ရသဆောင်းပါးစုံ

ကျနော် ဗုဒ္ဓဘာသာ

May 23, 2012
ကျနော် ဗုဒ္ဓဘာသာ

ဖိုးထက် မေ ၂၃၊ ၂၀၁၂ ကျနော့်ကို မင်းကိုးကွယ်ယုံကြည်ရာ ဘာသာက ဘာလဲလို့ မေးလာရင် မဆိုင်းမတွဘဲ ဗုဒ္ဓဘာသာလို့ ဖြေတတ်ပါတယ်။ အဖြေရဲ့ အ နောက်မှာ စိတ်မလုံခြုံတဲ့ ခံစားမှုတစ်ခုကတော့ ကပ်လျက်ပါလာစမြဲပေါ့။ မိဘတွေက ဗုဒ္ဓဘာသာမို့လို့ မိရိုးဖလာ ဗုဒ္ဓဘာသာဖြစ်ခဲ့တော့ ဗုဒ္ဓ ဘာသာနဲ့ပတ်သက်ပြီး မေးခွန်းတွေ ထပ်ပြီးမေးမှာကြောက်ကို ကြောက်နေခဲ့တာပါ။ အိပ်ရာဝင်ချိန် ဦးသုံးချိန် ပေါက်ဆိန်ပေါက်ရှိခိုး။ ပါးစပ် က ဗုဓ္ဓံသရဏံ ဂစ်စ္ဆာမိ၊ ဓမ္မံသရဏံ ဂစ်စ္ဆာမိ၊ သံဃံ သရဏံ ဂစ်စ္ဆာမိရွတ်ဆို။ ပြီးရင် လောလော လောလော ထိုးအိပ်တဲ့အကောင်ဆိုတော့ ဗုဒ္ဓဘာသာလို့ပြောလိုက်ရရင်ကို စိတ်မှာမလုံခြုံချင်ဘူး။ ရှင်တော်ဘုရားက သာမန်လောကီသားတွေ လိုက်နာဖို့ အနိမ့်ဆုံး ငါးပါးသီလ သတ်မှတ်ပေးခဲ့ပေမယ့် မလိုက်နာနိုင်တာ များပါတယ်။ ဘာသာတရားနဲ့ပတ်သက်ရင်...

Read more »

အတိုက်အခံ၊ အပြိုင်အဆိုင်နှင့် အပေးပြိုင်ပွဲ

May 23, 2012
အတိုက်အခံ၊ အပြိုင်အဆိုင်နှင့် အပေးပြိုင်ပွဲ

ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း) မေ ၂၃၊ ၂၀၁၂ မဇ္ဈိမဒေသမှာ မြတ်စွာဘုရားမပွင့်ပေါ်မီ ကတည်းက ပေါ်ပေါက်ခဲ့တဲ့ ဂိုဏ်းဆရာကြီး ခြောက်ဦးရှိပါတယ်။ သူတို့ဟာ မြတ်စွာ ဘုရား ပွင့်တော် မချိန်အထိလည်း သူ့နောက်လိုက် သူ့ပရိတ်သတ်နဲ့သူတော့ အတော်ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးတွေပါ။ သမိုင်းသုတေ သီအချို့က သူတို့ကို “ဗုဒ္ဓနှင့် ခေတ်ပြိုင် ဘုရားကြီးခြောက်ဆူ’’ လို့ သတ်မှတ်သုံးစွဲပြောဆိုကြပါတယ်။ သူတို့ကို ကြည်ညိုကြသူများအနေနဲ့လည်း ကိုယ့်ဆရာကို တော့ ဒီလိုပဲထင်မှတ်ပြီး ချီးမြှောက်ပြောဆိုကြမယ်ထင်ပါတယ်။ အမှန်ကတော့ သူတို့ဟာ ဂိုဏ်းဆရာကြီးတွေပါ။ ဒီဂိုဏ်းဆရာကြီးတွေကို မကြည်ညိုကြသူများကတော့ “တိတ္တိကြီးတွေ’’ လို့ ပြောဆိုသုံးစွဲကြပါတယ်။ မြန်မာ့ဇာတ်သဘင်လောကမှာတော့ ဒီပုဂ္ဂိုလ်ကြီးတွေကို အရိုင်းအစိုင်းကြီးတွေ သဘောမျိုးဖြစ်အောင် သရုပ်ဆောင်ပြကြတာကိုလည်း တွေ့ရပါတယ်။ ဒီဃနိကာယ်၊ သာမညဖလသုတ်မှာတော့ သူတို့နဲ့ပတ်သက်လို့ “သဃိံဂဏီ = နောက်လိုက်များစွာ...

