မိုးမခကို ပေးတဲ့စာ

စီစီသွယ် (S/OKA -089818) – အမေ၏ ရက်ပေါင်း တသောင်းကျော်

August 31, 2016
စီစီသွယ် (S/OKA -089818) – အမေ၏ ရက်ပေါင်း တသောင်းကျော်

ဓာတ်ပုံ – မအတာ စီစီသွယ် (S/OKA -089818) – အမေ၏ ရက်ပေါင်း တသောင်းကျော် (မိုးမခ) သြဂုတ် ၃၁၊ ၂၀၁၆ အမေ ၊ အမေ့အိမ် ၊ ၈ ရက်အတွင်း အထင်ကရ အဖြစ်အပျက် ၂ ခု၊ ဆန့်ကျင်ဘက် ဖြစ်ရပ် ၂ ခု၊ အင်အားပြင်းသော ငလျင်ဒဏ်နှင့် အင်အားကြီးမားသော စုစည်းမှု၊ (မနက်ဖြန်တွင် ကျင်းပတော့မည့် ၂၁ ရာစု ပင်လုံညီလာခံ) ၊ အသက်ဆုံးရှုံးမှုများနဲ့ အတူ ပြိုကျပျက်စီးသွားခဲ့ရသော ပုဂံဘုရားများ၊ ကျမတို့ ဖူးချင်သော ပုဂံဘုရားများ၊ ကျမတို့လည်း ပုဂံမြေကို ခြေချခွင့် မရရှိသေး၊ က၀ိအိုလည်း အမေ့အိမ်ကို ခြေချခွင့် မရရှိသေး၊ အမေ၏...

Read more »

ယာတောက သာဗြော – အဝေးက ပေးစာတစောင် (ပုဂံငလျင်)

August 26, 2016
ယာတောက သာဗြော – အဝေးက ပေးစာတစောင် (ပုဂံငလျင်)

Paw Oo Thet   ယာတောက သာဗြော – အဝေးက ပေးစာတစောင် (ပုဂံငလျင်) (မိုးမခ) သြဂုတ် ၂၆၊ ၂၀၁၆  (သူ့ဖေ့စ်ဘွတ်က ယူပါတယ်)  ကိုဟိုဒင်းရေ … စာလည်းမရေးဖြစ်တာကြာပြီဗျာ။ အခုတော့ပုဂံဘုရားတွေပြိုတဲ့ချောက်ငလျင်သတင်းကြားရတော့ ရင်ထဲမှာခံစား ချက်ပြင်းလွန်းလို့ ဒီစာကိုကောက်ရေးလိုက်ပါတယ်။ ၁၉၇၅ခုနှစ်တုန်းက ပထမအကြိမ် ပုဂံဘုရားတွေပြိုတဲ့ငလျင်တုန်းက ကျွန်တော်ကထောင်က ထွက်လာပြီ၊ တောမခို သေးဘူး။ အဲဒီညနေက မန္တလေးဧရာဝတီမြစ်ဘေး၊ ချော်ဆိပ်မှာကျွန်တော်တို့ ဘော့လုံးသွားကစားနေတော့ ငလျင်က မန္တလေးမှာလည်းနည်းနည်းလှုပ်ပေမယ့် ဘာမှမသိလိုက်ဘူး။ အိမ်ပြန်ရောက်လို့ထမင်းစားတော့မှသိတာ။ သိတော့ ထမင်းတောင် ဆက်မစားနိုင်တော့ဘူး။ ပုဂံဟာကျွန်တော့်ရဲ့သညာထဲမှာ သိပ်ကြီးကျယ်ခမ်းနား၊ ဂုဏ်ပြောင်တဲ့သမိုင်းကဏ္ဍတခုဖြစ်တယ်ဗျ။ ဗမာပြည် သမိုင်းမှာ ကျွန်တော်တို့အမျိုးသားတွေရဲ့ ဂုဏ်ယူစရာရွှေခေတ်တွေကို ကိုယ်စားပြုတဲ့ အထောက်အထားဆိုလို့ ပုဂံနဲ့ မြောက်ဦးမှာပဲ ရှိတော့တယ်လို့မှတ်ထားတာ။ ကျန်တဲ့နေရာတွေမှာလည်း...

Read more »

