ဝတ္ထုတို

ဝေမြင့်မောင် ● ဂျီမေလ်းတစောင် ဖွင့်ဖတ်ခြင်း

June 5, 2017
ဝေမြင့်မောင် ● ဂျီမေလ်းတစောင် ဖွင့်ဖတ်ခြင်း

ဝေမြင့်မောင် ● ဂျီမေလ်းတစောင် ဖွင့်ဖတ်ခြင်း (မိုးမခ) ဇွန် ၅၊ ၂၀၁၇ နံနက်ရောက်ပြီ။ နေရောင်ခြည်သည်  တောင်ကုန်းကြီးပေါ်မှ တဖြည်းဖြည်း ပေါ်လာသည့်အကြောင်းကို ကျနော် ပြောနိုင်ပါ သည်။ ပြတင်းမှန်ချပ်များမှတဆင့် နေရောင်ခြည်တန်းကလေးများ ကျနေသည်ကို ကျနော်မြင်နေရသည်။ ငှက်ကလေး တချို၏ တကျိကျိ မြည်သံကို မကြားရပါ။ ငှက်တို့၏ တေးသီသံမပါသောနံနက်ခင်းသည် မည်သို့သော အဓိပ္ပါယ်ဆောင် ပါသနည်း။ ကျနော်မသိပါ။ “ငှက်ဟာ တေးမသီဘူး။ လူတွေဟာ  အားတိုင်း ယားတိုင်း ငှက်တွေအော်ကြတာကိုများ တေးသီတယ်လေး ဘာလေး ပြော ကြတယ်” ထိုအသံမှာ ကျွန်တော့်အသံမဟုတ်ပါ။ ကျနော့်အနားတွင် မည်သူမျှ မရှိပါ။ အခန်းကလေးထဲတွင် ကျနော်တယောက်သာ ရှိသည်။ သို့သော် ထိုအသံကို ရှင်းရှင်းလင်းလင်းပီပီသသ ကြားရသည်။ အခန်းအပြင်မှ...

Read more »

မင်းကိုနိုင် ● လဝန်းမျက်နှာ ကြည့်တိုင်းသာ

June 5, 2017
မင်းကိုနိုင် ● လဝန်းမျက်နှာ ကြည့်တိုင်းသာ

မင်းကိုနိုင် ● လဝန်းမျက်နှာ ကြည့်တိုင်းသာ (မိုးမခ) ဇွန် ၅၊ ၂ဝ၁၇ ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူသည်။ `ငါအခု ဇာတ်​လမ်း​တွေကို မခံစားချင်​​တော့ဘူး။ ဒါ​ကြောင့်​ ဝတ္ထု​တွေကို မဖတ်​​တော့တာ´ ကျ​နော်​ မျက်​လုံးလှန်​ကြည့်​သည်​တွင်​ သူမက `ဘာလဲ ဝတ္ထုဆိုတာ ဇာတ်​လမ်းနဲ့ဖွဲ့ထားတာမဟုတ်​လို့ ဘာလဲ၊ ငါ့ကိုပြန်​​ပြောပါဦး´ ဟု ​မေးခွန်းထုတ်​သည်​။ ကျ​နော်​ မ​ဖြေဘဲ `နင်​က ဘာ​တွေဖတ်​ချင်​လို့လဲ´ ဟုသာ တိုးတိုးပြန်​​ပြောမေးရာ သူမ ​ခေတ္တစဉ်းစားသည်​။ ပြီးမှ … `ကြီးကျယ်​တယ်​လို့​တော့ မထင်​နဲ့ဟာ။ ခရီးတစ်​ခု​ပေါ့ ဘယ်​လိုသွားရလဲဆိုတဲ့ ခရီးသွားနည်းမျိုး​ပေါ့။ ဒါကိုပဲ စိတ်​ဝင်​စား တယ်​၊ ငါဆိုလိုတာ နင်​နားလည်​မှာပါ´ ကျ​နော်​ ​ခေါင်းယမ်းလျက်​ ပြုံးပြလိုက်​ပြီး `ငါ ရိုးရိုးပဲ နားလည်​တယ်​။ ​ဒေသန္တရ...

