ပြန်လည်ဆန်းသစ်ခြင်း

မီးခြစ် တဆံ

March 16, 2013
မီးခြစ် တဆံ

မောင်သော်က (ခ) ဗိုလ်မှူး ဘသော် မတ်လ ၁၆၊ ၂၀၁၃ (၁) အနှစ်၂၀ ဆိုပါလားဟေ့ …။ အမြင်ကပ်လောက်အောင် ကိုယ့်ကိုယ်ကိုယ် တပ်မက်စိတ်ရှိသူများက ကြောင်သူတော်သောကနဲ့လေ…။ အနှစ်၂၀ ဆိုပါလားဟေ့ …။ ကောက်ကျစ်သော အမြင်တိုသော ကိုယ်ကျိုးငဲ့ ရန်လိုစိတ်နဲ့  လူလားမြောက်လာတဲ့ အာဏာပါးကွက်သားတို့က ကိုယ့်ကိုယ်ကိုယ် လေးစားခြင်းငှာ မတတ်စွမ်းနိုင်တဲ့ ကောက်ရိုးမျှင် ဥပဒေနဲ့လေ…။ အနှစ်၂၀ ဆိုပါလားဟေ့ …။ အကောင်းအဆိုးအပေါ်မှာ ရှက်ဖွယ်လိလိ ဥပက္ခာပြုနိုင်သူများက ယုတ်ညံ့သိမ်ဖျင်းမှုနဲ့ မသန့်စင်သောအရာမှန်သမျှ မုသားပုဒ်မနဲ့လေ…။ အနှစ်၂၀ ဆိုပါလားဟေ့ …။ ရုပ်မှာ အာဏာနဲ့ ကျည်ဆန် နာမ်မှာ ဖက်ဆစ် မအောင်မြင်တဲ့ သူရဲကောင်းများရဲ့ အာဃာတထက် အဆိပ်အတောက်ပြင်းတဲ့ ခုံရုံးအမိန့်နဲ့လေ…။ (၂) “မီးပွားကလေးကနေပြီး...

Read more »

မဏ္ဍပ်မထိုးရ၊ လူမစုရ၊ စားမြိန်ထုတ် မထည့်ရ၊ ရေအိုးမထွဲလိုက်ရ၊ မနက်စောစောချတဲ့ အသုဘ

March 13, 2013
မဏ္ဍပ်မထိုးရ၊ လူမစုရ၊ စားမြိန်ထုတ် မထည့်ရ၊ ရေအိုးမထွဲလိုက်ရ၊ မနက်စောစောချတဲ့ အသုဘ

မဏ္ဍပ်မထိုးရ၊ လူမစုရ၊ စားမြိန်ထုတ် မထည့်ရ၊ ရေအိုးမထွဲလိုက်ရ၊ မနက်စောစောချတဲ့ အသုဘ ဖုန်းမော်ရေ … အမျှ အမျှ အမျှ စက်မှုအားမာန်စာစောင်၊ ၁၉ ၈၈ စက်တင်ဘာ ၁၇၊ ကောက်နုတ်ချက်၊ မတ် ၁၃၊ ၂၀၁၃ မဏ္ဍပ်မထိုးရ လူမစုရ စားမြိန်ထုတ်မထည့်လိုက်ရ ရေအိုးမခွဲလိုက်ရ မနက်စောစောချတဲ့အသုဘ ဖုန်းမော်ရေ အမျှ . အမျှ . အမျှ (ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ထုတ်ဝေသည်။ စက်မှုအားမာန် စာစောင်၊ အမှတ်စဉ် (၄)၊ ၁၇.၉.၈၈ မှ ကူးယူဖော်ပြပါသည်။) ရန်ကုန်စက်မှုတက္ကသိုလ်၊ မတ်လ အရေးအခင်းတွင် ကျဆုံးသွားခဲ့သော ကိုဖုန်းမော်၊ ပဉ္စမနှစ် (ဓာတု) ၏ အမကြီး မမာမာဝင်း၊ သူငယ်ချင်းများ ဖြစ်ကြသော...

Read more »

မလိမ္မာ တခါမိုက်စမြဲ – ဇာတ်လမ်း တက္ကသိုလ်ရွှေရီဝင်း၊ – Artist U Ba Kyi

March 9, 2013

မလိမ္မာ တခါမိုက်စမြဲ – ဇာတ်လမ်း တက္ကသိုလ်ရွှေရီဝင်း၊ သရုပ်ဖော် ပန်းချီဦးဘကြည် (F.R.S.A (London), M.A.II (U.S.A), Ecole Superieure National des Beaux-arts(Paris)) ပြန်လည်ဆန်းသစ်ခြင်း၊ မတ် ၉၊ ၂၀၁၃ ၁၉၈၂ ခုနှစ်အတွင်း၊ အပတ်စဉ်ထုတ်ဝေသော၊ စာပေဗိမာန်စာစဉ်တခုဖြစ်သည့် ရွှေသွေး ဂျာနယ်မှ ပြန်လည်ကူးယူ ဖော်ပြပါသည်။ No tags for this post. Related posts No related posts.

