စာအုပ်စင်

လက်ပံတောင်းတောင်က မီးလောင်နေတဲ့ကာတွန်းများကို လက်ဆင့်ကမ်း လှူမည်

December 13, 2012
လက်ပံတောင်းတောင်က မီးလောင်နေတဲ့ကာတွန်းများကို လက်ဆင့်ကမ်း လှူမည်

လက်ပံတောင်းတောင်က မီးလောင်နေတဲ့ကာတွန်းများကို လက်ဆင့်ကမ်း လှူမည် မိုးမခရွာဆော်ကြီး၊ ဒီဇင်ဘာ ၁၃၊ ၂၀၁၂ SF Burmese Community Organizers & Friends က ပုံနှိပ် လက်ဆင့်ကမ်းမယ့် Cartoons on Fire from Letpadaung Crackdown ကာတွန်းစာစောင်လေးကို မိုးမခမီဒီယာက စုစည်းပြင်ဆင်ပေးလိုက်ပြီ ဖြစ်ပါတယ်။ စာမျက်နှာ ၁၆ မျက်နှာ ကာတွန်းပုံ ၂၀ကျော်၊ ကာတွန်းဆရာများဖြစ်ကြတဲ့ အော်ပီကျယ်၊ အောင်ဆန်းကျော်၊ စောငို၊ မောင်ရစ်၊ ကူမိုးကြိုး၊ မျိုးကောင်း၊ ဘီရုမာ၊ လိုင်လုဏ်နဲ့ အိုကေလင်းတို့ရဲ့ သူတို့ဖေ့စ်ဘွတ်နဲ့ မိုးမခမှာ တင်ဆက်ခဲ့တဲ့ စေတနာလက်ရာတွေ ပါဝင်ပါတယ်။ SF Burmese Community မိသားစုများရဲ့ အများစုပေါင်းကောင်းမှုအလှူအဖြစ် လက်ပံတောင်းတောင် အကြမ်းဖက်မှုမှာ...

Read more »

ဗီယက်နမ်သို့ အလုပ်သွားလုပ်ခြင်း နှင့် ဆောင်းပါးများ ကောက်နုတ်ချက် (Zaw Aung (Monywa))

December 10, 2012
ဗီယက်နမ်သို့ အလုပ်သွားလုပ်ခြင်း နှင့် ဆောင်းပါးများ ကောက်နုတ်ချက် (Zaw Aung (Monywa))

ဇော်အောင် (မုံရွာ)၊ ဒီဇင်ဘာ ၉ ၊ ၂၀၁၂ မော်တော်ဆိုင်ကယ်မစီးတတ်လျှင် မဖြစ်သည့် ဗီယက်နမ်နိုင်ငံ Only In Vietnam ဓါတ်ပုံများဖြင့် စတင်ပါမည်။ ယခုဓါတ်ပုံများကို သင်မြင်သောအခါ ရယ်စရာဖြစ်နေပေမည် (သို့မဟုတ်) သြော်..ဟု တမ်းတပြီး မေ့မေ့ပျောက်ပျောက်ဖြစ်ကောင်း ဖြစ်ပေမည်။ ဗီယက်နမ်တွင် ထိုကဲ့သို့မြင်ကွင်းများမှာ ဘယ်သူမှ ဂရုမစိုက်ပါ။ သက်သက်သာသာပင် မော်တော်ဆိုင်ကယ်ဖြင့် လုပ်ကိုင်စားသောက်နေကြပါသည်။ သက်သက်သာသာပင် မော်တော်ဆိုင်ကယ်ဖြင့် အဖေ၊အမေ၊သား၊သမီး ..တစီးတည်း ပြွတ်ကျပ်စီးနင်း၊ ခရီးသွားနေကြသည်မှာ လမ်းပေါ်တက်သည်နှင့် နေ့စဉ်ဓူဝ မြင်တွေ့နေကျဖြစ်သည်။  ကျွန်တော်တို့ မြန်မာပြည်တွင် တချိန် အနှေးနှင့်အမြန် ဗီယက်နမ်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ မိတ်ဆွေ.. ထိုင်း၊မလေးရှား၊စင်ကာပူ၊ကိုးရီးယား၊ဂျပန်၊အမေရိကန် ..စသဖြင့် မိမိရောက်ဖူးသော နိုင်ငံများနှင့်နှိုင်းယှဉ်က မြန်မာပြည်ကို ထိုတိုးတက်သော နိုင်ငံအဆင့်သို့ ရောက်စေချင်လှပေမည်။ ငါတို့...

