ရေခြားမြေခြား မြန်မာများ
အောင်သူငြိမ်း ●ခရီးရှည် အိမ်အပြန်လမ်း- ပြည်ထွက်ခန်း – အပိုင်း (၁)
October 31, 2017
အောင်သူငြိမ်း ●ခရီးရှည် အိမ်အပြန်လမ်း- ပြည်ထွက်ခန်း – အပိုင်း (၁)
အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း- ပြည်ထွက်ခန်း – အပိုင်း (၁) (မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၇ အိမ်ကထွက် တောခိုခါနီးတော့ အိပ်ယာထဲချည်းလှည်းနေမိတယ်။ ဘာဖြစ်လို့မှန်းတော့ မသိဘူး။ အဲဒီကာလက ကျနော် စောင်တထည်ကို သိပ်ကြိုက်နေတယ်။ စောင်တထည် ခြုံထားရတဲ့ နွေးထွေးမှုကို ကျနော်တပ်မက်နေတယ်။ စဉ်းစား မိတယ်။ အကယ်၍ ကျနော်တောထဲရောက်သွားရင် စောင်ရှိပါ့မလား။ လုံခြုံတဲ့ အမိုးအကာတခု ရနိုင်ပါ့မလား။ တောထဲ တောင်ထဲ ဖြစ်သလို စခန်းသွားကြရမှာလား။ မသိနိုင်ဘူး။ ကျနော်တို့ ကြည့်ဖူးတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေဆိုရင်လည်း သူပုန်တွေရဲ့ ဘဝက မျှစ်စားပြီး၊ စုတ်စုတ်ပြတ်ပြတ်နဲ့ နေကြရတာ မဟုတ်လား။ မိဘတွေကတော့ ကျနော် အိပ်ယာပေါ် ချည်းလှဲနေ တာ ဘယ်အကြောင်းကြောင့်ဆိုတာ သိနိုင်မယ်...
Read more »
ဗိုလ်သူရိန် ● ဒိုင်ဗင် ထက်ခိုင်နှင့် ပင်လယ်ဓါးမြ သူခိုးများ
October 24, 2017
ဗိုလ်သူရိန် ● ဒိုင်ဗင် ထက်ခိုင်နှင့် ပင်လယ်ဓါးမြ သူခိုးများ
ဗိုလ်သူရိန် ● ဒိုင်ဗင် ထက်ခိုင်နှင့် ပင်လယ်ဓါးမြ သူခိုးများ (မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၇ သင်္ဘောသားဆိုရင်  ပြန်ပေးစွဲတဲ့ ဆိုမာလီပင်လယ်ဓါးမြကို တွဲမြင်ကြမှာပါ။ ထို့အတူ သင်္ဘောသားအတွက်နောက်ထပ် အသက်အန္တရာယ်ရှိတာက သင်္ဘောပေါ်တက်ပြီးတိုက်တဲ့ ပယ်လယ်ဓါးမြများနှင့် သူခိုးတွေလည်း ရှိပါသေးတယ်။ အဓိက မလက္ကာ (malacca) ရေလက်ကြားအနီးဝန်းကျင်နဲ့ အာဖရိက နိုင်ဂျီးယီးယား (Nigeria) ဘက်မှာ သင်္ဘောပေါ်တက်ပြီး တိုက်တဲ့ပင်လယ်ဓါးမြတွေဟာ ၂၀၁၆ ခုနှစ်အထိကို တိုက်နေတုန်းပါ။ သူတို့တွေက အဓိက သင်္ဘောသူကြီး Captain ဆီ က အဓိကတိုက်ယူကြပြီး ကျန်သင်္ဘာသားတွေဆီကလည်း ရသလောက်ယူသွားကြပါတယ်။ (သူကြီးဆီမှာက သင်္ဘေသား လစာ အချို့နဲ့ ကုမ္ပဏီငွေတွေက ရှိနေတာ ဓါးမြတွေက သိကြတယ်လေ။) ကြုံဖူးတဲ့ သင်္ဘောသား Old...
