ရသဆောင်းပါးစုံ

မင်းကိုနိုင် ● အဓိကနှင့် သာမည

March 13, 2017
မင်းကိုနိုင် ● အဓိကနှင့် သာမည

မင်းကိုနိုင် ● အဓိကနှင့် သာမည (မိုးမခ) မတ် ၁၃၊ ၂၀၁၇ ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။ “ဒါအန်တီလေး ဘွဲ့ယူတုန်းက ဓာတ်ပုံမဟုတ်လား၊ ဘာဖြစ်လို့ဆရာကြီးက ဒီလောက်တောင်ရယ်နေတာလဲ၊ အန်တီလေးကလည်း ရှက်အမ်းအမ်းကြီး” “ပြောရရင်တော့ အဓိကနဲ့သာမည မခွဲခြားနိုင်ခဲ့လို့ပေါ့” “ဘယ်လို သမီးနားမရှင်းဘူး” “ဒီလိုဟေ့ ဘွဲ့ယူဖို့စင်ပေါ်တက်သွားတာ ပိုက်ဆံအိတ်ကြီးကိုင်သွားတာကိုး” “ဘာဆိုင်လို့လဲ၊ မိန်းကလေးတိုင်း ဘွဲ့ယူရင်ကိုင်ထားကြတာပဲ ဥစ္စာ” “ထားပါအုံး၊ ကိုင်ရင်လည်း ဘယ်ဘက်လက်နဲ့ကိုင်ရမှာ၊ ခုကညာလက်ကြီးနဲ့ဆိုတော့ ပါမောက္ခချုပ်က လက်ဆွဲ နှုတ်ဆက်ဖို့ လက်ကမ်းပေးလိုက်တာ၊ သမီးအန်တီလေးက ဆရာကြီးလက်ထဲပိုက်ဆံအိတ်ကြီး ယောင်ပြီး ပေးလိုက်မိသလို ဖြစ်သွားလို့ ရယ်ကြတာ” “ဟား၊ဟား၊ ဟုတ်လား၊ အဲ့ဒါကြောင့် အန်တီလေး ရှက်ကိုးရှက်ကန်းကြီးဖြစ်နေတာ” “အဲ့ဒါ ပြောတာပေါ့၊ ဘွဲ့တက်ယူတာ ပိုက်ဆံအိတ်က ဘာဝယ်ဖို့ယူသွားတာလဲမေးတာ၊...

Read more »

မင်းကိုနိုင် ● ဖြုံဘူး … အားပြိုင်ပွဲ

March 11, 2017
မင်းကိုနိုင် ● ဖြုံဘူး … အားပြိုင်ပွဲ

မင်းကိုနိုင် ● ဖြုံဘူး … အားပြိုင်ပွဲ (မိုးမခ) မတ် ၁၁၊ ၂၀၁၇ ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။ ဆရာမ ခင်ခင်​ထူးက သူ၏အမျိုးများနှင့် နှစ်ကြိမ်မိတ်ဆက်ပေးဖူးသည်။ “အညာသူ အညာသား ကျွန်မ ဆွေမျိုးများ” ဆို သည့်စာအုပ်တွင် ပထမအကြိမ် မိတ်ဆက်ခြင်း။ ထိုစဉ်ကပင် သူ့အမျိုးရွာများကို ကျွန်တော်က ရင်းနှီးနှင့်ပြီ။ အပြင်တွင် ထပ်မိတ်ဆက်သော် ကျွန်တော့်အတွက် မျက်နှာမစိမ်းသည့် ရွာများဖြစ်နေပြီ။ ၂၀၁၃ ခုနှစ်ခန့်က ဖြစ်မည်။ သူခေါ်သွားသည့် အမျိုးရွာမှာ တည်နေရာကော နာမည်ပါ ထူးပါဘိ။ ဧရာဝတီနှင့် ချင်းတွင်းမြစ်ကြားမှ ကျွန်း။ သင်္ချိုင်းမြေ မရှိ၍ လှေနှင့်ပင် ရေထဲ ဈာပနချရသည့် ရွာကလေး။ အမည်ကလည်း “ဖြုံဘူး” ဆိုပဲ။ ရုတ်တရက်ဆိုလျှင်တော့...

