စာပဒေသာ

နှစ်သက်မိသော မျက်ရည်များ

March 1, 2012
နှစ်သက်မိသော မျက်ရည်များ

ဖိုးထက် မတ် ၁၊ ၂၀၁၂ အမှန်အတိုင်းသာဝန်ခံရလျှင် နိုင်ငံရေးဆိုတာ မစားကောင်းသောအသီးလို့ ကျနော်ခံယူခဲ့သည်။ ထိုအယူအဆအတိုင်း နေထိုင် ဖြတ်သန်း လာသဖြင့် ယခုခေတ် နိုင်ငံရေးခေါင်းဆောင်တွေဆိုလျှင် ဗိုလ်ချုပ်သမီးငယ် ဘမျိုးဘိုးတူ စိတ်ဓာတ်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်ကို သိ သည်။ နောက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဆိုသူများထဲကမှ ကိုမင်းကိုနိုင်ကိုသိသည်။ ဒါတောင်မှ ပေါ်ဦးဆိုသည့် သူ့နာမည် အရင်းကိုတောင် ကြီးမှသိခြင်းဖြစ်သည်။ တကယ်တော့ ၈၈ ဆိုသည့်ခုနှစ်မှာ ကျနော်က ချာတိတ်ပေါက်စ။ ၈၈ အရေးအခင်းကြီးတုံးမှာ ကျနော်က မူလတန်းကျောင်းသား။ အရေး အခင်းကြီးမှာ ကျနော် မှတ်မှတ်ရရရှိခဲ့တာ နှစ်ခုဘဲရှိသည်။ တစ်ခုက ကျနော်တို့သားအမိ ဗွီဒီယိုသွားသွားကြည့်သည့် ဗွီဒီယိုရုံပိုင်ရှင်သမီး စင်မြင့်ထက်မှ တရားဟောခြင်းဖြစ်သည်။ ဖနောင့်တစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်ဆိုပြီး ငေါက်ငေါက်ငမ်းငမ်း ဟောပြော ခြင်းအား...

Read more »

အရာရာအားလုံး … ဟောင်းနွမ်းလွန်းနေလို့

March 1, 2012
အရာရာအားလုံး … ဟောင်းနွမ်းလွန်းနေလို့

ဆောင်းယွန်းလ မတ် ၁၊ ၂၀၁၂ အရင်တုန်းက ငါတို့တတွေလည်း အခု မင်းတို့လိုပါပဲ ဖြစ်ခဲ့ဖူးတယ် ဖြစ်ခဲ့ဖူးကြတယ်…. သီချင်းတပုဒ်ထဲမှာ သူငယ်ချင်းနှစ်ယောက် လက်ဖက်ရည်တခွက်ကို တယောက်တဝတ် သောက်တတ်ခဲ့ကြဖူးတယ်… ကဗျာတပုဒ်ထဲမှာလည်း သူငယ်ချင်းနှစ်ယောက် ဆေးပေါ့လိပ်တလိပ်ကို တယောက်တဖွာ အိပ်ရာဝင်ခဲ့ကြဖူးတယ်… ငါတို့ထက်ကျစ်လစ်တဲ့ လက်သီးဆုပ်တွေတောင် ငါတို့လက်သီးတွေလောက် မကျစ်လစ်ခဲ့ကြဘူး… ငါတို့ထက်အားကောင်းတဲ့ လက်မောင်းတွေတောင် ငါတို့လက်မောင်းတွေလောက် အားမကောင်းခဲ့ကြဘူး… အဲသလို… ပြောရင်း …ဆိုရင်း …နေရင်း ….ထိုင်ရင်း …. ကုန်လွန်ခဲ့ကြ… တက်လှမ်းခဲ့ကြ …ဖြတ်သန်းခဲ့ကြ… ပြန်မရနိုင်တော့မယ့် နာရီတွေက ရာသီစာ ကဗျာတပုဒ်ထက် ပိုပြီး …..နက်နက်နဲနဲ… အခုတော့…. ငါတို့အားလုံးတွေရဲ့ဘဝတွေထဲမှာ အရင်အတိုင်းဆိုတာတွေထက် ပိုလွန်းတဲ့ မလိုအပ်မှုများနဲ့ မှားယွင်းစွာ ခါးသီးဟောင်းနွမ်းနေကြ… ဖြစ်နိုင်ရင်….. လွန်ခဲ့တဲ့ အနှစ်၂၀ ကျော်ကာလကို...

