ပြန်လည်ဆန်းသစ်ခြင်း

ကိုမိုက်ခဲစိန် – သမိုင်းအသစ် ဖတ်စာအသစ်အတွက် ဉာဏ်စမ်းမေးခွန်းများ – ၁

August 7, 2018
ကိုမိုက်ခဲစိန် – သမိုင်းအသစ် ဖတ်စာအသစ်အတွက် ဉာဏ်စမ်းမေးခွန်းများ – ၁

ကိုမိုက်ခဲစိန် – သမိုင်းအသစ် ဖတ်စာအသစ်အတွက် ဉာဏ်စမ်းမေးခွန်းများ – ၁ (မိုးမခက ၈၈ – ၂၆ နှစ် ပြန်လည်ဆန်းသစ်ခြင်း) ကို ပြန်လည်ဆန်းသစ်ခြင်း။ သြဂုတ် ၂၅၊ ၂၀၀၉ ဒီတခေါက်ပြောမှာကတော့ အနှစ် ၂၀ လောက်ရှိပြီဖြစ်တဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ သမိုင်းမှတ်တမ်းတွေနဲ့ ပတ်သက်ပြီး ပြောဆိုနေကြ၊ မှတ်တမ်းတင်နေကြတဲ့နေရာမှာ အခြေခံယေဘူယျအချက်တွေမှာ များသောအားဖြင့် တူညီဖို့၊ အမှန်အတိုင်း ရှိနေဖို့ ဖြစ်ပါတယ်။ အနှစ် ၂၀ လောက် ကြာခဲ့ပြီး ခေတ်သစ်နိုင်ငံရေးသုခမိန် ဆိုသူတွေက ကိုယ်လိုရာကို အင်္ဂလိပ်လို၊ မြန်မာလို၊ တရုတ်လို၊ ဘာသာပေါင်းစုံနဲ့ ရေးပြီး ပြောဆို မှတ်တမ်းတင်နေကြတော့ လူကြီးတွေကော၊ လူငယ်တွေမှာ ဘယ်အချက်အလက်ကို အမှန်အဖြစ် သတ်မှတ်ထားပြီး အခြေခံစဉ်းစားရမယ်ဆိုတာ မသိဘဲ ဖြစ်မှာ...

Read more »

မောင်ရစ် – ၁၉၈၉ ဇူလိုင် ၁၉ … တခုသော အာဇာနည်နေ့…

July 19, 2018
မောင်ရစ် – ၁၉၈၉ ဇူလိုင် ၁၉ … တခုသော အာဇာနည်နေ့…

၈၈ အနှစ် ၂၀ (အခန်းဆက်များ)  မောင်ရစ် – ၁၉၈၉ ဇူလိုင် ၁၉ … တခုသော အာဇာနည်နေ့… (မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ)   မောင်ရစ် ။ ဇူလိုင် ၁၆၊ ၂၀၀၈ (မိုးမခပြန်လည်ဆန်းသစ်ခြင်း) (1988 Burma Democracy Uprising – File Photo, Internet)   ပါတီတွေရဲ့ အစ ၁၉၈၈ စက်တင်ဘာ ၁၈ မှာ စစ်တပ်က အကြမ်းဖက်ပြီး တိုင်းပြည်အာဏာကို သိမ်းခဲ့ပါတယ်။ ၁၉၈၈ နှစ်ကုန်ပိုင်းကနေ ၁၉၈၉ ဇူလိုင်လအထိကို ပြန်ကြည့်ရင် ကျောင်းသားလူငယ်တွေရဲ့ တပ်ဦး၊ သမဂ္ဂနဲ့ နိုင်ငံရေးပါတီတွေ အပြိုင်းအရိုင်းနဲ့ အင်အားတွေ စုစုစည်းစည်း...

Read more »

မောင်ရစ် – အတိတ်ကို ပြန်မလှန်ကြေး (ခင်ညွန့်၊ ၁၉၈၈ စက်တင်ဘာ အာဏာသိမ်းပြီးစ)

July 15, 2018
မောင်ရစ် – အတိတ်ကို ပြန်မလှန်ကြေး (ခင်ညွန့်၊ ၁၉၈၈ စက်တင်ဘာ အာဏာသိမ်းပြီးစ)

