စာပဒေသာ

ပြည်တွင်းဒီမိုကရေစီနှင့် ပြည်ပအကူအညီ (၃) – Exile Reporter

September 21, 2012
ပြည်တွင်းဒီမိုကရေစီနှင့် ပြည်ပအကူအညီ (၃) – Exile Reporter

ပြည်တွင်းဒီမိုကရေစီနှင့် ပြည်ပအကူအညီ (၃) အဝေးရောက် သတင်းထောက်တဦး  စင်ပြိုင်အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဖြစ်သူ ဒေါက်တာစိန်ဝင်း အမေရိကန်ကွန်ဂရက်နှင့်ဆက်နွယ်၍       ဆိုခဲ့ပြီးသည့်အတိုင်း၊ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်ကို သိသူထောက်ခံသူမှာ၊ အင်္ဂလန်နိုင်ငံတွင်မှအပ၊ အခြားနိုင်ငံများတွင် အလွန်ရှားပါးလှ၏။ “Burma”ဟုပြောလျှင် “Bahama” (ဘဟားမားဟုခေါ်သော ဖလော်ရီဒါပြည်နယ်နှင့် ကျူးဘားနိုင်ငံ အကြား ရှိကျွန်းစုများ) ဟုထင်တတ်ကြသော အမေရိကန်နိုင်ငံ၌ ကွန်ဂရက်အမတ်များ၊ အစိုးရအဖွဲ့ဝင်များထည်းမှပင် သိကျွမ်းသူ နည်းပါး ခဲ့သည်။ မြန်မာနိုင်ငံနှင့်ပါတ်သက်သော ကြေငြာချက်များထုတ်လျှင်၊ စစ်အစိုးရကခေါ်ဝေါ်သုံးနှုံးလေ့ရှိသော ဒေါ်စုကြည် ဟူသည့် အမည်ကို သုံးတတ်ကြ၏။ ထို့ကြောင့် ကျွန်တော်က စစ်အစိုးရသည် ပြည်သူအားလုံးက လေးစားကြည်ညိုသော မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏အမည်ကို၊ သမီးဖြစ်သူ၏အမည်၌ပူးတွဲကာ အမည်ရင်းအတိုင်း ခေါ်ဆိုရန်ဝန်လေးနေကြကြောင်းနှင့်၊ သူ၏ အမည်ရင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ကြောင်းရှင်းပြရသည်။ နောက်ပိုင်းတွင် အမေရိကန်အစိုးရနှင့် ကွန်ဂရက်အမတ်များ က၎င်း၊...

Read more »

တမတ်တန် … ငယ်အိပ်မက်များ

September 19, 2012
တမတ်တန် … ငယ်အိပ်မက်များ

ကမာပုလဲ စက်တင်ဘာ ၁၉၊ ၂၀၁၂ ငွေတမတ်နဲ့ ချေဂွေဗါးရား ဖြစ်ခဲ့ … ငွေတမတ်နဲ့ မဟာဗန္ဓုလ ဖြစ်ခဲ့ … ငွေတမတ်နဲ့ ငြိမ်းချမ်းရေး ချိုးငှက်ဖြစ်ခဲ့ … ငွေတမတ်နဲ့ ဧကရာဇ်မင်းတပါးလည်း ဖြစ်ခဲ့ ငွေတမတ်နဲ့ …။ အဲဒီ ငွေတမတ်နဲ့ ငါးကြင်းခေါင်းကိုင်ရတဲ့ အိပ်မက် ခလေးဆိုတော့ မက် မတတ်ခဲ့ဘူး …။ ကျောင်းလွယ်အိတ်ထဲ တမတ်တန် ကပ်ခွာကလေးများ လက်ဖ၀ါးပေါ်က အရှိုးရာများနဲ့ လဲခဲ့တယ် …။ ။ No tags for this post.

