ရေခြားမြေခြား မြန်မာများ

မောင်လူပေ- ဗဟိုအစိုးရ ရပ်ဆိုင်းခြင်း(Government shutdown)

January 21, 2018
မောင်လူပေ- ဗဟိုအစိုးရ ရပ်ဆိုင်းခြင်း(Government shutdown)

  မောင်လူပေ- ဗဟိုအစိုးရ ရပ်ဆိုင်းခြင်း(Government shutdown) (မိုးမခ) ဇန်န၀ါရီ ၂၁၊ ၂၀၁၈အခုတလော အမေရိကားသတင်းတွေမှာ ကြားနေရမဲ့စကားလုံးကတော့ Government shutdown ဆိုတာပဲ။ ဗဟိုအစိုးရရပ်ဆိုင်းခြင်းလို့ ဘာသာပြန်ရမယ်ထင်ရဲ့။ ဒေါ်နယ်ထရန့်ရဲ့ သမ္မတသက်တမ်းတစ်နှစ်ပြည့်နှစ်ပတ်လည်နေ့မှာ တကယ်ဖြစ်သွားလေတော့ အမှတ်တရနှစ်ပတ်လည်ပေါ့လေ။ အရင်သမ္မတတွေဖြစ်တဲ့ ဘွတ်ရှ်တို့ အိုဘားမားတို့ခေတ်မှာလည်းဖြစ်ခဲ့ဖူးတယ်။ နောက်ဆုံးဖြစ်ခဲ့တာ ၂၀၁၃ အောက်တိုဘာမှာ၊ (၁၆)ရက်ကြာတယ်။ ဗဟိုအစိုးရ(federal government)ရဲ့ နှစ်စဉ်ရသုံးငွေစာရင်းကို လွှတ်တော်နှစ်ရပ်က အတည်ပြုပေးဖို့သဘောမတူနိုင်လို့ဖြစ်လာရတဲ့ရလာဒ်ပေါ့ဗျာ။ ဗဟိုဘဏ်မှာငွေရှိပေမဲ့ လွှတ်တော်နှစ်ရပ်ကအတည်ပြုမှ ထုတ်လို့ရမှာ။ အာဏာကို ခွဲဝေပေးထားခြင်း(check and balance)ကြောင့် သမ္မတနဲ့အပြိုင် လွှတ်တော်တွေမှာလည်း အာဏာအပြည့်ရှိတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလထဲကစပြီး သဘောတူညီမှုမရကြလို့ ငွေစာရင်းကို တနှစ်စာအတည်ပြုရမဲ့အစား အချိန်တိုလေးတွေအတည်ပြုရင်း ဆွေးနွေးနေကြတာပါ။ နှစ်လစာအတည်ပြုလိုက်၊ နောက်နှစ်လစာ ထပ်အတည်ပြုလိုက်ပေါ့။ အခုလည်းအောက်လွှတ်တော်က တစ်လစာအတည်ပြုထားတယ်။...

Read more »