Read more »

ခင်မျိုးချစ်ရေး၊ ဂျုနီယာဝင်း ဘာသာပြန် – နိုင်ငံရေးသမားများနှင့် လမ်းခွဲခြင်း

February 6, 2013
ခင်မျိုးချစ်ရေး၊ ဂျုနီယာဝင်း ဘာသာပြန် – နိုင်ငံရေးသမားများနှင့် လမ်းခွဲခြင်း

ခင်မျိုးချစ်ရေး၊ ဂျုနီယာဝင်း ဘာသာပြန် – နိုင်ငံရေးသမားများနှင့် လမ်းခွဲခြင်း အတွေးအမြင်မဂ္ဂဇင်း ကောက်နုတ်ချက်၊ ဖေဖော်ဝါရီ ၆၊ ၂၀၁၃ Quest for Peace (Khin Myo Cht) မှ Goodbye to Politicians ကို ဘာသာပြန်တာဖြစ်ပါတယ်။ အတွေးအမြင် အမှတ် ၂၅၁ မှာ ဖော်ပြထားတာကို ပြန်လည်ကူးယူဖော်ပြပါတယ်။ စာရိုက်ပေးမည့် စေတနာရှင်ရှိရင်တော့ ဒီစာမူကို စာရိုက်ပြီး တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ ဒီအတိုင်း ဖတ်ကြပါဦး။ (မိုးမခ) မြန်မာပြည်လွတ်လပ်ရေး ခေတ်ပြောင်းကာလ နိုင်ငံရေးသမားများနဲ့ စာရေးဆရာမ လင်မယားတို့ လမ်းခွဲကို ရေးထားတာဖြစ်ပါတယ်။ Tags: ခင်မျိုးချစ် Related posts ဒေါ်ခင်မျိုးချစ် – စာရေးဆရာဟူသည် (0)...

Read more »

ဦးခင်မောင်မြင့် (သို့မဟုတ်) ရှားရှားပါးပါး သံမဏိနိုင်ငံရေးသမား

November 3, 2012
ဦးခင်မောင်မြင့် (သို့မဟုတ်) ရှားရှားပါးပါး သံမဏိနိုင်ငံရေးသမား

ဝင်းထွဋ်ဇော် နိုဝင်ဘာ ၃၊ ၂၀၁၂  ကမ္ဘာကျော် ပန်းချီဆရာကြီး လီယိုနာဒို ဒါဗင်ချီက သူ့ရဲ့အနုပညာ အောင်မြင်မှုအဖြစ် ‘မိုနာလီဇာ အပြုံး’ လို့ လူတွေခေါ်ကြတဲ့ ပန်းချီကားကို ဖော်ပြနိုင်ပါတယ်။ ကမ္ဘာကျော် ရုရှားစာရေးဆရာကြီး လီယိုတော်လ်စတွိုင်း က သူရေးသားခဲ့တဲ့ စစ်နဲ့ငြိမ်းချမ်းရေး ဝတ္ထုကြီးကို လက်ညှိုးထိုးပြပြီး “ဟောဒါက ငါ့ရဲ့အနုပညာ အောင်မြင်မှုကွ” လို့ ရဲရဲတင်းတင်း ပြောနိုင်တဲ့ အခြေအနေမှာ ရှိခဲ့တယ်။ သိပ္ပံပညာကျော် အိုင်းစတိုင်းက ရီလေတီဗီတီ သီအိုရီ စာအုပ်ကြီးကို ထောင်ပြပြီး “ဟောဒါကတော့ ငါ့ရဲ့အောင်မြင်မှုပဲကွ” လို့ လက်မထောင်ပြီး ပြောမယ်ဆိုရင် ပြောနိုင်ပါတယ်။ သို့ပေမဲ့ ခေတ်ပြောင်းတော်လှန်ရေးတစ်ရပ်ကို ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ ဆင်နွှဲနေတဲ့ တော်လှန်ရေးသမား တစ်ယောက်အဖို့ကတော့ တော်လှန်ရေးကြီးတစ်ခု အောင်မြင်ခဲ့သည့်တိုင်အောင် “ဒါဟာ...

Read more »

သူရဲကောင်းများကို ကြိုဆိုခြင်း (Khin Myo Chit)

July 26, 2012
သူရဲကောင်းများကို ကြိုဆိုခြင်း  (Khin Myo Chit)

