အခန်းဆက်များ

ဂျပန်သတင်းထောက်တဦး၏ မှတ်စုများ – အပိုင်း (၃)

April 17, 2012
ဂျပန်သတင်းထောက်တဦး၏ မှတ်စုများ – အပိုင်း (၃)

…… …. …. ဗေဒင်၊ ယတြာနှင့် ဗိုလ်ချုပ်ကြီးများအုပ်ချုပ်သောတိုင်းပြည် နေသွင် ဧပြီ ၁၇၊ ၂၀၁၂ ဗေဒင်နဲ့ကမ္ဘာကျော်တဲ့ မြန်မာပြည်ကို သွားလည်ခွင့်ကြုံရင် ဗေဒင်ဆရာတယောက်ဆီမှာ ဗေဒင်ဝင်မေးကြည့်ဖို့ကောင်းပါတယ်။ ရန်ကုန်က ရွှေတိဂုံဘုရားစောင်းတန်းမှာ အိမ်တန်းလေးတွေနဲ့တူတဲ့ ဗေဒင်ဟောခန်းတွေရှိပါတယ်။ အဲဒီဗေဒင်ခန်းတွေထဲမှာ ဗေဒင်ဆရာတွေက ဗေဒင်မေးချင်သူတွေကို စောင့်နေပါတယ်။ အိန္ဒိယအနွယ်ဖွား အမျိုးသမီးကြီးတယောက်ရဲ့ရှေ့မှာ ကျနော်ဝင်ထိုင်လိုက်ပါတယ်။ ကျနော့်ရဲ့မွေးနေ့၊ မွေးနှစ်ကိုပြောပြပြီးတဲ့အခါမှာ သူက စက္ကူစာရွက်တရွက်ပေါ်မှာ ဇာတာပုံတခု ဆွဲလိုက်ပြီး အနာဂတ်မှာ ကျနော့်အတွက် ကံကောင်းစေမယ့် အလုပ်အကိုင်၊ ကံကောင်းမယ့် အရောင်၊ ကံကောင်းမယ့် အရပ်မျက်နှာတွေကို ဟောပါတော့တယ်။ “ဒီလကုန်တဲ့အထိ အမည်းရောင်တွေမ၀တ်နဲ့နော်။ ယာဉ်မတော်တဆဖြစ်တတ်တယ်” သူက သတိပေးပါတယ်။ “ဒါပေမယ့် မပူပါနဲ့” ဆိုပြီးတော့လည်း ယတြာတွေပေးပြန်ပါတယ်။ ရွှေတိဂုံဘုရားစောင်းတန်းမှာဝယ်ဖို့ စာရင်လုပ်ပေးလိုက်တဲ့ ပစ္စည်း အမယ်တွေကတော့...

Read more »

မြန်မာနိုင်ငံတွင်ကျင်းပပြီးခဲ့သော ရွေးကောက်ပွဲများကို စစ်တမ်းထုတ်ကြည့်ခြင်း – အပိုင်း (၇)

April 10, 2012
မြန်မာနိုင်ငံတွင်ကျင်းပပြီးခဲ့သော ရွေးကောက်ပွဲများကို စစ်တမ်းထုတ်ကြည့်ခြင်း – အပိုင်း (၇)

သန်းဝင်းလှိုင် ဧပြီ ၁၁၊ ၂၀၁၂ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် သပိတ်စခန်းဖွင့်၍ ကြားဖြတ်အစိုးရဖွဲ့ပေးရေးကို တောင်းဆိုဆန္ဒပြနေသောလူထုအား လက် နက်ဖြင့်ဖြိုခွင်း၍ စစ်တပ်မှအာဏာသိမ်းပိုက်ပြီးနောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) ၏ အမိန့် အမှတ် ၁/၈၈ ကို ထုတ်ပြန်ကြေညာသည်။ နဝတအဖွဲ့ကို ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးစောမောင်၊ အတွင်းရေးမှူး (၁) ဗိုလ်မှူးချုပ် ခင်ညွန့်၊ အတွင်းရေးမှူး (၂) ဗိုလ် မှူးကြီးတင်ဦးနှင့် အဖွဲ့ဝင် (၁၆) ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ထိုနေ့မှာ နဝတသည် ပြည်သူလူထုအား စီတန်းလှည့်လည်ခြင်း၊ သပိတ်စခန်းဖွင့်ခြင်း၊ လမ်းပိတ်ဆို့ဆန္ဒပြခြင်းနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသူမျာကို နှောင့်ယှက်ခြင်းမပြုရန်နှင့် ညမထွက်ရအမိန့်ထုတ်ပြန်သည်။ ထို့အ ပြင် အစိုးရဌာနအသီးသီးမှ အရာထမ်း၊ အမှုထမ်းများအား ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ...

