ဝတ္ထုတို

စန်းသူ့မောင် – ရင်ထဲက ရွာတန်းရှည် (၁)

May 3, 2017
စန်းသူ့မောင် – ရင်ထဲက ရွာတန်းရှည် (၁)

ပန်းချီကား – မမွှေး၊ သူ့ဖေ့စ်ဘွတ်က ယူပါတယ် စန်းသူ့မောင် – ရင်ထဲက ရွာတန်းရှည် (၁) (မိုးမခ) မေ ၃၊ ၂၀၁၇ ကျွန်မတို့ရွာလေးကို ရွာတန်းရှည်ဟုပြောလျှင် သိသူနည်းသွားခဲ့ပြီ။ ပြေစာများတွင် ”ဦးလွန်းမောင်လမ်း”ဟုသာ တွင်လာခဲ့ပြီ။ ကျွန်မတို့ငယ်စဉ်ကဆိုလျှင် Ywadashe ဟု သုံးခဲ့ဖော်ပြခဲ့သည်။ အဖေ့မိတ်ဆွေတစ်ဦးကဆိုလျှင် Ywadashe ဆိုတော့ ဘယ်ကိုဆိုမှန်းမသိဘူး။ ရွာတန်းရှည်ဆိုတော့မှ ကိုယ်နဲ့ရင်းနှီးနေတဲ့လမ်းပဲဆိုတာ သိတော့တယ် ဟု ပြောဖူးသည်။ တေးသံရှင် မျိုးကျော့မြိုင်၏ ”ကျွန်တော့်နာမည် မျိုးကျော့မြိုင်” သီချင်းပေါ်လာခဲ့သည်တွင်မတော့ (၇) မိုင်ဟုသာ လူသိများသွားပြီ ဖြစ်ပါသည်။ တကယ်တော့ ကျွန်မတို့ ရွာကလေးအပါအဝင် (၇) မိုင်၊ (၈) မိုင်၊ (၉) မိုင် တစ်ဝိုက်ရှိ ရွာအတော်တော်များများ သည်...

Read more »

မင်းကိုနိုင် ● ရပ်နေသော ကျောက်တုံး

May 2, 2017
မင်းကိုနိုင် ● ရပ်နေသော ကျောက်တုံး

မင်းကိုနိုင် ● ရပ်နေသော ကျောက်တုံး (မိုးမခ) မေ ၂၊ ၂၀၁၇ ကိုမင်းကိုနိုင်၏ လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူဖော်ပြပါသည်။ ကျနော် ၉ တန်းဖြေပြီး နွေရာသီမှာ အဖေက ကြက်တောင်ရိုကသင်တန်းတက်စေသည်။ သင်တန်းဆင်းတော့ ကျနော်တို့ ဆယ်ကျော်သက်တွေမှာ အတောင်ပေါက်စ အကောင်ဗလောင်လေးတွေလို တဖျပ်ဖျပ်ခုန်နေကြသည်။ လူကြီးတွေက ပြိုင် ပွဲစီစဉ်ပေး၏။ ပြိုင်ပွဲသာဆိုရသည် ဘာဆုမှချီးမြှင့်မည်မဟုတ်။ ကြက်တောင်ဗူး ကလေးတွေရလျှင်ပင်ကံကောင်း။ တကယ် က လက်ရည်စမ်းသည့်သဘော၊ကျနော်တို့ ချာတိတ်တွေ ချာတိတ်မတွေက ဟန်တကြွကြွရှိကြပြီ။ အခက်အခဲက လူကြီးတွေရင်ဆိုင်နေရ၏။ ပွဲစဉ်ဇယားဆွဲတော့ ကျား/မ အမျိုးအစားမညီ။ သင်တန်းတက်ကြကတည်းက မိန်းကလေးကနည်းနေတာဆိုတော့ ကျားနှစ်ယောက်ကွဲလွဲစွာ ပြဿနာမရှိပေမယ့်၊ ကျား/မနှစ်ယောက်တွဲ ပွဲစဉ်အတွက် ကျားတွေအများကြီးပိုနေ၏။ လူငယ်တွေက ပွဲဝင်ချင်လှပြီ။ ဘာလုပ်ရမှန်းမသိသည့်အခါ ကြုံရာမရသည့် အဆုံး၊ လူကြီး...

Read more »

မြဇင်ယော် ● လူဆိုသည့် သူ

May 2, 2017
မြဇင်ယော် ● လူဆိုသည့် သူ

မြဇင်ယော် ● လူဆိုသည့် သူ (မိုးမခ) မေ ၂၊ ၂၀၁၇ facebook ​ပေါ်တွင်​ post တခု ​တွေ့ရဖတ်​ရပါသည်​။ သူငယ်​ချင်းတယောက်​၏​ခွေး​လေး နာ​ရေးသတင်း။ “သားလေး​ရေ…အခုလို ရုတ်​တရက်​ခွဲခွာသွားတာ အရမ်းပဲဝမ်းနည်း​ကြေကွဲရပါတယ်​။ သား​လေးကိုရည်​စူးပြီး ပြုခဲ့သမျှ ကောင်းမှုကုသိုလ်​​တွေကို သာဓု​ခေါ်ပါ။ အမျှ… အမျှ …အမျှ သား​လေး​ရေ” တဲ့။ “သားလေးရဲ့နာ​ရေးသတင်းကို လာ​မေးကြသူများ” တဲ့။ ဓာတ်​ပုံနှင့်​တင်​ထားပါသည်​။ ထိုဓာတ်​ပုံ​လေးကိုကြည့်​ရင်း သူ့ကိုသတိရမိသည်​။ ​နောက်​ တစ်​လကြာ​သောအခါ  ထိုသူငယ်​ချင်းက Post တစခု ထပ်​တင်​ပါသည်​။ “ဒီ​နေ့ သားလေးဆုံးတာ တလပြည့်​ပြီ၊ ​နေ့စဉ်​နှင့်​အမျှ သတိရဆဲပါ သားလေးရယ်။ ချစ်​စရာ​ကောင်းတဲ့သား​လေးရဲ့ ပုံရိပ်​​တွေကို​ တနေ့မှ ​မေ့မရပါဘူး သား​လေးရယ်​” တဲ့။ တလမျှကြာပြီး​သော ယခုအချိန်​တွင်​ သူ့ကို...