Read more »

ငါတို့ရွာက သစ်ပင်များ

February 28, 2012
ငါတို့ရွာက သစ်ပင်များ

မောင်စွမ်းရည် ဖေဖော်ဝါရီ ၂၈၊ ၂၀၁၂ အညာကျေးလက် ကုန်းတက်ကုန်းဆင်း၊ ကုန်းကျင်းထဲမှာ ဆူးခက်ကာတဲ့ ရွာကလေး။ ရွာကလေးမှာ ရွာပြင်ရွာတွင်း သူငယ်ချင်းလို ရင်းနှီးကျွမ်းဝင် သစ်ပင်ကြီးငယ်၊ ဖက်တွယ်ဆင်းတက် ကိုင်းခက်နိမ့်မြင့် အဆင့်အဆင့်မှာ ပွင့်ပုံသီးပုံ၊ ပျားအုံ ပုတ်သင် ဘယ်အပင်မှာ ဘာရှိတာကို ငါမသိတာ မရှိခဲ့။ မြို့ပြနဲ့ဝေး၊ မြစံနဲ့ဝေး ကျေးတော ကျောက်ကုန်း သဲကျောက်တုံးတို့ ကျောက်ဖြုန်း စရစ်ဖွေး။ ကျောက်စရစ်ကုန်း နုန်းမြေမတင် ရှားစောင်း မိုးနံ ဇီး ခံပင် ပုတက်က၀င်၊ ဖွတ်ကထွက် နွားကျောင်းသား တို့များသူငယ်ချင်း ၀ါးရင်းတုတ်နဲ့နှက်။ မိုးခေါင်ရေရှား၊ တို့များကျေးရွာ မိုးအကျ၊ ပျိုးကြဲစိုက်ကြရှာ။ ပဲပြောင်းနဲ့ နှမ်း၊ ၀ါ ယာရှိသူက ယာကိုစိုက် ယာမရှိသူက အငှားလိုက် မရှိလဲစိုက်...

Read more »

မြစ်ဆုံ

February 28, 2012
မြစ်ဆုံ

ကွန်စစ်ကောင်း ဖေဖော်ဝါရီ ၂၈၊ ၂၀၁၂ လာခဲ့ … အစ်ကိုလဲ လာခဲ့ ညီလေးလဲ လာခဲ့ အစ်မလဲ လာခဲ့ ညီမလေးလဲ လာခဲ့ သူငယ်ချင်းတွေလဲ လာခဲ့ မိတ်ဆွေတွေလဲ လာခဲ့ အားလုံးကို ပေါင်းစုမှ အင်အားတစ်ခုကို ရမှာပေါ့။ ယူခဲ့ ချစ်ခင်မှုကို ယူခဲ့ လေးစားမှုကို ယူခဲ့ ရိုးသားမှုကို ယူခဲ့ မြင့်မြတ်မှုကို ယူခဲ့ ဇွဲလုံ့လကို ယူခဲ့ သတ္တိကို ယူခဲ့ အားလုံးကို ပေါင်းစုမှ စွမ်းဆောင်ရွည်တစ်ခုကို ရမှာပေါ့။ လာခဲ့ကြ အားလုံးလာခဲ့ကြ ယူခဲ့ကြ အားလုံးယူခဲ့ကြ။ ။ No tags for this post. Related posts No related posts.