ဗေဒါရီ – အလှူခံပါဗျို့

August 24, 2016
ဗေဒါရီ  – အလှူခံပါဗျို့

ဗေဒါရီ  – အလှူခံပါဗျို့ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၆ သယံဇာတ အလွန်ပေါများလှတဲ့ မြန်မာပြည်ကြီးမှာ နောက်ထပ် သယံဇာတနှစ်မျိုးက ဘယ်ဌာန ကမှ ခွင့်ပြုချက်မရဘဲနဲ့ သူသဘောနဲ့သူ ဘွားခနဲ ရောက်လာပါသေးတယ်။ အားလုံးသိကြတဲ့အတိုင်း မနှစ်ကစပြီး မိုးတွင်းရောက်ပြီဆိုတာနဲ့ အထက်မြန်မာပြည် အောက်မြန်ပြည်အနှံ့ ရေကြီးရေလျှံမှုတွေဖြစ်ကြတော့တာပါပဲ။ မှတ်မိသလောက်နှစ်ပေါင်း လေးဆယ်ကျော်အတွင်း အထက်ပိုင်းမှာ ရေကြီးရေလျှံမှုဖြစ်တယ်ဆိုတာ မရှိသလောက် မကြားဖူးသလောက်ပါပဲ။ ခုတော့ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် အထက်ပိုင်းဒေသတွေကစပြီး ရေကြီးရေလျှံမှုတွေဟာ အိမ်ခေါင် မြုပ်တဲ့ထိ ဖြစ်တော့တာပဲ။ နောက်ဆင့်ကဲဆင့်ကဲဆိုသလိုမျိုး အောက်ပိုင်းဒေသတွေပါ ရေကြီးရေလျှံမှုတွေက စဉ်တိုက်ဆက်တိုက်ဖြစ်လာတော့တာပါပဲ။ ကုန်းခေါင်ခေါင်ဖြစ်တဲ့ အထက်ပိုင်းဒေသတွေတောင် ခေါင်မြုပ်တဲ့ထိ စေတီတော်တွေမြုပ်တဲ့ထိတောင်ရေကြီးတယ်ဆိုတော့ နဂိုကမှ မြစ်ချောင်းတွေလည်းပေါ နှစ်စဉ်ရေကြီးနေကြလည်းဖြစ်တဲ့ ဧရာဝတီ တိုင်းလို နေရာဒေသတွေဟာ ဘယ်လောက်တောင် ဒုက္ခတွေနဲ့...

Read more »

မေချို – အမေ့ အိမ်ပြန်ချိန်

August 10, 2016
မေချို – အမေ့ အိမ်ပြန်ချိန်

မေချို – အမေ့ အိမ်ပြန်ချိန် (မိုးမခ) သြဂုတ် ၁၀၊ ၂၀၁၆ ကဝိအို ရဲ့ အိမ်ပြန် ချိန် ဆောင်းပါးနှင့် အတူ မြန်မာပြည် ပြန်လာဖို့ ကြိုးစား ရာမှာ အမေရိကန် နိုင်ငံရှိ မြန်မာ သံရုံးမှာ ခံဝန်လက်မှတ် ထိုးခိုင်းတဲ့ ယခင် အစိုးရဟောင်းရဲ့ မူဝါဒ အဟောင်း လက်ကျန်တွေ ကြောင့် ကဝအိုရဲ့ အိမ်ပြန်ချိန် ဟာ အခက်အခဲတွေနဲ့ အတူ ကြန့်ကြာနေဆဲပါ ။ အာ ဇာနည်မျိုး သေရိုးမရှိ ကျဆုံးလေသော အာဇာနည် ခေါင်းဆောင်ကြီး ၉ ဦးမှာ ဗိုလ်ချုပ် အောင်ဆန်း နှင့် ဗိုလ်ချုပ် အောင်ဆန်းရဲ့ အကိုအရင်း ဦးဘဝင်းတို့ ညီအကို ၂...

Read more »

တင်တင်ညို (ဒလမြို့နယ်) – ပြည်ထဲရေးဝန်ကြီးသို့ အိမ်ပြန်ချိန်နောက်ကျသူတဦးရဲ့ အိတ်ဖွင့်ပေးစာ

August 5, 2016
တင်တင်ညို (ဒလမြို့နယ်) – ပြည်ထဲရေးဝန်ကြီးသို့ အိမ်ပြန်ချိန်နောက်ကျသူတဦးရဲ့ အိတ်ဖွင့်ပေးစာ

တင်တင်ညို (ဒလမြို့နယ်) – ပြည်ထဲရေးဝန်ကြီးသို့ အိမ်ပြန်ချိန်နောက်ကျသူတဦးရဲ့ အိတ်ဖွင့်ပေးစာ (မိုးမခ) သြဂုတ် ၅၊ ၂၀၁၆ ဒီလိုတွေဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါ၊ တွေးမထားခဲ့ပါ၊ လျှော့တွက်တာတော့ မဟုတ်ပါဘူး။ မထင်မှတ်ထားတာတွေ ဖြစ်နေတော့  အချိန်မတန်လို့  အိမ်မပြန်ရသေးဘူးလို့ပဲ တွေး ပြီး ဖြေသိမ့်ရတာပေါ။့ ကိုယ့်နိုင်ငံက ထွက်လာတာ ၉ နှစ်နီးပါး ရှိပြီ။ ဆွေမျိုး မိတ်ဆွေ၊ နိုင်ငံ့အရေး လုပ်ဖော်ကိုင်ဖက်၊ နိုင်ငံရေးအမှုတွေနှင့် ထောင်နန်း စံဖက်၊ ရပ်ဆွေရပ်မျိုး အားလုံးကို တနေ့မှ မမေ့ပါ၊ ရင်နှစ်သည်းခြာ တဦးတည်းသော သမီးလေးကိုလည်း လွမ်းမိပါသည်။ (တထောင်ထဲ အတူဝင်ကြတော့ သူက ဆယ်ကျော်သက်ကလေး၊ အခုတော့ လူရွယ်တဦး ဖြစ်နေပေပြီ)။ သမီးရေ …...

