စာပဒေသာ

Aung Way – မ င်း ကို နို င် ဥ ဒါ န်း

July 8, 2012
Aung Way – မ င်း ကို နို င် ဥ ဒါ န်း

မ င်း ကို နို င် ဥ ဒါ န်း အောင်ဝေး၊ ဇူလိုင် ၈၊ ၂၀၁၂ တစ်ပွင့် ကျန်လည်း လက်ပံ ပဲလေ တောအမြဲ တောင်အမြဲ မီးလျှံရဲရဲ၊ နီမှာပဲ။တစ်ပွင့် ကျန်စမ်း ဒါ – စိန်ပန်း ဟေ့ လမ်း တစ်လမ်းလုံး စိမ်းလန်းသော ရဲဘော်နီနီ။ တစ်ပွင့် တည်းလား နှလုံးသားထဲ ဓား လှံ လေးမြား၊ ၀င်စားရော့သလား ကျောက်သားနှင်းဆီ၊ ချင်းချင်းနီ။ အနီ အနီ အနီ ပဲလေ အပြာရဲ့  အနီ အဖြူရဲ့  အနီ ငြိမ်းချမ်းရေး အနီရောင်။ ဒီ အရောင်တွေ...

Read more »

Maung Nyein Aye – နိုးထလာတဲ့သမိုင်း

July 8, 2012
Maung Nyein Aye – နိုးထလာတဲ့သမိုင်း

နိုးထလာတဲ့သမိုင်း မောင်ငြိမ်းအေး၊ ဇူလိုင် ၈၊ ၂၀၁၂ ကျောင်းသားစိတ်ဟာ အိပ်နေတဲ့လိပ်ပြာမဟုတ် ထိုးသုတ်မယ့်ဟန်၊ကောင်းကင်ပျံတက် မာန်ကသံမဏိ၊မထိလိုက်နဲ့ မရွဲ့မစောင်း၊ဒီမိုကရေစီလမ်းကြောင်းကို ကောင်းကောင်းလျှောက်မယ့်သိန်းငှက်တွေ။ ကျောင်းသားစိတ်ဟာ အကြောင်းတရားမှာ ပြောင်းလဲသွားမှာဖြစ်ပေမယ့် ဟောင်းနွမ်းသွားမှာမဟုတ် ဆုပ်ထားတဲ့လက်သီးတွေနဲ့အတူ ပြည်သူကိုဖေးမတွဲ ပွင့်လင်းလူ့အဖွဲ့အစည်းထဲ ခပ်ရဲရဲဆွဲခေါ်သွားမှာဖြစ်တယ်။ ကျောင်းသားစိတ်ဟာ အာဇာနည်ခေါင်းဆောင် ကိုအောင်ဆန်းစိုက်ပျိုးခဲ့တဲ့ သမဂ္ဂထဲကပန်းပွင့် လေလွင့်နေမယ့်ကြွပ်ကြွပ်အိတ်မဟုတ်ဘူးဟေ့ သိက္ခာမဲ့လှံစွပ်တွေကိုရင်ဆိုင်တွေ့မယ့် အရှက်မရှိကျည်ဆံတွေကိုရင်ဆိုင်တွေ့မယ့် တကယ့်ယောက်ျားကောင်းတွေ။ ကျောင်းသားစိတ်ဟာ စာရွက်ပေါ်ကအပြောင်းအလဲကို မြောင်းထဲလွှင့်ပစ်၊ခေတ်နဲ့အညီ ပြည်သူတစ်ရပ်လုံး၊အပြုံးသစ်သစ် ခံစားဖြစ်အောင်၊စံထားဆောင်ရွက် ရှေ့ကိုသာတက်ပြီးရင်တက်မယ့် ခြေလှမ်းသွက်သွက် စာမရီငှက်တွေသာဖြစ်တယ်။ အိုကေ…..ဆိုတဲ့ စကားကလေးနှစ်လုံးနောက်မှာ ဗုံးသံတွေဆူညံပေါက်ကွဲ သေပွဲဝင်ခဲ့ရတဲ့ကျောင်းသားတွေ အခုတော့ဒီဝိညာဉ်တွေနိုးထလာခဲ့ကြပြီ အိုကေကိုသူတို့မရိုသေကြဘူး နောင်တမရနိုင်ကြတဲ့လူ့အစိမ်းရောင်တွေ တိမ်းရှောင်စရာမြေမရှိတော့ဘူး ဦးနှောက်ချောင်ရူးသွားမတတ်ကြောက်လန့်နေကြရပြီလေ တက္ကသိုလ်မြေကသမဂ္ဂ သမိုင်းသစ်တစ်ခေတ်ကိုပြန်စစေခဲ့ကြပြီ။ ဇူလိုင် ၇ အခမ်းအနားမပြုလုပ်နိုင်ရန် အစိုးရက ဖမ်းဆီးခဲ့ပြီး ၇ နေ့ မှ...

