ရသဆောင်းပါးစုံ

ကျွန်တစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက် (Po Htet)

August 15, 2012
ကျွန်တစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်  (Po Htet)

 ဖိုးထက်၊ သြဂုတ် ၁၅၊ ၂၀၁၂ ဒီမယ်ဗျ ကျုပ် နိုင်ငံခြားမှာ အလုပ် ထွက်လုပ်နေတဲ့နှစ်တွေ ရည်တွက်ရင် လက်နှစ်ဖက်နဲ့တောင် မရည်နိုင်တော့ဘူး။ ကျုပ်ကျောင်းပြီးပြီးချင်း ၀န်ကြီးဌာန တစ်ခုမှာ နေ့စားနဲ့ ၀င်လုပ်သေးတာ။ အဲ ပြောစမ်းပါရစေအုံး။ ကြွားတယ်လို့လဲ မထင်ကြနဲ့။ ကြွားလောက်အောင်လဲ ဟုတ်ပါဘူး။ ကျုပ် အင်ဂျင်နီယာဘွဲ့ရတယ်။ အင်ဂျင်နီယာလို့သာပြောတာပါ။ သူလို ကိုယ်လို ကျောင်းမှန်မှန်တက်ပြီး တစ်နှစ် တစ်တန်း ပုံမှန်အောင်သွားတာပါ။ ဘာတတ်လဲ မမေးနဲ့။ ဘာမှ မတတ်ဘူး။ ကျုပ်တို့ကို သင်တဲ့ ဆရာ၊ ဆရာမလေးတွေဆိုတာ ၁၅၀ တန်းဆိုလား၊ စံပြတန်းဆိုလား ဆင်းလာပြီး ကျုပ်တို့ကို သင်တာ။             ဆရာ၊ ဆရာမလေးတွေဆိုတာ အသက်က ငယ်ငယ်။ အစိုးရပေးတဲ့ လခနဲ့ ဘယ်မှာ...

Read more »

အမှောင်ထဲ လျှောက်ရဲသူပါ (Maung Aung Mon)

August 12, 2012
အမှောင်ထဲ လျှောက်ရဲသူပါ  (Maung Aung Mon)

အမှောင်ထဲ လျှောက်ရဲသူပါ မောင်အောင်မွန်၊ သြဂုတ် ၁၂၊ ၂၀၁၂ (၁)             “ဒေါ်အေးမိ တယ်လီဖုန်း”             ဌာန ဒုတိယအကြီးအကဲ ဦးသာဦး၏ ခက်ထန်မာကျောသော အသံကိုကြားနေကျမို့ မထူးဆန်း။ ဒေါ်အေးမိထံ ဘယ်သူကများ တယ်လီဖုန်းဆက်ပါလိမ့်၊ အခန်းထဲသ၀င်သွားသော အထက်တန်းစာရေးမ ဒေါ်အေးမိကို အားလုံးငေးကြည့်ကာ အမျိုးမျိုးထင်ကြေးပေးနေကြသည်။ ခင်မင်သူများက ကောင်းသတင်း ဖြစ်ပါစေဟု ဆုတောင်းကြသည်၊ ခင်ပွန်းသည် ဦးစိုးတင်ထောင်က လွတ်လာလို့များလား။ အသံမထွက်ကြဖို့ ရုံးအုပ်ဦးတင်ဝင်းက သတိပေးသည်။             ဌာနခွဲစာရေးကနေ ခုန်ပျံကျော်လွှားကာ ဒုတိယအကြီးအကဲတက်ဖြစ်သွားသူ ဦးသာဦးကို ဗိုလ်မှူး ထက်ပင်ပိုလို့ကြောက်ကြရသေးသည်။ ဗိုလ်မှူးကိုယ်တိုင်ကလည်း အစစအရာရာ ဦးသာဦးကို လွှဲထားလိုက် တာ ဒါရိုက်လိုင်းတယ်လီဖုန်းအထိ၊ စကားနည်းနည်းသာပြော အလုပ်နည်းနည်းသာလုပ်ပြီး အဲ အခွင့်အရေး ကျတော့ တပြားသားမှ...