Read more »

ဇာနီကြီး – ဆိုင်းဘုတ်မထောင်ဘဲ ကရိန်းနဲ့ ဆွဲသည့် ရန်ကုန်

June 24, 2016
ဇာနီကြီး – ဆိုင်းဘုတ်မထောင်ဘဲ ကရိန်းနဲ့ ဆွဲသည့် ရန်ကုန်

ဇာနီကြီး – ဆိုင်းဘုတ်မထောင်ဘဲ ကရိန်းနဲ့ ဆွဲသည့် ရန်ကုန် (မိုးမခ) ဇွန် ၂၄၊ ၂၀၁၆ ဒီနေ့ တော့ ကားကရိန်း မဲပေါက်သွားပါတယ်။ မနက် ၁၀ နာရီခွဲလောက် လမ်း ၅၀ အိမ်က မနက်စာစားပြီး ချိန်းထားတဲ့ ဗဟန်းမြို့နယ်သွားဖို့ ကားရပ်ထားတဲ့နေရာသွားတယ်။ ကားရှာလို့ မတွေ့တော့ပါ။ ဒီနေရာပြောင်းလာတာလည်း ၂ ပတ်လောက်ပဲ ရှိသေးတယ်။ ပထမ နေရာများမှားထားသလား သေချာစဉ်းစားတယ်။ နေရာမမှားဘူး သေချာတော့ ကားခိုးခံရပီလား စိုးရိမ်တယ်။ ကားသူခိုး မြန်မာနိုင်ငံအထူးသဖြင့် ရန်ကုန်မှာ အလွန်ရှားပါးတာကြောင့် မဖြစ်နိုင်ဘူး၊ ဧကန္တတော့ ကားကရိန်းနဲ့ ဆွဲသွားခံရနိုင်တယ်ဆိုပြီး ကားရပ်ထားတဲ့ အနောရထာလမ်းနဲ့လမ်း၅၀ ထောင့်ကို ကားမရပ်ရဆိုင်းဘုတ်များမမြင်မိလို့လား၊ သေချာရှာတော့လည်း ကားမရပ်ရ ဆိုင်းဘုတ်ရေးမထားပါ။ လမ်းဘေးလက်ဖက်ရည်ဆိုင် မိတ်ဆွေကို...

Read more »

အေးကျော်ကျော် – ကိုဖြိုး တက်တဲ့ ဓာတ်အားပေးစက်ရုံ မည်သည့်ဂက်စ်နှင့် လည်မည်နည်း

May 13, 2016
အေးကျော်ကျော် – ကိုဖြိုး တက်တဲ့ ဓာတ်အားပေးစက်ရုံ မည်သည့်ဂက်စ်နှင့် လည်မည်နည်း

  အေးကျော်ကျော် – ကိုဖြိုး တက်တဲ့ ဓာတ်အားပေးစက်ရုံ မည်သည့်ဂက်စ်နှင့် လည်မည်နည်း (မိုးမခ) မေ ၁၃၊ ၂၀၁၆ ကိုယ်တိုင် အားပေး၊ ကိုယ်တိုင်တင်မြှေုာက်ခဲ့တဲ့ ကိုယ်ချစ်တဲ့ အစိုးရမို့လို့ တတ်သိနားလည်သူ ပညာရှင်တစ်ယောက်အနေနှင့် မေးပါရစေ၊ ပြောပါရစေ။ ၁။ ဒီနေ့အုတ်မြစ်ချတယ်ဆိုတဲ့ ဓာတ်အားပေးစက်ရုံအတွက် ပေးစရာ ဂက်စ်မရှိပါ။ မည်သည့်ဂက်စ်နှင့် လည် မည်နည်း။ ၂။ လက်ရှိရှိနေတဲ့ စက်တွေ အပြည့်အဝမောင်းနိုင်အောင်တောင် ဂက်စ်လောက်ငှအောင် မပေးနိုင်ပါ။ ၃။ သီလဝါမှာ JICA ချေးငွေနှင့်တည်ဆောက်သည့် ပြီးစီးခါနီး /ပြီးစီးခါစ 50 MW စက်ရုံသည်ပင် 25 MW စက်တစ်လုံးစာအတွက်သာ ဂက်စ်ပေးနိုင်ပါသည်။ ၄။ ကမ္ဘာ့ဘဏ်၏ ချေးငွေနှင့်တည်ဆောက်မည့် သထုံဓာတ်အားပေးစက်ရုံသည်လည်း ယခုနှစ်အတွင်း စတင်တည်ဆောက်မည်ဖြစ်သည်။ သူ့အတွက်ကလည်း...

Read more »

အေးကျော်ကျော် – သင့်တိုင်းပြည် လျှပ်စစ်မီးအတွက် သင်ဘာလုပ်ပေးနိုင်မလဲ

May 12, 2016
အေးကျော်ကျော် – သင့်တိုင်းပြည် လျှပ်စစ်မီးအတွက် သင်ဘာလုပ်ပေးနိုင်မလဲ

