ခေတ်ပြိုင်အတွေ့အကြုံ

ကိုယ်ကြိုက်ရာကိုယ်လုပ် – Ni July

February 16, 2014
ကိုယ်ကြိုက်ရာကိုယ်လုပ် – Ni July

ကိုယ်ကြိုက်ရာကိုယ်လုပ် နီဂျူလိုင်၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၁၄ February 15, 2014 at 8:32am (သူ့ဖေ့စ်ဘွတ်က ကူးယူပါတယ်၊ ခွင့်မတောင်းပါ)   မနေ့က  .ပေါင်းတည် မြို့ ရဲ့   တောင်ဖက် အစွန်ဆုံးက  ဟင်္သာကန်မူလတန်းကျောင်းကလေးကို  သွားကြတယ်..။ကျောင်းရဲ့  အရှေ့ ကုန်းကမူလေးပေါ်မှာ  တည်ထားတဲ့   စေတီကလေးက  ဆည်းလည်းသံကလေး  ကလည်း  စိတ်ကြည်နူးစရာ  တချွင်ချွင်..။ကျောင်းကလေးကလဲ အသစ်ဆောက်ကာစ  သပ်ရပ်သန့်ရှင်းလို့..။ကိုယ်တို့  အမျိုးသမီး မိတ်ဆွေတသိုက်  မအားလပ်တဲ့  ကြားက  အားစိုက်လာခဲ့ တဲ့   အလုပ်ကလေးမို့  …အရှိန်မပျက်အောင် ထိန်းနေရပေမဲ့ ..တချို့  ဖေးမကူညီမှုတွေဆို  ကာယကံမြောက်လိုက်ပါဆောင်ရွက်နိုင်သူ  တယောက်နှစ်ယောက်လောက်နဲ့ ပဲ  ကျဲရတယ်….။ဘာပဲဖြစ်ဖြစ် မူလတန်း ကျောင်းကလေးတွေက ...

Read more »

Dvb ရယ်၊ ဘူးသီးတောင်လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ရယ် (Thargyi Maung Zeya)

February 9, 2014
Dvb ရယ်၊ ဘူးသီးတောင်လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ရယ် (Thargyi Maung Zeya)

Dvb ရယ်၊ ဘူးသီးတောင်လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ရယ် သားကြီးမောင်ဇေယျ၊ ဖေဖော်ဝါရီ ၉ ၊ ၂၀၁၄ ၂၀၁၄ ၊ ဖေဖ၀ါရီ၊ ၅ ရက်။ ဒီနေ့မနက်မှာတော့ လွှတ်တော်မှာ ဘာသတင်းမှ ထူးထူးခြားခြား မရှိဘူးလို့ခန့်မှန်းပြီး လွှတ်တော်အမတ်တွေ တည်းတဲ့ စည်ပင်ဧည့်ရိပ်သာ ကို ခပ်စောစောကလေး ထွက်လာပါတယ်။ လွှတ်တော်အမတ်တွေဆီက သတင်းကလေး၊ အင်တာဗျူးကလေး ရလိုရငြားပေါ့။ မြန်အောင်လွှတ်တော်ကိုယ်စားလှယ် ဦးမြင်အောင်နဲ့တွေ့ပါတယ်။ သူက ကျွတ်ကျွတ်အိပ် အမဲကြီးနဲ့ ထုတ်ထားတဲ့ လယ်ယာမြေအသိမ်းခံ လယ်သမားတွေက တိုင်ကြားထားတဲ့ တိုင်စာတွေထုတ်ပြပါတယ်။ ကျနော့်စိတ်ထဲမှာတော့ ပေါက်ကွဲတော့မယ် ယမ်းထုတ်ကြီး ကိုထုတ်လာတယ်လို့ ခံစားလိုက်ရပါတယ်။ အထူးသဖြင့် တိုက်ကြီးမြို့နယ်က အသိမ်းခံ လယ်မြေတွေရဲ့ မြေပုံကိုထုတ်ပြလိုက်တော့ ကျနော်မအံ့သြပဲ မနေနိုင်တော့ပါ။ အရင်သစ်တောကြိုးဝိုင်း ရှိစဉ်ကဓါးမဦးချ...

