ခေတ်ပြိုင်အတွေ့အကြုံ

စိုးလွင် (၂၁၁) (ဝမ်ခ) ● တပ်မဟာ (၄) သို့ တခေါက်တခါ

September 12, 2016
စိုးလွင် (၂၁၁) (ဝမ်ခ) ● တပ်မဟာ (၄) သို့ တခေါက်တခါ

စိုးလွင် (၂၁၁) (ဝမ်ခ) ● တပ်မဟာ (၄) သို့ တခေါက်တခါ ( ကြ မ်း ကြ မ်း တ မ်း တ မ်း ဘ ဝ လ မ်း များ ) (မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၁၆ ——– ၁၉၈၈ ပြည်သူ့အရေးတော်ပုံနောက်ပိုင်းကာလ စစ်အာဏရှင်စနစ် အဆုံးတိုင်ပျက်သုဉ်းချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင် ခဲ့ကြတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) ရဲ့ တော်လှန်ရေးခရီးလမ်းတလျှောက် ကျနော်ပါဝင်ခဲ့ရာ (၁၉၈၈-၁၉၉၄) ကာလ ကိုယ်တွေ့ကြုံဆုံခဲ့ရမှုများကို ကျနော်နဲ့အတူ သက်စွန့်ဆံဖျားတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်သူငယ်ချင်းများအား...

Read more »

လှကျော်ဇော ● ဝ တောင်တန်းက လွမ်းပန်းချီ (၂)

September 11, 2016
လှကျော်ဇော ● ဝ တောင်တန်းက လွမ်းပန်းချီ (၂)

လှကျော်ဇော ● ဝ တောင်တန်းက လွမ်းပန်းချီ (၂) (မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၆ ● ကျွန်မရဲ့မွေးလူနာတဦး ကျွန်မဆေးကျောင်းသူဘဝ၊ နောက်ဆုံးနှစ် အပိုင်း (က) က စလို့ မွေးပေးခဲ့ရတဲ့ မွေးလူနာတွေများပါတယ်။ ဆေးကျောင်းသူ ဘဝ၊ နောက်ဆုံးနှစ် အပိုင်း (က) နဲ့ အပိုင်း (ခ)၊ အလုပ်သင်ဆရာဝန်ဘဝ၊ အရှေ့ပိုင်းဆေးရုံကြီး လက်ထောက်ဆရာဝန်ဘဝ … စတဲ့စတဲ့ ဘဝအထွေထွေဖြတ်သန်းမှုအတွင်းတုန်းကရော၊ နောက်ပိုင်းတော်လှန်ရေးတွင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တဲ့ ပြည်သူတပ်မတော်သား၊ ဆေးလုပ်သား ကေဒါတဦးအနေဖြင့်နေထိုင်ခဲ့ရတဲ့ လွတ်မြောက်ဒေသအတွင်းမှာ ရော၊ မီးဖွားပေးခဲ့ရတဲ့ လူနာ မနည်းမနော ရှိပါတယ်။ တချို့ကို ဝမ်းဆွဲပေးရပြီး တချို့ကိုတော့ ကလေးကောက်ပေးရတာပါ။ အဲဒီမွေးလူနာအများအပြားထဲမှာ ကျွန်မဘယ်တော့မှ မမေ့နိုင်တဲ့ မွေးလူနာတဦးရှိခဲ့ပါတယ်။...

Read more »

သိန်းသန်းဦး ● ၂ ၁ ပင်လုံရောက် ရှေ့နေတယောက်ရဲ့ အတွေ့အကြုံ (၂) (ညီလာခံ တတိယနေ့)

September 3, 2016
သိန်းသန်းဦး ● ၂ ၁ ပင်လုံရောက် ရှေ့နေတယောက်ရဲ့ အတွေ့အကြုံ (၂) (ညီလာခံ တတိယနေ့)

