ရသဆောင်းပါးစုံ

ကျွန်တော်မောင်သီဟ

June 21, 2012
ကျွန်တော်မောင်သီဟ

ဝတ်မှုန် (စင်ကာပူ) ဇွန် ၂၁၊ ၂၀၁၂ ဟိုး..မလေးရှားနိုင်ငံ၊ ငှက်သိုက်များထုတ်လုပ်တဲ့ ကျွန်းတခုမှာ ကျွန်တော့်အလုပ်ရှင်သူဌေးကို လိုက်ပို့ပေးခဲ့ပါတယ်။ အဲဒီကျွန်းကို သူဌေး ပိုင်ဆိုင်ပြီး ငှက်သိုက်များ ထုတ်လုပ်ရောင်းချသူဖြစ်ပါတယ်။ မလေးရှားမှာအလုပ်လုပ်ခဲ့စဉ် မြန်မာလူငယ်လေး များစွာဟာ အဲဒီငှက်သိုက်က ငှက်ငယ်ကလေးများလို ပျံကြဲ၊ လွှင့်မျောနေတဲ့ ကြယ်ပွင့်ကလေးများလိုပါပဲ။ ထိမ်းသိမ်းမဲ့သူဟာ သူတို့အလုပ်ရှင် သူဌေးများသာ ဖြစ်ပါတယ်။ ငွေရရှိဖို့အတွက် ကျွန်တော်မောင်သီဟ မလေးရှားနိုင်ငံမှာ အလုပ်လာလုပ်ခဲ့ဖူးပါတယ်။ ထိုင်းနိုင်ငံမှာလည်း အလုပ်လုပ်စဉ်မှာ ရန်ပွဲတခုအကျိုးဆက်ကြောင့် သေရာပါ ဒဏ်ရာကြီးတခု ရရှိခဲ့ပါတယ်။ ဆေးရုံတက်ပြီး သေမင်း ရဲ့လက်က လွတ်မြောက်ခဲ့ပါတယ်။ အသက်တချောင်းဟာ ဘာမှတန်ဖိုးမရှိဘူး ကိုယ်တွေ့ဖြစ်ခဲ့ပါတယ်။ ဆေးကုသမှုခံဖို့ မြန်မာပြည်ပြန် အနားယူခဲ့ရပါတယ်။ စားဝတ်နေရေးအတွက် ထိုင်းသူဌေးတယောက် အလုပ်ကိုလုပ်ပေးစဉ်၊ အပျော်အပါး၊ ဘားကလပ်တွေမှာ လူမိုက်များ ရန်ပွဲတွေထဲ...

Read more »

ကျနော့်ရင်သွေးများသို့လက်ဆင့်ကမ်းလိုသော ဖေဖေထံမှကြားခဲ့ရသာ စကားအခွန်း ၁ဝဝ (အမှတ်စဉ် ၁)

June 17, 2012
ကျနော့်ရင်သွေးများသို့လက်ဆင့်ကမ်းလိုသော ဖေဖေထံမှကြားခဲ့ရသာ စကားအခွန်း ၁ဝဝ (အမှတ်စဉ် ၁)

သုခသား ဇွန် ၁၇၊ ၂၀၁၂ “လောကမှာ လူသုံးမျိုးရှိတယ်သား” သည်စကားကို ဖေဖေ့ထံမှကြားခဲ့ရသည့် အရင်းမြစ်သည် မထင်မှတ်ပဲပြောလိုက်မိသော ကျနော့်ရင်တွင်းမှ စကားတခွန်းအပေါ် ဖေဖေသည် ကျေနပ်ဝမ်းမြောက်သွား၍ သာဓုခေါ်ရာမှဖြစ်သည်။ ဖေဖေ့ သားတပည့်တဦးဖြစ်သူ ဦးအောင် (ရွှေသမင်စာပေ) သည် ကျနော်တို့ထက် သာလွန်၍ ဖေဖေအား ကြည်ညိုချစ်မြတ်နိုးသူ ဖြစ်ပါ သည်။ သူသည် ထုတ်ဝေသူနှင့် စာရေးဆရာဆိုတော့ တစ်လှေတည်းစီး တစ်ခရီးတည်းသွားသော စီးပွားဖက်ဖြစ်သော ထုတ်ဝေသူဘ၀မှ ရပ်နားသွားသည့်တိုက် ဖေဖေအား ချစ်ခင်လေးစားလျှက်ရှိခဲ့ပါသည်။ ဖေဖေ့မျက်စိဝေဒနာ (ဖေဖေ့စကားအတိုင်း ပြောရလျှင် မမြင်မကန်း ဝေဒနာ) ကို တိုကျိုဆေးရုံကြီးမှ ဆရာဝန်ကြီးများက လက်မြှောက် လက်လျှော့လိုက်ပါပြီစု ပြောနေသည့်ကြားမှပင် သူက ဘ၀င်မကျနိုင်ပဲ စင်ကာပူနိုင်ငံသို့ အကြိမ်ပေါင်း မြောက်များစွာခေါ်ယူ၍ ကောင်းသည့် ဆေးရုံ၊...