မောင်ရစ် – အတိတ်ကို ပြန်မလှန်ကြေး (ခင်ညွန့်၊ ၁၉၈၈ စက်တင်ဘာ အာဏာသိမ်းပြီးစ) ၈၈ အနှစ် ၂၀ (အခန်းဆက်များ) (မိုးမခပြန်လည်ဆန်းသစ်ခြင်း) ၂၀၀၈ ဇူလိုင်လ ၈၈ အနှစ် ၂၀ ကို ကောက်နုတ်ချက်တွေ၊ စာတွေ၊ ဓာတ်ပုံတွေချည်းပဲ လိုက်ရှာ၊ လိုက်တောင်းပြီး ကိုယ်တိုင်တော့ မရေးသေးဘူး ဆိုပြီး တရွတ်ဆွဲနေတာ နည်းနည်းတော့ တို့ထား ရေးထားဦးမှပါပဲ။ ကိုယ်က ဘာကောင်မှ မဟုတ်တော့၊ တောက်တိုမယ်ရ (တီတီအမ်ဝိုင်) ဆိုတော့ ပြောလည်း သိပ်မထူးဘူးဆိုပြီး ထားတာ။ တော်ကြာ မေ့ပျောက်မကုန်ခင် ချရေးထားလိုက်တာပါ။ ၁၉၈၈ သြဂုတ် ၀န်းကျင်နဲ့ မတိုင်ခင် ဗိုလ်ချုပ် (ဟောင်း) အောင်ကြီးဆီမှာ အင်တာနက်တို့၊ ဘလောက်တို့၊ ရေဒီယိုတို့၊ ၀က်ဆိုက်တို့...

Read more »

မောင်ရစ် – ၈၈ အနှစ် ၂၀ (အခန်းဆက်များ) ပြန်လည်ဆန်းသစ်ခြင်း

July 9, 2018
မောင်ရစ် – ၈၈ အနှစ် ၂၀ (အခန်းဆက်များ) ပြန်လည်ဆန်းသစ်ခြင်း

General Saw Maung (1928 – 1997) ၈၈ အနှစ် ၂၀ (အခန်းဆက်များ) ၉၀ ရွေးကောက်ပွဲ (ဗိုလ်စောမောင် – ရွေးကောက်ပွဲပြီးရင် ငါတို့ စစ်တန်လျားပြန်မယ်) မောင်ရစ် သြဂုတ် ၂၀၊ ၂၀၀၈ အဲဒီ ဗိုလ်ချုပ်ကြီးလည်း ရွေးကောက်ပွဲ လုပ်ပြီး သိပ်မကြာဘူး၊ သူတဦးတည်းပဲ သူ့အိမ်ပြန်သွားရတယ်။ စစ်သားတွေကော သူ့နောက်က ဗိုလ်ချုပ်တွေကော စစ်တန်းလျား ပြန်တဲ့လမ်း ပျောက်ကုန်ကြလို့လား မသိဘူး၊ နေပြည်တော်ကွက်သစ်မှာ သမ္မတအိမ်တော်တို့၊ ၀န်ကြီးချုပ် အိမ်ယာတို့ ဆောက်နေကြလေရဲ့။ စစ်တပ်ဆိုတာကတော့ ဘာလုပ်လုပ် စစ်တိုက်သလိုပဲ လုပ်တာပါ။ မနိုင်တဲ့ စစ်ကို မတိုက်ဘူး။ ဥပမာ – နာဂစ်မှာ လူတွေ အလုံးအရင်းလိုက် သေကျေ ဒုက္ခရောက် ဘ၀တွေ...

Read more »

ဒေါက်တာသန်းထွန်း – ဆရာအိုရဲ့ဆုံးမစာ

May 5, 2018
ဒေါက်တာသန်းထွန်း – ဆရာအိုရဲ့ဆုံးမစာ

    ဒေါက်တာသန်းထွန်း – ဆရာအိုရဲ့ဆုံးမစာ (မိုးမခ ပြန်လည်ဖော်ထုတ်ခြင်း)ေ ဖဖော်ဝါရီ ၀၈၊ ၂၀၁၅ ဆရာအိုတွေရဲ့ ဆုံးမစာလိုချင်တယ် ဆိုလို့ သုတေသန ဖတ်မှ တက္ကသိုလ် အသက်ရှည်မယ် ခုတော့ သုတေသန ဆိတ်သုဉ်းပြီ တက္ကသိုလ်သေပြီပေါ့..။ တက္ကသိုလ် ဆရာတွေ ပါမောက္ခတွေ နားချိန် အားချိန် မရ အောင်စာရင်းလုပ် ဘွဲ့နှင်း အစည်းအဝေး ထိုင် နံရံ ထုံးရိုက် မြောင်းဖော် သစ်ပင်စိုက် ကင်းဆော် ဂုဏ်ထူးတန်းမှာ လူအပြည့် ရိုးရိုးတန်းမှာ လူမရှိ ကျမ်းကို အငှားရေး ခရစ်ဒစ် များများပေး ဒါတွေ ငါမြင် ငါသိ တက္ကသိုလ် နင်တို့ မဖျက် ဘယ်ကောင် ဖျက်မလဲ သန်းထွန်း  ...