Read more »

အာဇာနည် ဗိမာန်ကို နှစ် ၂၀ ကျော် ပစ်ထား၊ ဇေကမ္ဘာက တရားစွဲမလား၊ ဂျပန်ခရီးသည် ပါးရိုက်မှု – journal news pieces

February 27, 2012
အာဇာနည် ဗိမာန်ကို နှစ် ၂၀ ကျော် ပစ်ထား၊ ဇေကမ္ဘာက တရားစွဲမလား၊ ဂျပန်ခရီးသည် ပါးရိုက်မှု – journal news pieces

  ညွန့်ထွေးဖေဖော်ဝါရီ ၂၆၊ ၂၀၁၂ Myanmar Post ဂျာနယ် – ဖေဖော်ဝါရီ ၂၂ No tags for this post. Related posts No related posts.

Read more »

ကျနော် စိတ်အချဉ်ပေါက်ခြင်း

February 27, 2012
ကျနော် စိတ်အချဉ်ပေါက်ခြင်း

ဖိုးထက် ဖေဖော်ဝါရီ ၂၇၊ ၂၀၁၂ အခုတစ်လော ကျနော့်စိတ်တွေ ဖောက်ဖောက်နေသည်ဟုပြောလျှင် ရူးတော့မှာပေါ့ဟု ထင်စရာရှိသည်။ ကျနော်ဆိုလိုချင်သော သဘော က စိတ်အချဉ်တွေပေါက်နေမိချင်းဖြစ်သည်။ မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်ရတာ အရာရာမှာ စိတ်အချဉ်ပေါက်စရာတွေ မနည်းမနော ရှိမည်ထင်သည်။ ကျနော်တို့လို နိုင်ငံခြားမှာ အလုပ်ထွက်လုပ်သူတွေအတွက် မြန်မာနိုင်ငံသား Passport အနီလေးကိုကိုင်ပြီး အလုပ်လုပ်ရသည်မှာ စိတ်အချဉ်ပေါက်စရာတွေ များ လှသည်။ သံယံဇာတများတယ်ကွ..ကျနော် စိတ်အချဉ်ပေါက်တယ်။ မေတ္တာတရားနဲ့ ပြီးပြည့်စုံတဲ့ ဗုဒ္ဒဘာသာနိုင်ငံဘဲ..စိတ်အချဉ်ပေါက်တယ်။ ဘုရားစေတီ ကျောင်းကန်တွေနဲ့ ခင်မင်တတ်တဲ့ လူမျိုးတွေ နေတဲ့ နိုင်ငံကွ..ကျနော် စိတ်အချဉ်ပေါက်တယ်..မြန်မာနိုင်ငံမှာ ငါတို့သွားလည်ရင် စိတ်ချရပါ့မလားလို့ စိုးရိမ်စိတ်နဲ့ နိုင်ငံခြားသားတွေ လာမေးရင် စိတ်အချဉ်ပေါက်တယ်။ ကျနော် သီးမခံနိုင်လောက်အောင် စိတ်အချဉ်ပေါက်ဆုံးက မြန်မာနိုင်ငံသားတစ်ချို့ ပြုမူနေထိုင်ပုံတွေ။ ဒီမယ် ခင်ဗျားစဉ်းစားကြည့်...

Read more »