Read more »

မိုးကတော့မပြို ပြိုခဲ့သည်ရှိသော် (Ashin Dhammapiya)

January 31, 2014
မိုးကတော့မပြို ပြိုခဲ့သည်ရှိသော် (Ashin Dhammapiya)

မိုးကတော့မပြို ပြိုခဲ့သည်ရှိသော် ဒေါက်တာဓမ္မပိယ (ITBMU)၊ ဇန်န၀ါရီ ၃၁၊ ၂၀၁၄           ၂၀၁၄-ခု၊ ဇန်န၀ါရီလ (၅)ရက်နေ့မှာ မြန်မာပြည်ကို ပြန်ရောက်ခဲ့တယ်။ ခရီးစဉ်အရ ရောက်ခဲ့တဲ့နိုင်ငံ တိုင်းမှာ လွန်ခဲ့တဲ့နှစ်က မြန်မာပြည်မှာ ဖြစ်ပျက်သွားခဲ့တဲ့ ရခိုင်အရေးအခင်း၊ မိတ္ထီလာအရေးခင်းနှင့်စပ်လျဉ်းပြီး သတင်းမှားတွေကို အင်တာနက်စာမျက်နှာပေါ်မှာ တင်ခဲ့ကြတဲ့အတွက်ကြောင့် နိုင်ငံတကာပြည်သူ၊ ပြည်သားတွေက မြန်မာပြည်သူ၊ ပြည်သားတွေအပေါ်မှာ များစွာအထင်လွဲခဲ့ကြတယ်။ မရက်စက်တတ်တဲ့ မြန်မာပြည်သူ၊ ပြည်သားတွေဟာ အထူးသဖြင့် ရဟန်းတော်များဟာ နေရင်းထိုင်ရင်း အကြမ်းဖက်ခေါင်း ဆောင်တွေရယ်လို့ အမည်နာမတွေ အတပ်ခံခဲ့ရတယ်။              ရောက်တဲ့နိုင်ငံတိုင်းမှာလိုလို ဖြစ်စကဆိုရင် နိုင်ငံခြားမှာရှိတဲ့ အများစုသော ပြည်သူ၊ ပြည်သားတွေဟာ မြန်မာပြည်သူ၊ ပြည်သား တွေအပေါ်မှာ အတော်ကြီးကို အထင်အမြင် လွဲနေခဲ့တာကို တွေ့ခဲ့ရတယ်။...

Read more »

နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ တက်ရောက်ခဲ့သည့်အတွေ့အကြုံ ဒုတိယပိုင်း

January 17, 2014
နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ တက်ရောက်ခဲ့သည့်အတွေ့အကြုံ ဒုတိယပိုင်း

နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ တက်ရောက်ခဲ့သည့်အတွေ့အကြုံ ဒုတိယပိုင်း ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)၊ ဇန်န၀ါရီ ၁၇၊ ၂၀၁၄             နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံသို့ ကျွန်တော်နှင့် ကျွန်တော့်ဇနီးတက္ကသိုလ်ရွှေရီဝင်းတို့အား ဖိတ်ကြားသည့်အတွက် သွားရောက်ခဲ့ပါသည်။ ကျွန်တော်တို့ သွားရောက်ခဲသည့် ရည်ရွယ်ချက်မှာ တက်ရောက်သည့် ပညာရှင်များ၏ အဆိုအမိန့်များကို မှတ်သား၊ လေ့လာရန်ဖြစ်ပါသည်။ ဤဆောင်ပါး တွင် ကျွန်တော်မှတ်သားရရှိခဲ့သ၍ကို ပြန်လည်တင်ပြရန် ဖြစ်ပါသည်။             ပထမပိုင်းကို ယခင်အပတ်က တွင် တင်ပြခဲ့ပါသည်။ ယခု ဒုတိယပိုင်းကို ဆက်လက်တင်ပြပါမည်။ ဤကဲ့သို့ တင်ပြရာတွင် သတိထားရမည့်အချက်တစ်ခုကို သတိပြုမိပါသည်။ ၄င်းမှာ တက်ရောက်သူ ပညာရှင်များ၏ ပြောဆိုချက်များကို အရင်းအတိုင်းတင်ပြမည်ဖြစ်သောကြောင့် တိကျမှန်ကန်ဖို့ကို အထူးဂရုစိုက်ရပါသည်။ ဤနေရာတွင် အချို့သော...

