ရသဆောင်းပါးစုံ

ကိုသန်းလွင် ● ဆိုကရေးတီးနှင့် လူ့ဘဝ

November 21, 2017
ကိုသန်းလွင် ● ဆိုကရေးတီးနှင့် လူ့ဘဝ

ကိုသန်းလွင် ● ဆိုကရေးတီးနှင့် လူ့ဘဝ (မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၇ (၁) ဘီစီ ၃၉၉ ခုနှစ်က ဆိုကရေးတီးကို သေဒဏ်ချမှတ်လိုက်သောအခါ သူ့မိတ်ဆွေများကသူ့ကို လွတ်မြောက်ရာ လွတ် မြောက်ကြောင်း ထွက်ပြေးဘို့ အကြံပြုကြပါသည်၊ သူတို့တွင် ထောင်အရာရှိများကို လာဘ်ထိုးရန်ငွေကြေး ရှိသည်၊ သူတို့ နားလည်ထားကြသည်မှာ ထောင်အရာရှိများကလည်း ဖီလိုဆိုဖာကြီးကို လွတ်ရာလွတ်ကြောင်း သွားစေချင်ကြသည်၊ သူတို့လိုအပ်နေသည်မှာ ဆိုကရေးတီးက သဘောတူညီဘို့ပင်ဖြစ်သည်။ သူကထွက်ပြေးရန်အကြံပေးခြင်းကိုလက်မခံပါ၊ ဥပဒေအတိုင်း တသက်လုံးနေလာခဲ့သည်၊ ဘယ်သောအခါမှ ဥပဒေကို မချိုးဖောက်ဟု ဆိုသည်။ (၂) ကျွန်တော့်ဖခင်က ဤအတိုင်းပြောပြခဲ့ပါသည်၊ ကျွန်တော်သည် အသက်အရွယ်ငယ်သေးသဖြင့် ဆိုလိုချက်ကို စေ့စေ့ငုငု နားမလည်ခဲ့ပါ၊ ကျွန်တော်လက်ခံထားခဲ့သည်မှာ အလွန်ကျော်ကြားကြားသော ပုဂ္ဂိုလ်ကြီးများသည် ဥပဒေကိုလိုက်နာရန် အတွက် ‘သေ’ဘို့ကိုပင်...

Read more »

မိုးချိုသင်း – လွမ်းတယ် အမေ

November 18, 2017
မိုးချိုသင်း – လွမ်းတယ် အမေ

မိုးချိုသင်း – လွမ်းတယ် အမေ (မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၇ (သူ့ဖေ့စ်ဘွတ်က ကူးယူပါတယ်) ဒီနေ့တော့ Death Valley National Park ကို ရောက်ခဲ့တယ်။ Death Valley ဆိုတဲ့အတိုင်း ခြောက်သွေ့တဲ့ သဲကန္တာရကြီးမှာ ရှိတာ။ ရာသီဥတုက ပူတဲ့အချိန် တရားလွန် ပူ၊ အေးတဲ့အချိန် တရားလွန်အေးတဲ့ နေရာ။ လွန်ခဲ့တဲ့ ၂၇နှစ်က ကိုယ်တို့ မိသားစုဘ၀ဟာလဲ ပူပြင်းလောင်မြိုက်တဲ့ သေခြင်းတရားဆိုတာကို ဘယ်လိုဟာမျိုးလဲ လို့ ပထမဆုံး ရုတ်တရက်သိခဲ့ ကြုံခဲ့ရတာပါ။ အဲဒီတုန်းက ဆယ်ကျော်သက်အရွယ်ပဲ ရှိသေးတဲ့ ကိုယ်က အမေ့ ကို ဒီနေ့မှာ ဆုံးရှုံးခဲ့တာလေ။ အမေ့အကြောင်း ပြန်စဉ်းစားမိရင် ခပ်သေးသေး ခပ်မွှေးမွှေး စပယ်ပွင့်လေးတွေ၊...