Read more »

ကျွမ်းလောင်မှု၏ စွမ်းအား – အပိုင်း (၃)

May 22, 2012
ကျွမ်းလောင်မှု၏ စွမ်းအား – အပိုင်း (၃)

လောအယ်စိုး မေ ၂၂၊ ၂၀၁၂ ဓာတ်ပုံသတင်းထောက်ကောင်းတစ်ဦးဖြစ်ဖို့အတွက် အဆက်အသွယ်၊ အခွင့်အလမ်းနည်းပါးခဲ့သော်လည်း ကျွန်တော်စိတ်ဓာတ်မကျ။ အရာရာကိုကျော်လွှားနိုင်ဖို့ ကျွန်တော့်တွင် အားနှင့်မာန်အပြည့်ရှိသွားပေသည်။ ဂျပန်သတင်းဌာနတစ်ခုမှ သတင်းထောက်တစ်ဦးလိုအပ်သည်ဟု မိတ်ဆွေဓမ္မဆရာကြီးတစ်ဦးမှ အကြောင်းကြားလာသည့်အတွက် ကျွန် တော်ဝမ်းသာအားရ လူတွေ့စစ်ဆေးမှုကို ပြုလုပ်ခဲ့သည်။ စိတ်လှုပ်ရှားစွာဖြင့် ၎င်းတို့မှအဖြေကို မျှော်လင့်သည်။ ကျွန်တော့်ကို မရွေးပါ။ သို့သော် ကျွန်တော် စိတ်ဓာတ်မကျ။ ကျွန်တော့်စိတ်ဓာတ်နှင့် အားမာန်တို့သည် ကချင်ပြည်နယ်ခရီးစဉ်အတွင်း ယှဉ်၍လမ်းလျှောက်ခဲ့သော မေခမြစ်ကြီးထံသို့ အရှိန်အဟုန်ပြင်းနေဆဲ။ တစ်နေ့ မိတ်ဆွေတစ်ဦးမှ မိတ်ဆက်ပေး၍ ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာ ကိုချိုတူးဇော်နှင့် တွေ့ဆုံသိကျွမ်းခွင့်ရခဲ့သည်။ ထိုအခါ သူက ထူးထူးဆန်းဆန်း “ကိုလောအယ်စိုး၊ ခင်ဗျားရဲ့ ကချင်ပြည်နယ်အတွင်းလမ်းလျှောက်တဲ့ခရီးစဉ် နေ့စဉ်မှတ်တမ်းကို ကျွန်တော်ဝယ်ချင် တယ်ဗျာ။ ခင်ဗျားဆန္ဒရှိရင် ကျွန်တော့်ကိုရောင်းပါလား” ဆိုတော့ ကျွန်တော်ကြောင်သွားသည်။ ဒီလူ...