Read more »

ခင်ဇော်မိုး ● အပူလှိုင်းအားကြီး​သော ဇုန်​တ​နေရာ

June 3, 2017
ခင်ဇော်မိုး ● အပူလှိုင်းအားကြီး​သော ဇုန်​တ​နေရာ

ခင်ဇော်မိုး ● အပူလှိုင်းအားကြီး​သော ဇုန်​တ​နေရာ (မိုးမခ) ဇွန် ၃၊ ၂၀၁၇ အပူသံလျှပ်​​တွေက ​လေထုထဲမှာမီးညွှန့်​မီး​တောက်​များလို တရိပ်​ရိပ်​တက်​​နေသည်​။ ​မေလသည်​ အပူပြင်းဆုံးကာလလည်း ဖြစ်​၏။ လမ်းတလျှောက်​ ​ဝဲယာမှသစ်​ပင်​ငယ်​များသည်​လည်း အရိုးကျဲကျဲ၊ သွားချဲချဲနှင့်​လူရိုးစုများရပ်​​နေသလား ​အောက်​​မေ့ရသည်​။ တချို့သစ်​ပင်​များက​လည်း ပုရစ်​ဖူးသစ်​ရွက်​​လေးများ ​ခေါင်းပြူ နေကြ​လေပြီ။ ​​လေပူများက တကိုယ်​လုံးကို ပွတ်​တိုက်​ဆွဲ​နေ၏။ ဒီလို​နေပူပြင်းပြင်းမှာ  မိုင်​နှစ်​ဆယ်​​ကျော်​​ဝေး​သောခရီးကို ဆိုင်​ကယ်​စီးပြီးသွားရသည်​မှာ အမှန်​တကယ်​ပင်​ပန်းသည့်​အလုပ်​လည်းဖြစ်​သည်​။ ​ကွေ့ပတ်​လိမ်​လည်​​နေသည့်​လမ်းနှင့်​ တသားတည်းကျ​အောင်​ ​မောင်းနှင်​​နေရသည်​မှာ ငယ်​ငယ်​က ပုရွက်​ဆိတ်​​ကြောင်း လိုက်​ကြရသလို။ တခါတလေ ခက်​ခဲသည်​။ လက်​ညှိုးက​လေးဖြင့်​​ထောက်​ကာလိုက်​​သော ပုရွက်​ဆိတ်​​ကြောင်းက လွဲ​ချော်​ပါမူ ဒူးငါးချက်​​ခေါက်​ခံရမည်​ထက်​မပို။ ယခုလိမ်​လည်​​ကွေ့ဝိုက်​​သော လမ်းကို​ချော်​သွားပါက ​သေ​လေမလား။ ကျိုးသွား​လေမလား။ တခုမဟုတ်​ တခု​သေချာ​ပြီးသား။ ကတ္တရာ​စေးသုတ်​လိမ်းထား​သော လမ်းကလည်း ​​နေအပူရှိန်​​​ကြောင့်​ ကားဘီး၊ ဆိုင်​ကယ်​ဘီးများ ​ဗျစ်​​ဗျစ်​စုတ်​​အောင်​ပင်​...

Read more »

ကျော်ထင် ● ကျုပ်သေပြီ

June 3, 2017
ကျော်ထင် ● ကျုပ်သေပြီ

ကျော်ထင် ● ကျုပ်သေပြီ (မိုးမခ) ဇွန် ၃၊ ၂ဝ၁၇ (တစ်) ကျုပ်ကိုယ်ကျုပ် သေတယ်လို့သိလိုက်ချိန်မှာ ကျုပ်ဘေးမှာ ထိုင်နေတဲ့ သာအလတ်ကောင်က ပြတင်း ပေါက်နားမှာထိုင်နေတဲ့အငယ်ကောင်ကို မျက်စပစ်ပြတယ်။ ကျုပ်သေပြီဆိုတဲ့ သဘောပေါ့။ အငယ်ကောင် ပျာယာပျာယာထလာပြီး ကျုပ်ကို ဟိုစမ်းဒီစမ်းလုပ်တယ်။ ဟုတ်တယ်၊ အသက်မရှိတော့ဘူးလို့လည်း တိုးတိုးဖွဖွ ပြောသေးတယ်။ နာ့စ်မလေးတွေကို အ ကြောင်းကြားရအောင်ဆိုပြီး ညီအစ်ကိုနှစ်ယောက်စလုံး ထွက်သွားကြတယ်။ ကျုပ်ကိုယ်ထည်ကြီးကိုထားခဲ့ပြီး ထွက်သွား ကြတာ။ ကျုပ်လည်း သူတို့ဗနာက်က လိုက်သွားတယ်။ နာ့စ်မလေးတွေနဲ့တွေ့တော့ လူမမာဆုံးပြီ လာကြည့်ပါဦးလို့ ပြောတယ်။ ထူးဆန်းတာက မသေခင်ကဆို အဲ့လောက်လေးသံ တိုးတိုးလေးတွေကို ကျုပ်ကကြားတာမဟုတ်ဘူး။ ကျုပ်က တော်တော်နားလေးတယ်။ ခုတော့ သူတို့လေသံတိုးတိုးနဲ့ပြောတာတွေကို အကုန်ကြားနေရတယ်။ န်ာစ်မလေးတွေ အကုန်ပျာယာပျာယာဖြစ်ကုန်ပြီးတော့ ဆရာဝန်လေးတွေကို...