Read more »

ထိုင်ခုံများ နှင့် ကျနော် (Po Htet)

August 11, 2012
ထိုင်ခုံများ နှင့် ကျနော် (Po Htet)

ဖိုးထက်၊ သြဂုတ် ၁၂၊ ၂၀၁၂ ထိုင်ခုံဆိုသည့် အရာကို ကျနော့်ဘ၀မှာ မှတ်မှတ်သားသား စတင်ခံစားမိသည့် အချိန်မှာ သူငယ်တန်းတက်သည့် အချိန်ဖြစ်သည်။ အမေက အထက်တန်းပြဆရာမ။ သူ့သားအငယ်ကို သူငယ်တန်းစတက်ဖို့ သူ့ကျောင်းရှိ ညီမငယ်လိုဖြစ်နေသည့် သူငယ်တန်း အတန်းပိုင်ဆရာမဆီ ခေါ်သွားခဲ့သည်။ “သားလေး ဒါ မင်း အတန်းပိုင်ဆရာမ။ ဆရာမစကားကို နားထောင်ရမယ်နော်။ ငါ့သားက ဆရာမစကား နားမထောင်လို့ ရိုက်ရင် အမေ့ကို လာမတိုင်နဲ့ ။ အမေလဲ မတတ်နိုင်ဘူး။” ဆိုသည့် မှာကြားသံနှင့်အတူ ကျနော့်ကို အပ်ထားခဲ့သည်။ ဆရာမငယ်ငယ်လေးက အထက်တန်းပြဆရာမကြီး ကျနော့် အမေကို လေးစားစွာဖြင့် ပြန်လှန်ပြောဆိုနေသည့် စကားသံများကို ကျနော် ဂရုမစိုက်မိတော့။ ပထမဆုံး ကျောင်းတက်ရသည့် ရင်ခုန်မှုကို အခုအချိန်ထိ ခံစားလို့ရတုံးဖြစ်သည်။...

Read more »

အားကစားသမားဘဝ.. အမှတ်တရများ.. (၂) – Sports by Nyein Chan Aye ( part – 2 )

August 4, 2012
အားကစားသမားဘဝ.. အမှတ်တရများ.. (၂) – Sports by Nyein Chan Aye ( part – 2 )

ငြိမ်းချမ်းအေး သြဂုတ် ၄၊ ၂၀၁၂ လန်ဒန် အိုလံပစ် ဘော်လီဘောပွဲ သွားကြည့်တဲ့ ဓာတ်ပုံတွေကို အဒေါ်ဖြစ်သူက အားကစား ဝါသနာကြီးတဲ့ တူဖြစ်သူ ကျနော့်ကို တကူးတက ပို့ပေးရှာတယ်..။ သူ မသိတော့တာက ငယ်ငယ်တုန်းက အစွဲအလမ်းသိပ်ကြီးတဲ့ အားကစားဟာ ခု ကိုယ်နဲ့ ဘယ်လိုမှ မပတ်သက်တော့သလို ခံစားနေရတာကိုပဲ..။ စိတ်ခံစားမှုက ထူးတော့ ထူးဆန်းတယ်..။ No tags for this post. Related posts No related posts.

Read more »

အမေ့ အမွေ (Po Htet)

August 1, 2012
အမေ့ အမွေ  (Po Htet)

အမေ့ အမွေ ဖိုးထက်၊ သြဂုတ် ၁၊ ၂၀၁၂             ဤလောက ကမ္ဘာမြေကြီးပေါ်ဝယ် သတ္တ၀ါအမျိုးစုံ ရှင်သန် နေထိုင်ကြသည်။ ထို အထဲကမှ လူဆိုသည့် သတ္တ၀ါ တစ်မျိုးသာ အသိဥာဏ် အမြင့်မားဆုံး ဖြစ်သလို အရှုပ်အထွေးဆုံး ဖြစ်သည်။ လူတစ်မျိုးတည်းသာ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု စသည်တို့ကို လက်ဆင့်ကမ်းနိုင်ကြသည်။ အမွေပေးခဲ့ကြသည်။             “အမွေ” ဆိုသည့် စကားလုံးကို ထပ်မံ ပိုင်းခြားရလျှင် ကောင်းမွေ နှင့် ဆိုးမွေ ဆိုသည့် နှစ်မျိုး နှစ်စား ရမည်။ မီး ကို ကိုယ်တိုင် ပြုလုပ်တတ်စေရန်၊ ဆန်စပါးကို ကိုယ်တိုင် စိုက်ပျိုး ရိတ်သိမ်း စားသောက်တတ်စေရန် စသည့် ကောင်းမွေများ။ ကမ္ဘာစစ်ကြီးများ၊...

