Poems

မောင်မော်ကွန်း – ကြွက်နဲ့ကြောင်

May 16, 2018
မောင်မော်ကွန်း – ကြွက်နဲ့ကြောင်

ကြွက်နဲ့ကြောင်ေ မာ င်ေ မာ် ကွ န်း  (မိုးမခ) မေ ၁၆၊ ၂၀၁၈  ကြွက်အနံ့ကို ကြောင်သိတယ်ကြောင်အနံ့ကိုလည်း ကြွက်သိတယ် ။ အနံ့ကိုသိကြတာချင်းအတူတူအကင်းပါးကြတာကလည်း ဒင်းတို့ချင်း ပညာခန်းပြိုင်တဲ့ထိ ။ ကြောင်ရဲ့အကင်းပါးမှုက သူ့ကိုယ်သူ ယုံကြည်တယ် ကြွက်ရဲ့အကင်းပါးမှုက သူ့ကိုယ်သူ မယုံရဲဘူး စိတ်မချဘူး ။ ကြောင်ရဲ့အကင်းပါးမှုက ကြွက်ကိုနှိမ်နှင်းဖို့ ကြွက်ရဲ့အကင်းပါးမှုက ကြောင်ရဲ့အန္တရာယ်ကာကွယ်ဖို့ ။ ကြောင်ပြေးလမ်းက ကြွက်ရှိရင် ရှည်လျားကျယ်ဝန်းတယ် ကြွက်ပြေးလမ်းက ကြောင်ရှိရင် တိုတောင်းကျဉ်းကျုံ့တယ် ။ ကြောင်က သူ့ပြေးလမ်းကို ယုံကြည်မှုနဲ့သတ္တိနဲ့တည်ဆောက်တယ် ကြွက်က သူ့ပြေးလမ်းကို အကြောက်တရားနဲ့တည်ဆောက်တယ် ။ ကြောင်ပြေးလမ်းပေါ်  ကြွက်လုံးဝမလာရဲပေမယ့် ကြွက်ပြေးလမ်းပေါ် ကြောင်ကအပျော်ကြီးပျော်နေတတ်တယ်...

Read more »

ဖျာ ပုံ နီ လုံ ဦး ● အ ဆ င်း နှ င့် အ တ က်

April 4, 2018
ဖျာ ပုံ နီ လုံ ဦး ● အ ဆ င်း နှ င့် အ တ က်

ဖျာ ပုံ နီ လုံ ဦး ● အ ဆ င်း နှ င့် အ တ က် (မိုးမခ) ဧပြီ ၄၊ ၂၀၁၈ တယောက်ဆင်းလည်း သူ့ အ ချ င်း နှင့် သူ့ အ လ င်း နှ င့် …. တယောက်တက်လည်း သူ့ အ ခ က် နှ င့် သူ့ အ ရွ က် နှ င့် …. အတက်အဆင်း ခရီးလမ်းတွင်းမှာ အလင်းဝေငှ ဆင်းရွှေမြနှင့်...

Read more »