Read more »

ပိုင်စိုးဝေ – သိန်းစွန်ငှက် အပြန်လမ်း

April 26, 2018

ပိုင်စိုးဝေ – သိန်းစွန်ငှက် အပြန်လမ်း (၂၁ – ၃ – ၈၆) (မိုးမခ ပြန်လည်ဆန်းသစ်ခြင်း) ဧပြီ ၂၆၊ ၂၀၁၈ နောက်ဆုံးအခေါက်ပါပဲ ကျွန်တော် ရွာကိုပြန်လာခဲ့ပါတယ် အမေ ။ ရွာဆိုတာ ……… တမာ ထနောင်း ရှားစောင်း ပြာဿဒ် သန်း ဒဟတ်ပင်တွေနဲ့ ၊ မိုးနှံချုံပုတ် ၊ ရှားပင်ငုတ်တို နီညိုညို ကျောက်ခဲလုံးတွေနဲ့ ထန်းပင်မြင်မြင့်ကြိးတွေကြားက တဲကလေးတစ်လုံးပါ ။ အဲဒီတဲကလေးထဲ အမေ လဲလျောင်းနေပေါ့။ အမေ …. ကျွန်တော်ရောက်လာပြီ အမေ ။ အမေ့ ခြေအစုံကို ပွေ့ဖက် အသံမထွက်ဘဲ ကျွန်တော် ငိုတယ် ။ ထန်းပင်မြင့်မြင့်ကြီးတွေ ပေါ်က ရွက်ယောင်းခြောက်တွေ...

Read more »

ဦးဝင်းတင် (၁၉၃၀-၂၀၁၄) – ၂၀၁၂ က အပြောင်းအလဲ … ဘယ်သူ့အတွက်လဲ

March 23, 2018
ဦးဝင်းတင် (၁၉၃၀-၂၀၁၄) – ၂၀၁၂ က အပြောင်းအလဲ … ဘယ်သူ့အတွက်လဲ

ဦးဝင်းတင် (၁၉၃၀-၂၀၁၄) – ၂၀၁၂ က အပြောင်းအလဲ … ဘယ်သူ့အတွက်လဲ (မိုးမခအင်တာဗျူး ပြန်လည်တင်ဆက်ခြင်း)   (မိုးမခ၊ ဒီဇင်ဘာ ၂၄၊ ၂၀၁၂) ၂၀၁၂ ခုနှစ်ဟာ မြန်မာပြည်နိုင်ငံရေးရှုခင်းအတွက် အပြောင်းအလဲတွေနဲ့ နှစ်လို့ ဆိုကြပါတယ်။ အဲည်အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး ဆရာဦးဝင်းတင်နဲ့ တွေ့ဆုံမေးမြန်းပြီး ဆရာ့သဘောထားကို မေးမြန်းခဲ့ရာကနေ အချက်အလက်အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ · ၂၀၁၁ ခုနှစ်အတွင်းက ပြင်ဆင်ခဲ့တဲ့ အင်န်အယ်ဒီပါတီရဲ့ ခြေလှမ်းတွေကနေပြီးတော့ ၂၀၁၂ မှာ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာခဲ့တယ်။ ပထမ ၁ ချက်က ၂၀၁၁ နိုဝင်ဘာမှာ ပါတီကို ပြန်ပြီး မှတ်ပုံတင်မယ်လို့ ဆုံးဖြတ်လိုက်တာ။ ဒီဇင်ဘာမှာ မှတ်ပုံတင်တယ်။ ပြီးတော့ ၂၀၁၂ ဧပြီ ၁ မှာ...

Read more »

မောင်ရစ်  – အဘ သခင်အုန်းမြင့် ကို နှုတ်ဆက်လိုက်တယ်

January 7, 2018
မောင်ရစ်  – အဘ သခင်အုန်းမြင့် ကို နှုတ်ဆက်လိုက်တယ်

မောင်ရစ်  – အဘ သခင်အုန်းမြင့် ကို နှုတ်ဆက်လိုက်တယ် စက်တင်ဘာ  ၁၇၊ ၂၀၁၀ (သခင်အုန်းမြင့် ရာပြည့်အထိမ်းအမှတ် ပြန်လည်တင်ဆက်ပါတယ်)                သခင်အုန်းမြင့် ကွယ်လွန်သွားတဲ့အတွက် မိုးမခ မီဒီယာတဖွဲ့လုံးက ၀မ်းနည်း ကြေကွဲကြောင်း မှတ်တမ်းပြုလိုက်တယ်။ မိုးမခက ၀ိုင်းတော်သားတွေအားလုံးက ၈၈ အရေးအခင်းထဲမှာ ထမင်းအိုးထမ်း၊ ဟင်းအိုးထမ်း လျှောက်ခဲ့ကြဖူးသူတွေ၊ သမဂ္ဂတွေ၊ အင်န်အယ်ဒီ၊ လူ့ဘောင်သစ်၊ တပ်ဥိးတွေ စသည်တို့မှာ ဘယ်နေရာက ဖြစ်ဖြစ် လုပ်အားလေး ဘာလေး နဲနဲပါးပါး ပေးခဲ့ဖူးကြသူတွေ ဆိုတော့ အဘသခင်အုန်းမြင့်ကို မြင်ဖူး၊ တွေ့ဖူး၊ ကြားဖူး၊ ကြုံဖူးသူတွေချည်းမို့ ချစ်ခင်ကြည်ညိုသူတွေချည်းမို့ သည်လိုမျိုး ရဲရဲကြီး ပြောရဲတာာ ဖြစ်ပါတယ်။               ဆရာဦးတင်မိုးလိုပဲ အမြဲတမ်း ပြုံးနေတတ်သူဟာ အဘသခင်အုန်းမြင့် ဖြစ်ပါတယ်။ အမြဲတမ်း...

