ရသဆောင်းပါးစုံ

ဗိုလ်မင်းအောင်လှိုင်ရဲ့စကားယုံစားရင် အကုန်မှားလိမ့်မယ်

April 1, 2012
ဗိုလ်မင်းအောင်လှိုင်ရဲ့စကားယုံစားရင် အကုန်မှားလိမ့်မယ်

ရွှေပြည်စိုး ဧပြီ ၁၊ ၂၀၁၂ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့စကားကိုယုံရင် အကုန်မှားသွားမယ့်အပြင် ငါးပါးမှောက်ရုံမက သံဃာစင်ပါမှောက်သွား ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဗိုလ်မင်းအောင်လှိုင်ရဲ့ ၆၇ နှစ်မြောက်တပ်မတော်နေ့မိန့်ခွန်းမှာ ဒီလိုပြောတဲ့အပြောမျိုးပြောလာတာ နှစ်ပေါင်း ၂၀ ကျော်လာပြီ။ ဒီနေ့ထိ အပြောနဲ့အလုပ် တခါမှညီတာ မတွေ့ခဲ့ရတာကြောင့်ဖြစ်တယ်။ သူ့ရဲ့တပ်မတော်နေ့မိန့်ခွန်းမှာ – မြန်မာ နိုင်ငံမှာ စစ်တပ်ရဲ့အခန်းကဏ္ဍဟာ တိုင်းပြည်တည်ငြိမ်ရေးအတွက်အရေးကြီးကြောင်း၊ မိမိအနေနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၊ ပုဒ်မခွဲ (စ) မှာ “တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စေါင့်ရှောက်ရန် အဓိကတာဝန်ရှိတယ်လို့ အတိအကျ ဖော်ပြတာဝန်ပေးအပ်ထားတာဖြစ်တယ်။ ဒါကြောင့် တို့တပ်မတော်အနေနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်တည် ဆောက်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိကတာဝန်တရပ်အနေနဲ့ ကာကွယ်စောင့်ရှောက်ရမှာဖြစ်ကြောင်း၊ တပ်မတော်ဟာ အတိတ် တုန်းကလိုပဲ နိုင်ငံရေးမှာ ဆက်ပါဝင်သွားမှာဖြစ်ကြောင်း”...

Read more »

ခလေးဘဝ… ကျော်ဦး၊ သိန်းညွန့်နဲ့ မြန်မာ့နိုင်ငံရေးဆက်စပ်ကြည့်မိခြင်း

April 1, 2012
ခလေးဘဝ… ကျော်ဦး၊ သိန်းညွန့်နဲ့ မြန်မာ့နိုင်ငံရေးဆက်စပ်ကြည့်မိခြင်း

ကိုယဉ်ထွန်း (လူ့ဘောင်သစ်) ဧပြီ ၁၊ ၂၀၁၂ အခုတလော မြန်မာ့နိုင်ငံရေးကိစ္စတွေကြားနေ၊ သိနေရတာတွေဟာ ကျနော်ငယ်ငယ်က တရပ်ကွက်တည်းနေ ရွယ်တူသူငယ်ချင်းတွေနဲ့ ကျနော်ဖြစ်ပျက်ခဲ့တဲ့အကြောင်းလေးတွေနဲ့ တော်တော်လေးတူနေတယ်။ ငယ်ငယ်က ဖြစ်ပျက်ခဲ့တာလေးတွေဟာ အများစုအနေနဲ့အသေးစိတ်မမှတ်မိတတ်ကြပေမဲ့ ထူးခြားတဲ့အကြောင်းလေးတွေဆို.. လူတိုင်းမှတ်မိတတ်ကြတယ်မလား။ ကဲဗျာ ငယ်ဇာတ်ကြောင်းလေးတွေထဲ ကစွဲနေတဲ့ မှတ်မိစရာလေး တွေပြောပြချင်ပါတယ်။ ကျနော်ငယ်ငယ် ကျနော်တို့ခေတ်တုန်းက ရပ်ကွက်ထဲမှာ၊ ကျောင်းမှာကြောက်နေရတဲ့ ဗိုလ်ကလေးတွေရှိတယ်။ ထားပါတော့လေ… ကျ နော်နဲ့ကစားဖေါ်ထဲက ကျနော်ကြောက်ရတာက ရပ်ကွက်ထဲမှာကကျော်ဦးဆိုတဲ့ကစားဖေါ်၊ ကျောင်းမှာဆိုရင်တော့ဗျာ သိန်းညွန့်ဆိုတဲ့ ကျောင်းနေဖက်တို့နှစ်ဦးပေါ့။ ကျနော် ကျော်ဦးကိုကြောက်ခဲ့ရတာလေးမှတ်မိသမျှအရင်ပြောရရင် ကျနော် (၅) နှစ်သားလောက်က သရေ ကွင်းပစ်တယ်။ လက်မှာစွတ်တဲ့သားရေကွင်းလေးတွေကို စည်းဝိုင်းလေးထဲမှထားပြီး ဝိုင်းအပြင်ထွက်အောင်ပစ်နိုင်ရင် နိုင်တဲ့ကစားနည်း ပေါ့လေ ကျနော်ကလက်တည့်တယ်။ ကျနော့်အဖေကလည်း သားရေကွင်းပူဆာရင် အဲ့ဒီအချိန်က အထုတ်လိုက်ဝယ်ပေးတတ်တယ်။ ကျနော်ပူဆာတာကို...