ဆက်လျှောက်ဖို့ရန် လမ်းပျောက်နေဆဲ လမ်းလျှောက်နေဆဲ

February 27, 2012
ဆက်လျှောက်ဖို့ရန် လမ်းပျောက်နေဆဲ လမ်းလျှောက်နေဆဲ

နိုင်ဦးညို (ဖိုးဇီးရိုး) ဖေဖော်ဝါရီ ၂၆၊ ၂၀၁၂ အာဏာရှင်တွေ အာဏာမမက်တော့ဘူး ယုံမလားတော့မသိဘူး၊ ယုံတမ်းစကားပြောနေတာမဟုတ်ဘူး ကျဗန်းစကားပြောနေတာမဟုတ်ဘူး အောင်မှတ်ရမဲ့ စာစီစာကုံးရေးနေတာမဟုတ်ဘူး ပြည်ပက ဟိုဘက်မလိုက် ဒီဘက်မလိုက် မြန်မာသတင်းဌာနက သတင်းကြေညာတာမဟုတ်ဘူး ဘယ်သူမှနားမထောင်တဲ့ မြန်မာ့ရုပ်မြင်သံကြားက သတင်းလွှင့်နေတာမဟုတ်ဘူး။ အာဏာရှင်က အာဏာရှင်ဖြစ်တာ ခေတ်ကုန်သွားပြီ ခေတ်ပျက်ငွေရှင်တွေ စနစ်တကျပညာရှင်တွေ အာဏာရှင်ဖြစ်ချင်လာတဲ့ တူးဟန်ဒရက်ယီးယားဘီဖိုး ပြန်ဆိုတေးစီးကြောင်းမှာ ကိုယ်တိုင်သဘောမတူပေမဲ့ စကားလုံးလှလှလေးသုံးတဲ့ အများသဘောတူရင် လေးဆယ့်ကိုးနဲ့ငါးဆယ့်တစ် ငါးဆယ့်တစ် အသာရတဲ့ခေတ်မှာ ငါးဆယ်မှာတစ်ပေါင်းဖို့ ငါးဆယ်မှာတစ်နှုတ်ဖို့ မနှုတ်လောက်တစ်ဆယ်ချေး … လျှော်ဖို့စားဖို့ကြံနေတဲ့သူတွေ အကြံကုန် ဂဠုန်အဖြစ်ခံ … ဆားချက်မဲ့သူတွေ ငါးပွက်ရာ ငါးစာချ … မွေးမြူရေးလုပ်ချင်သူတွေ ထင်းခွေမကြုံ ရေခတ်မကြုံ … အဝီစိတွင်းတူးချင်သူတွေ တိုက်ရာပါငွေနဲ့ … ဂေါပကအလုပ်လျှောက်လွှာတင်ထားသူတွေ...

Read more »

မေတ္တာတော်တို့ဖြင့် ရပ်တန့်ကြပါအံ့

February 24, 2012
မေတ္တာတော်တို့ဖြင့် ရပ်တန့်ကြပါအံ့

ချိုတူးဇော် ဖေဖော်ဝါရီ ၂၃၊ ၂၀၁၂ ခင်ဗျားတို့ရဲ့ ဘုရားသခင်ဆီမှာ. . . မေတ္တာတော် တောင်းခံပါတယ် ကျနော်တို့ရဲ့ ဗုဒ္ဓရှင်တော်မြတ်ထံမှ မေတ္တာတော်ကို ဖြန့်ဝေပါတယ်။ နာကျင်မှုတွေနဲ့ နာကြည်းစွာ ကျခဲ့ကြတဲ့ မျက်ရည်များကို မေတ္တာတော်တို့ဖြင့် ရပ်တန့်ကြပါအံ့။ ဟောဟိုက ဒုက္ခသည်စခန်းထဲမှာ မွေးဖွားလာတဲ့ ကချင်ကလေးငယ်တယောက်ရဲ့အနား သူ့ဖခင် မရှိရှာဘူး။ အဲဒီလိုပဲ နောက်တန်း အိမ်ထောင်သည်လိုင်းထဲက ဆနွင်းဝါ၀ါနဲ့ မီးနေသည်ရဲဘော်မယားက သူ့သားကို မချီရင်း . . သူ့လင်သားကို တ,နေတယ်။ ကလေးတွေက တအဲ့အဲ့ အဖေတွေ တဒိုင်းဒိုင်း တဒက်ဒက် အဲဒါ ငါ့တို့ပြည်ထောင်စုပဲ. . .။ ဘယ်ကလေးမှ ဖခင်မဲ့ဖြစ်စရာမလို ဘယ်မိခင်မှ မုဆိုးမ ဖြစ်စရာမလို ဘယ်သူက နယ်ချဲ့လို့ ဘယ်သူက...

