ရသဆောင်းပါးစုံ

Naung Kyaw – ကိုထိန်လင်းသို့ အိတ်ဖွင့်ပေးစာ

February 23, 2012
Naung Kyaw – ကိုထိန်လင်းသို့ အိတ်ဖွင့်ပေးစာ

ကိုထိန်လင်းသို့ အိတ်ဖွင့်ပေးစာ နောင်ကျော်၊ (ကောင်းကင်အင်တာနက်ကယူတယ်) ဖေဖော်ဝါရီ ၂၂၊ ၂၀၁၂ ကိုထိန်ရေ ဒီရက်ပိုင်းထဲမှာ မြန်မာပြည်မြောက်ပိုင်း ကျောင်းသား ရဲဘော်ဟောင်းတွေရဲ့ မြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရနေ့ အခမ်းအနား (၂) ပွဲကို ဖေဖော်ဝါရီလ(၁၀)ရက်နေ့က ရန်ကုန်မှာ၊ (၁၂)ရက်နေ့က မန္တလေးမှာ ကျင်းပခဲ့တော့ အဲဒီနှစ်ပွဲစလုံးကို ကျွန်တော် အလေးအနက်ထားပြီး တက်ဖြစ်အောင် တက်ခဲ့တယ်။ ရန်ကုန်မှာလုပ်တဲ့ ပွဲမှာ ခင်ဗျားနဲ့ ကျွန်တော်ပြန်ဆုံ ဖြစ်ခဲ့ပြီး စကားနည်းနည်းလောက်ပဲ ပြောဖြစ်ခဲ့ကြလို့ ကျွန်တော် သဘောထားကို ဒီပေးစာနဲ့ ခင်ဗျားဆီလှမ်းပြောလိုက်တာပါ။           ခင်ဗျားနဲ့ ကျွန်တော်စပြီး တွေ့ဖြစ်ခဲ့ကြတာဟာ 1999 ခုနှစ်ဝန်းကျင်ဆိုတော့ရယ်၊ မန္တလေးထောင်ထဲမှာ အကျဉ်းသားဘ၀နဲ့ ဆုံခဲ့ကြတာရယ်ကို မှတ်မိနေပါသေးတယ်။ အဲ့ဒီအချိန်တုန်းက ခင်ဗျားတို့ မြောက်ပိုင်း အေဘီပြန်ထွက်ပြေးလားပြီး...

Read more »

Soe Linn – သူကြွေးရှိက ဆပ်ရမည် ၄ နဲ့ ၅

February 21, 2012
Soe Linn – သူကြွေးရှိက ဆပ်ရမည် ၄ နဲ့ ၅

သူကြွေးရှိက ဆပ်ရမည် ၄ နဲ့ ၅ စိုးလင်း၊ (သူ့ဖေ့စ်ဘွတ်ကယူတယ်) ဖေဖော်ဝါရီ ၂၁ ၂၀၁၂            ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ (၁၂) ရက်ပွဲမှာ ကျွန်တော်တို့ အားလုံးနီးပါး ပြန်ဆုံခဲ့ကြပါတယ်။ အဟောင်းတွေအသစ်ဖြစ် စကားတွေပြောလို့မကုန်ခဲ့ပါဘူး။ အကိုကြီး (ကိုထွန်းအောင်ကျော်) အပါအ၀င် ကြွေလွင့်ခဲ့သူအားလုံး အတွက် ကျွန်တော်တို့ တတ်နိုင်သမျှ ကြိုးစားပေးခဲ့ကြပါတယ်။           အောင်မိုးဝင်းရေးခဲ့သလို ထွန်းအောင်ကျော်၊ စိုးလင်း၊ အောင်နိုင်ဆိုတာ အတော်တွဲခဲ့ကြတာပါ။ ၁၉၈၉ မေ ၁၉-၂၀ မန္တလေးတက္ကသိုလ်အင်းဝခန်းမမှာကျင်းပတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများညီလာခံ (ဗကည) အပြီးမှာ ဒီသုံးဦးပိုရင်နှီးခဲ့ကြပါတယ်။ သွားအတူ၊ စားအတူ၊ အိပ်အတူ ကာလတွေပေါ့ ဒီလိုနဲ့ မြောက်ပိုင်းကိုသွားဖို့ ဖြစ်လာတဲ့ အခါ သူတို့နှစ်ဦးက အရင်...

