စာပဒေသာ

Min Ko Naing – Poem

February 14, 2012
Min Ko Naing – Poem

x x x မင်းကိုနိုင်၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၁၂ ခဲတံချွန်ပြီးပြီ ကျောင်းသင်္ခန်းပုံ ဆွဲချင်ဆွဲ ၀စ်လစ်စလစ်ပုံ ဆွဲချင်ဆွဲ သဘောပဲလေ ဒီမြေမှာ ဓါးလှံတွေ ကြဲချင်ကြဲ ချိုးငှက်တွေ ၀ဲလိုဝဲ သဘောပဲလေ စိတ်ချ ကလေးရေ စစ်တိုက်ခန်းတွေ မကြိုက်လို့ ထိုးကြိတ်ခန်းတွေ မကြည့်လို့ သူရဲဘောကြောင်တယ် မစွပ်စွဲဘူး ဒါပေမယ့် ကလေးရေ ကိုယ်ဆွဲရာ ကိုယ့်ကားချပ် ကိုယ့်လက်မှတ်တော့ ထိုးရမယ် (ဖေဖော်ဝါရီ ၁၃၊ ၂၀၁၂) Ref – http://www.facebook.com/photo.php?fbid=301146083272786&set=a.125771214143608.32841.100001321914808&type=3&theater No tags for this post.

Read more »

ပဒိုမန်းရှာ (သို့မဟုတ်) ချစ်သူများနေ့မှာ အမှတ်ရတဲ့သူ

February 14, 2012
ပဒိုမန်းရှာ (သို့မဟုတ်) ချစ်သူများနေ့မှာ အမှတ်ရတဲ့သူ

နေသွင် ဖေဖော်ဝါရီ ၁၄၊ ၂၀၁၂ ဖေဖော်ဝါရီ ၁၄ ရက် ၊ ညနေ ၄ နာရီခွဲ။ “ပဒိုမန်းရှာ လုပ်ကြံခံလိုက်ရတယ် ဆိုဗျ” အွန်လိုင်းမှာ သူငယ်ချင်းတယောက်က ကျနော့်ကို လှမ်းမေးတယ်။ “ဟာ- မဟုတ်တာဗျာ” ကျနော် ဒီလောက်ပဲ အကြောင်းပြန်နိုင်ပါတယ်။ စိတ်ထဲမှာတော့ နည်းနည်း ထိတ်သွားတာ အမှန်ပါပဲ။ မဲဆောက်က သူငယ်ချင်းတယောက်ဆီ ဖုန်းခေါ်ကြည့်တော့ ကျနော်က ဘာမှ မမေးခင်မှာပဲ “ကြားပြီးရော့ပေါ့” တဲ့။ “ဟာ.. ဒါဖြင့် သွားပြီပေါ့” သတင်းသမားတယောက် အနေနဲ့ ဘယ်လို၊ ဘယ်ပုံ ဆိုတာကို မေးဖို့ထက် မိနစ်အတန်ကြာအောင် မင်သက် သွားမိတယ်။ အဲဒီညနေက တော်တော်နဲ့ အိမ်မပြန်ဖြစ်ပါဘူး။ ပဒိုမန်းရှာ လုပ်ကြံခံရတဲ့ကိစ္စကို ကျနော်တို့ တတ်နိုင်သလောက်...

Read more »

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရှင်းတမ်း – အပိုင်း(၂)

February 14, 2012
ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရှင်းတမ်း – အပိုင်း(၂)