Read more »

မော်ကွန်းဝင် အာဇာနည်သီချင်းများ

July 19, 2017
မော်ကွန်းဝင် အာဇာနည်သီချင်းများ

မော်ကွန်းဝင် အာဇာနည်သီချင်းများ မိုးမခ ဇူလိုင် ၁၉၊ ၂၀၁၇ (မိုးမခပြန်လည်ဆန်းသစ်ခြင်း) အမျိုးကိုချစ်၊ နိုင်ငံကိုချစ်၊ တိုင်းပြည်နဲ့လူမျိုးအပေါ်ချစ်ကြတဲ့ မိုးမခပရိသတ်အတွက် ရှားပါးပျောက်ကွယ်လု အာ ဇာနည်သီချင်းများထဲမှ သီချင်းရေးဆရာ ရန်နိုင်ဆွေ ရေးစပ်သီကုံးခဲ့ပြီး အဆိုတော် မေလှမြိုင် သီဆိုထားတဲ့ ”အာဇာနည်နေ့ မမေ့သင့်ပေ”  နားဆင်ရန် သီချင်းအား မိုးမခပရိတ်သတ်ကြီး ခံစားနားဆင်နိုင်စေရန် ပြန်လည်တင်ဆက် လိုက်ရပါသည်။ …. …. …. မမေ့အပ်သော ၁၉ ဇူလိုင် – နားဆင်ရန် ရေးစပ်သီကုံးသူ – စန္ဒယား အောင်ခင် သီဆိုသူ – မာမာအေး (၁၉၄၇ ခုကယ်တွင် ချိန်နရီ ဆယ်ရီညောင်းမှာ xxx ထပ်လောင်းအစွန်းထွက် ထက်ဝက်ကျိုးကာနေ xxxx (တမျိုးသားလုံးညှိုးခြုံးနေ)၂ xxx (၁၉...

Read more »

ခင်မျိုးချစ် – တို့တတွေနှင့် မတန်လေသလား

August 25, 2016
ခင်မျိုးချစ် – တို့တတွေနှင့် မတန်လေသလား

ခင်မျိုးချစ် – တို့တတွေနှင့် မတန်လေသလား (ဇန်န၀ါရီ ၄၊ ၂၀၀၈ ပြန်လည်ဆန်းသစ်ခြင်း) မိုးမခ၊ သြဂုတ် ၂၅၊ ၂၀၁၆ (၁၉၇၅ ခုနှစ် ဂျူလိုင်လ ကြေးမုံသတင်းစာ တွင်ဖော်ပြခဲ့သော ဒေါ်ခင်မျိုးချစ် ရေးသားခဲ့သော “တို့တတွေနှင့် မတန်လေသလား” အမည်ရှိ ဆောင်းပါးကို အမှတ်တရ တင်ဆက်လိုက်ရပါသည်။) မြေငလျင်ဒဏ်ကြောင့် ပုဂံညောင်ဦးရှိ ဘုရားစေတီတော်များ ပျက်စီးရသည့်သတင်းမှာ တိုင်းပြည် အဖို့ ဆုံးရှူံးမူကြီးတခု ဖြစ်ခဲ့သည်။ မနေ့တနေ့ဆီကပင် ”ငါ့မြေးတွေကို ပုဂံ ညောင်ဦး သွားပြရအုံးမယ်” ဟု ပြောမိသေးသည်။ ကျွန်မ ငယ်စဉ် အဖိုး (မြန်မာပညာရှိ ဦးဖေ) က လက်ဆွဲခေါ်သွားပြီး ဂုဏ်ယူစရာ ချစ်မြတ်နိုးစရာတွေကို ပြခဲ့သည်။ ကျွန်မတို့၏သား ကိုလည်း ထို့နည်းအတူ ခေါ်သွား၍...