Read more »

သမိုင်းတကွေ့မှ ဗိုလ်ရဲထွဋ်

May 20, 2012
သမိုင်းတကွေ့မှ ဗိုလ်ရဲထွဋ်

သန်းဝင်းလှိုင် မေ ၂၀၊ ၂၀၁၂ မြန်မာ့လွတ်လပ်ရေးသမိုင်းအကြောင်းကိုပြောမည်ဆိုလျှင် သမိုင်းတကွေ့မှ ရဲဘော်သုံးကျိပ်၏အခန်းကဏ္ဍကို ချန်လှပ်၍မရချေ။ မျိုးချစ်လူ ငယ်များဖြင့်ဖွဲ့စည်းခဲ့သော ရဲဘော်သုံးကျိပ်အဖွဲ့ဝင်များအနက် အသက်အငယ်ဆုံးနှင့် ယနေ့တိုင် သက်ရှိထင်ရှားရှိနေသည့် ရဲဘော်သုံးကျိပ် နှစ်ဦးအနက် ဗိုလ်မှူးရဲထွဋ်နှင့် ဗိုလ်မှူးချုပ်ကျော်ဇောတို့သာ ကျန်ရှိတော့သည်။ ဗိုလ်မှူးရဲထွဋ်သည် ယခုအခါ အသက် ၉၀ ပြည့်၍ ၉၁ နှစ် အတွင်းသို့ ချင်းနင်းဝင်ရောက်နေပြီဖြစ်သည်။ အသားလတ်လတ်အရပ်ရှည်ရှည်၊ ဝဝဖိုင့်ဖိုင့်၊ ဥပဓိရုပ်ကောင်းကောင်း ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးရဲထွဋ်ကို ကျနော်သည် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိဖြစ်ရပ်မှန်ပြုစုရေးကော်မတီ၌ အတူတကွဆောင်ရွက်ရင်း အနီးကပ်လေ့လာခွင့်ရခဲ့သည်။ ဗိုလ်မှူးရဲထွဋ်သည် ယင်းကော် မတီ၌ နာယကဖြစ်ပြီး သခင်တင်မြ၊ သခင်လှထွန်း (ယခုကွယ်လွန်)၊ ရဲဘော်ဘခက်၊ ဦးချစ်လှိုင် (ကိုကိုမောင်ကြီး)၊ ဦးဇော်လင်း၊ ကိုအုံးမြင့်၊ ကိုကျော်အောင် (ရွှေပြည်တန်)၊ ကိုတင်ထွန်း၊ ဦးထင်လင်း (ကီးတော်ကျန်စားသောက်ဆိုင်ပိုင်ရှင်)...

Read more »

ကျွမ်းလောင်မှု၏ စွမ်းအား – အပိုင်း (၂)

May 20, 2012
ကျွမ်းလောင်မှု၏ စွမ်းအား – အပိုင်း (၂)

လောအယ်စိုး မေ ၂၀၊ ၂၀၁၂ အမျိုးသမီးငယ်တစ်ဦးထွက်လာပြီး “ဘာကိစ္စရှိပါသလဲရှင်” “အော် ဟုတ်ကဲ့ ကျွန်တော် ဦး ……. နဲ့ တွေ့ချင်လို့ပါ။ ကိုအေးမောင် ဖုန်းဆက်ထားမယ်လို့ ပြောပါတယ်။ “ဟုတ်ကဲ့၊ ဟုတ်ကဲ့ ၀င်ခဲ့ပါ၊ ဦးက မဂ္ဂဇင်းတစ်စောင်နဲ့ အင်တာဗျူးလုပ်နေလို့ပါ ခဏဧည့်ခန်းမှာထိုင်နေပါ။ “ကျေးဇူးတင်ပါတယ်၊ ကိစ္စမရှိပါဘူး။ ကျွန်တော်စောင့်ပါမယ်။ ချိန်ထားတာကလည်း ဆယ်နာရီမှပါ။ ကျွန်တော်ရောက်တာကလည်း စောနေ တာကိုး” ဟုပြောရင်း ကျွန်တော် အမျိုးသမီးနှင့်အတူ အိမ်ထဲသို့ဝင်လိုက်သည်။ အိမ်ရှေ့ခန်းတွင် ဆရာနှင့် ဖခင်ဖြစ်သူက အတူထိုင်နေရင်း မြန်မာနိုင်ငံ၏ နာမည်ကြီးမဂ္ဂဇင်းတစောင်မှလာရောက်တွေ့ဆုံပြီး မေးမြန်း သည်ကို ပြောကြားနေခြင်းဖြစ်သည်။ စီးကရက်ကို ဟန်ပါပါနှင့်ခဲရင်း ဆရာတစ်ယောက် မေးခွန်းများကိုဖြေကြားနေသည်။ ၎င်းတို့အနီးရှိ လွတ်နေသောခုံတွင် ကျွန်တော် ရို့ရို့ကလေး ၀င်ထိုင်လိုက်သည်။ မေးသောမေးခွန်းများကို...