Read more »

ဂျပန်သတင်းထောက်တဦး၏ မှတ်စုများ – အပိုင်း (၂)

April 10, 2012
ဂျပန်သတင်းထောက်တဦး၏ မှတ်စုများ – အပိုင်း (၂)

….. ….. …. မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် ကံကောင်းစေသော နံပါတ် ၉ နေသွင် ဧပြီ ၁၀၊ ၂၀၁၂ မြန်မာပြည်မှာ စစ်အစိုးရအုပ်ချုပ်တဲ့ အချိန်ကာလတခုမှာ ထူးထူးဆန်းဆန်းငွေစက္ကူတွေကို သုံးခဲ့တာရှိပါတယ်။ ငွေအမ်းရ၊ လဲရတာ ဘယ်လိုမှအဆင်မပြေတဲ့ ၄၅ ကျပ်တန်၊ ၉၀ တန် ငွေစက္ကူတွေပါပဲ။ ပြန်ကြည့်ရင် ၄၅ ကျပ်တန်ရော ၉၀ တန်ရော ၉ ကနေ အဆတိုးသွားတဲ့ ကိန်းဂဏန်းတွေပါပဲ။ ၉ ငါးလီ ၄၅၊ ၉ ဆယ်လီ ၉၀၊ ဒီလိုပါ။ လေ့လာသူတွေကတော့ ဒီလို ဂွကျကျ ငွေစက္ကူတွေကိုထုတ်ဖြစ်ဖို့ ဗေဒင်ဆရာတွေက နောက်ကွယ်ကနေအကြံပေးတာလို့ ဆိုကြပါတယ်၊ ဗေဒင်ဆရာတွေဟာ မြန်မာပြည်ကဗိုလ်ချုပ်တွေ တခုခုမလုပ်ခင် ရက်ကောင်းရက်မြတ်ရွေးတဲ့နေရာ၊ အရပ်မျက်နှာ ရွေးချယ်တဲ့အခါ၊ ကိန်းဂဏန်းတွေရွေးတဲ့...

Read more »

မြူတိမ်ဝေေ၀ .. တောင်ခိုးဝေးဝေး (၂၄)

April 8, 2012
မြူတိမ်ဝေေ၀ .. တောင်ခိုးဝေးဝေး (၂၄)