Read more »

ကျနော် တယောက်တည်း ၄ မဲ ပေးခဲ့ဖူးတယ် – forceing to vote for USDA

March 31, 2012
ကျနော် တယောက်တည်း ၄ မဲ ပေးခဲ့ဖူးတယ် – forceing to vote for USDA

  ကြယ်ဖြူမတ် ၃၁၊ ၂၀၁၂ “–-ငါ့ကို ဘဝပျက်တာမြင်ချင်နေတာလား မင်းက–-” ဟိုတနေ့ကနေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲတခုမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက “ဧပြီလ ၁-ရက်နေ့ ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိစေရမယ်” လို့ ပြောကြားခဲ့ No tags for this post.

Read more »

ပုဂ္ဂိုလ်ကိုးကွယ်မှု

March 30, 2012
ပုဂ္ဂိုလ်ကိုးကွယ်မှု

မောင်စွမ်းရည် မတ်လ ၃၀၊ ၂၀၁၂ မိတ်ဆွေများခင်ဗျား … ဒီနေ့ ကျနော်ပြောချင်တာကတော့ ပုဂ္ဂိုလ်ကိုးကွယ်မှုအကြောင်းပါ။ တနည်းပြောရရင် Hero Worship ခေါ် သူရဲကောင်းကိုးကွယ်မှုအကြောင်း ပါပဲ။ တခါက အမေရိကန်ပြည်ထောင်စု၊ တက္ကသိုလ်တခုမှ မြန်မာစာ မြန်မာမှုဆိုင်ရာ စာတမ်းဖတ်ပွဲတခုလုပ်တော့ ကဗျာဆရာ တင်မိုးနဲ့ ကျနော်ရယ်၊ ပါရဂူဘွဲ့ရ မြန်မာလူငယ်ပညာရှင်နှစ်ဦးရယ် စာတမ်းဖတ်ပွဲ နားချိန်တခုမှာ စကားလက်ဆုံကျမိပါတယ်။ ပြောကြတဲ့အကြောင်း အရာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဆောင်ရွက်မှုအကြောင်း ဖြစ်ပါတယ်။ ဒီလူငယ်နှစ်ယောက်လုံးက ကျန်တဲ့ကျောင်းနေသူ ငယ်ချင်းတွေရဲ့သားတွေမို့ တူသားတွေလို ရင်းနှီးသူတွေပါ။ အဆုံးမှာ ပါရဂူလူငယ်တဦးက “ဆရာတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ကိုးကွယ်မှုဖြစ်နေတာပဲ” လို့ မှတ်ချက်ချလိုက်ပါတယ်။ ဒီတော့ တင်မိုးက “ဒေါ်အောင်ဆန်းစုကြည်ဟာ ပညာအမြော်အမြင်နဲ့ ပြည့်စုံတယ်။ သိက္ခာသမာဓိလဲရှိတယ်။ ကိုယ်ကျိုးစွန့် အနစ်ခံသူလဲဖြစ်...