Read more »

ငြိမ်းဝေ(ကဗျာ့အိုးဝေ) – ဝံပုလွေများနဲ့အတူအူရန် ငြင်းဆိုသူ

November 17, 2017
ငြိမ်းဝေ(ကဗျာ့အိုးဝေ) – ဝံပုလွေများနဲ့အတူအူရန် ငြင်းဆိုသူ

ငြိမ်းဝေ(ကဗျာ့အိုးဝေ) – ဝံပုလွေများနဲ့အတူအူရန် ငြင်းဆိုသူ (မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၇ (သူ့ဖေ့စ်ဘွတ်ကနေ ကူးပါတယ်)(၁) ၁၉၁၇ ခုနှစ်ဝန်းကျင် ရုရှားနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းအပေါ် သမိုင်းပညာ ရှင်အမျိုးမျိုး ကရပ်တည်ချက် အမျိုးမျိုးအပေါ်မူတည်ပြီး အမြင်အမျိုးမျိုးနဲ့ သုံးသပ်ကြတာရှိပါတယ်။ ဒီလိုသုံး သပ်ကြတဲ့ အထဲမှာ ရုရှတော်ဝင်ကဗျာဆရာကြီး`အလက်ဇန်ဒါ ဘလော့´ပြောတဲ့စကားကတော့ ကျနော့်ကို အစွဲဆောင်နိုင်ဆုံးစကားဖြစ်တယ်လို့ ယူဆပါတယ်။သူက အဲဒီကာလကြီးကို`ကြောက်မက်ဖွယ် နှစ်ကာ လကြီး´လို့ သုံးသပ်လိုက်ပါတယ်။ အဲဒီကြောက်မက်ဖွယ် နှစ်ကာလကြီးအတွင်းမှာ ရုရှနိုင်ငံရဲ့ ဘယ်လိုမှမေ့အပ်နိုင်ဖွယ်မရှိတဲ့ ကဗျာဆရာ လူရည်ချွန်တချို့ ရာဇဥပါဒ်ဒဏ်နဲ့ သေဆုံးခဲ့ကြတာတွေရှိပါတယ်။ တချို့က အဲဒီခေတ်ဆိုး ခေတ် ပျက်ကြီးရဲ့ဒဏ်ကို မခံမရပ်နိုင်တဲ့အဆုံး ကိုယ့်ကိုယ်ကိုသေကြောင်းကြံသွားခဲ့ကြတာမျိုးအထိရှိခဲ့ပါတယ်။ ရုရှကဗျာဆရာမ`မာရီနာစဗက်ထရေဗါ´ဟာ အဲဒီလိုကိုယ့်ကိုယ်ကိုသေကြောင်းကြံလို့ သေဆုံးသွား ရတဲ့သူတွေထဲက တစ်ဦးဖြစ်ပါတယ်။ သူ့ကိုအဲဒီကာလကြီးအတွင်းမှာ တော်လှန်ရေးဆန့်ကျင်သူ၊ အရင်းရှင်ဖေါက်ပြန်ရေးသမား၊...

Read more »

ရွှေဒါးမောင်လေးရည် ● ကံ့ကော်ပွင့်ရာ … စိန်ပန်းပြာပြာ အဓိပတိလမ်းမှာ မိုးတွေရွာ

November 16, 2017
ရွှေဒါးမောင်လေးရည် ● ကံ့ကော်ပွင့်ရာ … စိန်ပန်းပြာပြာ အဓိပတိလမ်းမှာ မိုးတွေရွာ

ရွှေဒါးမောင်လေးရည် ● ကံ့ကော်ပွင့်ရာ … စိန်ပန်းပြာပြာ အဓိပတိလမ်းမှာ မိုးတွေရွာ (မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၇ “လွမ်းပင်ရိပ်ဝေဝေသီ .. ဆောင်းအိပ်မက်ဧကရီ … ဒေဝီအလှရဲ့သီတာကုန်ဆုံး …ဒီပါသုဉ်းစေ ဘုန်းမမေ့နိုင်ဘူး … ဘုန်းမ မေ့နိုင်ဘူး … ပိုင်မလို မဆိုင်သကို … ကိုယ်ရုံတိမ်ပြာနုနဲ့ ရှိန်ဝါလုကာ … ကြယ်မင်းသခင်သို့ .. လနတ်ဆွေရှင် ကြွေဆင်း မြေနင်းခသလို … ရွှန်းမြသာလွင် … ဖူးတွေ့ပါရ … မြောက်ကန္တာရနှင်းမြေနိုင်ငံ … ခေါက်ပြန်ပြာစ ညင်းလေသွဲဆဲအခါ … “ ကျွန်တော်တို့ ဆယ်ကျော်သက်ရွယ်၊ နှလုံးသးသံစဉ်လှိုက်ခုန်ခါစဆီက ဆရာတက္ကသိုလ်ဘုန်းနိုင်၏ “ညီမလေးရယ် စိုးရိမ်မိတယ်” ဝတ္ထုမှ ဇာတ်ဝင်သီချင်းစာသားအချို့ပါပေ။ သီချင်းခေါင်းစဉ်က “ဆောင်းအိပ်မက်...