ခင်မျိုးချစ် (ဂျူနီယာဝင်း ဘာသာပြန်) ဇူလိုင် ၂၆၊ ၂၀၁၂ (Khin Myo Chit ရေးသော ‘Quest for Peace’ မှ ‘ Hail The Conquering Heroes Home’ ကို ဂျူနီယာဝင်း က ဘာသာပြန်သည်)             အိပ်မက်ဆိုးများ မပြီးဆုံးနိုင်တော့ဟု မြင်မိသည်။ အိပ်မက်ဆိုးများ အဆုံးသတ်သွားပြီဟူသည့် သတင်း လက်ခံရဖို့ပင် ကောင်းလွန်းအားကြီးနေပါသည်။ ကျမတို့ ဂျပန်လက်အောက်က တကယ်ပဲ လွတ်မြောက်ပြီဖြစ် သည်။ ဗြိတိသျှ တို့၏ အလုပ်တာဝန်က အခုတော့ ပြီးဆုံးသွားပြီ ဖြစ်သည်။ လူတွေသည် ၄င်းတို့ တောင်လိုပုံ နေသော တန်ဖိုးမဲ့ ဂျပန်ငွေစက္ကူတွေကို ဘာလုပ်ရမည် မသိဖြစ်ကာ ထိုကိစ္စကို မကျေမနပ်ဖြစ်နေကြသည်။...

Read more »

သခင်ကိုယ်တော်မှိုင်းနှင့် အတူနေခဲ့ရသောရက်များ (ဒဂုန်တာရာ)

July 25, 2012
သခင်ကိုယ်တော်မှိုင်းနှင့် အတူနေခဲ့ရသောရက်များ (ဒဂုန်တာရာ)

ဇူလိုင် ၂၅၊ ၂၀၁၂ ၁၉၆၇ ဖေဖော်ဝါရီလ ၅ ရက်၊ အင်းစိန်မှထွက်လာသော ဒတ်ဆန်းကားသည် ကြည့်မြင်တိုင်၊ လမ်းမတော် စသည့်ရပ် ကွက်များ၌ လူအချို့ကို ချခဲ့ပြီးနောက် ဘုရားလမ်းသို့ ကွေ့လိုက်လေသည်။ သစ်ပင်၊ တိုက်တာ၊ အိမ်ယာ၊ ဈေးဆိုင်၊ လူ များ၊ ကားများသည် ပန်းရောင် မြူမင်းလွင်အောက်၌ ယိမ်းထိုးနေကြသည်။ ပြာသိုလမို့ မြူရိပ်မစင်၊ နှင်းငွေ့ကျန်၊ကတ္တရာ စေး လမ်းမကြီးမှာ ဖဲကြိုးအနက်ခင်းထား၍ ကားကွေ့လိုက်သောအခါ တွန့်သွား၏။ ကောင်းကင်ပြာထဲမှ ရွှေဝါရောင် ကြယ်ပွင့်ကြီးမှာ ကြီးလှပါကလား။ ဆေးရုံကြီးဝင်းထဲ၌ ဆေးသုတ်ထားသော ကစားစရာသေတ္တာခွံကြီး ဘယ်တုန်းက ရောက်နေပါလိမ့်။ သံပတ်ပေးထားသော မိန်းမရုပ်များသည် တတောက်တောက် ခုတ်မောင်းနေကြ၏။ ကစားစရာ စက်ရုံ မှ ပုံစံထုတ်ဆရာမှာ ကုလားသွေးပါသည်ထင့်၊ မှားယွင်း၍...

Read more »

ပဒိုမန်းရှာ (သို့မဟုတ်) ချစ်သူများနေ့မှာ အမှတ်ရတဲ့သူ

February 14, 2012
ပဒိုမန်းရှာ (သို့မဟုတ်) ချစ်သူများနေ့မှာ အမှတ်ရတဲ့သူ

နေသွင် ဖေဖော်ဝါရီ ၁၄၊ ၂၀၁၂ ဖေဖော်ဝါရီ ၁၄ ရက် ၊ ညနေ ၄ နာရီခွဲ။ “ပဒိုမန်းရှာ လုပ်ကြံခံလိုက်ရတယ် ဆိုဗျ” အွန်လိုင်းမှာ သူငယ်ချင်းတယောက်က ကျနော့်ကို လှမ်းမေးတယ်။ “ဟာ- မဟုတ်တာဗျာ” ကျနော် ဒီလောက်ပဲ အကြောင်းပြန်နိုင်ပါတယ်။ စိတ်ထဲမှာတော့ နည်းနည်း ထိတ်သွားတာ အမှန်ပါပဲ။ မဲဆောက်က သူငယ်ချင်းတယောက်ဆီ ဖုန်းခေါ်ကြည့်တော့ ကျနော်က ဘာမှ မမေးခင်မှာပဲ “ကြားပြီးရော့ပေါ့” တဲ့။ “ဟာ.. ဒါဖြင့် သွားပြီပေါ့” သတင်းသမားတယောက် အနေနဲ့ ဘယ်လို၊ ဘယ်ပုံ ဆိုတာကို မေးဖို့ထက် မိနစ်အတန်ကြာအောင် မင်သက် သွားမိတယ်။ အဲဒီညနေက တော်တော်နဲ့ အိမ်မပြန်ဖြစ်ပါဘူး။ ပဒိုမန်းရှာ လုပ်ကြံခံရတဲ့ကိစ္စကို ကျနော်တို့ တတ်နိုင်သလောက်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်