စာပဒေသာ

ရာမိုးဇင် ● လေချွန်ပြီး အေးအေးလူလူတင်ဆက်နေတဲ့ ကဗျာအော်ပရာ

October 14, 2017
ရာမိုးဇင် ● လေချွန်ပြီး အေးအေးလူလူတင်ဆက်နေတဲ့ ကဗျာအော်ပရာ

ရာမိုးဇင် ● လေချွန်ပြီး အေးအေးလူလူတင်ဆက်နေတဲ့ ကဗျာအော်ပရာ (မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၁၇ လေချွန်သံတွေနဲ့ ဒီကဗျာကိုတွေ့ဆုံဆွေးနွေးထားတယ် အမှောင်အောက်မှာ အမှောက်မှောက်အမှားမှားနဲ့ ရာစုနှစ်ခုစာလွယ်ပိုးထားခဲ့ရတဲ့သန္ဓေသားကို ယမ်းငွေ့တအူအူမှာပွင့်တဲ့ နေကြာပန်းပွင့်လို ပန်းချီကားကင်းဗတ်စတွေပေါ် အဝါရဲရဲ ပွင့်ပြတော့မယ် ဆန်ကြမ်းစားသူတွေရဲ့မျက်နှာပေါ် မငြိမ်းမချမ်းတဲ့ငြိမ်းချမ်းရေးညစာဟာ အာသာငမ်းငမ်း ငတ်မွတ်လို့ သေနတ်တွေကြည်အသွားတဲ့အထိ ငါတို့ကဗျာတွေရွတ်နေကြမယ် အဝါရောင်သစ်တောလမ်းလေးရှိရာမှာ ငါတို့လေညင်းခံထွက်ကြမယ် တောင်ကုန်းတွေပေါ်ကဂီတမှာ ဘုရားသခင်ရဲ့မေတ္တာတော်နဲ့ ငါတိုတေးသီချင်းဖွဲ့ဆိုကြမယ် ဘီလူးတွေရဲ့အံကြိတ်သံမျိုးနဲ့ ကြိတ်ခွဲခံနေရတဲ့ ပခုံးသားတွေပေါ်က နင်းချေခံဘဝတွေကို ဘယ်သူတွေ ထမ်းပိုးထူမတ်ပေးကြမလဲ…. ငါတို့ဟာ သေနတ်တကမ်း ဓားတလှမ်းစာ ခေတ်အပျက်ကြီးကိုပွေ့ဖက် ကျောင်းခေါ်ချိန်ခေါင်းလောင်းထိုးသံနဲ့ စာမကျက်ခဲ့ရပဲ စစ်ခရာမှုတ်သံတွေနဲ့ကျောင်းတက်ခဲ့ကြပြီး ကမ္ဘာမကျေသီချင်းကို လူမမယ်သံတွေနဲ့ ဆိုညည်းခဲ့ကြရတယ် စိန်ပန်းပွင့်တွေလို ရဲသွေးနီနီနေ့များ ကံ့ကော်ဦးတွေလို ပြာရီလင်းတဲ့အလံများ ချယ်ရီ သံလွင် ရနံ့တွေကင်းတဲ့လမ်းမတွေဆီ တရားသောသူတို့ရဲ့တိုက်ပွဲ...

Read more »