Read more »

အရှင်ဇဝန ● ကျေးဇူးတင်ပါတယ်

March 10, 2017
အရှင်ဇဝန ● ကျေးဇူးတင်ပါတယ်

အရှင်ဇဝန ● ကျေးဇူးတင်ပါတယ် (မိုးမခ) မတ် ၁၀၊ ၂၀၁၇ ကျေးဇူးစကားကိုကြားရတိုင်း မြန်မာလူမျိုးတွေနှင့် ကျေးဇူးစကား ကျေးဇူးတရား၏ အနီးအဝေးကို ပုံဖော်ကြည့်မိသည်။ ကျေးဇူး နှင့်ပတ်သက်တာတွေကို တသီးတတန်းတွေးရင်း ထိတွေ့မိသော ကျေးဇူးမြင်ကွင်းကို ဖြန့်ခင်းကြည့်လိုက်သည်။ လူမျိုးတိုင်းတွင် ကျေးဇူးစကားရှိသည်။ ထိုအထဲ ဂျပန်ကိုရောက်တုန်းက ဂျပန်လူမျိုးတွေ၏ ကျေးဇူးတင်စကားနှင့် ကျေးဇူး တင်ဟန်ကို တငေးတမောဖြစ်ခဲ့ရသည်။ သူတို့ ကျေးဇူး မြင်ကွင်းကြောင့် ရင်ထဲထိ  ကြည်နူးရသည် ။ သာမန် ဝတ်ကျေတန်း ကျေ လောကဝတ်အမှုထက်ပိုသော ကာယကံအမူအရာကြောင့်ဟုဆိုရမည်။ ကျေးဇူးတင်စကားကိုဆိုကြသော လူမျိုးတွေ ကို တော်တော်များများတွေ့ဘူးသည်။  ဂျပန်လူမျိုးတို့၏ ကျေးဇူးတင်စကားပြောပုံက ခါးကိုညွှတ်လိုက်သည်။ ဦးခေါင်းနှင့် ဒူးထိမတတ်။ သူတို့ပြောသော အာရိဂတ်တော စကားသံနှင့် ဟန်အမူအရာက မြင်ရသူတိုင်း စိတ်ထဲတသသ။...

Read more »

မင်းကိုနိုင် ● ရွှေငါးနှင့် လူသား

March 7, 2017
မင်းကိုနိုင် ●  ရွှေငါးနှင့် လူသား

  မင်းကိုနိုင် ●  ရွှေငါးနှင့် လူသား (မိုးမခ) မတ် ၇၊ ၂၀၁၇  ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူသည်။ ရန်ကုန်မြို့၏ မီးပွိုင့်လမ်းဆုံတနေရာအနီး ပလက်ဖောင်းပေါ် ခုံဗန်းထက်ဝယ် လက်ခုပ်နှစ်ဖက်စာ ပလတ်စတအိတ်ထဲရွှေငါး တွေထည့်ထားသည်။ ရေက ပလတ်စတအိတ် တဝက်ခန့်သာ၊ ရွှေငါးတကောင် လူးလွန့်ရုံပမာဏ။ မည်သူမဆို ဝယ်နိုင် သည်ဆိုတာတော့ အထူးကြေညာစရာမလိုတော့ပါ။ ကျနော်တို့ ငယ်စဉ်ကတည်းကလည်း ထိုနည်းအတိုင်း ရောင်းခဲ့ကြသည်ပင်။ အလှမွေးငါးအရောင်းဆိုင်သွား၊ ကြိုက်ရာ လက်ညှိုးထိုး၊ ဈေးတည့်လျင်ဝယ်၊ လက်ဖက်ရည်နှစ်ခွက်စာလောက် ပလတ်စတအိတ်ထဲ ရေနှင့်ငါး ထည့်သယ်လာရုံ။ ဒီိ ထက်လည်း ဘာမှအလုပ်ပိုစရာ မရှိဟုနားလည်ထားခဲ့သည်။ မိတ်ဆွေတဦးက ပြောပြသည်။ သူ့ကလေးကပူဆာသဖြင့် ရွှေငါးတကောင်သွားဝယ်သည်တဲ့။ ကိုယ်ကြိုက်ရာ လက်ညှိုး ထိုးပြီး ဒါဘယ်လောက်လဲမေးတော့ ဆိုင်ရှင်ကမဖြေ။ မေးခွန်းသာ...