အေးကျော်ကျော် – သင့်တိုင်းပြည် လျှပ်စစ်မီးအတွက် သင်ဘာလုပ်ပေးနိုင်မလဲ (သူ့ဖေစ့်ဘွတ်) မိုးမခ၊ မေ ၁၂၊ ၂၀၁၆ မီးတွေလဲအထွက်ကျ၊ ဂတ်စ်တွေလဲခမ်းတော့မယ့် ဆင်းရဲမွဲတေ သင့်တိုင်းပြည်ငယ်လေးအတွက် သင်တစ်ခုခုတော့ လုပ်နိုင်ပါတယ်။ သင့်ဓနအင်အားနဲ့ သင့်စေတနာအပေါ်မူတည်ပြီး အဆင့်လိုက် လုပ်လို့ရကြောင်း ကိုယ်တိုင်လုပ်နေသူ တစ်ယောက်အနေနဲ့ သတင်းစကားပါးလိုက်တယ်။ ၁။ LED မီးလုံး၊ မီးချောင်းတွေသုံးပါ။ ကျွန်တော့်အိမ်နဲ့ ရုံးမှာ မီးချောင်းမှန်သမျှ LED ပါ။ ၃ နှစ်ခွဲမှ ၄ နှစ်ရှိပါပြီ။ တစ်ခုမှ မလဲရပါ။ Osram တို့ Philip တို့လို နာမည်ကြီး LED ၄ ပေမီးချောင်း တစ်ချောင်းကို ကျပ် ၁၈,ဝဝဝ ပေးရတယ် ပုံမှန်ထက် 19 W သက်သာတယ်။...

Read more »

ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – ဘဝ တသက်တာ စဉ်ဆက်မပြတ်

May 10, 2016
ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – ဘဝ တသက်တာ စဉ်ဆက်မပြတ်

သန်းဌေးမောင်၏ ပန်းချီ ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – ဘဝ တသက်တာ စဉ်ဆက်မပြတ် (မိုးမခ) မေ ၁၀၊ ၂၀၁၆ ချစ်သူငယ်ချင်းတို့ရေ ဒီရက်အတွင်း အိမ်အပြောင်းအရွှေ့ ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာနဲ့ မင်းတို့ဆီ စာမရေးတော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် ခင်မင်ရတဲ့ ညီမငယ်တယောက်က ပြန်လွတ်မြောက်လာတဲ့ ကျောင်းသားတွေကို ဖွဘုတ်မှာ စစ်အစိုးရ ဒလန်တွေ၊ နောက်မြီးဆွဲတွေက အငြိုးတကြီးနဲ့ တိုက်ခိုက်ပြောဆိုနေတဲ့ ငါ မသိသေးတဲ့ ပြောဆိုချက်တချို့ ကို ပေးပို့လာလို့ ကြည့်လိုက်တော့ အမျိုးသားပညာရေးတိုက်ပွဲ ဦးဆောင်ကျောင်းသားအဖွဲ့ထဲက အသက်အကြီးဆုံးဖြစ်တဲ့ ကိုအောင်မှိုင်းဆန်း ကိုေ–ာက်သက်ကကြီးနေပြီ အခုထိ ကျောင်းသားလို့ ပြောနေတုန်း။ေ–ာက်ရုပ်က … စတဲ့ မယုံနိုင်လောက်တဲ့ စကားလုံးတွေနဲ့ ချိုးချိုးဖဲ့ဖဲ့၊ ပစ်ပစ်နှစ်နှစ် ဆဲဆိုထားတာကို...

Read more »

မောင်ဥက္ကလာ – သမ္မတ အိမ်တော်သို့

April 29, 2016
မောင်ဥက္ကလာ – သမ္မတ အိမ်တော်သို့

မောင်ဥက္ကလာ – သမ္မတ အိမ်တော်သို့  (မိုးမခ) ဧပြီ ၂၉၊ ၂၀၁၆ အခုလို အန်တီညို နှိပ်စက်လို့ အတော်ပူတဲ့ ရာသီနဲ့ မီးပျက်ချိန်မျိုးဆို ရွှေပြည်သားတွေ ကျေးဇူးရှင် အဘတို့ကို တဝဲဝဲပျံနေတဲ့ ခြင်တွေကို ရိုက်ပြီး သတိရနေမှာ။ အဲ့ဂလို ပြည်သူတွေ မေ့မရလောက်တဲ့ (တိုင်းကျိုးပြည်ကျိုး) သူတို့အမျိုးအကျိုးတွေကို စွမ်းစွမ်းတမံ နှစ်ပေါင်းများစွာ ထမ်းရွက်ခဲ့ကြတဲ့ အဘတို့အကြောင်းကို – MPC အကြံပေးတွေ၊ သမ္မတကြီး အကြံပေးတွေလို ဒေါ်လာမယူ၊ အခွင့်ရေးမယူဘဲ ကမ္ဘာကျော် မိုးမခစာမျက်နာထက်ကနေ တင်ပြပေးခဲ့တဲ့ မောင်ဥက္ကလာကို အဘတို့က ထွက်တော်မူ နန်းခွါချိန်အထိ အိမ်တော်အိမ်ရာကို တခေါက်တခါ အလည်အပတ်မခေါ်၊ အိမ်းနားတောင် ဖြတ်ခွင့်မရလို့ စိတ်မကောင်း အတော်ဖြစ်၊ တွေးမိတိုင်း ဆူးပုံထဲ ဝမ်းလျားမှောက်လဲသလို...

