ခေတ်ပြိုင်အတွေ့အကြုံ

Ma Gwe Thar – မကွေးက ကြားဖြတ်အရှုပ်တော်ပုံ

April 14, 2012
Ma Gwe Thar – မကွေးက ကြားဖြတ်အရှုပ်တော်ပုံ

မကွေးက ကြားဖြတ်အရှုပ်တော်ပုံ မကွေးသား၊ မိုးမခပေးစာ၊ ဧပြီ ၁၄၊ ၂၀၁၂ ”ဘယ်သူကအမှန် ဘယ်သူက တရားခံ အမှားအမှန်အဖြေညှိစရာမလိုတဲ့ ‘ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒမပြုလိုက်ရတဲ့ ပြည်သူများနဲ့ ကော်မရှင်လူကြီးတို့ရဲ့ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းမှုများ …” ဧပြီလ (၁)ရက် ကြားဖြတ်ရွေးကောက်ပွဲအဖြကို အားလုံးသိရှိပြီးဖြစ်သော်လည်း မဲဆန္ဒနယ်မြေ တစ်ခုချင်းစီမှာ တွေ့ကြုံခဲ့ရသော အခက်အခဲပြဿနာတွေကတော့ ညံစီနေဆဲပါ။ တာဝန်ရှိသူတွေကလည်း မဲရုံမှာ တရားဝင်နှောက်ယှက်မှုနဲ့ ပြဿနာရှာချင်၊ နိုင်ငံရေးပါတီတွေကလည်း မဲမသမာမှုရှိတယ်ဆိုပြီး ကော်မရှင်နဲ့ မဲရုံမှူးတွေကို တိုင်ချင်၊ တစ်ယောက်နဲ့တစ်ယောက် ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးစားအားထုတ်နေကြ ပါတယ်။ ပြည်သူကလည်း မိမိရဲ့အားနည်းမှုမရှိပါဘဲလျက် မဲစာရင်းမှာမပါလို့ ကော်မရှင်ကို အချိန်မီအကြောင်းကြားခဲ့သော်လည်း မသိကြိုးကျွံပြု မဲစာရင်းမှာချန်လို့ ကြိတ်မနိုင်ခဲမရ မိမိရဲ့တကယ့်ဆန္ဒအမှန် ဖော်ထုတ်ချင်ခါမှ ပျောက်ကွယ်နေရတဲ့ မဲစာရင်းကြောင့်လမ်းဘေးမှာငုတ်တုတ်ထိုင်ရင်း မဲပေးနေကြသူတွေကို ငေးကြည့်နေခဲ့ရတာပါ။...

Read more »

ကျမသိတဲ့ ကိုသိန်းဆွေ

April 3, 2012
ကျမသိတဲ့ ကိုသိန်းဆွေ

မိုးမိုး (လူ့ဘောင်သစ်ဒီမိုကရက်တစ်) ဧပြီ ၃၊ ၂၀၁၂ ဒီရက်ထဲမှာ အလုပ်များပြီး ရုံးကကွန်ပြူတာမှာ မြန်မာဖောင့်ကိုသုံးလို့အဆင်မပြေတော့ နေ့စဉ်သတင်းတွေကိုရတဲ့အချိန်မှာ ဖုန်းကနေတ ဆင့် အမိအရလိုက်ဖတ်နေရတော့ ကိုယ့်ဘာသာကိုယ် အားမရဖြစ်နေမိပါတယ်။ (မျက်စိကလည်း စာကြည့်မျက်မှန်တပ်မှ မြင်ရတဲ့အနေ အထားဖြစ်နေပြီလေ။) လွန်ခဲ့တဲ့တပတ်က ဖျာပုံမြို့နယ်အနှံ့အပြားမှာ ကြားဖြတ်ရွေးကောက်ပွဲမဲစာရင်းအမှားများကို တွေ့ရှိနေရတယ်လို့ ဖျာပုံမြို့နယ် NLD အောင် နိုင်ရေးကော်မတီနဲ့ ကိုယ်စားလှယ်လောင်း ကိုသိန်းဆွေမှတွေ့ရှိကြောင်း သတင်းကိုဖတ်လိုက်ရပြီးနောက် ဆက်တိုက်ဆိုသလိုပဲ တခြားမြို့နယ်များမှာလည်း တွေ့ရှိနေရကြောင်း သတင်းတွေဖတ်ရပါတယ်။ ပထမဆုံး သတိထားဖတ်မိလိုက်တဲ့ ဖျာပုံမြို့နယ်မှ ကိုသိန်းဆွေဆိုတော့ ကျမစိတ်ပူသွားမိပါသည်။ ဒီမဲစာရင်းအမှားအယွင်းတွေကို ဒီရက် တိုတိုလေးအတွင်းမှာ ပြင်လို့မီပါ့မလား။ မမီရင် ဘယ်လိုတွေဖြစ်လာမလဲဆိုတဲ့ အတွေးတွေကို အဝေးရောက်နေတဲ့ကျမ ဘာလုပ်ရမှန်း မသိအောင် ဖြစ်နေမိပါတယ်။ ကိုသိန်းဆွေကို ကျမသိခဲ့တာကတော့ ၁၉၈၉ ခုနှစ်ကတည်းကပါ။...