Read more »

နှစ်လည်များစွာ – Ashin Nanika

July 24, 2012
နှစ်လည်များစွာ – Ashin Nanika

နှစ်လည်များစွာ အရှင်ဥာဏိက၊ ဇူလိုင် ၂၄၊ ၂၀၁၂ မုဒိတာရွှေကျောင်းရဲ့ နှစ်ပတ်လည်ပွဲဖိတ်စာကိုရိုက်နေရင်း တစ်နှစ်တာကာလဆိုတဲ့ အချိန်အကြောင်း စဉ်းစားမိတယ်။ နှစ်ပတ်လည်ပွဲကျင်းပမယ်လို့ နီးစပ်သူအချို့ကိုပြောဖြစ်တော့ အော် တစ်နှစ်တောင် ပြည့်သွားပြီလား၊ ဘာမှ မကြာသေးဘူး၊ ခဏလေးပဲထင်ရတယ်လို့ ပြောကြတာ မနည်းဘူး။ တစ်ဦး နှစ်ဦးစကတော့ အော်ခုမှ တစ်နှစ်ပဲရှိသေးတာလား။ တော်တော်ကြာသွားပြီလို့ အောက်မေ့နေတာလို့ ပြောပါတယ်။ တစ်နှစ်ဆိုတဲ့အချိန်ကာလဟာ ကုန်လွယ်တယ်ထင်သူတွေအဖို့ မြန်လွန်းနိုင်သလို အကုန်မြန်လိုသူ တွေအတွက်တော့ အလွန်ပဲကြာညောင်းပါလိမ့်မယ်။ အချိန်ကာလက လူအမျိုးမျိုးကိုလိုက်ပြီး အတို အရှည် ပြောင်းရိုးမရှိပေမယ့် လူအမျိုးမျိုကတော့ ကိုယ့်ခံစားချက်ကိုအခြေခံလို့ အချိန်ကာလအတို အရှည်ကို အဓိပ္ဗါယ်ဖွင့်ကြတာမို့ ခုလိုပဲ အချိန်ကာလ အတိုအရှည် ဖြစ်သွားတာဖြစ်မှာပါ။ ပြီးခဲ့တဲ့တစ်နှစ်အတွင်း ကျောင်းပြုပြင်ရေး အဟောင်းပြုပြင်ရေး တော်တော်များများလုပ်နေခဲ့လိုက် တာနဲ့ အချိန်က ကုန်လို့ကုန်သွားမှန်းတောင်...

Read more »