Read more »

သူသူမေ (မော်ကျွန်း) ● အဖေနှင့် ကျမကြား ကာလယန္တရား

April 23, 2017
သူသူမေ (မော်ကျွန်း) ● အဖေနှင့် ကျမကြား ကာလယန္တရား

သူသူမေ (မော်ကျွန်း) ● အဖေနှင့် ကျမကြား ကာလယန္တရား (မိုးမခ) ဧပြီ ၂၃၊ ၂၀၁၇ အဖေသည် ကျမ​အားလူ့လောကသို့အလည်ခေါ်ခဲ့သည့် လကိုကားမသိပါ။ ကျ​မထင်သည်မှာ ၁၉၈၇ ခုနှစ် ပိုင်းက ဖြစ်လိမ့်မည်။ ကျမကိုမွေးတော့ အရေးတော်ပုံဖြစ်ပြီးလများဖြစ်သည်ဟုတော့ ပြောသည်။ ​ယေဘုယျ အားဖြင့်ပြောကြသည် မှာတော့ ၁၉၈၈ ခုနှစ်တွင် မွေးဖွားသူများအားလုံးကို ၈ လေးလုံးလူထုအရေးတော်ပုံနှစ်တွင် မွေးသူများဟု လူကြီးများ သ မုတ်ကြသည့်စကားကို ကျမမှာမူ မမေ့နိုင်စွာ အမွေဆက်ခံ သမုတ်လျက်ရှိပါသည်။ ကျမ၏ ကျောင်းနေဖော်သူငယ်ချင်းများကြားတွင်လည်း ၁၉၈၈ ခုနှစ်မွေးဖွားသူဟု ကြားမိသည်နှင့် မိမိတို့ အ​ရေးအခင်းနှစ်ဖွားအတူတူဖြစ်ကြောင်း အရင်ဆုံး ကျမမှ မှတ်ချက်ပေးတွေးတောပြောဆိုတတ်သူဖြစ်သည်။ အဖေသည် ကျမ​လူ့လောကသို့ ရောက်ပြီးနောက်ပိုင်းလများတွင် ဖခင်တဦးဖြစ်ကြောင်း သူ၏ကိုယ်အမူအရာ နှုတ်အမူအရာ များနှင့်...

Read more »

ကျော်ကျော် (မြရည်စမ်း) ● ကျနော် ၅၁၂

April 20, 2017
ကျော်ကျော် (မြရည်စမ်း) ● ကျနော် ၅၁၂

ကျော်ကျော် (မြရည်စမ်း) ● ကျနော် ၅၁၂ (မိုးမခ) ဧပြီ ၂၀၊ ၂၀၁၇ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်များ မကြာခဏထုတ်လေ့ရှိသောခေတ်ကြီးထဲတွင် ကျနော်ဆယ်တန်းအောင်ခဲ့ပါ သည်။ တက္ကသိုလ်တက်သောအခါတွင် ဥပဒေဘာသာရပ်ကိုသာ ရွေးချယ်ခဲ့ပါသည်။ သို့သော် တက္ကသိုလ်တတိယနှစ် အရောက်တွင် ဥပဒေကျောင်းသားဘဝကို စွန့်ခွာခဲ့ရသည်။ ရင်နာနာနှင့် စွန့်ခွာခဲ့ရခြင်းဖြစ်သော်လည်း အကြောင်းတရားက ဇဝေဇဝါ။ ‘မင်းကွာ ဥပဒေမဲ့နေတဲ့ခေတ်ကြီးမှာများ ဥပဒေသင်နေသေးတယ်’ ဟူသောစကားဖြင့် သရော်လေ့ရှိသည့် သူငယ်ချင်းစကား ကိုများ နားယောင်မိလေသလားဟု စိတ်မှာဝိုးတဝါး။ ထိုသို့လည်း  မဟုတ်တန်ရာ၊ ပိုက်ဆံအကုန်မခံနိုင်တော့၍သာ ဖြစ်တန်ရာ၏။ အပြင်ဆောင်ငှား၊ လမ်းဘေးထမင်းစားဘဝကို ကျောင်းသူကျောင်းသားအများစုသည် လက်ဆင့်ကမ်း အမွေအနှစ်အဖြစ် ယနေ့ထိ လက်ခံယူနေရဆဲ။ ‘မင်းကရော ဒေါက်တာမြင့်မောင်လို သစ္စာတည်နိုင်လို့လား’ ဟု ကျနော် ပြန်ပက်လိုက်တိုင်း  စိတ်ကောက်ကာ  ၇၃...

