Letter to MoeMaKa

ဝတ်မှုန်(စင်ကာပူ) – ပြည်တော်ပြန် မြန်မာတွေ ၀ှိုက်ကဒ် ဖြည့်စရာ လိုသလား

October 28, 2015
ဝတ်မှုန်(စင်ကာပူ) –  ပြည်တော်ပြန် မြန်မာတွေ ၀ှိုက်ကဒ် ဖြည့်စရာ လိုသလား

ဝတ်မှုန်(စင်ကာပူ) –  ပြည်တော်ပြန် မြန်မာတွေ ၀ှိုက်ကဒ် ဖြည့်စရာ လိုသလား  (မိုးမခပေးစာ) အောက်တိုဘာ ၂၈၊ ၂၀၁၅ မြန်မာနိုင်ငံလေဆိပ်က ဝန်ထမ်းများ တော်တော် အလုပ်ရှုပ်ပါတယ်။ အထူးသဖြင့် နိုင်ငံခြားအလုပ်သွားလုပ်ကြမဲ့ ထိုင်း၊ မလေးရှားသွားတဲ့ မြန်မာလူငယ်လေးများကို ကြည့်ရင်း မျက်ရည်ကျမိပါတယ်။ သူတို့ခမြာ အုပ်စုလိုက် အဝတ်စားအကောင်းဆုံးနဲ့ ဆင်ယင် ထွက်လာပေမဲ့ နိုင်ငံတကာလေဆိပ်အဆင့်မှာတော့ ကြည့်လိုက်တာနဲ့ စိတ်မကောင်းစရာတွေ့ရပါတယ်။ ကြုံလို့ ရေးရင် မြန်မာပြည်ကို ထိုင်းနိုင်ငံစားသောက်ကုန်လုပ်ငန်းများက လုံးဝစိတ်မချလို့ စက်ရုံမထောင်၊ ရင်းနှီးမြှတ်နှံမှု မလုပ်ပါဘူး။ ဥပဒေ မစိုးမိုးတဲ့ မြန်မာအစိုးရ၊ ဒေသအစိုးရ နောက်ဆုံး ရပ်ကွက် အုပ်ချုပ်ရေးမှုးနဲ့ ဌာနဆိုင်ရာ လျှပ်စစ်၊ ရေလုပ်ငန်း၊ မြေဂရန် ..စသဖြင့် သိပ်ခက်ခဲပါတယ်။ ထားပါတော့။ ဒါက နိုင်ငံတော်အဆင့်ပါ။...

Read more »

အခုတော့ ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့ပြီ

February 19, 2014
အခုတော့ ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့ပြီ

ရန်ကုန်ဆေးရုံးကြီးက စာဖတ်သူတစ်ဦး ဖေဖော်ဝါရီ ၁၉၊ ၂၀၁၄   ၂၀၀၇  ခုနှစ် စက်တင်ဘာလ ၂၇ ရက် မြန်မာ့ဒီမိုကရေစီသမိုင်းမှာဘယ်လိုမှမမေ့နိုင်တဲ့ ရွှေဝါရောင်အရေးအခင်းရဲ့ အလယ်မှာ ကျွန်တော် ဟာ မလွှဲမရှောင်သာရန်ကုန်ဆေးရုံကြီးမှာ တာဝန်ကျနေခဲ့ပါတယ်။    ၂၆ ရက်နေ့မှာသေနတ်ဒဏ်ရာနဲ့ dead body တစ်ယောက်ရောက်ပါတယ်။ ၂ရ ရက်နေ့မှာတော့ ဂျပန်သတင်းထောက်အပါအဝင် တော် တော်များများရောက်ပါတယ်။ မမေ့နိုင်သောမြင်ကွင်းတစ်ခုလို့ ငယ်ငယ်တုန်းကလို စာစီစာကုန်းရေးခိုင်းရင် အဲဒီနေ့ညက ဟိုင်းလက်ကား အစုတ်တစီးပေါ်မှာ dead body တွေစုပုံတင်ပြီး လုံထိန်းတွေပေါ်က လူမမြင်အောင်ကွယ်ထိုင်ပြီး ဆေးရုံထဲဝင်လာတဲ့မြင်ကွင်းကို ရေးရပါ လိမ့်မယ်။ မြင်သာအောင်ပြောရရင် သူ့ကျွန်မခံပြီရုပ်ရှင်ကားထဲမှာ မင်းညီမင်းသားတွေကိုသုတ်သင်ပြီး နွားလှည်းနဲ့သယ်လာတဲ့ မြင်ကွင်းအတိုင်းပါပဲ။    ဒဏ်ရာရတဲ့လူနာတွေထဲမှာတော့ NLD က ကိုမြသန်းထိုက်အပါအဝင် လမ်းဘေးဈေးဝယ်နေတဲ့သူလဲပါတယ်။...

