စာပဒေသာ

အညတရအကျဉ်းသားရဟန်းတော်များ – ၂၁ ဦးခေမိန္ဒ

June 30, 2012
အညတရအကျဉ်းသားရဟန်းတော်များ – ၂၁ ဦးခေမိန္ဒ

အရှင်ပညာနန္ဒ ဇွန် ၂၉၊ ၂၀၁၂ • ဘွဲ့တော် – ဦးခေမိန္ဒ • သက်တော် – (၃၃) • မွေးရပ်ဇာတိ – ပန်နိမ်ကျေးရွာ၊ နားငွေးအုပ်စု၊ တန့်ယန်းမြို့နယ်၊ လားရှိုးခရိုင်၊ ရှမ်း/မြောက်။ • အဖမ်းခံရစဉ်နေသည့်ကျောင်း – သိမ်ကျောင်း၊ မစိုးရိမ်တိုက်သစ်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။ • ပုဒ်မ – ၅ (ည)/ ၄၄၀/ ၂၉၅/ ၂၉၅ (က) • ချမှတ်သည့်ပြစ်ဒဏ် – (၁၅) နှစ် • ထောင်မှလွတ်သည့်နေ့ – ၁၂.၁၀.၂၀၁၁ • နေခဲ့ရသည့်ထောင်အမည် – အိုးဘိုထောင်၊ (မန္တလေးမြို့) • နိုင်ငံရေးလှုပ်ရှားမှုဖြစ်စဉ် ဦးဇင်းအနေနဲ့ကတော့...

Read more »

Yar Zar – NLD ၏ HIV/AIDS ဆိုင်ရာလုပ်ငန်းများ ဆယ်နှစ်တာနဲ့ အမှတ်တရများ (၄)

June 30, 2012
Yar Zar – NLD ၏ HIV/AIDS ဆိုင်ရာလုပ်ငန်းများ ဆယ်နှစ်တာနဲ့ အမှတ်တရများ (၄)

NLD ၏ HIV/AIDS ဆိုင်ရာလုပ်ငန်းများ ဆယ်နှစ်တာနဲ့ အမှတ်တရများ (၄) ရာဇာ  ဇွန် ၃၀။ ၂၀၁၂ ဒီလိုလုပ်ရင်းသားက ၂၀၀၄ လောက်ကျတော့ သတင်းကောင်းကြီးတစ်ခု ရတယ်ဗျ။ အေဇက်ဂျီ (ဟော်လန်)က ဖွင့်ထားတဲ့ သဇင်ဆေးခန်းတွေမှာ ဒီရောဂါနဲ့ပတ်သက်တဲ့ အဆင့်မြင့်အေအာဗွီဆေးတွေ ပေးမယ်ဆိုတဲ့ သတင်းပဲ။ ကြာသလား လာထား ပေါ့ဗျာ စုံစမ်းရတော့တာပေါ့။ ဟုတ်တယ်။ ကြားတဲ့သတင်းမှန်တယ်။  ဒါပေမယ့် လောလောဆယ် သူ့ပရောဂျက်ဧရိယာမှာ ရှိသူတွေကိုသာ ပေးမှာတဲ့။ ပက်လက်လန်ပြန်ရော။ ကျနော်တို့လူနာအများစုက နယ်တွေကဗျ။ ဒီတော့ သူ့ပရောဂျက်ဧရိယာကို ထပ်စပ်စုတော့ သူ့ဆေးခန်းတည်ရှိနေတဲ့နေရာ ငါးခု ပေးမယ်။ သာကေတရှိလို့ သာကေတနဲ့ဆက်စပ်နေတဲ့ ဒေါပုံနှစ်နယ်၊ လှိုင်သာယာ၊ ကျနော့်သူငယ်ချင်းစပြီးကုတဲ့ လှိုင်သာယာ၊  န၀ဒေးက ပြောင်းသွားတဲ့ အင်းစိန်ဖော့ကန်ဈေးနားက တစ်ခုဆိုတော့...