Read more »

Kyaw Home – ငွေစင်ရတု အကြို ဥဒါန်း

July 8, 2012
Kyaw Home – ငွေစင်ရတု အကြို ဥဒါန်း

ငွေစင်ရတု အကြို ဥဒါန်း ကျော်ဟုန်း၊ ဇူလိုင် ၇၊ ၂၀၁၂ တခါတခါ စဉ်းစားတယ် ငါတို့ ဟာ စံနစ်ရဲ့ ထုတ်ကုန်တွေများလား ငါတို့ ဟာ စံနစ်လား ၊ စံနစ်ဟာ ငါတို့ လား ဆယ်စုနှစ် နှစ်စုခွဲခန့် က ပု စ္ဆာ ခုထိ တွက်လို့ ကောင်းဆဲ။ ဒီမြေလွှာကို ခွာထုတ်ရင် သွေးတွေ အဖတ်ဖတ် ချွေးတွေ တဖတ်ဖတ် အလွှာလိုက် ရှာတွေ့ မယ် စံနစ်ရဲ့ ဝါးမြိုပုံများ။ ကာလ ဝါဒလှိုင်းတွေကြား မုန်တိုင်းတွေ တိုက်လိုက်ကြတာ ပျဉ်းမ ငုတ်တိုပါ တိုက်စားသွားပေါ့ ဘိုးဘလက်ထက်က ပျဉ်းမငုတ်တိုအကျန် ငါတို့ လက်ထက်မှာ အမြစ်ပါကျွတ်ထွက် ငါတို့ တွေလဲပဲ ငါးတော့ငါး...

Read more »

မျိုးဆက်သစ်သို့ ဦးညွှတ်ခြင်း

July 7, 2012
မျိုးဆက်သစ်သို့ ဦးညွှတ်ခြင်း

လင်းနွေးအိမ် ဇူလိုင် ၇၊ ၂၀၁၂ အပြောင်းအလဲဆိုပါလားဟေ့ ဇူလိုင် ၆ ရက် အမှောင်အောက် မျက်လှည့်ဆရာကြီး ဒေးဗစ်ကော့ပါဖီးရဲ့ ထောက်လှမ်းရေးတွေ ဗကသတွေကို ရှာနေပုံများ မှုန်ယိုနေတဲ့ဆင်ရိုင်းလို။ အောင်ကျော်ရေ မင်းသေရတာ ဖြေသာပါတယ် မင်းမှာ နယ်ချဲ့လက်ချက်မို့တဲ့ ၆၂ မျိုးဆက်တွေရဲ့ အံကြိတ်သံ ရာစုနှစ်ဝက်ဆိုပေမယ့် ဆူညံနေတုန်းရှိသေးတယ်။ အပြောင်းအလဲအတွက် လွှတ်တော်တက်မှရမတဲ့လား သွားစမ်း စစ်ကျွန်စော်နံတဲ့ အတွေးအခေါ်တွေ ငါရို့ဟာ ဒိုင်အာခီကိုငြင်းပယ်ပြီး လုံးဝ လွတ်လပ်ရေးကိုတိုက်ခဲ့တဲ့ ငါရို့အဖိုးရဲ့မျိုးဆက်တွေ။ ဒီမှာ ဟေ့ကောင် ဂုဏ်သရေရှိယောင်ဆောင်ထားတဲ့ အပြောင်းအလဲကို ညီမလေး ဖြိုးဖြိုးအောင်နဲ့ ဗသကမောင်နှမတွေ အောင်မြင်စွာ ဆုတ်ဖြဲပြလိုက်တဲ့ ဟောဒီ ဇူလိုင်ခုနစ် နှစ် ၅၀ ပြည့်အခါမှာ နာကြင်နှလုံးသားတွေစုရုံး လွတ်လပ်ခြင်းတောင်ကုန်းတွေအားလုံး သိမ်းပိုက်နိုင်လိမ့်မယ်။ ။ No...