မေခ ဧပြီ ၈၊ ၂၀၁၂ ((Twilight over Burma – Serial Translation)) နမ့်ပန်းပြည်နယ်ထဲက ပလောင်ရွာသုံးရွာက ရွာသုံးရွာကိုကွေ့ပတ်ဖောက်လုပ်ပြီး နမ့်ပန်းပြည်နယ် လမ်းမကြီးနှင့်ဆက်သွယ်ထားသော ကိုးမိုင်ရှည်သည့် လမ်းသစ်ဖွင့်ပွဲကို သူတို့ ခွန်မိန်းမောင်နှံအား တက်ရောက်ဖွင့်ပေးဖို့တောင်းဆိုကြလေသည်။ ငါးနာရီခန့် ကားကိုအပြင်း မောင်းပြီးသောအခါ နောက်ဆုံးတွင် လမ်းအဆုံးဖြစ်သောနေရာ လမ်းသစ်၏အစကိုရောက်လေသည်။ ရွာက ပလောင်ကလေးများသည် လမ်းဘေးတဘက်တချက်ဆီတွင် ရပ်နေကြသည်။ ကြိုဆိုရေးကော်မတီကလူကြီးများသည် ထရပ်ကားများပေါ်မှခုန်ချပြီး သူတို့ဧည့်သည် ကို ဝမ်းပန်းတသာ ကြိုဆိုကြလေသည်။ စဝ်က လမ်းသစ် ဖဲကြိုးဖြတ်ပေးသည်။ ဆုတောင်းမေတ္တာများပို့သသည်။ ပြီးနောက် စကားနည်းနည်း မိန့်ချွေလေ၏။ ထိုသို့ ရွာသုံးရွာအတွက် သုံးကြိမ်တိုင်အောင်ပြုလုပ်ရသည်။ ရွာသုံးရွာက ဤစီမံကိန်းတွင် အတူတကွ ပူးပေါင်းပါဝင်လုပ်ဆောင်ကြလေသည်။ နောက်ဆုံးတော့ သူ တို့ ပင်လောင်းရွာကြီးသို့ရောက်လေသည်။...

Read more »

Diary of Japanese Journalist by Nay Thwin

April 4, 2012
Diary of Japanese Journalist by Nay Thwin

ဂျပန်လူမျိုး နိုင်ငံခြားသား သတင်းစာဆရာတဦးက မြန်မာနိုင်ငံ၊ မြန်မာလူမျိုးတို့ရဲ့ ဓလေ့စရိုက်၊ ယဉ်ကျေးမှု၊ လူမှုရေး၊ နိုင်ငံရေးအပြောင်းအလဲ သဘောသဘာဝတို့ကို ခရီးသွားဆောင်းပါးများအဖြစ် ပုံဖော်ထားသည်မှာ စိတ်ဝင်စားဖွယ်ကောင်းလှသည့်အတွက် မိုးမခစာဖတ်ပရိတ်သတ်ကြီး ခံစားဖတ်ရှုနိုင်စေရန်အတွက် မူရင်းဘာသာပြန်သူဆီမှ ခွင့်တောင်းပြီး ပြန်လည်ဖော်ပြပေးလိုက်ရပါသည်။ မိုးမခ ◊ ◊ ◊ ဂျပန်လူမျိုး သတင်းထောက် တာကာယူကီ ကာဆူဂါ (Takayuki Kasuga) သည် မနှစ်နွေရာသီက မြန်မာပြည်ကိုသွားခဲ့ပြီးနောက်၊ ဂျပန်ပြည် အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော မိုင်နီချီ ရှင်ဘွန်း (Mainichi Shimbun) သတင်းစာမှာ ခရီးသွားဆောင်းပါးများ အခန်းဆက်ရေးသားခဲ့ပါသည်။ သူမြင်တွေ့ခဲ့ရသော မြန်မာပြည်က နိုင်ငံရေး၊ လူမှုရေး အပြောင်းအလဲများ၊ မြန်မာ့ယဉ်ကျေးမှုနောက်ခံ၊ မြန်မာလူမျိုးတို့၏ ဓလေ့စရိုက်များအကြောင်း ဂျပန်လူမျိုးတယောက်၏ အမြင်၊ သတင်းထောက်တယောက်၏ ရှု့ထောင့်မှ စိတ်ဝင်စားဖွယ်ရာ တင်ပြထားသည်များကို...

