စာပဒေသာ

စိုးခိုင်ညိန်း ● အစက်ကလေး တစက်

March 19, 2017
စိုးခိုင်ညိန်း ● အစက်ကလေး တစက်

စိုးခိုင်ညိန်း ● အစက်ကလေး တစက် (မိုးမခ) မတ် ၁၉၊ ၂၀၁၇ အရင်ဆုံး အိပ်မပျော်ညတွေရောက်လာတော့ ကျွန်တော်က လမ်းခရီးအကွာအဝေးကို တွက်ဆနေချိန်ဖြစ်ပါတယ် သေချာတာက ကျွန်တော်က အခြားကမ္ဘာက ဂြိုဟ်သားမဟုတ်ပါဘူး ထူးဆန်းအံ့သြနေတဲ့ မျက်လုံးတွေအတွက် ထိကညှိုးပင်လေးတွေက တာဝန်ယူသွားပါလိမ့်မယ် ပန်းရောင်စုံတွေ ပွင့်လန်းနေတဲ့ ကမ္ဘာမှာ အလှတရားကို မမြင်နိုင်ခဲ့တာ နှစ်ပေါင်းသုံးဆယ် အခု မွှေးရနံ့ကို ရှူရှိုက်မိရာမှ ရေသောက်မြစ်အထိ မြင်တတ်ခဲ့ပါပြီ တရွက်ပဲရရ တခက်ပဲရရ ရှင်သန်မှုကို စိမ်းလန်းချင်မိတာပါ ဇာတ်လမ်းက ကြည့်သူမရှိလည်း အချိန်တန်ရင် သိမ်းသွားမှာပဲ ငိုကြွေးခြင်းနဲ့ စခဲ့လိုက်ပြီမို့ ရယ်မောခြင်းနဲ့ ဆုံးချင်မိတာပေါ့ လေထုထဲ ပေါ့ပေါ့ပါးပါးပဲ လွင့်နေတာပါ နေရောင်ခြည်နဲ့ ကြည့်ရင် မြင်နိုင်ပါတယ် အဲဒီအတွက် ဘာအန္တရာယ်မှ မရှိပါဘူး။ ။...

Read more »

နေသွင် ● သူကြီးနွားကျောင်းခြင်း

March 18, 2017
နေသွင် ● သူကြီးနွားကျောင်းခြင်း

နေသွင် ● သူကြီးနွားကျောင်းခြင်း (မိုးမခ) မတ် ၁၈၊ ၂ဝ၁၇ မောင်စံမှာ အသက် ၃ဝ အရွယ် စိတ်မနှံ့သူဖြစ်ပြီး သရက်ကုန်း တရွာလုံး၏ လက်တိုလက်တောင်း ခိုင်းဘက်ဖြစ်သည်။ ရေမြောင်တူးစရာရှိလည်း မောင်စံ။ ထင်းခွဲစရာရှိလည်း မောင်စံ။ ခေါင်မိုး မိုးစရာရှိလည်း မောင်စံ။ ဘယ်သူ ခိုင်းခိုင်း မောင် စံက ကျိုးကျိုးနွံနွံ လုပ်သည်။ ပေးသမျှနှင့်လည်း ကျေနပ်သည်။ သို့နှင့် မောင်စံမှာ တရွာလုံး၏ လက်စွဲဖြစ်နေလေသည်။ သရက်ကုန်းရွာမှာ ဇနပုဒ်လေးသာဖြစ်ပြီး တရွာလုံးတွင် မောင်စံတို့ အသက်အရွယ်ဆို၍ လက်ချိုးရေတွက်လို့ရပါသည်။ လူငယ် အများစုသည် မြို့တက် အလုပ်လုပ်နေကြပြီး၊ မောင်စံနှင့် သူငယ်ချင်းဖြစ်သော မောင်စိုး၊ ကြက်သိုး၊ စသည်တို့မှာ တခြားရွာတွင် အိမ်ထောင်ကျကြသဖြင့် ရက်ကြီးအခါကြီးတွင်သာ ပြန်တွေ့ရသည်။...

