စာပဒေသာ

လင်းခါး – ပိုမြန်လေ ပိုလေးလေ

January 4, 2018
လင်းခါး –  ပိုမြန်လေ ပိုလေးလေ

KT#  ပိုမြန်လေ ပိုလေးလေ လင်းခါး (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇  အပွင့်ထက် အရွက်က ပိုဆန်းကြယ်တိမ်တွေထက် နွားရေက ပိုအကွက်လှတံတွေးထွေး အဝေးပြိုင်တဲ့ အရွယ်ပဲခွေးထက်ပိုအူတဲ့ မီးခိုးပဲငယ်ရတာ မုန့်ချိုတခဲမှန်း မသိတော့ခိုလည်ပင်းကို ပစ်လိုက်မိတယ်စီးနေတဲ့ မြစ်ထက် ထွန်းနေတဲ့ သောင်ကလွမ်းစရာပိုကောင်းခဲ့ပြီ။ ။ လင်းခါး2-jan-2018 No tags for this post.

Read more »

အောင်သွင် ● တက်တူးတွေနဲ့ မြို့ (ဝတ္ထုတို)

January 4, 2018
အောင်သွင် ● တက်တူးတွေနဲ့ မြို့ (ဝတ္ထုတို)

အောင်သွင် ● တက်တူးတွေနဲ့ မြို့ (ဝတ္ထုတို) (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၈ အခန်း (၁) ဧရာဝတီသည် တိုးတိတ်ငြင်သာ စီးဆင်းနေသည်။ လှိုင်းမရှိ၊ ပကတိသင်ဖြူး။ မြစ်ကမ်းနဖူးတွင်ထိုင်ကာ အနောက်ဘက် ကမ်းမှ မြို့ကလေးကို လွမ်းဆွတ်ငေးမောနေမိသည်။ ရေပြင်သည် ကျယ်ပြောလှသည်။ မိုးကုပ်စက်ဝိုင်းသည် မြစ်ညာတွင် ရေပြင်နှင့်ထိသည်။ မြစ်ကြောင်းသည် ကွေ့ကောက်စီးဆင်းလာပြီး သည်မြို့အနီးတွင် နှစ်မွှာကွဲသွားသည်။ မြစ်လယ်တွင် ကျွန်းငယ်ကလေးဖြစ်ပေါ်နေသည်။ ထို့နောက် ပြန်လည်ပေါင်းဆုံကာ မြစ်ကူးတံတားကြီးအောက်မှ စီးဆင်းသွားသည်။ စူးရှရှ အလင်းတန်းသည် ရေပြင်မှ အလင်းပြန်ကာ ကျွန်တော့မျက်နှာကို လာရိုက်ခတ်သည်။ အနောက်ဘက်ကမ်းသည် မြူတွေဆိုင်းကာ မှိုင်းပျပျ။ မြို့ကလေးကို ဝှက်ကွယ်ထားသော သစ်ပင်အုပ်အုပ်သည် နိမ့်ချည်မြင့်ချည်နှင့် မြစ်ကမ်း ဘေး တလျောက်မှ တောင်တန်းငယ်လေးသဖွယ်။ တယ်လီဖုန်းတိုင်နှစ်ခုက...

Read more »