Read more »

ကျွဲ နွားများ တရားမ၀င်ရောင်းချနေခြင်း (မိုးမခပေးစာ)

November 27, 2013
ကျွဲ နွားများ တရားမ၀င်ရောင်းချနေခြင်း (မိုးမခပေးစာ)

ကျွဲ နွားများ တရားမ၀င်ရောင်းချနေခြင်း (မိုးမခပေးစာ) အင်္ဂပူဒေသ တောင်သူတဦး နိုဝင်ဘာ ၂၇၊ ၂၀၁၃ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် ညောင်ကျိုးဒေသကိုဖြတ်ကျော်ပြီး ကျွဲနွားများကို နွားပွဲစားများမှ  တရားမ၀င် ၀ယ်ယူပြီး တပတ်လျှင် အကောင် (၃၀) ခန့် တင်ပို့ရောင်းချနေပါသည်။ သက်ဆိုင်ရာ အာဏာပိုင်များကို အခကြေးငွေများပေးထားသောကြောင့် တရားမ၀င် သယ်ဆောင်ခွင့်ကိုရနေပြီး တရားမ၀င်နွားပွဲစားများမှ ပေါ်ပေါ်တင်တင်သယ်ယူနေကြပါသည်။ နွားတစ်ကောင်လျှင် လိုင်းကြေး ၃၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိပေးရပြီး၊ ဒေသအတွင်းမှာလည်း နွားများရှားပါးမှုများနှင့် ကြုံတွေနေရပါသည်။ ယခင်ကနွားတစ်ကောင်လျှင် သုံးသိန်းဝန်းကျင်ခန့် ၀ယ်ယူရရှိသော်လည်း ယခုအခါ ခိုင်းနွားတစ်ကောင်ကို ငါးသိန်းခန့်ပေးဝယ်နေရသော်လည်း ခိုင်းနွားကောင်း (နွားချော/နွားလှ) များမှာမရှိသလောက်ရှားပါးနေပါပြီ။ တောင်သူများအတွက်လည်း အခက်အခဲများဖြစ်ပေါ်နေကြောင်းကို သက်ဆိုင်ရာအာဏာပိုင်များကို သိစေချင်ပါသည်။တရားမ၀င်နွားသယ.်ဆောင်သူများသည် ပဲခူးတိုင်းအတွင်းရှိ နွားပွဲကိုပို့ဆောင်ရောင်းချနေကြောင်းသိရှိပါသည်။ No tags...

Read more »

တပြည်ထောင် လျပ်စစ်မီးစနစ်ကနေ ပြည်ထောင်စုလျပ်စစ်မီးစနစ် ဆီသို့ – TheGeek

November 10, 2013
တပြည်ထောင် လျပ်စစ်မီးစနစ်ကနေ ပြည်ထောင်စုလျပ်စစ်မီးစနစ် ဆီသို့ – TheGeek

တပြည်ထောင် လျပ်စစ်မီးစနစ်ကနေ ပြည်ထောင်စုလျပ်စစ်မီးစနစ် ဆီသို့ နိုင်ငံတကာသာဂိ၊ (ပေးစာ)၊ ဒီဇင်ဘာ ၁၀၊ ၂၀၁၃ ဒီစာကို အထောက်အထားတွေ၊ အညွှန်းကိန်းတွေ၊ အကိုးအကားတွေ မပါဘဲ ပေါ့ပေါ့ပါးပါးပဲ ရေးမှာမို့လို့ မိုးမခကဏ္ဍက ပေးစာမှာပဲ ထည့်ရန် အဆိုတင်သွင်းလိုက်ပါတယ်။ မြန်မာပြည်မှာ လျပ်စစ်ဓာတ်အားခတွေ တက်မယ်လို့ ပြောလိုက်ကတည်းက လွှတ်တော်တွင်း လွှတ်တော်ပြင် လှုပ်ရှားမှုတွေ ပြင်းထန်လာပါတယ်။ ကြံ့ဖွတ်လွှတ်တော်က သူတို့ပဲ လူရွေးပြီး ခန့်လွှတ်လိုက်တဲ့ ကြံ့ဖွတ်အစိုးရကို ပြန်ပြီးတော့ မီတာခနှုန်းထားတွေ တက်တာကို လွှတ်တော်မှာ ပြန်ဆွေးနွေးဖို့ တားယူရတဲ့ အထိပါပဲ။ မြန်မာပြည်ရဲ့ လျပ်စစ်လုပ်ငန်းကို ပြည်ထောင်စုအဆင့် ကိုင်တွယ်တာကို လက်ခံပါတယ်။ ဗဟိုကနေ လျပ်စစ်ထုတ်၊ လျပ်စစ်ဖြန့်ဖြူး၊ ပြုပြင်ထိန်းသိမ်း တိုးချဲ့ရေးတွေ လုပ်ကြပါ။ သို့သော် တိုင်းနဲ့ ပြည်နယ်အစိုးရတွေကို...