Read more »

မင်းကိုနိုင် ● အစီခံလေးများမှ တဆင့်

March 2, 2017
မင်းကိုနိုင် ● အစီခံလေးများမှ တဆင့်

မင်းကိုနိုင် ● အစီခံလေးများမှ တဆင့် (မိုးမခ) မတ် ၂၊ ၂၀၁၇ ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။ ဂျာနယ်တွေ တပွေ့တပိုက်၊ စာစောင်တွေပလူပျံ၊ လက်ကိုင်ဖုန်းမှန်ပြင်ပေါ်လည်း ဖတ်စရာ ကြည့်စရာတွေကများ။ ဘာရွေး ရမှန်းမသိဖြစ်နေချိန် တခါက နေ့ရက်များကို သတိရလိုက်သည်။ နေ့ရက်များဆိုသည်ထက် နှစ်ကာလများဟုဆိုပါမှ ပိုမှန် လိမ့်မည်။ ဘာစာမှဖတ်ခွင့်မရှိသော နှစ်ကာလများ။ နှစ်တွေကြာလာတော့ စာဖတ်ချင်စိတ်က တားမရ ဖြစ်လာသည်။ တယောက်က ဆေးပေါ့လိပ်အစီခံတွင် သတင်းစာဖြတ်ပိုင်းတွေ ပတ်လိပ်ထားကြောင်း ရှာဖွေဖတ်နေကြောင်း သတင်းပေး ၏။ ကျွန်တော်လည်း ဆေးလိပ်တိုတွေစုရတော့သည်။ အဟုတ်သား။ အစီရင်ခံတွေကပြောသော သတင်းပေါ့။ အသိနောက် ကျလိုက်လေဟု ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိသည်။ သို့နှင့် အစီခံကို ရေစွတ်ခွာသော် သတင်းစာ လက်နှစ်လုံး စာလောက်...

Read more »

သော်ထွန်း – မုန်တိုင်းဦးက လှသောကဗျာ

March 1, 2017
သော်ထွန်း – မုန်တိုင်းဦးက လှသောကဗျာ

သော်ထွန်း – မုန်တိုင်းဦးက လှသောကဗျာ (မိုးမခ) မတ် ၁၊  ပုံကို nwaymoresaung.blogspot ယူပါသည်။ (၁) ကျွန်တော်သည် မြန်မာကဗျာကို ချစ်မြတ်နိုးသူ ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်(၂၀)ကျော်၊ ၁၉၈၂-ခုနှစ်ခန့်က အတွေးတစ်ခု ပေါ်ခဲ့ဖူးပါသည်။ ဗမာလူမျိုး မြန်မာကဗျာချစ်သူ တစ်ဦးအနေဖြင့် မြန်မာ ကဗျာဆရာတွေထဲမှာ ဘယ်သူ့ကို အကြိုက်ဆုံးလဲ၊ မြန်မာကဗျာထဲမှာ ဘယ်ကဗျာ အကြိုက်ဆုံးလဲ ဟု မေးလာလျှင် အဖြေမည်သို့ ပေးမည် နည်းဟူသော အတွေးပင် ဖြစ်ပါသည်။ ကျွန်တော်ကြိုက်သော ကဗျာ ဆရာများမှာ ပုဂံခေတ်မှ မျက်မှောက်ခေတ်အထိ အများကြီး ရှိပါသည်။ ချက်ချင်းမေး၊ ချက်ချင်းဖြေရန် ချက်ချင်းဆုံးဖြတ်ဖို့ အတော်ပင် ခက်လှပါသည်။ အမေးကို ကျွန်တော် အချိန် အားတိုင်း၊ သတိရတိုင်း...

Read more »

ကိုသန်းလွင် ● ဖေ့ (စ) ဘွတ်ထူထောင်သူ၏ ကြေညာချက်

February 27, 2017
ကိုသန်းလွင် ● ဖေ့ (စ) ဘွတ်ထူထောင်သူ၏ ကြေညာချက်

ကိုသန်းလွင် ● ဖေ့ (စ) ဘွတ်ထူထောင်သူ၏ ကြေညာချက် (မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၁၇ (၁) ဖေဖော်ဝါရီလ (၁၆) ရက်နေ့က ဖေ့ (စ) ဘွတ် ထူထောင်သူ မတ်ဇူကာဘတ် (Mark Zuckerberg) စာတမ်းတစောင်ရေးပြီး တင်ပြသည်ကို ဖတ်လိုက်ရပါသည်။ တကမ္ဘာလုံး၌ အင်တာနက် သတင်းဆက်သွယ်ဖလှယ်မှုဖြင့် ဂလိုဘယ်လိုက်ဇေးရှင်း (Globalization) ၏ပြောင်းလဲတိုးတက်မှု အရှိန်ရနေကြချိန်တွင် စိုးရိမ်စရာအဖြစ်အပျက်များ ဆက်တိုက်ပေါ်ပေါက်နေပါ ဟုဆိုလိုက်ပါသည်။ သူ၏ ဖေ့ (စ) ဘွတ်စာမျက်နှာတွင်ဖေါ်ပြထားသည့် Mission statement ဟုဆိုနိုင်သော သူ့ကြေညာ ချက်မှာ စာလုံးရေ ၅၈၀၀ ခန့်ရပြီး ဖူးစကက်စာရွက်နှင့်ဆိုသော် ဆယ်မျက်နှာခန့် ရှည်လျားပါသည်။ အခြားကုမ္ပဏီကြီးများမှ စီအီးအိုများအနေဖြင့် မိမိတို့ ပြောဆိုလိုသည်များ၊ ပေါ်လစီလုပ်ငန်းစဉ်များနှင့်ပတ်သက်၍...