Read more »

မောင်ရစ် – တရုတ်ပြည်အကြောင်း သင် ဘယ်လောက်သိထားလို့လဲ

August 13, 2016
မောင်ရစ် – တရုတ်ပြည်အကြောင်း သင် ဘယ်လောက်သိထားလို့လဲ

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၊ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဝန်ကြီး မစ္စတာဆုန့်ထောင်းနဲ့ သြဂုတ် ၁၁ ရက်က နေပြည်တော် မှာ တွေ့ဆုံစဉ် မောင်ရစ် – တရုတ်ပြည်အကြောင်း သင် ဘယ်လောက်သိထားလို့လဲ (မိုးမခပြန်လည်ဆန်းသစ်ခြင်း) သြဂုတ် ၁၄၊ ၂၀၁၆ ၂၀၁၃ ဒီဇင်ဘာထုတ် အတွေးအမြင်မဂ္ဂဇင်းပါ (မောင်ရစ် – တပါတီလား ပါတီစုံလား၊ ဘယ်လမ်းရွေးမလဲ မောင်ရေခဲ) ကို ပြန်လည် ဖော်ပြပါတယ်။ အရင်းရှင် နဲ့ ကွန်မြူနစ် လာရာ၊ လားရာ တလောက TED Talks ဆိုတဲ့ မှတ်သားဖွယ်ဟောပြောပွဲတွေ တင်ဆက်တဲ့ ၀က်ဆိုက်မှာ တရုတ်ပြည်က လုပ်ငန်းရှင်၊ နိုင်ငံရေးသိပ္ပံပညာရှင် Eric X Li က...

Read more »

မြသန်းတင့် – ခွေးကလေး

July 27, 2016
မြသန်းတင့် – ခွေးကလေး

  မြသန်းတင့် – ခွေးကလေး ဖေဖော်ဝါရီ ၂၁၊ ၂၀၁၁ (မိုးမခပြန်လည်ဆန်းသစ်၊ ဇူလိုင် ၂၇၊ ၂၀၁၆   မူရင်း စာရေးဆရာ ရှီမာဇာကီ တိုဆန် (shimazaki Toson) (၁၈၇၁-၁၉၄၃) အကြောင်း မိတ်ဆက် ဂျပန် စာရေးဆရာကြီး ရှီမာဇာကီ တိုဆန် ရေးသည့် ၀တ္ထုတို တစ်ပုဒ် ဖြစ်သည်။ ရှီမာဇာဏီသည် ဂျပန်ကဗျာခေတ်သစ်ကို ရှေ့ဆောင်သူ တစ်ဦး ဖြစ်၍ သဘာဝသရုပ်ဖော် ၀တ္ထုများကိုလည်း ရေးလေ့ရှိသည်။ သူ့စာများသည် သဘာဝနှင့်လည်း နီးစပ်၍ ဘ၀နှင့်လည်း နီးစပ်သည်ဟု ဝေဖန်ရေး ဆရာများက ဆိုသည်။ ဤ၀တ္ထု၌ ခွေးလေးတစ်ကောင်၏ ဘ၀ကို ရှီမာဇာကီ ဖော်ပြထားပုံမှာ ကရုဏာရသ မြောက်သည်ဟု ဆိုသင့်သည်။ တိရစ္ဆာန်ဘက်က...

Read more »

၁၉၈၉ ဇူလိုင် ၁၉ … တခုသော အာဇာနည်နေ့… (မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ)

July 19, 2016
၁၉၈၉ ဇူလိုင် ၁၉ … တခုသော အာဇာနည်နေ့…  (မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ)

၈၈ အနှစ် ၂၀ (အခန်းဆက်များ)   ၁၉၈၉ ဇူလိုင် ၁၉ … တခုသော အာဇာနည်နေ့… (မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ)   မောင်ရစ် ။ ဇူလိုင် ၁၆၊ ၂၀၀၈ (မိုးမခပြန်လည်ဆန်းသစ်ခြင်း) (1988 Burma Democracy Uprising – File Photo, Internet)   ပါတီတွေရဲ့ အစ ၁၉၈၈ စက်တင်ဘာ ၁၈ မှာ စစ်တပ်က အကြမ်းဖက်ပြီး တိုင်းပြည်အာဏာကို သိမ်းခဲ့ပါတယ်။ ၁၉၈၈ နှစ်ကုန်ပိုင်းကနေ ၁၉၈၉ ဇူလိုင်လအထိကို ပြန်ကြည့်ရင် ကျောင်းသားလူငယ်တွေရဲ့ တပ်ဦး၊ သမဂ္ဂနဲ့ နိုင်ငံရေးပါတီတွေ အပြိုင်းအရိုင်းနဲ့ အင်အားတွေ စုစုစည်းစည်း ရှိနေတဲ့အချိန်တွေ...

