြီး ပြောလာတယ်။ တကယ်တော့ ငပြဲမိသားစုကိုတွေးပြီး သူကရုဏာသက်မိလို့လေ။ ငပြဲအပါဝင်ညီအစ်ကို မောင်နှမလေးယောက် ရှိတယ်။ သူ့အမေဖြူမေပါဆို ငါးယောက်ပေါ့။ တကယ့်တကယ် အလုပ်လုပ်နေတာက ငပြဲအစ်မနှင်းဝေမိုး တစ်ယောက်ပဲလုပ်နိုင် တာ။ နှင်းဝေမိုးဆိုတာလည်း နှစ်ဆယ်တောင်မကျော်သေးတဲ့ ကောင်မလေး မအေဖြူမေက ဘာမှမလုပ်နိုင်တဲ့လူနာ။  ဘယ်လိုက ဘယ်လိုကြောင့် ဝင်ရောက်လာသလဲမသိတဲ့ဆီးချိုနာ။ ဆီးချိုဆိုတာ...

Read more »

ကျော်ကျော် (မြရည်စမ်း) ● မြရည်​စမ်းစာ​ပေ ပိတ်​သွားပြီးသည့်​​နောက်​ပိုင်း

January 20, 2018
ကျော်ကျော် (မြရည်စမ်း) ● မြရည်​စမ်းစာ​ပေ ပိတ်​သွားပြီးသည့်​​နောက်​ပိုင်း

ကျော်ကျော် (မြရည်စမ်း) ● မြရည်​စမ်းစာ​ပေ ပိတ်​သွားပြီးသည့်​​နောက်​ပိုင်း (မိုးမခ) ဇန်နဝါရီ ၂၀၊ ၂၀၁၈ နှစ်​ကာလ ကြာမြင့်​စွာ ကြိုးစားရပ်​တည်​ခဲ့​သော်​လည်း အ​ခြေအ​နေအမျိုးမျိုးအရ ​ရှေ့ဆက်​သွားရန်​မဖြစ်​နိုင်​​တော့သဖြင့်​ စာအုပ်​​ကောင်းများ ဝယ်​ယူလိုကြပါလျှင်​ အချိန်​မီလာ​ရောက်​နိုင်​ကြရန်​အတွက်​ လိပ်​စာ​လေးပါထည့်​​ပေးထား​သော သတင်းတစ်​ပုဒ်​ကို စိတ်​မ​ကောင်းစွာဖြင့်​ ဖတ်​ရသည်​။ စာအုပ်​အငှားဆိုင်​​လေးတဆိုင်​ပိတ်​​တော့မည့်​ သတင်းဖြစ်​သည်​။ ကျ​နော်​တို့ငယ်​ရွယ်​စဉ်​က ယခု​နေအခါလို ​ဖြေ​ဖျော်​​ရေးပစ္စည်းပစ္စယများ မ​ပေါများလှ။ အချိန်​သည်​လည်း ယခု​နေအခါလို မရှားပါးလှ။ လူတိုင်းလိုလို အထိုက်​အ​လျှောက်​​တော့ စာဖတ်​ဖြစ်​ခဲ့ကြသည်​။ ပုံနှိပ်​ထား​သော စာအုပ်​များဖြင့်​ ကျွမ်းဝင်​ခဲ့ကြသည်​။ ပုံနှိပ်​မင်​နံ့ပင်​ မ​ပျောက်​​သေး​သော စာအုပ်​အသစ်​စက်​စက်​များကို တရှိုက်​မက်​မက်​ဖတ်​ခဲ့ရဖူးသလို၊ စာရွက်​တစ်​ရွက်​ချင်းကိုပင်​ ဂရုတစိုက်​လှန်​​လောရသည့်​ စာရွက်​ဝါကျင့်​ကျင့်​၊ ​ကြွေလုလု စာအုပ်​​ဟောင်း​လေးများကိုလည်း တမက်​တ​မောဖတ်​ခဲ့ရဖူးပါသည်​။ ကျွန်​​တော့်​မိဘများသည်​လည်း စာအုပ်အငှားဆိုင်​​လေးတ​ဆိုင်​ ဖွင့်​ခဲ့ဖူးပါသည်​။ ထိုစဉ်​က ကျွန်​​တော်​ စာဖတ်​ကျင့်​ရှိ​နေပြီဟု ​ပြော၍ရသည်​။ စာအုပ်​အငှားဆိုင်​က​လေးဖွင့်​မည်​ဟု...