ဆင်ခရွန်ကကိုလတ်နဲ့ ၂၀၁၂ စင်ကာပူ၊ မြန်မာအခြေအနေ

July 21, 2012
ဆင်ခရွန်ကကိုလတ်နဲ့ ၂၀၁၂ စင်ကာပူ၊ မြန်မာအခြေအနေ

ဇော်အောင် (မုံရွာ) ဇူလိုင် ၂၁၊ ၂၀၁၂ ကျွန်တော့်မှာ ခင်မင်လေးစားရဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ ၁၉၉၀ခုနှစ်လောက် ကျွန်တော်တို့ အင်ဂျင်နီယာပေါက်စများစွာ မြန် မာပြည်က နည်းအမျိုးမျိုးနဲ့ထွက်လာပြီး စင်ကာပူမှာ သူများမလုပ်ချင်တဲ့ သင်္ဘောကျင်း၊ ဆောက်လုပ်ရေးအလုပ်တွေကို လာလုပ်ချိန်မှာ ကိုလတ်ဆိုတဲ့ အီလက်ထရွန်းနစ်ပညာကျွမ်းကျင်တဲ့ မိတ်ဆွေတစ်ယောက်ကို ခင်မင်ရပါတယ်။ သူ့ရဲ့အလုပ်ကြိုးစား၊ တတ်သိကျွမ်းကျင် မှုကြောင့် သူအလုပ်လုပ်တဲ့ Syncron ဆိုတဲ့ သင်္ဘောအော်တိုမေးရှင်းကုမ္ပဏီလေးမှာ သူဌေးတော်တော်အားကိုးရတဲ့လူ ဖြစ်လာပါတယ်။ သူလည်းပဲ မြန်မာပြည် ဖားအံဘိလပ်မြေစက်ရုံက Government Gazetted Office ဘ၀ကနေထွက်လာပြီး စင်ကာပူအလုပ်လာရှာတဲ့အချိန် Syncron မှာလုပ်နေတဲ့ ဗမာတစ်ယောက်က တစ်လစာ ပွဲခပေးရမယ်ပြောပြီး အလုပ်ရခဲ့ပါတယ်။ အဲဒီခေတ်က အခုခေတ်လို အလုပ်မရခင် ဒေါ်လာ၃ထောင်ကျော် ပွဲစားခပေးရတဲ့ခေတ်မဟုတ်သေးပါဘူး။ ပွဲစားဆိုတာလည်း ရှားပါတယ်။ ခပ်ရှင်းရှင်းပြောရရင်...

Read more »

Ashin Dhamma Piya – ပညာရေးမူဝါဒကို ပြန်လည်ပြုပြင်ပေးမည်ဆိုလျှင်

July 19, 2012
Ashin Dhamma Piya – ပညာရေးမူဝါဒကို ပြန်လည်ပြုပြင်ပေးမည်ဆိုလျှင်

ပညာရေးမူဝါဒကို ပြန်လည်ပြုပြင်ပေးမည်ဆိုလျှင် ဒေါက်တာဓမ္မပိယ၊ ဇူလိုင် ၁၉၊ ၂၀၁၂           “ပညာရဲရင့် ပွဲလယ်တင့်” တဲ့။ မြန်မာတို့ရဲ့ ဆိုရိုးစကားပါ။ ဒီစကားနှင့်စပ်ပြီး စဉ်းစားစရာတွေက အများကြီး။ ပညာရဲရင့်လျှင် (သို့မဟုတ်) ပညာရှင်တစ်ယောက်ဖြစ်ခဲ့မည်ဆိုလျှင် ပွဲလယ်တင့်မည်လို့ ဆိုရိုးပြု ထားတဲ့စကားပါ။ ဒါပေမဲ့ မြန်မာလူမျိုးများ ကမ္ဘာ့အလယ်မှာ မတင့်တယ်နိုင်သေးတဲ့အဖြစ်၊ မ၀င့်ထယ်နိုင် သေးတဲ့အဖြစ်ပါ။ ပညာအရည်အချင်းများ နည်းပါးနေခြင်းကြောင့် ကမ္ဘာ့နိုင်ငံများမှာ အလုပ်သမားဘ၀နဲ့ (များသောအားဖြင့်) ကျင်လည်နေကြရဆဲပါ။           ဒီလိုဖြစ်နေရတဲ့အကြောင်းရင်းကို ရှာကြည့်တော့ သင်ကြားပို့ချပေးတဲ့ ပညာရေးစနစ်ကပဲ စနစ်မမှန် လို့လား။ ပြဋ္ဌာန်းပေးထားတဲ့ ဘာသာရပ်တွေကပဲ လွဲချော်နေလို့လား။ သို့မဟုတ် သင်ကြားပို့ချပေးသူများကပဲ သင်ကြားနည်းစနစ်များ မမှန်လို့လား။ တစ်ခုခုတော့ လွဲမှားနေလို့ဖြစ်မှာပါ။ ဒါဆိုရင် ပညာရေးစနစ်ကို ပြန်လည်ပြုပြင်ဖို့ (Education Reform...

