အခန်းဆက်များ

ဂါမဏိ – “ပင်လုံစာချုပ် မှသည် ပင်လုံဥပဒေသို့”

June 21, 2016
ဂါမဏိ – “ပင်လုံစာချုပ် မှသည် ပင်လုံဥပဒေသို့”

  ဂါမဏိ – “ပင်လုံစာချုပ် မှသည် ပင်လုံဥပဒေသို့” (ဂါမဏိ၏ ပင်လုံစာစဉ်များ) မိုးမခ၊ ဇွန် ၂၁၊ ၂၀၁၆ ၂ဝဝ၃ ခု ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က နှစ်ပေါင်း ၄ဝ ကျော်ရပ်တည်ခဲ့တဲ့ မြန်မာပြည်မှခွဲထွက်ပြီး သီးခြားနိုင်ငံထူထောင်ရေးဝါဒကို တရားဝင်စွန့်လွှတ်လိုက်တယ်။ ဒီဆုံးဖြတ်ချက် အရေးပါရတဲ့ အကြောင်းကတော့ “အနောက်ကရင်နီပြည်” ဟာ ၁၈၇၅ ခု ကင်းဝန်မင်းကြီးနဲ့ အင်္ဂလိပ်ကိုယ်စားလှယ်တို့ နှစ်ဖက်သဘောတူစာချုပ်ချုပ်ပြီး လွတ်လပ်တဲ့နိုင်ငံအဖြစ် အသိအမှတ်ပြုထားခဲ့တာ တကြောင်း၊ ကရင်နီဟာ ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက် ပင်လုံစာချုပ်ကို လုံးဝလက်မှတ်မထိုး အသိအမှတ် မပြုခဲ့တာတကြောင်း၊ အဲဒီအကျိုးဆက်အဖြစ် ဗမာပြည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအတွင်း သီးခြားနိုင်ငံ အယူအဆ ရပ်ခံတဲ့အထဲမှာ အကြီးဆုံး၊...

Read more »

မောင်မောင်စိုး – မြန်မာလူထု လက်ခံနိုင်မည်မဟုတ်သည့် တရုတ်ကုမ္ပဏီ၏ မြစ်ဆုံသဘောထား ကြေညာချက် – အပိုင်း ၁

June 15, 2016
မောင်မောင်စိုး – မြန်မာလူထု လက်ခံနိုင်မည်မဟုတ်သည့် တရုတ်ကုမ္ပဏီ၏ မြစ်ဆုံသဘောထား ကြေညာချက် – အပိုင်း ၁

  မောင်မောင်စိုး – မြန်မာလူထု လက်ခံနိုင်မည်မဟုတ်သည့် တရုတ်ကုမ္ပဏီ၏ မြစ်ဆုံသဘောထား ကြေညာချက် – အပိုင်း ၁ (မိုးမခ) ဇွန် ၁၅၊ ၂၀၁၆ ဧရာဝတီမြစ်ဆုံ မြစ်ညှာမြစ်ဝှမ်းရေအား လျှပ်စစ်ကုမ္မဏီလီမီတက် ဧရာဝတီမြစ်ဆုံ မြစ်ညှာမြစ်ဝှမ်း ရေအား လျှပ်စစ်ကုမ္ပဏီ လီမီတက် Upstream Ayeyawady Confluence Basin Hydropower Co.,ltd. ACHC ကုမ္ပဏီကို ၂၀၁၀ ခုနှစ် ဇွန်လ ၁၁ ရက်နေ့က နေပြည်တော်တွင် မှတ်ပုံတင်၍ မြန်မာနိုင်ငံ၏ဖက်စပ်ကုမ္ပဏီတခုအဖြစ်နှင့် ဧရာဝတီမြစ်ဆုံ နှင့်မြစ်ညှာဒေသ ရေအား လျှပ်စစ် ထုတ်လုပ်ရေးကိုလုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ ACHC ကုမ္ပဏီအား တရုတ်အစိုးရပိုင် CPI China Power Investment ကော်ပရေးရှင်းမှ ၈၀%...

Read more »