Read more »
မောင်စွမ်းရည် – ”ကဗျာဆရာကတော်ကြီး ဆေးရုံတက်ခြင်း”
October 1, 2017
မောင်စွမ်းရည် – ”ကဗျာဆရာကတော်ကြီး ဆေးရုံတက်ခြင်း”
ကထိန်သင်္ကန်းကြိုတင်လှူဒါန်းသော ဦးစွမ်းရည်+ဒေါ်ခင်နွဲ့ကြည် မိသားစု (Photo –  သုံးပါးကျောင်းဖေ့စ်ဘွတ်)   မောင်စွမ်းရည် – ”ကဗျာဆရာကတော်ကြီး ဆေးရုံတက်ခြင်း” (မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၇ကျွန်တော်တို့ငယ်ရွယ်စဉ်အခါက ”ကတော်ဆယ် ပါး”ဆိုလား ကြားဖူးပါတယ်။ အစိုးရအရာရှိကြီးများရဲ့ ဇနီးကို ”မင်းကတော်” တဲ့။ လူဖြူအင်္ဂလိပ်တို့ရဲ့ဇနီးကို ”ဗိုလ်ကတော်”တဲ့။ ကျွန်တော်တို့ ရွာမှာ အစိုးရမင်းမှု ထမ်းဆိုလို့ ”ပြာတာ”လို့ခေါ်ခဲ့ ”မင်းစေ”ခေါ် ”ရုံးလုလင်”ပဲ ရှိခဲ့ဖူးပါတယ်။ အဲဒီမင်းလုလင်ကိုပဲ ကျွန်တော် တို့ အရပ်မှာ ”မင်းဒလင်”လို့ခေါ်ပါသေးတယ်။ ပြာတာတော်မင်းဆိုတာဟာ ရုံးတော်ကို ဝင်ရေး ထွက်ရေးကိစ္စနဲ့ အရာရှိမင်းများကို တွေ့ခွင့်ရရေးကိစ္စ တို့မှာ စွမ်းဆောင်နိုင်သူဖြစ်လို့ တောသူတောင်သား တွေရဲ့ အထင်ကြီးလေးစားမှုကို ခံရပါတယ်။ ပြာတာ တော်မင်းကို လာဘ်ပေးလာဘ်ယူလုပ်ဖို့ကိစ္စများကို တော့ သူ့ဇနီးကတစ်ဆင့် ဆောင်ရွက်ကြရပါတယ်။...
Read more »
မောင်လူပေ – စာပေဟောပြောပွဲဆီသို့
September 3, 2017
မောင်လူပေ – စာပေဟောပြောပွဲဆီသို့
မောင်လူပေ – စာပေဟောပြောပွဲဆီသို့ (မိုးမခ) စက်တင်ဘာ ၃၊ ၂၀၁၇ ‘စာပေတင့်မှလူမျိုးမြင့်မည်’ တဲ့။ ဟုတ်ပါတယ်။ လူမျိုးတစ်မျိုးရဲ့ အဆင့်အတန်းကို သူ့ရဲ့စာပေဖွံ့ဖြိုးမှုကို ကြည့်ပြီး အကဲခတ်လို့ရပါတယ်။ မြန်မာစာပေဟာလည်း ပေါ်ပေါက်ခဲ့တာ နှစ်ပေါင်းထောင်ချီရှိခဲ့ပါပြီ။ တိဘက်မြန်မာအနွယ်ဝင် မြန်မာတွေဟာ တိဘက်ကုန်းမြင့်က ဆင်းသက်လာကြပေမဲ့ စာပေရေးသားမှုကိုရော ယဉ်ကျေးမှုကိုပါ အိန္ဒိယကို မှီငြမ်းခဲ့ကြပါတယ်။ အစောဆုံးမြန်မာစာအဖြစ် မြစေတီကျောက်စာမှာ တွေ့နိုင်ပါတယ်။ ကျောက်စာတွေရေးခဲ့ကြတယ်။ မှင်စာတွေရေးခဲ့ကြတယ်။ ပေစာတွေရေးခဲ့ကြတယ်။ ကဗျာ လကာင်္တွေ သီခဲ့ကြတယ်။ ပျို့၊အဲချင်း၊ အေးချင်း၊အိုင်ချင်း၊တေးထပ်၊ ရတု၊ ရကန်၊ ဘောလယ် စတဲ့ မြန်မာမှုအနုသုခုမတွေကို သီကုံးခဲ့သူ ပညာရှင်တွေ ခေတ်အဆက်ဆက်မှာ ပေါ်ထွန်းခဲ့ပါတယ်။ ပုဂံခေတ်က အနန္တသူရိယအမတ်ကြီးကစပြီး ပင်းယခေတ်၊ အင်းဝခေတ်က ပေလေးပင်ရှင်လေးပါး၊ ကုန်းဘောင်ခေတ်က မြဝတီမင်းကြီး၊ စလေဦးပုည...