Read more »

မောင်သာရ ● မေမေကြီးကြီး

January 9, 2018
မောင်သာရ ● မေမေကြီးကြီး

မောင်သာရ ● မေမေကြီးကြီး (မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၁၈ ကျုပ်မှာ ကျုပ်တို့တူတူမတွေအားလုံးက မေမေကြီးကြီးလို့ခေါ်ရတဲ့ ကြီးဒေါ်ကြီး တယောက်ရှိတယ်။ ကျုပ်ရဲ့အမေ့မှာ မွေးချင်းညီအမငါးယောက်ကြီးများတောင် ရှိခဲ့ပေမယ့် ကျုပ်အမေအ ပါအဝင်အိမ်ထောင်ရှိတဲ့ ညီအမသုံး ယောက်လုံးကကျတော့ ရှားရှားပါးပါး သားသမီးတယောက်စီပဲ မွေးခဲ့တယ်။ အမေ့အောက်က ကျန်နှစ်ယောက်ဆိုရင် တယောက်ကအိမ် ထောင်ရှိရက်နဲ့ သားသမီးလုံးဝမထွန်းကားဘူး။ မေ့ညီမအငယ်ဆုံးကျတော့ သက်ဆုံးတိုင် ပျိုကြီးဘဝနဲ့ အရိုးထုတ်တယ်။ မျိုးဆက်ကိုပြတ်ကရော။ ဆိုတော့ကာ ကျုပ်မှာတဝမ်းကွဲဆိုပါတော့။ ညီမနှစ်ယောက်ရှိတယ်။ ကြုံရပုံကကျုပ်တို့ မောင်နှမသုံးယောက်ကိုလဲ အမေတွေက ချိန်းဆိုတိုင်ပင်ပြီး မွေးကြလေရော့သလား အောက်မေ့ရတယ်၊ တယောက်နဲ့တယောက်က မီးဝင်မီးထွက်တွေ ချည်းပဲ။ ပြီးတော့အဲဒီ ခေတ်က အခုခေတ်လိုမဟုတ်ဘူး။ ဆွေသံယောဇဉ် မျိုးသံယောဇဉ် အင်မတန်ကြီးကြတော့၊ ကျုပ်တို့ အဖိုးအဖွား မိဘအရိပ်အောက်မှာ သည်တပြုံတမကြီးက...

Read more »

တူးရယ် – နေရာတိုင်းမှာ မြွေရှိနိုင်တယ်

January 5, 2018
တူးရယ် – နေရာတိုင်းမှာ မြွေရှိနိုင်တယ်

Art – Than Htay Maung တူးရယ် – နေရာတိုင်းမှာ မြွေရှိနိုင်တယ် (မိုးမခ) ဇန်န၀ါရီ ၅၊ ၂၀၁၈ ၁၉၉၅ နှစ်ဦးလောက်မှာ `ဟွေပူဝ` ဆိုတဲ့ တောင်ကြားလေးတနေရာမှာ ကျုပ်တို့ အခြေခံစစ်သင်တန်းတက်ခဲ့တယ်။ ကရင်နီတပ်မတော် တပ်ရင်း(၁)ဒေသကပေါ့။ မှတ်မိသလောက် ရဲဘော်သစ်လေးတွေအပြင် ရင်း(၁)က စနစ်တကျသင်တန်းမတက်ရသေးတဲ့ တပ်ကြပ်တွေ၊ စိပ်မှူးတွေ၊ ရဲမေတွေအပါအ၀င် အားလုံးပေါင်းသင်တန်းသား(၆၄)ယောက်ပါ။ သင်တန်းမှာ အဓိက ဟင်းပြဿနာပါ။ ဟင်းအတွက် ရေကျိုငါးပိပုံးနဲ့ တို့စရာရေသဖန်းသီးနဲ့ နေ့တိုင်းစခန်းသွားနေခဲ့ကြလို့ ပွေးဝဲမရှိသူ မရှိသလောက်ပါဘဲ။ ငရုတ်သီး(၃)တောင့်ရဖို့ ညာညှိတန်းစီယူကြရတာကို မှတ်မိနေသေးတယ်။ အပတ်တိုင်း ရဲဘော်တွေဟင်းသီးဟင်းရွက်၊ ဖားရှာ ငါးရှာလုပ်ကြရပါတယ်။ တောလိုက်အတွေ့အကြုံရှိတဲ့ ရဲဘော်တွေက ညဘက်မှာ တောလိုက်ကြပါတယ်။ ရလာတဲ့ တောကြောင်တွေ၊ မျောက်တွေစတဲ့အကောင်တွေကို လူ(၆၀)ကျော်အတွက်...