ဂါမဏိ – နိုင်ငံတနိုင်ငံမှာ တပ်မတော်တခုပဲ ရှိရမှာလား

June 15, 2016
ဂါမဏိ – နိုင်ငံတနိုင်ငံမှာ တပ်မတော်တခုပဲ ရှိရမှာလား

  ဂါမဏိ – နိုင်ငံတနိုင်ငံမှာ တပ်မတော်တခုပဲ ရှိရမှာလား (၂၁ ရာစုပင်လုံ စာစဉ် (၁)) (မိုးမခ) ဇွန် ၁၅၊ ၂၀၁၆ “နိုင်ငံတနိုင်ငံမှာ တပ်မတော်တခုပဲ ရှိရမှာလား” ဒီကနေ့မှာ ပြည်တွင်းငြိမ်းချမ်းရေးလှိုင်းလုံးနဲ့ တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေး ရေစီးကြောင်း အားကြီးလာတဲ့အခါ တိုင်းရင်းသားအခွင့်အရေး၊ ဖက်ဒရယ်အခွင့်အရေးတွေကိုတော့ ပေးနိုင်သလိုလို၊ ဒါပေမဲ့ တိုင်းရင်းသားတပ်တွေ သီးသန့်တည်ရှိခွင့်မဖြစ်နိုင်ဘဲ တပ်မတော်ဆိုတာ တခုထဲပဲ ရှိရမှာ လိုလို အာဏာရှိတွေက လေသံလွှင့်လာတာ တွေ့ရပါတယ်။ တော်ရုံတန်ရုံလူတွေကလည်း ဟုတ်နိုးနိုးထင်နေကြပါတယ်။ ဒါကြောင့် သူတို့ပြောနေသလို တကမ္ဘာလုံးမှာ နိုင်ငံတိုင်း ‘တရားဝင်’ တပ်မတော် တခုစီပဲရှိသလား လေ့လာကြည့်ဖို့ လိုလာပါတယ်။ ပထမဆုံးအနေနဲ့ ဒီမိုကရေစီထိပ်သီးနိုင်ငံကြီးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ လက်နက်ကိုင် တပ်ဖွဲ့များဖွဲ့စည်းပုံကိုကြည့်ရင် တပ် ၆...

Read more »

မောင်မောင်စိုး – ကိုးကန့်ဒေသ ဖုန်ကြားစင်းနှင့် MNDAA – အပိုင်း (၆)

March 25, 2016
မောင်မောင်စိုး – ကိုးကန့်ဒေသ ဖုန်ကြားစင်းနှင့် MNDAA – အပိုင်း (၆)

 မောင်မောင်စိုး – ကိုးကန့်ဒေသ ဖုန်ကြားစင်းနှင့် MNDAA – အပိုင်း (၆) (မိုးမခ) မတ် ၂၅၊ ၂၀၁၆ ● ကိုးကန့်ပြဿနာ မည်သို့ဖြေရှင်းကြမည်နည်း ကိုးကန့်ဒေသ၌ ၂၀၁၅ မေလကုန် ဇွန်လဆန်းမှ စစ်ပွဲအရှိန်လျော့ကျသွားခဲ့သည်။ တရုတ် စစ်တပ်နယ်စပ်ဒေသတွင် တပ်စွဲ ၍ရက်အကန့် အသတ်မရှိ စစ်လေ့ကျင့်ရေးလုပ်ခါ နယ်စပ်လေယာဉ်ပျံသန်းမှုပိတ်ပင်မှုသည် အရေးပါသော အကြောင်း အချက်တချက်ဖြစ်နိုင်သည်။ မည်သို့ဆိုစေ စစ်မီးကတော့ ခဏတာငြိမ်သက်သွားသည်။ သို့သော် ပြာပုံထဲတွင်မတော့ မီးကြွင်း မီးကျန်က ရှိဆဲဟုဆိုရမည်။ ၂၀၁၅ ဒီဇင်ဘာလအတွင်း မော်ထိုက်အနီးကိုးကန့်အဖွဲ့နေရာယူထားသော တောင်ကုန်းတခုတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ အလားတူ ၂၀၁၆ ဖေဖဝါရီလအတွင်း သံလွင်အနောက်ခြမ်း နမ့်ကျွမ်း မုန်းပေါ်လေးဒေသတွင်လည်း မြန်မာစစ်ဖက်နှင့် ကိုးကန့်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ခိုက်ရေးရဟတ်ယဉ် ၂...

Read more »

မောင်မောင်စိုး – ကိုးကန့်ဒေသ ဖုန်ကြားစင်း နှင့် MNDAA – အပိုင်း (၅)

March 24, 2016
မောင်မောင်စိုး – ကိုးကန့်ဒေသ ဖုန်ကြားစင်း နှင့် MNDAA – အပိုင်း (၅)

 မောင်မောင်စိုး – ကိုးကန့်ဒေသ ဖုန်ကြားစင်း နှင့် MNDAA – အပိုင်း (၅) (မိုးမခ) မတ် ၂၄၊ ၂၀၁၆ ● ကိုးကန့်အရေးနှင့် တရုတ် ဖုန်ကြားစင်းတို့ ကိုးကန့်အဖွဲ့သည် ၎င်းတို့၏ အဓိက ဝါဒဖြန့်ချိစည်းရုံးမှုများကို တရုတ်ဘာသာ ဝက်ဆိုက်များတွင်ပြုလုပ်ခဲ့ သည်။ တရုတ်အစိုးရအနေနှင့် ကိုးကန့်အရေးတွင် ပါဝင်စွက်ဖက်ခြင်းမပြုဆိုသည့်မူနှင့်ရပ်တည်ခဲ့သော်လည်း တရုတ်ပြည် တွင်းမှ ကိုးကန့်အဖွဲ့ကိုထောက်ခံသည့်အစု ၂ စုပေါ်ထွက်ခဲ့သည်။ ပထမအစုမှာ တရုတ်လွတ်မြောက်ရေးတပ်မတော် PLA အတွင်းမှ စစ်ဖက်အရာရှိကြီးအချို့ဖြစ်သည်။ တရုတ်၏စစ်ဖက်ဆိုင် ရာသေနင်္ဂဗျူဟာအဖြစ် မြန်မာနယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့များအားပံ့ပိုးအားထားမှုပြုသင့်သည်ဟု ယူဆသူများဖြစ်သည်။ ထိုစစ်ဖက်အရာရှိကြီးအချို့သည် ကိုးကန့်အဖွဲ့အား ကူညီခဲ့ပုံရသည်။ ကိုးကန့်ပြဿနာပေါ်ပေါက်လာပြီးနောက် PLA စစ် ချွမ်း စစ်ဒေသမှ ဗိုလ်ချုပ် ၄ ဦးခန့် ရာထူးမှဖယ်ရှားခြင်းခံခဲ့ရသည်ဟု...