Read more »

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုများ အမြန်ဆုံး အရေးယူဆောင်ရွက်ရန် ရခိုင်များ စာပို့တောင်းဆို

November 4, 2013
ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုများ အမြန်ဆုံး အရေးယူဆောင်ရွက်ရန် ရခိုင်များ စာပို့တောင်းဆို

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုများ အမြန်ဆုံး အရေးယူဆောင်ရွက်ရန် ရခိုင်များ စာပို့တောင်းဆိုခိုင်အောင်ကျော် (နယူးယောက်)၊ နိုဝင်ဘာ ၄၊ ၂၀၁၃ ( ရခိုင်ပြည်နယ်၏ ဖြစ်ပျက်နေသော အရေးကိစ္စကို ဥပဒေနှင့် အညီ ချက်ချင်းဆောင်ရွက်ပေးပါရန် အမေရိကပြည်ထောင်စု ရောက် ရခိုင်လူမျိုးများမှ အိတ်ဖွင့်ပေးစာ  ) သို့ သမ္မတ ဦးသိန်းစိန်ဦးခင်ရီ -လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးရဲထွဋ-ဒု ပြန်ကြားရေးဝန်ကြီး ( ပြောရေးဆိုခွင့်ရှိသူ )ဦးလှမောင်တင် -၀န်ကြီးချုပ်-ရခိုင်ပြည်နယ် အစိုးရမြန်မာနိုင်ငံ -ရက်စွဲ -၂-၁၁-၂၀၁၃ လေးစားစွာဖြင့် ။           ။   ရခိုင်ပြည်နယ်၏ ဖြစ်ပျက်နေသော ပြသနာများကို ထိရောက်စွာ ဖြေရှင်းပါရန်  ၁-။          ။    ရခိုင်ပြည်နယ် ပေါက်တောမြို့ နယ်တွင် ရခိုင်အမျိုးသမီးတဦးအား ရက်စက်စွာ ၀ိုင်းဝန်းသတ်ဖြတ်ပြီး အခြားအမျိုးသမီးများ ကိုယ်လက်အင်္ဂါဆုံးရှုံး ခဲ့ ရသည့် ကြောက်မက်ဘွယ်ဖြစ်ရပ်များသည် နိုဝင်ဘာ-၂-ရက်နေ့ က...

Read more »

Persecuted for attending Martyrs’ Day in Prome

September 14, 2013
Persecuted for attending Martyrs’ Day in Prome

 အာဇာနည်နေ့အလေးပြုလို့ တရားစွဲခံရတဲ့ အမှု မိုးမခပေးစာ၊ စက်တင်ဘာ ၁၅၊ ၂၀၁၃ ပြည်မြို့ ဗိုလ်ချုပ်အောင်ဆန်းကျောက်ရုပ်တွင် ပန်းကြယ်တင်ကာ အလေးပြုခဲ့သည့် ပုံ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့                                                                                                               ရာဇာဝတ်တရားသူကြီး –  ဒေါ်နွယ်နီဝင်း(အထူးအာဏာ)                                                                                    တရားရုံးတင်…..၃၁-၇-၂၀၁၃ခုနှစ်၊ ပြစ်မှုကြီးအမှုအမှတ် – ၄၆၈၆/၂၀၁၃                                                                             တရားလို –  ဦးအောင်ဇော်ထက်(မြို့နယ်အုပ်ချုပ်ရေးမှူး)                                                                                                                             စွပ်စွဲခရံသူ – သိန်းမင်းထွန်း (HRDP) လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့                                             ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ… ပြည်သူ့ဝန်းထမ်းကနည်းလမ်းတကျထုတ်ပြန်ကြေညာသောအမိန့်ကိုဖီဆန်ခြင်း  ပုဒ်မ (၁၈၈) အရ စွဲဆိုမှု          (အမှုဖြစ်စဉ်)             (၆၆)နှစ်မြောက် အာဇာနည်နေ့ (၁၉-၇-၂၀၁၃)ရက်နေ့တွင် ကျွန်တော်(သိန်းမင်းထွန်း)သည် လူ့ဂုဏ်သိက္ခာနှင့်အညီ အသက်ရှင်လုံခြုံစွာ နေထိုင်နိုင်ရန် အသက်စွန့်၍ တိုင်းပြည်လွတ်လပ်ရေးကို ရအောင်ကြိုးစားခဲ့သော တိုင်းသူပြည်သားများ၏ မွန်မြတ်လှသောကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းကျောက်ရုပ်တွင် ပန်းကြယ်...