Read more »

စာကြည့်တိုက်ပညာရှင်ကြီးများအကြောင်း

June 17, 2012
စာကြည့်တိုက်ပညာရှင်ကြီးများအကြောင်း

မောင်စွမ်းရည် ဇွန် ၁၇၊ ၂၀၁၂ ဒီနေ့တော့ မြန်မာနိုင်ငံက စာကြည့်တိုက်ပညာရှင်ကြီးများအကြောင်းကို ပြောပြချင်ပါတယ်။ စာကြည့်တိုက်ပညာရှင်ဆိုတာ စာကြည့်တိုက် မှုးကြီးများကို ဆိုလိုပါတယ်။ စာကြည့်တိုက်မှူးဆိုတာ (နာသုံးနာဆိုတဲ့ ကျောင်းဆရာများလိုပဲ) အများအကျိုးဆောင်ရသူ စေတနာရှင် ၀န်ထမ်းတွေ ဖြစ်ပါတယ်။ သူတပါး ဘာစာအုပ်တွေ ဖတ်ချင်သလဲ၊ ဘယ်စာအုပ်ဟာ ဘယ်လိုလူတွေဖတ်တဲ့၊ ဖတ်သင့်တဲ့ စာအုပ်မျိုးလဲ ဆိုတာတွေကို အမြဲတွေးပြီး အလုပ်လုပ်နေရသူတွေ ဖြစ်ပါတယ်။ ဒီလိုအလုပ်မျိုးလုပ်ရတာ စာဖတ်ဝါသနာပါသူတွေအဖို့ ဟန်ကျတာပေါ့လို့လဲ မထင်လိုက်ပါလေနဲ့။ စာကြည့်တိုက်မှူးတယောက်ဟာ ကိုယ်ဖတ်ချင်တဲ့စာအုပ်တအုပ်ကို ဇိမ်ဆွဲပြီးဖတ်နေရတာမဟုတ်ပဲ ရှေ့က စာအုပ် မာတိကာနဲ့ နောက်ကစာအုပ်အညွှန်းလောက်ပဲဖတ်ပြီး သူများအတွက် စာအုပ်မှတ်တမ်းတိုလေးတွေကို ကတ်တလောက် ကပ်ပြားပေါ် တင်ပြီး ညွှန်းပေးတဲ့အလုပ်ကိုသာ လုပ်ပေးရတာပါ။ ဒီလိုလုပ်နိုင်ဖို့ရာကလဲ ၀ိဇ္ဇာသိပ္ပံ ဘာသာရပ်မျိုးစုံနဲ့ဆိုင်တဲ့ ကမ္ဘာသုံး ထိပ်တန်းပညာရပ် တမျိုးဖြစ်ပါတယ်။...

Read more »

စစ်ပွဲ၊ ငြိမ်းချမ်းရေး နှင့် ကမ္ဘာ့ဘာသာ အယူဝါဒများ – War, Peace And World Religions

June 16, 2012

ငြိမ်းချမ်းအေး ဇွန် ၁၆၊ ၂၀၁၂ (ဘာသာတရားအားလုံးရဲ့ အကြမ်းမဖက် ငြိမ်းချမ်းရေး သဘော၊ အယူဝါဒ ရှိသူ တစ်ဦးချင်း ဘာသာလမ်းညွှန်ချက် ကောက်ယူပုံ မှန်ကန်စွာနဲ့ လက်တွေ့ ကျင့်ကြံဖို့ အရေးကြီးတဲ့ သဘော၊ ဘာသာအယူဝါဒ ကွဲပြားသူချင်း ခွဲခြား ဖိနှိပ်ဖို့မလိုတဲ့ သဘော၊ စနစ်တကျ ပညာရပ်ဆန်ဆန် ဘာသာအယူဝါဒတွေကို လေ့လာခြင်းဖြင့် အယူဝါဒ မတူသူချင်း ပိုမိုနားလည်သဘောပေါက်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရင်း လူ့လောက တိုးတက်အောင် ဆောင်ရွက်ဖို့လိုတဲ့ သဘော —  အနှစ်ချုပ်ကဒါပဲ.. ဟု စာရေးသူက ဆိုပါသည်။) No tags for this post.