Read more »

ခင်ဇော်မိုး ● စာကြည့်တိုက်ကလေး

April 14, 2017
ခင်ဇော်မိုး ● စာကြည့်တိုက်ကလေး

ခင်ဇော်မိုး ● စာကြည့်တိုက်ကလေး (မိုးမခ) ဧပြီ ၁၄၊ ၂၀၁၇ စိမ်းနုရောင်ဆေးများသုတ်လိမ်းထားပြီးစ ကျွန်တော့်ကိုယ်ထည်ဟာ သစ်လွင်လှပနေမည်ဟု ထင်ပါသည်။ စိမ်းပြာရောင် ဖောက်ဆိုးထားသည့် တံခါးရွက်လေးများကလည်း ကျွန်တော်နှင့် လိုက်ဖက်နေပါလိမ့်မည်။ ကျွန်တော့်ကိုယ်ထည်ကို ကျွန် တော်ပြန်ကြည့်ရင်း ကျေနပ်နေတာအမှန်။ ဒါပေမယ့် ကျွန်တော်ဟာ ကြီးကျယ်ခမ်းနားသည့် နတ်နန်းသဖွယ် အိမ်ဂေဟာ လည်းမဟုတ်။ ကျောင်းတော်ကြီးလည်းမဟုတ်။  ကျွန်တော်ဟာ ကျေးရွာငယ်လေးတရွာမှာရုပ်လုံးပြခွင့်ရသည့် စာကြည့် တိုက်လေးတခုသာ။ ရွာငယ်ကလေးမှာဆိုပေမယ့် ကျွန်တော်မျက်နှာမငယ်ရ။ ကျွန်တော့်တွက်ပျင်းရိရလွန်းသည့် အချိန်ဆိုတာ စနေ၊တနင်္ဂနွေများ သာ။ ထိုရက်တွေမှာ ကျွန်တော်ပြုံးပြချင်ပေမယ့် ပိတ်စေ့ထားသည့် ပင်မတံခါးချပ်ကြီးနှင့်ပြတင်းတံခါးလေးတို့ကြောင့် ကျွန်တော့်မှာ ငြိမ်သက်စွာ။ ပိတ်ထားမှန်းသိပါရက်နှင့် လှမ်း၍ကြည့်ကြသည့် ကလေးများနှင့်လူကြီးများက ကျွန်တော့်စိတ်ကို မရိုးမရွဖြစ်စေပါသည်။ တနင်္လာမနက်ခင်း၏ နေခြည်ဦးဟာ ပိုပြီးလှပနေသည်ဟု ကျွန်တော်ထင်သည်။ ကျွန်တော့်ရင်အစုံမှ ဇစ်ကဲ့သို့ပါရှိသည့်...

Read more »

နရီမင်း ● လမ်းလျှောက်အရုပ်

April 11, 2017
နရီမင်း ● လမ်းလျှောက်အရုပ်

နရီမင်း ● လမ်းလျှောက်အရုပ် (မိုးမခ) ဧပြီ ၁၁၊ ၂ဝ၁၇ ရန်ကုန်မြို့တော်ကို လမ်းလျှောက်အရုပ်များ၊ ဘီးလိမ့်ယန္တရားများ၊ ရောင်စုံကျောက်တုံးများနှင့် ဖွဲ့စည်းထားကြောင်း သူငယ် ချင်းတဦးက ပြောခဲ့သည်။ (ကျွန်တော့်အထင်) ဤမျှအသက်ဝင်သောမြို့အား ထိုမျှအသက်မဲ့အောင် ခံစားပြသော သူငယ် ချင်း၏ စကားက အံ့သြဖွယ်ကောင်းလောက်အောင် ရုပ်ဆန်လွန်းနေသည်။ တောဘုရားပွဲ တခုကဲ့သို့ ရှုပ်ထွေးနေသော ရန်ကုန်မြို့လယ်ကောင် ပလက်ဖောင်းတခုပေါ် အခြားသော လမ်းလျှောက် အရုပ်များကို တိုးဝှေ့ရှောင်တိမ်းလျက် ကျွန်တော်နှင့် သင်းသင်းတို့ လမ်းလျှောက်လာကြသည်။ ကျွန်တော်တို့ဌာနတွင် သင်းသင်းနှင့် နှင်းနှင်းဟုခေါ်သော ဆရာမနှစ်ယောက် ရှိသည်။ ကျွန်တော်နှင့်အတူ လမ်းလျှောက်လာသော သင်းသင်းမှာ ထိုညီမနှစ်ယောက်ထဲမှ တယောက်မဟုတ်ပါ။ ထိုသို့ပြောရခြင်းမှာ ထိုညီမနှစ်ယောက်ထဲမှ သင်းသင်းက “ရှင်နဲ့ကျွန်မ ဘယ်တုန်းက အတူတူ လမ်းလျှောက်ဖူးလို့လဲ” ဟုဆိုကာ...

Read more »