သန်းဝင်းလှိုင် ဖေဖော်ဝါရီ ၁၄၊ ၂၀၁၂ သရုပ်ဖော်ပန်းချီအား Messenger မှ ကူးယူအသုံးပြုပါသည်။ ● ရဲဘော်သုံးကျိပ်ဝင်များ သွေးဖောက်ပြီးသစ္စာပြုနေ့အမှား မြန်မာမျိုးချစ်လူငယ်များ ဟိုင်နန်ကျွန်း စစ်သင်တန်းကျောင်းတွင် တက်ရောက်သင်ကြားနေသော စစ်ပညာများသည် ၁၉၄၁ အောက်တိုဘာ လဆန်းတွင် ပြီးဆုံးပြီးနောက် အောက်တိုဘာလ ၅ ရက်နေ့တွင် စန်းယ စစ်ပညာသင်တန်းကျောင်းကိုပိတ်၍ ထိုင်ဝမ်ကျွန်းရှိ တာမာဆာ တိုမြို့ (Tamasato) သို့ ပြောင်းရွှေ့ခဲ့သည်။ ယင်းနောက် အောက်တိုဘာလ ၂၇ ရက် တနင်္လာနေ့တွင် တာမာဆာတိုမြို့ ဗိုလ်သင်တန်း ကျောင်းတွင် စစ်သေနင်္ဂဗျူဟာပညာနှင့် ဂျပန်နိုင်ငံမှထုတ်လုပ်သည့် နောက်ဆုံးပေါ်လက်နက်များ သုံးစွဲနည်း၊ ပြင်ဆင်နည်းများကို ဆက် လက်သင်ကြားခဲ့ကြသည်။ ယင်းနောက် ဂျပန်တို့သည် ၁၉၄၁ ဒီဇင်ဘာ (၇) ရက်နေ့တွင် ပစိဖိတ်သမုဒ္ဒရာအတွင်း ဟာဝိုင်ယီကျွန်း...

Read more »

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရှင်းတမ်း – အပိုင်း(၁)

February 13, 2012
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရှင်းတမ်း – အပိုင်း(၁)

သန်းဝင်းလှိုင် ဖေော်ဝါရီ ၁၃၊ ၂၀၁၂ ၂၀၁၂ ဖေဖော်ဝါရီလ ၁၃ ရက်နေ့သည် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သလို မြန်မာနိုင်ငံကလေးများနေ့လည်း ဖြစ်သည်။ ဗိုလ်ချုပ်သာသက်ရှိထင်ရှားရှိခဲ့သော် ယခုနှစ်ဆိုလျှင် အသက် ၉၇ နှစ် ရှိပြီဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် အစိုးရသစ်တက်လာပြီးနောက် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်သည့် စာအုပ်များကို ရေးသား၊ ပုံနှိပ်ထုတ်ဝေခွင့်ပြုလိုက်သဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော စာအုပ်ပေါင်း (၁၀၀) နီးပါးခန့် ထုတ်ဝေဖြန့်ချိလာ သည်ကိုတွေ့ရသည်။ အဆိုပါစာအုပ်များအနက် အများစုမှာ ယခင်နှစ် ၅၀ အတွင်းကထုတ်ဝေခဲ့ပြီးသောစာအုပ်များကို ပြန်လည်ထုတ်ဝေ ခဲ့သလို ပြန်လည်ရေးသားထားသည့် စာအုပ်အသစ်များကို လည်းတွေ့ရသည်။ အချို့စာအုပ်များသည် တချိန်က ကလောင်စုံရေးသားခဲ့သည့် ဗိုလ်ချုပ်နှင့်ပတ်သက်သောဆောင်းပါးများကို စုစည်းထားသလို ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိစာအုပ် ၄၊ ၅ အုပ်ကိုမှီး၍ ပြန်လည်ရေး...

Read more »

မဟန ဘာလဲ ဘယ်လဲ ဘာလုပ်မှာလဲ?

February 13, 2012
မဟန ဘာလဲ ဘယ်လဲ ဘာလုပ်မှာလဲ?

