ခေတ်ပြိုင်အတွေ့အကြုံ
ရေးခဲ့မိသော မှတ်တမ်းများ – အပိုင်း (၉)
January 3, 2013
ရေးခဲ့မိသော မှတ်တမ်းများ – အပိုင်း (၉)
အုန်းနိုင် ဇန်န၀ါရီ ၃၊ ၂၀၁၂ ● ပွဲအလန့်မှာ ဖျာခင်းလိုသူများ ဦးအောင်ကြီးနဲ့  ပြတ်ပြတ်သားသား လမ်းခွဲလိုက်တဲ့အချိန်မှာ   ပြည်မြို့ မှာတော့ သိပ်မပြတ်သားပဲ  ..အဖွဲ့ ချုပ်အတွင်းမှာ ရှုပ်ရှုပ်ထွေးထွေး ရှိနေတယ်ဆိုတဲ့အသံကြားရပါတယ်။ ဒီအချိန်မှာပဲ  ပြည်မြို့ မှာ  စားသောက်ဆိုင်ဖွင့်ထားတဲ့ တပည့်တဦး ဆီကစာတစောင်ရပါတယ်။ သူ့စာက … ဆရာခင်ဗျား … ကျနော်ရိုသေစွာ စာရေးလိုက်ပါတယ်။ စာရေးရခြင်းရဲ့အကြောင်းနဲ့ပတ်သက်လို့ကျနော့်ကို နဲနဲရှင်းပြခွင့်ပြုပါ။ ကျနော့်အနေနဲ့ နိုင်ငံရေး ဘက်ကို ခြေစုံပစ် လိုက်စားလုပ်ဆောင်နေခြင်း မဟုတ်ပေမယ့် အထိုက်အလျှောက် ကူညီဆောင်ရွက်ပေးနေခြင်းမျိုးတော့ရှိပါတယ်။ အဲဒီ တော့ ကျနော့်အယူအဆတစ်ခုကို ဆရာ့ဆီ တင်ပြချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်နဲ့တကွ  တစ်တိုင်းပြည်လုံး ရာနှုန်းပြည့် နီးပါး  ထောက်ခံအားပေးမှုရှိကြတာ..အားလုံးသိရှိပြီးသားပါ။  အဲဒီလိုပဲ အင်အားတောင့်တင်းတဲ့ တခြားပါတီကြီး...
Read more »
ရောက်တတ်ရာရာအတိုအစများ
January 2, 2013
ရောက်တတ်ရာရာအတိုအစများ
မောင်ရင်ငတေ ဇန်န၀ါရီ ၂၊ ၂၀၁၂ ● ပါရီနှစ်ကူးည ဒီနှစ် နှစ်ကူးညမှာ မောင်ရင်ငတေ စိတ်ထွေထွေနဲ့ တယောက်တည်းအဖော်မပါ ပါရီတခွင်ကို လမ်းလျှောက်တလှည့် မြေအောက်ရထား တလှည့် ဘတ်စကားတလှည့်စီးပြီး လည်ဖြစ်ခဲ့ပါတယ်၊ မိတ်ဆွေတွေက လာအရက်သောက်လှည့်ပါ ဆိုပြီးဖိတ်ခေါ်ကြတာတောင် ဓါတ်ကြောင်ပြီး မသွား ဖြစ်ခဲ့ပါဘူး၊ ဒီလိုမျိုး တယောက်တည်း စိတ်လွှတ်ပြီး မသွားဖြစ်တာ တော်တော်တောင်ကြာခဲ့ပါပြီ၊ ဘတ်စကားခ မပေးရတာကလည်း တကြောင်းပေါ့၊ ပါရီမှာ ဒီလိုနေ့ကြီးအခါကြီးတွေမှာ လူတိုင်း လူတိုင်းကို မြေအောက်ရထားတွေ ဘတ်စကားတွေ အခမဲ့စီးခွင့်ပြုပါတယ်၊ မောင်ရင်ငတေမှာက လပေးလက်မှတ် ဝယ်ထားတာမရှိတော့ ဒီရက်မှာအလကားရတုန်း သွားလိုက်အုံးမဟဲ့ဆိုပြီးပေါ့ဗျာ၊ ပထမဆုံးရောက်သွားတာက Le pont Neuf (The new bridge) ပွန့်နဖ်ခေါ် တံတားသစ်ပေါ့၊ နာမည်ကသာ တံတားသစ်လို့ခေါ်ပေမဲ့...