မောင်လူပေ – ဟယ်လို ကယ်လီဖိုးနီးယား – ၃

January 14, 2018
မောင်လူပေ – ဟယ်လို ကယ်လီဖိုးနီးယား – ၃

    မောင်လူပေ – ဟယ်လို ကယ်လီဖိုးနီးယား – ၃ (မိုးမခ) ဇန်န၀ါရီ ၁၄၊ ၂၀၁၈ ကယ်လီဖိုးနီးယားပြည်နယ်ဆိုတော့ ပြည်နယ်အစိုးရရှိတယ်။ မြန်မာပြည်က ပြည်နယ်အစိုးရအဖွဲ့လို ပြည်နယ်ဝန်ကြီးချုပ်တော့မရှိ။ ပြည်နယ်အုပ်ချုပ်ရေးမှူး(Governor) က အုပ်ချုပ်တယ်။ ဒီလူကို ပြည်နယ်သားတွေက လေးနှစ်တစ်ကြိမ်ရွေးကောက်တင်မြှောက်တယ်။ နှစ်ကြိမ်ဆက်တိုက်ထက် ပိုလုပ်ခွင့်မရှိ။ အမေရိကားက ဖက်ဒရယ်ပြည်ထောင်စုဝင် ပြည်နယ်တစ်ခုမို့ သူ့မှာလည်း ပြည်နယ်လွှတ်တော်နှစ်ခုရှိတယ်။ ပြည်နယ်ရဲ့အထက် အောက်လွှတ်တော်နှစ်ခုလုံးမှာ ဒီမိုကရက်အမတ်တွေပဲ လွှမ်းမိုးကြတယ်။ ရှေးရိုးစွဲတွေနည်းတဲ့ပြည်နယ်မို့ ရှေးရိုးစွဲရီဗတ်ဗလီကန်တွေ အားမကောင်း။ ကယ်လီဖိုးနီးယား လက်ရှိ ဂါဗနာနဲ့ ယခင် ဂါဗနာဟောင်းကြီးများ (ဘရောင်း၊ ရီဂင်နဲ့ အာနိုး) အရင်ကရေးဖူးခဲ့သလိုပဲ အစိုးရသုံးရပ်ရှိတဲ့ အမေရိကားမှာ ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရနဲ့ ဌာနေမြို့ရွာအစိုးရ သုံးခုလုံး သူ့အာဏာနဲ့သူ။ ရတဲ့အခွန်ကို...

Read more »

မောင်လူပေ – ဟယ်လို.. ကယ်လီဖိုးနီးယား – ၂

January 12, 2018
မောင်လူပေ – ဟယ်လို.. ကယ်လီဖိုးနီးယား – ၂

  မောင်လူပေ – ဟယ်လို.. ကယ်လီဖိုးနီးယား – ၂ (မိုးမခ) ဇန်န၀ါရီ ၁၂၊ ၂၀၁၈ အမေရိကားရဲ့ အချမ်းသာဆုံးပြည်နယ်ဖြစ်တဲ့ကယ်လီဖိုးနီးယားပြည်နယ်ကို မိတ်ဆက်ပေးတဲ့ဒုတိယပိုင်းမှာ ဒီပြည်နယ်ရဲ့သမိုင်းကြောင်းလေးကို ပြောပြချင်တယ်။ အမေရိကားရဲ့သမိုင်းကြောင်းအတိုင်းပဲ ဒီပြည်နယ်မှာ ပထမဆုံးအခြေချနေသူတွေဟာ အာရှတိုက်ရဲ့အလယ်ပိုင်းကနေ အမေရိကားတိုက်တစ်ခုလုံးရောက်အောင် ပျံ့နှံ့သွားကြသူတွေဖြစ်သော ရက်အင်ဒီယန်းလို့ ခေါ်ကြတဲ့ မျိုးနွယ်စုတွေပါပဲ။ သူတို့ကို ဌာနေအမေရိကန်လူမျိုးတွေ (native Americans) တွေလို့ ခေါ်ကြတယ်။ သူတို့တစ်တွေရောက်ရှိနေခဲ့ကြတာ နှစ်ပေါင်းသောင်းချီရှိနေခဲ့ပြီတဲ့။ (၁၆) ရာစုနဲ့ (၁၇)ရာစုမှာတော့ ဒီပြည်နယ်ဆီကို နယ်သစ်ရှာဖွေသူဥရောပသားတွေ တဖြေးဖြေးနဲ့ ရောက်လာခဲ့ကြတယ်။ ဒီပြည်နယ်ဟာ ၁၈ရာစုမှာ စပိန်ဘုရင်ရဲ့အပိုင်ဖြစ်သော အထက်ပိုင်းကယ်လီဖိုးနီးယား(Alta California) ပိုင်နက်ထဲမှာရှိခဲ့တယ်။ မက္ကဆီကိုက ၁၈၂၁မှာ တိုက်ယူလိုက်ပြီး သူ့အပိုင်နယ်အဖြစ်ကြေညာခဲ့တယ်။ ၁၈၄၈ခုမှာမှ အမေရိကားနဲ့ မက္ကဆီကိုစစ်ပွဲအပြီး အမေရိကားလက်အောက်ရောက်သွားခဲ့တာ။...