Read more »

လှကျော်ဇော ● တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက်ကွန်ဂရက် – အပိုင်း (၂)

November 15, 2017
လှကျော်ဇော ● တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက်ကွန်ဂရက် – အပိုင်း (၂)

လှကျော်ဇော ● တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက်ကွန်ဂရက် – အပိုင်း (၂) (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ● တရုတ်ခြင်္သေ့ကြီးနိုးလာပြီလား နပိုလီယံက တရုတ်ခြင်္သေ့ကြီးအိပ်ပျော်နေတာ၊ သူနိုးလာရင် ကမ္ဘာကြီးကိုကိုင်လှုပ်လိမ့်မယ်တဲ့ နိမိတ်ဖတ်ပြောခဲ့ဖူးတယ်။ လက်ရှိတရုတ်သမ္မတလည်းဖြစ်၊ တရုတ်ကွန်မြူနစ်ပါတီရဲ့အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ တရုတ်ဗဟိုစစ်ကော်မရှင်ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ရှီကျင့်ဖင်ကတော့ တရုတ်ခြင်္သေ့ကြီးနိုးလာပါပြီ။ ဒါပေမယ့် ဒီခြင်္သေ့ဟာ ကြောက်စရာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကိုလိုလားတဲ့၊ အားလုံးနဲ့မိတ်ဆွေဖြစ်ချင်တဲ့ခြင်္သေ့ပါတဲ့။ ဒါကိုရည်ညွှန်းပြီး၊ သူပြောကြားခဲ့တဲ့ မိန့်ခွန်းများမှာ ကံတူအကျိုးပေး အဖွဲ့အစည်းတရပ်တည်ဆောက်ရေးတို့၊ အနာဂတ်ကို မျှဝေထားတဲ့ လူ့အဖွဲ့အစည်းတရပ်တည်ဆောက် ရေးဆိုတဲ့ ဝေါဟာရတွေကို အတော်များများသုံးလာပါတယ်။ လက်တွေ့ဖြစ်ရပ်တွေကို ကြည့်ရအောင်ပါ။ တရုတ်ရဲ့သမိုင်းကြောင်းဟာ အနှစ် ၅ဝဝဝ ရှိပါပြီ။ ပဒေသရာဇ်သမိုင်းကြောင်းတလျှောက် ရွှေထီးဆောင်းခဲ့တာပါ။ လွန်ခဲ့ တဲ့ အနှစ် ၂ဝဝဝ ကစလို့...

Read more »

ကိုသန်းလွင် ● ဆော်ဒီအာရေးဗီးယား ခေတ်ပြောင်းချိန်

November 14, 2017
ကိုသန်းလွင် ● ဆော်ဒီအာရေးဗီးယား ခေတ်ပြောင်းချိန်

ကိုသန်းလွင် ● ဆော်ဒီအာရေးဗီးယား ခေတ်ပြောင်းချိန် (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂ဝ၁၇ (၁) ဆော်လမွန်ဘုရင်ကြီးနှင့်နီးစပ်သော  ဆွေမျိုးသားချင်းများမှာ ဆော်ဒီအာရေးဗီးယားနိုင်ငံကို အုပ်ချုပ်ရုံ သာမက သူတို့၏စီးပွားရေးလုပ်ငန်းများမှာလည်းဖွံ့ဖြိုးဝေဆာလျက်ရှိပါသည်။ သားတဦးတည်ထောင်သော ရင်းနှီးမြှုပ်နှံသောလုပ်ငန်းတခုကို အခြားသားတဦးက ဥက္ကဌလုပ်ပြီး ၎င်းတို့ကကြီးမားသော ကုမ္ပဏီကြီးတခုကိုပိုင်ပါသည်။ သူတို့သည် အစိုးရစီမံကိန်းများစွာလုပ်ဆောင်နေပြီးပြင်သစ်ကာကွယ်ရေး ကုမ္ပဏီတခုနှင့်ပူးပေါင်းကာ သင်္ဘောများတည်ဆောက်ရေးကို လုပ်ပါသည်။ အခြား မင်းသားတယောက်ကလည်း ကျန်းမာရေးလုပ်ငန်းနှင့် ဆက်သွယ်ရေးကရိယာများ၊ ပညာရေးနှင့် အခြားနိုင်ငံတော်က ရင်းနှီးမြှုပ်နှံသောလုပ်ငန်းများကိုလုပ်ဆောင်ပါသည်။ တခုနှင့်တခုအကျိုးအမြတ်ငွေ ရောထွေးနေသော်လည်း (Conflict of Interest) တခုမှ ဥပဒေနှင့် ငြိစွန်းသည်ဟုမရှိပါ။ သို့သော် အသက် (၃၂) နှစ်ရှိ အိမ်ရှေ့မင်းသားဖြစ်သော MBS- Mohamnad Bin Salman က အခြား သားတော် ၁၁...