Read more »

ဗုဒ္ဓဝါဒီနှင့် ဒီမိုကရေစီနိုင်ငံတော်

March 26, 2012
ဗုဒ္ဓဝါဒီနှင့် ဒီမိုကရေစီနိုင်ငံတော်

ဘိက္ခုဓမ္မပိယ (ယူအက်စ်အေ) မတ်လ ၂၆၊ ၂၀၁၂ လွန်ခဲ့တဲ့နှစ်လခန့်က “ဒီမိုကရေစီနဲ့ ဗုဒ္ဓဝါဒီ’’ အမည်နဲ့ ဆောင်ပါးတစ်ပုဒ်ရေးဖြစ်ခဲ့တယ်။ ဒီမိုကရေစီကိုမျှော်လင့်နေကြတဲ့ မြန်မာပြည်သူ၊ ပြည်သားတွေကို ဒီမိုကရေစီဆိုတာ ဘာလဲ၊ ဒီမိုကရေစီအရေးဟာ ဘယ်သူ့အရေးလဲ၊ ဒီမိုကရေစီကျင့်ထုံးက ပြည်သူတို့ဘဝအတွက် ဘယ် လောက်ထိအရေးပါသလဲဆိုတာ ပြည်သူ၊ ပြည်သားတွေကိုသိစေချင်လို့ ဒီမိုကရေစီရှုဒေါင့်နဲ့ ဗုဒ္ဓဝါဒီရှုဒေါင့် အမြင်နှစ်မျိုးနဲ့ရေးလိုက်တာပါ။ အဲဒီဆောင်းပါးကို အီးမေးလ်မှတဆင့်ဖြန့်ဝေပြီးတဲ့နောက် တုန့်ပြန်စာတွေ၊ တုန့်ပြန်စကားတွေ အများအပြားလက်ခံရရှိခဲ့တယ်။ တချို့ကလဲ မြန်မာပြည်သူ၊ ပြည်သားအများစု “ဒီမိုကရေစီဆိုတာဘာလဲ’’ ဆိုတာသိခွင့်ရအောင် အဲဒီဆောင်းပါးကို မြန်မာပြည်အတွင်းမှာ ကျယ်ကျယ်ပြန့် ပြန့်ဖြန့်ဝေပေးဖို့ တောင်းဆိုအကြံပြုစာတွေ အီးမေးလ်နဲ့ ပေးပို့လာကြတယ်။ တချို့ကလဲ အဲဒီဆောင်းပါးကိုဖတ်ရတော့ ဗုဒ္ဓစာပေထဲမှာ ဒီမိုကရေစီကျင့်ထုံးတွေ အများကြီးပါဝင်နေတာတွေ့ရလို့ ဝမ်းသာမိကြောင်း၊ ဖြစ်နိုင်ရင် ဗုဒ္ဓစာပေမှာပါတဲ့ ဒီမိုကရေစီကျင့်ထုံးတွေကို ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့်ရေးသားပေးစေလိုကြောင်း...

Read more »

ခဲနောက်လိုက်သော လူများ၊ သတ္တ၀ါများ

March 25, 2012
ခဲနောက်လိုက်သော လူများ၊ သတ္တ၀ါများ

ဖိုးထက် မတ်လ ၂၅၊ ၂၀၁၂ ဟိုးတစ်လောက အမေရိကန်စစ်သားတွေ အာဖဂန်စစ်သွေးကြွအလောင်းတွေအပေါ်မှာ ကျင်ငယ်ဝိုင်းစွန့်နေတာကို ရိုက်ကူးထားတဲ့ ဗွီဒီယို အတိုလေးတစ်ခုကို အွန်လိုင်းပေါ်မှာ ကျနော် ကြည့်လိုက်ရသည်။ စိတ်အဆင်အပြင် ရိုင်းစိုင်းယုတ်ညံ့လိုက်ကြတာလို့ ကျနော် တွေးမိလို့မှ မဆုံးသေး၊ အမေရိကန် တပ်ကြပ်ကြီးတစ်ယောက်က တပ်ဝင်းအပြင်ကိုထွက်ပြီး ဘာမဆိုင်၊ ညာမဆိုင် အာဖဂန်ကလေးတွေနဲ့ မိန်းမတွေကို ပြစ်သတ်ပြစ်တာကို ထပ်ပြီးသိလိုက်ရတော့ ကျနော့်မှာ ဒေါသစိတ်အထွေးလိုက်ဖြစ်နေမိတယ်။ စစ်သားဆိုတာ ဘယ်လိုလူမျိုးပါလိမ့်လို့ ကျနော်တွေးလို့မရဖြစ်လာတယ်။ စစ်သားဆိုရင် မုန်းလွန်းလို့ ရေတောင်စစ်မသောက်ဘူးလို့ ပြောကြသူတွေ မလွန်ဘူးလို့ပြောရမလား။ ကျနော့်ကို ငယ်ငယ်က “ငါ့သားကြီးရင် ဘာလုပ်မလဲ” ဟု အမေက မေးတတ်သည်။ ကျနော့်ငယ်ဘ၀မှာ ဖြစ်ချင်တာတွေက အများကြီးမှ အများကြီး။ ရွှေဥဒေါင်းရဲ့ ဆော်လမွန်သိုက်ဆိုသောစာအုပ်ကိုဖတ်ပြီး အလန်ကွာတာမိန်းလို ခရီးသွား၊ စွန့်စားသူကြီးလဲ...

