ခေတ်ပြိုင်အတွေ့အကြုံ

ဒီမိုကရေစီ ရေစီးထဲက ပညာတတ်တွေ (Pyay Say Nit)

August 17, 2012
ဒီမိုကရေစီ ရေစီးထဲက ပညာတတ်တွေ  (Pyay Say Nit)

ပြေ၊ဆေး၂၊ သြဂုတ် ၁၇၊ ၂၀၁၂ လွန်ခဲ့တဲ့လေးနှစ်လောက်ကကျွန်တော်တို့မြို့လေးမှာ အဖြစ်ပျက်တခုဖြစ်ခဲ့ပါတယ် ။ အဲဒါဘာလဲဆိုတော့ တနေ့မှာ ကျွန်တော့်ဆေးခန်းလေးဆီကို မြူနီစပယ်က စာတစောင်ရောက်လာပါတယ် ။ စာပါအကြောင်းအရာကတော့ ဆေးခန်းတွေကပစ်တဲ့ အမှိုက်တွေကိုကောက်ခအတွက် မြူနီစပယ်က တနှစ်ကို ၆သောင်းကောက်မယ်လို့ ဆိုပါတယ်။ ဒါကို မပေးဆောင်တဲ့ဆေးခန်းတွေ ဆမသိမ်း ၊ဆေးခန်းပိတ်ဖို့ထိ လုပ်ဆောင်သွားမယ်လို့ အမိန့်စာလိုလို ရေးထားပါတယ်။  ကျွန်တော်ဒီစာကိုဖတ်နေရင်းကကို လက်တွေတဆတ်ဆတ်တုန်လာတယ်။ ဒေါသတွေ တဟုန်းဟုန်းထလာတယ်။ ကျွန်တော်တို့ ကိုခြိမ်းခြောက်တာလို အမိန့်ပေးတာလိုရေးထားတဲ့စာမို့ပါ။ ပြီးတော့ မြူနီစပယ်ခွန်ဆိုတာက ဒီလိုကောက်ချင်သလိုကောက်ရတာမျိုးမှ မဟုတ်တာပဲ။ ကျွန်တော်တို့ ဆေးခန်းအမြတ်ခွန်တောင်မှ အဲဒီတုန်းက တနှစ် ၃သောင်းကျော်ကျော်ပဲကျပါတယ် ။ ဒါလည်း နှစ်စဉ်သွားဆောင်နေတာပါ။ စောဒကတက်မနေပါဘူး။ အခုဟာက မြူနီစပယ် ညွှန်မှူးအသစ်ရောက်လာလို့မူသစ်လို့ဆိုပါတယ်။ သူက ဗိုလ်ကြီးတယောက်ပါ။ ဒါနဲ့ ကျွန်တော်လည်းမနေနိုင်တာနဲ့...

Read more »

NLD ၏ HIV/AIDS ဆိုင်ရာလုပ်ငန်းများ ဆယ်နှစ်တာနဲ့ အမှတ်တရများ (၅) (Yar Zar)

August 11, 2012
NLD ၏ HIV/AIDS ဆိုင်ရာလုပ်ငန်းများ ဆယ်နှစ်တာနဲ့ အမှတ်တရများ (၅) (Yar Zar)

NLD ၏ HIV/AIDS ဆိုင်ရာလုပ်ငန်းများ ဆယ်နှစ်တာနဲ့ အမှတ်တရများ (၅) ရာဇာ  သြဂုတ် ၁၁။ ၂၀၁၂ အိပ်ခ်ျအိုင်ဗွီလုပ်ငန်းကိုလုပ်လာတာ နည်းနည်းကြာလာတော့ အထာသိလာတာပေါ့ဗျာ။ ဟိုဝေဘာဂီဆေးရုံအကြောင်း ပြောရအုံးမယ်။ ကျနော်တို့က လူနာလာရင်အခြေနေကိုကြည့်ပြီး အရေးပေါ်တဲ့လူနာလား အေးဆေးထားလို့ရတဲ့ လူနာလား ဆိုတာလောက်တော့ သဘောပေါက်နေပြီ။ နယ်ကလူငယ်တွေလည်း လူနာကို ညွှန်းရုံညွှန်းနိုင်တယ် လိုက်မပို့နိုင်တော့ဘူး။ တောင်တွင်းက ကိုသန်းနိုင်ကတော့ အခေါက်စိပ်တယ်။ လူနာပို့တာက ကိုမြင့်ငွေ (အခုအန်ဒီအက်ဖ်) လည်း ရေနံချောင်းကနေ တက်တက် လာပါတယ်။ အခမ်းနားနေ့တွေနဲ့ တိုက်ဆိုင်ရင်ပေါ့လေ။ ဒီလိုလုပ်ဟန် ပြောင်းလာတယ်ဆိုတာ … အယင်က ဘယ်လိုလာလာ ကျနော်တို့က သဇင်မှာပဲ ပေပြီး လုပ်ပေးတယ်။ အချိန်ကုန်တယ်ဗျ။ သူတို့ကမသွားတတ်မလာတတ် ဆိုတော့ မနက်အစောကြီးကတည်းက သွားကြိုလိုက်ရတာ တစ်နေကုန်တဲ့ထိနေရတယ်။...