Read more »

ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – အမျိုးနှစ်သူများကို ဆန့်ကျင်ရှုတ်ချ

April 25, 2016
ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – အမျိုးနှစ်သူများကို ဆန့်ကျင်ရှုတ်ချ

ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – အမျိုးနှစ်သူများကို ဆန့်ကျင်ရှုတ်ချ (မိုးမခ) ဧပြီ ၂၅၊ ၂၀၁၆ ချစ်သူငယ်ချင်းတို့ရေ… မင်္ဂလာနှစ်သစ်သင်္ကြန် ငြိမ်းငြိမ်းချမ်းချမ်း၊ စည်းစည်းကားကားနဲ့ အားလုံးပျော်ရွှင်စွာ ရေကစားကြ၊ ဘုရားသွားကျောင်းတက် ဥပုပ်သီလ စောင့်တည်မှုတွေနဲ့ ပြီးဆုံးသွားတာကို တွေ့ရမြင်ရတော့ အဝေးမြေကနေ လွမ်းဆွတ်ဝမ်းမြောက်နေပါတယ်။ ဒို့ဆီမှာတော့ ပြီးခဲ့တဲ့အပတ် နေသာတဲ့ တနင်္ဂနွေနေ့ ရုံးပိတ်ရက်မှာ မြန်မာဘုန်းကြီးကျောင်းမှာ သက်ကြီးပူဇော်ပွဲ နဲ့ အလွမ်းပြေ သင်္ကြန်ပွဲလေးတခု လုပ်ခဲ့တယ်။ ဒီတခါ ငါပြောချင်ဆွေးနွေးချင်တာက လွန်ခဲ့တဲ့ရက်အတွင်းက ဖြစ်သွားခဲ့တဲ့ သတင်းတပုဒ်အကြောင်းပါ။ ဘာတွေဆက်ဖြစ်မလဲ၊ ဘယ်လို နောက်ဆက်တွဲ တရားဥပဒေနဲ့အညီ သက်ဆိုင်ရာ အာဏာပိုင်တွေက ဖြေရှင်းလုပ်ကိုင်မလဲလို့ စောင့်ကြည့်နေတာ ဘာမှမကြားတာနဲ့ ငါ့အမြင်ငါ့အတွေးကို မင်းတို့ကို ရင်ဖွင့်တာပါ။ ငါ အမြဲပြောခဲ့သလို မင်းတို့...

Read more »

ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – ကျေးဇူးတင်ခံချင်လို့လား

April 13, 2016
ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – ကျေးဇူးတင်ခံချင်လို့လား

Illustration – Cartoon ATH ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – ကျေးဇူးတင်ခံချင်လို့လား (မိုးမခ) ဧပြီ ၁၃၊ ၂၀၁၆ ချစ်သူငယ်ချင်းတို့ရေ… မင်္ဂလာနှစ်သစ်ပါ။ ရွှေရီ တယောက် “ကျောင်းသားတွေ အကျဉ်းထောင်တွေက လွတ်မြောက်လာလို့ ဝမ်းသာလိုက်တာဟယ်” လို့ စကားမဆုံးခင်မှာ ဖွဘုတ်မှာ “အမေစုကို ကျေးဇူး မတင်ရကောင်းလား။ သပိတ်မလှန်၊ ဆက်လက် တိုက်ပွဲဝင်သွားမယ်” ဆိုတဲ့ ပြောဆိုချက်တွေကြောင့် စစ်အစိုးရ ပြစ်ဒဏ်ထက် ကြီးမားတဲ့ သေဒဏ်မျိုးပေးဖို့ ပြောဆိုလာကြတဲ့ သွေးဆူလွယ်တဲ့ ဒို့ရွှေမြန်မာ သာကီနွယ်ဝင်တွေရဲ့  ဖရုသဝါစာ ဆိုစကားတွေကြောင့် အတော်လေး တုန်လှုပ်စိတ်မကောင်း ဖြစ်ရတယ်လို့ ကြားသိရတယ်။ အဲဒီလို ဖွဘုတ် စွမ်းအားရှင်တွေက စစ်အာဏာရှင်တွေ ချပေးချကျွေးတဲ့အတိုင်း အကျိုးအကြောင်း၊ အခြေအနေမှန်ကို...

Read more »

မောင်လူရေး – နိုင်ငံရေးအပ္ပမာဒ

April 12, 2016
မောင်လူရေး – နိုင်ငံရေးအပ္ပမာဒ

မောင်လူရေး – နိုင်ငံရေးအပ္ပမာဒ (မိုးမခ) ဧပြီ ၁၂၊ ၂၀၁၆ ဖေ့ဘွတ်လောကတွင် ရွှေးကောက်ပွဲအပြီးတွင် ဘာသာရေး လူမျိုးရေးအမုန်းပွားရန်လှုံ့ဆော်မှုများ၊ NLD ကြံ့ဖွတ်အပြန်အလှန်ရှုတ်ချဆဲဆိုမှုများ သိသိသာသာ မတွေ့ရတော့ပေ။ အံ့အားသင့်စရာ ရွေးကောက်ပွဲရလာဒ်၊ တနည်းအားဖြင့် ပညာရှင်ဆိုသူများ နှပ်ကြောင်းပေးထားသည်နှင့် ပြောင်းပြန် – ရွေးကောက်ပွဲရလာဒ် ထွက်ပေါ်လာပြီးနောက် ပျောက်ကွယ်သလောက်ဖြစ်သွားသည်။  အားလုံး တပ်ဖျောက်ထားကြသည်ကို ကြည့်လျှင် မဟာဗျူဟာများ နည်းဗျူဟာများ ပြင်ဆင်ပြောင်းလဲနေသည်ဟု ဆိုနိုင်လေသည်။ ဟော အခု အားလုံး တက်ညီလက်ညီ ပြန်ပေါ်လာကြသည်။ ကျောင်းသားများသည် ဒေါ်စုအား ကျေးဇူးကန်းသည်ဟု စာဖြင့်လည်းကောင်း၊ ကာတွန်းဖြင့်လည်းကောင်း အမျိုးမျိုးပုံဖော် ကလော်တုပ်ရင်း အင်နှင့်အားနှင့် ပေါ်လာကြသည်။ ကျောင်းသားတွေလွှတ်ချိန်ကိုစောင့်ပြီး အချိန်ကိုက် လုပ်ကြံလာခြင်းသည် ဖမ်းဆီးထားသည့်ကျောင်းသားတွေကို အစိုးရသစ်က သေချာပေါက် လွှတ်ပေးမည့်အချက်အပေါ် ခြုံခိုတိုက်ခိုက်ရင်း...