Read more »
ဆိုးတယ် စနိုးရယ် (Maung San (Sitagu))
January 2, 2013
ဆိုးတယ် စနိုးရယ်  (Maung San (Sitagu))
ဆိုးတယ် စနိုးရယ် မောင်စံ (သီတဂူ၊ ဖလော်ရီဒါ)၊ ၊ ဇန်န၀ါရီ ၂၊ ၂၀၁၃             Snow တဲ့ ဖြူဖြူဖွေးဖွေး ရေခဲခြစ်မွမွလေးလိုပဲလို့ စာထဲမှာလည်း ဖတ်ဖူးတယ်၊ ဓာတ်ပုံတွေထဲမှာလည်း မြင်ဘူးတယ်။ ဒါပေမယ့် အပြင်မှာတကယ်လက်တွေ့တော့ မမြင်ဘူးသေးလို့ သိပ်မြင်ဘူးချင်ခဲ့တယ်၊ ဘယ်လောက် အေးလဲ၊ ကိုင်ကြည့်တဲ့အခါ ဘယ်လိုခံစားမှုမျိုးရရှိမလဲလို့ဆိုတာကို သိပ်သိချင်နေခဲ့တယ်။ အမေရိက ချင်းတူပေမယ့် ကိုယ်နေတဲ့နေရာက မြန်မာပြည် ရန်ကုန်ရာသီဥတုနဲ့ အတူတူပဲဆိုတော့ စနိုးမကျဘူးလေ။ ဒါကြောင့် စနိုးအတွေ့ အကြုံယူရင်း ပဋ္ဌာန်းပွဲကိုကူညီစီစဉ်ပေးဘို့ မီနီဆိုးတာ သီတဂူဓမ္မဝိဟာရကို ထွက်ခဲ့တယ်။             လေယာဉ်က နှစ်ဆင့်စီးရမယ်၊ Texas, Dallas လေဆိပ်မှာ လေယာဉ်ပြောင်းပြီး ဆက်ထွက်ရမယ်ပေါ့။ ဖလော် ရီဒါက နေ့လည် (၁း၅၀) ထွက်ပြီး...
Read more »
“မစ္စစ်စပီ မှ ဇာလီပျော်တဲ့ ကျောင်းသင်္ခဏ်းသို့” – Ashin Wiriya
December 30, 2012
“မစ္စစ်စပီ မှ ဇာလီပျော်တဲ့ ကျောင်းသင်္ခဏ်းသို့”  – Ashin Wiriya
 (illustration excerpt from U Ba Kyi)  “မစ္စစ်စပီ မှ ဇာလီပျော်တဲ့ ကျောင်းသင်္ခဏ်းသို့” ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)၊ ဒီဇင်ဘာ ၃၀၊ ၂၀၁၂             ဒီတစ်ခေါက် အမေရိကန်ရောက်တော့လည်း မစ္စစ်စပီမြစ် ရစ်ခွေစီးဆင်းရာ အမေရိကန်ရဲ့ အရှေ့ဖျား ပြည်နယ်တစ်ခုဖြစ်တဲ့ မင်နီဆိုးတာပြည်နယ် ပူးတွဲမြို့တော်ဖြစ်တဲ့ စိန့်ပေါမြို့ကို ရောက်ဖြစ်ခဲ့ပြန်ပါတယ်။ စိန့်ပေါမြို့ တော်ရဲ့ အစိတ်အပိုင်းမြို့တစ်ခုဖြစ်တဲ့ “မေပယ်ဝု”မြို့က သီတဂူဓမ္မဝိဟာရကျောင်း ဆရာတော်နဲ့ ဒကာဒကာမများ စီစဉ်တဲ့ တရားပွဲ ဟောပြောပေးဖို့နဲ့ မိမိရဲ့တူ တက္ကသိုလ် ဒုတိယနှစ်ကျောင်းသားကလေး အနုကြမ်းအစီးခံရပြီး ကွယ်လွန် ခဲ့ရတဲ့ ကိစ္စများကြောင့်ပါ။             မင်နီဆိုးတားရဲ့ မြို့တော်ညီနောင်ဖြစ်တဲ့ စိန့်ပေါမြို့နဲ့ မနီယားပူးလစ်မြို့ နှစ်မြို့ကို ပိုင်းခြားစီးဆင်းနေတဲ့ မစ္စစ်စပီ မြစ်ဆိုတာ မိမိဖတ်ဖူးခဲ့တဲ့...