Read more »

အောင်သွင် ● တက်တူးတွေနဲ့ မြို့ (ဝတ္ထုတို)

January 4, 2018
အောင်သွင် ● တက်တူးတွေနဲ့ မြို့ (ဝတ္ထုတို)

အောင်သွင် ● တက်တူးတွေနဲ့ မြို့ (ဝတ္ထုတို) (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၈ အခန်း (၁) ဧရာဝတီသည် တိုးတိတ်ငြင်သာ စီးဆင်းနေသည်။ လှိုင်းမရှိ၊ ပကတိသင်ဖြူး။ မြစ်ကမ်းနဖူးတွင်ထိုင်ကာ အနောက်ဘက် ကမ်းမှ မြို့ကလေးကို လွမ်းဆွတ်ငေးမောနေမိသည်။ ရေပြင်သည် ကျယ်ပြောလှသည်။ မိုးကုပ်စက်ဝိုင်းသည် မြစ်ညာတွင် ရေပြင်နှင့်ထိသည်။ မြစ်ကြောင်းသည် ကွေ့ကောက်စီးဆင်းလာပြီး သည်မြို့အနီးတွင် နှစ်မွှာကွဲသွားသည်။ မြစ်လယ်တွင် ကျွန်းငယ်ကလေးဖြစ်ပေါ်နေသည်။ ထို့နောက် ပြန်လည်ပေါင်းဆုံကာ မြစ်ကူးတံတားကြီးအောက်မှ စီးဆင်းသွားသည်။ စူးရှရှ အလင်းတန်းသည် ရေပြင်မှ အလင်းပြန်ကာ ကျွန်တော့မျက်နှာကို လာရိုက်ခတ်သည်။ အနောက်ဘက်ကမ်းသည် မြူတွေဆိုင်းကာ မှိုင်းပျပျ။ မြို့ကလေးကို ဝှက်ကွယ်ထားသော သစ်ပင်အုပ်အုပ်သည် နိမ့်ချည်မြင့်ချည်နှင့် မြစ်ကမ်း ဘေး တလျောက်မှ တောင်တန်းငယ်လေးသဖွယ်။ တယ်လီဖုန်းတိုင်နှစ်ခုက...

Read more »

မေငြိမ်း ● အရင်အတိုင်းပဲလား ရန်ကုန်

December 26, 2017
မေငြိမ်း ● အရင်အတိုင်းပဲလား ရန်ကုန်

မေငြိမ်း ● အရင်အတိုင်းပဲလား ရန်ကုန် (မိုးမခ) ဒီဇင်ဘာ ၂၆၊ ၂ဝ၁၇ ရန်ကုန်ဟာ ကျမရဲ့မွေးရပ်မြေ…။ စည်ကားတဲ့လမ်းတွေပေါ် မက်မက်မောမော လျှောက်ခဲ့တာပဲ။ မြို့လယ်ခေါင်ကစ ဆင် ခြေဖုံးမြို့သစ်တွေဆီအထိ ချစ်ခဲ့တာပါပဲ။ ပြီးတော့ ကျောင်းတက်ခဲ့ရာ ရန်ကုန်တက္ကသိုလ်ဝင်း၊ ဆရာမလုပ်ခဲ့ရာ လှိုင်တက္က သိုလ်၊ နေခဲ့ဖူးတဲ့ စက်မှုတက္ကသိုလ်ဝင်း အားလုံးဟာ စွဲလမ်းစရာ..။ ဒီလိုပါပဲ ဘယ်သူမဆို ကိုယ့်ဇာတိမြေကို ရှာကြံ စွဲလမ်းကြမှာပါပဲနော်။ ရန်ကုန်ရဲ့ဘဝထဲ မွန်းကျပ်မှုတွေ ဘယ်အချိန်လောက်က စရောက်လာခဲ့သလဲ မမှတ်မိချင်တော့။ သတိထားမိတဲ့ အချိန် မှာတော့ အုံ့မှိုင်းမှောင်ဝေနေတဲ့ နိမိတ်ပုံကို တွေ့လိုက်ရပြီ။ ရပ်တည်ရာ ဘဝအခန်းကျဉ်းလေးတောင် မှောင်လို့ …။ “ငါ့အခန်းလေးထဲမှာ အလင်းတန်းများ ပျောက်ကွယ် … ကြာလာရင် အမှောင်နဲ့ နေသားကျတော့မယ်...