Read more »

ဇာနီကြီး ● အခွန်နဲ့ပတ်သက်၍ သိသမျှ

February 22, 2017
ဇာနီကြီး ● အခွန်နဲ့ပတ်သက်၍ သိသမျှ

ဇာနီကြီး ● အခွန်နဲ့ပတ်သက်၍ သိသမျှ (မိုးမခ) ဖေဖော်ဝါရီ ၂၂၊ ၂၀၁၇ ● ဝင်ငွေခွန်ကောက်ခြင်းနဲ့နိုင်ငံသာယာဝပြော ခယောင်းလမ်း အခုတလော မြန်မာနိုင်ငံမှာ အခြေခံလူတန်းစားတွေ၊ ကုမ္ပဏီအသေးလေးတွေ အခွန်ကောက်ခံရတာနဲ့ပတ်သက်ပြီး အ တော်လေးမကျေမနပ်ဖြစ်နေကြပါတယ်။ အခွန်ကောက်ဥပဒေကိုပြင်ဆင်နေပြီး ဝင်ငွေခွန်ကောက်နည်းကို လူတဦးချင်းအ တွက် ဖြစ်ညှစ်ကောက်ခံနေတဲ့အကြောင်း ပို့စ်တခုတွေ့လို့ ရှယ်လိုက်ပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရတုံးကစပြီး ကုမ္ပဏီမှတ်ပုံတင်တာနဲ့ ကြိုတင်အခွန်ငွေ ကောက်ပစ်လိုက်တယ်။ ငွေမဲတွေ များစွာရ နေတဲ့ အလုပ်ဖြစ်နေတဲ့ကုမ္ပဏီတွေ ဥပမာ ဆောက်လုပ်ရေး လူသုံးကုန်ဆိုင်များ ဆောက်လုပ်ရေးပစ္စည်းဆိုင်များ ဟိုတယ် တည်းခိုခန်း စားသောက်ဆိုင် ရွှေဆိုင် သွင်းကုန်/ပို့ကုန်လုပ်ငန်း ပြည်ပအလုပ်ကိုင်ရှာဖွေရေးလုပ်ငန်း ဘတ်စကားလုပ်ငန်း ကျောက်စရစ်၊ သဲ၊ အုတ်လုပ်ငန်း ခရီးသွားလုပ်ငန်း ကိုယ်ပိုင်ကျောင်း သင်တန်းကျောင်း.. စသဖြင့် လုပ်ငန်းများစွာ မှတ်ပုံ...

Read more »