Read more »

သံဃာအတု စကားတစ်ခွန်း ဆွမ်းတစ်လုပ်

March 22, 2012
သံဃာအတု စကားတစ်ခွန်း ဆွမ်းတစ်လုပ်

ဦးနိုင်ဝင်း (လန်ဒန်) မတ်လ ၂၂၊ ၂၀၁၂ သံဃာအတုအယောင်နှင့်ပတ်သက်သော သို့မဟုတ် သံဃာအရေးကိစ္စနှင့်ပတ်သက်သော ဘာသာရေးကိစ္စရပ်များကို ဖြေရှင်းရန်အတွက် နိုင်ငံတော်သံဃာ့မဟာနာယကမှစ၍ ရပ်ကွက်သံဃာ့နာယကတိုင်အောင် သာသနာညစ်နွမ်းမှုကာကွယ်ရေးအဖွဲ့အစည်းတို့ကို လွန်ခဲ့သော (၁၅) နှစ်ကျော်မှစ၍ အစိုးရမှ သီးသန့်ထပ်မံဖွဲ့စည်းထားပြီးဖြစ်သည်။ သာသနာရေးနှင့် မလျှော်ညီသော ပြစ်မှုများကျူးလွန်နေသည့် ရဟန်းအတု ရဟန်းအယောင်ဆောင်များကို တွေ့ရှိပါက ဗုဒ္ဓဘာသာမှမဟုတ် အခြားသောမည်သည့်ဘာသာဝင်မဆို မည်သည့်ပုဂ္ဂိုလ်မှမဆို နီးစပ်သောရပ်ကွက် သို့မဟုတ် ရဲစခန်းသို့ သွားရောက်တိုင်တန်းအမှုဖွင့်နိုင်သည်။ သက်ဆိုင်ရာဌာနမှ နီးစပ်ရာသံဃာ့နာယကအဖွဲ့သို့ အကြောင်းကြား၍ ချက်ချင်းအရေးယူဆောင်ရွက်နိုင်သည်။ ထိုအမှုဖွင့်ချက်ကို အရေးယူဆောင်ရွက်မှုမရှိသော သက်ဆိုင်ရာဌာနကို တရာစွဲနိုင်သည်။ (သံဃာ့ဝိနိစ္စယလက်စွဲစာအုပ်မှ ကောက်နုပ်ချက်) အထက်ပါ သာသနာညစ်နွမ်းမှုမှ ကာကွယ်ဆောင့်ရှောက်ရေးအဖွဲ့ဝင်များရှိနေသည်ကို အများကသိရှိပြီးဖြစ်ပါလျှက် ယနေ့ ဖေ့စ်ဘွတ်ခ်ပေါ် တွင် အကောင့်ခ်တု အကောင့်ခ်ယောင်များဖြင့် မဆီမဆိုင်အကြောင်းတိုက်ဆိုင်မှုမရှိပါပဲ အများပြည်သူ အာရုံများလွဲသွားစေရန် ရေးသား...

Read more »

ကျနော် လူသတ်ခြင်း

March 21, 2012
ကျနော် လူသတ်ခြင်း

ဖိုးထက် မတ်လ ၂၀၊ ၂၀၁၂ ဟိုတစ်နေ့က ရွှေပြည်ကြီးရဲ့ ကောလဟာလသတင်းတစ်ခုကိုဖတ်ရင်း ကျနော့်မှာ အူတွေမြူးလာတယ်။ သတင်းအရင်းအမြစ်က ခိုင်မာမှု တော့ မရှိပါဘူးလေ။ သတင်းအတွက် ဘယ်သူမှလဲ တာဝန်ယူထားတာမရှိပါဘူး။ ဒါပေမယ့် အဲဒီသတင်းအတွက် ကျနော့်ဘာသာ သဘော တွေ အကျကြီးကျနေမိတယ်။ ကျနော်ဖတ်လိုက်ရတဲ့သတင်းက ဦးသန်းရွှေ No tags for this post.