Read more »

ခိုင်အေး ● ဒီလမ်းကနေ ပြန်တဲ့အခါ

May 30, 2017
ခိုင်အေး ● ဒီလမ်းကနေ ပြန်တဲ့အခါ

ခိုင်အေး ● ဒီလမ်းကနေ ပြန်တဲ့အခါ (မိုးမခ) မေ ၃ဝ၊ ၂ဝ၁၇ ကိုယ်က ရာဇဝင်ထဲက အိုးလည်းမဟုတ်ပါဘူး။ ရာဇဝင်တွင်မယ့် အိုးလည်းမဟုတ်ပါဘူး။ ခေါမက ကျောက်အိုးကွဲလည်း မဟုတ်ပါဘူး။ စိနတိုင်းက လက်ရာမြောက်ကြွေပန်းအိုးလည်း မဟုတ်ရပါဘူး။ ဧည့်ခန်းဆောင်မှာ ငေးမောကြည့်ရှုကြရတဲ ပန်းအလှအိုးလည်း မဟုတ်ပါဘူး။ ပေါက်တဲ့အိုးလည်း မဟုတ်ပါဘူး။ လှုပ်တဲ့အိုးလည်း မဟုတ်ပါဘူး။ လမ်းနံဘေးရေချမ်းစင်က အိုးလည်းမဟုတ်ရပါဘူး။ အိမ်တိုင်းမှာရှိတဲ့ မရှိမဖြစ် သောက်ရေအိုးလည်းမဟုတ်ရပါဘူး။ အညတြအိုးလေးတလုံးပါ။ အထင်တော့ မသေးလိုက်နဲ့နော်။ အိုးတော့ အိုးပါပဲ။ ဒါပေမဲ့ မိသားစုတစုရဲ့မီးဖိုချောင်စရိတ်ကိုအတိုင်းအတာတခုထိ ဖြည့် ဆည်းပေးနေတဲ့အိုးလေးပါ အဲဒီအတွက် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတယ်။ ဂုဏ်ယူတယ်။ ဒီခေတ်ကြီးထဲမှာ မီးဖိုချောင် စရိတ်ဆိုတာလည်း သိတယ်မဟုတ်လား။ လွယ်တာမှတ်လို့။ ကိုယ်က အဲဒီတာဝန်ကို ထမ်းနေရတာ။ ကြီးကြီး...

Read more »

မြဇင်ယော် ● ကိုယ့်​မှာတည်

May 28, 2017
မြဇင်ယော် ● ကိုယ့်​မှာတည်

မြဇင်ယော် ● ကိုယ့်​မှာတည်​ (မိုးမခ) မေ ၂၈၊ ၂၀၁၇ စာအုပ်​ဆိုင်​​တွေ​ရောက်​လို့ တချို့ဆို​င်​​တွေက “ဘာစာအုပ်​လိုချင်​တာလဲ” ​မေးရင်​ စိတ်​ကသိက​အောက်​ ဖြစ်​မိတယ်​။ ကိုယ်​က ဘာစာအုပ်​ဝယ်​မယ်​လို့ ရည်​ရွယ်​ပြီးသွားတာ မဟုတ်​ဘူး​လေ။ ဆိုင်​ထဲ​ရောက်​မှ စိတ်​ဝင်​စားတဲ့စာအုပ်​​တွေ့ရင်​ အမြည်း ဖတ်​ကြည့်​၊ ကြိုက်​ရင်​ သုတစာအုပ်​ဖြစ်​ဖြစ်​ ရသစာအုပ်​ဖြစ်​ဖြစ်​ ယူလိုက်​တာပဲ။ ကိုယ်​သ​ဘောကျတဲ့ စာ​ရေးဆရာ​တွေရဲ့ စာအုပ်​​တွေ​တွေ့ရင်​ အမြည်းဖတ်​မ​နေ​တော့ဘဲ မဖတ်​ဖူး​သေးတာ အကုန်​ယူလိုက်​တာပဲ။ အဲ့ဒီလိုဆို​တော့ ​စော​စောက​မေး ခွန်းအတွက်​ အ​ဖြေက မရှိဘူး။ ပြန်​မ​ပြောလို့ကလည်း မဖြစ်​​တော့ “မသိ​သေးဘူး၊ ကြည့်​ပြီးမှသိမှာပဲ” လို့ အရိုးခံအတို​င်း​ဖြေလိုက်​ရင်​ သူတို့လည်း ​ကျေနပ်​ပုံမရဘူး။ စိတ်​အ​နှောင့်​အယှက်​အဖြစ်​ဆုံးက​တော့  ကိုယ်​စာအုပ်​​ရွေး​နေစဉ်​မှာ ​နောက်​က တ​ကောက်​​ကောက်​လိုက်​ကြည့်​​နေခြင်းပါ။ ကိုယ်​က စာဖတ်​ရတာ စာအုပ်​​ရွေးရတာ မလွတ်​လပ်​​တော့ဘူး။ ​စောင့်​ကြည့်​တာကို ခံ​နေရတယ်​။...

