ဝတ္ထုတို

ချမ်းမြ – ကုသိုလ်​​တော်​ဘုရားဝန်းထဲက ပြဇာတ်​များ

September 6, 2015
ချမ်းမြ – ကုသိုလ်​​တော်​ဘုရားဝန်းထဲက ပြဇာတ်​များ

ချမ်းမြ – ကုသိုလ်​​တော်​ဘုရားဝန်းထဲက ပြဇာတ်​များ (မိုးမခ) စက်တင်ဘာ ၆၊ ၂၀၁၅ တနင်္ဂ​နွေ​နေ့ည​နေခင်း​လေးတစ်​ခု ကုသိုလ်​​တော်​ဘုရား​တောင်​​ပေါက်​နားက လက်​ဖက်​ရည်​ဆိုင်​​လေးထဲတွင်​ ကျွန်​​တော်​တစ်​​ယောက်​ထဲ လက်​ဖက်​ရည်​​သောက်​​​နေသည်​။ ထို့​နောက်​စားပွဲထိုး​လေးအား​ခေါ်ပြီး ပိုက်​ဆံရှင်းလိုက်​သည်​။ အ​ကြွေအမ်း စရာမရှိသဖြင့်​​ ဆေးလိပ်​တစ်​လိပ်​​ပေးလိုက်​သည်​။ ကျွန် ​​တော်​လည်း​ ဆေးလိပ်​​​ဖွာလျှက်​ ဘုရားဝန်းထဲဝင်​သို့ဝင်​လာခဲ့သည်​။ ဘုရားဝန်းထဲ​ရောက်​​တော့ ကျွန်​​တော့်​ညာဘက်​ကိုချိုး၍​ကွေ့လိုက်​စဉ်​ ​အ​နောက်​မှ က​လေးငယ်​တစ်​​ယောက်​အသံကြားရသည်​။ “အကိုကြီး ခ​ရေပန်း​လေးဝယ်​ပါအုံးလား” “တစ်​ကုံးမှ နှစ်​ရာထဲမှာ သုံးကုံးယူရင်​ ငါးရာနဲ့​ပေးပါ့မယ်​ အကိုကြီး” ထိုက ​လေးငယ်​​လေးကိုလှည့်​ကြည့်​လိုက်​​တော့ အဖြူစိမ်းအင်္ကျီ ခပ်​နွမ်းနွမ်း​လေး နဲ့ ပါးမှာလည်း သစ်​ရွက်​ပုံသနပ်​ခါးပါးကွပ်​​လေးနဲ့ ချစ်​ရာ​ကောင်းသည်​။ “အကိုကြီးရယ်​ သမီးခ​ရေပန်း​လေးဝယ်​ပါ။ သမီးခ​ရေပန်း​လေးဝယ်​ရင်​ ဒီကုသိုလ်​​တော်​ ဘုရားသမိုင်း​ကြောင်းကို အင်္ဂလိပ်​လို​ရော မြန်​မာလိုပါ ရှင်းပြပါ့မယ်​။ သမီးဒီပန်း​လေးကုန်​မှ အိမ်​ပြန်​ရမှာမို့လို့ပါအကိုကြီး” က​လေးငယ်​​လေးက သူ့ပန်း​လေး​တွေ​ရောင်းကုန်​ဖို့ ကျွန်​​တော့်​ကို...

Read more »