Read more »

ပညာရေးနှင့် လဲစားဖို့ အစားတစ်လုပ်

March 19, 2012
ပညာရေးနှင့် လဲစားဖို့ အစားတစ်လုပ်

ဖိုးထက် မတ်လ ၁၉၊ ၂၀၁၂ ပညာရေး ဘယ်လောက်အရေးကြီးသလဲဆိုတာ နိုင်ငံခြားထွက်ပြီး အလုပ်ထွက်လုပ်နေရသော ဒီအသက်အရွယ်ရောက်မှ ပြက်ပြက်ထင်ထင် သိလာတာ အင်မတန်မှ ၀မ်းနည်းဖို့ကောင်းပါသည်။ ဂွင်ကောင်းကောင်း၊ နေရာကောင်းကောင်း၊ အကပ်ကောင်းကောင်းက ပညာရေးထက် အရေးကြီးတယ်လို့ထင်ထားခဲ့တာ ရှက်စရာ။ နိုင်ငံတစ်နိုင်ငံ အဆင့်အတန်းမှီဖို့ သံယံဇာတလား၊ လူသား အရင်းအမြစ်လား။ ပထ၀ီနေရာ အနေအထားလား။ ခေါင်းရှုပ်၊ အတွေးရှုပ်တာဘဲ အဖတ်တင်မည်။ အင်္ဂလိပ်တွေက နှစ်၁၀၀ ကျော်ခိုးခဲ့သည်။ “တန်းတူညီမျှ ၀ါဒဖြူစင်တဲ့မြေ” ဆိုသည့် နိုင်ငံတော်သီချင်းစာသားများကို နားမလည်သော အချင်းချင်းက သူ့အမေလင် အမွေပိုင်ပစ္စည်းတွေလိုမျိုး ခိုးဝှက်၊ ရောင်းစားခဲ့ကြသည်။ ဒါတောင်မှ မကုန်မခန်းနိုင် သံယံ ဇာတအလွန်များသော ရွှေနိုင်ငံကြီးကို အံ့သြရသည်။ ထို့အပြင် ကမ္ဘာပေါ်တွင် ပထ၀ီနေရာအနေအထား အလွန်ကောင်းသော နိုင်ငံများ များစားစားမရှိသည့်အထဲ...

Read more »

မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲများအပေါ် စစ်တမ်းထုတ်ကြည့်ခြင်း – အပိုင်း ၃ (ခ)

March 13, 2012
မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲများအပေါ် စစ်တမ်းထုတ်ကြည့်ခြင်း – အပိုင်း ၃ (ခ)

သန်းဝင်းလှိုင် မတ်လ ၁၃၊ ၂၀၁၂ ဖဆပလ အစိုးရလက်ထက် (၁၉၅၂-၅၅) ဝန်ကြီးချုပ်ဦးနု နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဝန်ကြီးချုပ်သခင်နုအပါအဝင် အဖွဲ့ဝင်(၁၈)ဦး ပါဝင်သော အစိုးရအဖွဲ့ကို အတည်ပြုကြေညာပြီးနောက်၊ နိုင်ငံတော်ယာယီသမ္မတက ရွေးချယ်သော အကြီးအကဲများအဖြစ် နိုင်ငံတော်တရားသူကြီးချုပ် ဆာဘဦး၊ နိုင်ငံတော်ရှေ့နေချုပ် ဦးချန်ထွန်း၊ နိုင်ငံတော် စာရင်းစစ်ချုပ် ဦးစံလွင်တို့ကို ခန့်အပ်ခဲ့သည်။ ၁၉၄၈ ဇန်နဝါရီ၁၂ရက်တွင် ညီလာခံအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ တရားရေးဝန်ကြီးဦးဗဂျမ်းက တိုင်းပြုပြည်ပြုလွှတ်တော်ဥက္ကဌ လစာ၊ နိုင်ငံခြားရေးဝန်ကြီး ဦးတင်ထွဋ်က နိုင်ငံတော်သမ္မတလစာနှင့် စားရိတ်များအက်ဥပဒေကြမ်းတို့ကို တင်သွင်းခဲ့သည်။ ကွန်မြူနစ် အမတ်တို့က ပြင်ဆင်ချက်ထည့်သွင်းပြီး လစာဥပဒေကြမ်းကို အတည်ပြုခဲ့ကြသည်။ လစာနှုန်းထားများသတ်မှတ်ရာတွင် သမ္မတ ကျပ် ၅၀၀၀ (တစ်နှစ်စာအများဆုံး အသေးသုံးစားရိတ် ကျပ် ၂၄၀၀၀၊ တိုင်းခမ်းလှည့်လည်ငွေ ကျပ်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်