Read more »

ရွှေတို့ရဲ့ မြို့တော်

July 7, 2012
ရွှေတို့ရဲ့ မြို့တော်

နိုင်ဦးညို (ဖိုးဇီးရိုး) ဇူလိုင် ၆၊ ၂၀၁၂ မန္တလေး မန္တလေးနဲ့ ကျုပ်တို့ရေရွတ်ရင်း ဒီလိုအာဂန္တုတွေနဲ့ ထားခဲ့တော့မလား ….။ ကျုပ်တို့ရဲ့ချစ်လှစွာသောမြို့ ဒီမြို့မှာ မွေးဖွားခဲ့သူတွေ ဒီမြို့မှာ နေဖူးခဲ့သူတွေ ဒီမြို့မှာ ခိုနားဖူးခဲ့သူတွေ ဒီမြို့မှာ လည်ဖူးခဲ့သူတွေ ဒီမြို့မှာ အခြေစိုက်ခဲ့သူတွေ ဘယ်သူတွေဘဲဖြစ်ဖြစ် ဒီမြို့ကို မရောက်ဖူးခဲ့ရင်တော့ ရောက်ဖူးအောင် သွားချင်ကြတဲ့မြို့ …။ မြန်မာမှန်ရင် ဒီမြို့အကြောင်းသိတယ် ကမ္ဘာမှာလည်း ဒီမြို့က ကျော်ကြားတယ် ကုန်းဘောင်ခေတ်ရဲ့ နောက်ဆုံးနေပြည်တော် ဒီကနေ့ထိ ကျုပ်တို့ရဲ့ ယဉ်ကျေးမှုနေပြည်တော် …။ သီပေါမင်းဟာဒီမြို့ကိုတော့ လက်ညှိုးထိုးရောင်းမစားခဲ့ဘူး သခင်ကိုယ်တော်မှိုင်းဘဝကို မျိုးချစ်စိတ်တွေ ရှင်သန်စေခဲ့တဲ့မြို့ …။ ပုဗ္ဗ၊ ဒက္ခိဏ မြို့သစ်တည်လည်း ရတနာပုံသမိုင်းက နှစ်ရာကျော်ရှည်ခဲ့ပြီ ကျုပ်တို့ခေတ်မှ ရိုင်းခဲ့ရင်တော့ နောက် နှစ်နှစ်ရာမကလို့...

Read more »

မြန်မာ့သင်္ဘောကျင်း၊ သင်္ဘောလိုင်းနှင့် ကွန်တိန်နာဆိပ်ကမ်းများအတွက် စံနမူနာများ

July 6, 2012
မြန်မာ့သင်္ဘောကျင်း၊ သင်္ဘောလိုင်းနှင့် ကွန်တိန်နာဆိပ်ကမ်းများအတွက် စံနမူနာများ