Read more »

စတီဗင်ကိုဗေး (ပါမောက္ခ) ရဲ့ The 3rd Alternative လူမှုစီးပွား၊ ပြသနာဖြေရှင်းခြင်း – စာအုပ်

December 6, 2012
စတီဗင်ကိုဗေး (ပါမောက္ခ) ရဲ့ The 3rd Alternative လူမှုစီးပွား၊ ပြသနာဖြေရှင်းခြင်း – စာအုပ်

ဇော်အောင် (မုံရွာ) ဒီဇင်ဘာ ၆၊ ၂၀၁၂ အမေရိကန်နိုင်ငံမှ စိတ်နေစိတ်ထား Attitude ပညာပေးဆရာဖြစ်ပါတယ်။ ဘ၀အောင်မြင်ရေးအတွက် သူရဲ့ Seven Habits of Highly Efficient People စာအုပ် (၁၉၈၉) ဟာ အလွန်နာမည်ကြီးလှပြီး အုပ်ရေ ၂၅သန်း၊ အသံဖိုင် Audio Book ၁.၅သန်းကျော် ရောင်းချရတဲ့ အရောင်းကောင်းဆုံးအဆင့်မှာ ရှိပါတယ်။ ချမ်းသာကြွယ်ဝအောင် သူမလုပ်ဆောင်ပါဘူး။ သို့သော် ချမ်းသာကြွယ်ဝ၊နာမည်ကျော်များစွာ သူ့ရဲ့စာကိုဖတ်၊ ကျင့်သုံးပြီး၊ သူ့ရဲ့သင်တန်းများကို တက်ရောက်ကြပါတယ်။ ကော်ပိုရိတ် ကုမ္ပဏီကြီးများမှာ လက်စွဲအဖြစ် သင်ကြားပေးတဲ့ ဘာသာရပ်တခုလည်း ဖြစ်ပါတယ်။ သူရေးသားထုတ်ဝေခဲ့တဲ့ ..ထိပ်တန်းပုဂ္ဂိုလ်များရဲ့ အကျင့်တရား(၇)ပါး  7 Habits ဆိုတဲ့စာအုပ်မှာ 1. Be Proactive 2....

Read more »

မောင်စွမ်းရည်ရဲ့ မိုးမခဆောင်းပါးများ (၁) အပြင်မှာပဲ ထုတ်ပါပြီ

December 4, 2012
မောင်စွမ်းရည်ရဲ့ မိုးမခဆောင်းပါးများ (၁) အပြင်မှာပဲ ထုတ်ပါပြီ

မောင်စွမ်းရည် – မိုးမခဆောင်းပါးများ (၁) စာအုပ် ထွက်ပါပြီ (US$ 10.00) မိုးမခ၊ ဒီဇင်ဘာ ၄၊ ၂၀၁၂ ကဗျာဆရာ၊ ဝေဖန်ရေးဆရာနဲ့ မိုးမခ၏ အကြံပေးနာယကတဦးဖြစ်တဲ့ ဆရာမောင်စွမ်းရည်ရဲ့ မိုးမခဆောင်းပါးများ (၁) ထွက်ပါပြီ။ မူလက မြန်မာပြည်တွင်းမှာ ပုံနှိပ်စာအုပ်အဖြစ် ထုတ်ဝေဖို့ ရည်ရွယ်ခဲ့ပေမယ့် ယခုတော့ မြန်မာပြည်ပမှာပဲ မှာယူသည့် အရေအတွက်အတိုင်း ပုံနှိပ်ထုတ်ဝေတဲ့ POD (Print on Demand) အစီအစဉ်နဲ့ပဲ ထုတ်ဝေလိုက်ပြီ ဖြစ်ပါတယ်။ မောင်စွမ်းရည်ရဲ့ ဖြတ်သန်းခဲ့တဲ့ ခေတ်ပြိုင်များ၊ ခေတ်ပြိုင်အတွေ့အကြုံများနဲ့ မိတ်ဆွေ စာရေးဆရာများ၊ စာနယ်ဇင်းသမားများအကြောင်းကို ရုပ်ပုံလွှာများ ဖွဲ့ဆိုထားတာဖြစ်ပါတယ်။ မိုးမခရဲ့ စာအုပ်အစီအစဉ်များထဲမှာ ဆရာမောင်စွမ်းရည်အတွက် ပထမဦးဆုံး ထုတ်ဝေတဲ့ စာအုပ်ဖြစ်ပါတယ်။ ဆရာရေးသားခဲ့တဲ့ ဆောင်းပါးများစွာအနက်...