Read more »

ကျော်ထင် ● ဘူတာ

May 27, 2017
ကျော်ထင် ● ဘူတာ

ကျော်ထင် ● ဘူတာ (မိုးမခ) မေ ၂၇၊ ၂ဝ၁၇   ရထားကြီးစီးပြီး ခရီးထွက်ဖို့ ဘူတာရုံကို မနက်အစောကြီး ရောက်သွားတယ်။ သန့်သန့်ပြန့်ပြန့် လင်းလင်းရှင်းရှင်း ဘူတာ ရုံစင်္ကြံ (၁) ကို ကျော်ဖြတ်ပြီးတော့ ခပ်မှောင်မှောင်ခပ်ချောင်ချောင်စင်္ကြံဘက်ကို အဖေက ခေါ်သွားတယ်။ စင်္ကြံ (၃) တဲ့။ အမေပါတယ်။ ကျနော့်ညီ နှစ်နှစ်သားလေးပါတယ်။ သူက ညာဘက်ခါးစောင်း။ ကျနော်က အမေ့လက် ဘယ်ဘက်ကိုဆွဲလို့ သံလမ်းနှစ်ခုကို ကူးရတယ်။ အမေက မြန်မြန်လာလို့ လောဆော်တယ်။ အန္တရာယ်တခုခုရှိလို့နေမှာပဲလို့ဆိုတဲ့ ကြောက်စိတ်နဲ့ သံလမ်းနှစ်ခုကို ဖြတ် ကျော်ခဲ့တယ်။တကယ်ကတော့ သွားတုန်းလာတုန်း ရထားလာမှာကို ကြောက်တာပါ။ ဒါပေမဲ့ ရထားက မလာပါဘူး။ ဟို ဘက်လမ်းတွေမှာသာ သွားလာနေကြတာ။ ပစ္စည်းစ္စယတွေ...

Read more »

မောင်နောင်မွန် ● အခန်းမှားဝင်တဲ့ ခြင်တကောင်အကြောင်း

May 26, 2017
မောင်နောင်မွန် ● အခန်းမှားဝင်တဲ့ ခြင်တကောင်အကြောင်း

မောင်နောင်မွန် ● အခန်းမှားဝင်တဲ့ ခြင်တကောင်အကြောင်း (မိုးမခ) မေ ၂၆၊ ၂ဝ၁၇ အခန်းအပြင်ဘက်ကိုပျံသန်းထွက်ဖို့ အားယူနေ ဆဲအချိန်မှာပင် မျက်လုံးတွေ ဝေဝါးလာသည်။ အရာရာကို အခိုး အငွေ့သာမြင်နေရသည်။ ကမ္ဘာကြီးသည် ချာချာလည်နေချေပြီ။ တကယ်တော့ ကျနော်သည် အတ္တကို ရှေ့တန်းတင်လေ့ရှိသည့် တောင်ပံခတ်သတ္တဝါတကောင်ဟု ဆိုချင်ဆိုနိုင်သည်။ ဘဝ သုံးခုကို ပိုင်ပိုင်နိုင်နိုင်ဖြတ်ကျော်ခဲ့ရတဲ့ ကျောရိုးမဲ့ တနည်းအားဖြင့် အင်းဆက်ပိုးလေးတကောင်။ ကျနော်တို့မျိုးရိုးစဉ်ဆက်ကလား။ တခါတရံ ပန်းဝတ်ရည်တွေကိုစားသုံးတတ်တာမျိုးရှိသလို တခါတရံတော့ ဝတ်ရည်ချိုအီ တို့ရဲ့ ဆန့်ကျင်ဘက် အသွေးတွေကိုစုတ်ယူစားသုံးတတ်သူများပေါ့။ ဒါပေမဲ့ ကျနော်တို့ဟာ မစင်ကြယ်တဲ့ လာဘ်လာဘ လိုဟာမျိုး ဘယ်သောအခါမှ မစားတတ်ခဲ့ချေ။ ကိုယ့်ဝမ်းစာအတွက် ကိုယ့်အသက်နဲ့ လဲယူစွန့်စားရတဲ့ သမာအာဇီဝ သန့်သန့်နဲ့သာ အသက်ရှင်ရပ်တည်နေတဲ့ မျက်လုံးပြူးပြူး တောင်ပံတပ်သတ္တဝါမျိုးတွေပါ။ ကျနော်တို့ဦးခေါင်းထဲက...

