ဝတ္ထုတို

ထူးထူး (တောင်ငူ) – မေမေ မငိုနဲ့တော့နော်

June 3, 2015
ထူးထူး (တောင်ငူ)  – မေမေ မငိုနဲ့တော့နော်

   ထူးထူး (တောင်ငူ)  – မေမေ မငိုနဲ့တော့နော် (မိုးမခ) ဇွန် ၂၊ ၂၀၁၅ အခန်း (၁) ဒီနေ့ဆို ကိုရွှေထူးတယောက် ဇာတိချက်ကြွေမွေးရပ်မြေနဲ့ဝေးကွာခဲ့တာ (၇) နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ တိုက်တိုက်ဆိုင်ဆိုင် နှစ်ပတ်မှတကြိမ်ရတဲ့ အလုပ်နားရက်ကလည်း မလေးရှားကိုရောက်တာ (၇) နှစ်ပြည့်တဲ့ ဒီနေ့နဲ့မှ လာတိုက်ဆိုင်နေတယ်။ ကိုရွှေထူး တယောက်အိပ်ယာစောစောထပြီး အိပ်ယာအထက်က ဘုရားစင်လေးမှာ သောက်တော်ရေ၊ ဆီးမီး၊ နံ့သာတိုင်နဲ့ ဆွမ်းကပ်လှူပူဇော်ပြီး၊ ပုတီး (၉) ပတ်စိပ်၊ မေတ္တာပို့ အမျှအတမ်းဝေသလို၊ ဇာတိမြေမှာရှိတဲ့ မေမေနဲ့ဖေဖေလည်း ကျန်းမာ ချမ်းသာကြပါစေလို့ မေတ္တာပို့ဆုတောင်းရင်း၊ အလုပ်နားရက် နံနက်ခင်းလေးဟာ သာသာယာယာနဲ့ ကြည်နူးဖွယ် အတိပေါ့။ စိတ်ကလေးကြည်လင်ချမ်းမြေ့နေစဉ်မှာပဲ၊ ဗိုက်ထဲက ဂွီ … ဂွီ …...

Read more »

မြဒေါင်းနွယ် – သူမ၏ ချစ်သူ

May 29, 2015
မြဒေါင်းနွယ် – သူမ၏ ချစ်သူ

မြဒေါင်းနွယ် – သူမ၏ ချစ်သူ (မိုးမခ) မေ ၂၉၊ ၂၀၁၅ သူမ၏ မိဘများနှင့် မောင်နှမများပြီးလျှင် သူမတွယ်တာရသည်မှာ သူတဦးတည်းသာ ဖြစ်သည်။ သူမဘဝတွင် သူသာလျှင် အရှင်သခင်ဖြစ်ပါသည်။ (၁)    သို့သော်သူ့အတွက်တော့ ဤမျှနှင့်တင်းတိမ်နိုင်ခြင်းမရှိသည်မှာ သေချာလှပါသည်။ သူမ၏ချစ်ခြင်းမှန်သမျှ သူ့အပေါ်တွင် စုပုံထားခဲ့သော်လည်း သူကတော့မူ သူမအတွက် သစ္စာဆိုတာလေးတောင် ထားရှိခြင်းမရှိခဲ့ပါချေ။ သို့သော်လည်း သူမက နာကျင်စရာဟု မတွေးခဲ့ဖူးချေ။ သူမချစ်ခြင်းတို့ သူ့အပေါ် ပြိုဆင်းခယနေသည့်တိုင် သူကတော့ သူမဆီကို ဖုန်းကလေး တချက်ဆက်ဖို့တောင် ဝန်လေးခဲ့သူပင်။ သူမဘဝတွင် အချစ်ဦးမဟုတ်ခဲ့သည့်တိုင် သူသည် သူမ၏ ချစ်ခြင်းဟူသမျှကို သိမ်းကျုံးယူငင်နိုင်စွမ်းရှိသူ ဖြစ်ပါ၏။ သူမ ချစ်ရခြင်းမှာ ပျော်မွေ့ပါ၏။ သို့သော် သူမချစ်သူ သူကတော့မူ သူမကိုချစ်သလားဟုပင်...