Read more »
ရိုးရာနှင့်အတူ ရှိနေဦးမည့် ကန္နားစီးဘ၀များ
December 17, 2012
ရိုးရာနှင့်အတူ ရှိနေဦးမည့် ကန္နားစီးဘ၀များ
နေဖြိုးမြင့် (ရှမ်း/မြောက်) ဒီဇင်ဘာ ၁၇၊ ၂၀၁၂ နတ်တော်ညချမ်းတစ်ခုမှ ချမ်းအေးမှုအောက်တွင် နံ့သာစုံတို့၏ ရနံ့သင်းထုန်စွာဖြင့် ခြိမ့်ခြိမ့်သဲ ဆိုင်းသံဗုံသံများကြား ယိမ်းထိုးလှုပ်ရှားနေ သော ခန္ဓာတစ်ခု။ အမျိုးအမည်ပင် မသိသည့် အမှတ်ရုပ်ထုများ တည်ရှိနေရာ စင်မြင့်အဆင့်ဆင့်တွင် အစီအရီ ထွန်းညှိထားသော အမွှေးတိုင် မီးခိုးငွေ့များ၏ လွှင့်ပါးမှုနှင့်အပြိုင် `ဒေါ်မိုးမိုး´ ၀တ်ဆင်ထားသော ရိုးရာ ၀တ်စုံမှပုဝါပါးပါးက စည်းချက်ညီညီလွှင့်မျောနေသည်။ နှစ်တစ်နှစ်၏ နတ်တော်လဆန်းတိုင်းတွင် ပြုလုပ်နေကြ ရိုးရာကန္နားပွဲများကို `ဒေါ်မိုးမိုး´ အပါအ၀င် နိုင်ငံတစ်ဝှမ်းလုံးရှိ `ကန္နားစီး´ များ အားလုံး စီစဉ်ကျင်းပခဲ့သည်မှာ သားစဉ်မြေးဆက် ရှေးပဝေသဏီ ကတည်းကဟု ဆိုရမည်ပင်။ `ကျမ အိမ်ထောင်ပြုမယ်ဆိုတော့ အသက်(၂၀)ကတည်းက နတ်နဲ့လက်ဆက်ထားတဲ့အကြောင်း အိမ်ထောင်ဖက်အမျိုးသားကို အသိ ပေးလိုက်တုန်းက ပြဿနာတော်တော်တက်ခဲ့တယ်။ နောက်တော့မှ သူကနားလည်ပေးခဲ့တာ´ဟု...
Read more »
ရောက်တတ်ရာရာ အတိုအစများ
December 14, 2012
ရောက်တတ်ရာရာ အတိုအစများ
မောင်ရင်ငတေ ဒီဇင်ဘာ ၁၄၊ ၂၀၁၂နှစ် ၈၅၀ ပြည့် နော့ထရ်ဒမ်ဘုရားကျောင်း (La cathédrale Notre-Dame de Paris)   « Via viatores quaerit » Je suis la voie qui cherche des voyageurs. I am the Way which seeks travelers. ၁၁၆၃ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့သော (Notre-Dame de Paris ၊ Our Lady of Paris) နော့ထရ်ဒမ်ဘုရားကျောင်းဟာ အေဒီ ၁၂ ရာစု ဥရောပအနောက်ပိုင်း ဒေသတွေမှာ ပေါ်ထွန်းခဲ့တဲ့ (Architecture gothique) ဗိသုကာပညာ...
