
ေ မာ င် မိုး သူ မြ န် မာ ပြ န် သ ည် – ရှ က် ပြီး ေ သ တဲ့ သ ေ ဘၤ ာ ( အ ပုိ င်း – ၃ ) NICHOLAS MONSARRAT – THE SHIP THAT DIED OF SHAME (မိုးမခ) ဧပြီ ၃၊ ၂၀၁၅ ========= မိုးမခမဂ္ဂဇင်း အတွဲ ၂၊ အမှတ် ၂ (ဖေဖော်ဝါရီ) ၂၀၁၅...
သက်ခိုင် – အဝယ်တော်အောင်ဖေ၊ မောင် နဲ့ အဝိုင်းခံလို့သောက်ရတဲ့ လက်ဘက်ရည် အောင်ဖေ အခန်းဆက် အမှတ် (၂၁) (မိုးမခ) မတ် ၂၅၊ ၂၀၁၅ (၁) ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကတော့ အရင်တုန်းကလို မဟုတ်တော့၊ တော်လှန်ရေး နိုင်ငံရေး လှုပ်ရှားမှု ကာလတွေကလို ဟိုအဖွဲ့ ဒီအဖွဲ့ကလူများ ပျားပန်းခတ်သွားလာ လှုပ်ရှားမှုများ အခုအခါမှာတော့ နည်းပါးသွားပြီ ဖြစ်သည်။ အဖွဲ့အစည်း အတော်များများ မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ယူ၍သော်လည်းကောင်း ကိုယ့်နည်း၊ ကိုယ့်ဟန်ဖြင့်လည်းကောင်း ပြည်တွင်းပြန်သွားကြသူများ များပြားသွားသောကြောင့် နိုင်ငံရေး ယုံကြည်ချက် ပြင်းထန်သူ တချို့နှင့် အကြောင်းကြောင်းကြောင့် မိဝေးဖဝေးဖြင့် တိုင်းခြားပြည်ခြား ဆက်လက်နေထိုင် ရုန်းကန်နေကြသူ တချို့နှင့် ရွှေ့ပြောင်း မြန်မာအလုပ်သမားများတို့ဖြင့်သာ လည်ပတ် နေပေတော့သည်။...
သက်ခိုင် – ထောက်လှမ်းရေးချင်း ရန်တိုက်ပေးတဲ့အောင်ဖေနဲ့ မပျော်ဖြစ်ခဲ့တဲ့ လွတ်လပ်ရေးည (မိုးမခ၊ အောင်ဖေအခန်းဆက် ၂၀) ဇန်န၀ါရီ ၁၉ ၊ ၂၀၁၅ (၁) အောင်ဖေ့ကို ထောက်လှမ်းရေး (၁၂)က ဖမ်းသွားတဲ့ညက မှတ်မှတ်ရရ အောက်တိုဘာလ(၁၁)ရက် သောကြာနေ့ ၁၉၉၁ခုနှစ်။ ကားပေါ်မှာ မျက်နှာကိုလည်း အဝတ်စည်းထား၊ နောက်ပြန်လက်ထိပ်ကလည်း ခတ်ထားတာဆိုတော့ ဘယ်ကိုသွားနေသလဲဆိုတာ စိတ်နဲ့ပဲမှန်းရတော့တာပေါ့၊ ကိုယ်ကလည်း ရန်ကုန်ကိုတော့ အကျွမ်းတဝင် ရှိထားသူတယောက်ဆိုတော့ ဘယ်လမ်းကနေ ဘယ်ကိုသွားနေတယ်ဆိုတာ အောင်ဖေစိတ်ထဲက တွက်လာတယ်၊ ကားစထွက်တယ် ဟုတ်ပြီကျောက်မြောင်းဈေး အရှေ့ကသွားတယ်၊ ရွှေဗဟိုလ် (တာမွေအိုးစုအနား) ရုပ်ရှင်ရုံနားရောက်တော့ ဘယ်ဘက်ချိုးပြီ၊ တာမွေအဝိုင်းပတ်တယ် ဟုတ်ပြီ ဦးချစ်မောင်လမ်းတလျှောက် မောင်းသွားပုံရတယ်၊ ဟာမြေနီလမ်းအတိုင်း ဆင်းသွားပုံထောက်တော့ ဒါအခုမှစ လမ်းဖောက်နေတဲ့ နောင်မှာ...