Read more »

နရီမင်း ● နွားတွေ အနုပညာအကြာင်း ပြောတဲ့အခါ

March 18, 2017
နရီမင်း ● နွားတွေ အနုပညာအကြာင်း ပြောတဲ့အခါ

နရီမင်း ● နွားတွေ အနုပညာအကြာင်း ပြောတဲ့အခါ (မိုးမခ) မတ် ၁၈၊ ၂၀၁၇ နွားတွေ မြက်မစားကြတော့ဘူး။ နွားတွေ အနုပညာပဲ စားကြတော့တယ်။ စားတယ်ဆိုတာထက် မျိုချလိုက်တာဆို ပိုမှန်မယ်။ ဒါပေမဲ့ ခက်တာက နွားတွေရဲ့ အစာအိမ်မှာ အနုပညာကို ကြေညက်စေတဲ့ အင်ဇိုင်းတစ်မျိုးက မွေးကတည်းက ပါမလာဘူး။ စားမြုံ့ပြန်လိုက်တဲ့အခါ အနုပညာဆိုတာ စိုးစိမှ ပါမလာပေမယ့် နွားတွေက ပါလာသယောင် ဟန်ဆောင်ကြတယ်။ နွားတွေ လယ်မထွန်ကြတော့ဘူး။ အနုပညာနွားတွေ ဖြစ်သွားကြပြီလေ။ အဲ့ဒီအစား အရိပ်ကောင်းကောင်းမှာ လဲ​လျောင်းလို့ မထွန်ယက်ရသေးတဲ့ လယ်ကွင်းကို ငေးရင်း ထွန်ယက်ပြီးပြီလို့ စိတ်​ကူးယဉ်​ကြတယ်။ သူတို့သခင်ဟာလည်း အနုပညာခံစားတတ်သူကြီးလို့ အထင်ခံချင်တာမို့ အနုပညာနွားတွေကို မရိုက်ပါဘူး။ သူလည်း နွားတွေ ဘေးမှာ လဲ​လျောင်းရင်း...

Read more »

သစ်စိုး ● ဘီယာ တခေါက်

March 18, 2017
သစ်စိုး ● ဘီယာ တခေါက်

 သစ်စိုး ● ဘီယာ တခေါက် (မိုးမခ) မတ် ၁၈၊ ၂၀၁၇   ဘီယာတခွက်သောက်ဖို့ စပြီးစိတ်ကူးမိချိန်နဲ့ တထပ်တည်း အနီးအနားဘားဆိုင်မှာ ဘီယာတခွက် ထိုင်သောက်နေမိတဲ့အ ဖြစ်ကို သူသတိထားလိုက်မိရဲ့။ တကယ်တော့ သူတခွက်သောက်ထားပြီးသား။ ဒုတိယတခွက်သောက်ဖို့ လုပ်နေတာလည်း ဖြစ်ချင်ဖြစ်မှာလို့ သူစဉ်းစားမိ တယ်။ ဘီယာခွက်ကို မော့ချလိုက်ပြီး တတိယတခွက် ထပ်မှာလိုက်တယ်။ သူနဲ့ မလှမ်းမကမ်းမှာ ကောင်မလေးတယောက် ထိုင်နေလေရဲ့။ သိပ်ပြီးအလန်းကြီးတော့ မဟုတ်။ ခပ်မိုက်မိုက်ကလေး။ အိပ်ယာထဲမှာဆို အသုံးတည့်လောက်မှာ။ ဘီယာ သောက်ပြီးသွားပြီလား။ မမှတ်မိလိုက်။ တကယ့်တကယ် အရေးပါတာကတော့ သူ့လိင်အာသီသ ပြေလျှော့ခဲ့ပြီလား။ ဒီလို ပြေလျှော့ဖူးလို့လား။ ကောင်မလေးရဲ့တိုက်ခန်းကနေအိမ်ပြန်အလာ မြူဆိုင်းနေတဲ့ညဘက်လမ်းတွေ ဖြတ်သွားရင်း ဒီအဖြစ်ကို သူတွေးနေမိ။ ခယူးဖီကော်ပတ်ရုပ်တွေတပုံတပင်ရှိရာ တိုက်ခန်း။ ခါးနစ်ဗဲလ်ပွေဲတ်ာက...