Read more »

Kyaw Home – အညတရ သူရဲကောင်းရဲ့ ချင်ခြင်း

June 30, 2012
Kyaw Home – အညတရ သူရဲကောင်းရဲ့ ချင်ခြင်း

အညတရ သူရဲကောင်းရဲ့ ချင်ခြင်း ကျော်ဟုန်းဇွန် ၂၉၊ ၂၀၁၂သူဟာ နှုတ်သီး၊ ခြေသည်း၊ အတက်တွေကို ကျောက်ဖျာထက်မှာသွေးပြီး သတ်ကွင်းထဲ ကြေညာဝင်ခဲ့တဲ့သူ၊ နှလုံးသည်းပွတ်က သွေးတပွက်အံထုတ်လေတိုင်း ကျောက်ဖြစ်ကြွင်းရစ်ဖို့  မတောင်းဆိုခဲ့၊ လေမှာဝဲဝေ့ တောင်ပံခတ်တိုင်းမှာ ကမ္ဘာတုန်စေရော့မလားပဲ အားမာန်တွေအပြည့်နဲ့  ခွပ်၊ ကြယ်ကြွေတာမြင်တိုင်း ဆုတောင်းတတ်လဲပဲ အပြန်လမ်းအတွက် ကောဇောနီခင်း ကြိုစရာမလို တောလမ်းလေးအတိုင်း လျှောက်ပြန်မယ်၊ သိုက်မြုံဟောင်းသာ သူမင်သမို့  အားလုံးဆီက ပြန်လိုချင်တာ ရေကြည်တခွက်ပါပဲတဲ့၊ အမြင်ချင်ဆုံးက သတ္ထုသံလှိုင်နေတဲ့ အရယ်အပြုံးများ ဘဝနဲ့ လဲရဲသတဲ့လေ။ ။ No tags for this post.

Read more »

Ashin Dhamma Piya – လမ်းဆုံးမရှိတဲ့ ဒီခရီး

June 29, 2012
Ashin Dhamma Piya – လမ်းဆုံးမရှိတဲ့ ဒီခရီး

လမ်းဆုံးမရှိတဲ့ ဒီခရီး ဒေါက်တာဓမ္မပိယ၊ ဇွန် ၂၉ ၊ ၂၀၁၂ ဆူပူမှုများရဲ့ အရင်းခံ ယခုရက်ပိုင်းအတွင်း အကြမ်းဖက်မှုတွေ ဆူပူမှုတွေ ကမ္ဘာ့နေရာအနှံ့အပြားမှာ တိုးပွားနေခြင်းပါ။ အကြမ်းဖက်မှုတွေ၊ ဆူပူမှုတွေ များလာလေလေ ငြိမ်းချမ်းရေးစကားကို ပြောလာသူတွေလည်း ပိုမိုများပြားလာ ခြင်းပါ။ ကမ္ဘာ့အရပ်ရပ်မှာ ဖြစ်ပေါ်နေတဲ့ ဆူပူလှုပ်ရှားမှုတွေဟာ ကမ္ဘာ့စီးပွားရေးကို ထိခိုက်နိုင်သလို၊ ပြည်နယ် ဒေသတွေမှာဖြစ်ပေါ်နေတဲ့ ဆူပူလှုပ်ရှားမှုတွေဟာလည်း တိုင်းပြည်ရဲ့စီးပွားရေး၊ ငြိမ်းချမ်းရေးများကို ထိခိုက်ပျက်စီးနိုင်ခြင်းပါ။ တိုင်းပြည်တစ်ခု တိုးတက်ဖို့ဆိုတာ ငြိမ်းချမ်းရေးဟာ မည်မျှအရေးပါကြောင်း ပြည်သူ၊ ပြည်သားများ သဘောပေါက်ထားကြမယ်ဆိုရင် … တိုင်းပြည်တွင်းမှာ နေသူအချင်းချင်း (တရားဝင် နေထိုင်ခွင့်ရှိသူ အချင်းချင်း) သူနဲ့ငါအကြား ခွဲခြားဆက်ဆံလိုတဲ့စိတ်ထားတွေ၊ လူမှုရေး၊ စီးပွားရေး၊ လူမျိုးရေး၊ ဘာသာရေး၊ ပညာရေးများအပေါ်မှာ ခွဲခြားဆက်ဆံခံနေရ၍ မကြေနပ်မှုမှ...

Read more »