အုန်းနိုင် – ၁၉၉၁ခုနှစ် ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ထုတ်ပယ်ခြင်း (၄) “ခေတ္တ(ယာယီ) ဥက္ကဌနှင့် ခေတ္တ(ယာယီ) အတွင်းရေးမှူး” (မိုးမခ) ဇန်န၀ါရီ ၁၇၊ ၂၀၁၅ ၁၉၉၁ ခုနှစ် ဇန်န၀ါရီလ နောက်ဆုံးပတ်ထဲမှာတော့ ပဲခူးတိုင်းစည်းရုံးရေးမှူးဗိုလ်မှူးဟောင်း မောင်အေးနဲ့  ဦးပိုက်ခြုံတို့ ပြည်မြို့ နယ်အဖွဲ့ချုပ်ရုံးမှာ ခြောက်မြို့ နယ်အစည်းအဝေးခေါ်ပါတယ်..။ သူတို့နဲ့အတူ အဖွဲ့ချုပ်ရုံးရဲ့  ကြေညာချက်(၁/၉၁) နဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း ပြင်ဆင်ချက်ရယ်..၊ ဥက္ကဌ၊ အတွင်းရေးမှူးရာထူးများ လူစားဝင်တာရယ်..၊ စတဲ့သတင်းတွေ ပါလာပါတယ်..။ ကျနော်တို့ကလည်း အဖွဲ့ ချုပ်ဗဟိုအလုပ်အမှုဆောင်ကို သိပ်မလေးစားတော့ တိုင်းစည်းရုံးရေးမှူးတွေကိုလည်း သိပ်ဂရုမစိုက်တော့ဘူး..။ သူတို့ နဲ့ ပါလာတဲ့ စာရွက်စာတမ်းနဲ့  သတင်းအချက်အလက်...
အုန်းနိုင် – ၁၉၉၁ခုနှစ် ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ထုတ်ပယ်ခြင်း (၃) “အမ်အိုင် နဲ့ အက်စ်ဘီတို့ရဲ့  လှန့်လုံး” (မိုးမခ) ဇန်န၀ါရီ ၁၅၊ ၂၀၁၅ ရန်ကုန်က ပြန်ရောက်ပြီး မကြာခင်မှာပဲ ကျနော်နဲ့ အခြားကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးအေးသန်းကို ပြည်မြို့  စစ်ထောက်လှမ်းရေးက လာတွေဖို့ လူကြုံနဲ့ တဆင့် ဆင့်ဆိုထားကြောင်း သိရပါတယ်။ကျနော်တို့ကိုလာဖို့ ခေါ်ထားတဲ့ ပြည်ခရိုင်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး (ခ၀တ)ရုံးကို ရောက်တော့ အင်းမက သဲကုန်းကိုယ်စားလှယ် ဦးအေးကိုလည်း တွေ့ရတယ်..။အဲဒီရုံးကရုံးအဖွဲ့ မှူးဆီမှာ ရောက်ကြောင်း အသိပေးပြီး စောင့်နေတုန်း ၊ရဲသတင်းတပ်ဖွဲ့ မှူး(အက်စ်ဘီ)က ရောက်လာပြီး အခန်းတခန်းမှာ ဧည့်ခံပါတယ်..။ နေ့လည်စာစားချိန်အထိ ဘာမှမလုပ်ရသေးလို့ ကျနော်တို့ နေ့လည်စာထွက်စားတယ်..။ ပြန်လာပြီး နေ့လည်တစ်နာရီလောက်ကျတော့ ...
သက်ခိုင် – ဗကသ ညီလာခံကို ဘုရားဖူးသွားတဲ့အောင်ဖေနဲ့ မခိုဖြစ်လိုက်ရတဲ့ တော အောင်ဖေ အခန်းဆက် အမှတ် ၁၉၊ မိုးမခ၊ ဇန်န၀ါရီ ၆၊ ၂၀၁၅ (၁) အောင်ဖေက လူ့ဘောင်သစ်မှာ လှုပ်ရှားတယ်ဆိုပေမယ့်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) မှာလည်း ပါတယ်၊ ဆိုလိုတာက အဲဒီအချိန်က ဗကသက ကိုကိုကြီး(ခေါ်)ကေကျူ့ (၈၈ ပွင့်လင်း) ဆက်လက်ဦးဆောင်နေတဲ့ ဗကသနဲ့ အောက်ဗမာပြည် (ဗကသ) (အောက်ဗ) ဆိုပြီး ဗကသပြန်ဖွဲ့ဖို့ ကြိုးစားနေတဲ့ ၂ဖွဲ့လုံးနဲ့က အောင်ဖေက မကင်းဘူး။ ၈၉ ၊ ၉၀လောက်ကတည်းက ကေကျူ့ဗကသနဲ့က အတူတူ လုပ်ခဲ့ဖူးတာ နောက်ပိုင်း၉၀ လောက်ရောက်တော့ အောက်ဗနဲ့ လက်တွဲလုပ်ဖြစ်တာတွေပါ ရှိလာကော။ မူရင်းဗကသနဲ့...