Read more »

ဖိုးထက် – သား ဗွီဒီရို မကြည့်တော့ပါဘူး

April 26, 2015
ဖိုးထက် – သား ဗွီဒီရို မကြည့်တော့ပါဘူး

  Photo Aung Htet   ဖိုးထက် – သား ဗွီဒီရို မကြည့်တော့ပါဘူး (မိုးမခ) ဧပြီ ၂၆၊ ၂၀၁၅ အဲဒီညက မိုးတွေ၊ လေတွေ ကြီးတာ သားမှတ်မိတယ်။ လေတွေတိုက်တာများ မေမေ ဆိုရင် မျက်နှာ မကောင်းဘူး။ စိုးရိမ်စိတ်တွေ ကြီးနေတာ သား သိသားဘဲ။ သားကရော ဘာထူးလဲ မေမေရာ။ စိုးရိမ်တာပေါ့။ ဟုတ်တယ်လေ။ လေတွေ မိုးတွေကြီးလို့ ဗွီဒီယိုရုံကို သွားလို့မရဘဲ စွန်းဝုခုန်း ဇာတ်လမ်းတွဲ လွတ်သွားမှာ မေမေစိုးရိမ်သလို သားလဲ စိုးရိမ်တာပေါ့။   သားမှာ ညနေ ကျောင်းက ပြန်ရောက်ကတည်းက ဆော့တောင် မဆော့ရဘူး။ ပါလာသမျှ အိမ်စာတွေ ကျုံးလုပ်။ စာတွေ...

Read more »

ဒေါက်တာကျော်တင့် ဘာသာပြန် – George Orwell – ဆင်ပစ်ခြင်း

January 6, 2015
ဒေါက်တာကျော်တင့် ဘာသာပြန် – George Orwell – ဆင်ပစ်ခြင်း

ဒေါက်တာကျော်တင့် ဘာသာပြန် – George Orwell – ဆင်ပစ်ခြင်း (မိုးမခ) ဇန်န၀ါရီ ၆၊ ၂၀၁၅ မြန်မာပြည်အောက်ပိုင်းကမော်လမြိုင်မြို့မှာ ကျနော်ဟာ လူများစုရဲ့ မုန်းတီးမှုကို ခံခဲ့ရတဲ့သူပါ။ ဒီလောက် မြို့မေတ္တာခံယူရတဲ့အထိ အရေးပါဘူးတာ ကျနော့်တသက်နဲ့တကိုယ် အဲဒီတခါပဲရှိခဲ့ဘူးပါရဲ့ ။ ဦးတည်ချက်ရယ်လို့ ရေရေရာရာမရှိ၊ ဘာမှန်းလဲအကျယ်တဝန့်မသိကြပေမဲ့ အလွန်အင်မတန် ခါးသီးတဲ့ ဥရောပသားဆန့်ကျင်စိတ်ဆိုတာက နယ်ခံတွေရဲ့ ရင်တွင်းမှာ နက်ရှိုင်းစွာကိန်းအောင်းနေတဲ့ အဲဒီလိုဒေသမှာမှ ကျနော်က ခရိုင်လက်ထောက် ပုလိပ်အရာရှိ လာလုပ်နေခဲ့ရတာကိုး။ ဘယ်သူမှ ပုန်ကန်ထကြွဘို့အဆင့်အထိ တကယ်သတ္တိရှိကြတာ မဟုတ်ပေမဲ့၊ ဥရောပသူ အမျိုးသမီးတယောက်ထဲများ ဈေးထဲကို ဖြတ်လျှောက်မိခဲ့ရင် သူ့ဂါဝန်လှလှပပပေါ်မှာ ကွမ်းသွေးတွေ ထွေးချသွားတာ ခံရတတ်တယ်။ ပုလိပ်လုပ်ရတဲ့ ကျနော်ကတော့ သူတို့ရဲ့ကွက်ကွက်ကွင်းကွင်းမြင်သာတဲ့ ပစ်မှတ်ကြီးပေပေါ့ဗျာ။ သူတို့အတွက် ပြဿနာမတက်လောက်ဘူးထင်ရင်...

Read more »

တက္ကသိုလ်ရွှေရီဝင်း – အမြီးမရှိတဲ့ မြေခွေး

December 13, 2014
တက္ကသိုလ်ရွှေရီဝင်း – အမြီးမရှိတဲ့ မြေခွေး

  တက္ကသိုလ်ရွှေရီဝင်း – အမြီးမရှိတဲ့ မြေခွေး (Academic Weekly vol 3 No 46)၊ ဒီဇင်ဘာ ၁၃၊ ၂၀၁၄ တခါတုန်းက မြေခွေးတစ်ကောင်ဟာ အစာရှာဖို့ထွက်လာခဲ့တယ်။ သူဟာ သစ်တောအုပ် တစ်ခုအတွင်းမှာရှိတဲ့ ကွင်းပြင်တစ်ခုထဲမှာ ဟိုဟိုဒီဒီလျှောက်ပြီး အစာရှာနေတယ်။ ဒါပေမယ့် အချိန်အတော်ကြာတဲ့အထိ အစာရှာလို့ မရဘူး ဖြစ်နေတယ်။ အဲဒီလို ဖြစ်နေတုန်း သစ်ပင်တစ်ပင်ရဲ့ အောက်မှာ ငှက်တစ်ကောင်ကို သွားတွေ့တယ်။ မြေခွေးဟာ ၀မ်းသာအားရနဲ့ ငှက်ကိုဖမ်းဖို့ ပြေးသွားတယ်။ အဲဒီလိုပြေးရင်းနဲ့ သူ့အမြီးဟာ ထောင်ချောက်တစ်ခုမှာ သွားပြီး မိတော့တယ်။ ဒီထောင်ချောက်ဟာ သားလိုက်မုဆိုးတွေက သားကောင်တွေကို ဖမ်းဖို့ ထောင်ချောက်ဆင် ထားတာ ဖြစ်တယ်။ ဒီထောင်ချောက်မှာ ခွေးသွားစိတ်ပုံ သံချောင်းတွေ...