အရှင်ပညာနန္ဒ ဖေဖ၀ါရီ၊၀၉၊ ၂၀၁၂ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလကစပြီး တနှစ်တိတိ တရားဟောခွင့် ပိတ်ပင်ခြင်းခံခဲ့ရတဲ့ အချိန်ကာလ ပြည့်မြောက်သွားပြီဖြစ်တဲ့အတွက် ရွှေည၀ါဆရာတော်အား ပြန်လည်တရားဟောပြောခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကိုယ်တိုင် လက်မှတ်ထိုးပြီးထုတ်ပြန်ခဲ့ပေမဲ့ သာသနာရေးဝန်ကြီးဋ္ဌာနက သံဃမဟာနာယကဥက္ကဋ္ဌဆရာတော်ရဲ့ လက်မှတ်ဟာ တရားမ၀င်ဘူးပြောဘူးလို့ပြောကြောင်း သတင်းတွေဖတ်ရတဲ့အတွက် ဥက္ကဋ္ဌဆရာတော်ကြီးကိုယ်စား စိတ်မကောင်းဖြစ်မိပါ တယ်။ သံဃာ့ရေးရာကိစ္စတွေနဲ့ပက်သက်ရင် သံဃမဟာနာယကဆိုတာ အစိုးရခိုင်းတာလုပ်ပေးရတဲ့ (ဟန်ပြသံဃနာယက) အဖွဲ့လို့ ရဟန်းရှင် လူတွေပြောနေကြာတာဟာ ဒီကိစ္စကမှန်ကန်ကြောင်းသက်သေခံနေပါပြီ။ အမှန်ပြောရရင် သံဃမဟာနာယကဆရာတော်တွေကိုယ်စားလည်း ရှက်မိပါတယ်။ သံဃာ့ကိစ္စတွေမှာ သံဃာက လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်မရှိဘဲ အစိုးရတာဝန်ရှိသူတွေက ၀င်ရောက်ခြယ်လှယ်နေ တာကို သံဃမဟာနာယကဆရာတွေက တုဏှိဘာဝေ လုပ်နေကြတဲ့အ တွက် သံဃာတွေ နှစ်ခြမ်းကွဲအောင် လုပ်ပေးနေသလိုဖြစ်နေပါတယ်။ တကယ်တော့ရွှေည၀ါဆရာတော်ရဲ့တရားပွဲတွေအပိတ်ခံရတာဟာ ထေရ၀ါဒတရားတော်တွေကနေသွေဖီလို့မဟုတ်ဘဲ...

Read more »

Maung Gyi Nyein Chan – အညတရများ

February 13, 2012
Maung Gyi Nyein Chan – အညတရများ

“အညတရများ” မောင်ကြီးငြိမ်းချမ်း။ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၂ မမ ၀င်းမော်ဦး ဘယ်ဘ၀မှာလည်း ကျနော် မမေးရက်ပါဘူး မမ မိဘတွေ အမျှဝေတာ မရှိသေးပေမယ့် တချို့တွေကတော့ ရေစက်တောင်ချပြီးပြီ။ ရန် ငါ စည်းပြတ်တဲ့ မျိုးဆက်သစ်တွေ အတက်မှာ တွေဝေနေတဲ့ လင်းတအိုတွေ ကောင်းကင်မှာ ၀ဲသလိုမျိုး တိုင်းပြည်က ချောက်ထဲ နက်သည်ထက် နက်တော့မှာ မမ ရေ။ ၀မ်းနည်းခြင်းဆိုတဲ့ အမှတ်တရနေ့တွေမှာ နာကျည်းခြင်းဆိုတဲ့ နှလုံးသားကို လတ်တလော သေသွားတဲ့သူရဲ့နှလုံးသားနဲ့ သူတို့ အစားထိုးပြီး ပျော်ဖို့ကြံနေတာ ကျနော်သိတယ် မမ ရေ။ အညတရဆိုတဲ့ ကျနော်တို့ဟာ ပေးဆပ်ခြင်း သက်သက်ဆိုပေမယ့် သိသင့်သလောက်တော့ သိပါတယ် ကျောင်းသားတွေ အမေမှ ငိုတတ်တယ်ဆိုရင် ကျနော်တို့အညတရတွေက ဥက...

Read more »