တိုးနှောင်မိုး – တယ်လီဗေးရှင်းပျက်ခြင်း

December 15, 2017
တိုးနှောင်မိုး –  တယ်လီဗေးရှင်းပျက်ခြင်း

KT#  တယ်လီဗေးရှင်းပျက်ခြင်း တိုးနှောင်မိုး (မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂၀၁၇ လုပ်လေ့လုပ်ထရှိသောအလုပ်၊ အကျင့် ရယ်သံကို ကိုယ်စားပြုသောစကားလုံးက ဟားဟား တိရစ္ဆာန်/သစ်ပင်တို့၏သဘာဝတည်နေရာ အကျင့်ပါနေသောဆင်းရဲဒုက္ခများ ပင်လယ်ရေမျက်နှာပြင်အထက်မြွေပူရာကင်းမှောက် မီးခိုးတွေစီးကရက်ကိုစိတ်ရှိလက်ရှိလောင်ကျွမ်းပြီးမှ ထွက်ခွာ အတိုးမပေးရသောစိတ်ကူးများ မိမိတို့နဲ့ပက်သက်ခဲ့သည်။ လုံးဝရပ်တန့်လို့မရဘူး လိင်စိတ်ကပျားရည်စုသလို လရောင်တို့ရဲ့ထိတွေ့မှုတိုင်းလက်ခုတ်သံတွေ အချည်းအနှီး၊ အလဟသ၊အကျိုးမဲ့ ခိုးကြောင်ခိုးဝှက်ဒေါကန်ခြင်းနဲ့ ဖျူးကြိုးပျော်သွားသလိုလျှပ်စစ်ရပ်တန့်ခြင်းက လေယာဉ်ပျံကိုယ်ထည်တွေနဲ့မတူဘူး ဂျုံတွေကအဲ့ဒီမဲဆန္ဒနယ်ထဲဂျူံနယ်သလို အနယ်ခံနေရတယ်။ ရိုးရိုး အများမသိသောမသိမသာစိမ့်ဝင်မှု သင်္ချာ အင်္ဂလိပ်စာ ဝက်သစ်ချသားအရာဝတ္ထုတခု၏မျက်နှာအမူအရာ စိတ်အဆင့်ဆင့်ပြောင်းလဲမှုများ နေမြင့်လေအရူးရင့်လေ ပုံပြင်ဟာ ကျီးကန်းလိုဝိုင်းအုံလာတယ်။ သောကနဲ့မဆိုင်သောအရပ်လေးမျက်နှာ လေပြင်းမုန်တိုင်းအစပြုသော ကမ္ဘာနဲ့အခြားထိပ်ပြောင်နေသောမော်ကွန်း လွတ်တော်ကိုယ်စားလှယ်လည်းလယ်ထွန်သွားနွားမေ့ သံပုရာပင်အောက်မှာတီကောင်တွေရောက်နေတယ် ပုစွန်ကျစ်စာတုံးတွေကဘာရည်ရွယ်ချက်လည်း တစ်ထပ်တည်းဖြစ်စရာများရှားလာခြင်း အချစ်ဆိုတာနံရံကိုပျားစွဲတဲ့သဘော ကောင်းကင်ဟာကမ္ဘာကြီးလုံးကြောင်းသက်သေပြနေပြီ တိမ်တွေရေ မင်းစိတ်ကိုငါမလိုက်နိုင်ဘူး ပြတင်တံခါးမှာထီးချိတ်ထားပါတယ်။ No tags for this...

Read more »

ဆောင်းခူးလက် – ဖြတ်ကျော်ပြီးသားမှတ်တိုင်နဲ့ တွေ့ဆုံ

December 12, 2017
ဆောင်းခူးလက် – ဖြတ်ကျော်ပြီးသားမှတ်တိုင်နဲ့ တွေ့ဆုံ

Than Htay Maung ဖြတ်ကျော်ပြီးသားမှတ်တိုင်နဲ့ တွေ့ဆုံ ဆောင်းခူးလက် (မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၇ ပြောပေါ့ လူရာဝင်အောင် ပြောပေါ့ မင့်အသံက မင့်ကို ဆွဲထုတ်မသွား မချင်း ပြောပေါ့ စကားလုံးကြီးကြီးနဲ့ လူထဲဝင်လာ စကားလုံးကြီးကို ယိုင်ထိုးယိုင်ထိုးထမ်းပြီး လူထဲဝင် နေရာယူပေါ့ သူတို့ ပြောတဲ့စကားတွေ မှတ်ထား ခဲတုံးတွေစုသလို စကားလုံးတွေ စုထားပေါ့ ခဲတုံးတွေနဲ့ပစ်ပေါက်သလို စကားလုံးတွေနဲ့ ငြင်းခုန်ပြီး လူရာဝင်ပေါ့ ဆရာကြီးတွေရဲ့ စကားတွေ စုထား ဆရာကြီးဆိုသူတွေနဲ့ အပြိုင်ငြင်းပြီး ဂုဏ်ယူပေါ့ စာတတ်သူကို စာမှတ်သူက ဖျက်ဆိုတော့ လူစည်စည်မှာ အမှားကို ထောက်ပြီး သာယာပေါ့ မေးခွန်း အဆန်းတွေ မေးပေါ့ ခုနှစ်တွေနဲ့ မင်းက မှတ်ထားတာဆိုတော့ မင်းပဲသိ...