Read more »
အောင်ခိုင်မြင့် – စာပေငတ်နေတဲ့ အဝေးရောက်ငှက်၏ အမေရိကန်ယူတိကာ စာပေဟောပြောပွဲခရီးအစ
August 24, 2017
အောင်ခိုင်မြင့် – စာပေငတ်နေတဲ့ အဝေးရောက်ငှက်၏ အမေရိကန်ယူတိကာ စာပေဟောပြောပွဲခရီးအစ
အောင်ခိုင်မြင့် – စာပေငတ်နေတဲ့ အဝေးရောက်ငှက်၏ အမေရိကန်ယူတိကာ စာပေဟောပြောပွဲခရီးအစ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၇ မြန်မာပြည်၏ အမှောင်ဖုံးသော ကာလများဟု ဆိုရမည့် ခေတ်အဆက်ဆက် စစ် အာဏာရှင် စနစ်အမျိုးမျိုးအောက်မှာ ကြံ့ကြံ့ခိုင် ရင်ဆိုင်ရပ်တည်ရင်း နားမျက်စိအပိတ်ခံထားရသည့် ပြည်သူလူထု၏ အတွေးအခေါ်တံခါးကို ဖွင့်ပေးသော မြန်မာ့စာပေယဉ်ကျေးမှု အမွေအနှစ်များကို လက်ဆင့်ကမ်းသယ်ဆောင်နေသည့် စာပေဟောပြောပွဲများနှင့် ဝေးကွာခဲ့သည်မှာ နှစ်ပေါင်း ၃၀ နီးပါးရှိခဲ့ပေပြီ။ နှလုံးသားမှ အတိတ်ပုံရိပ်များကို စုစည်းလျက် မှတ်မှတ်ရရ ရေတွက်ရလျှင် ၁၉၈၇ ခုနှစ် ပုသိမ်မြို့ တွင် ကျင်းပခဲ့သော ဆရာမောင်သော်က ၊ ဆရာ ချစ်စံဝင်း ၊ ဆရာမ ယုဝတီ ခင်စိန်လှိုင်တို့ ၏ စာပေဟောပြောပွဲသည် ကျနော် နောက်ဆုံး...
Read more »
ဝင်းအောင်ကြီး (မောင်အောင်မွန်) – မုန့်ဟင်းခါးတစ္ဆေနှင့် ပြည်ဝင်ခွင့်ဗီဇာ
May 28, 2017
ဝင်းအောင်ကြီး (မောင်အောင်မွန်) –  မုန့်ဟင်းခါးတစ္ဆေနှင့် ပြည်ဝင်ခွင့်ဗီဇာ
Read more »
မေငြိမ်း – မိသားစု
May 25, 2017
မေငြိမ်း – မိသားစု
  ပန်းချီ မမွှေး၊ သူ့ဖေ့စ်ဘွတ်ကနေ ကူးပါတယ် မေငြိမ်း – မိသားစု (မိုးမခ) မေ ၂၅၊ ၂၀၁၇ (စာရေးသူ ဖေ့စ်ဘွတ်ကနေ ကူးပါတယ်) အသက်တွေတိုဖို့ အကြောင်းရင်းတွေ သိပ်များများလာတယ်…။ မနေ့က သားကြီးဘွဲ့ယူချိန်.. ကျောင်းအဓိပတိရဲ့ မိန့်ခွန်းထဲမှာ.. မနက်ဖန်ဘွဲ့ယူမယ့် အာဖရီကန် လူမည်းကျောင်းသားလေးတစ်ယောက် လူဖြူကျောင်းသားတစ်ယောက်ရဲ့ အမုန်းနဲ့ထိုးတဲ့ ဒါးချက်ကြောင့် မနေ့ကပဲ သေဆုံးခဲ့ရတဲ့သတင်းအတွက် ဝမ်းနည်းစကားပြောပြီး ခန်းမထဲမှာ အားလုံး တစ်မိနစ်စာ ငြိမ်သက်ခြင်းဖြင့် ဝမ်းနည်းကြောင်း ပြခဲ့ကြ… ဘွဲ့နှင်းသဘင်အတွင်း အချိန် လေး ငါးနာရီထဲမှာပဲ အင်္ဂလန်မှာ လူတွေအများကြီး အမုန်းကြောင့်ပဲ ဗုံးခွဲခံရလို့ သေကြေကြရ… တနေ့တည်းပါပဲ .. အမေရိကန်တောင်ပိုင်းမှာ လူမည်းကလေးမလေးတစ်ယောက်ကို လူဖြူ ကလေးလေးတွေက ဟိုးးး ကျွန်ခေတ်တုန်းကပုံစံအတိုင်း...