မိုးချိုသင်း ● လွတ်လပ်ရေးနေ့ အတွေး

January 4, 2018
မိုးချိုသင်း ● လွတ်လပ်ရေးနေ့ အတွေး

မိုးချိုသင်း ● လွတ်လပ်ရေးနေ့ အတွေး (မိုးမခ) ဇန်နဝါရီ ၄၊ ၂ဝ၁၈ ဒီနေ့ဆို မြန်မာပြည်မှာ လွတ်လပ်ရေးနေ့ပေါ့။ ကိုယ်တို့ငယ်ငယ်က လွတ်လပ်ရေးနေ့ဆို သိပ်ပျော်တာပါ။ အဲဒီတုန်းက ပျော်တာက သူ့ကျွန်ဘဝက လွတ်မြောက်ခဲ့ရတဲ့ ကိုယ်တို့ဘဝတွေကို သဘောပေါက်ခံစားပြီး တန်ဖိုးထား နားလည်လို့တော့မဟုတ်သေးဘူး၊ ကလေးဆိုတော့ ကိုယ်တို့ ပျော်ပုံကတမျိုး။ လွတ်လပ်ရေးနေ့ဆို ကျောင်းတွေက ပိတ်တယ်၊ ကျောင်းစာတွေကနေ ခဏ လွတ်လပ်ရေးရတဲ့သဘောပေါ့။ ကလေးဆို တော့လဲ ကျောင်းပိတ်ရက်တွေသာ လက်ချိုးရေတွက်ခဲ့ရတာပါလေ..။ နောက် ရပ်ကွက်တွေ မြို့နယ်တွေမှာ ပြေးပွဲ ပြိုင်ပွဲ ကစားပွဲတွေ လုပ်ကြတယ်။ ဒီကျောင်းပိတ်ရက်က ရိုးရိုးပိတ်ရက် မဟုတ်ဘူးလေ၊ ကစားပွဲတွေ မြိုင်တဲ့ ကျောင်းပိတ်ရက်ဆိုတော့ပိုပျော်မိတာပေါ့။ ဇန်နဝါရီရဲ့မြူတွေ ဝေနေတဲ့မနက်ခင်း၊ နှစ်သစ်တခုရဲ့စောစောစီးစီး မနက်ခင်းလေးမှာ လူတွေအားလုံး လန်းဆတ်...

Read more »

ဝင်းအောင်ကြီး (မောင်အောင်မွန်) – သူတို့လေးယောက်နှင့်ကျွန်တော်

January 4, 2018
ဝင်းအောင်ကြီး (မောင်အောင်မွန်) – သူတို့လေးယောက်နှင့်ကျွန်တော်

ဝင်းအောင်ကြီး (မောင်အောင်မွန်) – သူတို့လေးယောက်နှင့်ကျွန်တော် ကျွန်တော်တွေးမိသလို ရေးပါမည် (၃၀၄) (မိုးမခ) ဇန်န၀ါရီ ၄၊ ၂၀၁၈ (ကျွန်တော် ၁၅ နှစ်လုပ်ခဲ့သော VOA ၏ဆောင်ပုဒ်က သတင်းကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သတင်းမှန်ဆိုလျှင် အသံလွှင့်မည်ဟုဆိုသည်ကို သတိရရင်းရေးပါ၏) (၁) ကျွန်တော့်အမေသည် (၁၁)ကြိမ်မွေးပြီး ကလေး(၁၂) ယောက်မိခင်ဖြစ်လာ၏။ ဒုတိယအကြိမ်က သားအမွှာမွေးသောကြောင့်ပါ။ ထိုအချိန်ရွာထဲက ညီမ၀မ်းကွဲ ကွယ်လွန်သွား၍ မွေးကင်းစ ကလေးကိုပါ (၃)ယောက်အား နို့တိုက်လာခဲ့သည်။ အမေ့မောင်သည် အတော်အသင့်ချမ်းသာ၍ မကြာခဏအလှူလုပ်၏။ အမေသည် လာစားသောကလေးများအား စနစ်တကျ စိတ်ရှည်စွာ သွားကူကျွေးမွေးသည်။ ရွာထဲက ကလေးများက ကျွန်တော့်အမေကိုချစ်ကြ၏။ အမေ ကလေးချစ်သည်။ မြ၀တီမဂ္ဂဇင်းထဲက ကလေးသူငယ်ချစ်စဖွယ် ဆုရဓာတ်ပုံများကိုပင် ပြုံးပြီးငေးကြည့်လေ့ရှိသည်။ အမေအမုန်းဆုံးအသံကား ကလေးငိုသံတည်း။...