အုန်းနိုင် – ၁၉၉၁ ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပယ်ခြင်း (၂) (မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၁၄ ● ရှဥ့်လည်းလျှောက်သာ… ပျားလည်းစွဲသာ အဖွဲ့ချုပ်ရုံးကိုရောက်တဲ့အခါ ပဲခူးတိုင်းတာဝန်ခံ ဦးမြလေးနဲ့တွေ့ ပါတယ်..။ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလက လွှတ်တော်ကိုယ်စားလှယ်များ ဆိုင်ရာအဖွဲ့ ဖွဲ့စည်းရေးအစည်းအဝေးမှာ သူနဲ့ကျနော် ဖွဲ့စည်းပုံနဲ့ဆိုင်တဲ့အကြောင်းတခုပေါ်ကိုမူတည်ပြီး ငြင်းခုန်ဆွေးနွေးရပါတယ်။ ဒါကို ကျနော်ကတော့ ဒီမိုကရေစီကျင့်စဉ်အရ လုပ်တာသာဖြစ်တယ်။ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေထဲမှာ ဒီလိုမျိုး သဘောကွဲလွဲခွင့်ရှိတယ် လို့ ယုံကြည်ပါတယ်။ ကျနော်တို့ အထက်တန်းကျောင်းသားဘ၀၊ တက္ကသိုလ်ကျောင်းသားဘ၀က ဒါမျိုးတွေလုပ်ခဲ့ဖူးပါတယ်။ ယဉ်ပါး နေပါတယ်။ ဒါပေမဲ့ သူက သူ့လိုတိုင်းတာဝန်ခံတယောက်ကို ပြန်လှန်ဆွေးနွေးတာကို စိတ်မရှည်ပဲ ဒေါနဲ့ မောနဲ့ ပြန်ဆွေးနွေးပါတယ်။ ဆွေးနွေးချိန်မှာ ဒေါတွေ မောတွေ ထတာ ...
အုန်းနိုင် – ဂန္ဒီကြေညာစာတမ်းကြီးရဲ့  နိဂုံး (ဂန္ဓီခန်းမ ကြေညာစာတမ်း အပိုင်း ၁၈)၊ ဒီဇင်ဘာ ၉၊ ၂၀၁၄ နိုဝင်ဘာ(၁၂)ရက်နေ့မှာ အဖွဲ့ ချုပ်ဗဟိုရဲ့  ကြေညာချက်အမှတ်(၃၀/၉၀) ဆိုတာထွက် လာပြန်ပါတယ်.။ဒါကို အဖွဲ့ ချုပ်လူငယ်က မိတ္တူဆွဲပြီးပို့တာပါ..။ အဖွဲ့ ချုပ်က တိုက်ရိုက်မပို့ပါ။ မရောက်တာလား..မပို့တာလားတော့ မပြောတတ်ပါ..။ ဒီအထဲမှာ ပါတာတွေကတော့ … အမျိုးသားထောက်လှမ်းရေးက ရွေးကောက်ပွဲမှာ ပါဝင် ယဉ်ပြိုင်ခဲ့တဲ့ ပါတီများကို အောက်ပါအချက်များ မေးမြန်းပြီး လက်မှတ်ရေးထိုးစေခဲ့တယ်လို့ ပါရှိပါတယ်..။ (က) ကြေညာချက် (၁/၉၀)ကို သေချာစွာ ဖတ်ရှုလေ့လာပြီး ဖြစ်ပါသည်..။ (ခ) ကြေညာချက် (၁/၉၀)ကို လိုက်နာမည်..။မလိုက်နာမည်..။ (ဂ) ကြေညာချက် (၁/၉၀)ကို မလိုက်နာပါက ပုဂ္ဂိုလ်အရ ...
Recent Comments