Read more »

မောင်မောင်စိုး – ကိုးကန့်ဒေသ ဖုန်ကြားစင်းနှင့် MNDAA – အပိုင်း (၄)

March 23, 2016
မောင်မောင်စိုး – ကိုးကန့်ဒေသ ဖုန်ကြားစင်းနှင့် MNDAA – အပိုင်း (၄)

 မောင်မောင်စိုး – ကိုးကန့်ဒေသ ဖုန်ကြားစင်းနှင့် MNDAA – အပိုင်း (၄) (မိုးမခ) မတ် ၂၃၊ ၂၀၁၆ ● တကျော့ပြန် ကိုးကန့်စစ်ပွဲ ၂၀၀၉ ခုနှစ် မြန်မာစစ်ဖက်မှပြုလုပ်သောစစ်ဆင်ရေးအပြီး ကိုးကန့်တပ်ဖွဲ MNDAA သည် ကိုးကန့်ဒေသမှ ပျောက်ကွယ် သွားသည်။ ထို့ကြောင့် MNDAA အား အမြစ်ပြတ်ချေမှုန်းနိုင်လိုက်ပြီးဟု ဆိုကြသည်။ သို့သော် ကိုးကန့်အဖွဲ့သည်လက်လျှော့ စွန့်လွှတ်မသွားကြပေ။ MNDAA ကိုးကန့်တပ်ဖွဲ့ရေးကို ပြန်လည်လုံးပမ်းခဲ့ကြသည်။ MNDAA နှင့်စ၍ သတင်းထွက်ပေါ်သည်မှာ ၂၀၁၃ နှစ်ကုန်ခါနီးတွင် မုန်းကိုး ဖေါင်းဆိုင် မုန်းယားမုန်းဟောင်းဒေသအရပ်သားသတင်းများအရလည်းကောင်း၊ တရုတ်ပြည် online သတင်းများတွင်လည်းကောင်း၊ သံလွင်မြစ်အနောက်ဖက်ကမ်း၌ ကိုးကန့် MNDAA တပ်ဖွဲ့ငယ်များ၏ လှုပ်ရှားမှုများကို စတင်တွေ့ရှိလာရသည်။ မြန်မာအစိုးရသတင်းတွင် စတင်ဖေါ်ပြသည်ကတော့...

Read more »

မောင်မောင်စိုး – ကိုးကန့်ဒေသ ဖုန်ကြားစင်း နှင့် MNDAA – အပိုင်း (၃)

March 21, 2016
မောင်မောင်စိုး – ကိုးကန့်ဒေသ ဖုန်ကြားစင်း နှင့် MNDAA – အပိုင်း (၃)

မောင်မောင်စိုး – ကိုးကန့်ဒေသ ဖုန်ကြားစင်း နှင့် MNDAA – အပိုင်း (၃) (မိုးမခ) မတ် ၂၁၊ ၂၀၁၆ ● ကိုးကန့်နှင့် သံလွင်မြစ်အနောက်ဖက်ဒေသ ဖုန်ကြားစင်းတို့အနေနှင့် သံလွင်မြစ်အနောက်ဖက်ကမ်းရှိ ဝ တပ်ဖွဲ့များကို  ၎င်းတို့သြဇာ အသုံးပြုပြီး သိမ်းပိုက်နိုင်ခဲ့သော်လည်း ရေရှည်မထိမ်းချုပ်နိုင်ခဲ့ပေ။ မူလအာဏာသိမ်းစဉ်က ဝ တပ်များလည်း ဝ နယ် CPB မှခွဲထွက်ပြီးနောက် ဝ တပ်အများစုမှာ ဝ နယ်သို့ ပြန်သွားကြသည်။ လင်ညီမိန်းနှင့် ဝ အနည်းစုသာကျန်ခဲ့ရာ ဒေသခံကချင် ရှမ်းအင်အားစု အများစုဖြင့်ဖွဲ့ထား သောတပ်များသာ သံလွင်အနောက်ခြမ်း၌ကျန်တော့ရာ ဒေသခံများ၏ ပုန်ကန်မှုကိုဆက်တိုက်ကြုံတွေ့ရတော့သည်။ မြစ်အနောက်ဖက်ကမ်းရှိ ဒေသခံကချင်တို့၏ ကိုးကန့်တို့အား အစောဆုံးပုန်ကန်မှုမှာ ၁၉၉၀ ဧပြီလတွင်ဖြစ်သည်။ သံလွင် အနောက်ဖက်ကမ်းရှိ...