Read more »

ကျွမ်းလောင်မှု၏ စွမ်းအား – အပိုင်း (၁)

May 18, 2012
ကျွမ်းလောင်မှု၏ စွမ်းအား – အပိုင်း (၁)

လောအယ်စိုး မေ ၁၈၊ ၂၀၁၂ သူ့အား ကျွန်တော်က ဆရာဟု ဂုဏ်ပြုခေါ်ဆိုမှုပြုပါက သူသည် ကျွန်တော်ကို သိမည်မထင်ပါ။ ထိုထက်ပို၍ ဘ၀တွင် ကျေးဇူးပြုဖူးသူ တစ်ဦးဟု အသိအမှတ်ပြုသောအခါ ထိုပုဂ္ဂိုလ်ကြီးသည် ပို၍နားမလည်နိုင်အောင် ဖြစ်သွားပေလိမ့်မည်။ ကျွန်တော့်ဘ၀တွင် သူသည် ကျေးဇူးရှင်တစ်ဦး စေ့ဆော်မှု၊ ဘ၀တွန်းအားလို အဓိကပြုခဲ့သူတစ်ဦးပါ။ ကျွန်တော် သူ့အား တစ်ခါတစ်ရံ အမှတ်ရတိုင်း သူ့အကြောင်း တွေးမိသည်။ သူကတော့ ကျွန်တော့်ကို ဘယ်လိုမျှသိနိုင်မည်မထင်ပါ။ ၁၉၉၆ ခုနှစ်၊ ၀ဿန်ဦးကာလအတွင်း ဖြစ်သည်။ အမိရန်ကုန် တက္ကသိုလ်နယ်မြေမှ ကျွန်တော့်ဘ၀တက္ကသိုလ်ကြီး၏ နိဒါန်းစာမျက်နှာသစ်ကို ၀င်ရောက်၍ သင်ကြားနေခဲ့သည်။ ဓာတ်ပုံ သတင်းထောက်ကြီးတစ်ယောက် အရမ်းဖြစ်နေချင်သည်။ ကျွန်တော့်ဘ၀တွင် နံပါတ်တစ်လည်းဒါ၊ နံပါတ်နှစ်လည်း ဓာတ်ပုံသတင်းထောက်၊ နံပါတ်သုံးမှ တစ်ရာအထိဆိုလည်း ဒါပဲဖြစ်သည်။...

Read more »