Read more »

ကျော်ထင် – တမတ်

December 22, 2017
ကျော်ထင် – တမတ်

ကျော်ထင် – တမတ် (မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၁၇ (တစ်) ပိုက်ဆံရယ်လို့ သိသိမှတ်မှတ်နဲ့ သုံးတတ်တဲ့အချိန်တုန်းက အငယ်ဆုံးပိုက်ဆံဟာ ငါးပြားပဲ။အကြီးဆုံးပိုက်ဆံ က တစ်ရာကျပ်။ဒီ ၁၀၀ ကျပ်တန်က ဦးကောင်းလက်မှတ်ပါတဲ့ ဒေါင်းတံဆိပ် ၁၀၀ တန်တော့ မဟုတ်တော့ဘူး။ ၁၉၆၅ ခုနှစ်မှာ ကြေညာချက် ၄၈ နဲ့ ပြန်ထုတ်ဝေခဲ့တဲ့ ပိုက်ဆံ။၁၉၈၅ မှာတော့ ဒီ ၁၀၀ တန်လည်း ၅၀ တန်၊၂၀ တန်တွေနဲ့ အတူ တရားဝင်သုံးစွဲလို့  မရတော့တဲ့ ပိုက်ဆံတွေ ဖြစ်သွားပြန်တယ်။ ဒီပိုက်`ဆံတွေ သုံးလို့ ရတုန်းက အနုဆုပ်လေးတွေကို ငါးပြားဖိုး ငါးလုံးနဲ့ ဝယ်ခဲ့ဖူးသေးတယ်။အနုဆုပ်ဆိုတာ က ဗမာ့မုန့် ပဲသရေစာထဲက တမျိုးပါ။ဆန်လှော်မှုန့် ဖြစ်ဖြစ်၊ကုလားပဲမှုန်...

Read more »

နိုင်ဝင်းသီ – လမ်းနီလေး

December 22, 2017
နိုင်ဝင်းသီ – လမ်းနီလေး

လမ်းနီ​လေး နိုင်​ ဝင်း သီ (မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၁၇ ( တစ်​ )စိန်​ပန်း​ကြွေချိန်​ ဒီလမ်း​ပေါ်မှာ ကိုယ်​လွမ်းတယ်​ … ရစ်​သမ်​ခတ်​သံဟာ တိုးတိုးရီရီ။ သီချင်းသံဟာ ထိခိုက်​​ကြေကွဲမှု​တွေ ရော​ထွေး​ပျော်​ဝင်​​နေ​သောသီဆိုမှုမျိုး။ တခါတ​ခါမှာအသံဟာ ဆို​နေရင်းနှင့်​ တုန်​ရီထစ်​အသွား။ စိန်​ပန်းပွင့်​​တွေဟာ ဖွဲဖွဲလွင့်​လွင့်​၊ လ​ရောင်​မှုန်​ရီဟာ ဖွဲဖွဲလွင့်​လွင့်​၊ သြဂုတ်​လရဲ့မိုးတိမ်​တွေဟာ ဖွဲဖွဲလွင့်​ လွင့်​၊ နာကျင်​​ကြေကွဲမှု​တွေဟာ ဖွဲဖွဲလွင့်​လွင့်​ ….. ​ချောရယ်​ဟာ သူ့ပုဂ္ဂလိကဘဝအတွက်​ဘုရားသခင် လက်​​ဆောင်​​အပ်​နှင်း​ပေးလိုက်​တဲ့ သီချင်းတပုဒ်​လို့​ တောင်​ ​ပြောလို့ရမယ်​နဲ့တူပါတယ်​။ ချောရယ်​ဟာ သူ့ချစ်​ခြင်း​မေတ္တာ၊ ​ချောရယ်​ဟာ သူ့ရဲ့​မြင့်​မြတ်​စင်​ကြယ်​မှု၊ ချောရယ်​ဟာ သူ့ရဲ့ ရဲရင့်​​ တောက်​ပမှု၊ ချောရယ်​ဟာ … Cho အပိုဒ်​ကို​ရောက်​ရင်​ လ​ရောင်​စိမ်းစိမ်းရီရီ​အောက်​က ညဟာ လွမ်း​မောစရာ​ကောင်းသွားခဲ့ပြီ။ အဲဒီအချိန်​မှာ...