Read more »

ဆောင်းယွန်းလ ● ၂၀၁၇ များ

January 3, 2018
ဆောင်းယွန်းလ ● ၂၀၁၇ များ

ဆောင်းယွန်းလ ● ၂၀၁၇ များ (မိုးမခ) ဇန်နဝါရီ ၃၊ ၂၀၁၇ မွေးဂဏန်းအဖြစ် ထီထိုးခဲ့သူတွေလည်း လွဲခဲ့ကြတယ် ဆေးဖြစ်မယ်အထင်နဲ့ ဆေးဖော်သောက်သူတွေလည်း ရောဂါမပျောက်ခဲ့ကြဘူး ဖော်လို့ မကောင်းပဲ ပေါက်သွားတဲ့ သတင်းတွေများခဲ့တယ် တိုးတိုးတိတ်တိတ်တမျိုး ကျယ်ကျယ်လောင်လောင်တဖုံနဲ့ ပျောက်သွားခဲ့သူတွေလည်းများခဲ့တယ် ဖတ်မကောင်းတဲ့ ဂျာနယ်တွေ နာထောင်မကောင်းတဲ့ သတင်းတွေနဲ့ အလောင်းရှာမတွေ့တဲ့ စာရင်းတွေထဲမှာ သေဆုံးသူဦးရေများခဲ့တယ် အကွက်စရွှေ့ကတည်းက မီးထဲ ရေထဲ လေထဲ စစ်ပွဲတွေထဲ စစ်တုရင်ခုံပေါ်က ဘုရင်မကို ပွန်းတွေနဲ့လဲထားခဲ့ရတဲ့ နှစ်တနှစ်ပဲဖြစ်ခဲ့တယ် မပျော်ရွှင်ခဲ့လည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ထားခဲ့ကြပြီ။ ဆောင်းယွန်းလ (နှစ်တနှစ်ရဲ့အစ၊ ၂၀၁၈) No tags for this post.

Read more »

မင်းကိုနိုင် ● အမေ့ တမ်းချင်း

January 3, 2018
မင်းကိုနိုင် ● အမေ့ တမ်းချင်း

မင်းကိုနိုင် ● အမေ့ တမ်းချင်း (မိုးမခ) ဇန်နဝါရီ ၃၊ ၂ဝ၁၇ ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာမှ ပြန်လည်ကူးယူသည်။ မနေ့က အမေ့မွေးနေ့။ မတွေ့ဖြစ်တာ ကြာပြီဖြစ်တဲ့ ကျနော်တို့မောင်နှမလေးယောက် အမေ့အိမ်မှာဆုံကြဖို့ မအားကြတဲ့ ကြားက ကတိတည်ခဲ့ကြပါတယ်။ မိသားစုပြန်ဆုံတဲ့ အမေ့မွေးနေ့ပွဲဟာ ညနေစောင်းထိ ဘာမှမထူးခြားသေးပါဘူး။ သား သမီးတွေကအဖေနဲ့အမေကို ကန်တော့မယ်။ မိဘတွေက ဆုတောင်းပေးမယ်။ ညနေစောင်းလာတဲ့အခါမှာတော့ အမေက သားသမီးတွေကိုမွေးဖွားခဲ့တဲ့ အတွေ့အကြုံကိုပြောပြရင်း အခုလို ညနေစောင်းပြီ ဆိုရင် အဖေရော အမေပါ ကြောက်ခဲ့ရတဲ့ ညနေစောင်းတွေအကြောင်းကို ပြောပြပါတယ်။ ———-*———–*———-*———– ကျနော်တို့မှာ မကြီး၊ မငယ်၊ ကျနော်နဲ့ ညီမလေးအပါအဝင် မောင်နှမလေးယောက်ပဲရှိတယ်လို့ လူအများက သိထားကြ ပေမယ့် ကျနော့်မှာ အကိုရင်းတယောက်ရှိခဲ့ဖူးတယ်ဆိုတာ လူရင်းတွေတောင်...

Read more »

သန်းမြင့်ဦး ● လွတ်လပ်ရေးနေ့ (သို့မဟုတ်) နှစ် ၇၀ တိုင် စစ်ဒဏ်ခံနေရသည့်နိုင်ငံ

January 3, 2018
သန်းမြင့်ဦး ● လွတ်လပ်ရေးနေ့ (သို့မဟုတ်) နှစ် ၇၀ တိုင် စစ်ဒဏ်ခံနေရသည့်နိုင်ငံ