Read more »

လင်းသစ္စာဦး – အဖြေ မရှိတဲ့ မေးခွန်းများ

December 3, 2017
လင်းသစ္စာဦး – အဖြေ မရှိတဲ့  မေးခွန်းများ

အဖြေ မရှိတဲ့  မေးခွန်းများ လင်းသစ္စာဦး (မိုးမခ)၊ ဒီဇင်ဘာ ၃၊ ၂၀၁၇ ဖျောက်ဆိပ်ကြယ်လေးတွေဟာ ငါတို့အနာဂတ်လား တဲ့ မလင်းလက်နိုင်တော့တဲ့ ပိုးစုန်းကြူလေးက မေးတယ် ဒဏ်ရာကိုနက်နက်တူးရင်  ကျောက်စိမ်းထွက်နိုင်သလားဆရာ တဲ့ ပထဝီဘာသာရပ်နဲ့ နေသားမကျသေးတဲ့ ကျောင်းသားလေးကမေးတယ် လူလူချင်းတူညီပါလျက်  ဘာကြောင့် ပိုင်ဆိုင်မှုတွေ မညီမျှတာလဲ တဲ့ ဒုက္ခသည်စခန်းက ခြေတဖက်ဆာနေတဲ့ကောင်မလေးက မေးတယ် ဘုရားသခင်ဆီမှာ  ဒီအဖြေတွေ ရှိနိုင်ပါသလားတဲ့ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းတက်တဲ့ကောင်းလေးက မေးတယ် စစ်ပွဲတွေဆီက ဘာအကျီုးအမြတ်တွေ ရနိုင်ပါသလဲတဲ့ ရွာကိုပစ်ပြေးနေရတဲ့ စစ်ရှောင်ကောင်လေးက မေးတယ် ဒီသောကတွေက လွတ်မြောက်ဖို့ ဘာတွေလိုအပ်ပါသလဲ တဲ့ ဆေးရုံမှာပိုက်တန်းလန်းနဲ့ အသက်လုနေရတဲ့ လူမမာလေးက မေးတယ် မီးပြတိုက်ကြီးတွေဆီမှာ သူတပါးဘဝကို လင်းလက်စေလိုတဲ့ဆန္ဒတစုံတရာ ရှိနိုင်ပါသလားတဲ့ အသက်သေနေတဲ့ ပင်လယ်ကြီးက...

Read more »

သျှင်မျိုးငယ် – စည်းလွတ်ဝါးလွတ် အက္ခရာများ

December 1, 2017
သျှင်မျိုးငယ် – စည်းလွတ်ဝါးလွတ် အက္ခရာများ

စည်းလွတ်ဝါးလွတ် အက္ခရာများ သျှင်မျိုးငယ် (မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၁၇ အဲဒီတိမ်တွေပေါ့ ငါ့ရင်ဘတ်ကို လာစူးနေတာ ညနေခင်းတခုလုံးလည်း အိပ်တန်းပြန်အတောင်ပံများနဲ့အပြည့် မီးမှိတ်ထားလိုက်မှ ဘဝဟာ ပိုပြီးလုံခြုံလာတယ်… အသွေးထဲ အသားထဲ အရိုးထဲအထိ ရူးသွပ်ခဲ့တာပဲ ငါ့ကောင်းကင်တခုလုံးဟာ အနုပညာ…။ လူငယ်တယောက်ရဲ့ ကောင်းကင်ဘုံဆိုတာ ကိုယ်ကြိုက်တာ/ကိုယ်လုပ်ချင်တာ ကိုယ်လုပ်နေရတာပဲ နိယာမတွေကို ဖောက်ဖျက်ပစ်လိုက်တာမျိုး သီအိုရီတွေကို ငြင်းပယ်ပစ်လိုက်တာမျိုး အခု လွင့်နေတဲ့မီးခိုးတွေပဲလေ ငါ့ကို သယ်ဆောင်သွားကြတာ…လေထဲမှာ။ ဖောက်ထုတ်ပစ်လိုက်တဲ့ လက်မောင်းသွေးဟာ မြစ်တစင်းပဲ ယုံကြည်ချက်အတွက်  စတေးခဲ့ကြ ခံစားချက်နဲ့ အသက်ဆက်ရှင်သန်ကြ အောင်မြင်မှုလား ကျော်ကြားမှုလား အထင်ကြီးခြင်းလား လူရာဝင်ခြင်းလား ငါ့အတွက်ကတော့ ကဗျာတပုဒ်လောက်တောင် အရေးမပါဘူးလေ ကဗျာတပုဒ်ဟာ ငါ့အတွက် ဘဝပဲဟေ့။ ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်တယ်…လက်ထဲမှာ ရင်ဘတ်တစ်ခုလုံးလည်း ပြတ်ရှနာကျင်ကြေမွ ငါ့အတွေးကို...