Read more »

ပြောရဦးမယ် . . . အဘစိန် ရေ (Kyaw Thu)

August 9, 2012
ပြောရဦးမယ် . . . အဘစိန် ရေ  (Kyaw Thu)

ကျော်သူ၊ သြဂုတ် ၉ ၊ ၂၀၁၂ ၁၉၅၉ ခုနှစ်တွင် ကမ္ဘာမြေပြင်ပေါ်သို့ ရောက်ရှိလာသည်နှင့် တပြိုင်နက်ထဲ မိခင်၊ ဖခင်တို့၏ နွေးထွေးမှု ပဲ့ပင် သွန်သင်ဆုံးမမှုတို့နှင့် ကြီးပြင်းလာရသည့် ကျွန်တော် … ၊ မိခင်၊ ဖခင်တို့၏နွေးထွေးမှု ရင်ခွင်အရိပ် အာဝါသထဲ ကြီးပြင်းလာရတဲ့ ကျွန်တော် … ၊ (၃) နှစ်သားအရွယ် ၁၉၆၂ ခုနှစ်တွင် ဦးနေဝင်း စစ်အစိုးရ၏ ပုပ္ပလိက စက်ရုံအလုပ်ရုံများကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းခြင်းခံခဲ့ရသည်။ ထိုအချိန်အခါက မြန်မာပြည်တွင်ရှိ စက်မှု လက်မှုကုန်ပစ္စည်းများ (ပုပ္ပလိက စက်ရုံအလုပ်ရုံထုတ်ပစ္စည်းများ)မှာ ပြည်ပနိုင်ငံများမှ အထူးနှစ်ခြိုက် အားပေးခြင်း ကို ခံခဲ့ရသည်။ သို့သော် စစ်အစိုးရ၏ ပုပ္ပလိက စက်ရုံအလုပ်ရုံများသည် အများပြည်သူတို့နှင့်သာ သက်ဆိုင်သည်...

Read more »

တခါက အမေတို့ ရွာမှာ …. (Kama Pale)

August 8, 2012
တခါက အမေတို့ ရွာမှာ ….  (Kama Pale)

တခါက အမေတို့ ရွာမှာ …. ကမာပုလဲ၊ သြဂုတ် ၈၊ ၂၀၁၂             ကျနော့်မှာ အမေ ရှိခဲ့တယ်။ သြော် လူဆိုမှတော့ အမေ မရှိဘဲ မွေးလာမလားဟဲ့လို့ အရပ်က မေတ္တာပို့ရင်လည်း ခံရမှာပါ။ ဒီလိုပါ။ ဆုံးသွားရှာပြီဖြစ်တဲ့ အမေကို တမ်းတမိတဲ့အခါ `အမေ ရှိခဲ့တယ်´လို့ စိတ်ထဲ ခံစားတွေးမိတတ်တဲ့ အကျင့်က ပါနေလို့ ခုလို ရေးဖြစ်သွားတာပါ။             အမေက စာမတတ်ရှာပါဘူး။ မတတ်ဆို သေစာ၊ ရှင်စာလေးတောင် မတတ်ခဲ့တာပါ။ ဒီတော့ ဘုရားစာ၊ တရားစာကလေးတွေဆိုရင် သားသမီးတွေက သူ့ကို ဖတ်ပြရတယ်။ ဆိုတော့ အငယ်ဆုံးဖြစ်တဲ့ ဒီကောင်သာ ပယ်မဲမရှိ ရွေးချယ်ခံခဲ့ရတယ်ပေါ့ဗျာ။ သြကာသ … သြကာသ ကနေ...