ကျောင်းသားတပ်မတော်ကမိတ်ဆွေများကို တောင်းပန်တဲ့စာ

February 11, 2012

မောင်ရစ်၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၁၂ ဒီနေ့မှာ အေဘီမြောက်ပိုင်းမှာ မတရားသတ်ဖြတ်ခံပြီး ကျဆုံးခဲ့ရတဲ့ ကျောင်းသားလူငယ်တွေအတွက် အနှစ် ၂၀ ကြာတော့မှ အများစုပေါင်းတဲ့ ကောင်းမှုကုသိုလ်ပြု ဆုတောင်းတဲ့ ဆွမ်းကျွေးပွဲတွေ ပြည်တွင်းပြည်ပမှာ ပြုလုပ်ဖြစ်တယ်။ အဲသည်ဖြစ်ရပ်ကို အနှစ် ၂၀ ကြာမှ ထုတ်ဖော်ပြီး လူအများ သိရှိခွင့်ရတယ်၊ အနှစ် ၂၀ ကြာမှ ဆွမ်းကျွေး ကောင်းမှုကုသိုလ်ပြုခွင့်ရတယ်။ မတရားစွပ်စွဲပြီး လုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုတာကို အနှစ် ၂၀ ကြာမှ ကျန်ရစ်တဲ့ ရဲဘော်တွေ၊ မိသားစုတွေ၊ မိတ်ဆွေတွေက အများသူငှာ သိရှိကြစေဖို့ ထုတ်ဖော်ပြောဆိုကြရတဲ့အတွက် ၀မ်းနည်း ၀မ်းသာ ဖြစ်မိတယ်။ ဂုဏ်ယူတဲ့ စိတ်လည်း ဖြစ်မိတယ်။ ၀မ်းနည်းတယ်ဆိုတာ သူတို့တတွေဟာ အာဏာရှင်စနစ်ကို ဆန့်ကျင် တိုက်ပွဲဝင်နေကြရင်း မတရားစွပ်စွဲခံကြရပြီး...

Read more »

အချိန်မြစ်ကြီးက ခင်ဗျားနဲ့ကျနော့်ဆီ ပြိုဆင်းလာနေတယ်

February 9, 2012
အချိန်မြစ်ကြီးက ခင်ဗျားနဲ့ကျနော့်ဆီ ပြိုဆင်းလာနေတယ်

ဆောင်းယွန်းလ ဖေဖော်ဝါရီ ၉၊ ၂၀၁၂ ခင်ဗျားက နေသာလို့ နေသာသလို နေမယ်ဆို ကျနော်က ခင်ဗျားထက်တောင် နေသာသေးတယ်…. ဒီလိုသာ နေသာကြကြေးဆို တကမ္ဘာလုံး နေသာပြီး ကမ္ဘာကြီး ပြာကျပျက်စီးသွားတာ ကြာပေါ့… ခင်ဗျားက မိုးခါးရေကို ခင်ဗျားဝါကျနဲ့ ချိုချင်သလို ချိုမယ်ဆို ကျနော့် မိုးခါးရေက ကျနော့်ဝေါဟာရနဲ့ ပိုလို့တောင်ချိုသေးတယ်…. ဒီလိုသာ မိုးခါးရေချိုကြကြေးဆို တကမ္ဘာလုံး မိုးခါးပြိုပြီး ကမ္ဘာကြီး ရေလွှမ်းပျက်စီးသွားတာ ကြာပေါ့…. အချိန်ဆိုတဲ့ မြစ်ကြီးထဲမှာ ခင်ဗျားရော ကျနော်ပါ စီးဆင်းမျောပါလာခဲ့ကြတာ ဘယ်လောက်ကြာခဲ့ပြီလဲ အဲဒီသတ္တဝါက ခင်ဗျားနဲ့ရော ကျနော်နဲ့ပါ အမျိုးတော်စပ်တာမဟုတ်ဘူး….. ပြောရင်းဆိုရင်း နေသာတဲ့အထဲမှာ မိုးတွေကရွာနေပြန်ပါပြီ…. ခင်ဗျားရောကျနော်ပါ အရက်တပုလင်းနဲ့ လက်ကမြင်းနေတဲ့ ဖျက်မြင်းတွေမဖြစ်မိဖို့ ထမင်းတစေ့နဲ့ အပင်းငြိနေတဲ့ သတိတွေကိုရွှေ့ဖို့...