Read more »

ဆောင်းယွန်းလ ● အမှတ်မရှိ ဒီသီချင်းကိုပဲ ပြန်ဆိုနေမိ

March 18, 2017
ဆောင်းယွန်းလ ● အမှတ်မရှိ ဒီသီချင်းကိုပဲ ပြန်ဆိုနေမိ

ဆောင်းယွန်းလ ● အမှတ်မရှိ ဒီသီချင်းကိုပဲ ပြန်ဆိုနေမိ (မိုးမခ) မတ် ၁၈၊ ၂၀၁၇ ဘာဆန်းလို့လဲ အရည်များပြီး အဖတ်နည်းနေတဲ့ မုန့်ဟင်းခါးကို တလစာပေါင်းစားနေရတဲ့ ခေတ်ပဲဟာကို။ အပြောများပြီး အလုပ်နည်းနေရတာနဲ့ အရေးများပြီး အဖတ်နည်းနေရတာ ကွာသလိုလို ရှိတယ်ဆိုလည်း နဲနဲပါးပါးပေါ့။ ပေါ့ပေါ့ပါးပါးဆိုလို့ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားတဲ့ ငွေစက္ကူတချို့ အိတ်ထဲက လွယ်လွယ်ကူကူထွက်သွားတာပဲ ရှိတယ်။ တဘဝလုံးပေါ်ကို တင်ပြီးလွယ်ထားရတဲ့ ခေတ်ကြီးကိုက မလွယ်တာပါ။ ငြီးသံ ငြူသံမကြားရရင် ဆဲသံ ဆိုသံကြားရဦးမှာပဲ ဘုံလုံတလှည့် ဘုံလုံတလှည့်ပါပဲ။ ငါးပျံတလှည့်ရောက်ဖို့ ဆယ်လ်မွန်ငါးတွေ အိမ်မပြန်နိုင်ခဲ့သေးဘူး။ ဗလာပွဲမှာ မျက်လှည့်ပြနေသလိုမျိုး အရာအားလုံးဟာ တလှည့်ပြီး တလှည့် ဒုက္ခဆိုတဲ့ မြှားဦးကတော့ ငါတို့ဘက်ကို တည့်တည့်လှည့်တာပေါ့။ ကျွတ်လွတ်ခြင်းဟာ အလှူရေစက်နဲ့ အမျှဝေသံတွေထဲကနေ ငါတို့ဆီကို...

Read more »

ပြည်သစ်ဟန် ● ရင်ဘတ်ထဲမှ တူးဖော်ရရှိလေသော

March 18, 2017
ပြည်သစ်ဟန် ● ရင်ဘတ်ထဲမှ တူးဖော်ရရှိလေသော

ပြည်သစ်ဟန် ● ရင်ဘတ်ထဲမှ တူးဖော်ရရှိလေသော (မိုးမခ) မတ် ၁၈၊ ၂၀၁၇ ကျွန်တော်တို့ကဗျာရေးသူတွေ သတိထားမိတတ်တဲ့ဝန်းကျင်အချိန်ကာလတွေကို တခါတရံ သတိ ထားကြည့်မိတတ်ပါသည်။ မိုးတစိမ့်စိမ့် ရွာနေသော ညတွေ၊ နှင်းတဖွဲဖွဲကျနေသော မနက်ခင်း တွေ၊ နွေလေညှင်းနှင့်အတူ ညနေခင်း၏ အရောင်အဝါ သရုပ်သဏ္ဌာန်တွေ၏အခင်းအကျင်းထဲမှာ ပါဝင် စီးမျောနေမိမြဲ ဖြစ်ပါသည်။ စိတ်ကူးဥာဏ်၏ မြင်းမားသောနေရာတွင် ဝင်ရောက်နေရာယူထားသော ကဗျာ၏ စိမ့်ဝင်ထိုးဖောက်မှုသည် မည်မျှ နက်ရှိုင်း ကျယ်ပြန့်လေမည်မှာ မတတ်စွမ်းနိုင်ပါ။ ဘာသာစကား၏ အဆင့်မြင့်မှု၊စကားလုံးအလှ၊ ဝေါဟာရ အသစ်အဆန်းတို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားမှု စသည်ဖြင့် ပေါ့လေ။ ရိုးရှင်းသော စကားလုံးဖြစ်စေ၊ နေ့စဉ်သုံး စကားများဖြစ်စေ၊ ကဗျာ၏အတွင်းသားထဲတွင် နက်နက်ရှိုင်းရှိုင်း ဖြစ် တည်နေသော သဘောသဘာဝသည်ပင် ရသစာပေအပေါ် ကြီးစိုးထားနိုင်သောကဗျာ၏ အားခွန်တွေပင်ဖြစ်ပါသည်။...