ဇော်သစ် – မိတ် အင် ပစ္စာန္တရာဇ်

September 2, 2015
ဇော်သစ် – မိတ် အင် ပစ္စာန္တရာဇ်

ဇော်သစ် – မိတ် အင် ပစ္စာန္တရာဇ် (မိုးမခ) စက်တင်ဘာ ၂၊ ၂၀၁၅ အခန်း(၁) အမျိုးကောင်းသမီးသည် နှစ်ကြိမ်ဆက်သမ္မတတာဝန်ကို ကိုးနှစ်ကျော်ထမ်းဆောင်ခဲ့လေပြီ။ သူမနေထိုင်ခဲ့ ရသော သမ္မတအိမ်တော်တစ်ခုလုံးကို အသိအမှတ်မဲ့စိတ်ဖြင့် တစ်ခန်းဝင်၊ တစ်ခန်းထွက် လျှောက်ကြည့်နေ မိသည်။ ပစ္ဆာန္တရာဇ်နိုင်ငံတော်အတွက် သမ္မတတစ်ဦးအဖြစ်ရော လူထုခေါင်းဆောင်တစ်ဦးအဖြစ်ပါ သူမ တာဝန်ကြေခဲ့ပါပြီ။ သူမ၏ မကြာမီ ဆိုက်ရောက်လာတော့မည့် အနားယူခြင်းသည် တစ်နည်းအားဖြင့် အောင်မြင်စွာ ဆုတ်ခွာခြင်းလည်း မည်ပါပေ၏။ မည်သူတွေ မည်သို့ပင် ပြောစေကာမူ။ မည်သူတွေ မည်သို့ပင် ကန့်ကွက်စေကာမူ။ သူမ ပစ္ဆာန္တရာဇ်နိုင်ငံတော်၏ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်ခဲ့ပြီ။ ဖြစ်သည့်အတိုင်းလည်း သူမ၏ ရွေးကောက်ပွဲ ကတိကဝတ်မှန်သမျှကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ *** အမျိုးကောင်းသမီးအား ပစ္ဆာန္တရာဇ်နိုင်ငံတော်...

Read more »

မောင်မောင်စိုး – မိုးသည်းည

August 25, 2015
မောင်မောင်စိုး – မိုးသည်းည

မောင်မောင်စိုး – မိုးသည်းည (မိုးမခ) သြဂတ်စ် ၂၅၊ ၂၀၁၅ ထိုညက မိုးက သည်းလွန်းလှပါသည်။ တဝေါဝေါရွာချနေသော မိုးစက်မိုးပေါက်များအောက်တွင် ညအမှောင်ထုက စိုးမိုးနေ သည်။ သည်းလွန်းသောမိုးအောက်တွင် တကိုယ်လုံးတုတ်တုတ်ရွှဲနေသည်။ ကျောပေါ်တွင်လွှမ်းချုံထားသော စစ်မိုးကာစက မိုးဒဏ်အား အံမတုနိုင်ပေ။ ခေါင်းပေါ်က စစ်ဦးထုပ်အစ အင်္ကျီ ဘောင်းဘီရှည် စစ်ဖိနပ် ကျောပိုးအိတ် စစ်ချပ်ဝတ်အဆုံး မိုးရေဖြင့် နစ်နေအောင် စိုရွှဲလေးလံနေသည်။ ထိုမိုးသည်းညသည် စစ်ချီနေသောညဖြစ်သည်။ မနက်ထမင်းစားပြီး ၉ နာရီလောက်ကထဲက စစ်ချီမိန့်ကျ၍ တတပ်လုံးစစ်ချီခဲ့ရသည်။ ညနေ ၄ နာရီလောက်က ညစာချက် စားရင်း တခါနားရသည်။ မှောင်သည်နှင့် ပြန်လည်ချီတက်ရပြန်သည်။ တနေ့လုံး ရာသီဥတု သာယာခဲ့ပေမဲ့ မိုးချုပ်သည်နှင့် မိုးစက်ပေါက်များနှင့်အတူ မိုးမှောင်ကျတော့သည်။ ၁၉၇၆ ဇူလိုင်...

Read more »

မျက်ရှု – ကွဲကြေသွားသော မြို့တစ်မြို့

August 10, 2015
မျက်ရှု – ကွဲကြေသွားသော မြို့တစ်မြို့

  မျက်ရှု – ကွဲကြေသွားသော မြို့တစ်မြို့ (မိုးမခ ဝတ္ထုတို) သြဂုတ် ၁၀၊ ၂၀၁၅ (၁) သည်မြို့ပျက်ကြီးသို့ မည်သို့ မည်ပုံ ရောက်လာခဲ့မှန်း သူ မမှတ်မိ။ သူ သတိရလာသည့်အချိန်တွင်ကား နေစောင်းလုပြီ။ မြို့ပျက်ကြီးဟု ပြောနိုင်သည့်အကြောင်းမှာ သူ့ ခန္ဓာနှင့်အသိဝိဥာဉ်ဖမ်းကပ်မိချိန်တွင် ပထမဆုံး သတိပြုလိုက်မိသော မီးလောင်ပြင်မှ သစ်ငုတ်တိုများနှင့် အသား ညှော်နံ့ကြောင့်ဖြစ်သည်။ ဖြစ်ချင်တော့ နေ၀င်ခါနီး အစွမ်းကုန် စူးရဲစွာ တိမ်တောက်နေပုံကလည်း ကောင်းကင်မှပင် မီးတောက်မီးလျှံများ လျှံကျလာသကဲ့သို့ ရှိသည်။ သည်မြင်ကွင်းသည် ပန်းချီကားတစ်ကားဖြစ်သည်ဟု ဆိုကြပါစို့။ မိစ္ဆာတို့ မြူးခုန်နေသော ငရဲတိုင်းပြည်၏ သရုပ်ဟုသာ သူ ခိုင်းနှိုင်းလိုပါသည်။ ပတ်ဝန်းကျင်တ၀ိုက်ကို သူ အနုလုံပဋိလုံ ဆင်ခြင်မိလိုက်တော့ မှုန့်မှုန့်ကြေနေသော ဖန်ကွဲစများ၊...