ဇော်အောင် (မုံရွာ) ဇူလိုင် ၆၊ ၂၀၁၂ • ဗီယက်နမ်ရောက် မြန်မာပရိုဖက်ရှင်နယ် အင်ဂျင်နီယာ ကိုပြေတယောက် ဗီယက်နမ်ကို (၂) ပတ် သင်္ဘောတစင်းမှာ Innert Gas System ကော်မရှင်နင် အလုပ်လုပ်ဖို့ ရောက်လာတယ်။ ဟိုချီမင်း မြို့ကို စင်ကာပူက လေယဉ်ဆိုက်ပြီး၊ ချက်ချင်း နောက်လေယာဉ်တစီးဆက်စီးပြီး Da Nanag မြို့ကိုရောက်တယ်။ ဟိုတယ်မှာ တည်ခိုပြီး သင်္ဘောရပ်ထားတဲ့သင်္ဘောကျင်းကို သွားရတယ်။ သင်္ဘောကျင်းထဲဝင်ရတာတော့ လွယ်ပါတယ်။ ဒါပေမဲ့ သင်္ဘောက ရေထဲရပ်ထားတော့ ကရိန်းကြီး၊ ပစ္စည်းသည်တဲ့ ချင်းတောင်းထဲ လူ (၂၀) လောက် စီးပြီး၊ မော်တော်ဘုတ်ပေါ်ကို လူတွေသယ်ပေးရတယ်။ အသဲတယားယားနဲ့ပါ။ နောက် မော်တော်ဘုတ်ကို ထပ်စီးရတော့ South China Sea...

Read more »

Ashin Dhamma Piya – ပညာရဲရင့် ပွဲလယ်တင့်နိုင်ဖို့ဆိုတာ

July 6, 2012
Ashin Dhamma Piya – ပညာရဲရင့် ပွဲလယ်တင့်နိုင်ဖို့ဆိုတာ

ပညာရဲရင့် ပွဲလယ်တင့်နိုင်ဖို့ဆိုတာ ဒေါက်တာဓမ္မပိယ၊ ဇူလိုင် ၆၊ ၂၀၁၂ ကြယ်တွေစုံပြီလား             ယနေ့ မြန်မာနိုင်ငံတော်ကို နိုင်ငံတကာက လူအတော်များများ စိတ်ဝင်စားလာနေခြင်းပါ။ ကမ္ဘာအရပ် ရပ်ရှိ နိုင်ငံခေါင်းဆောင်များနှင့် နောက်လာနောက်ပါများ၊ စီးပွားရေးပညာရှင်များနှင့် ရင်းနှီးမြှုပ်နှံလိုသူများ၊ ကမ္ဘာ့အဆင့်မီ ပညာရေးကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကွင်းဆင်းလေ့လာနေသူများပါ မြန်မာနိုင်ငံသို့ ၀င်လာမစဲ တဖွဲဖွဲရှိနေခြင်းပါ။ ထူးထူးခြားခြား နိုင်ငံတကာမှ လူမျိုးတွေ မြန်မာနိုင်ငံမှာ စုံညီနေတဲ့အချိန်လို့ ပြောရမှာပါ။ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ စီးပွားရေးပညာရှင်များနှင့် ရင်းနှီးမျြုပ်နှံလိုသူများ မြန်မာနိုင်ငံသို့ လာရောက်ကြခြင်းဟာ ကောင်းသောလာခြင်းလို့ ဆိုရမှာပါ။ သို့သော် ဒီမိုကရေစီစနစ်ကို ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနေဆဲ ကာလဖြစ်လို့ သတိများလည်း ထားကြရမဲ့အချိန်အခါပါ။ ပြည်သူ၊ ပြည်သားများရဲ့မျိုးချစ်စိတ်၊ ဘာသာ၊ သာသနာမြတ်နိုးစိတ်များကို ဆက်လက်ရှင်သန်ခိုင်မာရေးဟာ နိုင်ငံတိုး တက်လာသည့်နှင့်အမျှ...