Read more »

ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – စလုံးရေးစ

April 1, 2016
ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – စလုံးရေးစ

ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – စလုံးရေးစ (မိုးမခ) ဧပြီ ၁၊ ၂၀၁၆ ချစ်သူငယ်ချင်းတို့ရေ… မနေ့ကမှ အလွန်စိတ်ဝင်စားဖို့ကောင်း၊ လေ့လာအတုယူစရာတွေ များပြားလှတဲ့ စကန်ဒီနဗီအန် (Scandinavian) ခေါ် နော်ဒစ်ဒ် (Nordic) နိုင်ငံတွေက ပြန်ရောက်ခဲ့တယ်။ နောက်မှ သွားရောက်လည်ပတ်ခဲ့တဲ့ အဲဒီနိုင်ငံတွေမှာ တွေ့ခဲ့မြင်ခဲ့ရတဲ့ အံ့မခန်းတိုးတက်မှုတွေကို ပြောပြတော့မယ်။ အခုတော့ အတိုင်းထက်အလွန် ဝမ်းသာကြည်နူး ပျော်ရွှင်နေကြတဲ့ မင်းတို့၊ နိုင်ငံသူနိုင်ငံသားတွေနဲ့အတူ ပြည်သူ့အစိုးရသစ်ကို အဝေးမြေကနေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်ပါတယ် (မနက်ဖြန် ဒီမှာရှိတဲ့ ရဲဘော်ရောင်းရင်းတွေနဲ့ အစိုးရသစ် ဂုဏ်ပြုကြိုဆိုပွဲလုပ်ဖို့ရှိတယ်)။ ဒီနေ့ ရုံးရောက်တော့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေ တယောက်ပြီးတယောက် Congratulation လာလုပ်၊ သူတို့ဖတ်ရတွေ့ရတဲ့ နိုင်ငံတကာသတင်းတွေကို လာပြော၊ သိချင်တာတွေလာမေးနဲ့ တနေကုန်...

Read more »

ဦးဝင်းဖေ – မောင်လင်းယုန် (ရှမ်းပြည်) ရဲ့ ကလောင်အမည်ခွဲတခု (မှားသလား မှန်သလား)

March 18, 2016
ဦးဝင်းဖေ – မောင်လင်းယုန် (ရှမ်းပြည်) ရဲ့ ကလောင်အမည်ခွဲတခု (မှားသလား မှန်သလား)

  ဦးဝင်းဖေ – မောင်လင်းယုန် (ရှမ်းပြည်) ရဲ့ ကလောင်အမည်ခွဲတခု (မှားသလား မှန်သလား) (မိုးမခ) မတ် ၁၈၊ ၂၀၁၆ မောင်လင်းယုန်ကွယ်လွန်တော့ သူ့မိတ်ဆွေ သူငယ်ချင်းများက အလွမ်းစာတွေရေးကြတယ်။ စာတပုဒ်ထဲမှာ မောင်လင်းယုန်ရဲ့ ကလောင်အမည်ခွဲတခုက ကေသီလှိုင်တဲ့။ ကေသီလှိုင်ရဲ့ကဗျာတပိုဒ်က အခြေခံပညာကျောင်းသုံးစာအုပ်ထဲမှာ ပါဖူးတယ်။ (သံသယ)တဲ့။ “ စစ်ယွန်းသူ- ကဗျာတပိုဒ်ပါ။ မောင်စွမ်းရည်က သူ့သူငယ်ချင်းအရိုင်း( ရွှေမန်းညာမြေ)၊ အမည်ရင်း ခင်စုလှိုင်-ဆိုတာ ရန်ကုန်တက္ကသိုလ်ကို ပြောင်းသွားပြီး ကေသီလှိုင် ကလောင်အမည်ခံ( ) လို့ရေးခဲ့တော့ ပြဿနာရှုပ်သွားပါလေရော။ မောင်လင်းယုန်၊ မောင်စွမ်းရည်၊ ခင်စုလှိုင်တို့ဟာ ကျောင်းသားတပ်ဦး၊ ကျောင်းသားသမဂ္ဂရဲဘော်ရဲဘက်တွေပါ ခင်ကြမင်ကြပါတယ်၊ စာပေသမားတွေလဲဖြစ်ကြပါတယ်။ ဒါပေမယ့် ခုအခါမောင်စွမ်းရည်က အသက် ရှစ်ဆယ်ထဲရောက်နေပြီး မေ့တတ်လျှော့တတ်နေပါတယ်။ အသက်ကြီးတော့ အတိတ်လွမ်းရောဂါနဲ့...