သိန်းသန်းဦး ● ၂ ၁ ပင်လုံရောက် ရှေ့နေတယောက်ရဲ့ အတွေ့အကြုံ (၂) (ညီလာခံ တတိယနေ့) (မိုးမခ) စက်တင်ဘာ ၃၊ ၂၀၁၆ ယခုစာအား ရှေ့နေကြီး ဦးသိန်းသန်းဦး၏ လူမှုကွန်ရက်စာမျက်နှာပေါ် ကနေ ပြန်လည်ကူးယူဖော်ပြပါသည်။   ■ သောင်းတိုက်ကကြားစေသား-၈၁ ပင်လုံညီလာခံတတိယနေ့…… ဒီနေ့ကတော့စိတ်လှုပ်ရှားစရာ ကောင်းလှပါတယ်။ “ကျားကျားမီးယပ်အဖွဲ့”ကတော့ခိုင်းလိုက်တဲ့ အတိုင်း ၂၀၀၈/ခြေဥကို ဇွတ်ရော အတင်းရော ပြည်ထောင်စုမူလုပ်နေပါတယ်။ ကျောင်းသားနိုင်ငံရေးလှုပ်ရှားသူအဖြစ် ပြည်ပထွက်ပြေးခဲ့ရရာက US ဘာကလေ တက္ကသိုလ်က ပါရဂူဘွဲ့ပြုစုနေသူ ကိုမင်း ဇင် တင်ပြမှုဟာ ကောင်းလှပါတယ်။  ပညာရှင်ဆန်ပေမဲ့ လက်တွေ့ဘဝကို ချဉ်းကပ်ပြတာပါ။  ဖက်ဒရယ်လိုက်ဇေးရှင်းပြုရေး၊ အာဏာအလွန်အကျူးယူတဲ့ စစ်တပ်ကိုထိမ်းချုပ်ရေး၊ ဆင်းရဲမွဲတေမှုနဲ့ တန်းတူညီမျှမှုတို့ကို ဗျူဟာမြောက်တင်ပြသွားတယ်။ သူပြီးတော့ SSPP က...

Read more »

သိန်းသန်းဦး ● ၂ ၁ ပင်လုံရောက် ရှေ့နေကြီးတယောက်ရဲ့ အတွေ့အကြုံ

September 3, 2016
သိန်းသန်းဦး ● ၂ ၁ ပင်လုံရောက် ရှေ့နေကြီးတယောက်ရဲ့ အတွေ့အကြုံ

သိန်းသန်းဦး ● ၂ ၁ ပင်လုံရောက် ရှေ့နေကြီးတယောက်ရဲ့ အတွေ့အကြုံ (မိုးမခ) စက်တင်ဘာ ၃၊ ၂၀၁၆ ယခုစာအား ရှေ့နေကြီး ဦးသိန်းသန်းဦး လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူဖော်ပြပါသည်။ ● သောင်းတိုက်ကကြားစေသား-၈၀ ၂၁ ရာစုပင်လုံညီလာခံကိုမြန်မာနိုင်ငံရှေ့နေများကွန်ရက်နဲ့ မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း ILAM ကို ကိုယ် စားပြုပြီး ဆရာဦးကိုနီနဲ့ ကျနော်တက်ခွင့်ရခဲ့ပါတယ်။လေ့လာသူအဖြစ်ပါ။ ပထမနေ့ဖွင့်ပွဲကို ကျနော်တို့မမှီပါ။ ညစာစားပွဲမှီပါတယ်။MICCမှာ ဒေါ်စုရဲ့ညစာစားပွဲကခမ်းနားလှပါတယ်။ ဒါပေမဲ့ ကြိုသူမ ရှိ ထိုင်စရာမရှိလို့ မတ်တပ်ရပ်နေရပါတယ်။ ထမင်းစားတော့မှ သူငယ်ချင်းမြတ်ခိုင်နဲ့ တွေ့လို့သူနေရာဖယ်ပေးလို့ သူ့စားပွဲ မှာ ထိုင်စားရပါတယ်။ ဒုတိယနေ့ ညီလာခံခန်းမသွားတော့ ထိုင်ခုံတွေမှာ လေ့လာသူဆိုတာ မရှိပါ။ဘသူမှလဲနေရာချမပေးပါ။ အဲဒီပြဿနာတက်ပြီး ဝတွေပြန်သွားတာပါ။ ကိုကိုကြီးလဲ အဲဒါကြောင့် ပြန်သွားတယ်ပြောပါတယ်။ နောက်ဆုံးတန်းလွတ်နေလို့ ဝင်ထိုင်ပါတယ်။...

Read more »

စိုးလွင် (၂၁၁) (၀မ်ခ) ● ခိုးလည်း ခိုးသေး ဆုလည်း တောင်းသေး

September 2, 2016
စိုးလွင် (၂၁၁) (၀မ်ခ) ● ခိုးလည်း ခိုးသေး ဆုလည်း တောင်းသေး

စိုးလွင် (၂၁၁) (ဝမ်ခ) ● ခိုးလည်း ခိုးသေး ဆုလည်း တောင်းသေး (ကြ မ်း ကြ မ်း တ မ်း တ မ်း ဘ ၀ လ မ်း များ) (မိုးမခ/ သစ်ခက်သံလွင်) သြဂတ်စ် ၂၊ ၂၀၁၆ ===== ၁၉၈၈ ပြည်သူ့အရေးတော်ပုံနောက်ပိုင်းကာလ စစ်အာဏရှင်စနစ် အဆုံးတိုင်ပျက်သုဉ်းချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင် ခဲ့ကြတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) ရဲ့ တော်လှန်ရေးခရီးလမ်းတလျှောက် ကျနော်ပါဝင်ခဲ့ရာ (၁၉၈၈-၁၉၉၄) ကာလ ကိုယ်တွေ့ကြုံဆုံခဲ့ရမှုများ ကို ကျနော်နဲ့အတူ သက်စွန့်ဆံဖျားတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်သူငယ်ချင်းများအား...