မောင်မိုးသူ ● ကလေးတွေရဲ့ အင်တာနက်ထဲကအန္တရာယ်နှင့် မောင်မိုးသူ

February 22, 2017
မောင်မိုးသူ ● ကလေးတွေရဲ့ အင်တာနက်ထဲကအန္တရာယ်နှင့် မောင်မိုးသူ

မောင်မိုးသူ ● ကလေးတွေရဲ့ အင်တာနက်ထဲကအန္တရာယ်နှင့် မောင်မိုးသူ (မိုးမခ) ဖေဖော်ဝါရီ ၂၂၊ ၂၀၁၇ မြန်မာနိုင်ငံမှာ တယ်လီဖုန်း၊ အင်တာနက်ဆက်သွယ်ရေးဟာ အတော့်ကိုတိုးတက်လာခဲ့ပြီဖြစ်ပါတယ်။ လောလောဆယ် မှာပင် လုပ်ငန်းလုပ်ကိုင်နေကြတဲ့ အော်ပရေတာ သုံးဖွဲ့ (အမ်ပီတီ၊ တယ်လီနော၊ အူရီဒူး) ဟာ အပြိုင်အဆိုင် သူ့ထက်ငါ မြန်အောင် ပိုကောင်းအောင် လုပ်နေကြတာတွေ့ရပါတယ်။ ဒီအတိုင်းဆက်လက်ပြိုင် ဆိုင်နေကြမယ်ဆိုရင် အပြိုင်အဆိုင်ရှိမှတိုးတက်မယ်ဆိုသလို ဆက်သွယ်ရေးလုပ်ငန်းဟာ ပိုပြီးတော့မြန်ဆန် တိုးတက်လာမှာ အသေအချာပါပဲ၊ ကြားသိရတဲ့ သတင်းအရ ဒီသုံးဖွဲ့အပြင် နောက်တဖွဲ့လည်းဝင်လာတော့ မည့်ဆဲဆဲရှိနေပြီဟု သတင်းကြားရပါတယ်။ နံပါတ်လေးအဖွဲ့အ နေနဲ့လည်း ရှေ့ကရောက်ရှိနေတဲ့ သုံးဖွဲ့ကို ပြိုင်ရဆိုင်ရပေအုံးမှာပေါ့။ ပြီးတော့ အပြိုင်အဆိုင်ရှိရင် ပိုတိုးတက်တယ်ခင်ဗျ၊ မိုဘိုင်းကွန်ရက်နဲ့ အင်တာနက် ကောင်းမွန်လာတာနဲ့အမျှ အကျိုးကျေးဇူးတွေက အများကြီးမှအများကြီး ရှိလာပါတယ်။...

Read more »

မြတ်လှိုင်း – ဈေးကွက်ဝင်စာပေဟောပြောပွဲ

February 21, 2017
မြတ်လှိုင်း – ဈေးကွက်ဝင်စာပေဟောပြောပွဲ

မြတ်လှိုင်း – ဈေးကွက်ဝင်စာပေဟောပြောပွဲ (ဈေးကွက်ဂျာနယ်) သစ်ခက်သံလွင်၊ မိုးမခ၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၁၇  …မွန်းကြပ်နေတဲ့ပြည်သူတွေကို ရီစရာတွေပြောနိုင်ရင်၊ သီချင်းတွေဆိုပြရင်၊ မိမိကိုယ်တိုင်မကျေမနပ်နဲ့ ဘ၀  ရှင်သန်နေရ တဲ့ခေတ်ကို စင်မြင့်ပေါ်က ကိုယ်စားသရော်ပြ ရင်၊ ဈေးကွက်ဝင် စာရေးဆရာ အမည်ခံစာဟောသူဖြစ်နေတဲ့ခေတ်ပါ။ တချို့ကလည်းနားထောင်တဲ့ပရိတ်သတ်ရဲ့ အကြိုက်ကို နပ်နေတဲ့ စာရေးဆရာ၊ ဆရာမတွေ၊ စာဟောစားတဲ့သူတွေ၊ လူရွှင်တော်တွေ၊ ကျူရှင်ဆရာတွေ ကတော့ စာပေဟောပြောပွဲတွေမှာ အမည်ပေါက်နေ ကြပါတယ်။ အမည်ပေါက်နေသူတွေက ဈေးကွက်ဝင်နေပါတယ်။ ….. ကျွန်တော်တို့မြန်မာနိုင်ငံမှာ မြန်မာသက္ကရာဇ်အရလတိုင်းအထိမ်းအမှတ်ပွဲတော်တွေ ကျင်းပခဲ့ကြတာ အစဉ်အလာဖြစ်နေပါတယ်။ မြန်မာပြည်မှာနေထိုင်တဲ့ လူတိုင်းသိခဲ့ကြပါတယ်။ အဲဒီလိုပဲနတ်တော်လရောက်တိုင်း စာဆိုတော်နေ့ကိုကျင်းပခဲ့ကြပါတယ်။ ရှေးစာဆိုကြီးများရဲ့ စာပေတွေ ရဲ့ကျေးဇူးကို ဂုဏ်ပြုတဲ့အနေနဲ့ စာပေပြိုင်ပွဲတွေ၊ စာပေဟောပြောပွဲတွေကို မြို့နယ် အသီးသီးမှာ ကျင်းပပြု လုပ်ခဲ့ကြပါတယ်။ စာဆိုတော်နေ့ကို တစ်နှစ်မှတစ်ကြိမ် ကျင်းပခဲ့ကြတာပါ။ စာဆိုတော်နေ့မှာစာပေဗဟုသုတတွေ၊ စာပေလောကအတွေ့အကြုံတွေကို...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်