ရွှေပိုးအိမ် (ပဲခူး) ● စိတ်ဖြေ ရုပ်ထုများ

April 10, 2017
ရွှေပိုးအိမ် (ပဲခူး) ● စိတ်ဖြေ ရုပ်ထုများ

ရွှေပိုးအိမ် (ပဲခူး) ● စိတ်ဖြေ ရုပ်ထုများ (မိုးမခ) ဧပြီ ၁ဝ၊ ၂ဝ၁၇ သူ့ခြေရင်းမှာ ကြွေကျနေတဲ့ သစ်ရွက်ခြောက်ကလေးတွေကို ငေးတယ်။ ပြီးတော့ ဘိုးတော်တပါးရဲ့ပုံသဏ္ဍာန်နဲ့ရုပ်ထုဟာ ဓာတ်နန်းဟောင်းလေးထဲမှာ အေးအေးဆေးဆေး ဆေးလိပ်ဖွာနေ တော့ တယ်။ ဓာတ်နန်းဟောင်းလေးရဲ့ အမိုးထောင့်စွန်းလေးတွေမှာတော့ ပင့်ကူမျှင်တွေဟာ လိမ်ကောက် ယှက်သန်းလို့ပေါ့။ ညောင်ပင်ကြီးရဲ့အရိပ်အာဝါသအောက်က ဘိုးတော်ဓာတ်နန်းလေးဟာ ဟောင်းနွမ်းပေမယ့် အေးအေးလူလူရှိ နေပါတယ်။ ကိုးကွယ်ယုံကြည်မှု တော်တော်များများကို နေ့စဉ်ရက်ဆက်ဆိုသလို ကြုံတွေ့နေရပေမယ့် ရုပ်ထုဟာ ငြိမ်ငြိမ်သက်သက် မတုန်မလှုပ်ပါပဲ။ ကြာလာတော့ ငြီးငွေ့ဖွယ်ရာတောင် ဖြစ်လာသေးတယ်။ ကိုးကွယ်ယုံကြည်မှုတွေရဲ့ဇစ်မြစ်ဟာ အ ကြောက်တရားက စလာတာဆိုလျှင် ဘာကိုကြောက်လို့ ဘာအတွက်ကိုးကွယ်မှု လုပ်နေကြပါသလဲလို့ ရုပ်ထုဟာ မကြာ ခဏဆိုသလို တွေးနေမိတယ်။ ရုပ်ထုကိုယ်တိုင် သူ့ရဲ့နာမ်တရားဖြစ်တဲ့ ဘိုးတော်အကြောင်းကို...

Read more »

နိုင်ဝင်းသီ ● ည​မွှေးပန်းဗျစ်​ဆိုင်

April 9, 2017
နိုင်ဝင်းသီ ● ည​မွှေးပန်းဗျစ်​ဆိုင်

နိုင်ဝင်းသီ ● ည​မွှေးပန်းဗျစ်​ဆိုင်​ (မိုးမခ) ဧပြီ ၉၊ ၂၀၁၇ (တ​စ်) “စာ​ရေးဆရာ၊ ကဗျာဆရာဆိုတာ မီး​လောင်​နေတဲ့ ကြယ်​​တွေပါကွာ။ လောင်​​နေတုန်း​တော့ မီး​တောက်​​တွေနဲ့ လှပ​နေသ လိုပါပဲ။ ​လောင်​ကျွမ်းပြီးစီးတဲ့အခါမှာ​တော့..” သူဟာ စကားကိုဆုံး​အောင်​ မ​ပြောနိုင်​ဘဲ​ခေါင်းငိုက်​စိုက်​ကျသွားပါတယ်​။ သူဟာ အမြဲတ​စေ ငြိမ်​သက်​​နေတတ်​တဲ့လူ။ စ ကား လုံး​တွေကိုလည်း အခါခပ်​သိမ်း အနည်းငယ်​မျှ​လောက်​သာ ​ပြော​လေ့ရှိသူတ​​ယောက်​ပါ။ သို့ငြား သူ့ရဲ့ ကိုယ်​ခန္ဓာထဲကို အယ်​လ်​ကို​ဟော​တွေ လိုအပ်​တာထက်​ပိုပြီးစီးဝင်​သွားရင်​​တော့ အရာရာဟာ ပုံမှန်​မဟုတ်​​တော့ပါဘူး။ စကားလုံး​တွေဟာ ပြဇာတ်​ဆန်​လာပါပြီ။ စကားလုံး​တွေ ပြဇာတ်​ဆန်​လာရုံတင်​မကဘူး။ မြို့ပြထဲမှာ ​ပျောက်​ဆုံး​နေတဲ့ သူ့ကိုယ်​သူပြန်​လည်​​တွေ့ရှိသွားပြီလို့လည်း  ခဏခဏ​ပြောပြီ​ပေါ့။ အဲဒီ​နေ့ မနက်​ပိုင်းက​တော့ သူ့ကိုယ်​သူ​​တောင်​ ရှာ​ဖွေမသွားနိုင်​ခဲ့ပါဘူး။ စားပွဲ​ပေါ်ကိုဝုန်းကနဲ လဲပြိုသွား​တော့တာပါပဲ။ဆိုင်​​ရှေ့မှာ ချက်​ပြုတ်​​ကြော်​​လှော်​​နေတဲ့ ကို​ယောဟန်​က​တော့ ဝုန်းကနဲ လဲပြိုသွားတဲ့အသံကို...

Read more »

မျက်ရှု ● ပြတင်းတံခါးအပြင်ဘက်က မိုးစက်များ (ဝတ္ထုတို)

April 8, 2017
မျက်ရှု ● ပြတင်းတံခါးအပြင်ဘက်က မိုးစက်များ (ဝတ္ထုတို)

မျက်ရှု ● ပြတင်းတံခါးအပြင်ဘက်က မိုးစက်များ (ဝတ္ထုတို) (မိုးမခ) ဧပြီ ၈၊ ၂၀၁၇ (မိုးမခမဂ္ဂဇင်း အတွဲ ၄၊ အမှတ် ၂၊ ဇန်နဝါရီလထုတ်တွင် ဖော်ပြခဲ့ပြီးဖြစ်သည့် ဝတ္တုတို ဖြစ်သည်။) ဒယ်ဒီနှင့်ညို စတင်သိကျွမ်းခဲ့သည့်ဖြစ်စဉ်မှာ ရိုးစင်းလှပါသည်။ အချိန်ကား ဟောင်းသွားသော ဆယ်စုနှစ်တခု၏အစ၊ မေလ ဆန်းပိုင်း မုတ်သုံဦးတွင်ဖြစ်သည်။ လက်ဖက်နှင့် ရာဘာတောများအုံ့ဆိုင်းနေသော တောင်ပေါ်မြို့လေးသည် ညိုမှန်းဆ ထားခဲ့သည့်အတိုင်း တစိမ့်စိမ့်စိမ်းကာ ငြိမ်သက်နေခဲ့သည်။ ညိုတို့ရုံးက နမ့်ခချောင်း ကွေ့ရစ်စီးဆင်းနေသော တောင်က မူလေး၏ထိပ်တွင် ရှိပါသည်။ ညို့အလုပ်စားပွဲမှ အရှေ့ဘက်ဆီမျှော်ကြည့်လျှင် တောင်ခိုးမပြယ့်တပြယ်အောက်တွင် တဖက်နိုင်ငံနှင့်ဆက်ထားသော တံ တားဖြူဖြူကို လဲလျောင်းနေသော ဝံဖြူတကောင်၏ အလျားဆန့်ထားသည့် ကျောရိုးပမာ မြင်တွေ့ရပါလိမ့်မည်။ ထိုရုံးကို စရောက်သည့်အချိန်က မှိုင်းပျသောရာသီနှင့်အတူ...