Read more »

Letter to Moemaka – Fish Farms in Shwe Bo

September 13, 2013
Letter to Moemaka – Fish Farms in Shwe Bo

လူမျိုးရေးပဋိပက္ခရဲ့ချိန်ကိုက်ဗုံးကြီး (သို့) ရွှေဘိုမြို့က ငါးကန်များ ငါးညှီရသား၊ မိုးမခပေးစာ စက်တင်ဘာ ၁၄၊ ၂၀၁၃ ရွှေဘိုမြို့က ငါးကန်များသည် လယ်မြေများကို ဥပဒေမဲ့အသွင်ပြောင်းထားပြီး ယင်းငါးကန်များနှင့် ဆက်စပ်လျက်ရှိသော လယ်ဧကများစွာကို နည်းမျိုးစုံနှင့် ဒုက္ခပေးလျက်ရှိနေသည်။ ဆည်မြောင်းနှင့် အာဏာပိုင်အဖွဲ့အစည်းများကို ခါးပိုက်ထဲရော၊  ခါးတောင်းကျိုက်ထဲရော၊ ဘေးအိတ်ထဲရော ထည့်ထား၊ လွယ်ထား၊ သိမ်းထားနိုင်သည့်အတွက် တောင်သူများ၏ ဒုက္ခကို မကြည့်တော့ဘဲ ရေကိုလိုရင်လိုသလို၊ မလိုရင် မလိုသလို သွင်းထုတ်၊ ဖောက်ချနေသည့်အတွက် လယ်များရေနစ်ခြင်း၊ ပျိုးပင်များ မျောပါသွား၍ စိုက်ပျိုးရန် အခက်အခဲဖြစ်နေခြင်း၊ ရေလိုသောအခါ ရေသွင်း၍မရခြင်း၊ စိုက်ပျိုးချိန်တွင်လည်း နည်းမျိုးစုံနှင့် ဒုက္ခခံနေရခြင်းစသည်များ အမြဲတစေကြုံကြိုက်နေရသည့်အတွက် တောင်သူများသည် အတော့်ကို မကျေမနပ်ဖြစ်လျက် ရှိနေကြပေသည်။ ယင်းသို့ လူတွင်ကျယ်လုပ်ခံနေရသည့် တောင်သူကျောမွဲများအတွက် အားကိုးစရာမှာအမျိုးသားအရေး လိုက်လံဆောင်ရွက်ပေးသည့်...

Read more »

Moe Nat Min – Doctor’s Vent

August 29, 2013
Moe Nat Min – Doctor’s Vent

အဝေးက ဆရာဝန်တဦးရဲ့ ပြန်ကြားစာ မိုးနတ်မင်း၊ မိုးမခပေးစာ၊ သြဂုတ် ၃၀၊ ၂၀၁၃ နှလုံးသွေးကြောပိတ် ရောဂါ သည် မြန်မာနိုင်ငံ တွင်သာ မက ကမာ တခွင် တွင် သေနှုန်း အများဆုံး ရောဂါ ဖြစ်သည်။  United States တွင် တနှစ်လျှင် လူပေါင်း ၆၀၀၀၀၀ ခန့်  (1 in every 4 deaths) သေဆုံး စေသော ရောဂါ ဖြစ်သည်။ ကျွန်ုပ်၏ အဖိုး ခေတ် တွင်မူ ရှင်း၏။ Myocardial Infarct ဖြစ်လျှင် ဘာဆေးမှ မရှိ။ Aspirin စား၊ အရမ်း နာ လျှင် မော်ဖင်း ထိုးပေး မည်။ Massive Infarct ဆို လျှင် ချက်ချင်း သေ၏။...

Read more »

Kaung Set Paing

August 29, 2013
Kaung Set Paing

ရဲကြောင့် သေဆုံးသူ ကလေးသူငယ် ဆယ်တန်းကျောင်းသား မောင်ကောင်းဆက်ပိုင် ချမ်းမြ (မိုးမခပေးစာ)၊ သြဂုတ် ၂၉ ၊ ၂၀၁၃ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တရားရုံး ရာဇာဝတ်တရားသူကြီး ဒေါ်လဲ့လဲ့ဝင်း(တ/၂၀၄၂)       တရားရုံးတင်…..၂၃-၁-၂၀၁၂ခုနှစ်၊  ပြစ်မှုကြီးအမှုအမှတ် (၃၂၇/၂၀၁၂)                                          တရားလို……………..ဦးအေးဟုန်(သဆုံးသူ-ကောင်းဆက်ပိုင်၏ဖခင်)                                                                        ...