Read more »

မောင်လူပေ – ဟယ်လို ကယ်လီဖိုးနီးယား – ၁

January 11, 2018
မောင်လူပေ – ဟယ်လို ကယ်လီဖိုးနီးယား – ၁

မောင်လူပေ – ဟယ်လို ကယ်လီဖိုးနီးယား – ၁ (မိုးမခ) ဇန်န၀ါရီ ၁၁၊ ၂၀၁၈ မြန်မာနိုင်ငံက သူငယ်ချင်းတွေနဲ့တွေ့တော့ အမေရိကား အကြောင်းရေးဖို့ပြောကြတယ်။ ကယ်လီဖိုးနီးယားမှာနေသူမို့ ကယ်လီဖိုးနီးယားအကြောင်းရေးပါတဲ့။ ကိုယ်က မြန်မာနိုင်ငံအကြောင်းတွေပဲ တစိုက်မတ်မတ်ရေးခဲ့သူ။ အမေရိကားမှာနေပြီး အမေရိကားအကြောင်း တစ်နှစ်တစ်ပုဒ်တောင်မှန်မှန် မရေးဖြစ်။ သူတို့တိုက်တွန်းချက်နဲ့ ကယ်လီဖိုးနီးယားအကြောင်းစရေးဖို့ စဉ်းစားမိတယ်။ မိတ်ဆက်တဲ့သဘောပေါ့။ မိတ်ဆွေ သူငယ်ချင်းတွေအတွက်ရေးတာမို့ ပေါ့ပေါ့ပါးပါးလေးရေးချင်တယ်။ မိတ်ဆက်တဲ့သဘာဝမှာ ဟယ်လို၊ ဟိုင်း နဲ့ စပြီးမိတ်ဆက်တတ်ကြတော့ ဟယ်လို.. ကယ်နီဖိုးနီးယားပေါ့ဗျာ။ ကယ်လီဖိုးနီးယားနဲ့ သင့်ကို မိတ်ဆက်ပေးပါရစေ။ ကယ်လီဖိုးနီးယားဆိုတာ အမေရိကားဖက်ဒရယ်ပြည်ထောင်စုရဲ့ ပြည်နယ်ငါးဆယ်အထဲက ပြည်နယ်တစ်ခုပါ။ ဒါပေမဲ့ သေးသေးမွှားမွှား ပြည်နယ်လေးတစ်ခုတော့ မဟုတ်။ ပြည်ထောင်စုရဲ့ တတိယအကြီးဆုံး၊ လူဦးရေ သန်းလေးဆယ်နီးပါးနေထိုင်တဲ့ အမေရိကားရဲ့ လူဦးရေအထူထပ်ဆုံးပြည်နယ်ဖြစ်ပြီး...

Read more »

ဗိုလ်သူရိန် ● မြန်မာ့အရေး တောင်ကိုရီးယား ဖွံ့ဖြိုးတိုးတက်မှုနှင့် သင်္ဘောသား

November 1, 2017
ဗိုလ်သူရိန် ● မြန်မာ့အရေး တောင်ကိုရီးယား ဖွံ့ဖြိုးတိုးတက်မှုနှင့် သင်္ဘောသား