Read more »

Than Win Hlaing – ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရှင်းတမ်း – အပိုင်း (၃)

February 18, 2012
Than Win Hlaing – ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရှင်းတမ်း – အပိုင်း (၃)

သန်းဝင်းလှိုင် ဖေဖော်ဝါရီ ၁၈၊ ၂၀၁၂ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် မက်ဇင်ဂျာနယ်သို့ ချီးမြှင့်ခဲ့သည့် ကိုမင်းကိုနိုင်၏ သရက်ထောင်တွင်းလက်ရာ ● ဘီဒီအေ ဖွဲ့စည်းသည့်နေ့စွဲအမှား ဘီဒီအေဆိုသည်မှာ ဗမာ့ကာကွယ်ရေးတပ်မတော်ကို ခေါ်ဝေါ်ခြင်းဖြစ်သည်။ ဗမာ့ကာကွယ်ရေးတပ်မတော်ကို အင်္ဂလိပ်ဘာသာဖြင့် Burma Defence Army ဟု ခေါ်သောကြောင့် အတိုကောက်အားဖြင့် B.D.A (ဘီဒီအေ) ဟု ခေါ်နေကြခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တပ်မတော်နှင့်ဘီအိုင်အေတို့က မြန်မာနိုင်ငံကိုသိမ်းမိပြီးသောအခါ မြန်မာနိုင်ငံတွင် အင်္ဂလိပ်တပ်များထွက်ခွာသွားပြီးဖြစ်၍ အင်္ဂလိပ်တပ်များပြန်ဝင်မလာနိုင်စေရန် ကာကွယ်ရန်သာလိုသည့်အတွက် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ကို ဗမာ့ကာကွယ်ရေး တပ် မတော် (ဘီဒီအေ) ဟု ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ စတင်ဖွဲ့စည်းသည့်ရက်စွဲမှာ ၁၉၄၂ ခုနှစ်၊ ဇူလိုင် ၂၇ရက် ဖြစ်သည်။ မြဒေါင်းညိုကလောင်အမည်ခံ ဒေါက်တာအောင်သိန်းပြုစုသည့် `ရဲဘော်သုံးကျိပ်´ ပထမတွဲစာအုပ် စာမျက်နှာ...

Read more »

အညတရအကျဉ်းသားရဟန်းတော်များ (၁၃) အရှင်ကုမုဒ (ခ) ကျော်ဝင်း

February 17, 2012

အရှင်ပညာနန္ဒ ဖေဖ၀ါရီ ၁၇၊ ၂၀၁၂ အမည်- အရှင်ကုမုဒ (ခ) ကျော်ဝင်း မွေးဖွားရာဒေသ – (—) စဥ့်ကူးမြို့ နယ်၊ မန္တလေးတိုင်း။ မွေးသက္ကရာရာဇ် – ၁၉၆၂ အဖမ်းခံရသည့်နေ့စွဲ – ၁၉၈၉ ပုဒ်မ – ၆ (၁) ၁ ၀/၁၄ (ဃ) ၆ (က) (ခ) ၅ စီရင်ချက်ချနေ့ နေ့စွဲ – ဇန်န၀ါရီ ၂၂၊ ၁၉၉၁ ချမှတ်ခံရသည့်ထောင်ဒဏ် – (၁၁) နှစ်။ နေခဲ့ရသည့်ထောင်များ – ပြည်၊ သာယာဝတီ၊ လွိုင်ကော်ရေအားလျှပ်စစ်စီမံကိန်း (လုပ်အားပေးစခန်း) ရှေ့တန်းစစ်မျက်နှာ။ လွတ်မြောက်သည့်နေ့ - ၁၉၉၄ ခုနှစ်။ ● ရှစ်လေးလုံးအရေးအခင်းကာလ...