Read more »

မင်းကောင်းချစ် – မြင်းမိုရ်တောင်နဲ့ ငှက်တသောင်း

December 2, 2014
မင်းကောင်းချစ် – မြင်းမိုရ်တောင်နဲ့ ငှက်တသောင်း

မင်းကောင်းချစ် – မြင်းမိုရ်တောင်နဲ့ ငှက်တသောင်း မိုးမခ၊ ဒီဇင်ဘာ ၂၊ ၂၀၁၄ (အပိုင်းတစ်) ဘေး တအိမ်ကျော် သံဖြူ လုပ်တဲ့ဆီက သွပ်ပုံးကို ပေတုံး ပေါ်တင်ပြီး တတောင်တောင် လှည့်ခေါက်နေတဲ့ အသံက ကောင်းထက် နားထဲ စူးစူးရဲရဲ တိုးဝင် ထိုးဆွ လာတယ်။  ဆွေးနေတဲ့ ထရံပေါက်ကြားက ယိုပေါက်ပြီး ကြမ်းပြင်ပေါ် ထောက်ဖြာ ကျနေတဲ့ နေခြည် အလင်းတန်းရဲ့ အရှည် အလျား ကို ကြည့်ပြီး ရှစ်နာရီခွဲပြီဆိုတာ သိလိုက်တာမို့ အိပ်ရာကနေ ကုန်း ရုန်းထ လိုက်မိတယ်။ ကိုယ်လက် မအီမသာ နည်းနည်း ဖြစ်နေတာ သတိပြုလိုက်မိပေမဲ့ ကိုးနာရီတိတိမှာ ရူပဗေဒ ဆရာမ ဒေါ်မေကြည် အချိန်တက်ရဦးမှာမို့ ကမန်းကတန်း...

Read more »

ညိုထက်ညို – ထူးဆန်းသော အိပ်မက်များ

November 14, 2014
ညိုထက်ညို  – ထူးဆန်းသော အိပ်မက်များ

ညိုထက်ညို  – ထူးဆန်းသော အိပ်မက်များ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၄ အနာဂတ် တွင် ဖြစ်ပျက်မည့် အကြောင်းအရာ များကို ကြိုတင် မြင်မက်သော အိပ်မက်များ အကြောင်း စာဖတ်သူများ ဖတ်ဖူးကြမည် ထင်ပါသည်။ သို့သော် ကိုယ်တွေ့ မြင်မက်ဖူးသူကား (အတိအကျ မသိသော်လည်း) အတော် ရှားပါး လိမ့်မည် ထင်ပါသည်။ ကျွန်တော် ကား သာမန် လူတစ်ယောက် မျှသာ ဖြစ်ပါသည်။ သို့သော် ထိုသို့ အနာဂတ် ကို အတိအကျ ပြောပြသည့် အိပ်မက်မျိုး ကျွန်တော့် ဘ၀ တွင် သုံးခါ မြင်မက် ခဲ့ဖူးပါသည်။ အချိန်မှာ ကျွန်တော် ကိုးတန်းတက်နေသော ၁၉၉၂ ခုနှစ် နှစ်လယ်ပိုင်း...