Read more »

မောင်အောင်မွန် – ဂိတ်ဆုံးပြီ ဇာတ်လမ်းစကြပါစို့

July 8, 2015
မောင်အောင်မွန် – ဂိတ်ဆုံးပြီ ဇာတ်လမ်းစကြပါစို့

မောင်အောင်မွန် – ဂိတ်ဆုံးပြီ ဇာတ်လမ်းစကြပါစို့ (မိုးမခ) ဇူလိုင် ၇၊ ၂၀၁၅ (မိုးမခမဂ္ဂဇင်း ဇူလိုင်တွင် ဖော်ပြပြီး) (၁) လက်တဘက်က အိတ်ကြီးကိုမနိုင်မနင်းမပြီး တဘက်က လမ်းလျှောက်တတ်စ ကလေးမကိုဆွဲလျက် သောကောမောကော တက်လာသော အမျိုးသမီးကိုမြင်လိုက်၍ ကိုဝေမိုးစိတ် ဖက်လက်စ စာအုပ်ဆီပြန်မသွားနိုင်တော့။ ထိုင်းနိုင်ငံ နောင်ခိုင်မြို့ ကနေ ဘန်ကောင်သို့သွားမည့် အဝေးပြေးဘတ်စ်ကားပေါ်မှာပါ။ အေးအေးလူလူ Sex Appeal and Colors  ညှို့ဓာတ်နဲ့ အရောင်ဆိုတဲ့စာအုပ် ဆက်ဖတ်ပြီး အိပ်လိုက်သွားမည်ဟူသောစိတ်ကူး ပျက်တော့မည်လော။ နောက်ဆုံးတန်းဘေးခုံကို တမင်ရွေးဝယ်ခဲ့သည်။ ခရီးသည်အတော်များလာသည့်တိုင် သူ့ဘေးထိုင်ခုံက လွတ်နေဆဲမို့ အပိုတခုံထပ်ရလိုက်၊ လက်တင်တန်းလေးထောင်ကာ ခါးဆန့်အိပ်မည်၊ ဟောကြည့်ပါ၊ နောက်ကျခရီးသည်မက မိမိရှိရာသို့ လာနေလေပြီ။ (၂) “ထိုင်တော်မူ ကျေးဇူးရှင်မ၊ ညည်းကြောင့်...

Read more »

ကိုသစ် (သီတဂူ) – မင်းရဲ့သားကို မင်းလိုလူ အဖြစ်ခံနိုင်မလား

July 3, 2015
ကိုသစ် (သီတဂူ) – မင်းရဲ့သားကို မင်းလိုလူ အဖြစ်ခံနိုင်မလား

 ကိုသစ် (သီတဂူ) – မင်းရဲ့သားကို မင်းလိုလူ အဖြစ်ခံနိုင်မလား (မိုးမခ) ဇူလိုင် ၃၊ ၂၀၁၅ (၁) ပုရာ အာဂစ္ဆတေ ဧတံ၊ အနာဂတံ မဟဗ္ဘယံ။ သုဗ္ဗစာ ဟောထ သခိလာ၊ အညမညံ သဂါရ၀ါ။ ရောက်ရှိမလာသေးသည့် ကိုယ်ကျင့်တရား ဖောက်ပြန်ပျက်စီးမှု ဘေးအန္တရာယ် ကြီးသည် သိပ်မကြာမီ ရောက်လာတော့မည်။ ထိုသို့ရောက်မလာမီအချိန်၌ ဆိုဆုံးမ လွယ်ကူသူ၊ နူးညံ့ပြေပြစ်သူ၊ အချင်းချင်းအပေါ် လေးစားစိတ်ရှိသူတို့ ဖြစ်ကြစေ။ ဖုဿမထေရ် (ထေရဂါထာပါဠိတော်) ကျနော့်သူငယ်ချင်း ဗောဓိရိပ်ဘာသာရေးအနုပညာမဂ္ဂဇင်းကို ဦးစီးထုတ်ဝေနေတဲ့ စာရေးဆရာ၊ အယ်ဒီတာ သားအေးညက လက်ဆောင်နှင်းလို့ အမှတ်(၃)မေလ၊ ၂၀၁၄ -ခုနှစ်ထုတ် မဂ္ဂဇင်းလေးတစ်စောင် ကျနော့်ဆီမှာရှိပါသည်။ အထက်ပါ ဂါထာနှင့် စကားပြေလေးက အဲသည်မဂ္ဂဇင်းရဲ့ အစဆုံးစာမျက်နှာမှာ...