Read more »

အလုပ်သမားဆန္ဒပြမှုများကို အကျဉ်းလေ့လာခြင်း

June 14, 2012
အလုပ်သမားဆန္ဒပြမှုများကို အကျဉ်းလေ့လာခြင်း

ဇော်အောင် (မုံရွာ) ဇွန် ၁၄၊ ၂၀၁၂ မြန်မာပြည်တွင် ၂၀၁၂ မေလအတွင်း၊ လျှပ်စစ်မလုံလောက်မှု၊ အလုပ်သမားများ ဆန္ဒပြမှု၊ ရခိုင် (ဘင်္ဂလားဒေ့ခ်ျမှတရားမ၀င်လာရောက်သူများအဓိကရုန်း) စသည့် လူထုလှုပ်ရှားမှုများ အစိုးရသစ်အဖို့ ကြုံတွေ့လိုက်ရပါသည်။ ရခိုင်ပြည်နယ် မငြိမ်မသက်မှုမှာ စစ်တပ်မှဝင်ရောက်ထိမ်းသိမ်းရသဖြင့် အလားအလာမကောင်းပါ။ မကြာသေးမီနှစ်များတွင် ထိုင်းနိုင်ငံတောင်ပိုင်း ထိုင်းမူဆလင်များအား စစ်တပ်မှ အကြမ်း ဖက်၊ ဖမ်းဆီးရာတွင် ကားတွင်းပိတ်ကြပ်ပြီး အဖမ်းခံများ ရာနှင့်ချီ၊ မွမ်းကြပ်သေဆုံးသွားခြင်းကို သတိရမိပါသည်။ အကြမ်းဖက်မှုကို အင် အားသုံးဖြေရှင်းခြင်းမှာ နိုင်ငံတကာစံနှုန်းအရ လက်မခံနိုင်ကြောင်းကို မြန်မအစိုးရသစ် သိရှိပြီးဖြစ်သည်။ • လျှပ်စစ်မလုံလောက်မှုပြဿနာ အစိုးရက လျှပ်စစ်မီး၊ ကန်ထရိုက်တာများခေါ်ပြီး ဒေသအစိုးရများဖြင့် ဖြေရှင်းရန် ကြိုးစားခြင်းသည် ကောင်းမွန်သော ဖြေရှင်းချက်ဖြစ်သည်။ လျှပ်စစ်မလုံလောက်ခြင်းသည် ဆင်းရဲသောနိုင်ငံအတွက် မထူးဆန်းပါ။ ယခု...

Read more »

စိတ်ကူးထဲက ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်

June 13, 2012
စိတ်ကူးထဲက ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်

တူမောင်ညို ဇွန် ၁၃၊ ၂၀၁၂ ရန်ကုန်မြို့။ ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့၊ စနေနေ့၊ နံနက် ၁၀ နာရီ ဝန်းကျင်ခန့်။ တဖွဲဖွဲရွာသွန်းနေသော မိုးရေစက်များကို တရှိန်ထိုးဖောက်ထွင်းမောင်းနှင်နေသော စစ်ဂျစ်ကားတစီး။ ဗြိတိသျှ အမှတ် (၁၂) တံဆိပ်တပ်ဆင်းထားသည့် စစ်ယူနီဖောင်းဝတ် ဂျစ်ကားမောင်းသူ၏ တင်းမာခက်ထန်လှသော မျက်နှာပေး၊ “အစိမ်း တိုက်ခံထားရသူ” ပမာ အေးစက်စက်မာကျောကျော မျက်လုံးအစုံနှင့်သူ၏လက်သည် စတီရာရင်ဘီးကို ကျင်လည်စွာရွေ့လျားနေလျက်။ ဂျစ်ကားမောင်းသူ၏ နံဘေးထိုင်ခုံတွင်လိုက်ပါလာသူ စစ်ယူနီဖောင်းဝတ်၏ပခုံးပေါ်နှင့် လက်မောင်းပေါ်မှာ ရာထူး အဆင့် တံဆိပ်များ၊ ထိုမှ တဆင့် ထိုသူ၏ ရက်စက်မှုပုန်းခိုနေသောမျက်လုံးများ၊ ထိုသူ၏လက်ထဲတွင်းကိုင်ဆောင်ထားသော အသစ်စက်စက် တော်မီဂန်း စက်သေ နတ်၏ ပြာလဲ့အေးစက်နေသည့်သံမဏိရောင်နှင့် ခလုပ်ကွင်းပေါ်တွင် ကန့်လန်ဖြတ်လျှက် ပစ်ခတ်ရန်အသင့်တင်ထားသည့်လက်ညှိုး။...