မြစ်တစင်းနှင့် စကားပြောခြင်း

June 28, 2012
မြစ်တစင်းနှင့် စကားပြောခြင်း

ကမာပုလဲ ဇွန် ၂၈၊ ၂၀၁၂ Artist – Xiao Fan အကြင်အရပ်၌မြစ်တစင်းသည် ရှိ၏။ ထိုမြစ်သည် အလျဉ်မပြတ်စီးဆင်းနေ၏။ လွန်ခဲ့သော နှစ်ပေါင်းများစွာမှ ယနေ့ထိ မြစ်သည် စီးဆင်း ရှင်သန်တည်ရှိနေ၏။ အဆိုပါမြစ်သည် အများတကာမြစ်တွေလို မြောက်မှတောင်သို့မစီး။ တောင်မှမြောက်သို့ ဆန့်ကျင်စီးဆင်းနေ၏။ တဖန်ထပ်၍ ထူးခြားမှုတခုရှိနေပါသေးသည်။ မြစ်သည် တိုင်းနိုင်ငံနှစ်ခု၏ အရှေ့နှင့် အနောက်နယ်နိမိတ်စည်းရိုးသဖွယ် ဖြစ်တည်စီးဆင်း နေခြင်းဖြစ်၏။ မြစ်သည် ကမ်းနှစ်ဖက်ကြားတွင် သုံးရာသီကာလပတ်လုံး စီးဆင်းနေ၏။ တခါတခါ သူ့ဣနြေ္ဒကို ရွှေပေးဖျက်ဆီး မရနိုင်သော မိန်းကလေး တယောက်၏ ခြေလှမ်းလှမ်းပုံမျိုး။ ငြိမ့်ညောင်းညင်သညာ။ တခါတရံဒေါမန်ထန်ပြင်း ဆင်ရိုင်းအုပ် တောတိုးသလို။ တခါတလေ ရှင်နေ လျက်က အသက်မဲ့နေသလား။ လှုပ်ရှားမှု မရှိ …. သက်ငြိမ်။...

Read more »

သူငယ်ချင်း မြတ်ခိုင်

June 27, 2012
သူငယ်ချင်း မြတ်ခိုင်

အောင်ဝေး ဇွန် ၂၇၊ ၂၀၁၂ ငါ မသေဘူး ရေကူးတတ်တဲ့ မြတ်ခိုင်။ အခု မြတ်ခိုင်မှာ ဂျာနယ် မရှိ။ ခက်တာက လယ်သမားတွေမှာ လယ် မရှိတာပဲ။ မြတ်ခိုင်က ဂျာနယ် အသိမ်းခံရ။ လယ်သမားတွေက လယ် အသိမ်းခံရ။ မြတ်ခိုင်မှာ ဂျာနယ်လိုအပ်သလို လယ်သမားတွေလည်း လယ်မြေလိုအပ်သပေါ့။ လွတ်လပ်မှုဆိုတာ လိုအပ်မှုကို သဘောပေါက်နားလည်ခြင်းတဲ့ မြတ်ခိုင်။ မြတ်ခိုင်ရော လယ်သမားတွေပါ လွတ်လပ်မှု အသိမ်းခံရပါပကော။ ထွန်တုံးပေါ်က လာတဲ့လူ ပြန်ကျတော့လည်း ထွန်တုံးပေါ်ပဲကျမယ် မြတ်ခိုင်။ လယ်သမားတွေလို ထွန်တုံးတိုက်ပွဲ ဆင်ပါ။ လွတ်လပ်မှုအတွက် လွတ်လပ်မှုကို စတေးပါ။ ဓားတွေ လှံတွေ ကြားမှာ “တရား” နဲ့ နေပါ။ တစ်နေ့ - လယ်သမားတွေက...

Read more »

Than Win Hlaing – မိုးမခ၏ ပင်တိုင်စာရေးဆရာ သန်းဝင်းလှိုင်၏ အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်ထွက်မည်

June 27, 2012
Than Win Hlaing – မိုးမခ၏ ပင်တိုင်စာရေးဆရာ သန်းဝင်းလှိုင်၏ အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်ထွက်မည်

မိုးမခ၏ ပင်တိုင်စာရေးဆရာ သန်းဝင်းလှိုင်၏ အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်ထွက်မည် မိုးမခ၊ ဇွန် ၂၇၊ ၂၀၁၂ လာမည့် ၆၅ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အဖြစ် စာရေးဆရာသန်းဝင်းလှိုင်က ၎င်း၏ ဆောင်းပါးများ စုစည်းထားသည့် အာဇာနည်နေ့ သို့မဟုတ် မြန်မာ့သမိုင်းတွင်မမေ့အပ်သော နေ့တနေ့ စာအုပ် ထုတ်ဝေဖြန့်ချိမည် ဖြစ်သည်။ အသေးစိတ်ကို ထပ်မံ ထုတ်ပြန်ပါမည်။ No tags for this post.