ဗိုလ်သူရိန် ● မြန်မာ့အရေး တောင်ကိုရီးယား ဖွံ့ဖြိုးတိုးတက်မှုနှင့် သင်္ဘောသား (မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၇ ကျွန်တော် တောင်ကိုရီးယားကုမ္ပဏီအပိုင်သင်္ဘောကို စတင်စီးဖူးတာ ၂၀၀၈ ခုနှစ်မှာပါ။ တိုက်တိုက်ဆိုင်ဆိုင် မေလ ၃ ရက်နေ့ နာဂစ်တိုက်အပြီးခါစဆိုတော့ ရန်ကုန်တမြို့လုံး ရေ မီးတွေပျက် လမ်းတွေပိတ်နဲ့။ လေယဉ်ခရီးစဉ်တွေဖျက်ခဲ့ရာမှ မေလ ၅ ရက်နေ့ ပထမဦးဆုံးထွက်တဲ့လေယာဉ်နဲ့ ဘန်ကောက်ကို ထွက်ခဲ့တဲ့တယ်။ မှတ်မှတ်ရရ ရေသန့်ဘူးကြီး 20 liter တဘူးနဲ့ ရေချိုးပြီး လေယာဉ်ပေါ်တက်ခဲ့ရတာပါပဲ။ အဲဒီကတဆင့် ကိုရီးယား အင်ချွန်း (INCHON) လေဆိပ်ကို ရောက် နောက်သင်္ဘောကမ်းကပ်ထားတဲ့ POHANG ဆိပ်ကမ်းကို ရောက်ပါတယ်။ သင်္ဘောလေးက တန်ချိန် ၃၇၅၀ ပဲရှိပါတယ်။ တကယ်ကုန်တင်တာကတော့ တန်ချိန်...

Read more »

အောင်သူငြိမ်း ●ခရီးရှည် အိမ်အပြန်လမ်း- ပြည်ထွက်ခန်း – အပိုင်း (၁)

October 31, 2017
အောင်သူငြိမ်း ●ခရီးရှည် အိမ်အပြန်လမ်း- ပြည်ထွက်ခန်း – အပိုင်း (၁)

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း- ပြည်ထွက်ခန်း – အပိုင်း (၁) (မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၇ အိမ်ကထွက် တောခိုခါနီးတော့ အိပ်ယာထဲချည်းလှည်းနေမိတယ်။ ဘာဖြစ်လို့မှန်းတော့ မသိဘူး။ အဲဒီကာလက ကျနော် စောင်တထည်ကို သိပ်ကြိုက်နေတယ်။ စောင်တထည် ခြုံထားရတဲ့ နွေးထွေးမှုကို ကျနော်တပ်မက်နေတယ်။ စဉ်းစား မိတယ်။ အကယ်၍ ကျနော်တောထဲရောက်သွားရင် စောင်ရှိပါ့မလား။ လုံခြုံတဲ့ အမိုးအကာတခု ရနိုင်ပါ့မလား။ တောထဲ တောင်ထဲ ဖြစ်သလို စခန်းသွားကြရမှာလား။ မသိနိုင်ဘူး။ ကျနော်တို့ ကြည့်ဖူးတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေဆိုရင်လည်း သူပုန်တွေရဲ့ ဘဝက မျှစ်စားပြီး၊ စုတ်စုတ်ပြတ်ပြတ်နဲ့ နေကြရတာ မဟုတ်လား။ မိဘတွေကတော့ ကျနော် အိပ်ယာပေါ် ချည်းလှဲနေ တာ ဘယ်အကြောင်းကြောင့်ဆိုတာ သိနိုင်မယ်...

Read more »