Read more »
ရောက်တတ်ရာရာ အတိုအစများ ( ပါရီ ချိုင်းနားတောင်း လစ်တယ်လ်အိန္ဒိယ)
December 10, 2012
ရောက်တတ်ရာရာ အတိုအစများ  ( ပါရီ ချိုင်းနားတောင်း လစ်တယ်လ်အိန္ဒိယ)
ရောက်တတ်ရာရာ အတိုအစများ  ( ပါရီ ချိုင်းနားတောင်း လစ်တယ်လ်အိန္ဒိယ) မောင်ရင်ငတေ၊ ဒီဇင်ဘာ ၁၀၊ ၂၀၁၂ နိုင်ငံတနိုင်ငံ မြို့ကြီးတမြို့မှာ မရှိလို့မရ မတွေ့လို့မရတာကတော့ China Town နဲ့ Little India ရပ်ကွက်များပါဘဲ၊ မောင်ရင်ငတေတို့ ရွှေနိုင်ငံကတော့ ဒီနိုင်ငံကြီးနှစ်ခုအကြားမှာ တည်ရှိခဲ့တော့ ဘယ်သူကမှ အထူးအဆန်းလုပ်ပြီး စာဖွဲ့နေသူမရှိပါဘူး၊ ဒန်ပေါက်တို့ ကြေးအိုးတို့ တုတ်ထိုးတို့ ဆိုတာ မြန်မာ့ရိုးရာစားစရာလို ဖြစ်နေခဲ့တာကြာပါပြီ၊ အခုဆိုရင် မာလာဟင်းဆိုတာ ဘယ်ဒေသက ထွက်ရှိတဲ့ အဓိကအစာလည်းတော့ သေချာမသိပါ၊ သို့ပေမဲ့ ရွှေလူမျိုးတွေလောကမှာ တော်တော် များများ စားလို့နေကြတာ သတိထားမိကြောင်းပါ၊ အခုပါရီမြို့တော်ကြီးမှာလည်း ဒီရပ်ကွက်ကြီး နှစ်ခုက တော်တော်ကိုကြီးကျယ်နေပါပြီ၊ နေ့တဒူဝ စားဝတ်နေရေးအတွက် အရေးပါတဲ့ ဈေးကွက် အဆင့်တောင် ရောက်လို့နေပါပြီ၊...
Read more »
ရောက်တတ်ရာရာ အတိုအစများ
December 1, 2012
ရောက်တတ်ရာရာ အတိုအစများ
မောင်ရင်ငတေ ဒီဇင်ဘာ ၁၊ ၂၀၁၂ ● ပြင်သစ်ကဖေးဘား ကဖေးဆိုင်တွေ ဘားတွေ စားသောက်ဆိုင်တွေက နေရာတိုင်းနေရာတိုင်း ချောင်ကြိုချောင်ကြား လမ်းကြိုလမ်းကြားတွေမှာ ရှိနေမြင်တွေ့ နေကြဆိုတော့ သိပ်လည်းထူးခြားလှတာ မဟုတ်ပေဘူး၊ မောင်ရင်ငတေတို့ရဲ့ မွေးဌာနီမှာဆိုရင်တော့ ကော်ဖီဆိုင်လို့အမည်မတွင်ဘဲ လက်ဘက်ရည်ဆိုင် လို့သာ အမည်တွင်ပြီး လက်ဘက်ရည်ကိုသာ ပိုလို့အကြိုက်များကြပါတယ်။ မောင်ရင်ငတေတို့ ခပ်ငယ်ငယ်က တော့ မိဘများရဲ့ ဆုံးမတားမြစ်မှုတွေထဲမှာ လက်ဘက်ရည်ဆိုင် ထိုင်ခြင်းကလည်း ပြစ်မှုကြီးတခုအဖြစ် အဓိက ပါခဲ့ဖူးပါတယ်။ သို့ပေမဲ့လည်း ဒီခေတ်ဒီအခါမှာတော့ ဒီယဉ်ကျေးမှုက အမြစ်တွယ်နေပါပြီ၊ ခုခေတ်မှာ လူကြီးဖြစ်လာသူတွေကိုယ်တိုင်က ဒီယဉ်ကျေးမှုကို တခုတ်တရ ဖြစ်ခဲ့ကြသူတွေဆိုတော့ ဒီတားမြစ်ချက်ကြီးက အလိုအလျှောက်ကို ပျက်ပြယ်လို့သွားပါပြီ၊ ဥပဒေဆိုတာ ဇွတ်အတင်းသတ်မှတ်လို့ ကြာရှည်မရနိုင်ဘူး မဟုတ်ပါလား၊ ဥရောပမှာတော့ ကဖေးရယ် ဘားရယ်က တွဲလျှက်ရှိနေတာပါ၊...