Read more »

မြန်မာနိုင်ငံပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာညီလာခံ အတွေ့အကြုံများ (Dr Khin Maung Win, Math)

January 16, 2014
မြန်မာနိုင်ငံပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာညီလာခံ အတွေ့အကြုံများ (Dr Khin Maung Win, Math)

မြန်မာနိုင်ငံပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာညီလာခံ အတွေ့အကြုံများ ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)၊ ဇန်န၀ါရီ ၁၆၊ ၂၀၁၄            ဆိုခဲ့သည့်ညီလာခံကို ၂၀၁၃ခုနှစ်၊ ဇွန်လ (၈)ရက်နှင့် (၉)ရက်တို့တွင် ရန်ကုန်မြို့၊ ခ၀ဲခြံရှိ မျက်မမြင်ကျောင်း၌ နံနက်(၈)နာရီမှ ညနေ(၅)နာရီအထိ ပြုလုပ်ခဲ့ပါသည်။ ထိုညီလာခံသို့ တက်ရောက်ရန် ကျွန်တော်နှင့် ကျွန်တော့ဇနီးတက္ကသိုလ်ရွှေရီဝင်းတို့ထံ ဖိတ်စာရောက်လာခဲ့ပါသည်။           ဖိတ်ကြားထားသည့်အတိုင်း ကျွန်တော်တို့သွားရောက်ခဲ့ပါသည်။ ကျွန်တော်တို့သွားရောက်ခဲ့ သည့် ရည်ရွယ်ချက်မှာ တက်ရောက်သောပညာရှင်များ၏ အဆိုအမိန့်များကို နားထောင်၍ မှတ်သားရန် ဖြစ်ပါသည်။ ရည်ရွယ်သည့်အတိုင်း နားထောင်၍ မှတ်သားမိသ၍ကို ဖောက်သည်ချရန် ဤဆောင်းပါကို ရေးလိုက်ခြင်းဖြစ်ပါသည်။ ကျွန်တော်တို့မှတ်သားမိသ၍ကို တစ်ဆင့်ရေးသားခြင်းဖြစ်သဖြင့် လိုအပ်ချက် များ ရှိခဲ့လျှင် ကျွန်တော်တို့၏ မှတ်ဥာဏ်၏ချို့ယွင်းမှုဖြစ်ပါသည်။           ရှေးဦးစွာ မှတ်တမ်းတင်ထားရမည်မှာ ထိုညီလာခံကို အင်္ဂလိပ်ဘာသာဖြင့်...

Read more »

မီးရှုးမီးပန်းများရဲ့ အဓိပ္ပာယ် (Nyein Chan Aye)

December 24, 2013
မီးရှုးမီးပန်းများရဲ့ အဓိပ္ပာယ် (Nyein Chan Aye)

မီးရှုးမီးပန်းများရဲ့ အဓိပ္ပာယ် ငြိမ်းချမ်းအေး။ မိုးမခ။ ဒီဇင်ဘာ ၂၂၊ ၂၀၁၃   လက်ရှိနေထိုင်နေတဲ့ မြို့မှာ မီးရှုးမီးပန်းတွေ ခဏခဏ ဖောက်ကြတယ်။  တနှစ်ကို အနည်းဆုံး ဆယ်ကြိမ်လောက် ရှိမယ်။  နှစ်သစ်ကူးပွဲတွေမှာလည်း ထုံးစံအတိုင်း မီးရှုးမီးပန်းပါတာပေါ့။  ဗုဒ္ဓမွေးနေ့ဂုဏ်ပြုဆိုပြီး အရှေ့အာရှသားတွေ လုပ်တဲ့ ပွဲတော်မှာလည်း မီးရှုးမီးပန်းပါတယ်။  အကြီးကျယ်ဆုံး မီးရှုးမီးပန်းပွဲတော် တခုကိုလည်း မြို့လယ် ဖြတ်စီးနေတဲ့ မြစ်ရဲ့ ကမ်း တလျှောက်မှာ တနှစ်တခါ လုပ်တယ်။   အဲဒီပွဲတော်မှာဆိုရင် လေတပ် ရဲ့ တိုက်လေယာဉ်တွေ၊ တိုက်ရဟတ်ယာဉ် တွေကလည်း ညနေပိုင်းမှာ အမျိုးမျိုး ပျံသန်း စွမ်းရည်ပြကြတယ်။  ညမှောင်တော့ မီးရှုးမီးပန်းတွေ လွှတ်တယ်။  မြို့နေ ပြည်သူလူထု မျက်စိပဒဿ နာရီပိုင်းကလေး ဖြစ်စေဖို့ရာ...