Read more »

ကျော်မောင် (တိုင်းတာရေး) ● အဘ၏ ကွမ်းအစ်

August 28, 2016
ကျော်မောင် (တိုင်းတာရေး) ● အဘ၏ ကွမ်းအစ်

ကျော်မောင် (တိုင်းတာရေး) ● အဘ၏ ကွမ်းအစ် (မိုးမခ) သြဂတ်စ် ၂၈၊ ၂၀၁၆ “ရန်ကုန်သား” ဟုအမည်တွင်သော အဘမြေးက အဘ၏ကွမ်းအစ်ကို စိတ်ဝင်စားသည်။ ယခုရက်ပိုင်းအတွင်းမှာ သိချင်နေ သည်က  အဘ ဘယ်ကနေဘယ်လို ကွမ်းစားဖြစ်ခဲ့သည်ဆိုတာအပြင် အဘ၏ကိုယ်ပိုင်ကွမ်းအစ် အကြောင်းကိုဖြစ် သည်။ ကွမ်းအစ်သည် ကြေးကွမ်းအစ်ဖြစ်၏။ တတ်သိစအရွယ်ကတည်းက ထိုကြေးကွမ်းအစ်သည် အဘကွမ်းအစ် ဖြစ်သည်ကို သိကြောင်း အမှတ်ရမိသည်။ ကြေးကွမ်းအစ်ကို အဘခိုင်းသဖြင့် အတွင်းအပြင် ဆေးကြောသန့်စင် ပေးဖူးသည်။ ကြေးရောင် ကို ကွမ်းသီးခွံ၊ မန်ကျည်သီးမှည့်တို့ဖြင့် တိုက်ချွတ်၍ ပြောင်လက်စေသည်။ အဘရော အဘွားပါမရှိတော့သည့်အခါမှ အထက်ပါ အချက်နှစ်ချက်ကို သိလိုစိတ်ပြင်းပြခဲ့လေသည်။ ဤသို့ဖြင့် အဘ ကွမ်းစစားခြင်းနှင့် သူ၏ကွမ်းအစ်အကြောင်းကို သိရန်အတွက် ရန်ကုန်သားက သူ့အမေနှင့်...

Read more »

မင်းခိုင် – ငလျင်ပုံပြင်

August 27, 2016
မင်းခိုင် – ငလျင်ပုံပြင်

Kyaw Phyu San မင်းခိုင် – ငလျင်ပုံပြင် (မိုးမခ) သြဂုတ် ၂၇၊ ၂၀၁၆ ၂၀၁၀၊ ဇန်နဂါရီတုန်းက ဟေတီဆိုတဲ့ ကျွန်းနိုင်ငံလေးမှာ ငလျင်ကြီးလှုပ်သွားတယ်။ အင်အား ၇.၀ ရှိတဲ့ အဲဒီ့ငလျင်ဟာ၂၁ ရာစုရဲ့ လူအသေအပျောက်အများဆုံး သဘာဝဘေးအန္တရာယ်များထဲ စားရင်းမှာ ၀င်သွားခဲ့တယ်။ ခန့်မှန်း လူ တစ်သိန်းခွဲကနေ နှစ်သိန်းကျော်ထိ သေဆုံးခဲ့ပါသတဲ့။ လူနေအဆောက်အအုံတွေ ပျက်ဆီးတာတော့ ပြောမနေနဲ့တော့။ ကမ္ဘာအရပ်ရပ်က စာနာခြင်းကြီးစွာနဲ့ ကူညီထောက်ပံ့ခဲ့ရတယ်။ နောက်လ (ဖေဖော်ဝါရီလ)မှာပဲ ချီလီမှာ ငလျင်ကြီး လှုပ်ပြန်တယ်။ ချီလီက ကျွန်းနိုင်ငံတော့ မဟုတ်ဘူး။ တောင်အမေရိကရဲ့ အနောက်ဘက်ခြမ်းက ကမ်းရိုးတန်းနိုင်ငံလေး။ ငလျင်က ဘယ်လောက်ပြင်းသလဲဆို အင်အား ၈.၈ ထိရှိပြီး ကမ္ဘာ့အပြင်းဆုံးငလျင်တွေထဲမှာ ပဉ္စမချိတ်သွားခဲ့ပါတယ်။ ဟေတီက...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့

August 26, 2016
စိုးလွင် (၂၁၁) (ဝမ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့