သန်းမြင့်ဦး ● လွတ်လပ်ရေးနေ့ (သို့မဟုတ်) နှစ် ၇၀ တိုင် စစ်ဒဏ်ခံနေရသည့်နိုင်ငံ (မိုးမခ) ဇန်နဝါရီ ၃၊ ၂၀၁၈ သူ့ဖေ့ဘုတ်ခ်က ယူပါသည်။ မြန်မာနိုင်ငံသည် ဗြိတိသျှဓနသဟာယအဖွဲ့တွင်မပါဝင်ပဲ လွတ်လပ်သောနိုင်ငံတစ်ခုဖြစ်လာသည်မှာ မနက်ဖြန်ဆိုလျှင် နှစ် ပေါင်း ၇၀ တိတိရှိပြီဖြစ်သည်။ (English Below) ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂၀ တွင် ပါလီမန်အဆောက်အဦရှေ့ရှိ အတွင်းဝန်ရုံးကွက်လပ်၌ ပထမဆုံးအကြိမ်အဖြစ် ယူနီယံဂျက်အလံကိုဖြုတ်ချကာ သမ္မတနိုင်ငံအလံသစ်ကို လွှင့်တင်ခဲ့သည်။ အလံတင်သည့် အခမ်း အနားတွင် အစီအစဉ်တစ်ခုအနေဖြင့် လွတ်လပ်ရေးယူရမည့်အချိန်ကို တွက်ချက်ပေးသည့်ပုဏ္ဏားများက ခရုသင်းများမှုတ်ကြ သည်။ နောက်ပိုင်းအစီအစဉ်များမှာ လွှတ်တော်တွင်ဖြစ်ပြီး၊ သမ္မတသစ် ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်နှင့်အတူ...

Read more »

မောင်ရင်ငတေ ● ပင်လယ်မရှိသောမြေသို့ စာစု (ပိုလန်နယ်စပ်သို့ တညအိပ် – အပိုင်း – ၁)

January 3, 2018
မောင်ရင်ငတေ ● ပင်လယ်မရှိသောမြေသို့ စာစု (ပိုလန်နယ်စပ်သို့ တညအိပ် – အပိုင်း – ၁)

မောင်ရင်ငတေ ● ပင်လယ်မရှိသောမြေသို့ စာစု ပိုလန်နယ်စပ်သို့ တညအိပ် – အပိုင်း (၁) (မိုးမခ) ဇန်နဝါရီ ၃၊ ၂၀၁၈   ပိုလန်နယ်သို့ အဝင်ဝ (ဓါတ်ပုံ မရငတ) ပိုလန်မြေသို့ရောက်ခဲ့တဲ့အကြောင်း မရေးသေးဘူးလားလို့ ကားမောင်းလိုက်ပို့ခဲ့သူ မောင်ရင်ငတေ့ဆရာ ပရာဟာသား ချက်ကရီကြီးက မေးနေတာ နည်းနည်းကြာခဲ့ပါပြီ။ ဟုတ်လည်း ဟုတ်ပါတယ်။ လိုက်ပို့သူက တကူးတက လိုက်ပို့ပေးခဲ့တဲ့ခရီး၊ နေ့ချင်းညချင်းရေးမယ် မှတ်တမ်းတင်မယ်ပြောခဲ့ပြီးတကယ်တမ်းကျတော့ လေကြီးပြီး အလုပ်မဖြစ်လာတာက မောင်ရင် ငတေ့ ပင်ကိုယ်မကောင်းခဲ့တဲ့ အကျင့်တခု၊ မကောင်းတဲ့ အကျင့်ကြီးမှန်းသိပေမယ့် ဘယ်တော့မှပြင်လို့မရတဲ့အကျင့်ပါ။ တညအိပ်သွားကြမယ်၊ ပိုလန်ဆိုပေမယ့် နယ်စပ်ပိုလန်သာပါ။ ကားရသလောက် ပတ်မောင်းမယ် ကြိုတိုင်ပင်ခဲ့ကြပြီး သွား ဖြစ်ခဲ့တဲ့ခရီးပါ။ အတူသွားကြသူတွေက မောင်ရင်ငတေလို လတ်လျားနေကြသူတွေမဟုတ်။ အလုပ်အကိုင်...