Read more »

သီတဂူ မာတာ

September 19, 2012
သီတဂူ မာတာ

ကျော်ဟုန်း စက်တင်ဘာ ၁၉၊ ၂၀၁၂ သူက ကောင်းကင်နံရံကို ဆုပ်ဖြဲလိုက်တယ်၊ ပြီးတော့ စွမ်းအင်ကို ဝေမျှ စားသုံး ကြယ်တွေကို မီးထွန်းလိုက်ပြန်၊ (သူ…ဆိုတာက) ညကောင်းကင်ကို အကြိမ်ကြိမ် ဖြတ်သန်းဖူးတဲ့ အတွေ့ အကြုံ သူ့ဆီမှာ ရှိတယ်၊ ဒို့ဆီမှာတော့ ဝံပုလွေတွေ အူသံကြားရတဲ့ညတိုင်း တာဝန်ကြေ “လ” သာစမြဲပေါ့၊ “တောက ခေါင်သကိုး” ညဥ့်နက်တွေမှာ ထိန်လင်းဖို့ “နေ”ဆီက သူဖဲ့ယူထားတဲ့ အလင်းစုဟာ သူ့ပကတိ မာယာမဟုတ်၊ သူ့ရဲ့ အမြဲတမ်း အကျင့်တခုက အာရုဏ်ဦးဆီ အလည်အပတ် ပို့ဆောင်ကြဉ်း နေ့သစ်များကို ချစ်တတ်အောင် ကမ္ဘာမြေပေါ်မှာ ပန်းစုံ ပိုပွင့်အောင် သူ့လက်ရေးနဲ့ “ကကြီး၊ ခကွေး” သင်ပေးဖူးတယ် “အ”အထိ၊ ကျောက်ဆောင်တွေကို ဖြိုဖျက်ဖို့...

Read more »

မြင်း

September 18, 2012
မြင်း

ကမာပုလဲ စက်တင်ဘာ ၁၈၊ ၂၀၁၂ မြင်း … မြင်းဟာ မွေးလာတုန်းက ကုန်းနှီးပါမလာဘူး။ မြင်း … မြင်းဟာ မွေးဖွားလာစဉ်က ပါးချပ်ပါမလာဘူး။ မြင်း မြင်းဟာ … သံခွာပါမလာဘူး။ မြင်း မြင်းရဲ့ကျောမှာ ကြိမ်လုံးကြာပွတ် ရိုက်ချက်ဒဏ်ရာ ပါမလာခဲ့ဘူး။ မြင်း … မြင်းဟာ သူ့အတွက် စားကျက်မြက်ခင်းစိမ်းလိုတယ် …၊ သောက်စရာ ရေအနည်းငယ် လိုမယ် …၊ ကြိုတင် သတ်မှတ်မထားတဲ့ ဘ၀ပြေးလမ်းတွေ လိုမယ် …။ မြင်း … မြင်းဟာ … လရောင်အောက်မှာ ကဆုန်ပေါက် ပြေးလွှားမယ် … သူ့လည်ဆံမွှေးမှာ သူ့မာနရဲ့ ပကတိအလှ တည်ရှိမယ် သူ့ပါးစပ်က ဟီသံနဲ့ နှာမှုတ်သံမှာ ရန်သူရဲ့...

Read more »