စိုးလွင် (၂၁၁) (ဝမ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့ ( ကြ မ်း ကြ မ်း တ မ်း တ မ်း ဘ ၀ လ မ်း များ ) (မိုးမခ/ သစ်ခက်သံလွင်) သြဂတ်စ် ၂၆၊ ၂၀၁၆ ——— ၁၉၈၈ ပြည်သူ့အရေးတော်ပုံနောက်ပိုင်းကာလ စစ်အာဏရှင်စနစ် အဆုံးတိုင်ပျက်သုဉ်းချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်ခဲ့ကြ တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) ရဲ့ တော်လှန်ရေးခရီးလမ်းတလျှောက် ကျနော် ပါဝင်ခဲ့ရာ (၁၉၈၈-၁၉၉၄) ကာလ ကိုယ်တွေ့ကြုံဆုံခဲ့ရမှုများ ကို ကျနော်နဲ့အတူ...

Read more »

ဝင်းအောင်ကြီး – ပုဂံနှင့် မျက်ရည်

August 25, 2016
ဝင်းအောင်ကြီး – ပုဂံနှင့် မျက်ရည်

ဝင်းအောင်ကြီး – ပုဂံနှင့် မျက်ရည်  ကျနော်တွေးမိသလို ရေးပါမည် (၁၅၆) (မိုးမခ) သြဂုတ် ၂၅၊ ၂၀၁၆ ၁၉၆၀ ခုက ကိုမြသန်းတင့်၏ ညီများနှင့် ပုဂံသို့ ပထမအကြိမ် ရောက်ဖူး၏။ နောက်တာဝန်နှင့် ရောက်သွားပြီး မြန်မာ့အသံ သာယာရှုခင်း ဒို့ပြည်တွင်း အစီအစဉ်ကနေ ၂ ပိုင်းအသံလွှင့်နိုင်ခဲ့ရာတွင် ဆရာဇော်ဂျီ၏ ဆောင်းပါးများလေ့လာ ကိုယ်တိုင်လည်းမေးမြန်းခဲ့သည်။ ၁၉၆၆ ခု၊ ဆိုဗီယက်ယူနီယန်တွင် ၁၁ ရာစု အဆောက်အဦများဆီရောက်ခိုက် ရှင်းပြသူက ပုဂံနှင့်ခေတ်ပြိုင် ပိသုကာလက်ရာများဟု ထောက်ပြသည်ကို မှတ်မိနေသည်။ ၁၉၉၈ ခု၊ အမေရိကန်တွင် သမီး၏ Green Card အတွက် စစ်ဆေးအပြီး လူဝင်မှုအရာရှိက ကျနော့အား “ ဦးဘိုကေကို သိလား၊ ပုဂံကလေ...

Read more »

မောင်မောင်စိုး – လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ -အပိုင်း ၂၆

August 25, 2016
မောင်မောင်စိုး –  လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ -အပိုင်း ၂၆

မောင်မောင်စိုး –  လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ -အပိုင်း ၂၆ (မိုးမခ) သြဂုတ် ၂၅၊ ၂၀၁၆ ဦးချစ်ဆိုင် ၂ မိမိက ဘလက်ကော်ဖီမှာသည်။ ကျန်သူများကတော့ လက်ဖက်ရည်မှာသည်။ ပြီးတော့ ရွှေဘဲဆေးပေါ့လိပ်မှာသည်။ တခါတရံမြေပဲဆားလှော်မှာသည်။ ပြီးတော့ ရေနွေးကြမ်း တအိုးပြီးတအိုး မှာသည်။ တခွက်ပြီးတခွက်သောက်၍ တခွန်းပြီး တခွန်းပြောသည်။ တခါတရံတော့ အလုအယက်ပြောသည်။ တခါတရံ စကားသံများတိုး၍ တခါတရံစကားသံများကျယ်လောင် သည်။ ငြင်းစရာရှိရင်လည်း မလျှော့တမ်းငြင်းသည်။ မသိသေးလျှင်လည်း သူများပြောသည်ကို တိတ်ဆိတ်စွာ နားထောင်သည်။ ဦးချစ်ဆိုင်၏ဗန်ဒါပင်ရိပ်သည် မိမိတို့အတွက် စိတ်အားထက်သန်စေသည့် စကားဝိုင်းများကျင်းပရာ ဖြစ်သည်။ ၇ ရက်ဇူလိုင် ကျောင်းသမဂ္ဂ ဗကသ၊ တကသ၊ ဖဆပလ၊ ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်ကိုလိုနီ ဂျပန်တော်လှန်ရေး...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly December 2016 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ

By

 မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ  (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆ “အ...

Read more »

စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ

By

  စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ (မိုးမခ) စက်တင်ဘာ ၂၅၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မင်းကောင်းချစ် မာမာအေး မိုးသွင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်ကုသလသာမိ (အတည်မဲ့) အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ကျောက်ကျောက် ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) လောကပါလ သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်