Read more »

ပြည်တွင်းက နိုင်ငံတကာနဲ့ နိုင်ငံရေးရာ စာစောင် မော်ကွန်း စက်တင်ဘာ ၂၀၁၂

October 24, 2012
ပြည်တွင်းက နိုင်ငံတကာနဲ့ နိုင်ငံရေးရာ စာစောင် မော်ကွန်း စက်တင်ဘာ ၂၀၁၂

မိုးမခစာအုပ်စင်၊ အောက်တိုဘာ ၂၄၊ ၂၀၁၂ မြန်မာ Observer Media Group က ထုတ်ဝေတယ်။ မော်ကွန်း Chronical စာစောင်။ စာမျက်နှာ ၁၆၈ မျက်နှာ။ အင်တာနက်လိပ်စာက ၀ိုင်ပီအိုင်လို့ အများသိတဲ့ Yangon Press International။ အကြံပေးတွေက ရဲနိုင်မိုးနဲ့ မြင့်ကျော်၊ အယ်ဒီတာတွေက ဥာဏ်လင်း၊ ၀င်းဇော်လတ်၊ ဇေယျာလှိုင်၊ စာရေးဆရာတွေက သတင်းရေးဆရာတွေများတယ်။ လစဉ် (လား) အပတ်စဉ် (လား) အုပ်ရေ ၅၀၀၊ တအုပ် ၂၅၀၀ကျပ်။ ပြည်ပက Time, Newsweek, Economics, စတဲ့ နိုင်ငံတကာနဲ့ မျက်မှောက်ရေးရာ အပတ်စဉ်စာစောင်တွေလိုမျိုး တွေးစရာ ဖတ်စရာ ဆောင်းပါးတွေနဲ့  စာအုပ်လို့ ဆိုကြပါစို့။ ပြည်တွင်းမှာ ရောင်းတယ်...

Read more »

ခင်မျိုးချစ်၏ သတင်းစာလောက စာအုပ်အညွှန်း

October 23, 2012
ခင်မျိုးချစ်၏ သတင်းစာလောက စာအုပ်အညွှန်း

ခင်မျိုးချစ်၏ သတင်းစာလောက စာအုပ်အညွှန်း ဂျူနီယာဝင်း၊ အောက်တိုဘာ ၂၃၊ ၂၀၁၂ စာအုပ်အမည် – သတင်းစာလောက ရေးသူ – ဒေါ်ခင်မျိုးချစ် ပထမအကြိမ် – ၁၉၅၂ သြဂုတ်လ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း ဒုတိယအကြိမ် – ၂၀၁၂ ဇွန်။ ရန်အောင်စာပေ အုပ်ရေ ၅၀၀၊  စာမျက်နှာ – ၂၃၀။ တန်ဖိုး – ၂၀၀၀ကျပ် “ပြည်သူ့သတင်းစာဟူသည်ပြည်သူတို့၏ယုံကြည်လွှဲအပ်ခြင်းခံရသောပစ္စည်းဖြစ်၏ … ဟူ၍လည်းကောင်း၊ သတင်းစာနှင့်မကင်းသူဟူသမျှတို့သည်လည်း တာဝန်ရှိသမျှ အစွမ်းကုန်အောင် ပြည်သူတို့၏ယုံကြည်လွှဲအပ်ခြင်းခံရသူများဖြစ်သည်ဟူ၍ လည်းကောင်း၊ ပြည်သူ့ဝန်ကိုထမ်းသောအလုပ်ထက် ယုတ်ညံ့သောတာဝန်ကိုလက်ခံခြင်းသည်ပင်လျှင် ပြည်သူ့ယုံကြည်မူကိုသစ္စာဖောက်ရာကျသည်ဟူ၍လည်းကောင်း ကျွနိုပ်ယုံကြည်သည်။” ယင်းသည်သတင်းစာဆရာ့လက်သုံးဝါဒဖြစ်သည်။ “သတင်းစာများ၏ကောင်းကျိုးဆိုးကျိုးကို စောဒကတက်စရာ အများပင်ရှိလာသည်။ သတင်းစာများသည် မဖွယ်ရာသောမုဒိမ်းကန္တသတင်းများကို ဖော်ပြကာ လူတို့၏အကျင့်စာရိတ္တကိုပျက်ပြားစေသည်။ သတင်းစာလွတ်လပ်မူဟု အမည်တပ်ကာ စည်းကမ်းမဲ့ရေးသားကြသည်။...

