
‘အာဟေး’ တခွန်းနဲ့ ခရီးသွား တောလား မောင်လူရေး၊ ဇန်န၀ါရီ ၃၁၊ ၂၀၁၄ တိုင်းရင်းသားဒေသတွေဆီသွားချင်လို့ လမ်းရှာနေတုန်း ‘ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရ လ လ ဖ)’ က ကြီးမှူးကျင်းပတဲ့ ‘ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ’့ လိုက်မလားလို့ သူငယ်ချင်းက ပြောတော့ ပအို့ဝ်ဒေသရောက်ရောဆိုပါတော့။ အဲဒီပွဲမှာ ရွာနီးချုပ်စပ်က တိုင်းရင်းသားတွေလာပြီး ရိုးရာအကနဲ့ ဖျော်ဖြေကြတယ်။ ‘လီဆူး’ တောင်ပါသေး။ သတိထားမိတာက တိုင်းရင်းသားအကတွေဟာ ယဉ်ကျေးမှုဌာနက တိုင်းရင်းသားမဟုတ်သူတွေ ကတဲ့ဟာနဲ့ အရသာက တခြားဆီ။ ဆီဆိုင်ရောက်တော့ စားရတဲ့ရှမ်းခေါက်ဆွဲနဲ့ ကိုယ့်ဆီမှာ ရှမ်းမဟုတ်သူတွေလုပ်တဲ့ရှမ်းခေါက်ဆွဲအရသာကွာသလိုမျိုး။ တိုင်းရင်းသားအကတော်တော်များများဟာ ကကွက်က ရိုးရှင်းတယ်။ သံစဉ်လဲ မရှုပ်ထွေးဘူး။ အပြောင်းအလဲ နဲတယ်။ အဲဒါဟာ သူတို့ရဲ့လူနေမှု၊ အကျင့်စရိုက်ကို ထင်ဟပ်တယ်။ အဲဒီကထဲက...
Recent Comments