Read more »

မြူတိမ်ဝေဝေ တောင်ခိုးဝေးဝေး (၂၃)

March 19, 2012
မြူတိမ်ဝေဝေ တောင်ခိုးဝေးဝေး (၂၃)

မေခ မတ်လ ၁၉၊ ၂၀၁၂ Twilight over Burma by Inge Sargent – Serial Translation အခန်း (၁၁) စဝ်နှင့်သုစန္ဒာတို့သည် လွန်ခဲ့သောနှစ်တွေကတည်းကပင် မိသားစုတစုတည်း သိုက်သိုက်ဝန်းဝန်းနေကြမည်။ ကလေးတွေ၏ အခြေခံမူလ တန်းပညာရေးကိုလည်း ဘော်ဒါသို့မပို့ပဲ အိမ်မှာပဲသင်ကြားစေမည်ဟု အစီအစဉ်ဆွဲထားခဲ့ကြလေသည်။ ထိုစဉ်က နမ့်ပန်းတွင်ရှိသော မူလ တန်းပညာရေးအတွက် ပြည်နယ်အစိုးရက ကျောင်းကောင်းကောင်း ဖွင့်မပေးနိုင်ခဲ့ချေ။ သုစန္ဒာသည် စကားသုံးမျိုးပြော အခြေခံပညာရေး ကျောင်းတခုကို အရှေ့စံအိမ်တော်၏ ဝန်းအပြင်ဘက်တွင် ဖွင့်လှစ်လိုက်လေသည်။ နမ့်ပန်းခွန်မိန်း၏ ဖောင်ဒေးရှင်းအဖြစ် စဝ်က ငွေ ထောက်ပံ့ပေးလှူ တာဝန်ယူတည်ဆောက်ထားခြင်းဖြစ်ပြီး သုစန္ဒာက ကျောင်းအုပ်ချုပ်ရေးတာဝန်ယူလေသည်။ တိုင်းယိုင်၊ မြန်မာ၊ တရုတ်၊ ကုလား ယောက်ျားလေး မိန်းကလေးအများအပြား အစုလိုက်အပြုံလိုက်ပင်...

Read more »

မြူတိမ်ဝေဝေ တောင်ခိုးဝေးဝေး (၂၂)

March 1, 2012
မြူတိမ်ဝေဝေ တောင်ခိုးဝေးဝေး (၂၂)

မေခ မတ်လ ၁၊ ၂၀၁၂ Twilight over Burma by Inge Sargent – Serial Translation စဝ်က နမ့်ပန်းခွန်မိန်းပိုင်သော ပြည်နယ်အတွင်းရှိ လယ်မြေများကို ယခုတိုင်လယ်ငှားလုပ်သူလယ်သမားများအား ခွဲပေးမည်ဟုပြောပြ သောအခါ သုစန္ဒာ၏နှလုံးအိမ်ထဲတွင် ဂုဏ်ယူမိခြင်းများဖြင့် ပြည့်နှက်နေတော့သည်။ ဤလယ်မြေများသည် ဧကတသောင်းရှိလေသည်။ ထိုလယ်မြေများသည်နမ့်ပန်းခွန်မိန်း အစဉ်အဆက်က နှစ်ပေါင်းရာချီပြီးပိုင်ဆိုင်ခဲ့သော လယ်မြေများဖြစ်သည်။ စဝ်ခွန်မိန်းဘွဲ့ကိုဆက်ခံရသောအချိန်တွင် သူသည် ဘိုးဘွားအစဉ်အဆက်ကပိုင်ဆိုင်ခဲ့သော လယ်မြေအမွေများအတွက် အလွန်ဒုက္ခရောက်တော့သည်။ စဝ်ကဒီလို လယ်မြေတွေပိုင်ဆိုင်ခြင်းသည် မတရားခေါင်းပုံဖြတ်အနိုင်ကျင့်သော အလယ်ခေတ် (အေဒီ ၁၁ဝဝ-၁၅ဝဝ) ကအပြုအမူများဖြစ်ပြီး သူက ပြောင်းလဲပစ်မည်ဟု သူမကို မကြာခဏပြောပြခဲ့ဖူးလေသည်။ သူတကယ်လည်းလုပ်ခဲ့သည်။ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သော တနေ့တွင် သူသည် သူပိုင်ဆိုင်သော နမ့်ပန်းကလယ်မြေများကို လယ်လုပ်ကိုင်နေသူများအားပေးလိုက်လေသည်။ သူ့လူထုက သူ့ကို...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly February 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ

By

 မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ  (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆ “အ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) လောကပါလ သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်