Read more »

ငြိမ်းဝေ(ကဗျာ့အိုးဝေ) – Suicide

November 29, 2017
ငြိမ်းဝေ(ကဗျာ့အိုးဝေ) – Suicide

Suicide ငြိမ်းဝေ(ကဗျာ့အိုးဝေ) (မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၇ “ဟာမန်ဟက်စ်”က  သိဒ္ဓတ္ထ ဝတ္ထုမှာ မြစ်ထဲ ရေနှစ်ခါ ချိုးလို့မရဘူးလို့ ရေးခဲ့တယ် ဟုတ်တယ် ငါတို့ တစ်ကြိမ်ထဲနဲ့ ကြေကွဲသန့်စင် မြစ်ကြီးအောက် ရောက်ကြရတာပဲ။ “မာယာကော်စကီး” သူ့ကိုယ်သူ ပစ်သတ်သလို “စဗက်ထရေဗာ” ကြိုးဆွဲချသလို “ဆီဗီယာပလပ်” ဓာတ်ငွေ့ပိုက်ရှူသလို လိုအပ်လို့လား။ စားပွဲခုံလေး ရှိခဲ့တာပဲ (နှစ်ခါမထိုင်ခဲ့ရဘူး) ရှားရှားပါးပါး လမ်းဘေး ရပ်ခဲ့တာပဲ (နှစ်ခါ မရပ်ခဲ့ရဘူး) အချိုမြဆုံး နှစ်နှစ်ကာကာ ပြုံးခဲ့တာပဲ (နှစ်ခါ ပြုံးခွင့်မရှိခဲ့ဘူး) ဒါဆို ကိုယ့်ကိုယ်ကို ကာယကံမြောက် သတ်သေဖို့ လိုလို့လား။ ပန်းပွင့်တွေအကြောင်း ပြောခဲ့ကြ လရောင်တွေအကြောင်း အပ်ကြောင်းထပ် နေကောင်းလာပါစေ….  နေရောင်ခြည်တွေ အရက်ပျံလို ပျောက်ကွယ်သွားတဲ့ ညနေခင်းတစ်ခုမှာပဲ...

Read more »

ကမ်လူဝေး – ​လော်​ဘီတ​ယောက်​နှင့်​စကားစမြည်

November 23, 2017
ကမ်လူဝေး – ​လော်​ဘီတ​ယောက်​နှင့်​စကားစမြည်

လော်​ဘီတ​ယောက်​နှင့်​စကားစမြည်​ ကမ်လူဝေး (မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၇ အဲဒီခွက်​ထဲမှာ အဆိပ်​မပါဘူးလို့ ​ပြောတဲ့ ခင်​ဗျား ဒီခွက်​ထဲက အရည်​ကို ​သောက်​ပြီးပြီလား။ ​သောက်​ဖို့အလှည့်​​ရောက်​ပြီ ရဲရဲ​သောက်​ချလိုက်​ပါ ​ရှေ့​ကသောက်​သွားတဲ့ လူအများအပြား အဆိပ်​မိတယ်​လို့ တ​ယောက်​တ​လေ ​ပြောသံကြား အန္တရာယ်​ကင်းပါတယ်​ ​သောက်​လိုက်​ပါလို့ တရား​ဟောတဲ့ခင်​ဗျား အရင်​ဆုံးခွက်​ကို ယူသောက်​ပြ​ပေးပါလား။ မယုံကြည်​မှု​တွေ​ပေါ်မှာ မယုံကြည်​မှုနဲ့ တည်​​ဆောက်​ထားတဲ့ကမ္ဘာမှာ ယုံကြည်​စိတ်​ချရမှုအ​ကြောင်း​ပြောတဲ့ခင်​ဗျားကို ဟ ဟ ​ပေးမိတာ ငါများ လွန်​သွားသလား။ အဆိပ်​မပါဘူးဆိုတဲ့ခွက်​ထဲက အရည် ခင်​ဗျား ​အရင်​သောက်​ပါ ​နောင်​တ​​နေ့ မ​သေလို့ခင်​ဗျားကိုပြန်​​တွေ့ရင်​  ဝမ်း​မြောက်​ဝမ်းသာ ဂါရဝပြုပါရ​စေ။       ။ ကမ်​လူ​ဝေး No tags for this post. Related posts...

