ခေတ်ပြိုင်အတွေ့အကြုံ

မောင်မောင်စိုး ● နှင်းဆီနီနီနီအိပ်မက်များ – (၁၉၇၅ – ၁၉၈ဝ) – အပိုင်း (၇၃)

May 16, 2018
မောင်မောင်စိုး ● နှင်းဆီနီနီနီအိပ်မက်များ –  (၁၉၇၅ – ၁၉၈ဝ) – အပိုင်း (၇၃)

မောင်မောင်စိုး ● နှင်းဆီနီနီနီအိပ်မက်များ – (၁၉၇၅ – ၁၉၈ဝ) – အပိုင်း (၇၃) (မိုးမခ) မေ ၁၆၊ ၂၀၁၈ ● အပြုတ်တိုက်ရေးနှင့် အမြစ်ပြတ်ချေမှုန်းရေး ထိုစဉ်ကာလ  (၁၉၇၇) က CPB အနေနှင့် ပဲခူးရိုးမ ၆၄ လမ်းစဉ်အား ထပ်တူပြုလိုက်နာခြင်းမရှိတော့သော်လည်း ကိုင်စွဲထား သည့်မူမှာ စစ်အစိုးရအား အပြုတ်တိုက်ရေးဖြစ်သည်။ အလားတူပင် ဗိုလ်နေဝင်း၏မူဝါဒမှာလည်း သောင်းကျန်းသူ အမြစ် ပြတ်ချေမှုန်းရေးဖြစ်သည်။ နိုင်ငံရေးအရဆိုလျင်တော့ အလွန်ရှင်းလင်းသည့်ကာလဟု ဆိုရမည်။ ကြားလမ်းကြောင်းမရှိ။ ငြိမ်းချမ်းရေးမရှိ။ peace talk ဟုဆိုကြသည့် ငြိမ်းချမ်းရေးစကားဝိုင်းမရှိ။ သူသေ ကိုယ်ရှင် စစ်မြေပြင်တွင် ပြတ်ပြတ် သားသားပြင်းပြင်းထန်ထန် စာရင်းရှင်းကြသည့်ကာလဖြစ်သည်။ ထိုကြောင့်လည်း ဤစစ်ပွဲတွင်ပါဝင်သူအားလုံးအတွက် အရေးကြီးသည်မှာ စစ်ရေးအရအောင်ပွဲခံဖို့ဖြစ်သည်။...

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅-၁၉၈ဝ) – အပိုင်း (၆၈)

April 17, 2018
မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅-၁၉၈ဝ) –  အပိုင်း (၆၈)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅-၁၉၈ဝ) –  အပိုင်း (၆၈) (မိုးမခ) ဧပြီ ၁၇၊ ၂၀၁၈ ● ၁ဝ၈ စစ်ဒေသ သခင်တင်ထွန်းကျဆုံးပြီးနောက် အစိုးရထိုးစစ်များ အတန်ငယ်လျော့ပါးသွားသည်။ တကွဲတပြားဖြစ်နေသော CPB တပ်ဖွဲ့ များသည်လည်း ပြန်၍စုစည်းနိုင်ခဲ့ကြသည်။ အဓိကခေါင်းဆောင်ကျဆုံးပြီးနောက် တပ်ကိုပြန်လည်စုဖွဲ့ရန် ဗိုလ်ခင်ညို ဦးစီး သည့် အင်အား ၄ဝ ခန့်နှင့် အရှေ့မြောက်သို့တက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုအဖွဲ့နှင့် ပျဉ်းမနားဘက်မှ တိုင်းကော်မတီ ဝင်တဦးဖြစ်သူ ဦးမောင်မောင်စိန် (နောင် ၁၉၇၅ ခုနှစ် အရံဗဟိုကော်မတီဝင်) လည်း လိုက်ပါလာခဲ့သည်။ ဗိုလ်ခင်ညိုဦးစီး အလယ်ပိုင်းအဖွဲ့သည် သခင်တင်တင်ထွန်းကျပြီး မကြာမီ ၁၉၇ဝ ခုနှစ်အကုန်ပိုင်းတွင် အရှေ့မြောက်သို့ ချီတက်ခဲ့ကြသည်။ ဗိုလ်ခင်ညိုဦးစီးတပ်ဖွဲ့သည် ရှမ်းတပ်ဧရိယာမှတဆင့်...