Read more »

မောင်တမ်းတ ● တခုသော အသုဘ

May 23, 2017
မောင်တမ်းတ ● တခုသော အသုဘ

မောင်တမ်းတ ● တခုသော အသုဘ (မိုးမခ) မေ ၂၃၊ ၂၀၁၇ အဲဒီနေ့ နေ့လယ် တစ်ချက်ခွဲ လောက်မှာ ကျနော်မအူကုန်းထိပ်က ဝပ်ရှော့ဆရာ ကိုဦးဆီကို ကားပစ္စည်းရှာဖို့ ကိစ္စတခုနဲ့ ထွက်လာခဲ့ပါတယ်…. ကိုဦးရဲ့ ဝပ်ရှော့ကိုaရာက်တော့ ကိုဦးအိမ်ထဲက ထွက်လာတယ်…. ပြီးတော့ ဆီချေးတွေပေနေတဲ့ တီရှပ်ကိုချွတ်ပြီး ကိုဦး အင်္ကျီတထည် ကောက်စွပ်တယ်…. ပြီးတော့ ကိုဦးနဲ့ ကျနော်အင်ဂျင်ကိုင်နေတဲ့ ကျနော့် CI Ex Saloon လေးအတွက် လိုတဲ့ ကားပစ္စည်းတွေဝယ်ဖို့ ဘုရင့် နောင်ဈေးကို ထွက်ခဲ့ကြပါတော့တယ်….။ သမိုင်းနားကိုရောက်တော့ ကိုဦးက ဘီယာလေး တစ်ခွက် နှစ်ခွက်လောက် အရင် သောက်လိုက်ရင် ကောင်းမယ်တဲ့ …. ဒါနဲ့ပဲ ကျနော်လည်း ရှေ့မှာတွေ့တဲ့...

Read more »

စန်းသူ့မောင် – ရင်ထဲက ရွာတန်းရှည် (၂)

May 23, 2017
စန်းသူ့မောင် – ရင်ထဲက ရွာတန်းရှည် (၂)

ပန်းချီ မမွှေးရဲ့ ဖေ့စ်ဘွတ်မျက်နှာက ကူးယူဖော်ပြပါတယ် စန်းသူ့မောင် – ရင်ထဲက ရွာတန်းရှည် (၂) (မိုးမခ) မေ ၂၃၊ ၂၀၁၇ ဒီနေ့ကလေးတွေကို ကြည့်မိတော့ ကျွန်မ ကရုဏာသက်မိသည်။ အထူးသဖြင့် တိုက်ခန်းလေးများတွင် နေထိုင်ရသော ကလေးများကိုမြင်လျှင် ပိုဆိုးသည်။ ကျွန်မတို့၏ငယ်ဘဝ ကံကောင်းလေစွဟု ခံစားမိသည်။ တကယ်တော့ ကျွန်မတို့မိသားစုသည် လက်လုပ်လက်စားမျှသာ။ သို့သော် ကျွန်မတို့သည် ကိုယ်ပိုင်ပျဉ်ထောင်အိမ် လေးနှင့် ကိုယ်ပိုင်ခြံကြီးထဲတွင် ကြီးပြင်းခဲ့ရသည်။ နေထိုင်စားသောက်မှုက အကောင်းစားကြီးမဟုတ်သည့်တိုင် ကလေးတို့ဘဝအတွက် အတောင့်တဆုံးဟု ကျွန်မယူဆမိသည့် ကစားစရာနေရာနှင့် ကစားဖော်များ စုံစုံလင်လင် ရှိလှသည်။ ကျွန်မတို့ ရွာတန်းရှည်ရွာလေး၏ သဘာဝခြံစည်းရိုးများက ကျွန်မတို့ကစားကွင်းကို အဆုံးသတ်မဲ့ ကျယ်ဝန်း စေခဲ့သည်။ ဝါးပင်၊ ပုဏ္ဏရိက်ပင်တို့ဖြင့်ပြီးသော ခြံစည်းရိုးများကို ဖြတ်သန်းပြေးလွှား၍...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်