အပြောင်းအလဲနဲ့ အလဲအပြောင်း

May 17, 2012
အပြောင်းအလဲနဲ့ အလဲအပြောင်း

ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း) မေ ၁၇၊ ၂၀၁၂ “မှားရာက မှန်၊ မဲရာက ဖြူ၊ ဆိုးရာက ကောင်း’’ ဆိုတဲ့ အခြေအနေရောက်အောင် ပြုလုပ်တဲ့အခါမှာ တခါတည်း ခေါင်းနဲ့ပန်းလှန်သလို ပြောင်းပြီး လဲပစ်မလား၊ တဆင့်ချင်း လဲပြီးတော့မှ ပြောင်းယူမလားဆိုတာ အခြေအနေအရ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ခြင်းဟာ ခေါင်း ဆောင်ကောင်းတို့ရဲ့ အလွန်အရေးကြီးတဲ့ အရည်အချင်းတစ်ခုပဲ’’ (တောင်တွင်းကြီး၊ နတ်မှီတောရဆရာတော်ကြီး) ၁၃၃၅-၃၆ (၁၉၇၄-၇၅) ခုနှစ်များက ဒေးဒရဲမြို့ ကွင်းကျောင်းတိုက်မှာပြုလုပ်တဲ့ နိကာယ်ငါးရပ်သင်တန်းမှာ မြတ်စွာဘုရားရှင်ရဲ့ တရားဦးဒေသနာ (ဓမ္မစကြာ) နဲ့ပတ်သက်လို့ အတော်လေး အကျယ်တ၀င့် ဆွေးနွေးပြောဆိုကြပါတယ်။ သင်တန်းတာဝန်ခံ (စာချ) ဖြစ်တဲ့ ဒေးဒရဲကွင်းကျောင်းဆရာတော်ကြီးက “ဗုဒ္ဓပွင့်တော်မူချိန်အထိ မဇ္ဈိမဒေသမှာ အဓိကလွှမ်းမိုးထားတဲ့ အယူဝါဒက အတ္တ၀ါဒ’’ ပဲ။ အတ္တ၀ါဒဆိုတာ...

Read more »

ဗီယက်နမ်နိုင်ငံပြုပြင်ပြောင်းလဲရေး

May 17, 2012
ဗီယက်နမ်နိုင်ငံပြုပြင်ပြောင်းလဲရေး

ဇော်အောင် (မုံရွာ) မေ ၁၇၊ ၂၀၁၂ တိုင်းပြည်ကြီး၊ ပျက်စီးယိုယွင်းလာသည်ကို ပြုပြင်ပြောင်းလဲလိုသူများက ၁၉၈၆ ကွန်မြူနစ်ပါတီကွန်ကရက်ကြီးတွင် အစိုးရအဟောင်းကို အသစ်နှင့်အစားထိုးလိုက်သည်။ အသက် ၇၁ နှစ်အရွယ်ရှိသော ငုရင်ဗင်လင့်ဆိုသူ ပါတီအကြီးအကဲဖြစ်လာပါသည်။ ထိုမှစပြီး အရှေ့တောင် အာရှနိုင်ငံမှ၊ ကွန်မြူနစ် ဗီယက်နမ်နိုင်ငံသည် ပြုပြင်ပြောင်းလဲမှုများဖြင့် ဒီမိုကရေစီစနစ်ကိုလုပ်ဆောင်ခဲ့သည်။ Doi Moi အင်္ဂလိပ်စကားလုံ Renovation ဟု အဓိပ္ပါယ်ရှိသည့် ပြုပြင်ပြောင်းလဲမှုတွင် ၄ နှစ်အတွင်း ဥရောပါ၊ အမေရိကတို့နှင့် ဆက်ဆံရေးပြန်လည်ရရှိခဲ့သည်။ စက်မှု၊ လယ်ယာ၊ ကုန်ထုတ်လုပ်ငန်းများတွင် တဟုန်ထိုးတိုးတက်ခဲ့သည်။ သို့သော် ၁၉၉၀ နောက်ပိုင်းတွင် ယခင်အရိုးစွဲနေသောအကျင့်များ၊ ကြိုးနီစနစ်များ မကုန်နိုင်သောကြောင့် နှေးကွေးသွားရပြန်သည်။ ၂၀၀၄ နောက်ပိုင်းတွင် ပြည်ပရောက်ဗီယက်နမ်များစွာ ပြန်လာသောကြောင့် စီးပွားပြန်လည်တိုးတက်လာသော်လည်း မှန်းသလောက်ဖြစ်မလာသေးပါ။ ငုယင်ဗင်လင့်...