Read more »

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂၃)

March 12, 2018
မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂၃)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂၃) (မိုးမခ) မတ်လ ၁၂၊ ၂ဝ၁၈ ဗြိတိသျှရာဇဝင်သင်ရ၍ ဘောလုံးပွဲကြည့်တတ်လာခြင်း (၁) ဓာတ်ပုံထဲက ကလေးငယ်သည် Carabao Cup Final တွင် သူကြိုက်သော Arsenal အသင်း Manchester City ကို ၃ ဂိုး ပြတ်နှင့် ရှုံးသွား၍ ငိုနေခြင်းဖြစ်ပါသည်။ သူ့အရွယ်က ကျွန်တော်ဘောလုံးပွဲ မကြည့်ဖူးသေးပါ။ Euro 2008 ကာလ ကျွန်တော် လန်ဒန်ရောက်သွားစဉ် ကိုကျော်စွာ၏သားလေးလည်း သူအားပေးသည့် Chelsea ဂိုးမရ၍ ငိုပုံ မြင်ဖူးခဲ့သည်။ Spain Laliga ပွဲများတွင်လည်း ငိုနေကြသော စပိန်အမျိုးသီးကြီးငယ်များလည်း မရှား။ ပွဲအပြီးရှုံးသွားသည့် ဘောလုံးသမားများ ငိုကြသည်ကိုလည်း မမြင်ချင်မှအဆုံး။ Arsenal...

Read more »

ဗိုလ်သူရိန်- ပင်လယ်သမုဒ္ဒရာနှင့် သင်္ဘောသားများ

December 8, 2017
ဗိုလ်သူရိန်- ပင်လယ်သမုဒ္ဒရာနှင့် သင်္ဘောသားများ

ပင်လယ်သမုဒ္ဒရာနှင့် သင်္ဘောသားများ ဗိုလ်သူရိန် (မိုးမခ)၊ ဒီဇင်ဘာ ၈၊ ၂၀၁၇       သင်္ဘောသားဆိုတာ ကမ်းမမြင် လမ်းမမြင် ပင်လယ်သမုဒ္ဒရာအလယ်မှာ လှုပ်ရှားသွားလာနေရသူတွေပါ။ အကြမ်းတမ်းဆုံး ပင်လယ်ပြင် အရမ်းကားဆုံး ရာသီဥတုဒဏ်ကိုကျွန်တော်တို့ သင်္ဘောသားခံစားနေကြရပါ တယ်။ သင်္ဘောပေါ်မှာ အသက်ကယ်လှေ Life boat  အသက်ကယ်ဖောင် life rat အသက်ကယ်အင်္ကျီ life jacket တွေရှိနေပြီး သင်္ဘောစွန့်ခွာမှု abondon ship drill လေ့ကျင့်ခန်းတွေ ဘယ်လောက်လုပ်လုပ် အကြောင်းတစုံတရာကြောင့်သင်္ဘောမြှုပ်ပြီဆိုရင်ဖြင့် မိနစ်ပိုင်းအနည်းငယ်သာ အချိန်ရှိတဲ့အတွက် အသက်ပေါင်းများစွာ ရေထဲမှာစတေးခံခဲ့ရတဲ့ သင်္ဘောသားတွေ မနည်းတော့ပါဘူး။ သင်္ဘောမြှုပ်တဲ့အဓိက အကြောင်းအရာတွေက သင်္ဘောအခြင်းခြင်းတိုက်တဲ့အခါ၊ သင်္ဘောကြမ်းပြင်ကို အရာဝတ္ထုတခုခုနဲ့ စောင့်မိပြီး မတားနိုင်မစီးနိုင် ပယ်လယ်ရေဝင်လာတဲ့အခါ၊ မုန်တိုင်းနဲ့တွေ့ပြီး...