ပြည့်ဖို့ခက်သည့် သူငယ်ချင်းဆုတောင်း

September 18, 2012
ပြည့်ဖို့ခက်သည့် သူငယ်ချင်းဆုတောင်း

ဖိုးထက် စက်တင်ဘာ ၁၈၊ ၂၀၁၂ အမည်မည်း၊ အမည်ဖြူ ကိစ္စများ ၊ “ပြည်သူတွေ မြှောက်စားလို့ တောက်ကြွားရမယ့် မင်းသားလေးပါခင်ည” ဆိုသည့် ဟန်ပန်အမူအရာများဖြင့် ကားပေါ်တက်ကခုန်နေကြသော အချိန်အခါသမယကြီးမှာ ကျနော် ခွင့်တစ်ပတ်ရသဖြင့် မြန်မာနိုင်ငံသို့ အလည်ပြန်သွားခဲ့သည်။ အိမ်ပြန် ရောက်ရောက်ချင်း ဆွေမျိုးအရင်းကြီးတွေဆီဖုန်းဆက်မှ ဘယ်အချိန်ကတည်းက အမည်မည်းဖြစ်နေခဲ့ရှာဟန် မသိသည့် အမတစ်ယောက်က “အေးဟယ် ငါလဲခုမှသိရတော့တယ်” ဟုပြောလာသည်။ သံချည်းတက်အရောင်များ၊ ဖုန်အလိမ်းလိမ်းတက်၊ ရေညှိတွေ မင်းမူနေသောဆိုင်းဘုတ်များ၊ မရွှင်လန်း မတက်ကြွသော မျက်နှာများ၊ အစီ အစဉ်မကျနမှုများကြားမှာ ဘာတွေများပြောင်းလဲနေပြီလဲဆိုသည့်အသိနှင့် သတိထားကြည့်မိသည်။ နတ်ရေကန်ထဲ ပြစ်ချသလိုပြောင်းလဲ စေချင်သော၊ မျက်လှည့်ပြသလို အပ်ချလောင်းဆိုပြီး ပြောင်းလဲစေချင်သော ကျနော့်အတွက် အားမရတာတော့အမှန်။ အထက်စီး၊ အပေါ်စီး ကမကြည့်ဖြစ်ဘဲ အားမလို၊ အားမရဖြစ်ခြင်း၊...

Read more »

ဘယ်မှာလည်း မေတ္တာတရား (အမေစုအတွက်ဆိုခဲ့တဲ့ ငြိမ်းချမ်းရေးသီချင်း)

September 17, 2012
ဘယ်မှာလည်း မေတ္တာတရား (အမေစုအတွက်ဆိုခဲ့တဲ့ ငြိမ်းချမ်းရေးသီချင်း)

ဇော်ထက် (ပျဉ်းမနား) စက်တင်ဘာ ၁၇၊ ၂၀၁၂ ကမ္ဘာကြီးက ဘာများမှားနေလည်းမသိဘူး အမေရေ … လူတွေများ နေနေကြတာက မိဘမဲ့တွေလိုပါပဲလား……။ ကျွန်တော်ထင်တာတော့ တစ်ကမ္ဘာလုံးက သရုပ်ပြဇာတ်လမ်းတွေကို စွဲလမ်းနေပေါ့ … စိတ်သောကဖြစ်စေမယ့် အရာတွေကိုသာ တမ်းတနေကြပေါ့ … တိုင်းတစ်ပါးမြေမှာတော့ အင်းလေ ကျွန်တော်တို့ အဖျက်သမားတွေကို တားဆီးဖို့ ကြိုးစားနေကြတယ်ပေါ့ … ဒါပေမယ့်လို့ ကျွန်တော်တို့တိုင်းပြည်မှာ အဖျက်သမားတွေဆိုတာက ရှိနှင့်ကြပြီးသား … ထောက်လှမ်းရေးအဖွဲ့ကြီး ဘလတ်ဒ်စ်နဲ့ ခရစ်ပ်စ်နှင့် ကေသုံးလုံးအဖွဲ့များ …။ ဒါပေမယ့်လို့ ခင်ဗျားတို့ ကိုယ့်လူမျိုးကိုယ် တစ်ခုတည်းကိုသာ မေတ္တာထားနိုင်ရင်ပေါ့ … အဲဒီလိုသာဆိုရင်တော့ ခင်ဗျားတို့ဆီမှာ ခွဲခြားကာ ဘက်လိုက်ဖို့ နေရာလပ်တွေကို ချန်ထားတာပဲ …. ခွဲခြားဘက်လိုက်မှုတွေဟာ အမုန်းတရားတွေကိုသာပဲ မွေးဖွားလာစေတယ်...