ကျော်မောင် (တိုင်းတာရေး) ● အကြော်မပါရင်

October 14, 2017
ကျော်မောင် (တိုင်းတာရေး) ● အကြော်မပါရင်

ကျော်မောင် (တိုင်းတာရေး) ● အကြော်မပါရင် (မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၁၇ သိပ်မကြာသေးသော တစ်ခါတုန်းက ဖြစ်စဉ်တစ်ခုဖြစ်သည်။ စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကာ အသက်မွေးဝမ်းကျောင်းပြု နေသော ရန်ကုန်မြို့ကြီးသားတစ်ယောက် ရှိသည်။ ရန်ကုန်သားဟု သုံးစွဲကြပါစို့။ တစ်နေ့သော် သူသည် သူအလုပ်လုပ် ရာရုံးသို့ ခါတိုင်းရက်များကဲ့သို့ပင် ပုံမှန်အချိန်တွင်ရောက်၏။ ပြုလုပ်ရန်ရှိသော ကိစ္စအ၀၀တို့ကို အားကြိုးမာန်တက် ပြုလုပ်ပြီးသော် ညနေပိုင်း ရုံးဆင်းချိန်တွင် MRT (Mass Rapid Transit) ဟု အမည်တွင်သော တွဲခြောက်တွဲပါ ရထား မြန်ယာဉ်ကြီးဖြင့် မြို့တော်ခန်းမဘူတာရုံ (City Hall MRT Station) သို့ အပြင်းနှင်လေခဲ့သည်။ အလုပ်ချိန်ပြီးပြီးချင်း ဤသို့ ဒရောသောပါးပြေးခဲ့ခြင်းမှာ မိတ္တူကူးထားသော မူရင်းစာအုပ်နှင့် မိတ္တူစာအုပ်ကို ပြန်ရွေးယူရန်...

Read more »

ရွှေပိုးအိမ် (ပဲခူး) ● ခေါ်သံ

October 12, 2017
ရွှေပိုးအိမ် (ပဲခူး) ● ခေါ်သံ

ရွှေပိုးအိမ် (ပဲခူး) ● ခေါ်သံ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂ဝ၁၇ အဝေးကြီးကနေ ဖြတ်သန်းလာတဲ့ လေထဲမှာ။ တကယ်ပါ ငါ ကြားနေရတယ် အချစ်ရယ်။ ဘယ်မှာလဲ ဘယ်ကနေ လာခဲ့ရတာလဲ။ ငါ့လက်ကို ဆုပ်ကိုင်ပစ်လိုက်ပေါ့။ ငါ့ ပခုံးကို လှုပ်နိုးပစ်လိုက်ပေါ့။ ခေါ်သံကြားလျှက် မင်းဆီရောက်မလာနိုင်တဲ့ ခန္ဒာဝန်ကြီးကို ငါမုန်းလာပြီ။ လှုပ်မရနိုင်တဲ့ လေး လံမှုကြီးကို ငါ့ဆီက ပြန်ယူသွားကြစမ်းပါ။ လျင်မြန်တဲ့ လေဟာ ငါ့ မျက်နှာပေါ်ကနေ ရှပ်တိုက်ပြေးလွှား ဆော့ကစားလို့။ မင်းအသံကို သယ်ဆောင်လာတဲ့ အဲ့ဒီ လေ ဟာ….။ ကောင်းကင်ကြီးတစ်ခုလုံး ဖိချထားခံရသလို ငါ့လောက် ဘယ်အရာတွေကများ လေးလံနေနိုင်မှာလဲ။ အသံလာရာဆီပဲ ငါ့စိတ် ဟာ စူးရှစွာ….။ တိမ်တွေကို ဖြတ်ကျော်ပြီး...

Read more »