Read more »

Burmese Jade Stones smuggling to China

August 21, 2013

တရားမ၀င် ရေမဆေးကျောက်များ သယ်ထုတ်ရောင်းချနေခြင်းမိုးမခပေးစာ၊ သြဂုတ် ၂၂၊ ၂၀၁၃ အကြောင်းအရာ။          ။တရားမ၀င်ရေမဆေးကျောက်များ သယ်ထုတ်ရောင်းချခြင်းကိစ္စ နိုင်ငံတော် အစိုးရနှင့် သက်ဆိုင်ရာဌာနများမှ သိစေလိုခြင်း။ တရားမ၀င်ရေမဆေးကျောက်များကို သယ်ယူပို့ဆောင်-ထုတ်ရောင်းချနေသည့် ကောင်းခါးပြည်သူ့စစ်က ဗိုလ်ကြီးအဆင့်ရှိသူ ဦးကျော်သန်းဝင်းသည် တရုတ်ပြည်သို့ တင်သွင်းပို့ဆောင်နေသည်မှာ ခေါက်ခေါက်ခါခါ အကြိမ်ပေါင်းများပြားလှပါပြီ။ ယခုလက်ရှိမှာလည်း တရားမ၀င်ရေမဆေးကျောက်များကို (၁၀)ဘီး – (၁၂)ဘီးကားကြီးများဖြင့် သယ်ယူလာခါ တရုတ်ပြည်သို့ ပိုဆောင်ရန် ကာမိုင်းမြို့နယ်၊ကချင်ပြည်နယ်-နန်းသိန်း/နန်းယားရွာအထိရောက်နေပါပြီဟု ၄င်းကျေးရွာမှ အမည်မဖော်လိုသူ တစ်ဦးမှပြောပါသည်။  ယခုသယ်ဆောင်လာသော တရားမ၀င်ရေမဆေးကျောက်များ၏ တန်ချိန်မှာ (၃၀၀)ကျော်တန်ချိန်ခန့်  ရှိနိုင်သည်ဟု ၄င်းမှ ဆက်လက်ပြောကြားပါသည်။ နိုင်ငံတော်အစိုးရမှလည်းတရားဝင်လုပ်ကိုင်ခွင့်ရရှိခဲ့သော လုပ်ကိုင်ခဲ့သော ကုမ္ပဏီများကို ခေတ္တပိတ်ထားခဲ့သည်မှာလည်း (၁)ကျော်ခန့်ရှိပါပြီ။  သို့ပါသော်လည်း တရားမ၀င်ရေမဆေး ကျောက်များမှာ ဘာကြောင့်မို့ တရားမ၀င်လမ်းကြောင်းမှ တရုတ်ပြည်သို့  အစဉ်အမြဲ...

Read more »

Letter to Moemaka

August 20, 2013
Letter to Moemaka

သမတကြီး ချဲထိုးပါဦး မိုးမခပေးစာ သြဂုတ် ၂၀၊ ၂၀၁၃ သို့ (၁) သမ္မတ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတရုံး နေပြည်တော်။                                                                                     ...

Read more »

Letter to MoeMaKa,

August 17, 2013
Letter to MoeMaKa,

ပြည်မြို့က ဥပဒေ မိုးမခပေးစာ သြဂုတ် ၁၇၊ ၂၀၁၃ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ရာဇာဝတ်တရားသူကြီး ဒေါ်သိရီတင်                                                                                        ...

Read more »