Read more »

(မိုးမခရဲ့ လွတ်လပ်တဲ့ အနုပညာစကားလက်ဆုံ ပြန်လည် ဆန်းသစ်ခြင်း) ပန်းချီထိန်လင်းနဲ့ စကားလက်ဆုံ

July 15, 2016
(မိုးမခရဲ့ လွတ်လပ်တဲ့ အနုပညာစကားလက်ဆုံ ပြန်လည် ဆန်းသစ်ခြင်း)  ပန်းချီထိန်လင်းနဲ့ စကားလက်ဆုံ

(မိုးမခရဲ့ လွတ်လပ်တဲ့ အနုပညာစကားလက်ဆုံ ပြန်လည် ဆန်းသစ်ခြင်း) ပန်းချီထိန်လင်းနဲ့ စကားလက်ဆုံ (လွတ်လပ်တဲ့အနုပညာနဲ့ လွတ်လပ်မှုကိုချစ်တဲ့ ပရိသတ်၊ ချစ်ခြင်းကို မခွဲပါနဲ့) မိုးမခ ဇူလိုင် ၇၊ ၂၀၀၈ မတ်လ ၁၃ ရက်နေ့ကစပြီးတော့ မြန်မာအရေးလှုပ်ရှားသူ အဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ ထိုင်းနိုင်ငံအခြေစိုက် အေအေပီပီ(ဘားမား)နဲ့ အက်ဖ်ဒီဘီ တို့က မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုကို စတင် ဖော်ဆောင်ခဲ့ကြပါတယ်။ အဲဒီက ထုတ်ပြန်တဲ့ ပိုစတာ၊ စာရွက်စာတမ်းများထဲက တီရှပ်မှာ ပန်းချီထိန်လင်းရဲ့ ပန်းချီကားနဲ့ ထုတ်ဝေထားတာကို တွေ့ရပါတယ်။ ၁၉၈၈ ဒီမိုကရေစီရေး အရေးတော်ပုံမှာ တက္ကသိုလ်ကျောင်းသားတဦး၊ နယ်စပ်ရောက် တောခိုကျောင်းသား၊ နိုင်ငံရေး အကျဉ်းသား၊ ပန်းချီဆရာ၊ ကိုယ်တိုင်သရုပ်ဖော်တင်ဆက်တဲ့ အနုပညာရှင် စတဲ့...

Read more »

ဦးဝင်းတင်နဲ့ မေးခွန်းများ – အတိုက်အခံလုပ်စရာ မလိုတော့ဘူး တဲ့လား

April 21, 2016
ဦးဝင်းတင်နဲ့ မေးခွန်းများ – အတိုက်အခံလုပ်စရာ မလိုတော့ဘူး တဲ့လား

ဦးဝင်းတင်နဲ့ မေးခွန်းများ – အတိုက်အခံလုပ်စရာ မလိုတော့ဘူး တဲ့လား မိုးမခ၊ ဧပြီ ၁၅၊ ၂၀၁၃  (ဦးဝင်းတင်ကွယ်လွန်ခြင်း ၂ နှစ် ပြန်လည်ဆန်းသစ်ခြင်း) ၂၀၁၃ ဧပြီလ သင်္ကြန်အချိန်ဆိုတာ ကြားဖြတ်ရွေးကောက်ပွဲ ၁ နှစ် ပြည့်မြောက်တဲ့ အချိန်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီ ၂၀၁၂ ဧပြီလ ၁ ရက်နေ့မှာ ကြံ့ဖွံ့အစိုးရ ကျင်းပပေးတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရပြီးတဲ့နောက် ၁ နှစ်အကြာမှာ တိုင်းပြည်ဟာ အပြောင်းအလဲ အများအပြားကို ဖြတ်သန်းခဲ့ပြီ ဖြစ်ပါတယ်။ အနောက်အုပ်စု နိုင်ငံများရဲ့ စီးပွားရေးပိတ်ဆို့မှုတွေ လျော့ကျသွားတာ၊ ပြည်တွင်း ပြည်ပ ကူးလူးဆက်ဆံမှုတွေ တိုးမြင့်လာတာ၊ နိုင်ငံရေးအကျဉ်းသားတွေ အတော်များများ လွတ်မြောက်လာပြီး ပြည်တွင်းမှာ လွတ်လပ်စွာ...

Read more »

ခင်မောင်စော (ဘာလင်) – ‘အသုဘမှာ မင်္ဂလာပါ—တဲ့’

April 16, 2016
ခင်မောင်စော (ဘာလင်) – ‘အသုဘမှာ မင်္ဂလာပါ—တဲ့’