Read more »

ရတနာများ (Kyaw Thu, FFSS Yangon Activity)

August 3, 2012
ရတနာများ (Kyaw Thu, FFSS Yangon Activity)

ရတနာများ ကျော်သူ၊ နာရေးကူညီမှုအသင်း သတင်းမှတ်စုလှုပ်ရှားမှုများ သြဂုတ် ၃၊ ၂၀၁၂ အမိဝမ်းမှ မွေးလာခဲ့ပြီဆိုကတည်းက သင်ကြားခြင်းနှင့်စခဲ့ရသည်ဟုပြောလျှင် မှားမည်မဟုတ်။ မိဘများက မွေးကာစ သားသမီးတို့၏ လေ့လာသင်ယူနေသော အချိန်တွင် “ဖေဖေ၊ မေမေ” ခေါ်တတ်စေရန်၊ လမ်းလျှောက် တတ်စေရန်စသဖြင့် သင်ပေးခဲ့သည်။ ထို့အရွယ်မှစ၍ (၃) နှစ်အရွယ်တွင် မိခင်၊ဖခင်တို့၏ သင်ကြားပေးမှုဖြင့် မလုံလောက်သောကြောင့် မူကြိုကျောင်းသို့ ပို့ဆောင်ကာ ဆရာ/ဆရာမတို့၏ ပညာသင်ယူမှုကို ခံယူကြရသည်။ ထို့ကြောင့် မွေးစကတည်းက ကလေးတွေမှာ ဆယ်တန်း အရွယ်ထိ နေအိမ်နှင့်ကျောင်း၊ ကျောင်းနှင့်ကျူရှင် ထိုမှ တဖန် စာမှ စာ ဖြစ်နေသောကြောင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ပြီးချိန်တွင်လည်း လူ့လောကအကြောင်း၊ ဘဝအကြောင်း လက်တွေ့မသင်ကြားရသေးဘဲ ကွန်ပြူတာ(Basic)သင်တန်း၊ အင်္ဂလိပ်စကားပြောသင်တန်း စသဖြင့် သင်ကြားကြရသည်မှာ...

Read more »

လွတ်လပ်မှု မရှိဘူးလို့ ဘယ်သူပြောလဲ (Pyay Say Nit)

August 2, 2012
လွတ်လပ်မှု မရှိဘူးလို့ ဘယ်သူပြောလဲ  (Pyay Say Nit)

ပြေ ၊ဆေး၂။ သြဂုတ် ၂၊ ၂၀၁၂ ကိုယ်နေထိုင်နေသောအရပ်သည်နယ်စပ်မြို့လေးတမြို့သာတည်း။ ကိုယ်အိပ်ရာဝင်သောအချိန်သည်မနက်စောစော၅နာရီလောက်တွင်ဖြစ်ရာ အိမ်ရှေ့လမ်းမပေါ်က အိတ်ဇောဖြုတ်မောင်းသွားကြသော ကယ်ရီဆိုင်ကယ်၏ တဖုံးဖုံး တဒိုင်းဒိုင်းသံ၊ ထော်လာဂျီ တထုံးထုံးသံ၊ ဖုန်းဖုန်းပေါက်ကွဲမြည်သံ ဆူညံနေသော မန္တလေးသွားသော ဘင်ကားတွေရဲ့ အိတ်ဇောပေါက်သံ၊ ပဲပေါက်စီ ၀က်သားပေါက်စီ ကြက်သားပေါက်စီသည်သံ၊သုံးဘီးဆိုင်ကယ်ဖြင့် ကောက်ညှင်းပေါင်း ငချိတ်ပေါင်း အုန်းပေါင်းတို့ကို ရှမ်းမသံဝဲ၀ဲဖြင့် အဆက်မပြတ် နမ်းစတော့ လော်စပီကာသံ တို့ကိုစုံညီကြားပြီးမှ အိပ်ရာဝင်ရလေသည်။ ထို့နောက်မတော့ လမ်းမပေါ်တွင် ဆူညံသံတို့က တဖြည်းဖြည်း အရုဏ်တက်လာသည်နှင့်တိုး၍ တိုး၍ လာတော့သည်။အိမ်ရှေ့လမ်းမပေါ်မှာ တစက္ကန့်မှာ ဆိုင်ကယ်၅စီးနှုန်းလောက်ဖြတ်သွားနေသည်။ ကားတွေကလည်း ဂရင်းပရီပြိုင်ပွဲလို မောင်းကြသည်။ သည်ကြားထဲ လက်တွန်းလှည်း၊ ထော်လာဂျီ ၊ကျောက်ကား၊ကုန်ကား၊စက်ဘီးတွေက ပါနေတတ်သေးသည်။  နယ်စပ်မြို့ မူဆယ် မြင်ကွင်း (ဓာတ်ပုံ – Renaud...