Read more »

မောင်မောင်စိုး – ကိုးကန့်ဒေသ ဖုန်ကြားစင်းနှင့် MNDAA – အပိုင်း (၂)

March 20, 2016
မောင်မောင်စိုး – ကိုးကန့်ဒေသ ဖုန်ကြားစင်းနှင့် MNDAA – အပိုင်း (၂)

 မောင်မောင်စိုး – ကိုးကန့်ဒေသ ဖုန်ကြားစင်းနှင့် MNDAA – အပိုင်း (၂) (မိုးမခ) မတ် ၂၀၊ ၂၀၁၆ ● CPB နှင့် ကိုးကန့် ၁၉၆၇ မှစပြီး အရှေ့မြောက်စစ်ဒေသဖွင့်လှစ်ရန် ပြင်ဆင်နေသော CPB အဝေးရောက်ဗဟိုကော်မတီသည် ဖုန်ကြားစင်း ဦးဆောင်သော ကိုးကန့်ကာကွယ်ရေးအဖွဲ့စည်းရုံးသိမ်းသွင်းခဲ့ပြီး ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ကိုးကန့်ဒေသအား ၄၀၄ စစ်ဒေသအဖြစ်သတ်မှတ်လိုက်ပြီး နိုင်ငံရေးမှူးအဖြစ် CPB မှ ရဲဘော်တင်ရီ ဒုနိုင်ငံရေးမှူးအဖြစ် CPB မှ ရဲဘော် ထွန်းလွင်တို့ကဆောင်ရွက်ကာ တပ်မှူး ကိုးကန့်ကာကွယ်ရေးမှ ဖုန်ကြားစင်းကတာဝန်ယူခဲ့သည်။ ဖုန်ကြားစင်းတို့သည် CPBနှင့်ပူးပေါင်းခဲ့သော်လည်း အခြားသူများကဲသို့CPB ပါတီဝင်ခြင်းမရှိဘဲ နောက်ဆုံးချိန်ထိ ဒီမိုကရေစီပုဂ္ဂိုလ်အမည်နှင့်ရပ်တည်ခဲ့သည်။ ၁၉၆၈ ဇန္နဝါရီလဆန်းတွင် ၄၀၄ စစ်ဒေသ အင်အား ၂၀၀ ခန့်သည်...

Read more »

မောင်မောင်စိုး – ကိုးကန့်ဒေသ ဖုန်ကြားစင်းနှင့် MNDAA – အပိုင်း (၁)

March 19, 2016
မောင်မောင်စိုး – ကိုးကန့်ဒေသ ဖုန်ကြားစင်းနှင့် MNDAA – အပိုင်း (၁)

မောင်မောင်စိုး – ကိုးကန့်ဒေသ ဖုန်ကြားစင်းနှင့် MNDAA – အပိုင်း (၁) (မိုးမခ) မတ် ၁၉၊ ၂၀၁၆ ● အမှာ ၂၀၁၅ ဖေဖဝါရီလ ကိုးကန့်ဒေသတွင် တ ကျော့ပြန်စစ်ပွဲများဖြစ်စဉ်က “ကိုးကန့်ပြဿနာ” ဟူ၍ အပိုင်း ၉ ပိုင်းခန့်ရေးသား ဖေါ်ပြခဲ့ဘူးသည်။ ထိုစဉ်ကရေးသားဖေါ်ပြချက်များမှာ စစ်ပွဲကာလအခြေအနေများ ထိုစဉ် တုန့်ပြန်ဖေါ်ပြမှုများပေါ် အခြေခံ ၍ အလေးထားဖေါ်ပြခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိအချိန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပတ်သက်၍ ပြန်လည်စု စည်းဖေါ်ပြချိန်တွင် ကိုးကန့် MNDAA အဖွဲ့နှင့်ပတ်သက်၍ ပြန်လည်ရေးသားဖေါ်ပြလိုပါသည်။ ဖေါ်ပြချဉ်းကပ်ပုံခြင်းတော့ အနည်းငယ်ကွာခြားနိုင်ပါသည်။ ယခုအကြိမ် အသစ်ပြန်လည်ရေးသားမှုသည် new version ဖြစ်ပြီး ဖြစ်စဉ် သမိုင်းကြောင်းကို ဗဟိုပြု၍ ဖေါ်ပြသွားမည်ဖြစ်ပါသည်။ ယခင်ရေးသားမှုပုံစံနှင့် အနည်းငယ်ကွာခြားပါမည်။ ဖြစ်စဉ်ဖက်က...