Read more »

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၁၇)

November 21, 2017
အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၁၇)

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၁၇) (မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၇ ● ဘုရားသုံးဆူ နေ့ရက်များ (၅) ကျနော်တို့ ဘုရားသုံးဆူစခန်းရှိစဉ် သာသနာပြုအဖွဲ့တွေလည်း စခန်းကို ရောက်လာကြတယ်။ သူတို့အတွက် ကျနော်တို့ က ဈေးကွက်အသစ်ဖြစ်နေမလားပဲ။ ရောက်လာတဲ့ အဖွဲ့အစည်းတခုက ဂျိန်းဘာသာလိုမျိုး အဖွဲ့ပဲ။ သူတို့အဖွဲ့အစည်း အခြေခံအယူဝါဒကို PROUT (Progressive Utilization Theory) လို့ ခေါ်ကြတယ်။ ၁၉၅၉ ခုနှစ်မှာ အိန္ဒိယပညာရှင် နဲ့ လူမှုရေးလှုပ်ရှားသူ ပရာဘတ် ရာဂျန် ဆာကာ (Prabhat Ranjan Sarkar) က ဖော်ထုတ်ခဲ့တဲ့ စီးပွားရေးနဲ့ လူမှုရေး အယူအဆလို့လည်း ဆိုကြတယ်။ သူက...

Read more »

မြတ်လှိုင်း – အာဏာဇော အနာဆူးတချောင်းအတွက် လုပ်ကြံမှုများ

November 15, 2017
မြတ်လှိုင်း – အာဏာဇော အနာဆူးတချောင်းအတွက် လုပ်ကြံမှုများ

အာဏာဇောအနာဆူးတချောင်းအတွက် လုပ်ကြံမှုများ မြတ်လှိုင်း (မိုးမခ)-(First News Journal) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ကမ္ဘာကြီးမှာ အလုပ်ကြံခံခဲ့ရတဲ့နိုင်ငံ့ခေါင်းဆောင်တွေ ရှိခဲ့ဖူးပါတယ်။ အမေရိကန်သမ္မတတွေထဲမှာ အင်ဗရာဟင်လင်ကွန်း၊ ဂျွန်ဖ်ကနေဒီတို့၊ အိန္ဒိယ နိုင်ငံမှာ မဟတ္တမဂန္ဒီ၊ အင်ဒီယာဂန္ဒီ၊ ရာဂျစ်ဂန္ဒီ၊ ကျွန်တော်တို့နိုင်ငံမှာဆို ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ နိုင်ငံအတွင်းမှာလုပ်ကြံခံခဲ့ရတဲ့ နိုင်ငံ့ခေါင်းဆောင်တွေပါ။ စစ်ဘက်ခေါင်းဆောင်တွေထက် အရပ်သားခေါင်းဆောင်တွေ အလုပ်ကြံခံရတာ များပါတယ်။ ဒီနိုင်ငံတော်ခေါင်းဆောင်ေ/wbr>တွ လုပ်ကြံမှုတွေကိုပြန်ကြည့်လိုက်ရင် လုံခြုံရေးပေါ့လျော့ခြင်းနဲ့ မိမိကိုယ်မိမိ ယုံကြည်မှုလွန်ကဲခြင်းတွေကို အဓိကတွေ့ရပါ တယ်။ လုပ်ကြံသူတွေမှာလည်း အာဏာနဲ့ပတ်သက်လာရင် ဇောတွေဝင်နေတတ်တာ တွေ့ရပါတယ်။ လောဘကြီးသူတွေ၊ မနာလိုစိတ်ကြီးနေသူတွေ၊ အာဃာတ ရင့်မာရှင်သန်မှုတွေလည်း ပါဝင်နေပါလိမ့်မယ်။ အေဗရာဟင်လင်ကွန်းဆိုရင် အောက်ခြေကနေတက်လာတဲ့သမ္မတတယောက်ပါ။ သူ့ကိုလုပ်ကြံသူက ဓနရှင်အုပ်စုထဲကဖြစ်ပါတယ်။ လင်ကွန်းရှိနေတဲ့အစည်းအဝေးခန်းမထဲအထိ ဝင်ပြီး နောက်ကနေဦးခေါင်းကို သေနတ်နဲ့ပစ် လုပ်ကြံလိုက်တယ်လို့ ဆိုပါတယ်။...