Read more »

မီးပင်လယ်ခရီး အမှတ်စဉ် – ၃

July 24, 2012
မီးပင်လယ်ခရီး အမှတ်စဉ် – ၃

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)  ဇူလိုင် ၂၄၊ ၂၀၁၂  ရခိုင်ပြည်နယ်အတွင်း မကြာသေးခင်၌ဖြစ်ပွားခဲ့သည့် ပဋိပက္ခကိစ္စရပ်များကြောင့် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြသည့် ရခိုင်လူမျိုးဒုက္ခသည်များအတွက် လူသားချင်းစာနာစိတ်ဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ပြည်တွင်း/ပမှ မြန်မာပြည်သူ/သားတို့သည် လာရောက်၍ အလှူငွေများ၊ အလှူပစ္စည်းများ ပေးအပ်လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည်။   နာရေးကူညီမှုအသင်း (ရန်ကုန်)သည် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်ပြည်သူများအား တတိယအကြိမ်မြောက်အဖြစ် သွားရောက်ကူညီထောက်ပံ့ရန် ဇူလိုင်လ ၆ ရက်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်မှ အသင်းသားများတို့သည် လှူဖွယ်ပစ္စည်းများဖြစ်သည့် အိုးခွက်ပန်းကန်များ၊ အဝတ်အထည်များတင်ဆောင်၍ ၂၄ ပေ မော်တော်ယာဉ်ကြီးဖြင့် ဘုရင့်နောင်ပွဲရုံရှိ ရွှေပြည်သစ်ကားဂိတ်မှ နံနက် ၇းဝဝ နာရီအချိန်တွင် စတင်ထွက်ခွာခဲ့ကြပြီး ၉. ၇. ၂ဝ၁၂ ရက်နေ့ နံနက်ပိုင်းတွင်...

Read more »

Po Htet – အသဲကွဲ နိုင်ငံတော် အလံ

July 21, 2012
Po Htet – အသဲကွဲ နိုင်ငံတော် အလံ

အသဲကွဲ နိုင်ငံတော် အလံ  ဖိုးထက်၊ ဇူလိုင် ၂၁၊ ၂၀၁၂ အနှီ အမျိုးသား တစ်ယောက်သည် အကြင် အမျိုး သမီး တစ်ယောက်အား ချစ်ခွင့်ပန်သည် ဆိုပါအံ့။ ထို အမျိုးသမီးက ချက်ချင်း လက်ငင်း တစ်ထိုင်တည်း တုန့်ပြန် ဆုံးဖြတ် နိုင်သည်။ ချစ်ပါသည်။ မချစ်နိုင်ပါ။ မဖြစ်နိုင်ပါ။ သို့တည်းမဟုတ် စဉ်းစားပါရစေ၊ လေ့လာပါရစေဟု ဆိုအံ့။ မချစ်နိုင်၊ မဖြစ်နိုင်ဘူး ဆိုသည့် အဖြေများနှင့် စာလျှင် စဉ်းစား၊ လေ့လာခွင့်ပေးပါ ဆိုသည့် အဖြေသည် ချစ်ခွင့်ပန်သည့် ယောင်္ကျား တစ်ယောက်အတွက် ကြိုးစားခွင့် အခွင့်အရေး အများကြီး ရှိသည်ဟု ဆိုရမည်ပင်။             ကျနော် ကေသီ့ကို ချစ်ခွင့်ပန်သော အခါ ရှက်ရွံ့သည့်...