Read more »

သက်ရှိပန်းချီ – အပိုင်း (၁၁) – Maung Too

December 24, 2013
သက်ရှိပန်းချီ – အပိုင်း (၁၁)  – Maung Too

သက်ရှိပန်းချီ – အပိုင်း (၁၁)   မောင်တူး ဒီဇင်ဘာ ၂၂၊ ၂၀၁၃       ● ကောက်ညှင်းပေါင်း ခရစ္စမတ်နဲ့ ရခိုင်မုန့်တီ ခရစ္စမတ် ခရစ္စမတ်မှာ ကိတ်မုန့် တွေ၊ ပေါင်မုန့် တွေ ၀က်ပေါင်ခြောက်တွေ၊ ဟမ်ဘာဂါတွေနဲ့ ဟော့ဒေါ့တွေ စားကြတာပဲ ကြားဖူးမိပါတယ်။ ဒါပေမယ့် ကောက်ညှင်းပေါင်းကျွေးတဲ့ ခရစ္စမတ်ကတော့ ၁၉၉၂ ခုနှစ်မှာ ကြုံခဲ့ရတာပါ။   အချိန်က ၁၉၉၂ ခုနှစ်၊ နေရာက ကရင်ပြည်နယ်၊ ဖါပွန်မြို့နယ်၊ ထော့ညဒဲ ရွာက ဘုရားကျောင်းမှာပါ။ ခရစ်ယန် ၂ မျိုးရှိတဲ့ထဲက သူတို့ ကတော့ ဘက်ပတစ် ခရစ်ယန်တွေပေါ့။ ဘုရားကျောင်းကို သစ်သားနဲ့ ဆောက်ထားပါတယ်။ မြေစိုက်...

Read more »

ရောက်တတ်ရာရာအတိုအစများ

April 25, 2013
ရောက်တတ်ရာရာအတိုအစများ

မောင်ရင်ငတေ ဧပြီ ၂၅၊ ၂၀၁၃   ● အောက်စ်ဘုခ် ရှေးဟောင်းမြို့တော်သို့ (တစ်)   အောက်စ်ဘုခ်မြို့လယ် Freie und Reichsstädte (de) Free Imperial City (en)   ယနေ့ ဂျာမဏီနိုင်ငံရဲ့ တတိယရှေးဟောင်းအကျဆုံးမြို့ ဘိုင်ယန်ပြည်နယ်ရဲ့တတိယအကြီးဆုံးမြို့ ဖြစ်တဲ့ Augsburg အောက်စ်ဘုခ်မြို့ကို အလည်တခေါက် ရောက်ခဲ့ပြန်ပါတယ်၊ ဒီမြို့လေးအနီးက Meitingen မိုင်တင်ဂန်ဆိုတဲ့အရပ်မှာ အခြေချနေထိုင်နေတဲ့ မိတ်ဆွေမိသားစုရှိတာကြောင့် တနှစ် တခေါက်ဆိုသလို ရောက်ဖြစ်နေတာပါ၊ နေရာတနေရာ ဒေသတခုကို ရက်အနည်းငယ်နဲ့ စုံအောင် ရောက်ရှိနိုင်ဖို့ မလွယ်ကူပါဘူး၊ ဥရောပရဲ့ အားသာချက်က နေရာတိုင်းနေရာတိုင်းမှာ တည်ရှိခဲ့တဲ့ သမိုင်းကြောင်းဆိုင်ရာတွေကို ထိမ်းသိမ်းပြုပြင် စောင့်ရှောက်ထားနိုင်ခဲ့တာပါဘဲ၊ အပေါ်ယံလေး ထုံးသုတ် နှမ်းဖြူးထားတာမျိုး မဟုတ်ပါဘူး၊ အခုခေတ်လို...