Read more »

နှစ်ပေါင်း … ငါးဆယ်

July 5, 2012
နှစ်ပေါင်း … ငါးဆယ်

ကမာပုလဲ ဇူလိုင် ၅၊ ၂၀၁၂ ကျနော်က မြစ်ကိုထားခဲ့တာလား မြစ်က ကျနော့်ကို ထားရစ်ခဲ့လေသလား မေမေရေ မေမေ့ကိုယ်စား သူ့ကိုလွမ်းတယ် …။ ခုဆို မိုးစက်တွေအောက် သူလေ အထီးကျန် … ကြေကွဲ … နွမ်းလျ လရောင်ကလည်း သူ့အလွမ်းကို မစို့မပို့နဲ့ သူ့ကို အိပ်မက်ထဲထိ လွမ်းခိုင်းနေဦးတော့မှာပဲ …။ ငါးကလေးတွေက ရေပြင်ပေါ်မှာ ပျံသန်းတယ် ငှက်ကလေးတွေက သူတို့ရဲ့ အရိပ်ကို ဆည်းဆာရီမှာ အာသာမပြေမှုနဲ့ အဆုံးသတ်တယ် ဒီ ပန်းချီကား ကျနော်သာ အပိုင်ဝယ်ထားလိုက်ချင်တယ် မေမေ …။ ကျနော် နှုတ်ဆက်ခဲ့ပါတယ် ယာယီပါ မေမေရယ် တကယ့်ကို တခဏပါ နောက် တရက် နှစ်ရက်ဆို တရားဝင် ကျင်းပခွင့်မရတဲ့...

Read more »

Po Htet – မြေကြီးက ရယ်သောသူ

July 5, 2012
Po Htet – မြေကြီးက ရယ်သောသူ

မြေကြီးက ရယ်သောသူ ဖိုးထက်။ ဇူလိုင် ၅၊ ၂၀၁၂ စင်္ကာပူ မြို့ပြနိုင်ငံငယ်လေးကို ရောက်ကတည်းက ကျနော်၏ သွားချင်၊ လာချင် စိတ်များ လျော့နည်းနေခဲ့သည်။ အရာရာမှာ သန့်ရှင်းသပ်ရပ်၊ သွားရေး လာရေး လွယ်ကူလှပေမယ့် အလုပ်နှင့် အိမ်၊ အိမ်နှင့် မသွားမဖြစ်သွားရမည့် ကိစ္စများမှ လွဲပြီး ဘယ်ကိုမှ မရောက်ဖြစ်။ မသွားဖြစ်။ ခဏတစ်ဖြုတ် လာရောက် လည်ပါတ်ကြသော အပေါင်းအသင်း ၊ မိတ်ဆွေ၊ ဆွေမျိုးများ သွားသင့်သည့်နေရာများကို လိုက်ပို့၊ လမ်းညွှန်ဖြစ်ပေမယ့် မဖြစ်မနေသွားသင့်သည့် နေရာ တစ်ခုမှ မရှိဘူးလို့ ခံယူပါသည်။ ရန်ကုန်မြို့ကြီးထက် အနည်းငယ်သာ ပိုမိုကြီးမားသော နိုင်ငံငယ်လေးထက် ရေခံ၊ မြေခံ ပြည့်စုံလှပလွန်းသော ရွှေနိုင်ငံကြီး၏ သမိုင်းနောက်ခံ ပြည့်စုံကုံလုံကြွယ်ဝသော နေရာတွေကို...

Read more »

ဥ ဒါ န်း မေ ကြ

July 4, 2012
ဥ ဒါ န်း မေ ကြ

ဇူလိုင် ၄၊ ၂၀၁၂ သမိုင်းမှတ်တမ်းလည်း ၀င်စေ …။ နောင်တော့် နောင်တော်ကဗျာဆရာ တက္ကသိုလ်ကျောင်းတော်သား၊ အာဏာရှင်ဆန့်ကျင်ခဲ့ကြသူများရဲ့ သက်စွန့်ဆံဖျား ရေးသားသွားခဲ့တာတွေကိုလည်း နှောင်းလူ (မျိုးဆက်သစ်) တို့ သတိထား ဂုဏ်ပြုနိုင်ကြရန် ရည်ရွယ်ရင်း … လေးစားစွာဖြင့် ခင်လွန်း ဥဒါန်းမကြေ စာစောင်အား ဖတ်ရှုရန် No tags for this post.

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်