Read more »

ခက်ဦး – အညံ့စားရုပ်ရှင်

March 17, 2017
ခက်ဦး  – အညံ့စားရုပ်ရှင်

  ခက်ဦး  – အညံ့စားရုပ်ရှင် (မိုးမခ) မတ် ၁၇၊ ၂၀၁၇ အလွဲတုအလွဲယောင်တွေမှန်း တည့်တည့်ကြီးသိပါလျက်နဲ့ အောင့်သက်သက်ကြည့်ကြည့်နေရ ပျင်းစရာကွယ် ။ ၁၅ . ၃ . ၂၀၁၇ Tags: ခက်ဦး

Read more »

ကိုနိုင်း၏ “ခေတ်ပြိုင်ထဲက အနာဂတ်”(ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့် -၄ )

March 16, 2017
ကိုနိုင်း၏ “ခေတ်ပြိုင်ထဲက အနာဂတ်”(ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့် -၄ )

ကိုနိုင်း၏ “ခေတ်ပြိုင်ထဲက အနာဂတ်”(ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့် -၄ ) (သူရိယနေ၀န်း ဂျာနယ်) မိုးမခ၊ မတ် ၁၆၊ ၂၀၁၇ သူရိယနေဝန်း–Vol 1.No 140. 11 March 2017 မှဖော်ပြပြီးဆောင်းပါး-စာရေးသူခွင့်ပြုမှုအရ။ ကျွန်တော်တို့က ခေတ်ပြိုင်တွေပါ။ နှစ်တစ်ရာအတွင်းမှာနေထိုင်တဲ့လူတွေမှန်သမျှ ခေတ်ပြိုင်တွေဖြစ်တယ်ဆိုပေမယ့် ခေတ်ပြိုင်အနေနဲ့ လူသားဖြစ်တည်မှုတူခြင်းတွေက ကွဲပြားကြပါတယ်။ အနာဂတ်ကိုမျှော်ကြည့်ပုံချင်း ကွဲပြားကြပါတယ်။ ပြောမယ်ဆိုရင် ကျွန်တော်တို့ဟာ ရာစုနှစ်နှစ်ခုကိုဖြတ်သန်းခဲ့သူတွေဖြစ်တာကြောင့် ခေတ်ပြိုင်နှစ်ခုကို ဖြတ်သန်းခဲ့သူတွေဖြစ်နေကြသည်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့ ပြည်သူတွေအတွက် အနာဂတ် မျှော်လင့်အိပ်မက်က ပါးလျလွန်းနေတယ်။ အိပ်မက်ထဲမှာတောင် အမှောင်က လွှမ်းမိုးနေလို့လား။ အတိတ်လမ်းကိုပြန်တွေးရင်း အနာဂတ်လမ်းကို မမြင်နိုင်ခဲ့ဖူး ဆိုတာ၊ BEAUTYMagazine ထဲက ကိုသန်းထွန်းရေးတဲ့ ” ဝင်းတင်လမ်း “ကဗျာကိုဖတ်ရင်း ဒီအတွေးနဲ့ ပြတင်းတံခါးကို ဖွင့်ကြည့်လိုက်မိတယ်။ ဒီသစ်ပင်အောက်ကိုဝင်ရင် ဒါမှမဟုတ်...