မျိုးတေဇာမောင် ● ခင်ဗျားစိတ်ကူးနဲ့ရူးနေတဲ့ကိစ္စ အခြေအနေဘယ်လိုလဲ

October 12, 2017
မျိုးတေဇာမောင် ● ခင်ဗျားစိတ်ကူးနဲ့ရူးနေတဲ့ကိစ္စ အခြေအနေဘယ်လိုလဲ

မျိုးတေဇာမောင် ● ခင်ဗျားစိတ်ကူးနဲ့ရူးနေတဲ့ကိစ္စ အခြေအနေဘယ်လိုလဲ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၇ (၁) ဘီယာခွက်နှုတ်ခမ်းမှာလျှံကျနေတဲ့ ဘီယာအမြုပ်တွေကို လျှာနဲ့သပ်ပြီး ဘီယာတစ်မော့ မော့ချလိုက်သူဟာ ကျနော်ဖြစ်ပြီး၊ အဲ့ဒီ့အချိန်မှာ ကျနော်ဟာ ကော့ဘ်ဘဇားက ဒုက္ခသည်စခန်းမှာ ဘုရားဝတ်ပြုနေပြန်တယ် ဗိုက်ထဲ တကျုတ်ကျုတ်မြည်တဲ့ ဆာလောင်မှုနဲ့ အမြည်းပန်းကန်ထဲကအသားတဖတ်ကို ကျနော်တူနဲ့ညှပ်ယူပြီး ဝါးတယ် ကမ္ဘာကြီးဟာ ပန်းစကြာင်္မှန်ပြောင်းထဲမှာ သဏ္ဌာန်မျိုးစုံပန်းပွင့်တွေ ငတ်တာနဲ့ပျော်တာဟာ ပြောင်းတဲ့အခါတစ်ထပ်တည်းတခါလေကျပြန်ရော ခွဲခြားမရ၊ခြေဖဝါးတွေဟာ မြက်ထဲ၊ရေထဲမှာနစ်လို့ တကယ်လှပတဲ့အရာတွေဟာ အမြင်မခံကြဘူး၊ အလှအပကိုမြင်ဖို့ ဟော့ဒီ့ မျက်လုံးတွေနဲ့ မလုံလောက်ဘူး ရေခဲပြင်ရဲ့အလွန်မှာ သမုဒ္ဒရာ သမုဒ္ဒရာရဲ့အလွန်က ကန္တာရရဲ့ ဟိုတဘက်မှာ ပိန်လှီနေတဲ့ ဠင်းတတကောင် မိုဒယ်ထိုင်နေတာအဲ့ဒာကြီးကို နိုင်ငံတကာက ပန်းချီကျော်တွေနဲ့ ဓာတ်ပုံဆရာအကျော်အမော်တွေ အလုအယက် ရေးကြ၊ ရိုက်ကြ။ (၂)...

Read more »

ဆူဏီးလ် ● ဖျာတစ်ချပ်ပေါ်က နေ့လည်

October 11, 2017
ဆူဏီးလ် ● ဖျာတစ်ချပ်ပေါ်က နေ့လည်

ဆူဏီးလ် ● ဖျာတစ်ချပ်ပေါ်က နေ့လည် (မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၇ ဆောင်းအခါသည်ကျန်ရစ်ခဲ့ပြီ။ တဟူးဟူးတိုက်ခတ်လာနေသောနွေလေပူများ ကျွန်တော့်အခန်းပြတင်းဝကိုကျော်ဖြတ်လာ ကြသည်။ ဖျာတစ်ချပ်ပေါ်ကျွန်တော်လဲလျောင်းနေစဉ်ကဖြစ်သည်။ စာကြည့်စားပွဲမှ စားပွဲခင်းမှာတဖျပ်ဖျပ်။ စာအိတ်ဖြူဖြူ များ ကြမ်းထက်သို့ ဝေ့ဝဲကာ။ လေထဲမှာပါသော ကျောက်မှုန်ကျောက်မွှားများက သွပ်ပြားများကို တရှပ်ရှပ်ပွတ်တိုက်နေကြ သည်။ နွေလေများကြောင့် လေထဲမှာရပ်တန့်နေသောမီးသီးက ခပ်ကြမ်းကြမ်းလှုပ်ရမ်းနေသည်။ အနီရောင်တဘက်ကလည်း တလှုပ်လှုပ်။ တန်ဖိုးထားမျှော်လင့်ခဲ့သောအရာများ နွေကြောင့် တဖျစ်ဖျစ်လောင်ကျွမ်းကာ အရည်ပျော်ကျသွားသလိုရှိနေသည်။ ဖျာပေါ် မှာ လှဲမနေဘဲ ပြတင်းဝမှကြည့်လိုက်လျှင် သစ်ရွက်ခြောက်တို့၏ပြာစများကို တွေ့ရလိမ့်မည်။ ကြွေကကျလာသောသစ်ရွက်ခြောက်များနှင့်ပြာမှုန်များ လေထဲတွင် ရောက်မိရောက်ရာလွင့်မျောနေလိမ့်မည်။ ပူပြင်းသော နေရောင်အောက်တွင်  အရိုး အပြိုင်းပြိုင်းထနေသော အဆောက်အဦး ပျက်တခုကိုလည်း တွေ့နိုင်သေးသည်။ တဂျီးဂျီးအသံပြုနေသော စက်ရွေ ဘော်သံများက နွေနေ့လည်ခင်းကို ပို၍စိတ်ပျက်ညစ်ညူးစေသည်။...