Read more »

Naung Kyaw – ကိုထိန်လင်းသို့ အိတ်ဖွင့်ပေးစာ

February 23, 2012
Naung Kyaw – ကိုထိန်လင်းသို့ အိတ်ဖွင့်ပေးစာ

ကိုထိန်လင်းသို့ အိတ်ဖွင့်ပေးစာ နောင်ကျော်၊ (ကောင်းကင်အင်တာနက်ကယူတယ်) ဖေဖော်ဝါရီ ၂၂၊ ၂၀၁၂ ကိုထိန်ရေ ဒီရက်ပိုင်းထဲမှာ မြန်မာပြည်မြောက်ပိုင်း ကျောင်းသား ရဲဘော်ဟောင်းတွေရဲ့ မြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရနေ့ အခမ်းအနား (၂) ပွဲကို ဖေဖော်ဝါရီလ(၁၀)ရက်နေ့က ရန်ကုန်မှာ၊ (၁၂)ရက်နေ့က မန္တလေးမှာ ကျင်းပခဲ့တော့ အဲဒီနှစ်ပွဲစလုံးကို ကျွန်တော် အလေးအနက်ထားပြီး တက်ဖြစ်အောင် တက်ခဲ့တယ်။ ရန်ကုန်မှာလုပ်တဲ့ ပွဲမှာ ခင်ဗျားနဲ့ ကျွန်တော်ပြန်ဆုံ ဖြစ်ခဲ့ပြီး စကားနည်းနည်းလောက်ပဲ ပြောဖြစ်ခဲ့ကြလို့ ကျွန်တော် သဘောထားကို ဒီပေးစာနဲ့ ခင်ဗျားဆီလှမ်းပြောလိုက်တာပါ။           ခင်ဗျားနဲ့ ကျွန်တော်စပြီး တွေ့ဖြစ်ခဲ့ကြတာဟာ 1999 ခုနှစ်ဝန်းကျင်ဆိုတော့ရယ်၊ မန္တလေးထောင်ထဲမှာ အကျဉ်းသားဘ၀နဲ့ ဆုံခဲ့ကြတာရယ်ကို မှတ်မိနေပါသေးတယ်။ အဲ့ဒီအချိန်တုန်းက ခင်ဗျားတို့ မြောက်ပိုင်း အေဘီပြန်ထွက်ပြေးလားပြီး...

Read more »

မရှိခြင်းကို မျှော်လင့်ပါ၏ ငါတို့ရွာ

February 21, 2012
မရှိခြင်းကို မျှော်လင့်ပါ၏ ငါတို့ရွာ

နိုင်ဦးညို ဖေဖော်ဝါရီ ၂၁၊ ၂၀၁၂ အမှောင် မရှိ …။ ဧည့်စာရင်း မရှိ …။ ရာအိမ်မှူး မရှိ …။ ကြက်ဆူပင် မရှိ …။ စွမ်အားရှင် မရှိ …။ ဆက်ကြေး မရှိ …။ ပေါ်တာ မရှိ …။ မြှုပ်မိုင်း မရှိ …။ ဓါတ်ပေါင်းဖို မရှိ …။ ရွှေ့ပြောင်းအလုပ်သမား မရှိ …။ ဥပဒေကဲ့သို့အာဏာတည်သောအမိန့် မရှိ …။ ညညခဏလိုက်ခဲ့ပါ မရှိ …။ စစ်ခုံရုံး မရှိ …။ ငါးည မရှိ …။ နိုင်ကျဉ်း မရှိ …။ အာဏာရှင် မရှိ …။ ထလရ မရှိ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်