    ခင်မောင်စော (ဘာလင်) – ‘အသုဘမှာ မင်္ဂလာပါ—တဲ့’ (မိုးမခပြန်လည်ဆန်းသစ်ခြင်း) ဧပြီ ၁၆၊ ၂၀၁၆ စာရေးသူတို့  ငယ်စဉ်က စ၍ မြန်မာအ့သံမှ နေ့ စဉ်ကြားနေရသော စကားမှာ “သောတရှင်များ ကျန်းမာတော် မူကြပါရဲ့လားရှင်/ခင်ဗျား” ဆိုသော နှုတ်ခွန်းဆက် စကားသာ ဖြစ်ခဲ့ပါ၏။ သဘင်ပွဲများ။ ဧည့်ခံပွဲများတွင်လည်း” ရွှေပွဲ လာ ပရိဿတ်များ ခင်ဗျား/ရှင်။ ဧည့်တော်များရှင်/ခင်ဗျား “စသော နှုတ်ခွန်းဆက် စကားများသာ ကြားခဲ့ရပါ၏။ ၁၉၆၅ခုနှစ်တွင် ကျောင်းပေါင်းစုံကို ပြည်သူပိုင်သိမ်းလိုက်ရာတွင် ယခင်က ´Good morning Sir/ teacher` စသည်ဖြင့် နှုတ်ဆက်ခဲ့ကြသော အင်္ဂလိပ်ကျောင်းများနည်းကိုယူပြီး အာဏာရှင် ဗိုလ်နေ၀င်း က ‘မင်္ဂလာပါ’ ဟူသော စကားကို...

Read more »

သစ္စာနီ – နိုင်ငံရေးဘ၀ ခြေလှမ်းသစ်မျှော်လင့်ချက်

March 31, 2016
သစ္စာနီ – နိုင်ငံရေးဘ၀ ခြေလှမ်းသစ်မျှော်လင့်ချက်

သစ္စာနီ – နိုင်ငံရေးဘ၀ ခြေလှမ်းသစ်မျှော်လင့်ချက် သြဂုတ် ၂၆၊ ၂၀၁၁ (မိုးမခ ပြန်လည်ဆန်းသစ်ခြင်း) ၁။ ကြွေပန်းအိုးကို ၀က်ဝံလက်ဖြင့်ကိုင်မည်လော ယနေ့မြန်မာနိုင်ငံ၏ အပြက်ထင် အပေါ်လွင်ဆုံး ရာဇ၀င်ရေးလမ်းကြောင်းသည် အမျိုးသားဒီမိုကရေစီနိုင်ငံတော်ထူထောင်ရေးဖြစ်ကြောင်း မည်သူမှအငြင်းပွားစရာမရှိ။ ပန်းတိုင်နှင့်အကွာအဝေးကိစ္စတွင်မူ၊ ဤအရေးနှင့်ပက်သက်ငြိတွယ်သူအားလုံး အားလုံး၏…. (က) နိုင်ငံရေးသဘောတရား တတ်သိကျေမွန်မှု (ခ) ရိုးသားသည့်စိတ်စေတနာ အရင်းခံမှန်ကန်မှု (ဂ) အမြစ်တွယ်နေသော လှေနံဓားထစ်အယူအဆများနှင့် သံသယများကို အပြိုင်အဆိုင်စွန့်ပစ်နိုင်မှု (ဃ) အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းတင်မှု (င) နိုင်ငံရေး အမြှော်အမြင်ကြီးမားမှု (စ) အပြန်အလှန် အရေးထားလေးစားမှု စသည့်အချက်များပေါ်တွင် အခြေခံတည်ရှိလေသည်။ ရွေးကောက်ပွဲ (သို့) အာဏာလွှဲပြောင်းရေး (ပြည်သူသို့ မူလအာဏာပြန်လည်အပ် နှင်းရေး) ကိစ္စမှာ ပြည်သူတရပ်လုံးအတွက် အင်မတန် တန်ဖိုးကြီးမား အရေးပါလှသည်နှင့်အမျှ၊...

Read more »

မောင်သာရ – မဲဆန္ဒရှင်ပြည်သူကိုသာ စိတ်ဝင်စားပါတယ် …

March 2, 2016
မောင်သာရ – မဲဆန္ဒရှင်ပြည်သူကိုသာ စိတ်ဝင်စားပါတယ် …

မောင်သာရ – မဲဆန္ဒရှင်ပြည်သူကိုသာ စိတ်ဝင်စားပါတယ် …  (မိုးမခ)  နိုဝင်ဘာ ၅၊ ၂၀၁၀။ (ပြန်လည်ဆန်းသစ်ခြင်း) (၂၀၀၇၊ စက်တင်ဘာ ၂၃ ဆူးလေဘုရားလမ်းပေါ်က လူထု) ကျုပ်တို့ ဗမာဒီမိုကရေစီအင်အားစုတွေ အမှတ်တရစုစည်းကျင်းပလေ့ရှိတဲ့ နိုင်ငံရေး အထိမ်းအမှတ်နေ့တွေ အတော်များများ ရှိပါတယ်။ ပြည်တွင်းမှာကတော့ လွတ်လပ်ရေးနေ့တို့၊ ပြည်ထောင်စုနေ့တို့၊ အာဇာနည်နေ့တို့၊ အမျိုးသားနေ့တို့ … စသဖြင့်ပေါ့။ လွတ်မြောက်နယ်မြေ ပြည်ပနိုင်ငံတွေမှာကတော့ ဇူလိုင် ၇ ရက်တို့၊ ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံနေ့တို့၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူပေါင်း ၃ ထောင်ကျော်ကို ပစ်ခတ်နှိမ်နှင်းသတ်ဖြတ်ပြီး စစ်တပ်က ဒုတိယအကြိမ် အာဏာသိမ်းခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်တို့၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းကြည်ရဲ့မွေးနေ့ … စသည်တို့ကို...