Read more »
မောင်စွမ်းရည် – “ အမေရိကားမှာ မြန်မာစာသင်ပြီ”
May 25, 2017
မောင်စွမ်းရည် – “ အမေရိကားမှာ မြန်မာစာသင်ပြီ”
  မောင်စွမ်းရည် – “ အမေရိကားမှာ မြန်မာစာသင်ပြီ” (မိုးမခ) မေ ၂၅၊ ၂၀၁၇ အမေရိကားလို နိုင်ငံကြီးမှာ မြန်မာစာသင်ပြီဆိုတာ ကြားရတော့ မြန်မာလူမျိုးတိုင်း ဝမ်းသာကြမှာပဲ၊ ဒို့ဗမာစာ ဗမာစကားဟာ ကမ္ဘာမှာဝင်ဆံ့လာပြီဆိုပြီး ဝမ်းသာကြမှာပေါ့၊ ကျွန်တော်ကတော့ ဝမ်းသာစရာတခြား အကြောင်းတချက်တခုကိုလဲ တစိမ့်စိမ့်တွေးနေမိပါတယ်၊ ကျွန်တော်တို့မြန်မာစာဟာ ကိုလိုနီခေတ်မှာတုန်းက ဗမာပြည်တွင်းမှာကိုပဲ မျက်နှာငယ်ခဲ့ဖူးတာကို ဒီခေတ်လူငယ်များ သိကောင်းမှသိပါတော့မယ်၊ ၁၉၂၀ ခုနှစ် ရန်ကုန်တက္ကသိုလ်ပေါ်ပေါက်စမှာပဲ တက္ကသိုလ်မှာ မြန်မာစာသင်ကြားခွင့်ရရှိရေးကို ဆရာကြီးဦးဖေမောင်တင်က ဦးဆောင်ကြိုးစားခဲ့ရပါတယ်၊ သူငယ်တန်းကနေ မဟာဝိဇာတန်းအထိဖတ်စရာ မနည်း စာအုပ်တွေကိုလဲ ဒီဆရာကြီးကပဲ ဦးဆောင်အားထုတ်ခဲ့တာပါ၊ ခုအခါ မြန်မာစာဟာ ကမ္ဘာတခွင်ကို တိုးဝင်စပြုနေပါပြီ၊ အင်္ဂလန်၊ ဂျာမနီ၊ ချက်ကိုစလိုဗက်ကီးယား၊ ဂျပန်၊ တရုတ်၊ ရုရှားစတဲ့ နိုင်ငံကြီးတွေက...