Read more »

တူး ထား တဲ့ မြ စ်

September 16, 2012
တူး ထား တဲ့ မြ စ်

ခင်အောင်အေး စက်တင်ဘာ ၁၆၊ ၂၀၁၂ အားလုံးလောက်နီးပါးကိုတင်ဆောင်ပြီးတဲ့အခါ ထူးဆန်းတဲ့ယာဉ်ဟာ ထွက်ခွာဖို့အသင့်ဖြစ်ခဲ့ပြီ …။ အပိုင်းပိုင်းပြတ်နေတဲ့ မျှော်လင့်ချက်တွေ မသေမရှင်ဖြစ်နေတဲ့ ယုံကြည်ချက်ခိုင်မာမှုတွေ … နေကွယ်ဝင်နေကျ ဟောဟိုတောင်စွယ်မှာ သားရဲတွေတင်းကျမ်းပြည့်လို့ (သွားရည်တမြားမြားနဲ့ ..) ရုပ်ခန္ဓာဟာ စိတ်အလိုနဲ့ နသားပါးယားကြည်မွေ့လျှက် အဆီဝင်းဝင်းနဲ့ သဲတရှပ်ရှပ်တွေချည့်သာ နိုင်လိုခံခက် … ကမ်းပါးတစ်ဖက်တစ်ချက်မှာ မျက်နှာသေနဲ့ဝိညာဉ်လောကသားများ ပြီးတော့ စီးဝင်စရာပင်လယ်ပျောက်နေတဲ့ တဟုန်ထိုးရေအလျဉ်။ ။ စက်တင်ဘာ ၁၂၊ ၂၀၁၂ ခုနှစ်။ ချေလ်တန်ဂရို့ဖ်၊ လန်ဒန်။ ၀၃း ၄၉ နာရီ။ No tags for this post.

Read more »

ဗုဒ္ဓသာသနာထွန်းလင်းရန် အမရီလိုကကြေးစည်သံ

September 16, 2012
ဗုဒ္ဓသာသနာထွန်းလင်းရန် အမရီလိုကကြေးစည်သံ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ နမော ဗုဒ္ဓါယ သိဒ္ဓံ …………………………. အရှင်နန္ဒဝံသ (ဇေယျသုခ ဓမ္မရိပ်သာ၊ Amarillo,Texas, U.S.A) စက်တင်ဘာ ၁၆၊ ၂၀၁၂ ● အမာရီလိုဆိုတာ အ၀ါရောင်ပါ အခု စာရေးသူသီတင်းသုံးနေတဲ့နေရာလေးကတော့ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်ရှိ အမာရီလိုလို့ခေါ်သည့် မြို့ငယ်လေးတစ်မြို့ပါ ပဲ။ ဒီမြို့လေးမှာ မြန်မာပြည်ဖွား တိုင်းရင်းသားလူမျိုးပေါင်းစုံ အခြေချနေထိုင်လာခဲ့ကြတာ ဆယ်စုနှစ်တစ်ခုမကရှိခဲ့ပါပြီ ။ မြန်မာပြည်တွင်းမှ နေ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတို့မှတဆင့် ရောက်လာသူပေါင်းများစွာရဲ့ ခိုကိုးရာမြို့လေးဆိုရင်လဲ မှားအံ့မထင် ပါချေ။ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့၊ နယူးယောက်ပြည်နယ်က ဘတ်ဖလိုး၊ ယူတီကာ၊ အော်ဘနီမြို့များတို့လို မြန်မာနိုင်ငံဖွား တိုင်း ရင်းသားပေါင်းစုံအများအပြား အခြေချနေထိုင်လျှက်ရှိသော မြို့လေးတစ်ခုပဲဖြစ်ပါတယ်။ အမာရီလိုဆိုတဲ့အမည်ဟာ...