Read more »

ဘန်ကောက်ရောက်၊ ခရစ်ယာန်ဘုန်းကြီး အတုကြီး

February 16, 2012
ဘန်ကောက်ရောက်၊ ခရစ်ယာန်ဘုန်းကြီး အတုကြီး

ဝတ်မှုန် (စင်ကာပူ) ဖေဖော်ဝါရီ ၁၆၊ ၂၀၁၂ ကျွန်တော် နိုင်ငံရေးသမားမဟုတ်ပါဘူး။ ဘာသာရေးတရားဟောဆရာလည်း မဟုတ်ပါဘူး။ သို့သော် နိုင်ငံကိုကောင်းစေချင်တဲ့ ခရစ်ယာန် ဘာသာရေးမီဒီယာလုပ်ငန်းလုပ်ပါတယ်။ အင်တာနက်မှာ 5-Feb-2012 YouTube ခရစ်ယာန်တစ်ဦးရဲ့ဘ၀အကြောင်းကို နားထောင်လိုက်ရတဲ့အချိန်မှာ၊ သူပြောသလို သူနဲ့ကိုယ်က RIT ဘွဲ့ရချင်းအတူတူ၊ ခရစ်ယာန်လည်းတူ ..ဆိုတော့ အလွန်စိတ်ဝင်စားမိတယ်။ အံ့သြလွန်းလို့ တခြား RIT နဲ့ဆက်နွယ် သူတွေကိုမေး ကြည့်တော့ ဟုတ်လားလို့ပဲ ပြန်မေးခံရတယ်။ ဇတ်လမ်းကတော့ … အသက် (၇) နှစ်အရွယ် သူရိန်ထွန်း ဆိုသူ မိဘ ၂ ပါးနဲ့၊ သူ့ညီမလေးရယ် သထုံဖက်၊ ကားနဲ့ခရီးထွက်စဉ် စစ်တပ်က အမေ့ကို မုဒိမ်းကျင့်၊ အဖေ့ကိုဘက်နက်နဲ့ထိုးသတ်၊ ကားနဲ့အလောင်း ဓါတ်ဆီလောင်းမီးရှို့ပြီး၊ မောင်နှမ ၂...

Read more »

Cho Tu Zaw – ဒီအကြောင်း မရေးချင်ဘူး

February 15, 2012

ဒီအကြောင်း မရေးချင်ဘူး ချိုတူးဇော်၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၁၂  မြောက်ပိုင်းကျောင်းသားကိစ္စ ၀င်မရေးလို့ ဆိုပြီး မိတ်ဆွေတယောက်က လာပြောတယ်…  ဘာရေးရမှာလဲ ဗျာ။ ကျနော်ထောင်ထဲရောက်နေတုန်း ရုံးထုတ်တဲ့အချိန် အချုပ်ခန်းဘေးကိုလာ နှုတ်ဆက်သွားတဲ့ကိုရဲလင်း၊ ကျနော်တို့မရှိတုန်း ရုံးခန်းကို အပိုင်စီးတာကွ ဆိုပြီးတက်နေခဲ့တဲ့ စမ်းချောင်းအခသက ဘိုဘိုလေး၊ နောက် ညီနောင်ပါတီဖြစ်တဲ့ မန္တလေးအနကလ က ကိုစိုးလင်း၊ နောက် အောင်နိုင်…။ ဒီလူတွေ အတူထွက်သွားကြတယ်။ တယောက်က ဥက္ကဋ္ဌ လုပ်တဲ့အချိန်မှာ ကျန်တဲ့လူတွေကို ထောက်လှမ်းရေးလို့စွတ်စွဲပြီး ရက်ရက်စက်စက် မကြားဝံ့မနာသာတွေ ကျူးလွန်ခဲ့တယ်။ ကျနော်က ကျန်ခဲ့ရတဲ့ လူဆိုတော့ဘာမှ မပြောနိုင်ဘူး။ ဒါပေမယ့်ဒီကိစ္စတွေ ကို  ဖေါ်ထုတ်ဖို့လိုတယ်ဆိုတာ တဖွဖွ ပြောခဲ့တယ်။ ပြည်တွင်းမှာလည်းကိုစိုးလင်းတို့ ဘိုဘိုတို့ဟာ ရင်းရင်းနှီးနှီး ဆိုတော့  အကုန်သိထားတယ်။...