Read more »

မင်းသွေးသစ် – ကျွန်တော့်မိခင်ရဲ့ ရင်ဖွင့်သံ

January 10, 2016
မင်းသွေးသစ် – ကျွန်တော့်မိခင်ရဲ့ ရင်ဖွင့်သံ

  မင်းသွေးသစ် – ကျွန်တော့်မိခင်ရဲ့ ရင်ဖွင့်သံ (မင်းသွေးသစ်၏ ဖေ့စ်ဘွတ်) မိုးမခ၊ ဇန်န၀ါရီ ၁၀၊ ၂၀၁၆ ဆေးရုံတက်နေတဲ့ ကျွန်တော့်ဆီ နေ့တိုင်းထမင်းလာပို့တဲ့ မေမေက ဒီနေ့မနက်မှာ ထူးထူးခြားခြား စာရွက်လေးတရွက်လာပေးပြီး `သားလေး … ဒီစာကို အင်တာနက်တင်ပေးပါ’ လို့ပြောပါတယ်။၂၀၁၅ခုနှစ်မတ်လ (၁၀) ရက်နေ့မှာ အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခံထားရတဲ့ တပြည်လုံးက ကျောင်းသား ကျောင်းသူတွေရဲ့ မိဘတွေ ဘယ်လိုခံစားနေကြရတယ် ဆိုတာ အစိုးရဆိုတဲ့ပုဂ္ဂိုလ်ကြီးများ မိဘချင်း ကိုယ်ချင်းစာလာနိုင်အောင် တင်ပေးပါလို့ ပြောတဲ့အတွက် ကျွန်တော့်မေမေရဲ့ ခံစားချက်စာတိုလေးကို တင်ပေးလိုက်ပါတယ်ခင်ဗျာ။ ၁၀၊ ၁၊ ၂၀၁၆ ဒီနေ့ဟာ လက်ပံတန်းမြို့မှာ အပြစ်မဲ့ ကျောင်းသားနဲ့ ဝန်းရံပြည်သူတွေကို မတရား ရိုက်နှက် ဖမ်းဆီးချူပ်နှောင် ခဲ့သည်မှာ (၁၀)...

Read more »

သွန်းခ – ကမ္ဘာကျော် စကော့တလန်ယာ့ဒ် အဖွဲ့ကြီးလည်းမကယ်နိုင်

December 25, 2015
သွန်းခ – ကမ္ဘာကျော် စကော့တလန်ယာ့ဒ် အဖွဲ့ကြီးလည်းမကယ်နိုင်

သွန်းခ – ကမ္ဘာကျော် စကော့တလန်ယာ့ဒ် အဖွဲ့ကြီးလည်းမကယ်နိုင်       (မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၁၅ ကမ္ဘာကျော် လုပ်ကြံမှုကြီးတွေ၊ လူသတ်မှုကြီးတွေ၊ စိန်တုံး ၊ရွှေချောင်းပျောက်တဲ့ အမှုတွေကို ဖော်ထုတ်တဲ့နေရာမှာ နံမည်ကြီးသလောက် စွမ်းလည်း စွမ်းပါတဲ့ စကော့တလန်ယာ့ဒ်အဖွဲ့ကြီးဟာ ထိုင်းက လိပ်ကျွန်း လူသတ်မှုကိုကျတော့ တိတ်တိတ်ကလေးပဲ  ထောက်လှမ်းသွားခဲ့တယ်။ သူတို့ရဲ့ ဂရိတ်ဗြိတိန် နိုင်ငံသူ ၊နိုင်ငံသားတွေဖြစ်တဲ့ ဒေးဗစ်မီလာ (၂၄)နှစ် နဲ့ ဟန်နာဝစ်သာရစ်ခ်ျ (၂၃ )နှစ်တို့ အသတ်ခံခဲ့ကြရတဲ့ ၂ဝ၁၄၊ စက်တင်ဘာ ၁၄ရက် ညဥ့်သန်းခေါင်ကျော်ပြီး  နောက်ထပ် ရက်ပိုင်းအတွင်း စုံထောက်အဖွဲ့ကြီး စိတ်ကြိုက်လောက်နီးပါး ထိုင်းနိုင်ငံလိပ်ကျွန်းမှာ စုံစမ်းခဲ့ကြသေးတာကိုး။ “စုံထောက်တွေ ဘာလုပ်နေကြသလဲ” လို့ ဗိုလ်အောင်ဒင်ကို မဖမ်းနိုင်တဲ့ပုလိပ်သားတွေကို...