Read more »

Than Win Hlaing – “သမိုင်းတကွေ့မှ အကျော်ဇေယျအမျိုးသမီးများ” စာအုပ် ထွက်မည်

February 9, 2012
Than Win Hlaing – “သမိုင်းတကွေ့မှ အကျော်ဇေယျအမျိုးသမီးများ” စာအုပ် ထွက်မည်

မိုးမခပင်တိုင်စာရေးဆရာ သန်းဝင်းလှိုင်၏ “သမိုင်းတကွေ့မှ အကျော်ဇေယျအမျိုးသမီးများ” စာအုပ် ထွက်မည် မိုးမခ၊ ဖောဖော်ဝါရီ ၄၊ ၂၀၁၂ မှတ်စု မှတ်တမ်း သမိုင်း အချက်အလက်များ စုဆောင်း လေ့လာရေးသာရာတွင် အမည်ရသည့် စာရေးဆရာဖြစ်သည့် သန်းဝင်းလှိုင်က ၎င်းစုစည်းထားသည့် “သမိုင်းတကွေ့မှ အကျော်ဇေယျအမျိုးသမီးများ” စာအုပ်ကို ပုံနှိပ်ထုတ်ဝေမည် ဖြစ်ကြောင်း သိရသည်။ မိုးမခက အဆိုပါစာအုပ်ကို ပုံနှိပ်ဖြန့်ချိရာတွင် စာအုပ်ကို စုဆောင်း သိမ်းဆည်း ဖတ်ရှုလိုသည့် စာဖတ်သူများ ကြိုတင်မှာကြားသည့် အရေအတွက်အတိုင်း ထုတ်ဝေရန် စီစဉ်လျက်ရှိသည်။          အီးဘွတ်များနှင့် အင်တာနက်များ ကျေးဇူးကြောင့် ပုံနှိပ်စာအုပ်များ မှာယူရောင်းချရသည့် စာရိတ်စကမှာ သီးသန့်ဝန်ထုတ်ဝန်ပိုးဖြစ်နေသဖြင့် ယခုကဲ့သို့ Print on Demand နှုန်းဖြင့် စရိတ်ကျဉ်းကျဉ်း၊ ၀န်ကျဉ်းကျဉ်းဖြင့် စာအုပ်များကို...

Read more »

Burmese Monks Book on sale – ရဟန်းတော်များနဲ့ နိုင်ငံ့အရေး – ဆောင်းပါးများစုစည်းမှု

February 7, 2012
Burmese Monks Book on sale – ရဟန်းတော်များနဲ့ နိုင်ငံ့အရေး – ဆောင်းပါးများစုစည်းမှု

 ရဟန်းတော်များနဲ့ နိုင်ငံ့အရေး – ဆောင်းပါးများစုစည်းမှု စီစဉ်သူ – အရှင်ပညာနန္ဒ ပြည်တွင်းပြည်ပ သံဃာများ၊ စာရေးဆရာများ ရေးသားတဲ့ ဆောင်းပါးပေါင်း ၂၆ ပုဒ်၊ စာမျက်နှာ ၁၄၀ တန်ဖိုး – အမေရိကန်ဒေါ်လာ ၁၀ ဖြင့် မှာယူစုဆောင်းပါ။  မြန်မာပြည်ထောင်စုသစ်ရဲ့ ရဟန်း ရှင်လူ ပြည်သူတွေရဲ့ သမိုင်း၊ မှတ်တမ်းနဲ့ ခံစားချက်တွေကို သင်ကိုယ်တိုင် သိမ်းဆည်းထားပြီး မျိုးဆက်သစ်ကို လက်ဆင့်ကမ်းပါ။ ကျုပ်မယ်တော်က ကျုပ်ကို ဓမ္မကထိက သိပ်ဖြစ်စေချင်တာ။ ကျုပ်သာ ဓမ္မကထိကဖြစ်ရင် မယ်တော်က တရားဦးဟောရင် သူ့ကိုအရင်ဟောရမယ်တဲ့။ ကျုပ်ဘ၀မှာ တကယ်မမေ့ဘူး။ ကျုပ်တို့ကို ရွှေတိဂုံဘုရားမှာ စစ်သားတွေ ရိုက်နေတဲ့အချိန် မိုးမရွာပဲနဲ့ မိုးကြိုး ၂ ကြိမ်ပစ်တယ်။ လက်ဖြစ်တချက်တီးစာလောက်လေးအတွင်းမှာပဲ ကျုပ်တကိုယ်လုံးပေါ့ပါးသွားတယ်။...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်