Read more »

ဗိုလ်အောင်ကျော် – “လူငယ်”

December 23, 2015
ဗိုလ်အောင်ကျော် – “လူငယ်”

Photo – Irrawaddy News ဗိုလ်အောင်ကျော် – “လူငယ်” (၁၉၇၀၊ နိုဝင်ဘာလထုတ် “အိုးဝေ၏ ရွှေရတုသဘင် လက်ရွေးစင်” စာအုပ်မှ ဖျာပုံစိုးရေးသည့် “အောင်ကျော်စာပေ” ကို ကူးယူဖော်ပြသည်) မိုးမခ၊ ဒီဇင်ဘာ ၂၃၊ ၂၀၁၅ ဤနေ့ကား မြန်မာပြည်ကျွန်သက် ၅၃-နှစ် တင်းတင်းပြည့်သောနေ့ပေတည်း။ အချိန်ကား နံနက် ၉နာရီခန့် ရှိပေမည်။ မိုးကား တဖွဲဖွဲနှင့် ရွာလျက်ရှိ၏။ အသက် ၁၆နှစ်ခန့်ရှိသော လူငယ်တစ်ယောက်သည် အဆောင်လည်းမပါ။ မိုးရွာသည်ကိုလည်း ဂရုစိုက်ဟန်မတူ၊ တစ်ယောက်တည်း ခပ်ဖြည်းဖြည်းပင် သမဂ္ဂ္ဂရုံးသို့ ရောက်လာပေး၏။ တံခါးဝသို့ ရောက်သောအခါ နောက်သို့ တစ်ချက်ငဲ့၍ ကြည့်လိုက်၏။ ထို့နောက်ခုံဖိနပ် ချွတ်လိုက်၊ ကွတ်အင်္ကျီကို စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်နေ၏။ ကြည့်နေရင်း...

Read more »

ဒေါ်ခင်မျိုးချစ် – စာရေးဆရာဟူသည်

December 8, 2015
ဒေါ်ခင်မျိုးချစ် – စာရေးဆရာဟူသည်

ဒေါ်ခင်မျိုးချစ် – စာရေးဆရာဟူသည်  (မိုးမခပြန်လည်ဆန်းသစ်) ဒီဇင်ဘာ ၈၊ ၂၀၁၅ နတ်တော်လသည် မြန်မာပြက္ခဒိန်အရ ကိုးလမြောက်လဖြစ်သည်။ ထိုအချိန်တွင် လူကြီး၊ လူငယ်များတို့၏ အတွေးများသည် မြန်မာစာပေနှင့် ကဗျာများဘက်သို့ ဦးလှည့်၍နေကြသည်။ လူကြီးများက ရှေးခေတ်က အောက်မေ့ဖွယ်များကို ပြန်လည်သတိရကြသည်။ လူငယ်များက သူတို့၏စိတ်ကူးယဉ် အိပ်မက်များဆီသို့ လှည့်သွားကြသည်။ ကျမကတော့ ကျမ၏ပတ်ဝန်းကျင်တွင် လူကြီးအရွယ်သို့ ရောက်ပြီဟု အများက သတ်မှတ်ကြပါသည်။ သို့သော်လည်း ကျမ၏နှလုံးသားကတော့ ငယ်နေဆဲဖြစ်ပါသည်။ ထို့ကြောင့်ကျမ၏အတွေးများသည် လူကြီးအတွေးနှင့် လူငယ်အတွေးတို့ရောစပ်၍နေပါသည်။ လူကြီးကဲ့သို့ရှေးက ပျော်ရွှင်ခဲ့ပုံများ၊ စိတ်ကြည်နူစရာများနှင့် ကြေကွယ်ဖွယ်ရာများကို ပြန်လည်၍သတိရပါသည်။ တစ်ဖက်တွင်လည်းနေ အနာဂတ်သို့ မျှော်လင့်ချက်များစွာဖြင့် မျှော်ကြည့်မိပါသည်။ ပစ္စုပ္ပန်ကာလကို ရှေးဦးစွာ သုံးသပ်၍ ကြည့်မိပါသည်။ ထိုအခါ ကျမတွေးမိသည်မှာ ယနေ့ခေတ် လူငယ်စာရေးဆရာများသည်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်