Read more »

ညီစောလွင် – ကဖဲခါးခါး မြို့

July 2, 2015
ညီစောလွင် – ကဖဲခါးခါး မြို့

ညီစောလွင် – ကဖဲခါးခါး မြို့ (မိုးမခ) ဇူလိုင် ၂၊ ၂၀၁၅ ဒီမြို့က ဥပဒေစိုးမိုးတယ်။ ရဲတွေ လာဘ်ပေးလာဘ်ယူကင်းတယ်။ လူတွေ စည်းကမ်းရှိတယ်။ မြို့ခံ တွေက မာနကင်းပြုံးရွှင်တယ်။  ဖော်ရွေ ကူညီတတ်တယ်။ ဥပမာ ဆိုပါတော့။  ခင်ဗျား ဆိုင်ကယ် လမ်းဝက်မှာ ဆီကုန်သွားတယ်ဆိုပါတော့။ ပလက်ဖောင်း ဘေးမှာ ဆိုင်ကယ်ကိုတွန်းနေရင် မကြာခင် ဆိုင်ကယ်နဲ့လူငယ်တယောက် ခင်ဗျားနောက် ရောက် လာမယ်။ ပြီးရင် ပြုံးပြုံးချိုချိုနဲ့  အကူအညီလိုသလားလို့မေးပြီး အနီးဆုံးဓာတ်ဆီဆိုင်အထိ လိုက်ပို့ ပေးလိမ့်မယ်။ တပတ်တခါဖွင့်တဲ့ လယ်သမားဈေးကို ခင်ဗျားသွားတယ်ဆိုပါတော့။ ခင်ဗျားကို အလည်လာတဲ့ ဧည့်သည်မှန်းသိရင် ပန်းပွင့်လက်ဖက်ခြောက်ပဲ ၀ယ်ဝယ်။ ဒိန်ခဲပဲဝယ်ဝယ် အိမ်အပြန်လက်ဆောင် ဆိုပြီး အပိုဆောင်း ထည့်ပေးလိမ့်မယ်။ ဒီမြို့က လမ်းတွေသန့်ရှင်းတယ်။...

Read more »

ကလိုမူး (တေးပြု) – ပြန်တမ်းဝင်

June 28, 2015
ကလိုမူး (တေးပြု) – ပြန်တမ်းဝင်

  ကလိုမူး (တေးပြု) – ပြန်တမ်းဝင် (ကိုယ်တွေ့ဝတ္ထုတို) (မိုးမခ) ဇွန် ၂၈၊ ၂၀၁၅ “ဒီနေ့ကဒ်ယူသွားလေ..” ဇနီးဆီက အချိုမြိန်ဆုံးသော စကားလုံးတို့သည် ပျားရည်မြစ်ထဲမှ ကတို့လှေများကဲ့သို့ ရင်ထဲကူးခတ်သွားလာသလို ခံစားမိလိုက်သည်။ ပျံ့လွင့်သော စိတ်အစဉ်ကို ချုပ်ထိန်းကာ သုံးနေကျ မဟုတ်သော အင်္ဂလိပ်စကားဖြင့် “Cheryl.. you say something”.. ဇနီးဖြစ်သူက စားပွဲပေါ်က ပိုက်ဆံအိပ်ကိုမေးငေါ့ ပြရင်း”အိပ်ထဲက ဘဏ်ကပ်ယူလိုက်”။   ဇနီးဆီက Confirmation ရလိုက်ချိန် နားထဲတွင် ဇေယျဝတီသကြားစက်ကြီး ပြိုကျလာသလို ခံစားလိုက်ရသည်။  သူမ၏ ချိမြိန်သော စကားသံသည် ကြံသကာရည်ကို သာမက ဆေးသကြားရည်ကိုပါ ဖြတ်သန်းသွားသလို ထပ်မံခံစားရသည်။ မယ်မင်းကြီးမသက်တော်ရာကျော်ရှည်ပါစေ…။ ဘုရားသခင်ကောင်းချီးပေးပါစေ (ခရစ်ယာန်လို)..။ တတ်သမျှ မှတ်သမျှ...