Read more »

ဆောင်းဝေ (နတ်မောက်) ● အိမ်ပြေး

October 11, 2017
ဆောင်းဝေ (နတ်မောက်) ● အိမ်ပြေး

ဆောင်းဝေ (နတ်မောက်) ● အိမ်ပြေး (မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၇ အရုပ်တွေ ရေပေါ်မှာအကြာကြီးထင်နေခဲ့ကြပြီး ဘာမှမထူးဘူးကလည်း အခိုးအငွေ့တွေအဖြစ်ပျံတက်သွားကြတယ် နေ့စဉ်လိုလို ရထားပေါ်လုတက်နေကြပြီး ဘာရစရာမှမရှိပဲ ဘက်စ်ကားပေါ်ကပြေးဆင်းလာကြတယ် ဒီအရွယ်မှာ ကျောင်းဆင်းခေါင်းလောင်းသံကိုမလိုအပ်ကြတော့ဘူး စဉ်းစားနေဆဲပျော်ရွှင်မှုဟာ ပျော်ကျနေတဲ့ရေခဲမုန့်ပေါ်မှာဖြစ်ပြီး ပတ်တီးစည်းထားတဲ့အနာပေါ်မှာ နေ့စဉ်ဘဝဟာပျံသန်းလို့ ဘာဖြစ်လဲ လူတိုင်းဟာ အကောင်းဆုံးကိုမျှော်လင်ြ့ကတာချည်းပဲ ချမ်းသာတဲ့နိုင်ငံကလေယာဉ်ကွင်းကို မင်းလည်းဆင်းသက်ချင်မှာပဲ ငါလည်း ချစ်သောလရောင်ကို ဂစ်တာကြိုးပေါ်တင်ထားချင်ခဲ့တာပဲ တက်တူးရုပ်အဖြစ် အိမ်ကိုလက်ဖျံရိုးပေါ်ရွှေ့တင်ကာ ငယ်ဘဝရဲ့ခါးကြားထဲ လမ်းကိုလိပ်ယူပြီးထည့်လာခဲ့ သဲတရှပ်ရှပ်ဘဝကို သပ်ချကာ အဆီတဝင်းဝင်းနောက်ထပ်နေရောင်ခြည်ဆီ ချီတက်လာခဲ့ ရှောင်လို့မရတဲ့လမ်းကျဉ်းကျဉ်းလေးထဲမှာ ကမ္ဘာကြီးနဲ့ငါနဲ့တွေ့ပြီ သူတို့အရသာမရှိဘူးပြောတဲ့မုန့်ကို သီချင်းထဲထည့်ယူလာ နေ့စဉ်အော်ဆိုရင်း ငါသန်မာလာ အိပ်မက်တွေ နောက်ထပ်အိပ်မက်တွေဟာ ဘာမှမပါတဲ့အိတ်ထဲမှာအပြည့်။ ။ ဆောင်းဝေ (နတ်မောက်) စက်တင်ဘာ ၃၀၊ ၂၀၁၇ Tags:...