Read more »

မိန်းမသားနဲ့ ရဲသား ဓာတ်ပုံ (Maung Swan Yi)

September 16, 2012
မိန်းမသားနဲ့ ရဲသား ဓာတ်ပုံ  (Maung Swan Yi)

မိန်းမသားနဲ့ ရဲသား ဓာတ်ပုံ မောင်စွမ်းရည်၊ စက်တင်ဘာ ၁၆၊ ၂၀၁၂ အမှန်တရားက မိန်းမသားကို အားဖြစ်စေအံ့။ မိန်းမတယောက် လက်ညိုးငေါက်ငေါက် ခါးကိုထောက်လျက် မကြောက်မရွံ့ နောက်မတွန့်ဘဲ အံကိုခဲ၍ ရဲကို အာခံ သည်အားမာန်ဟာ သူ့ထံ ဘယ်လို ရောက်သလဲ။ အမှန်တရားက မိန်းမသားကို အားဖြစ်စေပြီ။ လယ်သမားက ရွှေသားမလို၊ ကြေးပြားမလို မြေကိုပေးပါ မြေသာ ဘ၀ မြေက ဆီဆန် ရာသက်ပန်ပဲ ကျည်ဆံမလို ဆီ ဆန်လိုတယ် မြေကို မသိမ်းကြပါနဲ့။ ကြေးနီတောင်ကို သင်တို့ဖြိုလို့ ပြိုချင်လည်း ပြို လူကိုဖြိုလို့ ပြိုမကျနိုင်။ ကြေးနီတောင်က ကြေးတွေရလို့ ကြေးက ငွေဖြစ်၊ စိန်ရွေှ့ဖြစ်လည်း စစ်ဗိုလ်မယား နိုင်ငံခြားမှာ ကားစီး တိုက်ဝယ်...

Read more »

ကြိုဆိုပါသည် … သို့သော် ….

September 15, 2012
ကြိုဆိုပါသည် … သို့သော် ….

ဒေါက်တာဓမ္မပိယ (ITBMU) စက်တင်ဘာ ၁၅၊ ၂၀၁၂ မြန်မာ့နိုင်ငံတော်သည် ဒီမိုကရေစီစနစ်ဆီသို့ အသွင်ကူးပြောင်းလာပြီဆိုတော့ … ။ ဒီမိုကရေစီစနစ်ရဲ့ မူဝါဒဖြစ်တဲ့ “လွတ်လပ်စွာ ပြောဆိုခွင့်” တို့ “လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်” တို့ “လွတ်လပ်စွာ ကိုးကွယ်ခွင့်” တို့ဆိုတာ စနစ်နှင့်အတူ မွေးဖွားလာခဲ့ခြင်းပါ။ ပြည်သူတွေအား ̏လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်˝ကို ဥပဒေပြု၍ ခွင့်ပြုပေးခြင်းအတွက် ဒီမိုကရေစီအစိုးရအား ကျေးဇူးတင်မိခြင်းပါ။ သို့သော် လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်ရပြီဆိုပေမဲ့ ဒီမိုကရေစီစနစ်ရဲ့မူဝါဒများကို ပြည်သူများ စနစ်တကျနားလည်မထားကြသေးဘူးဆိုရင် အမျိုးသား ယဉ်ကျေးမှု ကို ထိုက်ခိုက်သွားနိုင်ခြင်းပါ။ ပြည်သူအများစုဟာ အမျိုးသားယဉ်ကျေးမှုကိုထိန်းသိမ်းပြီး ဒီမိုကရေစီနိုင်ငံတော်ကို စနစ်တကျတည်ဆောက် လိုတာဖြစ်တဲ့အတွက်ကြောင့် စာနယ်ဇင်းများ၊ ပုံနှိပ်ထုတ်ဝေသူများ၊ အင်တာနက်မီဒီယာများမှ ဘာစာမူကိုပဲ ထုတ်ထုတ်၊ ဘယ်ရုပ်ပုံမျိုးကိုပဲ ဖေါ်ပြဖေါ်ပြ၊ ဘယ်ဘလော့ဂ်မှာပဲတင်တင် မြန်မာ့ယဉ်ကျေးမှု၊...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်