Hle Dan Residence denounced Crony Business Owner

July 22, 2013
Hle Dan Residence denounced Crony Business Owner

လှည်းတန်းအိမ်ယာ အရေးအခင်း၊ ပြည်သူများ ဖြေရှင်း တိုက် ၁၊ တိုက် ၂ နေ ပြည်သူများ၊ မိုးမခပေးစာ၊ ဇူလိုင် ၂၂၊ ၂၀၁၃ လုပ်ငန်းရှင်ဦးဇော်မိုးခိုင် (AA Medical Product) သည် ၄င်း ၀ယ်ယူထားသော လှည်းတန်းလမ်းဆုံ ပြည်မြန်မာကုန်တိုက် ပေ ၈၀ x ပေ ၁၂၀ အပြင်၊ အများပြည်သူမသိရှိလိုက်သော နောက်ဆက်တွဲနောက်ဖေးလမ်းကြားမြေများနှင့်ပတ်သက် ၍ ရန်ကုန်အခြေစိုက် နာမည်ကြီးနေ့စဉ်သတင်းစာတစ်စောင် မှတစ်ဆင့်မဟုတ်မမှန် ပြောဆိုခြင်းများ ပြုလုပ်နေမှုကြောင့် တိုက်(၁)၊ တိုက်(၂)နေ ပြည်သူများ ကိုအများပြည်သူမှအထင်အမြင်လွဲမှားမှုများ မဖြစ်ပေါ်စေရန် ဖြစ်ရပ်မှန်များကို သတင်းမီဒီယာများ အားလုံး နှင့် ပြည်သူများအားလုံး သိရှိနိုင်ရန် တင်ပြအပ်ပါသည်။ ၎င်းကိစ္စနှင့်ပတ်သက်ပြီး တရားဝင်သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် စီစဉ်လျက်ရှိပြီး တရားဥပဒေဘောင်အတွင်းမှ...

Read more »

Kyaw Nyein Moe – Off Limit Off Target

June 26, 2013
Kyaw Nyein Moe – Off Limit Off Target

ခုတ်ရာတလွဲ ရှတာ တနေရာဖြစ်နေသည် … ကျော်ငြိမ်းမိုး၊ ဇွန် ၂၆၊ ၂၀၁၃ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကိုအကာအကွယ်ပေးသော၊ အမှန်တကယ် အသက်ဝင်သော ဥပဒေတစ်ရပ်လိုအပ်သည်။ အမျိုးစောင့်ဥပဒေဆိုသည်မှာ၊ စေတနာပါသော်ငြား၊ ခုတ်ရာတလွဲ၊ ရှတာတနေရာဖြစ်သော ဥပဒေဖြစ်သည်။ အမည်နာမကိုက ဘောင်ကျဉ်းတဲ့၊ အာဏာရှင်ဆန်တဲ့၊ ဥပဒေဖြစ်သည်။ အရင်က တိုင်းရင်းသားဒေသတခုဖြစ်တဲ့ KNUနယ်မြေမှာ၊ ကရင်အမျိုးသမီးအစည်းအရုံးက၊ ကျောင်းသားတွေကရင်နယ်မြေကိုရောက်လာတဲ့အခါမှာ၊ အခုလို ပုံစံဥပဒေထုတ်ဖူးတယ်။ ကရင်အမျိုးသမီး ဗမာကိုမယူရ။ ဗမာကိုယူရင် ထိုင်းဘတ်ငွေ ၁၅၀၀၀ အစရှိတဲ့၊ ဥပဒေဖြစ်သည်။ KNU မှာ ခရစ်ယာန်ဖြစ်မှ၊ ရာထူးကြီးတွေအတွက် တက်လမ်းရှိသည်၊ KNU ကို စကောဘာသာ စကားပြော၊ ခရစ်ယာန်ကြီးစိုးသည့်အဖွဲ့ အစည်းတခုအဖြစ်တည်ထောင်ရန်ကြိုးပမ်း ခဲ့တဲ့အတွက်၊ အကွဲအပြဲတွေဖြစ်ခဲ့လို့ ၊ ကျရှုံးခဲ့တာလည်း ရှိခဲ့ဘူးပြီ … ဟု ပြောသံများ ကြားခဲ့ရသည်။...

Read more »

Letter from Hinthada

June 12, 2013
Letter from Hinthada

ဟင်္သာတ ပျဉ်မချောင်းရပ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ မကျေနပ်မှု တိုင်ကြားစာ ပျဉ်မချောင်းပြည်သူတဦး၊ ဇွန် ၁၃၊ ၂၀၁၃ ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတမြို့၊ ညောင်ပင်ရပ်၊ ပျဉ်းမချောင်းရပ်ကွက်တွင် အခုလက်ရှိအုပ်ချုပ်ရေးမှူးကို ရပ်ကွက်နေမြို့မိမြို့ဖ နှင့် ပြည်သူတို့က လိုလားကြပါတယ်။ ဒါပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်း နှင့် ယခင်အုပ်ချုပ်ရေးမှူးဟောင်းနှင့် သူနောက်လိုက်များက မလိုလားကြဘဲ ဖယ်ချချင်ကြတယ်။ဒါကြောင့် တိုင်စာအမျိုးမျိုး နှင့်လူမှုရေးဖောက်ပြန်တယ်လို့ လက်မှတ်တွေထိုး လုပ်ကြံတိုင်းကြားခဲ့ကြပါတယ်။ တိုင်တဲ့သူတွေက လက်မှတ်သာ ထိုးရတယ် အကြောင်းစုံမသိခဲ့ကြပါ။ အဲဒီလို မဟုတ်မမှန်တာတွေလုပ်ခြင်းသည် ကြီးကြပ်ရေးအဖွဲ့၊ ရပ်မိရပ်ဖများရဲ့ အားနည်းချက်လို့ အထက်ကဆိုပြီး လက်ရှိခန့်ထားသော အုပ်ချုပ်ရေးမှူးကို  ပြန်လည် ရွေးချယ်ရမယ်ဆိုပြီး ဇွန် ၈၊ ၂၀၁၃ မှာ မြိုနယ်အုပ်ချုပ်ရေးမှူးရုံးမှာ လူထုကို ခေါ်ယူအသိပေးခဲ့ပါတယ်။ ကျွန်တော်တို့ ရပ်မိရပ်ဖ အဖွဲ့အား...