Read more »
မေငြိမ်း – သမီး နဲ့ စုံတွဲကပွဲ
May 16, 2017
မေငြိမ်း – သမီး နဲ့ စုံတွဲကပွဲ
မေငြိမ်း – သမီး နဲ့ စုံတွဲကပွဲ (မိုးမခ) မေ ၁၆၊ ၂၀၁၇ မေလ ဆန်းမှာ လုပ်မယ့် promenade dance ပွဲအတွက် ဧပြီလကတည်းက သမီး နဲ့ သူ့သူငယ်ချင်းမ လေးတွေ အလုပ်တွေ ရှုပ်နေပြီ။ အမေရိကန် အထက်တန်းကျောင်းသူ ကျောင်းသား ဆယ်ကျော် သက် တွေကြားမှာ ဒီပွဲက အတော် ရေပန်းစားတဲ့ ပွဲပါ။ အဲဒီပွဲမှာ ယောကျာ်းလေးက ပန်းခက်ကလေး ပေးပြီးတော့ မိန်းကလေးကို အတူတွဲကခွင့် တောင်းရပါတယ် တဲ့။ မိန်းကလေးက လက်ခံရင် တွဲကရပါပြီ။ အဲဒီပွဲအတွက် သူတို့လေးတွေ အင်မတန် စိတ်လှုပ်ရှားကြပါတယ်။ အဲဒီပွဲအတွက် မိန်းကလေးများက အလှဆုံးပြင်ပြီး သွားကြသလို ယောက်ျားလေးတွေကလည်း အကောင်းဆုံး ဝတ်ပြီး...
Read more »
မောင်အောင်မွန် – စာရေးဆရာနှင့် ပန်းချီဆရာတို့ တွဲဆုံမိသောအခါ
May 13, 2017
မောင်အောင်မွန် – စာရေးဆရာနှင့် ပန်းချီဆရာတို့ တွဲဆုံမိသောအခါ
မောင်အောင်မွန် – စာရေးဆရာနှင့် ပန်းချီဆရာတို့ တွဲဆုံမိသောအခါ ကျနော်တွေးမိသလို ရေးပါမည် (၂၅၄) (မိုးမခ) မေ ၁၃၊ ၂၀၁၇ (၁) ကျနော့်အကျင့်ဆိုးများအနက် စာမေးပွဲဖြေပြီး ပြန်စစ် ပြန်ပြင် ထပ်ဖြည့်ခြင်းသည် အရေးကြီးလိုအပ်ပုံ မသိမဟုတ်၊ သိပါ၏။ သို့သော်လည်း လုပ်လေ့မရှိ။ ပစ္စည်းတခုဝယ်ပြီးနောက် ဘယ်လောက်ပေးခဲ့ရဆိုသည်ကို မှတ်မထား၊ တယောက်ယောက်က မေးလာလျှင် မဖြေတတ်။ ၀တ္ထုရေးသည့်အခါတွင်လည်း ထိုနည်းလည်းကောင်း။ စိတ်ကူးထဲ ကိန်းအောင်းနေစဉ်မှာကတည်း ၀တ္ထုကိုဦးစွာ နာမည်ပေး၊ ဇာတ်ကောင်များသည်လည်း အတတ်နိုင်ဆုံး ဇာတ်လမ်းနှင့်လိုက်ဖက်အောင် အသက်သွင်းထားမြဲမို့ ချရေးသောအချိန်၌ သူတို့ဘာသာသူတို့ လှုပ်ရှားပြောဆိုကြသည်။ ၀တ္ထုထဲက ဇာတ်ကောင်ကို စာရေးဆရာက ကြိုးဆွဲလျှင် ရုပ်သေးရုပ်သေး ဖြစ်ကုန်မဟုတ်ပါလား။ (၂) သာမန်အားဖြင့် မောင်အောင်မွန်သည် ၀တ္ထုတိုရေးသမား၊ ၀တ္ထုတိုပါနိုင်သည်က မဂ္ဂဇင်း၊ရိုးရှင်းပါ၏။...
Read more »
ကြော်ငြာ … ကြော်ငြာ …
စာအုပ်မြင် ချစ်ခင်ပါစေ
ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ
မိုးမခမှာ ကြော်ငြာပါ
Help MoeMaKa
မိုးမခမာတိကာစဉ်
ကြော်ငြာရန် …
မိုးမခနဲ့ ပတ်သက်သမျှ
မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ
By
မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...
Read more »
မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ
By
  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...
Read more »
ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ
By
  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...
Read more »
မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ
By
  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...
Read more »
သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ
Donate while shopping on amazon
Recent Comments
ကဏ္ဍများအလိုက်
ကဏ္ဍများအလိုက် မာတိကာစဉ်