Read more »

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်

June 26, 2012
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်

ဇော်အောင် (မုံရွာ) ဇွန် ၂၅၊ ၂၀၁၂ Speaking at British Parliament as first time for Asian Country’s Feature ဗြိတိန်နိုင်ငံ၊ ပါလီမန်၂ခုစလုံးအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် စကားပြောခွင့်ရခဲ့ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်များအကြား ပထမဆုံး စကား ပြောဆိုခြင်းပါ။ ပထမခရီးစဉ် ထိုင်းနိုင်ငံမှာ ကမ္ဘာ့စီးပွားရေးခေါင်းဆောင်များကို World Economic Forum မှာ စကားပြောခွင့်ရခဲ့ပါ တယ်။ နော်ဝေးနိုင်ငံ၊ အော်စလိုမြို့မှာ နိုဘယ်ဆုလက်ခံရင်း နိုဘယ်ဆုရှင်များကို စကားပြောခွင့်ရခဲ့ပါတယ်။ အခု မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ခမ်းနားကြီးကျယ်လှတဲ့ ဗြိတိသျှ အထက်အောက်ပါလီမာန်ရဲ့ Westminster Hall မှာ မိန့်ခွန်းပြောကြားခွင့်ရတဲ့ နိုင်ငံရပ်ခြားမှ နိုင်ငံ့ခေါင်းဆောင် ၅ ဦးကတော့ ပြင်သစ်သမ္မတ...

Read more »

အမေ့ခြေသံ

June 25, 2012
အမေ့ခြေသံ

ဇော်ထက် (ပျဉ်းမနား) ဇွန် ၂၅၊ ၂၀၁၂ အသက်ထောက်ပေမဲ့ တစ်ရက်မကြောက်လေခဲ့တဲ့ တစ်သက် တစ်ယောက်သာ ပေါ်ထား သားတို့ရဲ့အမေ ကိုယ်နေဟန် ကြွကြွ ခြေသံဖွဖွက ကမ္ဘာ့လူမျိုးအစုံစုံကို ရင်ခုန် ကစေခဲ့တယ်။ အေးမြစွတ်စိုတဲ့ စိမ်းကားတတ်တဲ့ အထီးကျန်တတ်တဲ့ အင်္ဂလန်ရဲ့ ဇွန်လဟာ အမေ့ခြေသံတွေနဲ့ ယိမ်းက သာယာလှပလို့ နေခဲ့ပြီ။ မခံချိအောင် အတိတ်မှာနှောင်ခဲ့သော်လည်း သံမဏိလိုမာ လိပ်ပြာတစ်ကောင်လိုလှ ထာဝရ အမေဟာ ရာဇဝင်မှာ အမှောင် မရိုင်းပြပဲ ကမ္ဘာတခွင်မှာ အောင်သမိုင်း လှခဲ့တယ်။ အမေ့ဦးခေါင်းကား သွေးများနဲ့ ရဲရဲနီခဲ့သော်ငြား အမေ … တရားမလွတ် ဦးမညွတ်ခဲ့၊ အမေ … ခွင့်လွှတ်နိုင်ပေမယ့် သားတို့ …. မေ့မရနိုင်တဲ့ နှစ်တွေ၊ နှစ်တွေ …...

Read more »

ဂျင်းဘောင်းဘီ အပြာ

June 25, 2012
ဂျင်းဘောင်းဘီ အပြာ

ညိုထက် (လမ်းသစ်ဦး) ဇွန် ၂၅၊ ၂၀၁၂ (၁) ကျနော့်ကို ဗမာမိဘများမှ ဗမာပြည်မှာ မွေးသည်။ ကျနော်သည် ဗမာပြည်သားဖြစ်သည်။ ကျနော့်အသက် ၄၀ ထဲ ရောက်လာပြီ ဖြစ်သော် လည်း ယခုထိတိုင် ပုဆိုးကောင်းကောင်း မ၀တ်တက်။ (၂) ရှစ်လေးလုံးအရေးတော်ပုံကို ရှစ်တန်းကျောင်းသားဘ၀နှင့် ကြုံတွေ့ခဲ့ရသည်။ တွက်ကြည့်တော့ ကျနော့်အသက် ၁၄ နှစ်။ ဆယ်ကျော် သက်အရွယ်ဖြစ်ပေမယ့် နိုင်ငံရေးဆိုသည်က ကျနော့် အသွေး အသားထဲသို့ ဒုတ်ဒုတ်ထိ တိုးဝင်သွားသည်။ သမဂ္ဂစိတ်ဓာတ်က တဖြန်းဖြန်း။ တိုက်ပွဲလမ်းကို တိုးဝင်ခဲ့သည်။ ဤသို့ဖြင့် အချိန်သိပ်မကြာ။ မိမိကိုယ်ကိုပြန်ကြည့်သော အခါ မဲနယ်တောင်တန်းပေါ်က သူပုန်ကျောင်းသား။ ကျနော်ဟာ ကလေးစစ်သားများလား။ ကျနော်တို့ရဲ့ ရဲဘော်ကြီး ဗိုလ်ဆန်နီပြောသည့်စကားကို သတိရမိသည်။ “ပုံမှန်မဟုတ်တဲ့အခြေအ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်