Read more »

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရှင်းတမ်း – အပိုင်း(၂)

February 14, 2012
ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရှင်းတမ်း – အပိုင်း(၂)

သန်းဝင်းလှိုင် ဖေဖော်ဝါရီ ၁၄၊ ၂၀၁၂ သရုပ်ဖော်ပန်းချီအား Messenger မှ ကူးယူအသုံးပြုပါသည်။ ● ရဲဘော်သုံးကျိပ်ဝင်များ သွေးဖောက်ပြီးသစ္စာပြုနေ့အမှား မြန်မာမျိုးချစ်လူငယ်များ ဟိုင်နန်ကျွန်း စစ်သင်တန်းကျောင်းတွင် တက်ရောက်သင်ကြားနေသော စစ်ပညာများသည် ၁၉၄၁ အောက်တိုဘာ လဆန်းတွင် ပြီးဆုံးပြီးနောက် အောက်တိုဘာလ ၅ ရက်နေ့တွင် စန်းယ စစ်ပညာသင်တန်းကျောင်းကိုပိတ်၍ ထိုင်ဝမ်ကျွန်းရှိ တာမာဆာ တိုမြို့ (Tamasato) သို့ ပြောင်းရွှေ့ခဲ့သည်။ ယင်းနောက် အောက်တိုဘာလ ၂၇ ရက် တနင်္လာနေ့တွင် တာမာဆာတိုမြို့ ဗိုလ်သင်တန်း ကျောင်းတွင် စစ်သေနင်္ဂဗျူဟာပညာနှင့် ဂျပန်နိုင်ငံမှထုတ်လုပ်သည့် နောက်ဆုံးပေါ်လက်နက်များ သုံးစွဲနည်း၊ ပြင်ဆင်နည်းများကို ဆက် လက်သင်ကြားခဲ့ကြသည်။ ယင်းနောက် ဂျပန်တို့သည် ၁၉၄၁ ဒီဇင်ဘာ (၇) ရက်နေ့တွင် ပစိဖိတ်သမုဒ္ဒရာအတွင်း ဟာဝိုင်ယီကျွန်း...

Read more »

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရှင်းတမ်း – အပိုင်း(၁)

February 13, 2012
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရှင်းတမ်း – အပိုင်း(၁)

သန်းဝင်းလှိုင် ဖေော်ဝါရီ ၁၃၊ ၂၀၁၂ ၂၀၁၂ ဖေဖော်ဝါရီလ ၁၃ ရက်နေ့သည် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သလို မြန်မာနိုင်ငံကလေးများနေ့လည်း ဖြစ်သည်။ ဗိုလ်ချုပ်သာသက်ရှိထင်ရှားရှိခဲ့သော် ယခုနှစ်ဆိုလျှင် အသက် ၉၇ နှစ် ရှိပြီဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် အစိုးရသစ်တက်လာပြီးနောက် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်သည့် စာအုပ်များကို ရေးသား၊ ပုံနှိပ်ထုတ်ဝေခွင့်ပြုလိုက်သဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော စာအုပ်ပေါင်း (၁၀၀) နီးပါးခန့် ထုတ်ဝေဖြန့်ချိလာ သည်ကိုတွေ့ရသည်။ အဆိုပါစာအုပ်များအနက် အများစုမှာ ယခင်နှစ် ၅၀ အတွင်းကထုတ်ဝေခဲ့ပြီးသောစာအုပ်များကို ပြန်လည်ထုတ်ဝေ ခဲ့သလို ပြန်လည်ရေးသားထားသည့် စာအုပ်အသစ်များကို လည်းတွေ့ရသည်။ အချို့စာအုပ်များသည် တချိန်က ကလောင်စုံရေးသားခဲ့သည့် ဗိုလ်ချုပ်နှင့်ပတ်သက်သောဆောင်းပါးများကို စုစည်းထားသလို ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိစာအုပ် ၄၊ ၅ အုပ်ကိုမှီး၍ ပြန်လည်ရေး...

Read more »

မဟန ဘာလဲ ဘယ်လဲ ဘာလုပ်မှာလဲ?

February 13, 2012
မဟန ဘာလဲ ဘယ်လဲ ဘာလုပ်မှာလဲ?