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၄၉)

October 26, 2017
မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၄၉)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၄၉) (မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၁၇ ● ကောက်ကွတ်သင်တန်းကျောင်း ကောက်ကွတ်သင်တန်းကျောင်း ဒုတိယပတ်သည် ၁၉၇၇ ခုနှစ် သြဂုတ်လအကုန်တွင် အောင်မြင်စွာပြီးဆုံးသွားပါသည်။ မိမိလည်း ဆေးရုံတက်နေရသဖြင့် သင်တန်းအပတ်စဉ်ပြည့် မပါဝင်နိုင်ခဲ့ပါ။ မိမိမပါလည်း ကမ္ဘာကြီးကတော့ လည်ပတ်နေ ဆဲဖြစ်သည်။ ပထမပတ်သင်တန်းတွင် ကသောင်းကနင်းများစွာဖြင့် မိမိတပ်ဖွဲ့ဝင်များ ကြုံခဲ့ရသော်လည်း ဒုတိယပတ်မှစ၍အဆင်ပြေချောမွေ့သွားခဲ့ပြီဖြစ်သည်။ မိမိတို့တပ်ဖွဲ့ဝင်အားလုံး ကိုယ်တာဝန်ကို ကိုယ်ကျွမ်းကျင်စွာလုပ်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။ ဤသည်မှာအတွေ့အကြုံသက်သက်တော့မဟုတ်ပေ။ အတွေ့အကြုံများကို ကောင်းစွာ နိဂုံးချုပ် သုံးသပ်နိုင်ကြ၍ ဖြစ်သည်ဟု ဆိုရပါမည်။ ဤသို့ ကောင်းမွန်စွာလုပ်ဆောင်နိုင်သည့် အခြေခံအချက်မှာ ထိုစဉ်ကပုံမှန်လုပ်ဆောင်နေသည့် ပါတီတွင်း တပ်တွင်းအစည်း အဝေးများ လုပ်ငန်းနိဂုံးချုပ်များနှင့် ဝေဖန်ရေး ကိုယ့်ကိုကိုယ်ဝေဖန်ရေးများကြောင့်ဟုဆိုနိုင်ပါသည်။ သီတင်းပတ်တပတ်လျင် ကိုယ်ယူနစ်နှင့်ကိုယ်လုပ်သော...

Read more »

ခွာညို ● ကျောင်းအုပ်သမီး

October 22, 2017
ခွာညို ● ကျောင်းအုပ်သမီး

ခွာညို ● ကျောင်းအုပ်သမီး (မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၁၇ ဒီဇင်ဘာလမှာ မွေးဖွားခဲ့သူအဖေသည် အောက်တိုဘာလ၌ လူ့လောကထဲက အပြီးတိုင် ထွက်ခွာသွားသည်။ မွေးနေ့နှင့် သေနေ့ကြား အဖေသည် ဟောဒီ့ကမ္ဘာမြေပေါ်တွင် ၆၆ နှစ်ကြာ နေထိုင်သွားခဲ့၏။ သူနေထိုင်ခဲ့ချိန် ဘာတွေလုပ်ခဲ့လဲ-ဆိုတာ ကျမ အမြဲဆန်းစစ်မိသည်။ ကိုယ့်အဖေအကြောင်း ကိုယ် ဘယ်လောက်မှတ်မိ သလဲ၊ အဖေ့ကို ဘယ်လောက်တန်ဖိုးထား လေးစားခဲ့သလဲ ဆိုတာတွေကိုလည်း ပြန်ပြီး ဆင်ခြင်ဖြစ်သည်။ မိဘကို ဘုရားနဲ့တဂိုဏ်းတည်းသတ်မှတ်ထားကြသော်လည်း တချို့တလေကတော့ လက်ဦးဆရာ မည်ထိုက်စွာသား-ဆိုတဲ့ဂုဏ်နှင့် မကိုက် ညီတာမျိုးတွေလည်း တွေ့ရတတ်သောကြောင့် အဖေနှင့်ပတ်သက်၍ မိသားစုနှင့် သားသမီးများ ဘာတွေများ ဂုဏ်ငယ်စရာ ရှိခဲ့သလဲ အမြဲ ဆန်းစစ်မိသည်။ အဖေဆုံးပြီးစက ဦးလေးအောင်သင်းအိမ်က ဗုဒ္ဓဟူးနေ့စကားဝိုင်းမှာ အဖေနှင့်ဆုံနေကျ...