Read more »

ဘိုကလေးဦးအောင်မြင့်နှင့်အကြောင်းစပ် ပါဖေါင်းမင့်သမားတဦး ပြောအပ်သောစကား

March 25, 2012
ဘိုကလေးဦးအောင်မြင့်နှင့်အကြောင်းစပ် ပါဖေါင်းမင့်သမားတဦး ပြောအပ်သောစကား

ပန်းချီ ထိန်လင်း မတ်လ ၂၅၊ ၂၀၁၂ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က ရန်ကုန်မြို့ပေါ်မှာ ထောင်ဝတ်စုံနဲ့ ခြေကျင်းဝတ်ပြီး နိုင်ကျဉ်းလွတ်မြောက်ရေးပါဖေါင်းမင့်လုပ်ခဲ့တဲ့ ဘိုက လေးမြို့နယ်က ဦးအောင်မြင့်ကို ရဲကဖမ်းဆီးပြီး စိတ်ရောဂါကုဆေးရုံကိုပို့လိုက်တဲ့ကိစ္စနဲ့ပတ်သတ်ပြီးပထမမျိုးဆက်ပါဖေါင်းမင့် အနုပညာ ရှင်တဦးအနေနဲ့ အတော်စိတ်မကောင်း ဖြစ်ရပါတယ်။ ဒီအဖြစ်အပျက်ကို ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်များကိုယ်တိုင် နိုင်ငံရေးရှုထောင့်ချဉ်းကပ်ပြီး ရွာသာကြီးဆေးရုံမှာ သွားရောက်တွေ့ ဆုံအားပေးတာတွေ၊ တောင်းဆိုမှုတွေ ဦးဆောင်ပြီးလုပ်နေတာလည်း တွေ့ရပါတယ်။ မတ်လ ၁၅ ရက်မတိုင်ခင် ရွှေသံစဉ်ကိုဝင်းမော်ရဲ့ပြောကြားချက်ဗီဒီယိုတခု တက်လာပါတယ်။ အမေရိကန်စင်တာမှာ နိုင်ငံရေးအကျဉ်းသား ဟောင်း မနိုဗယ်အေးတို့ဦးစီးလုပ်တဲ့ အကျဉ်းထောင်တွင်းဖန်တီးကြတဲ့ ဂီတအနုပညာပွဲကို ပါဖေါင်းမင့် အနုပညာတင်ဆက်မှုအနေနဲ့တက် ရောက်လာမှာဖြစ်ပါတယ်လို့ ပြောကြားချက်ရှိပါတယ်။ ဒါဟာ မီဒီယာပေါ်ကနေ တရားဝင်ကြေညာချက်အဖြစ် အကျုံးဝင်ပါတယ်။ ဒါကြောင့် ဒီပွဲကိုတက်ရောက်ဘို့ ခြေကျင်းနဲ့တက်လာတာကိုက သူ့ရဲ့ပါဖေါင်းမင့်ရဲ့အစိတ်အပိုင်းကာလရော၊...