Read more »

“လူမျိုးဘာသာ မခွဲခြား မြန်မာနိုင်ငံသား …” ဆိုပဲ

April 15, 2013
“လူမျိုးဘာသာ မခွဲခြား မြန်မာနိုင်ငံသား …” ဆိုပဲ

“လူမျိုးဘာသာ မခွဲခြား မြန်မာနိုင်ငံသား …” ဆိုပဲ အရှင်ဇဝန (ကုန်းဇောင်း)၊ မိုးမခပေးစာ၊ ဧပြီ ၁၂၊ ၂၀၁၃             အခုတစ်လော ဖြစ်ပေါ်နေတဲ့ ကျုပ်တို့မြန်မာပြည် အခြေအနေတွေကြောင့် စာတိုပေစလေးတွေ တစ်ကြောင်းတစ်လေ ရေးရမှာကို လက်တွန့်နေမိတယ်။ ကျုပ်တို့ မြန်မာလူမျိုးတိုင်းရဲ့ နှလုံးသားထဲမှာ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့စိတ်တွေကိုယ်စီ ပြည့်ပြည့်ဝဝ ရှိနေခဲ့ကြပါတယ်။ နှလုံးခုံသံကို နားထောင်ကြည့်ရင်တောင် မျိုးချစ် မျိုးချစ်လို့ မြည်ဟိန်းနေတာ အတိုင်းသား ကြားနေရပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးသို့ စီးဆင်းလည်ပတ်နေတဲ့ သွေးတွေကလည်း မျိုးချစ်သွေးတွေပါပဲ။ ဒီတော့ဗျာ ခန္ဓာကိုယ်အနှံ့ ဘယ်နေရာကို ဖောက်ကြည့်ဖောက်ကြည့် မျိုးချစ်သွေးတွေပဲ ထွက်လာမှာပါ။ ရင်နှင့်မဆန့်အောင်ခံစားရတဲ့ ခံစားချက်စာပေတွေရေးတဲ့အခါမှာလဲ မျိုးချစ်စိတ်ဓာတ် ပြင်းထန်လွန်းတဲ့ စာပေတွေပဲဖြစ်လာမှာပါ။ အဲဒီလို မျိုးချစ်စိတ်ဓာတ်ပြင်းထန်လွန်းတဲ့စာပေတွေ ရေးမိရင် ကျုပ်တို့ကို...

Read more »

အိမ်ကွင်း၊ အဝေးကွင်း (Zaw Aung (Mon Ywa)

April 1, 2013
အိမ်ကွင်း၊ အဝေးကွင်း (Zaw Aung (Mon Ywa)

အိမ်ကွင်း၊ အဝေးကွင်း ဇော်အောင် (မုံရွာ)၊ ဧပြီ ၁၊ ၂၀၁၃ အဝေးကွင်းမှာ ရှုံးချည်းရှုံးရတဲ့ မြန်မာ ၁၉၆၀-၁၉၇၀ ခေတ်ကာလတုံးက မြန်မာဘော်လုံးအသင်း အာရှဖလားပွဲကို ၂ကြိမ်ရွှေတံဆိပ်ဆု၊ ပထမဗိုလ်စွဲခဲ့ဖူးပါတယ်။ အရှေ့တောင်အာရှက ထိုင်းနိုင်ငံအပါဝင် ဘယ်နိုင်ငံမှာ အာရှထိပ်သီးဘ၀ကို မရောက်ခဲ့ဖူးပါ။ အရှေ့တောင်အာရှ ရွှေတံဆိပ်အကြိမ်အများဆုံးရပြီး၊ အာရှအဆင့်မက ကမ္ဘာ့အဆင့်တိုင်အောင် တောင်ကိုးရီးယား၊ ဂျပန်၊ အီရန် အသင်းများကိုပခုံးချင်းယှဉ်ပြိုင်ခဲ့ပါတယ်။ နောက်ပိုင်းတော့ တိုင်းပြည်လည်း စစ်အာဏာရှင်တွေကြောင့် တိုင်းပြည်မွဲ၊ လူတွေလဲမွဲသွားပြီး ဘော်လုံး၊အားကစားလဲ မအောင်နိုင်တော့ပါ။ ၁၉၉၃လောက်မှာ မြန်မာနိုင်ငံစီးပွားရေး အနည်းငယ်ဦးမော့လာချိန် မြန်မာဘောလုံးအသင်း အရှေ့တောင်အာရှ၊ဗိုလ်လုပွဲမှာ ထိုင်းကို ၄း၃ နဲ့ရှုံးပြီး၊ ဒုတိယအဆင့်ရခဲ့ပြန်ပါတယ်။ ကျွန်တော်တို့လည်း အဲဒီအချိန် ထိုင်း၊မြန်မာ ဘောလုံးဗိုလ်လုပွဲ စင်ကာပူမှာ အော်ဟစ်အားပေးခဲ့ပါတယ်။ မြန်မာအသင်း ဒုတိယပိုင်းမှာ ၃း၂...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်