Read more »

ပူခေါမောင်း (မင်းတပ်) မန်းရွှေစက်တော် ကမ္ဘာအေး ချင်းဘုရားသမိုင်းစာအုပ် ထွက်ပြီ

March 15, 2017
ပူခေါမောင်း (မင်းတပ်) မန်းရွှေစက်တော် ကမ္ဘာအေး ချင်းဘုရားသမိုင်းစာအုပ် ထွက်ပြီ

ပူခေါမောင်း (မင်းတပ်) မန်းရွှေစက်တော် ကမ္ဘာအေး ချင်းဘုရားသမိုင်းစာအုပ် ထွက်ပြီ (ဆလိုင်းရွှေလင်း) မိုးမခ၊ မတ် ၁၆၊ ၂၀၁၇ ချင်းတို့ သည် ရှေးအတီတေကာလကပင် ဗုဒ္ဓတရားတော်ကို ယုံကြည်သက်ဝင် ခဲ့ကြဟန်တူကြောင်း၊ မြန်မာရှင်ဘုရင်များခေတ်တွင်လည်း ချင်းများ ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့သော အထောက်အထားများ တွေ့ရကြောင်း၊ ခရစ်နှစ် ၁၉၄၀ဝန်းကျင်လောက်တွင် ချင်းရဟန်း တော်ဦးဗုဒ္ဓိက အနယ်နယ်အရပ်ရပ်မှ ချင်းဗုဒ္ဓဘာသာဝင်များအား စည်းရုံး ဦးဆောင်ကာ ကမ္ဘ္ဘ္ဘ္ဘာအေး ချင်းဘုရားကို ပြန်လည်တည်ထားကိုးကွယ်ခဲ့ကြောင်း၊ ထိုဘုရားသမိုင်းနှင့် ယခုအခါချင်းဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတို့ ကထိုဘုရားကို မွန်းမံပြုပြင် ကုသိုလ်ယူနေ ကြပုံများကို ယခုစာအုပ်၌ မှတ်တမ်းတင်ဖေါ်ပြထားကြောင်း၊ ကမ္ဘာအေးချင်းဘုရားသည် မန်းရွှေစက်တော်မူလအောင်မြေ ၉ ဌာနတွင် တစ်ခုအပါအဝင် ဖြစ်ကြောင်း၊ ချင်းဗုဒ္ဓသာသန ပါလကအဖွဲ့ ၏ ရည်ရွယ်ချက် ၅...

Read more »

ဆောင်းဖြူ ● မ.ထ.သ အပြာ နဲ့ YBS အဖြူ

March 15, 2017
ဆောင်းဖြူ ● မ.ထ.သ အပြာ နဲ့ YBS အဖြူ

ဆောင်းဖြူ  ● မ.ထ.သ အပြာ နဲ့ YBS အဖြူ (မိုးမခ) မတ်လ ၁၅၊ ၂၀၁၇ (YBS နှစ်လပြည့်) (၁) မောင်ဆောင်းတို့ ရန်ကုန်မှာ အခြေချကတည်းက မ.ထ.သ နဲ့ လုံးထွေးပြီး နှစ်ပါးသွားကသလို ဖြစ်သန်းလာခဲ့ရတာ နှစ်တွေမနည်းဘူးဆိုရမယ်။ ရန်ကုန်ရောက်စက မ.ထ.သ ကို ‘မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ’ လို့တောင် သိတာမဟုတ်ဘူး။ မ.ထ.သ ကို ‘မြို့ထဲသို့’ လို့ ထင်ပြီး တွေ့ရာကား တက်စီးသွားလိုက်တာ ရန်ကုန်မြို့ထဲ မရောက်ဘဲ အင်းစိန်ဘက် ပါသွားလို့ တော်တော် ခွတီးခွကျ ဖြစ်လိုက်ရသေးတယ်။ ရန်ကုန်ဘတ်စ်ကားတွေကလည်း အဆန်းတွေ။ ပထမဆုံး ကားပေါ်ရောက်ရောက်ချင်း သတိထားမိတာက နေရာအနှံ့ ရေးထားတဲ့ စာတန်းတွေ …။...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်