Read more »

ညိုထက်ညို ● အနုပညာ သံဝေ

November 12, 2017
ညိုထက်ညို ● အနုပညာ သံဝေ

ညိုထက်ညို ● အနုပညာ သံဝေ (မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၁၇ လွန်ခဲ့သော ခြောက်နှစ် ခုနစ်နှစ်ခန့်ကဟု ထင်ပါသည်။ ‘လေးလွှာ’ ဟု အမည်ပေးထားသော ဝတ္ထုတိုလေးတပုဒ်ကို ကျွန်တော် ရေးသားခဲ့ပါသည်။ ထိုသို့ ရေးသားပြီး ဝတ္ထုတိုလေးမှာ ကျွန်တော့်ကွန်ပြူတာထဲတွင်သာ အောင်းနေခဲ့ပါသည်။ ပြည်ပရောက်ပြီး မြန်မာပြည်နှင့် အဆက်အသွယ် ပြတ်နေသောကြောင့် မည်သည့်မဂ္ဂဇင်းသို့မျှလည်း မပို့ဖြစ်၊ ကျွန်တော်ပါဝင်ရေးသားနေသော ‘စပ်မိစပ်ရာ’ အမည်ရှိ ဘလော့တွင်လည်း မတင်ဖြစ်ဘဲ ကိုယ့်ဖာသာကိုယ်သာ ကွန်ပြူတာထဲ သိမ်းထားခဲ့မိပါသည်။ ထိုသို့ရှိစဉ် တရက်တွင် အမှတ်မထင် အင်တာနက် online ပေါ်တွင် ဝတ္ထုတိုပြိုင်ပွဲ ပြုလုပ်ပေးနေသော မြန်မာအင်တာနက် စာမျက်နှာတခုကို တွေ့ရှိခဲ့ပါသည်။ စာမျက်နှာ၏ အမည်မှာ www.thebestmyanmarnovels.com (ယခု ထိုစာမျက်နှာ မရှိတော့ပါ)...

Read more »

ဌေးမင်းခိုင် ● အိပ်မက်များဆီသို့ ပျံသန်းခြင်း

November 12, 2017
ဌေးမင်းခိုင် ● အိပ်မက်များဆီသို့ ပျံသန်းခြင်း

ဌေးမင်းခိုင် ● အိပ်မက်များဆီသို့ ပျံသန်းခြင်း (မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၁၇ တလောက လူငယ်လေးတဦး လေယာဉ်ပျံတည်ဆောက်ပြတာနဲ့ပတ်သက်လို့ အမျိုးမျိုးဝေဖန်ကြတာကို ရိပ်ခနဲ ဖတ်လိုက် ရတယ်။ အဲဒီ့မှာ စိတ်မကောင်းစရာအချက်တချက်ကို တွေ့လိုက်ရတယ်။ တချို့ကလည်း ပေါ်ပြူလာဖြစ်ချင်လို့ လျှောက်လုပ်တာလို့ ဝေဖန်ကြတယ်။ တချို့ကလည်း ဘာပဲဖြစ်ဖြစ် လူငယ်တယောက် ရဲ့အိပ်မက်ကို အားပေးသင့်တယ်၊ တီထွင်လိုစိတ်ကို အားပေးရမယ်လို့ ဆိုပါတယ်။ မှန်ပါတယ်၊ လူငယ်တယောက်ရဲ့အိပ်မက်ကို ရေလောင်းပေါင်းသင်ပေးရမှာ လူ့အဖွဲ့အစည်းတခု ပြုသင့်တဲ့ ကုသိုလ်ပါ။ ဒါပေမဲ့ တချို့အိပ်မက်တွေက စိုက်ချင်တိုင်း စိုက်လို့ရတဲ့ အိပ်မက်တွေ မဟုတ်ပါဘူး။ မျိုးစေ့လေး ကြဲရုံနဲ့ အပင်ထမပေါက်တဲ့ အိပ်မက်တွေလည်း ရှိပါတယ်။ အထူးသဖြင့် အတတ်ပညာနဲ့ဆိုင်တဲ့ အိပ်မက်တွေမှာပေါ့။ အဲလိုပြောလို့လည်း ဒီကလေး မတတ်ရကောင်းလားလို့ အတတ်ပညာကြိမ်လုံးနဲ့...