Read more »

ကိုသန်းလွင် ● ဂျာမနီမှ သိပ္ပံ

October 11, 2017
ကိုသန်းလွင် ● ဂျာမနီမှ သိပ္ပံ

ကိုသန်းလွင် ● ဂျာမနီမှ သိပ္ပံ (မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၇ (၁) ဂျာမနီမှ သုတေသနလုပ်သူ မည်သူ့ကိုဘဲမေးမေး အဘယ့်ကြောင့်ဂျာမန်တို့၏ ‘သုတေသနလုပ်ငန်းများ အောင် မြင်ရပါ သလဲ’ ဟုမေးလျင် အင်ဂျလာမာကယ် (Angela Merkel) ကြောင့်ဟုပင် ဖြေကြပါလိမ့်မည်။ ကမ္ဘာ့အာဏာ အရှိဆုံး အမျိုးသမီးများတွင် တစ်ဦးအပါအ၀င်ဖြစ်သော ဂျာမနီ ချန်စဲလာ (Chencellar) သည် အရှေ့ဂျာမနီမှ ရူပဗေဒပညာရှင် ဘ၀ ကို မမေ့သူဖြစ်သည်။ (၂) တစ်ကမ္ဘာလုံးက စီးပွားရေးကပ်ဆိုက်နေချိန်တွင်ဂျာမနီအစိုးရသည် နှစ်စဉ်သိပ္ပံနှင့် သုတေသနဆိုင်ရာဘတ်ဂျက်ကို အမြဲ ထာဝစဉ်တိုးမြှင့်၍သာ သုံးခဲ့ပါသည်။ တက္ကသိုလ်အချင်းချင်းယှဉ်ပြိုင်ရေးကို အမြဲဦးစားပေးပြီး တစ်ဦးနှင့် တစ်ဦး ပူးပေါင်း ဆောင်ရွက်ရေးကို မြှင့်တင်စေပါသည်။  စွမ်းအင်အသစ် အသုံးပြုရေး၊ ရာသီဥတုထိမ်းသိမ်းရေး...

Read more »

ဆောင်းယွန်းလ ● ချိန်ခွင်လျှာပျက်နေသော ကမ္ဘာ

October 10, 2017
ဆောင်းယွန်းလ ● ချိန်ခွင်လျှာပျက်နေသော ကမ္ဘာ

  ဆောင်းယွန်းလ ● ချိန်ခွင်လျှာပျက်နေသော ကမ္ဘာ (မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၇ ကမ္ဘာမှာ အရေးအကြီးဆုံးက လူသားဝါဒလား လူသားဆန်ဆန် တွေးကြည့်ပြန်တော့ လူသားတွေ မူမမှန်တာကို ဂဏန်းပေါင်းစက်တွေက အဖြေထုတ်ပြတယ် တွင်းထွက်ရေနံဟာ အပြစ်မဲ့သူကို သေဒဏ်ပေးနိုင်တဲ့အထိလည်း တန်ခိုးရှိတယ် လူ့အခွင့်အရေးတံဆိပ်ကပ်ပြီး အခမဲ့ရိတ်သိမ်းလို့ အကောင်းဆုံးပစ္စည်းဟာ မြေကြီးတွေအောက်က သဘာဝတွင်းထွက်သယံဇာတပဲ ကိုယ့်နိုင်ငံ အားနည်းတဲ့အခါ အားကိုးရာအတွက် ကမ္ဘာပတ်ပြီး သဟာယဖွဲ့ရှာကြစမြဲ မမြဲတဲ့ တရားတော်အတိုင်း ဘာဆို ဘာမှမမြဲပါဘူး တစုံတရာကို မြဲမြဲဆုပ်ကိုင်ထားတဲ့လက်ဟာ ချိနဲ့ဆင်းရဲနွမ်းပါးလာတဲ့အခါမှာ အားကောင်းရာ အလေးသာရာဘက်ကို ယိမ်းကြစမြဲ နားနှစ်ဘက်နဲ့ နားထောင်ကောင်းတဲ့ ဂလိုဘယ်လ်လိုက်ဇေးရှင်းဟာ မျက်စိရှေ့မှောက်မှာတင် အိုရင်ပယ်လိုက်ကြတာချည့်ပဲ မမြဲတဲ့ တရားတော်အတိုင်း ဘာဆို ဘာမှမမြဲပါဘူး တစုံတခုကောင်းဖို့အတွက် တစုံတရာကဆိုးပေးရမြဲဆို ဘာကိုလိုချင်လို့...