Read more »

သင်းရည်လွင် ● မငြိမ်းချမ်းသော ခရီးသွားများ

December 18, 2017
သင်းရည်လွင် ● မငြိမ်းချမ်းသော ခရီးသွားများ

သင်းရည်လွင် ● မငြိမ်းချမ်းသော ခရီးသွားများ (မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၁၇ ၁ ။ လူလေးကြီးရင်ဘာလုပ်မလဲလို့ဘယ်သူမှမမေးကြတော့တဲ့မေးခွန်းအတွက် ကျွန်တော့်မှာ အဖြေမရှိပါကြောင်း ရိုးရိုးသား သား ဖြေပါသည်။ သည့်အတွက် မည်သူမျှ စိတ်အနှောင့်အယှက်ဖြစ်မည် မထင်၍ ဖြစ်ပါသည်။ အဖေသည် သူ၏မြင်းကို အစာကောင်း စားနိုင်ရန်အတွက်စနစ်တကျ ကြိတ်ခွဲ လှီးဖြတ်ကျွေးသော်လည်း လူလေးတို့ ညနေ စာများသည် မဲပြာပုဆိုးများဖြစ်ကြပါသည်။ သည်စကားသည် မှန်သောသစ္စာစကားဖြစ်သည် ဆိုငြားအံ့။ ရင်ခုန်စရာမကောင်းသော ရုပ်ရှင်ကဲ့သို့ လူကြိုက်နည်းပါသည်။ ၂။ နေရာတကာ သီဆိုနေသောသီချင်းများ ရိုးသွားတတ်ပြီး နားငြီးယုံဖြစ်သည်ဟု မြည်တွန် တောက်တီး ပြောတတ်သောအမေ့ ကွယ်ရာတွင် အဖေကတစ်ယောက်ထဲ ပြောသလိုလိုနှင့် အမေ့ကိုပြောတတ် ပါသည် ။ အမေက ရီစရာကောင်းလောက်အောင် ရိုးအသူ...

Read more »

မိချမ်းဝေ ● ဘုရားသခင်၏ နာမတော်အောက်မှာ ထွင်းအက္ခရာ

December 17, 2017
မိချမ်းဝေ ● ဘုရားသခင်၏ နာမတော်အောက်မှာ ထွင်းအက္ခရာ

မိချမ်းဝေ ● ဘုရားသခင်၏ နာမတော်အောက်မှာ ထွင်းအက္ခရာ (မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၇ ဗွေးတုတ်ရေ…ကိုယ်ဟာ တစ်ခါက ပင်လယ်ခရီးတွေသွားပြီး ခရီးသွားခြင်း အနုပညာဆိုတဲ့ ဆောင်းပါးတပုဒ်ရေးဖူးပါတယ်။ ခရီးသွားခြင်းဖြင့်  စိတ်ပြတင်းတွေ လင်းပွင့်သွားပြီး သိမြင်မှုဆိုင်ရာ အတွေးအမြင်များလည်း လတ်ဆတ်လာတဲ့အကြောင်း ကလေးပါ။ အခုအမေရိကန်နိုင်ငံကို ရောက်လာတော့ မျက်စိတွေနားတွေကို တဆုံးဖွင့်ခြေလှမ်းတွေ အသော့နှင့်လို့ လိုက်ပါပို့ဆောင် သူတွေ နောက်လိုက်ပါနိုင်အောင် ကြိုးစားရတော့တာပဲ။ နိုဝင်ဘာလ ၂၆ ရက်နေ့ အောင်အောင်လို့ခေါ်တဲ့ ကိုအောင်မြတ်စိုးနဲ့ သမီးချောလို့ခေါ်တဲ့ ဧကရီဖြိုးတို့က ရှေးဟောင်းခရစ်ယာန် ဘုရားကျောင်းတခုဆီပို့ပေးတာပါ။ ဒီနေရာမှာသမီးချောလို့ခေါ်တဲ့ ဧကရီဖြိုးအကြောင်းလေး ဗွေးတုတ်ကို ပြောပြချင်ပါသေးတယ်။  သူဟာ စာရေးဆရာမလေး တယောက်ဆိုတာ ဆောင်းပါးတနေရာမှာ ပြောဖူးတယ်နော်၊ သူဘာတွေရေးလဲ မသိချင်ဘူးလား၊ သူဟာ လဝန်းအိမ် ကလောင်အမည်နဲ့...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်