Read more »

ဈန်ခ ● လမ်းမပေါ်က ဘဝများ

January 2, 2018
ဈန်ခ ● လမ်းမပေါ်က ဘဝများ

ဈန်ခ ● လမ်းမပေါ်က ဘဝများ (မိုးမခ) ဇန်နဝါရီ ၂၊ ၂၀၁၇ နေခြည်ပွင့်လာတာနဲ့  အိမ်တံခါးကို ဆွဲဖွင့်ပြီး ဝမ်းရေးအတွက် ပျားပန်းခက်နေအောင် လမ်းမပေါ်မှာ ရှင်သန်မှုကောက်ကြောင်း တွေ ပြည့်နှက်နေပြီ။ တနေ့တာ ရှေ့ရေးဆိုသော်လည်း လှုပ်ရှားမှုပင်လယ်ပြင်မှာ မနားတမ်းကူးခတ်ရဦးမည်။ စာကလေး တွေလို အသံတကြော်ကြော်နဲ့ ဆေးလိပ်ကွမ်းယာရောင်းတဲ့သူတွေလည်း မူပိုင်ခွင့်ယူထားတဲ့အသံလေးတွေနဲ့ ကားကြို ကားကြားမှာ အသက်ဝင်နေကြသည်။ ခုံပေါ်မှာထိုင်နေရင်း ဖုန်းပွတ်နေတဲ့ ဆိုင်ကယ်ကယ်ရီသမားတွေလည်း ပူနေတဲ့ နေရောင်ခြည်ကို လရောင်အမှတ်ထားပြီး အမြန်သွားလိုသူတွေအတွက် ဆိုင်ကယ်ဦးခေါင်းကို လမ်းသွားလမ်းလာတွေ ဘက်သို့ဦးတည်ပြီး ကျောက်ချထားကြသည်။ ကိုယ့်ဇောနဲ့ကို မောနေကြတဲ့သူတွေဆိုတော့ ဘယ်သူက ဘယ်လို အော်ခေါ် နေသော်လည်း တောခြောက်သံလို မကြားတကြားသာ ကြားနေရသည်။ သမုဒ္ဒရာ ဝမ်းတထွာဆိုတာ ပေတံနဲ့တိုင်းလို့ရတဲ့ အမှုကိစ္စမဟုတ်တော့ စီးရေတွေ...

Read more »

ရဲရင့်သက်ဇွဲ ● အမှားနဲ့ အမှန်ခွဲခြား

January 2, 2018
ရဲရင့်သက်ဇွဲ ● အမှားနဲ့ အမှန်ခွဲခြား

ရဲရင့်သက်ဇွဲ ● အမှားနဲ့ အမှန်ခွဲခြား (မိုးမခ) ဇန်နဝါရီ ၂၊ ၂၀၁၈ သမင်လည်ပြန် အကြည့်တချက်မှာ ညဟာ ဘဝများစွာကို သတိတရနဲ့  မြိုချတယ်… ကံကြမ္မာကတော့ အမှတ်တမဲ့နဲ့  ဘဝတွေကို ဖဲ့ထုတ်တယ် …….. သမင်လည်ပြန် အကြည့်တချက်မှာ မက်မောလောက်စရာ ဘယ်အရာကများ ဆွဲဆောင်ထားပါသလဲ ငွေ ရမ္မက် အချစ် ကိုယ်ကျင့်တရား တန်းတူညီမျှမှု အမှန်နဲ့ အမှား ခွဲခြား ပိုင်းဖြတ်နိုင်ရဲ့လား …. သမင်လည်ပြန် အကြည့်တချက်မှာ တသက်တာ ငြိလောက်စရာများ ပါပါရဲ့လား……. အရေပြားအောက်က သွေးတွေ နီပုံခြင်းကထပ်တူ ဒီမြေမှာမွေး ဒီမြေမှာကြီးပြင်းကြတာခြင်းက ထပ်တူ အကြမ်းဖက်မှုကို ဆန့်ကျင်ကြတာခြင်းက ထပ်တူ ဒုက္ခရောက်ကြတာခြင်းက ထပ်တူ ထပ်တူ….ထပ်တူ….ထပ်တူမှုတွေ အများသားပါရက်နဲ့...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်