Read more »

ကျနော်တမ်းတမိသော ဗိုလ်ချုပ်၏အမှတ်တရများ (၂)

July 17, 2012
ကျနော်တမ်းတမိသော ဗိုလ်ချုပ်၏အမှတ်တရများ (၂)

မောင်လူဝေး ဇူလိုင် ၁၇၊ ၂၀၁၂ • အဆင်းရဲဆုံးနိုင်ငံရေးသမား သခင်အောင်ဆန်း ဗိုလ်ချုပ်သည် ငယ်စဉ်ကလေးဘ၀ကပင် သူပုန်စိတ်ထားရှိပြီး အကြံကြီးသူဖြစ်သည်။ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ဟူသောလူစားမျိုး ဖြစ်သည်။ လူရိုင်းစိတ်ထားရှိပြီး လူယဉ်ကျေးများနှင့်အသားမကျခဲ့။ မျက်နှာလိုမျက်နှာရနှင့် အထက်လူကြီးများအားတိုင်တော ကုန်းချော တတ်သူများကို ရွံရှာစက်ဆုပ်သူဖြစ်သည်။ ဗိုလ်ချုပ်သည် လမ်းသွားလျှင် ပတ်ဝန်းကျင်ကို ဂရုပြုလေ့မရှိသည်မှာ သူ့အကျင့်တခုဖြစ်သည်။ သူကား အစဉ်းစားကြီးသူဖြစ်သည်။ သူ၏စဉ်းစားခြင်းအလုပ်မှတပါး အခြားမည်သည့်ကိုမျှ ဂရုမစိုက်တတ်။ ဗိုလ်ချုပ်သည် အခြားသူများကဲ့သို့နေ့တွင်အလုပ်လုပ်လေ့မရှိ။ ညမှသာ တညလုံးစားပွဲတွင်ထိုင်ကာ အလုပ်လုပ်လေ့ရှိသူဖြစ်သည်။ အရေးကြီးလျှင် တညလုံးမအိပ်ပဲ အလုပ်လုပ်တတ်သည်။ စိတ်လည်း အလွန်မြန်သူဖြစ်သည်။ တို့ဗမာအစည်းအရုံးတွင် အဆင်းရဲအခံနိုင်ဆုံးနိုင်ငံရေးသမားကိုပြပါဆိုလျှင် ဗိုလ်ချုပ်ကို ပြရမှာဖြစ်သည်။ စားရမဲ့၊ သောက်ရမဲ့၊ ၀တ်ရမဲ့ဖြစ် နေစေကာမူ သူ့အား လစဉ်ငွေကြေး လိုသလောက်ထောက်ပံ့နိုင်သော သူ့မိခင်ကြီးကို...

Read more »

နိုင်ငံသားတို့ ပခုံးထက်က နတ်ဆိုးများ

July 14, 2012
နိုင်ငံသားတို့ ပခုံးထက်က နတ်ဆိုးများ

ဇော်သက်ထွေး / ပြည်သူ့ခေတ်ဂျာနယ် ဇူလိုင် ၁၄၊ ၂ဝ၁၂ ကျွန်တော်တို့ တိုင်းပြည်သည် အရှေ့တောင်အာရှတွင် အချမ်းသာဆုံးနှင့် ပုံရိပ် အကောင်းဆုံး အခြေအနေမှ နိမ့်ကျသည့် စိတ်အခြေအနေများကြောင့် ပြည်တွင်းစစ် အမျိုးမျိုးကို ရင်ဆိုင်ကာ ဆင်းရဲတွင်းထဲသို့ သက်ဆင်းခဲ့ရပြီး ဖြစ်သည်။ ယခုအခါ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများကို အရှိန်အဟုန်ဖြင့် ပြုလုပ်နေသော်လည်း တိုင်းပြည်အပေါ် မထောက်ထား မညှာတာသည့် နတ်ဆိုးများကိုလည်း တွေ့မြင် နေရပါသည်။ ယင်းနတ်ဆိုးများသည် မည်သည့်ခေတ် မည်သည့် အခြေအနေကို ရောက်နေသည်ဖြစ်စေ အတ္တ ဗဟိုပြုဝါဒကို ကိုင်စွဲကာ ဘ၀ကို တန်ဖိုး မဲ့ ဖြတ်သန်း နေကြသူများ ဖြစ်ပါသည်။ နိုင်ငံသားတွေ၏ ပခုံးထက်တွင် တက်ထိုင်နေကြသော နတ်ဆိုးများအကြောင်းကို ဖော်ပြချင်ပါသည်။ ၁။ ဆူပူရန် အင်တာနက်အပေါ်မှာ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်