Read more »

မောင်မောင်စိုး – အခါဒေသ ၈၁၅ စစ်ဒေသနှင့် မိုင်းလား – အပိုင်း (၃)

March 16, 2016
မောင်မောင်စိုး – အခါဒေသ ၈၁၅ စစ်ဒေသနှင့် မိုင်းလား – အပိုင်း (၃)

မိုင်းလားမြို့ (photo credit : panglong.org) မောင်မောင်စိုး – အခါဒေသ ၈၁၅ စစ်ဒေသနှင့် မိုင်းလား – အပိုင်း (၃) (မိုးမခ) မတ် ၁၆၊ ၂၀၁၆ ● မိုင်းလားဒေသ ခေါင်းဆောင်မှု လက်ရှိမိုင်းလားဒေသကို အဓိကခေါင်းဆောင်နေသူမှာ စိုင်းလင်းခေါ် လီမေရှင့်ဖြစ်သည်။ လက်ရှိတွင် စိုင်းလင်းသည် NDAA ၏ နာယကတာဝန်ကိုယူထားပြီး ဥက္ကဌအဖြစ် ဦးဆမ်ပေ့က တာဝန်ယူသည်ဟု ဆိုပါသည်။ ဦးဆမ်ပေ့သည် အခါ ဒေသ လက်နက်ကိုင်ပုန်ကန်မှုစတင်ရာ ဖာလုံဖာလယ်ဒေသ ဘတ်ဆာရွာမှ အခါတိုင်းရင်းသားဖြစ်သည်။ ၎င်းဒေသတွင် CPB ၈၁၅ စစ်ဒေသက အစောဆုံးဖွဲ့စည်းခဲ့သည့် တပ်ရင်း ၁၄ တွင်ရင်းမှူးတာဝန်ယူခဲ့သူဖြစ်သည်။ ဦးဆမ်ပေ့က ဥက္ကဌ တာဝန်ယူထားသော်လည်း စိုင်းလင်း၏သားဖြစ်သူ...

Read more »

မောင်မောင်စိုး – အခါဒေသ ၈၁၅ စစ်ဒေသနှင့် မိုင်းလား – အပိုင်း (၂)

March 15, 2016
မောင်မောင်စိုး – အခါဒေသ ၈၁၅ စစ်ဒေသနှင့် မိုင်းလား – အပိုင်း (၂)

မိုင်းလားမြို့ မြင်ကွင်းတခု (photo credit : Getty Images) မောင်မောင်စိုး – အခါဒေသ ၈၁၅ စစ်ဒေသနှင့် မိုင်းလား – အပိုင်း (၂) (မိုးမခ) မတ် ၁၅၊ ၂၀၁၆ ● ၈၁၅ ဒေသတိုက်ပွဲများ ၁၉၇၁ မှ ၁၉၈၉ ထိ ၈၁၅ စစ်ဒေသအတွင်း တိုက်ပွဲကြီးငယ်များစွာဖြစ်ခဲ့သည်။ တိုက်ပွဲကြီးများတွင် အရှေ့မြောက်စစ်ဒေသတပ်များနှင့်တွဲ၍ တိုက်ခဲ့ကြသည်။ ၁၉၈၀ ခုနှစ် မိုင်းယောင်းတိုက်ပွဲ ၁၉၈၈ ခုနှစ် မိုင်းယန်းတိုက်ပွဲတို့တွင် အရှေ့မြောက် စစ်ဒေသတပ်များနှင့် ပူးတွဲတိုက်ခိုက်ခဲ့ကြသည်။ ၁၉၈၁ နှစ်ကုန်ပိုင်းကဖြစ်ပွားသော ဟို့ယန် တိုက်ပွဲအပါ မိုင်းယောင်းကွင်းအတွင်းရှိ မန်ဟိုခိုတိုက်ပွဲ မိုင်းယုအနီးရှိ ကော်ဟို လွယ်တိုက်ပွဲတို့သည် ထင်ရှားသည်။ တိုက်ပွဲတပွဲချင်းအရ နိုင်သည့်ပွဲလည်းရှိ...

Read more »

မောင်မောင်စိုး – အခါဒေသ ၈၁၅ စစ်ဒေသနှင့် မိုင်းလား – အပိုင်း (၁)

March 14, 2016
မောင်မောင်စိုး – အခါဒေသ ၈၁၅ စစ်ဒေသနှင့် မိုင်းလား – အပိုင်း (၁)

မောင်မောင်စိုး – အခါဒေသ ၈၁၅ စစ်ဒေသနှင့် မိုင်းလား – အပိုင်း (၁) (မိုးမခ) မတ် ၁၄၊ ၂၀၁၆ ● မိုင်းလားဟုခေါ်ကြသည် ယခုအခါ အဆိုပါဒေသဟု မိုင်းလားဒေသဟုလည်းကောင်း၊ ထိုဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အား မိုင်းလားအဖွဲ့ ဟုလည်းကောင်း အလွယ်တကူ ခေါ်ကြပါသည်။ အဆိုပါ မိုင်လားအဖွဲ့သည် ၁၉၈၉ နှစ်တွင် UWSA နှင့် မရှေးမနှောင်းပင် CPB ၈၁၅ စစ်ဒေသအဖြစ်မှ CPB မှခွဲထွက်ပြီး နဝတအစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သောအဖွဲ့ဖြစ်သည်။ CPB မှခွဲထွက်စဉ်က အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော် NDAA အမည်နှင့် ခွဲထွက်ခဲ့ကြပြီး နဝတအစိုးရက ရှမ်းအထူးဒေသ ၄ ဟု ကင်းမွန်းတပ်ခဲ့သည်။ သို့အများက ၎င်းအဖွဲ့ဌာနချုပ်တည်ရှိရာ မိုင်းလားကိုအစွဲပြု၍ မိုင်းလားဒေသ...