Read more »

လင်းငယ် ● မြစ်ရဲ့အဘိဓမ္မာ

March 31, 2017
လင်းငယ် ● မြစ်ရဲ့အဘိဓမ္မာ

လင်းငယ် ● မြစ်ရဲ့အဘိဓမ္မာ (မိုးမခ) မတ် ၃၁၊ ၂၀၁၇ ရယ်တော့လည်း ရယ်ရတယ်ဗျ။ ဘယ်လိုကြည့်ကြည့် အတူတူပဲ။ ရေတွေရှိမယ်။ ဘေးနားမှာ လမုတောတွေ ဒီရေတော တွေရှိမယ်။ ဒါကိုပဲ ခင်ဗျားတို့ လူတွေက နာမည်တွေတပ်ထားပေးသေးတယ်။ ဒါက ဖိုးသာချောင်း။ ဒါက ဖုန်သာချောင်း။ ဒါကဘာမြစ်။ ကျုပ်အတွက်ကတော့ အားလုံးအတူတူပဲ။ ချောင်းလည်း မြစ်။ မြစ်လည်း ချောင်းဘဲ။ ငယ်ငယ်တုန်းက သင်ရ တာကလည်း သောက်တလွဲ။ ချောင်းကြီးရင် မြစ်တဲ့။ ခင်ဗျားတို့ဆီကချောင်းက မြစ်ထက်ကြီးချင်လည်း ကြီးနေတာပဲ။ ဘယ်သူမှလည်း ဘယ်နှစ်ပေကျယ်ရင် မြစ်၊ မကျယ်ရင်ချောင်းလို့ တိတိပပ မပြောနိုင်ကြဘူး။ မြစ်တွေချောင်းတွေကတော့ သိမှာ မဟုတ်ပါဘူး။ သူတို့ကတော့ သဘာဝအတိုင်း စီးဆင်းနေကြတာနေမှာ။ တခါလာရင် ရှိသေးတယ်။...

Read more »

လွင် (ဘော်တွင်း) ● အိမ်ပျောက်သူ

March 30, 2017
လွင် (ဘော်တွင်း) ● အိမ်ပျောက်သူ

လွင် (ဘော်တွင်း) ● အိမ်ပျောက်သူ (မိုးမခ) မတ် ၃၀၊ ၂၀၁၇ ဆောင်းကျွတ်လုပြီ နွေရာသီလည်း မပီတတ်သေး ဝိုးဝါးထွေးလျက် ဆရာကြီးမြသန်းတင့်၏ တမာနုချိန်စစ်တမ်းကို ဖတ်သည်။ ဆရာကြီးသည် နွေဦးတွင် ဇာတိရွာ အညာကို လွမ်းလေသည်။ ရန်ကုန်မှာတော့ တမာက အရှားသား။ တမာကို ကျမ မကြိုက်ပါ။ ခါးသက်သော တမာရွက်နု၏ အရသာကို ကျမမခံစားနိုင် ပါ။ သို့သော် အညာကို လွမ်းပါသည်။ ပင်စည်ဖြူဖြူ၊ ရွက်နုစိမ်းစိမ်းနှင့် ထနောင်းတို့ အလွန်လှနေပြီ။ ကျမတို့ အညာဘက်ကို ပြောင်းကာစက ရှားပင်ငယ်တပင်ကိုခုတ်ပြီး အခက်အလက်ပြောင်အောင်သင်ကာ သနပ်ခါးပင်တွေ့၍ ခုတ်လာသည်ဟု အဖွားကို နောက်ပြောင်ဖူးလေသည်။ ချိုးဖိုကိုကင်သော ရှားမီးခဲသည် ဤရှားပင်ကရတာပဲဖြစ်မည်ဟု တွေးထင်လျက် မုန်း စိတ်ဝင်ဖူးလေသည်။ ပိတောက်ပင်ကိုမြင်သောအခါ...

Read more »