Read more »

Mee Fah Luang forcing out Burmese Refugees from Thailand’s camp

June 5, 2013
Mee Fah Luang forcing out Burmese Refugees from Thailand’s camp

မယ်လဒုက္ခသည်စခန်းသည် ဒုက္ခသည်ကို အလိုမရှိ ဒုက္ခသည်များ ရေးတဲ့စာ၊ ဇွန် ၅၊ ၂၀၁၃   ကျွန်ုပ်တို့သည် ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များဖြစ်ပါသည်။ ကျွန်ုပ်တို့ကို ထိုင်းမြန်မာအစိုးရ UN , Mae  Fah Luang Foundation ( MFLF ) မှဦးဆောင်ကာ မြန်မာပြည်သို့ အတင်းအဓမ္မ ပြန်ပို့ရန် ဆောင်ရွက်နေပါသည်။ ကျွန်ုပ်တို့ ဒုက္ခသည်များဆန္ဒမပါဘဲ အတင်းအဓမ္မ မြန်မာပြည်သို့ ပြန်လည် ပို့ဆောင်ခြင်း အပေါ် များစွာစိတ်ဒုက္ခများရောက်နေရပါသည်။ စခန်းအာဏာပိုင်နှင် MFLF တို့  ပူးပေါင်း၍ ဖိအားပေးဆောင်ရွက်ခြင်းအပေါ် အကြောက်တရားနှင့် ရင်ဆိုင်နေရပါသည်။ ကျွန်ုပ်တို့ မယ်လဒုက္ခသည် စခန်းတွင် လူဦးရေ (၄,၃၀၀၀) ကျော်ရှိပြီး ထိုင်းနယ်စပ်တလျောက် ဒုက္ခသည်စခန်း(၉) ခုမှ ဒုက္ခသည် စုစုပေါင်း...

Read more »

Ko Htut – Suu, Democratic Process and Changes in Myanmar

May 24, 2013
Ko Htut – Suu, Democratic Process and Changes in Myanmar

ဒေါ်အောင်ဆန်းစုကြည်၊ ဒီမိုကရေစီကျင့်ဝတ်နှင့် မြန်မာ့နိုင်ငံရေးအပြောင်းအလဲ ကိုထွဋ် ။ မေ ၂၃ ၊ ၂၀၁၃၊ မိုးမခသို့ပေးစာကဏ္ဍ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအိပ်မက် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ မှာ သမ္မတဖြစ်ချင်ကြောင်း၊ ဖြစ်မယ်လို့ မျှော်လင့်ကြောင်း အလျဉ်း သင့်သလို တွင်တွင် ထုတ်ပြောနေတယ်။ ဘယ်အကွက်ကိုကြည့်ပြီး၊ ဘယ်နည်းနဲ့ တွက်ကာ ပြောနေ တာ လည်းတော့ မသိပါ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရမှာ ဖြစ်ပြီး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အရေးအပါဆုံးဖြစ်သော သမ္မတဖြစ်ခွင့်၊ စစ်တပ်မှရယူထားသော ၂၅ ရာခိုင်နူန်း.. အစရှိသည်ဖြင့်တို့အား စစ်တပ်နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့မှ လာမည့် ဆယ်နှစ်အတွင်း ပြင်ဆင်ပေး မည်ဟု မိမိမထင်ပါ။ ဖွဲ့စည်းပုံပါ ထိုအရေးပါသော အချက်တို့အား လုံးဝ...