Read more »

လှကျော်ဇော ● တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက်ကွန်ဂရက် – အပိုင်း (၁)

November 9, 2017
လှကျော်ဇော ● တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက်ကွန်ဂရက် – အပိုင်း (၁)

လှကျော်ဇော ● တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက်ကွန်ဂရက် – အပိုင်း (၁) (မိုးမခ) နိုဝင်ဘာ ၉၊ ၂၀၁၇ အချိန်ကာလ (၂၁) ရာစုအတွက်ပြင်ဆင်ခြင်း ပီကင်းမှာ ၂၀၁၇ အောက်တိုဘာ ၁၈ ရက်နေ့မှာစတင်ပြီး တပတ်ကြာကျင်းပခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့(၁၉) ကြိမ် မြောက် ကွန်ဂရက်ကို တရုတ်အစိုးရအနေနဲ့အ လွန်အလေးထားပြင်ဆင်ခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ သက် တမ်းတလျှောက် ၉၆ နှစ်အတွင်း တတ်နိုင်သမျှ ၅ နှစ်တကြိမ် ပုံမှန်ကျင်းပနေကျဖြစ်ပါတယ်။ ဒီကွန်ဂရက်ကနေ ပြီးခဲ့တဲ့ (၅) နှစ်အတွင်းကဦးဆောင်ခဲ့တဲ့ခေါင်းဆောင်များရဲ့လုပ်ဆောင်ချက်တွေကို ပြန်လည်တင်ပြသုံးသပ်တာတွေ နောင် (၅) နှစ်အတွင်းပါတီကိုဦးဆောင်သွားမယ့် ခေါင်းဆောင်တွေကိုရွေးချယ်ပြီး နောင်လုပ်မဲ့လုပ်ငန်းတွေပေါ်လစီတွေကို ညှိနှိုင်းဆွေးနွေး တာတွေ စတာတွေ လုပ်ဆောင်ကြပါတယ်။ လုပ်ဆောင်နေကြပါ။ ဒါပေမယ့် ဒီနှစ်မှာတော့ ပြည်တွင်းမှာရော၊...

Read more »

စံလှကြီး ● တပတ်မှာ တခါလောက်တော့ စဉ်းစားကြရအောင်

November 9, 2017
စံလှကြီး ● တပတ်မှာ တခါလောက်တော့ စဉ်းစားကြရအောင်

စံလှကြီး ● တပတ်မှာ တခါလောက်တော့ စဉ်းစားကြရအောင် (မိုးမခ) နိုဝင်ဘာ ၉၊ ၂၀၁၇ “လူအများစုက တစ်နှစ်လုံးနေလို့ နှစ်ခါ သုံးခါလောက်တောင် စဉ်းစားတာမဟုတ်ဘူးဗျ။ ဒီတော့ တပတ်မှာ တခါ နှစ်ခါ လောက် စဉ်းစားတတ်တဲ့ ကျုပ်က ကမ္ဘာမှာနာမည်ကြီးနေတာ” အထက်ပါ စကားကို ပြောလိုက်သူက ကျော်ကြားသော အင်္ဂလိပ်စာရေးဆရာကြီး ဂျော့ဘားနဒ်ရှော။ ခေတ်သစ် အင်္ဂလိပ် စာပေလောကတွင် အထက်မြက်ဆုံး အဖြစ် အချို့သော စာပေအကဲဖြတ် ပုဂ္ဂိုလ်များက ယူဆကြသူ၊ သူ့ခေတ် သူ့အခါက အင်္ဂလန်ပြည်တွင် အခြေအတင် စကားပြော အကောင်းဆုံးသူ၊ ၁၉၂၅ တွင် စာပေဆိုင်ရာ နိုဗဲဆုရရှိခဲ့သူ ဖြစ်သည်။ သူ့အဆို အရ လူအများစုသည် တစ်နှစ်ပတ်လည်တွင် သုံးခါလောက်တောင် စဉ်းစားလေ့မရှိ၊...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်