Read more »

မောင်မောင်စိုး – မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသား စစ်သည်များ၏ ပုံရိပ်များ – အပိုင်း (၈)

March 13, 2016
မောင်မောင်စိုး – မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသား စစ်သည်များ၏ ပုံရိပ်များ – အပိုင်း (၈)

မောင်မောင်စိုး – မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသား စစ်သည်များ၏ ပုံရိပ်များ – အပိုင်း (၈) (မိုးမခ) မတ် ၁၃၊ ၂၀၁၆ ● ဝ နယ်ပြဿနာ လက်ရှိတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ပြဿနာများထဲတွင် ဝ ပြဿနာသည် အကြီးဆုံးဖြစ်နေသည်။ အဘယ်ကြောင့် ဆိုသော် ဝ တို့အနေနှင့် လက်နက်တပ်ဖွဲ့အင်အားအကြီးဆုံးရှိနေပြီး ၎င်းတပ်ဖွဲ့က ထိမ်းချုပ်ထားရာနယ်ပယ်မှာလည်း အကျယ်ဆုံးဖြစ်နေ၍ ဖြစ်သည်။ ထို့ကြောင့်လည်း ပီးခဲ့သောကာလတလျှောက်လုံးတွင် မြန်မာစစ်ဖက်ခေါင်းဆောင်များ ဂရုတစိုက်ကိုင်တွယ်ခဲ့သောပြဿနာဖြစ်သည်။ လွယ်လင့်တကူ စစ်ရေးအရဖြေရှင်းရန် ဆုံးဖြတ်ချက်မချနိုင်သည့် ပြဿနာ လည်း ဖြစ်သည်။ ပြီးခဲ့သောဖြစ်စဉ်များတွင်ကြည့်ပါက MNDAA/KIA/TNLA/AA/DKBA/SSPP-SSA စသည့်အဖွဲ့များနှင့်ပတ်သက်လျှင် ဆတ်ဆတ်ထိမခံ တုန့်ပြန်လေ့ရှိသော လေကြောင်းပစ်ကူ လက်နက်ကြီးပစ်ကူများပါသုံး၍ အင်အားသုံးတိုက်ခိုက်လေ့ရှိသော မြန်မာစစ်ဖက်သည် UWSA နှင့်ပတ်သက်လျှင် သေနတ်တစ်ချက်မဖေါက်ဘဲ...

Read more »

မောင်မောင်စိုး – မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသား စစ်သည်များ၏ ပုံရိပ်များ – အပိုင်း (၇)

March 12, 2016
မောင်မောင်စိုး – မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသား စစ်သည်များ၏ ပုံရိပ်များ – အပိုင်း (၇)

ဝ ရိုးရာ ကောက်သစ်စားပွဲတော် မြင်ကွင်းတခု (photo credit: www.news.cn) မောင်မောင်စိုး – မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသား စစ်သည်များ၏ ပုံရိပ်များ – အပိုင်း (၇) (မိုးမခ) မတ် ၁၂၊ ၂၀၁၆ ● ပန်ဆန်းနှင့် အချုပ်အခြာအာဏာ ဝ နယ်နှင့်ပတ်သက်၍အချို့က မြန်မာအစိုးရအချုပ်အခြာအာဏာအောက်တွင်မရှိဟု ဆိုသည်။ မြန်မာပိုင်ဖြစ်၍ မြန်မာအစိုး ရ၏ အချုပ်အခြာအာဏာအောက်တွင် ရှိရမည်ဟုဆိုကြသည်။ ယေဘုယျအားဖြင့် မှန်သည်ဟုဆိုနိုင်သည်။ သို့သော် အစိုးရ တော်လှန်တိုက်ခိုက်နေသော အဖွဲ့အစည်းတခုနှင့် ၎င်းတို့ချုပ်ကိုင်ထားရာဒေသတို့ အစိုးရအုပ်ချုပ်မှုအောက်တွင် မရှိသည် မှာ ထူးဆန်းသည့်ကိစ္စတော့မဟုတ်ပေ။ အနီးခေတ်ကိုကြည့်လျှင်ပင် CPB စတင်ဝင်ရောက်သည့် ၁၉၆၉ မှစ၍ UWSA ခွဲထွက်သည့် ၁၉၈၉...