Read more »

Hinthada Town Officials abuse on Cell Phone Sales

May 22, 2013

၁၅၀၀ တန် ဖုန်းကဒ် များနဲ့ ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းများ၏ မသမာမှုများဟသာင်္တမီဒီယာ၊ မေ ၂၃၊ ၂၀၁၃ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့  (ပထမ)အကြိမ် ထုတ်ပေးချိန်တွင် ခရိုင်ရုံးက လှိုင်မျိုးကျော် နှင့်မြို့နယ်ရုံးက၀န်ထမ်းတစ်ဦး ပေါင်းပြီး ဖုန်းဆင်းကဒ် ၂၀၀ ကို အပြင်သို့ရောင်းချခဲ့သည့်ကိစ္စကို တိုင်းအထွေထွေဦးစီးဌာန ထွေအုပ်မင်းကြီး ဦးအေးကျော်မှ ခေါ်ယူစစ်ဆေးနေသည့်ကြားက စစ်ဆေးခံရသည့်ဝန်ထမ်းသည် ထွေအုပ်ဝန်ထမ်း (၁၅၄) ဦးအတွက် ချပေးသော ဖုန်းကဒ်များယူထားပါသည်။ ယင်း ထွေအုပ်ဝန်ထမ်း (၁၅၄) ဦးမှာ ကျပ် (၂) သိန်းတန် GSM ဖုန်းကဒ်များကို အရစ်ကျ ၀ယ်ယူခွင့်ရကြသူများ ဖြစ်ပါသည်။ယင်းဝန်ထမ်းများသည် ငွေသွင်းမှုကိုပြည့်မှီ အောင်မသွင်းဘဲ ယခု ၁၅၀၀ တန် ဆင်းကဒ်ကို ထပ်မံဝယ်ယူ ကြသူများဖြစ်ကြောင်း ဟင်္သာတ ဆက်သွယ်ရေးရုံးမှတဆင့်...

Read more »

Nay Myo Zin free again – on his own words

May 17, 2013
Nay Myo Zin free again – on his own words

ကိုနေမျိုးဇင် မေလ ၁၇ က ထပ်မံလွတ်မြောက်ခဲ့ပုံ ကိုယ်တိုင်ရေးသားချက်သူ့ဖေ့စ်ဘွတ်ကနေ ကူးယူဖော်ပြပါတယ်။ မေ ၁၈၊ ၂၀၁၃ မတ်လ ၂ ရက်နေ့ ပန်းတနော် တရားရုံးက နေ ပုဒ်မ ၅၀၀ ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အကြည်ညို ပျက်စေမှု မှာ အပြစ်ရှိတယ် ဆိုပြီး ဒါဏ်ငွေ နှစ်သောင်း ဆောင်ရန် သို့မဟုတ်ပါက ထောင် ဒါဏ် သုံးလ ကျခံစေရန် ဆိုပြီး အမိန့်ချစဉ်က ကျနော် ဒါဏ်ငွေ နှစ်သောင်း ဆောင်လိုက်ရင် အေးဆေး ပြသနာ ပြေလည်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်က အခု ပြသနာကို ပေါ့ပေါ့ မဟုတ်ဘူး ၊ တစုံ တဦးက နောက်ကွယ်က နေ ထိန်းချုပ်စေခိုင်းတာ...

Read more »

Hinthada – names of pagoda donors changed without consent

May 10, 2013
Hinthada – names of pagoda donors changed without consent

ဘုရားမူလအမည်ကို ပြောင်းရန် ဘုရားလူကြီးများက ကြံ ဟင်္သတာမီဒီယာ၊ မေ ၁၁၊ ၂၀၁၃ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ သုံးပင်ကွင်းရပ်ကွက်တွင် တည်ထား၊ကိုးကွယ်လျက် ရှိသော ဘုရားငါးဆူစေတီတော်ကြီး၏ ဘုရားလူကြီးများသည်မူလလှူဒါန်းထားသော အလှူရှင်များ၏ ဘုရား၏အမည်ကို အလှူရှင်များကို အသိမပေးဘဲ အခြားအမည်ဖြင့် အစားထိုးခြင်း၊ပြောင်းလဲခြင်းများ ပြုလုပ်ခြင်း၊ ကြံစည်ခြင်းတို့ကြောင့် ရပ်ကွက်က နိုင်ငံတော်သံဃမဟာနာယကအထိ စာတင်ပြထားခဲ့ကြောင်း၊ သက်ဆိုင်ရာကတုန့်ပြန်သည့် ညွှန်ကြားစာကို ဂေါပကများ သက်ဆိုင်ရာလူကြီးများထံ ရောက်ရှိလာသည်မှာ ၈လခန့် ရှိပြီ ဖြစ်သော်လည်း မည်သည့်အရေးယူမှု၊ ပြင်ဆင်မှုများမလုပ်သေးသဖြင့် မီဒီယာကနေတဆင့် ဗျို့ဟစ်လိုက်ရပါသည် ခင်ဗျား။       ။ No tags for this post. Related posts No related posts.

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်