Read more »

ဒေါက်တာလွဏ်းဆွေ – နင့်ခနဲ

June 25, 2015
ဒေါက်တာလွဏ်းဆွေ – နင့်ခနဲ

ဒေါက်တာလွဏ်းဆွေ – နင့်ခနဲ (မိုးမခ) ဇွန် ၂၅၊ ၂၀၁၅ ရေးမယ်လို့ တေးထားပြီး မေ့သွားခဲ့တဲ့ အကြောင်းအရာလေးတခု။  ဒီကနေ့ မီးလောင်ထားတဲ့ တောင်ငူဈေးကြီးနားတ၀ိုက်မှာ လမ်းလျှောက်သွားလာနေတုန်း ခေါင်းထဲပြန်ဝင်လာတယ်။ ဒီလိုပါ။ လေထိထားတဲ့ ကျနော့်ကျန်းမာရေးအခြေအနေက လှုပ်လှုပ်ရှားရှား အနေများမှ နေလို့ထိုင်လို့ ပိုပြီး လန်းတာမို့ အိမ်မှာ နေရင်လည်း ကွန်ပျူတာရှေ့မှာ တနာရီလောက် ထိုင်ပြီးရင် အိမ်ရှေ့နဲ့ အိမ်နောက်ကို ငါးမိနစ်၊ ဆယ်မိနစ်လောက် ခေါက်တုံ့ခေါက်ပြန် လမ်းထလျှောက်တတ်သလို အိမ်အပြင်ဘက် ဟိုနားဒီနား ထွက်ဖြစ်ရင်လည်း လမ်းလျှောက်ပြီးတော့ပဲ သွားလာပါတယ်။  စက်ဘီးဖြစ်ဖြစ်၊ ဆိုင်ကယ်ဖြစ်ဖြစ် ရှိနေရင် အဲဒါတွေအားကိုးနဲ့ သွားလာတာကို အကျင့်ပါပြီး လမ်းမ လျှောက်ဖြစ်မှာစိုးလို့ အိမ်မှာ ဘာစီးတော်ယာဉ်မှ ၀ယ်မထားဘူး ဆိုပါတော့..။   (အဲဒါကြောင့် ကျနော့်ဆီ...

Read more »

မျက်ရှု – မဖြူ တဖြူ (ဝတ္ထုတို)

June 25, 2015
မျက်ရှု – မဖြူ  တဖြူ  (ဝတ္ထုတို)

မျက်ရှု – မဖြူ  တဖြူ  (ဝတ္ထုတို) (မိုးမခ) ဇွန် ၂၅ ၂၀၁၅ (၁) ခုတလော ကျွန်မ စိတ်တွေ လေးလံနေသည်။  အထူးသဖြင့် သူ့မျက်လုံးများနှင့် ဆုံသည့်အချိန်တိုင်းပေါ့။  ထိုမျက်ဝန်းများကို မေ့ပစ်ချင်သည်။  တတ်နိုင်သမျှ ရှောင်ကွင်းသွားလိုက်ချင်သည်။  သူ့အကြည့်များသည် ကျွန်မကို ကယောင်ချောက်ချားဖြစ်စေ သည်။  သူသည် ယခုရက်ပိုင်းအတွင်း ကျွန်မ၏ အာရုံဝင်စားမှုတိုင်းကို ဖမ်းဆုပ်ထားသည်။  လူတစ်ဦး၏ မနောကို ပိုင်စိုးနိုင် စွမ်းရှိသော အကြင်သူသည် အဘယ်မျှသော တန်ခိုးသတ္တိနှင့် ပြည့်စုံသနည်း၊ မည်ကဲ့သို့သော စွမ်းအားမျိုး ပိုင်ဆိုင်ထား သနည်းဟု တစ်စုံတစ်ယောက်ကများ မေးလာလျှင် ကျေနပ်စရာ အဖြေကို ပေးနိုင်လိမ့်မည်မဟုတ်ပါ။ ကျွန်မ ရည်ညွှန်းလိုသော သူသည် သာမန်တကာ့ သာမန်ထက် နုံချာသောသူသာ။  ထို့ထက်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်