Read more »

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေထဲက တပ်မတော်

June 13, 2012
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေထဲက တပ်မတော်

ဦးမျိုး (ဥပဒေ) ဇွန် ၁၃၊ ၂၀၁၂ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင်လည်းကောင်း၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင်လည်းကောင်း တပ်မ တော်ဟူ၍ အခန်း သီးသန့်ဖော်ပြခဲ့သည်ကို လုံးဝမတွေ့ရပါ။ ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်မူ တပ်မတော်အခန်းကို သီးသန့် ပြဋ္ဌာန်းထားသည်သာမက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပါဝင်သည့် ပုဒ်မပေါင်း အမြောက်အများကိုပါ တခြားအခန်းများတွင် ပြဋ္ဌာန်း ထားသည်ကိုလည်း တွေ့ရှိရပါသည်။ ကာကွယ်ရေးဦးစီးချုပ်ဆိုင်ရာ ပုဒ်မများကို တပ်မတော်အခန်း တွင်သာ ပြဋ္ဌာန်းသင့်ပါသည်။ ဥပဒေပါ အနှစ်သာရများကို ရောထွေးယှက်တင်မဖြစ်စေရန် အခန်းခွဲထားခြင်းမရှိဘဲ အခန်းတိုင်းပါဝင်နေမှုမှာ တမိုးလုံးဖျောက်ဆိပ်ဆိုသလိုပင် စစ် အာဏာရှင်စနစ်၏ ဖော်ပြချက်များကို တွေ့မြင်နေရပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်မှာ စစ်တပ်လက်စွဲကျမ်းတစောင်ပမာ ဖြစ်နေ ပါသည်။ နိုင်ငံတကာ ဥပဒေပညာရှင်များက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို...

Read more »

ထားဝယ်စီမံကိန်းနဲ့ ယုံကြည်မှု

June 12, 2012
ထားဝယ်စီမံကိန်းနဲ့ ယုံကြည်မှု

ဝတ်မှုန် (စင်ကာပူ) ဇွန် ၁၂၊ ၂၀၁၂ ဘာပဲလုပ်လုပ် ယုံကြည်မှုရှိမှ အောင်မြင်ပါမယ်။ ယုံကြည်မှုသာရှိရင် အခုမအောင်မြင်တောင် အချိန်ကာလတခုမှာ အောင်မြင်မှာပါ။ မြန်မာနိုင်ငံ၊ သမ္မတရဲ့ မိန့်ခွန်းမှာ ပွင့်လင်းစွာပြောကြားခဲ့တာတော့ ၂၀၁၂မှာ လူတဦးချင်းဝင်ငွေ တနှစ်ဒေါ်လာ ၁၀၀၀ ကနေ နောက် ၂၀၁၅ မှာ လူတဦးချင်းဝင်ငွေ ၃၀၀၀ ရဖို့ လက်တွေ့မကျကြောင်း၊ ၂ ဆပဲတိုးတက်ဖို့ မှန်းသင့်ကြောင်း၊ အထူးသဖြင့် နိုင်ငံခြားရင်းနှီးမှုများ ၀င်လာမှ မြန်မာနိုင်ငံသားများရဲ့ အလုပ်ကိုင်အခွင့်လမ်းရှိလာပြီး၊ ၀င်ငွေတိုးတက်လာမယ်ဆိုပါတယ်။ မေးခွန်းထုတ်စရာတခုရှိပါတယ်။ အဲဒီနိုင်ငံခြားငွေများရလာပြီး တိုးပွားအောင်လုပ်ဖို့က ဘယ်သူ့ကိုယုံမှာလဲ ဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ ဥပမာ .. ထားဝယ်စီမံကိန်းကို မြန်မာ၊ ထိုင်းနိုင်ငံ ပူပေါင်းလုပ်ဆောင်ရာမှာ ရင်းနှီးမြှတ်နှံဖို့ သမ္မတဦးသိန်းစိန်က ဂျပန်ကုမ္ပဏီများကို ယုံ ကြည်ဖို့၊...