Read more »
ဘ၀နေညိုချိန်အထိ ချမ်းသာခွင့်မပေးသော အာဏာရှင်နှင့် ခရိုနီများ
November 23, 2012
ဘ၀နေညိုချိန်အထိ ချမ်းသာခွင့်မပေးသော အာဏာရှင်နှင့် ခရိုနီများ
နိုဝင်ဘာ ၂၃၊ ၂၀၁၂ ပင်စင်လစာငွေတွေကိုSmart card ဖြင့်ထုတ်ရမည်တဲ့။ ‘’ဓာတ်ဆီထုတ်သည့် Smart card သည် ကျပ် ၅၀၀ ပေးရသော် လည်း သူတို့၏ Smart Card သည် ၃၀၀၀ ပေးရမည်ဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံးတွင် နိုင်ငံ့ဝန်ထမ်း ပင်စင်စားဦးရေ ၈ သိန်းကျော်နှင့် နိုင်ငံရေးပင်စင်စား ဦးရေ ၄၀၀၀၀ ခန့် ရှိကြောင်းသိရပါတယ်။ ဒါဆိုလျှင် ပင်စင်စား ၉ သိန်း နီးပါးအတွက် Smart card လုပ် (စား)သူ (Cronies) များသည် ကျပ်သိန်းပေါင်း နှစ်သောင်းလေးထောင် ( သိန်းပေါင်း၂၄၀၀၀) အသာလေးရသွားလေသည်။ မြန်မာပြည်မှာငွေရှာရတာ တော်တော်လွယ်သားပဲနော် . . . ကျွန်တော်သိချင်တာတွေ အများကြီးပါ။ အဆိုပါ...
Read more »
ဝါရှင်တန်မက်ထရိုအရပ် သပြေညိုကျောင်းရိပ်က မေငြိမ်း (Interview with May Nyane)
November 20, 2012
ဝါရှင်တန်မက်ထရိုအရပ် သပြေညိုကျောင်းရိပ်က မေငြိမ်း  (Interview with May Nyane)
Read more »
ကြော်ငြာ … ကြော်ငြာ …
စာအုပ်မြင် ချစ်ခင်ကြပါစေ …
မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ
မိုးမခမှာ ကြော်ငြာပါ
မိုးမခကို အိမ်အရောက် ပို့ပေးမည်
Help MoeMaKa
မိုးမခမာတိကာစဉ်
ကြော်ငြာရန် …
မိုးမခနဲ့ ပတ်သက်သမျှ
မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ
By
မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...
Read more »
မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ
By
မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...
Read more »
မိုးမခ သြဂတ်စ် ထွက်ပြီ
By
မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...
Read more »
မိုးမခ ဇူလိုင် ထွက်ပါပြီ …
By
မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...
Read more »
သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ
Recent Comments
ကဏ္ဍများအလိုက်
ကဏ္ဍများအလိုက် မာတိကာစဉ်