Read more »

မောင်မောင်စိုး – မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသား စစ်သည်များ၏ ပုံရိပ်များ – အပိုင်း (၆)

March 11, 2016
မောင်မောင်စိုး – မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသား စစ်သည်များ၏ ပုံရိပ်များ – အပိုင်း (၆)

မောင်မောင်စိုး – မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသား စစ်သည်များ၏ ပုံရိပ်များ – အပိုင်း (၆) (မိုးမခ) မတ် ၁၁၊ ၂၀၁၆ ● UWSA နှင့်တပ်ပေါင်းစု တကယ်တော့ UWSA သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များစုစည်းဖွဲ့စည်းထားသော NDF ခေါ် မဒတ အမျိုးသားဒီမိုကရေတပ်ပေါင်းစုတွင်လည်းကောင်း နောက်ပိုင်းပြန်လည်ဖွဲ့စည်းသည့် UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုး များ ဖက်ဒ ရယ်ကောင်စီတွင်လည်းကောင်း ပါဝင်ခြင်းမရှိပေ။ သီးခြားရပ်တည်ခဲ့သော အဖွဲ့အစည်းဖြစ်သည်။ သို့သော် UWSA နှင့်မူလက CPB တွင်တဖွဲ့တည်းဖြစ်ရုံမက နယ်မြေဆက်စပ်မှုများရှိသည့် NDAA ခေါ် မိုင်းလားအဖွဲ့နှင့်မူ ထူးခြားသည့်ဆက်ဆံရေးရှိသည်ဟုဆိုရမည်။ နယ်မြေအရလည်း တဆက်စပ်တည်းဖြစ်သဖြင့် စစ်ရေးအရပါအရေးပါသဖြင့် UWSA နှင့် NDAA...

Read more »

မောင်မောင်စိုး – မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသား စစ်သည်များ၏ ပုံရိပ်များ – အပိုင်း (၅)

March 10, 2016
မောင်မောင်စိုး – မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသား စစ်သည်များ၏ ပုံရိပ်များ – အပိုင်း (၅)

မောင်မောင်စိုး – မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသား စစ်သည်များ၏ ပုံရိပ်များ – အပိုင်း (၅) (မိုးမခ) မတ် ၁၀၊ ၂၀၁၆ ● UWSA ၏ တိုက်ရည်ခိုက်ရည် UWSA ၏ လက်ရှိတပ်သားသစ်များကတော့ တိုက်ပွဲအတွေ့အကြုံ ရှိဟန်မတူပေ။ သို့သော် UWSA ထိပ်ပိုင်းခေါင်းဆောင် များနှင့် အဆင့်ဆင့်တပ်မှူးများကတော့ CPB ခေတ်က တိုက်ပွဲကြီးငယ် များစွာတိုက်ဖူးသည့် အတွေ့အကြုံရှိကြသည်။ ပန်ကော် ချူးရွှေ ပါဖန် နောင်လိုင် မန်မန်းဆိုင်ပန်မကောက် ၁၈၃၇ စသည့် တိုက်ပွဲကြီးများတွင်ပါဝင်ဖူးရာ စခန်းသိမ်းတိုက် ပွဲကြီးများ လှုပ်ရှားစစ်မြူတိုက်ခိုက်ခံခြင်းများ မင်းရန်အောင်ကဲ့သို့ မြန်မာစစ်ဖက်၏ထိုးစစ်များကို တွေ့ကြုံခဲ့ဖူးကြ၍ စစ်ရည် ဝသူများဟု ဆိုနိုင်သည်။ ထို့ပြင်တောင်တန်းဒေသများတွင် အကျွမ်းတဝင်ရှိပြီး...

Read more »

မောင်မောင်စိုး – မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသား စစ်သည်များ၏ ပုံရိပ်များ – အပိုင်း (၄)

March 9, 2016
မောင်မောင်စိုး – မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသား စစ်သည်များ၏ ပုံရိပ်များ – အပိုင်း (၄)

မောင်မောင်စိုး – မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသား စစ်သည်များ၏ ပုံရိပ်များ – အပိုင်း (၄) (မိုးမခ) မတ် ၉၊ ၂၀၁၆ ● UWSA ခေါင်းဆောင်များ လက်ရှိ UWSP ဝ ပြည်သွေးစည်းရေးပါတီအဓိကခေါင်းဆောင်များမှာဥက္ကဌ ပေါက်ယိုချမ်း၊ ဒုဥက္ကဌ ကျောက်ကျုံးတန်း၊ အ တွင်းရေးမှူး ရှောက်မီလျံ၊ ဒုအတွင်းရေးမှူး ပေါက်ယိုရိတို့ ဖြစ်ကြသည်။ UWSA ဝ ပြည်သွေးစည်းရေးတပ်မတော်၏ခေါင်း ဆောင်များမှာ တပ်မှူး ပေါက်ယိုချမ်း၊ ဒုတပ်မှူး ကျောက်ကျုံးတန်း၊ စစ်ဦးစီးမှူး အိုက်လွန်းတို့ ဖြစ်ကြသည်ဟုဆိုပါသည်။ ဝ တို့ခွဲထွက်စဉ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သော ကျောက်ညီလိုင်မှာ ကာလရှည်နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားခဲ့ပြီဖြစ် သည်။ UWSA ၏ ဒုစစ်ဦးစီးမှူးတာဝန်ယူခဲ့သူ အိုက်ငင်းမှာလည်း...