ဗိုလ်သူရိန် ● အညတရ နွမ်းလျအိမ်အပြန်

March 24, 2017
ဗိုလ်သူရိန် ● အညတရ နွမ်းလျအိမ်အပြန်

ဗိုလ်သူရိန် ● အညတရ နွမ်းလျအိမ်အပြန် (မိုးမခ) မတ် ၂၄၊ ၂၀၁၇ မနက်အရုဏ်ကျင်းလို့ အလင်းတောက်ခဲ့ပြီ။ အိမ်ခေါင်ရင်း မန်ကျည်းပင်ပေါ်က စာကလေးတစ်သိုက်ကလည်း ‘ကျလိ ကျလိ’ နဲ့။ အိမ်ယာထဲက ရုတ်တရက်မထသေးဘဲ နံနက်ခင်းရဲ့ အရသာကို အပြည့်အဝခံစားနေမိတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အာရုံခံ နှာဖျားဆီကို ကြက်ဥကြော်ရနံလေး ရလိုက်တာနဲ့ သူ့ဝမ်းဟာ အလိုလိုဟာတာတာ။ အိပ်ယာကထ၊ မီးဖိုချောင်ဘက် ကြည့်လိုက်တော့ ချစ်ဇနီး မိရွှေညွှန့် သူ့ကို အပြုံးတစ်ချက်။ သူမအပြုံး သူသိတယ်။ နှစ်ပေါင်း ၃၅နှစ် နီးပါး ပေါင်းသင်းလာခဲ့ကြတာ ဒီနေ့ သူ့ရဲ့ ပင်စင်ထုတ်တဲ့နေ့လေ။ သူ မျက်နှာသစ် ကိုယ်လက်သန့်စင် ဘုရားရှိခိုးပြီးတာနဲ့ အိမ်ရှေ့ ကွပ်ပျစ်ပေါ်မှာ ထမင်းဆီဆမ်းနဲ့ ကြက်ဥကြော်က အဆင်...

Read more »

ကျော်ကျော် (မြရည်စမ်း) ● မိသားစု နိုင်ငံငယ်လေးတခု

March 23, 2017
ကျော်ကျော် (မြရည်စမ်း) ● မိသားစု နိုင်ငံငယ်လေးတခု

ကျော်ကျော် (မြရည်စမ်း) ● မိသားစု နိုင်ငံငယ်လေးတခု (မိုးမခ) မတ် ၂၃၊ ၂၀၁၇ စူးစူးရှရှအော်မြည်လိုက်သော ဝက်များ၏အသံနှင့်အတူ အိတ်ဇောပိုက်ဖြုတ်ထားသောကားမှာ ဆူညံသောစက်သံပေးပြီး ထွက်သွားပေပြီ။ ဆိုင်ရှေ့ဗာဒံပင်မှ ရွက်နုကိုင်းဖျားတချို့ကို ကားခေါင်မိုးနှင့် တိုက်ဖြတ်သွားသည်။ ဖုန်များအလုံးလိုက် ကား နောက်ပြေးလိုက်သွားကြသည်။ ထိုအခိုက် လည်ကတုံးအင်္ကျီဖြူနှင့် တိုက်ပုံမည်းပိုက်ထားကြသော လူတစု ဆိုင်ထဲ ဝင်လာကြပြန်သည်။ ”ဖြစ်ချင်တာရယ်၊ ဖြစ်နေတာရယ်၊ ဖြစ်သင့်တာရယ်” ဟူသောစကားကို လူအများပါးစပ်ဖျားမှ မကြာခဏ ကြားခဲ့ရဖူးပါ သည်။ ဆန္ဒနှင့်ဘဝ တထပ်တည်းမကျသူများ၊  တနည်းပြောရလျှင် တခုခုကို အားမလို အားမရဖြစ်နေကြသူများ၏ လက် သုံးစကား  ဖြစ်မည်ထင်ပါ၏။ ကျနော်မှာလည်း ”လုပ်ချင်တာရယ်၊ လုပ်နေရတာရယ်” ဟူ​သော အ​ကြောင်းအရာနှစ်​မျိုးနှင့်​ မကြာခဏ ရင်​ဆိုင်​ခဲ့ရဖူးပါ သည်​။ လုပ်​သင့်​တာကို ​တွေးဆမိ​သော်​လည်း ...

Read more »

စန်းသူ့မောင် – အဉ္ဇလီ

March 8, 2017
စန်းသူ့မောင် – အဉ္ဇလီ

စန်းသူ့မောင် – အဉ္ဇလီ (မိုးမခ) မတ် ၈၊ ၂၀၁၇ ဘဘ … ဓမ္မဇောတိရိပ်သာလေးဟာ အေးချမ်းငြိမ်သက်နေလေရဲ့။ ကျေးငှက်လေးတွေအော်သံ တစ်ခါတစ်ရံ ကြားနေရတာကလွဲလို့ပေါ့။ ဒီရိပ်သာမှာ တရားရိပ်ခိုနေတဲ့ ယောဂီတွေဟာလဲ အေးချမ်းစွာ တရားရှာနေကြတယ်လေ။ ဒီယောဂီတွေထဲမှာ ကျွန်မလဲပါနေတယ်ဘဘ။ အိပ်ဆောင်ကနေ ဓမ္မာရုံကိုသွားတိုင်း ဘဘနဲ့ဖွားဖွားတို့ပါဝင်လှူဒါန်းထားတဲ့ စင်္ကြန်အမိုးလေးအောက်ကနေပြီး လျှောက် လျှောက်သွားရတာမို့ ဒီစင်္ကြန်လေးရဲ့ အရိပ်ခိုရတိုင်း ဘဘနဲ့ဖွားဖွားတို့ရဲ့ ရင်ငွေ့ကိုခိုနေရသလို ကျွန်မခံစားနေမိပါတယ်ဘဘ။ သက်ကြီးရွယ်ကြီးတစ်ယောက် အိမ်ဦးခန်းမှာရှိနေရင် အိမ်လည်းကျက်သရေရှိတယ်လို့ ပြောကြတယ်။ ကျွန်မတို့အတွက်လည်း ဘဘနဲ့ဖွားဖွားတို့ သက်ရှိထင်ရှားရှိနေကြတာဟာ အာရုံပြုစရာနေရာလေး ရှိနေတာမို့ ကျက်သရေရှိနေခဲ့ပါတယ်ဘဘ။ ဘဘနဲ့ဖွားဖွားတို့ဟာ ကျွန်မတို့အတွက် မေတ္တာစေတနာနဲ့ ပညာတွေပေးဝေနိုင်ခဲ့တယ်။ ပေးဝေခဲ့တယ်။ အဲဒါကလွဲလို့ ဘာအခွင့်အရေးမှ စီစဉ်ပေးနိုင်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျောင်းသင်္ခန်းလေးနဲ့တူတဲ့ ဘဘတို့အိမ်ကလေးဟာ တပည့်တွေနဲ့...