Read more »

သမိုင်းတကွေ့မှ ဗန္ဓုလဦးစိန်

June 12, 2012
သမိုင်းတကွေ့မှ ဗန္ဓုလဦးစိန်

သန်းဝင်းလှိုင် ဇွန် ၁၂၊ ၂၀၁၂ စစ်ကြိုခေတ် “ဗန္ဓုလဂျာနယ်”ကို တည်းဖြတ်ထုတ်ဝေပြီး လွတ်လပ်ရေးတိုက်ပွဲတွင် တတပ်တအားပါဝင်ခဲ့သော သမိုင်းတကွေ့မှ ဝါရင့်နိုင်ငံ ရေးသမားကြီး ဗန္ဓုလဦးစိန်ကို ၁၉၀၀ ပြည့်နှစ် မတ်လ ၁၃ ရက် အင်္ဂါနေ့တွင် မန္တလေး ဒီစတြိတ်ခရိုင် (ယခုတိုင်းဒေသကြီး) မြစ်ငယ်မြို့၌ အဖ ဦးဖိုးကြူးနှင့် အမိ ဒေါ်ကျော့တို့မှ ဖွားမြင့်သည်။ သူသည် မန္တလေးမြို့ ဝါးတန်းရပ် ကုမ္မာဝတီပုံနှိပ်တိုက်ပိုင်ရှင် ဦးချင်း၏ တူဖြစ်သည်။ ငယ်စဉ်က ဘုန်းကြီးကျောင်း၌သာ ပညာသင်ကြားခဲ့ရသည်။ ခေတ်ပညာတတ်မဟုတ်သဖြင့် ဂျပန်ခေတ်က သူ့ကို ဝန်ကြီးခန့်သောအခါ ဂျပန်စစ်ဘက်မှ လက်မခံချင်သလိုလို ပြောဆိုခဲ့သည်။ အသက် ၁၉ နှစ်တွင် ရန်ကုန်သို့ ရောက်ရှိလာပြီး မြန်မာ့ အလင်းသတင်းစာတိုက်တွင် အယ်ဒီတာဝင်လုပ်ခဲ့သည်။ စာပေဗဟုသုတကြွယ်ဝ၍ အလုပ်ကြိုးစားမှုကြောင့်...

Read more »

ကျမ သူငယ်ချင်း “စု” (ကမ္ဘာ့ထင်ရှားသော နိုင်ငံရေးပညာရှင်များနောက်ကွယ်မှ အမျိုးသမီးတဦး)

June 11, 2012
ကျမ သူငယ်ချင်း “စု” (ကမ္ဘာ့ထင်ရှားသော နိုင်ငံရေးပညာရှင်များနောက်ကွယ်မှ အမျိုးသမီးတဦး)

ရေးသူ- နိုရီကို အိုဟတ်စု (Noriko Ohtsu) ဘာသာပြန်ဆိုသူ – ဒေါက်တာ သီဟမောင် (ကမ္ဘောဇ) (ထိုင်း – မြန်မာနယ်စပ်) သရုပ်ဖော်ပန်းချီ – ခင်မောင်ရင် ၁၉၉၁ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် (အောင်ဆန်းစုကြည်) ဆိုတဲ့ ချောမောလှပတဲ့ အာဇာနည်သူရဲကောင်း အမျိုးသမီးတဦးကို တကမ္ဘာလုံးက သိကြပါတယ်။ သူမဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီမီးရှူးတန်ဆောင်ကို နှစ်ပေါင်း (၂၀) ထက်မက ထွန်းညှိတောက်ပြောင် စေခဲ့သူဖြစ်ပြီး မကြာသေးခင်ကာလအထိ နှစ်ပေါင်းများစွာ အကျဉ်းစံခံခဲ့ရသူလဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျမအဖို့မှာတော့ လွန်ခဲ့တဲ့ (၃၅) နှစ်လောက်ကတည်းက ငယ်ရွယ်နုပျိုတဲ့ သုတေသီပညာရှင်ရဲ့ဇနီးသည်အဖြစ် အင်္ဂလန်နိုင်ငံ အောက်စ်ဖို့မှာ စတင်သိကျွမ်းရင်နှီးခဲ့ချိန်ကစပြီး “စု” ကို ရိုးရိုးကလေးနဲ့ ထင်ရှားတဲ့ဇနီးတဦး ဒါမှမဟုတ်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်