Read more »

အရှင်ဝီရသူ၏ စာအုပ်မိတ်ဆက်ပွဲ ကျင်းပမည်

October 23, 2012
အရှင်ဝီရသူ၏ စာအုပ်မိတ်ဆက်ပွဲ ကျင်းပမည်

အရှင်ဝီရသူ၏ စာအုပ်မိတ်ဆက်ပွဲ ကျင်းပမည် မိုးမခမိတ်ဆွေ (မန္တလေး) အောက်တိုဘာ ၂၂၊ ၂၀၁၂           မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသာဟာယကျောင်းနာယက ဘဒ္ဒန္တဝိစိတ္တာဘိဝံသ- ဝီရသူ(မစိုးရိမ်) ရေးသားသော “နှလုံးသားကို သဖန်းပင်ပေါ်မှာ ထားခဲ့သူ” စာအုပ်မိတ်ဆက်ပွဲကို ၁၃၇၄-ခု သီတင်းကျွတ်လပြည့် (၃၀-၁၀-၂၀၁၂)အင်္ဂါနေ့၌ ကန်တော်ကြီး ပြည်ကြီးမွန်ဖောင်တော်မှာ ကျင်းပမှာဖြစ်သည်။           အဆိုပါ စာအုပ်သည် အရှင်ဝီရသူ အိုးဘိုထောင်မှာ နေရစဉ် ၂၀၀၉-နှစ်က ရေးခဲ့သော ပေးစာ(၅)စောင်ကို စုစည်းထားသည့် စာအုပ်ဖြစ်ပြီး၊ ဂျွန်ယက်တော ကိစ္စဖြင့် တရားရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်ထံ အိပ်ဖွင့်ပေးစာ ပုံစံဖြင့် ရေးသားထားသော အားပေးစကားများလည်း ဖြစ်သည်။ အဆိုပါ စာအုပ်သည် စာပေစိစစ်ရေးဌာန မဖျက်သိမ်းခင် ကတည်းကပင် စာမူခွင့်ပြုချက်ရရှိထားသော စာအုပ်ဖြစ်ပြီး ရန်ကုန်မြို့တွင်...

Read more »

ဒေါ်အောင်ဆန်းစုကြည် လက်ရွေးစင်မိန့်ခွန်းပေါင်းချုပ် သြစတြေးလျမှာ ဖြန့်ချိ

October 20, 2012
ဒေါ်အောင်ဆန်းစုကြည် လက်ရွေးစင်မိန့်ခွန်းပေါင်းချုပ် သြစတြေးလျမှာ ဖြန့်ချိ

မိုးမခစာအုပ်စင်အညွှန်း၊ အောက်တိုဘာ ၂၀၊ ၂၀၁၂ ဒေါ်စု မိန့်ခွန်းပေါင်းချုပ်စာမူကို  ထိုင်းနိုင်ငံမှာရိုက်နှိပ်ပြီး သြစတြေလျနိုင်ငံမှာ ဖြန့် ချိမှာဖြစ်ပါတယ်။ ထုတ်ဝေသူကတော့ သြစတြေလျနိုင်ငံ The Trustee for Building Brighter Burma Trust က ဒေါက်တာမနုရီ  ဖြစ်ပါတယ်။ စာအုပ်ဒီဇိုင်းကိုသီဟမောင်မောင်ကပြုလုပ်ပေးပြီး စာမျက်နှာ ၄၅၇ရှိပါတယ်။ ၁၉၈၈သြဂုတ်လက ရွှေတိဂုံစေတီတော် လူထုအစည်းအဝေးပွဲ၌ ပြောခဲ့သောမိန့် ခွန်းမှ နောက်ဆုံး၂၀၁၂စက်တင်ဘာ၂၇နေ့က Yale တက္ကသိုလ်၌ ပြောခဲ့သော ဒေါ်စုမိန့် ခွန်းအထိ ထည့်သွင်းထား ပါတယ်။ စာအုပ်ကို အောက်တိုလကုန် စတင်ဖြန့် ချိမှာဖြစ်ပါတယ်။ ဝယ်ယူရမဲ့လိပ်စာကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။ The Trustee for Building Brighter Burma Trust ABN:33 498 300 132 Tel: +612 9661 8684 Fax:...