Read more »

ရွှေသံစဉ်များဖန်တီးသူ

March 15, 2012
ရွှေသံစဉ်များဖန်တီးသူ

ခက်မာ မတ်လ ၁၅၊ ၂၀၁၂ “ဂီတမှာ Timing ဟာအသက်ပဲ၊ အရေးကြီးဆုံးပဲ။ Timing လွဲသွားရင် တေးသွားသီချင်းရဲ့အရသာပျက်သွားရော။ ထို့အတူဘဲဟင်းချက်ရာမှာပဲဖြစ်ဖြစ်၊ အားကစားလုပ်ရာမှာပဲဖြစ်ဖြစ် Timing မှန်ဖို့လိုအပ်တယ်။ သီချင်းတစ်ပုဒ် ဟင်းတစ်ခွက် Timing Out သွားရင် သီချင်း လောက် ဟင်းလောက်ပဲအရသာပျက်မှာ၊ နိုင်ငံရေးမှာ Timing လွဲသွားရင် တိုင်းပြည်တခုလုံးရဲ့ Image ပျက်တယ်။ တစ်မျိုးသားလုံးထိခိုက်နစ်နာစေတယ်။ နိုင်ငံရေးမှာ Timing ဆိုတာ လုပ်သင့်လုပ်ထိုက်တာကို လုပ်သင့်တဲ့အချိန်မှာလုပ်ခြင်းပါပဲ။” ဒီစကားကိုပြောခဲ့သူက ကျမသူငယ်ချင်း ဂီတသမား၊ ဗီဒီယိုဂျာနယ်လစ်စ် ကိုဝင်းမော်ပါ။ ဒီစကားကို သူက သူ့သမီးကိုပြောခဲ့တာပါ။ သူ့ရဲ့သားသမီး ၄ ယောက်ထဲက တတိယသမီး ခင်စုကြည် ၂၀၁၂ ဇန်န၀ါရီလ ၈ ရက်နေ့မှာရေးခဲ့တဲ့ သမ္မတကြီးသို့ အိတ်ဖွင့်ပေးစာမှာ...

Read more »

Thargyi Maung Zeya – ငါတို့ရဲ့ လွမ်းဆွတ်ကြေကွဲသံ (ဇော်သက်ထွေး)

March 15, 2012
Thargyi Maung Zeya – ငါတို့ရဲ့ လွမ်းဆွတ်ကြေကွဲသံ (ဇော်သက်ထွေး)

 သီပေါကပြန်ခဲ့တယ်နဲ့ အခန်းဆက်များ (၃) သားကြီးမောင်ဇေယျ၊ မတ် ၁၅၊ ၂၀၁၂ ငါတို့ရဲ့ လွမ်းဆွတ်ကြေကွဲသံ (ဇော်သက်ထွေး) သို့ ကိုရစ် မနေ့ က နယ်စည်းမခြား အရက်သမားများအဖွဲ့ လို့ နာမည်ထင်ရှားတဲ့ အုပ်စုနဲ့တွေ့ပါတယ်။ ကိုဟန်းမြတ်ဇော် အိမ်မှာပါ။ ကိုဥက္ကာ ၊ ကိုမော်သန်း ၊ကိုတိုးလွင်၊ လင်းထိတ်သျှင်၊ တို့ကိုတွေ့တယ်။ ခါတိုင်းတွေ့နေကျ မြင့်သန်းကိုမတွေ့ရတော့ စိတ်မကောင်းဘူး၊ သူ့အကြောင်း တော်တော်များများပြောဖြစ်ကြတယ်။  ကဗျာဆရာအမည်ခံ၊ ဒါရိုက်တာအမည်ခံ၊ အနုပညာသမားအမည်ခံ၊ နိုင်ငံရေးသမားအမည်ခံပြီး ငွေအပွကြံသူတွေ ရှေ့တန်းရောက်လာတဲ့ အကြောင်းပြောတာ နားထောင်လာခဲ့ရတယ်။ နောက်ပြီး ရှေ့ဆက်ပြီး အဲဒီလူတွေနဲ့ ဝေးဝေး ရှောင်ဖို့ လည်းကျနော့်ကိုသတိပေးကြတယ်။ ရင်ဖွင့်ကြတယ်။ အထူးသဖြင့် ကဗျာ၊ သီချင်း၊ ပန်းချီ (နာဂစ်) အုပ်စုကလေးရဲ့ နာမည်ကိုသုံးပြီး...