Read more »

မောင်မောင်စိုး – မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသား စစ်သည်များ၏ ပုံရိပ်များ – အပိုင်း (၃)

March 8, 2016
မောင်မောင်စိုး – မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသား စစ်သည်များ၏ ပုံရိပ်များ – အပိုင်း (၃)

မောင်မောင်စိုး – မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသား စစ်သည်များ၏ ပုံရိပ်များ – အပိုင်း (၃) (မိုးမခ) မတ် ၈၊ ၂၀၁၆ ● ဝ မျိုးနွယ်စုခေါင်းဆောင်များနှင့် အမိန့်နာခံမှု ဝတို့၏ မျိုးနွယ်စုအလိုက်အစဉ်အလာ ခေါင်းဆောင်များသည် ဝ အမျိုးသားတို့ကြားတွင် အလွန်အရေးပါသည်။ မျိုးနွယ်စု တခုရှိ ဝ များသည် ၎င်းတို့ခေါင်းဆောင်၏စကားကို တသွေမတိမ်းလိုက်နာလေ့ရှိကြသည်။ ဤသို့ အမိန့်နာခံမှု ကောင်းခြင်း သည် စစ်မြေပြင်တွင် အလွန်အကျိုးရှိသည်။ CPB တို့ ဝ နယ်တွင် တပ်များစတင်ဖွဲ့စည်းစဉ်က တပ်ရင်းတပ်ဖွဲ့များသည် ဒေသအလိုက် စုစည်းကြခြင်းဖြစ်သည်။ ဥပမာ အိုက်ချင်းနယ်မှ ရင်း ၅၀၁ ခွင်းမားနယ်မှ ရင်း ၇၀၁ မန်တုန်နယ်မှ...

Read more »

မောင်မောင်စိုး – မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသား စစ်သည်များ၏ ပုံရိပ်များ – အပိုင်း (၂)

March 7, 2016
မောင်မောင်စိုး – မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသား စစ်သည်များ၏ ပုံရိပ်များ – အပိုင်း (၂)

 မောင်မောင်စိုး – မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသား စစ်သည်များ၏ ပုံရိပ်များ – အပိုင်း (၂) (မိုးမခ) မတ် ၇၊ ၂၀၁၆   ● ဝ နယ်သို့ CPB ဝင်ရောက်လာခြင်း ၁၉၆၈ ဇန္နဝါရီ ၁ ရက်မှစ၍ CPB တို့သည် မုန်းကိုးဒေသ ကိုးကန့်ဒေသတို့မှတဆင့်စ၍ ဝင်ရောက်လာခဲ့သည်။ ထိုသို့ဝင် ရောက်လာသည့် CPB အရှေ့မြောက်အင်အားစုများသည် ၁၉၆၉တွင် စစ်ဆင်ရေးမှူးရဲဘော်ကျော်ဒင်ဦးစီး အဖွဲ့ငယ်တဖွဲ့ အား ဝ နယ်မြောက်ပိုင်းသို့ စိမ့်ဝင်စည်းရုံးခဲ့သည်။ မူလကတည်းက ကူမင်တန်ဆန့်ကျင်ရေးသင်တန်းတက်ပြီး တရုတ်နှင့် ဆက်ဆံမှုရှိသောဝ သူပုန်ပြောက်ကျားအဖွဲ့များကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။ ဝ နယ်မြောက်ပိုင်း ခွင်းမားနယ်၌ ပေါက်ယိုချမ်း ပန်ဝိုင်နယ်၌ ကျောက်ညီလိုင်...

Read more »

မောင်မောင်စိုး – မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသား စစ်သည်များ၏ ပုံရိပ်များ – အပိုင်း (၁)

March 6, 2016
မောင်မောင်စိုး – မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသား စစ်သည်များ၏ ပုံရိပ်များ – အပိုင်း (၁)

မောင်မောင်စိုး – မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသား စစ်သည်များ၏ ပုံရိပ်များ – အပိုင်း (၁) (မိုးမခ) မတ် ၆၊ ၂၀၁၆ ● ဝ နယ်တောင်တန်းများ ဝနယ်တောင်တန်းများသည် ရှမ်းပြည်နယ်၏အရှေ့မြောက်ပိုင်းတွင်တည်ရှိသည်။ သံလွင်မြစ်၏အရှေ့ဖက်ခြမ်း တောင်ကြီး ကျိုင်းတုံ ကားလမ်း၏ မြောက်ဖက်ခြမ်းတွင် ဝ နယ်တည်ရှိသည်။ သံလွင်အရှေ့ဖက်ခြမ်းတွင်ရှိသော ကိုးကန့်ဒေသမှအပ ဟိုပန် ပန်လုံ မိုင်းမော ခွင်းမား မန်မန်းဆိုင် ယုံအော ပန်ယန်း ပန်ဆန်း (ပန်ခမ်း) မော်ဖါ လွယ်ဟိုလာ မိုင်းပေါက် စသည့် ဒေသများသည် ဝ တို့၏ဒေသဖြစ်သည်။ ၂၀၀၈ အခြေခံဥပဒေအရ ဝ တို့အား ကိုယ်ပိုင်အုပ်ချုပ်တိုင်းအဖြစ်သတ်မှတ်ပြီး မြို့နယ် ၆ မြို့နယ်ပါဝင်သည်။...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်