အရှင်ပညာနန္ဒ ဖေဖ၀ါရီ၊၀၉၊ ၂၀၁၂ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလကစပြီး တနှစ်တိတိ တရားဟောခွင့် ပိတ်ပင်ခြင်းခံခဲ့ရတဲ့ အချိန်ကာလ ပြည့်မြောက်သွားပြီဖြစ်တဲ့အတွက် ရွှေည၀ါဆရာတော်အား ပြန်လည်တရားဟောပြောခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကိုယ်တိုင် လက်မှတ်ထိုးပြီးထုတ်ပြန်ခဲ့ပေမဲ့ သာသနာရေးဝန်ကြီးဋ္ဌာနက သံဃမဟာနာယကဥက္ကဋ္ဌဆရာတော်ရဲ့ လက်မှတ်ဟာ တရားမ၀င်ဘူးပြောဘူးလို့ပြောကြောင်း သတင်းတွေဖတ်ရတဲ့အတွက် ဥက္ကဋ္ဌဆရာတော်ကြီးကိုယ်စား စိတ်မကောင်းဖြစ်မိပါ တယ်။ သံဃာ့ရေးရာကိစ္စတွေနဲ့ပက်သက်ရင် သံဃမဟာနာယကဆိုတာ အစိုးရခိုင်းတာလုပ်ပေးရတဲ့ (ဟန်ပြသံဃနာယက) အဖွဲ့လို့ ရဟန်းရှင် လူတွေပြောနေကြာတာဟာ ဒီကိစ္စကမှန်ကန်ကြောင်းသက်သေခံနေပါပြီ။ အမှန်ပြောရရင် သံဃမဟာနာယကဆရာတော်တွေကိုယ်စားလည်း ရှက်မိပါတယ်။ သံဃာ့ကိစ္စတွေမှာ သံဃာက လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်မရှိဘဲ အစိုးရတာဝန်ရှိသူတွေက ၀င်ရောက်ခြယ်လှယ်နေ တာကို သံဃမဟာနာယကဆရာတွေက တုဏှိဘာဝေ လုပ်နေကြတဲ့အ တွက် သံဃာတွေ နှစ်ခြမ်းကွဲအောင် လုပ်ပေးနေသလိုဖြစ်နေပါတယ်။ တကယ်တော့ရွှေည၀ါဆရာတော်ရဲ့တရားပွဲတွေအပိတ်ခံရတာဟာ ထေရ၀ါဒတရားတော်တွေကနေသွေဖီလို့မဟုတ်ဘဲ...

Read more »

ကျောင်းသားတပ်မတော်ကမိတ်ဆွေများကို တောင်းပန်တဲ့စာ

February 11, 2012

မောင်ရစ်၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၁၂ ဒီနေ့မှာ အေဘီမြောက်ပိုင်းမှာ မတရားသတ်ဖြတ်ခံပြီး ကျဆုံးခဲ့ရတဲ့ ကျောင်းသားလူငယ်တွေအတွက် အနှစ် ၂၀ ကြာတော့မှ အများစုပေါင်းတဲ့ ကောင်းမှုကုသိုလ်ပြု ဆုတောင်းတဲ့ ဆွမ်းကျွေးပွဲတွေ ပြည်တွင်းပြည်ပမှာ ပြုလုပ်ဖြစ်တယ်။ အဲသည်ဖြစ်ရပ်ကို အနှစ် ၂၀ ကြာမှ ထုတ်ဖော်ပြီး လူအများ သိရှိခွင့်ရတယ်၊ အနှစ် ၂၀ ကြာမှ ဆွမ်းကျွေး ကောင်းမှုကုသိုလ်ပြုခွင့်ရတယ်။ မတရားစွပ်စွဲပြီး လုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုတာကို အနှစ် ၂၀ ကြာမှ ကျန်ရစ်တဲ့ ရဲဘော်တွေ၊ မိသားစုတွေ၊ မိတ်ဆွေတွေက အများသူငှာ သိရှိကြစေဖို့ ထုတ်ဖော်ပြောဆိုကြရတဲ့အတွက် ၀မ်းနည်း ၀မ်းသာ ဖြစ်မိတယ်။ ဂုဏ်ယူတဲ့ စိတ်လည်း ဖြစ်မိတယ်။ ၀မ်းနည်းတယ်ဆိုတာ သူတို့တတွေဟာ အာဏာရှင်စနစ်ကို ဆန့်ကျင် တိုက်ပွဲဝင်နေကြရင်း မတရားစွပ်စွဲခံကြရပြီး...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်