ဗိုလ်သူရိန် ● ဒိုင်ဗင် ထက်ခိုင်နှင့် ပင်လယ်ဓါးမြ သူခိုးများ

October 24, 2017
ဗိုလ်သူရိန် ● ဒိုင်ဗင် ထက်ခိုင်နှင့် ပင်လယ်ဓါးမြ သူခိုးများ

ဗိုလ်သူရိန် ● ဒိုင်ဗင် ထက်ခိုင်နှင့် ပင်လယ်ဓါးမြ သူခိုးများ (မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၇ သင်္ဘောသားဆိုရင်  ပြန်ပေးစွဲတဲ့ ဆိုမာလီပင်လယ်ဓါးမြကို တွဲမြင်ကြမှာပါ။ ထို့အတူ သင်္ဘောသားအတွက်နောက်ထပ် အသက်အန္တရာယ်ရှိတာက သင်္ဘောပေါ်တက်ပြီးတိုက်တဲ့ ပယ်လယ်ဓါးမြများနှင့် သူခိုးတွေလည်း ရှိပါသေးတယ်။ အဓိက မလက္ကာ (malacca) ရေလက်ကြားအနီးဝန်းကျင်နဲ့ အာဖရိက နိုင်ဂျီးယီးယား (Nigeria) ဘက်မှာ သင်္ဘောပေါ်တက်ပြီး တိုက်တဲ့ပင်လယ်ဓါးမြတွေဟာ ၂၀၁၆ ခုနှစ်အထိကို တိုက်နေတုန်းပါ။ သူတို့တွေက အဓိက သင်္ဘောသူကြီး Captain ဆီ က အဓိကတိုက်ယူကြပြီး ကျန်သင်္ဘာသားတွေဆီကလည်း ရသလောက်ယူသွားကြပါတယ်။ (သူကြီးဆီမှာက သင်္ဘေသား လစာ အချို့နဲ့ ကုမ္ပဏီငွေတွေက ရှိနေတာ ဓါးမြတွေက သိကြတယ်လေ။) ကြုံဖူးတဲ့ သင်္ဘောသား Old...

Read more »

မောင်စွမ်းရည် – ”ကဗျာဆရာကတော်ကြီး ဆေးရုံတက်ခြင်း”

October 1, 2017
မောင်စွမ်းရည် – ”ကဗျာဆရာကတော်ကြီး ဆေးရုံတက်ခြင်း”

ကထိန်သင်္ကန်းကြိုတင်လှူဒါန်းသော ဦးစွမ်းရည်+ဒေါ်ခင်နွဲ့ကြည် မိသားစု (Photo –  သုံးပါးကျောင်းဖေ့စ်ဘွတ်)   မောင်စွမ်းရည် – ”ကဗျာဆရာကတော်ကြီး ဆေးရုံတက်ခြင်း” (မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၇ကျွန်တော်တို့ငယ်ရွယ်စဉ်အခါက ”ကတော်ဆယ် ပါး”ဆိုလား ကြားဖူးပါတယ်။ အစိုးရအရာရှိကြီးများရဲ့ ဇနီးကို ”မင်းကတော်” တဲ့။ လူဖြူအင်္ဂလိပ်တို့ရဲ့ဇနီးကို ”ဗိုလ်ကတော်”တဲ့။ ကျွန်တော်တို့ ရွာမှာ အစိုးရမင်းမှု ထမ်းဆိုလို့ ”ပြာတာ”လို့ခေါ်ခဲ့ ”မင်းစေ”ခေါ် ”ရုံးလုလင်”ပဲ ရှိခဲ့ဖူးပါတယ်။ အဲဒီမင်းလုလင်ကိုပဲ ကျွန်တော် တို့ အရပ်မှာ ”မင်းဒလင်”လို့ခေါ်ပါသေးတယ်။ ပြာတာတော်မင်းဆိုတာဟာ ရုံးတော်ကို ဝင်ရေး ထွက်ရေးကိစ္စနဲ့ အရာရှိမင်းများကို တွေ့ခွင့်ရရေးကိစ္စ တို့မှာ စွမ်းဆောင်နိုင်သူဖြစ်လို့ တောသူတောင်သား တွေရဲ့ အထင်ကြီးလေးစားမှုကို ခံရပါတယ်။ ပြာတာ တော်မင်းကို လာဘ်ပေးလာဘ်ယူလုပ်ဖို့ကိစ္စများကို တော့ သူ့ဇနီးကတစ်ဆင့် ဆောင်ရွက်ကြရပါတယ်။...

Read more »