Read more »

နရီမင်း ● အထားအသို မှားယွင်းနေသော ဝါကျတကြောင်း

March 3, 2017
နရီမင်း ● အထားအသို မှားယွင်းနေသော ဝါကျတကြောင်း

နရီမင်း ● အထားအသို မှားယွင်းနေသော ဝါကျတကြောင်း (မိုးမခ) မတ် ၃၊ ၂ဝ၁၇ ဆန့်ငင်ဆန့်ငင်ညတွေပေါ် ဆောင့်ကြွားကြွားနံနက်ခင်းတွေ နင်းလျှောက်လာခဲ့ကြပြီ။ ‘နေ’ ရဲ့ အချိန်ကိုက်ပုံနှိပ်မှုမှာ နေ့တ နေ့ဟာ ခပ်ရေးရေး ထင်လာတယ်။ ဟိုး … လွန်ခဲ့တဲ့ အနှစ် ၄ဝ ကျော်က နံနက်ခင်းတခုမှာလိုပဲ ဖျတ်ခနဲ ကျွန်တော် နိုးလာခဲ့တယ်။ “သြော် ဒီနေ့က ကျွန်တော့်မွေးနေ့ပါလား” နေရောင်ပါးလျလျက အခန်းထဲဝေ့ဝိုက် ကျနေတယ်။ ကျွန်တော် အခုမှအသက်ဝင်လာခါစလို၊ “အူဝဲ” လို့ ယောင်အော်မိ မတတ် ဖြစ်သွားတယ်။ (တကယ်က ကျွန်တော် အနှစ် ၄ဝ လုံးလုံး ပြောတတ်သမျှဟာလည်း အဲဒီ “အူဝဲ” ဆိုတာပါပဲ။) လမ်းမဆီကနေ ကျွန်တော့်နာမည် အကြိမ်ကြိမ်...

Read more »

ဒေါက်တာကျော်တင့် – “ကျွန်တော် ဖဲသမား”

March 3, 2017
ဒေါက်တာကျော်တင့် – “ကျွန်တော် ဖဲသမား”

ဒေါက်တာကျော်တင့် – “ကျွန်တော် ဖဲသမား” (မိုးမခ) မတ် ၃၊ ၂၀၁၇ ပြောတိုင်းလွယ်လွယ်ယုံတာမျိုးတော့မဖြစ်ပါစေနဲ့။ ဆုံးအောင်နားထောင်ပြီးမှ မှန်၏မမှန်၏ဆုံးဖြတ်ကြပါ။ ဟိုတပတ်က မိတ်ဆွေတယောက် လပ်စ်ဗေးဂတ်မှာ အိမ်ဝယ်လိုက်လို့ သူတို့ကိုအတင်းတိုက်တွန်းပြီး အိမ်တက်မင်္ဂ္လာလုပ်ခိုင်းပါတယ်။ သူတို့ကလဲ သိပ်အခြေမကျသေးတာမို့ အိမ်က ပရိဘောဂနေနေသာသာ စောင်တွေခေါင်းအုံးတွေတောင် မရှိဘူးလို့ ငြင်ငြင်သာသာငြင်းရှာပါတယ်။ ကျုပ်တို့ကလဲ ဘယ်လျှော့မလဲ ကိုယ့်အိပ်ယာကိုယ်ယူလာပါမယ်၊ မင်္ဂလာလေးတော့ ယူဖြစ်အောင်ယူကြပါ ပြောတာပေါ့။ ဒီလိုနဲ့ ကားတစင်းငှါးပြီး မော်ရွှေမြိုင်သား သူဌေးမင်းတပါးရယ်၊ မိတ်ဆွေသစ်တယောက်ရယ်၊ ကျုပ်ရယ် ကျုပ်ဆရာတယောက်ရယ် ရှစ်နာရီခရီးကို သောကြာနေ့ရုံးဆင်းချိန် နီးမှာ စထွက်ခဲ့ကြတယ်။ လမ်းမှာတော့ ဒရိုက်ဘာ ၃ယောက်လဲမောင်းကြတာပေါ့။ သွားလာတဲ့အခါ အန္တရာယ်မရှိဖို့ အရေးကြီးတာက ဒရိုက်ဘာ မငိုက်ဖို့ပဲ။ ဒီတော့ တရားဘက်ဖွင့်မဆွေးနွေးကြပဲ ဟားကွက်လေးတွေ ရှာပြောကြတာပေါ့။ ကျုပ်ဆရာဆိုတာက...