Read more »

ညိုထက်ညို – စိတ်ကိုစွဲလမ်းစေတတ်သော (အပိုင်း ၂) (၀တ္ထုတို)

October 16, 2014
ညိုထက်ညို – စိတ်ကိုစွဲလမ်းစေတတ်သော (အပိုင်း ၂) (၀တ္ထုတို)

ညိုထက်ညို – စိတ်ကိုစွဲလမ်းစေတတ်သော (အပိုင်း ၂) (၀တ္ထုတို) (မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၁၄ နောက်နေ့မနက်ကျတော့ သူ နန်းတို့ နှစ်ယောက်ကို Panorama တွင် ၀င်ခေါ်ပြီး ဘုရင့်နောင် နန်း အစ်ကိုဝမ်းကွဲအိမ်တွင် ဓာတ်ဆီဝင်ထည့်ကာ ဘုရင့်နောင် အကျော်က လက်ဖက်ရည်ဆိုင် တဆိုင်တွင် သူတို့ မုန့်ဟင်းခါး ၀င်စားကြသည်။ ပြီးတော့ ဘုရင့်နောင် တံတားကို ကျော်၍ ပုသိမ်ဘက်သို့ ထွက်ခဲ့သည်။ လမ်းတလျှောက်လုံး နန်း တို့ ညီအစ်မနှစ်ယောက် နှင့် သူ စကားပြောလာခဲ့သည်။ ကောင်းကင်မှာတော့ တိမ်တွေ ထူနေသည်။ ဗိုလ်မြတ်ထွန်း တံတားကြီးပေါ် သူတို့ ကားလေး ဖြတ်တော့ နန်းက ဟိုးအောက်က လှေကလေးတွေကို ငေးကြည့်နေတာ သူ...

Read more »

ညိုထက်ညို – စိတ်ကို စွဲလမ်းစေတတ်သော (၀တ္ထုတို)

October 12, 2014
ညိုထက်ညို – စိတ်ကို စွဲလမ်းစေတတ်သော (၀တ္ထုတို)

ညိုထက်ညို – စိတ်ကို စွဲလမ်းစေတတ်သော (၀တ္ထုတို) (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၄ ပန်းဆိုးတန်းထိပ်ရှိ Panorama ဟိုတယ်ဧည့်ခန်း ထဲတွင် သူ နန်းကို ပြန်တွေ့လိုက်ရတော့ စပို့ရှပ် အဝါနုရောင် ကလေးနှင့် ဘောင်းဘီ မီးခိုးရောင်ဖျော့ဖျော့ ကလေး ဝတ်ထားသော နန်းက ဟိုတုန်းကအတိုင်း ဖြူဖြူဖွေးဖွေး သေးသေးသွယ်သွယ်နှင့် ပခုံးစွန်းကျော်ကျော် ဆံနွယ်ကလေး တွေကို ရှေ့မှာ ချချ ထားတတ်သည့် အပြုံးသဲ့သဲ့ ကလေး တွေကို နှုတ်ခမ်း တွန့်ခေါက်တောင်တန်း ပန်းရောင် ကလေးတွေ ပေါ်မှာ အရိုးခံ လိမ်းကျံ ထားတတ်သော တရုတ်မ ကလေး ဖြစ်မြဲ ဖြစ်နေသည်။  နှစ်ကာလ အလွှာတွေက ပို့ချသည့် အနယ်အနှစ်တွေ နန်း အပေါ်...

Read more »

ဖိုးထက် – စိတ်အရောင် ပြောင်းစေတဲ့ ကွမ်းတယာ

September 19, 2014
ဖိုးထက် – စိတ်အရောင် ပြောင်းစေတဲ့ ကွမ်းတယာ

ဖိုးထက် – စိတ်အရောင် ပြောင်းစေတဲ့ ကွမ်းတယာ  မိုးမခ။ စက်တင်ဘာ ၁၉၊ ၂၀၁၄ “လ္ဘက်ထမင်း တပွဲ၊ မွှေကြော်မှောက်မယ်” “ပေါ့ဆိမ့်တခွက်၊ မုန့်လွတ်တပွဲ၊ လန်ဒန် ၂၀၀ ဖိုး နံပါတ် ၇ မှာ ရှိမယ်” “ရှမ်းတပွဲ၊ ဆီလျှော့၊ အချိုမှုန့်ရှောင်၊ ပဲနံပြားတပွဲ၊ ပဲမှာ အချိုမှုန့်ရှောင်မယ်ဟေ့ နံပါတ် ၉ မှာ” စားပွဲထိုးများ၏ အော်သံများ၊ ဆိုင်ရှင်ဖြစ်သူ၏ စီမံခန့်ခွဲ လောဆော်နေသံများ၊ စားသုံးသူများ၏ စကားသံများ ဆူဆူညံညံ အသံတွေ အကြားမှာ အချိုမှုန့်ရှောင်မယ်ဆိုသည့်သူများကို ကျွန်တော် စိတ်ဝင်စားသွားသည်။ အမျိုးသမီး နှစ်ယောက်။ ခပ်ငယ်ငယ်တွေ။ သြော်.. ကောင်းလေစွ။ တော်ပေစွ လို့ စိတ်ထဲက ချီးကျူးမိသည်။ အချိုမှုန့်ရှောင်ခိုင်းတာ ငါတယောက်တည်းမဟုတ်လို့...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်