Read more »

Thargyi Maung Zeya – လွတ်လပ်ငြိမ်းချမ်း ပန်းချီပြပွဲသို့ အရောက် …

March 10, 2012
Thargyi Maung Zeya – လွတ်လပ်ငြိမ်းချမ်း ပန်းချီပြပွဲသို့ အရောက် …

သီပေါက ပြန်ခဲ့တယ် နဲ့ အခန်းဆက်များ သားကြီးမောင်ဇေယျ၊ မတ် ၁၀၊ ၂၀၁၂ လွတ်လပ်ငြိမ်းချမ်း ပန်းချီပြပွဲသို့ အရောက် … သို့ ကိုရစ် ကျနော် အခုပဲ လွတ်လပ်ငြိမ်းချမ်းပန်းချီပြပွဲ ကပြန်ခဲ့တယ်။ မနေ့မတည်းက သားတော်မောင်က ဒီပန်းချီပြပွဲကို ၉း၀၀ နာရီ အရောက်သွားရမယ် လို့ ထပ်ခါ ထပ်ခါ သတိပေး နေတာကြောင့် မနက်စောစောထ အိမ်အလုပ်တွေ စောစော ပြီးအောင်လုပ်ပြီးသွားဖို့ပြင်ပါတယ်။ သမီးကလည်း တက်တက်ကြွကြွနဲ့ စောစောထပြီး သွားဖို့ ပြင်ဆင်ပါတယ်။ သားရဲ့ သူငယ်ချင်းက အိမ်မှာ ညကတည်းလာအိပ်နေတာပါ။ ကျနော်တို့ ပြပွဲကျင်းပရာ ပန်းဆိုးတန်းလမ်း  အထက်ဘလောက်မှာရှိတဲ့ စာပေလောက စာအုပ်ဆိုင်ကို ၉း၀၀ နာရီ မထိုးခင်ရောက်ပါတယ်။ လူတွေ တော်တော်များနေပြီ။ ခန်းလုံးပြည့်...

Read more »

Thargyi Maung Zeya – သီပေါက ပြန်ခဲ့တယ် နဲ့ အခန်းဆက်များ

March 6, 2012
Thargyi Maung Zeya – သီပေါက ပြန်ခဲ့တယ် နဲ့ အခန်းဆက်များ

သီပေါက ပြန်ခဲ့တယ် နဲ့ အခန်းဆက်များ သားကြီးမောင်ဇေယျ။ မတ် ၆၊ ၂၀၁၂ သို့ ကိုရစ်ရေ … ရက်စွဲ ၂၉ ဇန်န၀ါရီ၊ ၂၀၁၂ ကျနော် သစ်ခုတ်လုပ်သားတွေဟာ ဘိန်းကြွေးစေခိုင်းခံရပြီး တရားမ၀င်သစ်တွေကို … မနက်အိပ်ရာထတော့ ၆ နာရီထိုးနေပါပြီ။ အ၀တ်အစားလဲပြီးတာနဲ့ အပြင်ထွက်ဖို့ ပြင်ပါတော့တယ်။ ပထမ မေမေတို့အိမ်၊ ဒုတိယ ကိုခင်မောင်ဝင်းအမေ (ဗိုလ်စက်ရောင်ရဲ့ ဇနီး ဒေါ်ခင်ရီ (ခ) ဖွားမေ) နှစ်လည်၊ တတိယ ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြုလုပ်တဲ့ နိုင်ကျဉ်း များ ဂုဏ်ပြုပွဲ၊ စတုထ္တ ဦးထင်ကျော်(ဆရာမင်းသုဝဏ်ရဲ့သား) အိမ်ကိုသွားဖို့ အစီအစဉ်ဆွဲလိုက်ပါတယ်။ နောက်မှ သတိရတာက လမ်းထိပ်လက်ဖက်ရည်ဆိုင်(ဖက်ဖူးရောင်) မှာ ကဗျာဆရာ ကိုမှိုင်း...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်