Read more »

ဆရာမသန်းမြင့်အောင်နဲ့ ဆည်းဆာရိပ်မြင်ကွင်း – Than Myint Aung

July 21, 2012
ဆရာမသန်းမြင့်အောင်နဲ့ ဆည်းဆာရိပ်မြင်ကွင်း  – Than Myint Aung

 ဆရာမသန်းမြင့်အောင်နဲ့ ဆည်းဆာရိပ်မြင်ကွင်း မိုးမခဓာတ်ပုံသတင်း၊ ဇူလိုင် ၂၁၊ ၂၀၁၂             စာရေးဆရာမ၊ လူမှုရေးနိုးကြားလှုပ်ရှားသူ၊ နာရေးကူညီမှုအသင်းနဲ့ အခြား ပရဟိတအသင်းများ၏ ဦးဆောင် ဦးရွက် စွမ်းဆောင်သူ ဒေါ်သန်းမြင့်အောင်နဲ့ သူဝိုင်းဝန်း ဆောင်ရွက်နေတဲ့ ရန်ကုန်အခြေစိုက် ဆည်းဆာရိပ် ခိုကိုးရာမဲ့ဘိုးဘွားများ ရိပ်သာ မြင်ကွင်းကို သူ့ဖေ့စ်ဘွတ်ကနေ ကူးယူဖော်ပြပါတယ်။  ဆည်းဆာရိပ်၏ အေးမြသောအရိပ်            တိုတောင်းလှတဲ့ လူ့ဘ၀သက်တမ်းမှာ လူသားချင်း စာနာထောက်ထား ချစ်ခင် စောင့်ရှောက်မှုတွေ ဆောင်ရွက်ခြင်းဖြင့် အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ ပဋိပက္ခမီးများကို ငြိမ်းသတ်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ချင်ပါတယ်။             ဆည်းဆာရိပ်ကို ဖေစ့်ဘွတ်က သည်နေရာမှာ တွေ့နိုင်ပါတယ်။             ဆရာမ သန်းမြင့်အောင်၏ ကိုယ်ရေးအကျဉ်းကိုလည်း ပူးတွဲဖော်ပြလိုက်ပါတယ်။  ...

Read more »

Pyay Say Nit – ဘယ်သူ့ကို သွားတိုင်ရပါ့ မလဲ

July 19, 2012
Pyay Say Nit – ဘယ်သူ့ကို သွားတိုင်ရပါ့ မလဲ

ဘယ်သူ့ကို သွားတိုင်ရပါ့ မလဲ ပြေ၊ဆေး၂ ဇူလိုင် ၁၉၊ ၂၀၁၂  အခုထောင်ထဲမှာ မြန်မာတွေ  ၁ သောင်းလောက် အဖမ်းခံထားရတယ် တဲ့ … လာနေကျ ညိုညစ်ညစ် အညာသားလေးသည် လူနာထိုင်ခုံမှာ ထိုင်ရင်းလမ်းမဘက်ကို ငေးတွေတွေကြည့်နေလေသည်။သူက ကိုယ့်ဆေးးခန်းကိုလာနေကျလည်းဖြစ်သည်။ သူ့အပေါင်းအသင်း တရွာတည်းသားတွေကိုလည်း ဖျားတဲ့နာတဲ့အခါ သူကခေါ်ခေါ်လာတတ်သည်။ ဒီတခေါက်တော့ သူစကားနည်းပြီး နှုတ်ဆိတ်နေသည်။ ကိုယ်က အပြင်ထွက်လာတော့ သူသည် ထိုင်ရာမှထလာပြီး ‘ဆရာ တခါတည်းနှုတ်ဆက်လိုက်တာ ကျွန်တော်တို့ ရွာပြန်တော့မယ်’  ဟုဆိုသည်။ ကိုယ်ကသူ့ကိုအံ့သွားသည်။ သူရွှေလီက ပန်းပုထုတဲ့ဆိုင်မှာ အလုပ်ဝင်နေတာ ၄နှစ်လောက်ရှိနေပြီ။တလကို ယွမ် ၁၂၀၀ (မြန်မာငွေ ၁သိန်းခွဲခန့်)       ရသည်။ ပိုင်ရှင်သူဌေးက ထမင်းကျွေး နေဖို့နေရာပါပေးသည်။ သူက လူပျိုဖြစ်သော်လည်း အိမ်ထောင်သည်တွေအတွက်လည်း သူဌေးက...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်