Read more »

အမေ့ရေဒီယို

May 16, 2012
အမေ့ရေဒီယို

ဖိုးထက် မေ ၁၆၊ ၂၀၁၂ ကျနော် ပေါက်စနအရွယ်က အိမ်မှာ ရေဒီယိုကြီးတစ်လုံးရှိသည်။ လိုင်းအားချိန်ညှိသောခလုတ်ကြီးတွေက ပြူးပြူးပြဲပြဲ။ လိုင်းချိန်ဖို့ ဇယား ကွက်တွေက ကြောင်ကြောင်ကြားကြား။ ဓာတ်ခဲအကြီးကြီးတွေက ခြောက်လုံးထည့်ရသည်။ အပြင်အဆင်က ဘယ်လိုမှ ခေတ်မမှီ။ သို့ သော် နယ်ဘက်ရောက် အစိုးရ၀န်ထမ်း ကျနော်တို့မိသားစုအတွက် တစ်ခုတည်းသော သတင်းစုံနားထောင်စရာ၊ ဖြေဖျော်စရာ တစ်ခုတည်း သော ခေတ်မှီအသုံးအဆောင်။ ထိုရေဒီယိုကြီးကို စီမံခန့်ခွဲသူက အိမ်ထောင်ဦးစီးအမေ။ ဓာတ်ခဲဖိုးကို ထည့်တွက်စဉ်းစားရသောအမေ့အတွက် ရေဒီယိုကြီးကို အဆင်အမြဲဖွင့် မထားနိုင်။ မိသားစုကျောင်းပိတ်ရက်များမှာ မြန်မာ့အသံမှသီချင်းများ၊ BBC၊ VOA တို့ကို တစ်မိသားစုလုံး စုပြုံတိုးဝှေ့နားထောင်ရင်း ချစ်ခင် ဖွယ်ရာ မိသားစုဘ၀ကို အရယူနိုင်ခဲ့သည်။ ကျန်သည့်အချိန်များမှာ ကျနော့်ကို အလိုလိုက်လွန်းသော အမေသည် ရေဒီယိုနားထောင်ချိန်တွင်...

Read more »

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဒေါင်းဝါဒနဲ့ဒေါင်းအလံ

May 16, 2012
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဒေါင်းဝါဒနဲ့ဒေါင်းအလံ

မောင်စွမ်းရည် မေ ၁၆၊ ၂၀၁၂ မိတ်ဆွေများ ခင်ဗျား …. ဒီတပတ် ကျနော်ပြောမှာကတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ “ဒေါင်းဝါဒ” နဲ့ “ဒေါင်းအလံ” အကြောင်း ဖြစ်ပါတယ်။ ဆရာကြီးဟာ “ဒေါင်းဋီကာ” ဆိုတဲ့ ကျမ်းတစောင်ပြုစုပြီး မြန်မာတို့ရဲ့ဒေါင်းတဆိပ်သင်္ကေတ အကြောင်းကို မြန်မာ့အမျိုးသားနိုင်ငံရေးသဘောတရား အ ဖြစ် ပြုစုရေးသားဖူးပါတယ်။ ဋီကာဆိုတာ “အဖွင့်ကျမ်း” လို့ အဓိပ္ပါယ်ရပါတယ်။ ဒေါင်းဋီကာကို ၁၉၁၉ ခုနှစ် “၀ံသာနု” ခေါ်တဲ့ အမျိုးသား လှုပ်ရှားမှုကြီးလှိုင်းထချိန်မှာ ရေးခဲ့တာပါ။ ဆရာကြီးက အဲ့သလို အဖွင့်ဋီကာကျမ်းပေါင်း ဒါဇင်လောက်ရေးခဲ့ရာမှာ ဒေါင်းဋီကာဟာ အထင် ရှားဆုံးဖြစ်ပြီး အမျိုးသားကျောင်းတွေမှာ လဲ ကျောင်းသုံးဖတ်စာအုပ်တအုပ်အဖြစ် ပြဌာန်းခဲ့တဲ့ ကျမ်းတစောင်လဲဖြစ်ပါတယ်။ (ပြည်တွင်း ငြိမ်း ချမ်းရေးလှုပ်ရှားမှုခေတ်ကာလအတွင်းမှာ ဆရာကြီးကိုယ်တိုင် တိုက်တွန်းချက်အရ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်