Read more »

မြဇင်ယော် ● ကွာဟမှု အလွှာ

March 2, 2017
မြဇင်ယော် ● ကွာဟမှု အလွှာ

မြဇင်ယော် ● ကွာဟမှု အလွှာ (မိုးမခ) မတ် ၂၊ ၂၀၁၇ “ဟာ ဖြူမ ဘယ်လဲကွာ” စိတ်ထဲကမေးမိသည်မို့ သူမ မကြားနိုင်ပါ။ ရှေ့သို့ဆက်၍သာ ပြေးသွားသည်။ “ဘယ်သူ့ဆီသွားတာလဲ။ ငါ့ကိုမချစ်တော့ဘဲ  ငြီးငွေ့သွားပြန်ပြီလား။ ငါ့ထက်ချစ်ရမည့်သူ ပေါ်လာပြန်ပြီလား။” ရင်ထဲ၌ ဗလောင်ဆှုသွားသည်။ မျက်စိထဲ၌ ဘာမှမမြင်။ ဖြူမကိုသာ မြင်သည်။ ကိုယ့်ဆီပြန်လာအောင် ခေါ်ရမည်။ ပြန် လာချင်လာအောင် ဖြူမအလိုကျ ကြိုးစားပြရမည်။ ဖြူမထားခဲ့သည်မှာ ပထမဦးဆုံးအကြိမ်မဟုတ်ပါ။ အကြိမ်ကြိမ်ထားခဲ့ဖူးသည်။ အမှတ်အသားမရှိသော၊ ပို၍ စကားလုံးလှလှ လေးသုံးရလျှင် သိပ်ချစ်တတ်သောကိုယ်က ဖြူမထားခဲ့တိုင်း မနေခဲ့ဘဲ လိုက်ခဲ့သည်ချည်းဖြစ်သည်။ ပြေးသောဖြူမကသာ မောရင်မောသွားမည်။ လိုက်ရတဲ့ ကိုယ်ကတော့ မမောပါ။ ဖြူမရဲ့ကိုယ်လုံးလှလှလေး မြင်လိုက်ရရင်၊ မျက်လုံးရွဲရွဲကြီးတွေကို မြင်လိုက်ရရင် မောတယ်ဆိုတာ...

Read more »

စန်းသူ့မောင် – ရုံးလား

February 28, 2017
စန်းသူ့မောင် – ရုံးလား

စန်းသူ့မောင် – ရုံးလား (မိုးမခ) ဖေဖော်ဝါရီ ၂၈၊ ၂၀၁၇ နံနက် ၈ နာရီခွဲပြီမို့ အိမ်က ထွက်လာခဲ့သည်။ သည်အချိန်ထွက်မှ ရုံးချိန်အမီ ရောက်ရုံရှိသည်။ ဒါတောင် တခါတရံ ကားမရရင် မမီတော့။ ရုံးက ၉း၄၅ နာရီတွင် စာရင်းပိတ်သည်။ သည့်ထက်နောက်ကျပါက နောက်ကျစာရင်းတွင် လက်မှတ်ထိုးရ သည်။ တစ်လတွင် သုံးခါနောက်ကျပါက ရှောင်တခင်ခွင့်တစ်ရက် ဖြတ်မည်။ သည်တော့ နောက်ကျခံလို့မဖြစ်။ အိမ်က လမ်းထိပ်အရောက်ဆယ်မိနစ်ခန့် လျှောက်ရသည်။ သည်တော့ ၈ နာရီခွဲ အိမ်မှထွက်လျှင် ၈ နာရီ လေးဆယ်မှ လမ်းထိပ်ရောက်မည်။ “အမလေး၊ ကံကောင်းလို့ ဂဏန်းပေါင်းစက် မေ့နေတယ်” “အမေ၊ စားပွဲပေါ်က ဂဏန်းပေါင်းစက် ပေးပါဦး” အပေါ်ထပ်မှ အမေ...

Read more »

မောင်နောင်မွန် ● ဆရာဝန်ပေါက်စတယောက်၏ ဖွင့်ဟချက်

February 27, 2017
မောင်နောင်မွန် ● ဆရာဝန်ပေါက်စတယောက်၏ ဖွင့်ဟချက်

မောင်နောင်မွန် ● ဆရာဝန်ပေါက်စတယောက်၏ ဖွင့်ဟချက် (မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂ဝ၁၇ “ညီမရေ အကိုရုံးဆင်းပြီနော် ဒီနေ့အေးဆေးဖြစ်ပါစေ” ဟုဆိုရင်း အခန်းထဲမှထွက်ကာ ယူစရာပစ္စည်းများယူရန် လက် ထောက် ဆရာဝန်များ နားနေခန်းသို့ထွက်လာခဲ့သည်။ လက်ထဲမှနာရီကိုကြည့်လိုက်တော့ (၄) နာရီ စွန်းစွန်းရှိချေပြီ။ ကျနော်သည် နယ်မြို့ကြီးတမြို့၏ဆေးရုံကြီး၌ တာဝန်ထမ်းဆောင်နေသည့် လက်ထောက်ဆရာဝန်ဖြစ်သည်။ တက္ကသိုလ် ဝင်စာမေးပွဲကို ထို့နယ်မြို့နားရှိကျေးတောရွာတရွာတွင် အောင်မြင်ခဲ့သည်။ ဆေးပညာကို မြန်မာနိုင်ငံမြေလတ်ဒေသရှိဆေးတက္ကသိုလ်တွင် တက်ရောက်ဆည်းပူးခဲ့ပြီးနောက် ရာထူးဝန်စာမေးပွဲဖြေဆိုကာ ယခုပြန်တမ်းဝင်အရာရှိ လက်ထောက်ဆရာ ဝန်ဖြစ်လာခဲ့ခြင်းဖြစ်သည်။ အခြေခံလူတန်းစာမိသားစုမှ ကြီးပြင်းလာသောလူမို့ အစိုးရ၏လစာ ၂ သိန်းစွန်းစွန်း ၃ သိန်း မပြည့် တပြည့်သည် ကျနော် တို့လိုလူတွေအတွက် တကိုယ်စာဖူလုံရေး မနည်းချွေတာသုံးစွဲနေရသည်။ မိဘများမောင်နှမများကိုထောက်ပံ့နိုင်ဖို့အရေး မှာ ဝေးနေသေးသည့် ရောင်နီပမာဖြစ်သည်။...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်