Read more »

ဗိုလ်သူရိန် ● အရိပ်မဲ့ အဏ္ဏဝါည

October 19, 2017
ဗိုလ်သူရိန် ● အရိပ်မဲ့ အဏ္ဏဝါည

ဗိုလ်သူရိန် ● အရိပ်မဲ့ အဏ္ဏဝါည (မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၁၇ ၂၀၁၅ နိုဝင်ဘာ ၃၀ သောကြာနေ့၊ ည ၁၀နာရီ။ ကောင်းကင်ယံတခုလုံး တိမ်ဖြူတိမ်မဲများကြားမှာ လရောင်က ပေါ်လိုက်ပျောက်လိုက်။ပင်လယ်ပြင်ကြီးက လေတဖြူးဖြူးနဲ့ လှိုင်းခေါင်းဖြူလေးတွေ ဖွေးဖွေးလှုပ်လို့။ ကုန်တင်ပေါက် (Cargo hold) ကိုး ပေါက်ပါ တန်ချိန် ၉၀၀၀၀ ကျော် (Bulk carrier)သင်္ဘောကြီးတောင်ကိုရီးယားကနေ လက်တင်အမေရိကဘက်ကုန်သွားတင်ဖို့ ပစိဖိတ်သမုဒ္ဒရာဘက်ကို မောင်းနှင်နေပါသည်။ ယခုဆို ဂျပန် အောက်နားဖက်ကကျွန်းတွေအနားတောင်ကျော်နေပြီ။ သင်္ဘောရဲ့အပေါ်ဆုံးအထပ် ပဲ့ထိမ်းစင် (Bridge deck) ပေါ်မှာ တာဝန်ကျအရာရှိ ကုန်း ၃ (Third officer) နှင့် Duty A /B (Able seaman) တို့...

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ – အပိုင်း (၄၁)

October 3, 2017
မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ – အပိုင်း (၄၁)

မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ – အပိုင်း (၄၁) (မိုးမခ) အောက်တိုဘာ ၃၊ ၂၀၁၇ ● ဆောင်းမနက်ခင်း ကောက်ကွတ်စခန်း အလံတိုင် မလှမ်းမကမ်းတွင် မီးပုံလေးတခု မနက်ပိုင်းနှင့် ညပိုင်းတွင် ရှိနေလေ့ရှိသည်။  ချမ်းအေးသော ဆောင်းရာသီဖြစ်၍ သူသူငါငါ အလုပ်ခဏနားသည်နှင့် မီးဖိုဘေးသို့ ပြေးကပ်လေ့ရှိကြသည်။ အလုပ်မအားတောင်မှ မီးဖိုလေးဘေး ခဏပြေး၍ အနွေးဓါတ်ယူ၍ လုပ်စရာရှိတာ ဆက်လုပ်ကြတတ်သည်။  အဆိုပါမီးပုံလေးဘေးတွင် မိမိလည်း မီးလှုံလေ့ရှိသည်။ ကောက်ကွတ်၏နံနက်ခင်းသည် မြူနှင်းဖြူများဖြင့် ပြည့်နှက်နေသည်။ ပတ်ဝန်းကျင်တခုလုံးဆွတ်ဆွတ်ဖြူသည်။  အအေး ဓါတ်ကလည်း စိမ့်၍နေသည်။  အေးစက်သောလေပြေများကလည်း မကြာခဏဝှေ့ယမ်းတတ်ပြီး အအေးဓါတ်ကို ပိုစေသည်။  မြူ နှင်းငွေ့ငွေ့ကြားတွင် ခမောက်ကိုဆောင်း တောင်း ၂ လုံးကို တံပိုးနှင့် ထမ်းပြီး ခပ်သွက်လျှောက်သွားနေသည့်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်