Read more »

ေ နွေ နှာ င်း ၀ သ န် ရဲ့  မှာ တ မ်း ရှ ည် (Aung Way)

October 19, 2012
ေ နွေ နှာ င်း ၀ သ န် ရဲ့ မှာ တ မ်း ရှ ည်  (Aung Way)

SAFFRON REVOLUTIONေ နွေ နှာ င်း ၀ သ န် ရဲ့ မှာ တ မ်း ရှ ည် အောင်ဝေး၊ အောက်တိုဘာ ၁၉ ၊ ၂၀၁၂ (စာအုပ်အမှာစာ) တံတားအောက်မှာ မြစ်ရေတွေ စီးဆင်းသွားခဲ့ကြပြီ။             ညတုန်းက ဟိုးအဝေးကြီး ဥရောပမှာနေတဲ့ “ရဲရင့်သက်ဇွဲ“က၊ အစ်ကိုရေ…ကျနော့်ကဗျာစာအုပ်အတွက် အမှာစာလုပ်ပါဦး ဆိုပြီး၊ အွန်လိုင်းပေါ်ကနေ လှမ်းသတိပေးသည်။             မစ်ရှီဂန်ညက၊ အေးအေးနွေးနွေးကလေး နက်လာနေသည်။ အိမ်အပြင်မှာ လေညင်းတိုးနေသလား။ ကျနော် မှန်ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့၊ သစ်ပင်မှောင်မှောင်တွေ မိုးတိုးမတ်တတ်။ သစ်ရွက်တွေ နားရွက်မခတ်။             ဟော…သိပ်တောင်မကြာလိုက်။...

Read more »

မောင်စွမ်းရည်၏ မိုးမခဆောင်းပါးများ (၁) ထွက်မည်၊ စက်တင်ဘာ ၁၀ (MoeMaKa)

September 7, 2012
မောင်စွမ်းရည်၏ မိုးမခဆောင်းပါးများ (၁) ထွက်မည်၊ စက်တင်ဘာ ၁၀  (MoeMaKa)

မောင်စွမ်းရည်၏ မိုးမခဆောင်းပါးများ (၁) ထွက်မည်၊ စက်တင်ဘာ ၁၀ စာအုပ်အညွှန်း၊ ရေးသူ မောင်ရစ်၊ စက်တင်ဘာ ၇၊ ၂၀၁၂ “မိုးမခက ဆရာစွမ်းသို့” အမှာစာကို ကူးယူဖော်ပြလိုက်ပါတယ်။ ဆရာမောင်စွမ်းရည်နဲ့ ဆရာဦးတင်မိုးတို့က လူငယ်တွေ၊ မျိုးဆက်သစ်တွေပေါ်မှာ အလွန်စေတနာ မေတ္တာထားပါတယ်။ မိုးမခအင်တာနက်စာမျက်နှာ စလုပ်တော့ ဘားမားတူဒေးစာမျက်နှာနဲ့ မရှေးမနှောင်းဆိုကြပါစို့ရယ်။ ၂၀၀၃ လောက်တုန်းကပေါ့။ ဆရာတွေက စာမူတွေပေး၊ စာတွေညွှန်း၊ ပြောလိုက်၊ ဆိုလိုက်၊ ဆူလိုက် ဆဲလိုက်နဲ့။ သူတို့နံမယ်တွေကို ထည့်၊ သူတို့နံမယ်တွေကို သုံး၊ ပြုံးပြုံး ပြုံးပြုံးနဲ့။ ပရိသတ်ထူထူမှာ သူတို့မိတ်ဆွေ လူငယ်ကလေးတွေရဲ့ အင်တာနက်တွေ၊ စာစောင်တွေ ဘာတွေအကြောင်း ချီးမွန်းခန်း ဖွင့်ပြီး ကောင်းသတင်းဖြန့်ပေးပါသေးတယ်။ ပြီးတော့ အင်တာနက်တွေ အီးမေးတွေမှာ ဘယ်လိုကြည့်ရတယ်၊...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်