Read more »

နိုလှိုင်း ● လထဲက ယုန်​ရုပ်​အ​ရေးလွင့်​လာ ​လေထဲကလူငယ်

October 10, 2017
နိုလှိုင်း ● လထဲက ယုန်​ရုပ်​အ​ရေးလွင့်​လာ ​လေထဲကလူငယ်

နိုလှိုင်း ● လထဲက ယုန်​ရုပ်​အ​ရေးလွင့်​လာ ​လေထဲကလူငယ် (မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၇ ၁။ လမ်း​ပေါ်က ခဲလုံးကို ကျုံးကျုံးကန်​တတ်​ပြီဆိုရင် တော်လှန်သောလူငယ်​​​နေ့​တွေ ​ရောက်​​လာ တော့တာပဲ။ ခဲလုံးလိုကန်လိုက်တဲ့အရှိန်အတိုင်း ဖိနှိပ်ခံရလို့ လမ်းပေါ်လိမ့်နေတဲ့လူငယ်​​တွေ ရှိတယ်။ လမ်းပေါ်မှာ လွတ်လပ်ချင်နေတဲ့ လူငယ်တွေရှိ တယ်။ လူငယ်​​နေ့​တွေ ​ရောက်​လာ တယ်​။ စာသင်​ခန်းအပြင်က လူငယ်​​နေ့အ​ကြောင်းများမှာ အိမ်​ကထွက်​လာပြီဆိုတာနဲ့ စုမိကြ တာ လူငယ်​တွေပဲ။ လွတ်​​နေတဲ့စိတ်​က လပ်​​နေတဲ့ကွက်​လပ်​ထဲ လဲရာက လူးလဲထလာတတ်​တာ လူငယ်​တွေပဲ။ အိပ်​မက်​ကို အစာသွပ်​လို့ ​ပြေးလာ​တယ်။ အိမ်​နဲ့မတည့်​သလို ကိုယ့်အိမ်​ထဲမှာ ဘယ်လိုမှနေလို့မရ အိမ်အပြင်ထွက်နေချင် တဲ့စိတ်က နောက်က ကျားလိုက်သလို ​ပြေးလာ​ လွတ်​လပ်​မိုးသား စာသားများရွတ်​လို့ လူငယ်​​တွေ လမ်း​မပေါ်​လာ​နေပြီ။ လမ်း​ပေါ်ကလူငယ်​​နေ့​တွေအ​ကြောင်း...

Read more »

ခက်သီ- ဘုရားသခင်ချစ်ကြည်ရေး

October 10, 2017
ခက်သီ- ဘုရားသခင်ချစ်ကြည်ရေး

 KT# ဘုရားသခင်ချစ်ကြည်ရေး ခက်သီ (မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၇ ငါ့မှာ ဘုရားရှိတယ် မင်းမှာလည်း ဘုရားရှိတယ် ။ မင်းဘုရား နဲ့ ငါ့ဘုရား စားပွဲတဝိုင်းထဲ မထိုင်ဖူးဘူး မင်း နဲ့ ငါနဲ့ လက်ဖက်ရည်ဆိုင်အတူထိုင်ကြတယ် ။ မင်း ဘုရားသခင်ကို မင်းသတ်လို့ မင်းမှာ ဘုရားမဲ့သွားရင် မင်း နဲ့ ငါ ဟာ သူငယ်ချင်းပဲ ငါ့ ဘုရားကို မင်းသတ်လို့မရဘူး ။ ငါ့ဘုရားကို ငါသတ်လို့ ငါ့မှာ ဘုရားမဲ့သွားရင် ငါ နဲ့ မင်နဲ့ဟာ သူငယ်ချင်းပဲ မင်း ဘုရားသခင် ငါသတ်လို့မရဘူး ။ ဘုရားတွေဟာ အချင်းချင်း မမုန်းကြဘူး မင်းတို့ ငါတို့ကြားက အမုန်းတရားဟာ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်