Read more »

လင်းခါး – ယင်ကောင်

November 21, 2017
လင်းခါး – ယင်ကောင်

ယင်ကောင် လင်းခါး (မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၇ ယင်ကောင်ဟာ ထူးဆန်းတယ် အသံမြည်တယ် လက်နံတယ် တဝီဝီမြည်တယ် နှာမောင်းပွတ်တယ် ရောဂါပိုး သယ်ဆောင်တယ် ယင်ကောင်ဟာ သနားဖို့ကောင်းတယ် ဘုန်းတော်ကြောင့် ဗမာမင်းအဆက်ဆက်ဟာ ယင်ကောင်ကို မြင်ဖူးမယ် မထင်ဘူး ယင်ကောင်လည်း ဘုရင်တွေကို မြင်ဖူးမှာ မဟုတ်ဘူး ဒါကတော့ ဘုန်းကံနဲ့ မဆိုင်ဘူးထင်တယ် တနေ့တော့ ယင်ကောင်ဟာ စဉ်းစားတယ် ပညာမဲ့တဲ့ ခြင်တွေဟာ ဘယ်တော့မှ မအောင်မြင်နိုင်တဲ့ တော်လှန်ရေးကို မိုက်မဲစွာ ဆင်နွှဲနေကြတယ် ဇွဲသန်တဲ့ ပျားတွေကျပြန်တော့လည်း တဘဝလုံး ဘုံအလုပ်ဖွဲ့မှာ ကျွန်ပြုစေခိုင်းတာ ခံနေရပြန်တာပဲ မျောက်လို စူးစမ်း မိချောင်းလို သတိနဲ့ယှဉ် ဓမ္မနဲ့သာ ဘဝကိုဖြတ်သန်းမှလို့ တွေးသတဲ့။ ယင်ကောင်ဟာ မုန်းဖို့ကောင်းတယ် တားမြစ်ထားတဲ့...

Read more »

လူအိမ် – ငှက်ပျောပင်လေး

November 17, 2017
လူအိမ် – ငှက်ပျောပင်လေး

ငှက်​​ပျောပင်​​လေး လူအိမ် (မိုးမခ)၊ နိုဝင်ဘာ ၁၇၊ ၂၀၁၇   အရွယ်​မတိုင်​မီကိုယ်​ဝန်​​ဆောင်​ထား မိန်းမငယ်လို သက်​ကြီးပိုင်းအဘိုးအိုလို သူ့ခါးဟာ ကိုင်းလို့ ​ဘေးမှာ အငယ်​​လေး ကလူမမယ်​ အလတ်​က မူကြို အကြီး​ကောင်​က လဲကျမသွား​အောင်​ သူ့ခါးကိုဖက်​လို့ သူ့သခင်​က သူ့ချိုင်းကိုဝက်​ခွကြီး​ထောက်ပြီး ​စောင့်​​ရှောက်​​ပေးရှာပါတယ်​ သူ့အခိုင်​ကြီးစားသုံးမရမချင်း​ပေါ့ ဒါပြီးရင်​​တော့ ဘဝတပါးသူ​ပြောင်း​ရွေ့မယ်​ ကွယ်​လွန်​​တော့​ရော ဘာအ​ကြောင်းလဲ ​ ဘေးမှာခြံရံ​နေတာသူ့မျိုးဆက်​​လေ ။ ​ No tags for this post. Related posts No related posts.

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်