Read more »

သွန်းခ – တကယ်ချစ်လို့လား

December 24, 2015
သွန်းခ – တကယ်ချစ်လို့လား

သွန်းခ – တကယ်ချစ်လို့လား  (မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၅ ရွေးကောက်ပွဲလွန်ကာလ၊ တနည်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်ပန်း ဆင်နိုင်ခဲ့တဲ့ကာလ နောက်ပိုင်းမယ် ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်စု၊ အမေစု၊ အန်တီစု နဲ့ တစုတည်း စုနေလိုက်ကြတာအမှိုက် ကောက်လို့လဲဆိုရော မျက်နှာလေးတွေက ပျက်ချင်ချင်။ မညာနဲ့၊ မညာနဲ့။ စိတ်ထဲရှိတဲ့အတိုင်း ဝန်ခံလိုက်ကြ။ ချစ်ပါတယ်ဆိုတဲ့ အပြောတွေနောက်မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လက်တွေ့ကျကျ အလုပ်လုပ်ပြပုံတွေက ထိရောက်မှု အားပြင်း လွန်းတယ်နော်။ ပြောင်ပဲ ရေးပါ့မယ်။ (ပြောင်ပြောင်တင်းတင်း ရေးမယ် ပြောတာနော်။ ဟို ပြောင်ကို ပြောတာ မဟုတ်ဖူး)။  ပြီးခဲ့တဲ့၊ ပြီးလုလု အစိုးရလို ဟီးဟီးဟားဟား နဲ့ လုပ်သွားမယ့် အစိုးရသစ်တစ်ရပ်တော့ မဟုတ်ပေဘူး ဆိုတာတော့...

Read more »

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – ဒီအချိန်ဟာ အကောင်းဆုံး အကောင်းဆုံးပါဘဲ

December 24, 2015
မောင်မောင်လတ် (ရွှေအင်းလေးစာပေ) –  ဒီအချိန်ဟာ   အကောင်းဆုံး  အကောင်းဆုံးပါဘဲ

 မောင်မောင်လတ် (ရွှေအင်းလေးစာပေ) –  ဒီအချိန်ဟာ   အကောင်းဆုံး  အကောင်းဆုံးပါဘဲ (မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၅ သူရိယနေမင်းကြီးက  နေ့တနေ့တာအတွက်   မိုးလင်းကနေမိုးချုပ်ထိ အချိန်ကာလရှည်  လုံလောက်သော ၊ အတားအဆီးကာရံမဲ့သော ၊  တောက်ပသော အလင်းရောင်နဲ့ အတူ ရည်ရွှယ်မျှော်မှန်းသမျှ  အောင်မြင်အောင်  အနိုင်ရအောင် ပံပိုးတွန်းအားပေးပြီးပြီဘဲ၊လူအင်အားအပြည့် အစုံ၊ဘေးပတ်ဝန်းကျင်အထောက်အပံ တွေက  အရံသင့်   အလျှံပယ်နဲ့ အင်တိုက်အားတိုက်   တွန်းတွန်းထိုးထိုး အားစိုက်လုပ်ခဲ့ပေးပြီးပြီဘဲလေ   ၊၊ တကြီမ်တခါထဲ အရှုံးရယ်လို့ လဲ ဆင်သေကို ဆိတ်သရေနဲ့ မဖုံးကွယ်နိုင် ၊ ကံအကြောင်းမလှ ကံကြမ္မာမျက်နှာသာမပေးတဲ့ အခိုက်အတန့် ရယ်လို့ လဲ ထုချေ...

Read more »

မောင်လူရေး – သမတဖြစ်မည့်သူ

November 26, 2015
မောင်လူရေး – သမတဖြစ်မည့်သူ

  မောင်လူရေး – သမတဖြစ်မည့်သူ (မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၅ ရွေးကောက်ပွဲပြီး လွှဲပြောင်းရေး ကာလတွင် ပြည်သူနှင့် ဒေါ်စုကတော့ ပြည်သူဖြစ်စေချင်သည့် အတိုင်း ဒေါ်စုဖြစ်မည်၊ ဒေါ်စုဖြစ်စေချင်တာ ပြည်သူဖြစ်မည်ဟူသည့် စိတ်ချယုံကြည်မှုဖြင့် ငြိမ်သက် တည်ကြည်နေသည်။ ဆိုလိုတာက ပြည်သူက ဒေါ်စုကို ပြည်သူ့သမတဖြစ်စေလိုသည်၊ ဒေါ်စုက ပြည်သူကို ဒီမိုကရေစီ အလေ့အထများ ကျင့်သုံးစေလိုသည်။ စိတ်တူကိုယ်တူ နိုင်ငံကောင်းကြီးဖော်ဆောင်ချင်ကြပြီ။ ဒီအတွက် အပြန်အလှန် စိတ်အေးနေပြီးသား။ စိတ်ချနေပြီးသားဆိုသည့်သဘော။ အင်မတန်သီလ သမာဓိရှိပြီး စကားအရာလိမ္မာလွန်းသည့်ဒေါ်စုသည် ပြည်တွင်းတွင်းပြည်ပ သတင်းဌာနများနှင့်တွေ့တိုင်း သမတအထက်မှာ သူရှိမည်၊ သမတသည် သူခိုင်းသည့်အတိုင်း တသွေမတိုင်းလုပ်ရမည်ဟု တိတိကျကျ ပြောနေဆဲပင်။ သို့သော် မည်သူကို သမတ တင်မြှောက်မည်ဟုလည်း မဆို။ တိုင်းပြည်တပြည်၏အမြင့်ဆုံးအာဏာပိုင်အပေါ်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်