မောင်လူပေ – စာပေဟောပြောပွဲဆီသို့

September 3, 2017
မောင်လူပေ – စာပေဟောပြောပွဲဆီသို့

မောင်လူပေ – စာပေဟောပြောပွဲဆီသို့ (မိုးမခ) စက်တင်ဘာ ၃၊ ၂၀၁၇ ‘စာပေတင့်မှလူမျိုးမြင့်မည်’ တဲ့။ ဟုတ်ပါတယ်။ လူမျိုးတစ်မျိုးရဲ့ အဆင့်အတန်းကို သူ့ရဲ့စာပေဖွံ့ဖြိုးမှုကို ကြည့်ပြီး အကဲခတ်လို့ရပါတယ်။ မြန်မာစာပေဟာလည်း ပေါ်ပေါက်ခဲ့တာ နှစ်ပေါင်းထောင်ချီရှိခဲ့ပါပြီ။ တိဘက်မြန်မာအနွယ်ဝင် မြန်မာတွေဟာ တိဘက်ကုန်းမြင့်က ဆင်းသက်လာကြပေမဲ့ စာပေရေးသားမှုကိုရော ယဉ်ကျေးမှုကိုပါ အိန္ဒိယကို မှီငြမ်းခဲ့ကြပါတယ်။ အစောဆုံးမြန်မာစာအဖြစ် မြစေတီကျောက်စာမှာ တွေ့နိုင်ပါတယ်။ ကျောက်စာတွေရေးခဲ့ကြတယ်။ မှင်စာတွေရေးခဲ့ကြတယ်။ ပေစာတွေရေးခဲ့ကြတယ်။ ကဗျာ လကာင်္တွေ သီခဲ့ကြတယ်။ ပျို့၊အဲချင်း၊ အေးချင်း၊အိုင်ချင်း၊တေးထပ်၊ ရတု၊ ရကန်၊ ဘောလယ် စတဲ့ မြန်မာမှုအနုသုခုမတွေကို သီကုံးခဲ့သူ ပညာရှင်တွေ ခေတ်အဆက်ဆက်မှာ ပေါ်ထွန်းခဲ့ပါတယ်။ ပုဂံခေတ်က အနန္တသူရိယအမတ်ကြီးကစပြီး ပင်းယခေတ်၊ အင်းဝခေတ်က ပေလေးပင်ရှင်လေးပါး၊ ကုန်းဘောင်ခေတ်က မြဝတီမင်းကြီး၊ စလေဦးပုည...

Read more »

အောင်ခိုင်မြင့် – စာပေငတ်နေတဲ့ အဝေးရောက်ငှက်၏ အမေရိကန်ယူတိကာ စာပေဟောပြောပွဲခရီးအစ

August 24, 2017
အောင်ခိုင်မြင့် – စာပေငတ်နေတဲ့ အဝေးရောက်ငှက်၏ အမေရိကန်ယူတိကာ စာပေဟောပြောပွဲခရီးအစ

အောင်ခိုင်မြင့် – စာပေငတ်နေတဲ့ အဝေးရောက်ငှက်၏ အမေရိကန်ယူတိကာ စာပေဟောပြောပွဲခရီးအစ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၇ မြန်မာပြည်၏ အမှောင်ဖုံးသော ကာလများဟု ဆိုရမည့် ခေတ်အဆက်ဆက် စစ် အာဏာရှင် စနစ်အမျိုးမျိုးအောက်မှာ ကြံ့ကြံ့ခိုင် ရင်ဆိုင်ရပ်တည်ရင်း နားမျက်စိအပိတ်ခံထားရသည့် ပြည်သူလူထု၏ အတွေးအခေါ်တံခါးကို ဖွင့်ပေးသော မြန်မာ့စာပေယဉ်ကျေးမှု အမွေအနှစ်များကို လက်ဆင့်ကမ်းသယ်ဆောင်နေသည့် စာပေဟောပြောပွဲများနှင့် ဝေးကွာခဲ့သည်မှာ နှစ်ပေါင်း ၃၀ နီးပါးရှိခဲ့ပေပြီ။ နှလုံးသားမှ အတိတ်ပုံရိပ်များကို စုစည်းလျက် မှတ်မှတ်ရရ ရေတွက်ရလျှင် ၁၉၈၇ ခုနှစ် ပုသိမ်မြို့ တွင် ကျင်းပခဲ့သော ဆရာမောင်သော်က ၊ ဆရာ ချစ်စံဝင်း ၊ ဆရာမ ယုဝတီ ခင်စိန်လှိုင်တို့ ၏ စာပေဟောပြောပွဲသည် ကျနော် နောက်ဆုံး...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်