ရေခြားမြေခြား မြန်မာများ

ထူးထူး (တောင်ငူ) – တော်လောက်ပြီ

December 6, 2015
ထူးထူး (တောင်ငူ) – တော်လောက်ပြီ

  ထူးထူး (တောင်ငူ) – တော်လောက်ပြီ (မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၁၅   အခန်း (၁)   ကိုရွှေထူးတယောက် အခုတလော ခေါင်းထဲကိုမဖိတ်ခေါ်ဘဲသူ့အလိုလိုရောက်လာတဲ့အတွေးတစကို အမျှင်မဖြတ်နိုင်အောင်ဖြစ်နေပါတယ်။ တိတိကျကျပြောရရင်တော့ စာဖတ်သူတို့သုံးနေတဲ့ Facebook လူမှုကွန်ယက်စာမျက်နှာကိုပူးတွဲတည်ထောင်သူတဦးဖြစ်တဲ့ (Mark Zuckerberg) မက်ဇက်ကာဘတ် နဲ့ သူ့ဇနီး (Priscilla Chan) ပရစ်စီလာချန်တို့ဇနီးမောင်နှံနှစ်ယောက်ကသူတို့ ဘဝထဲကိုရောက်လာတဲ့ ရင်သွေးငယ်သမီးလေး Max ကိုရေးတဲ့ (A letter to our daughter) စာကိုဖတ်ပြီးတဲ့အချိန်မှာဝင်လာတဲ့ အတွေးပါ။   အဲ့ဒီ့ငါတို့သမီးသို့ပေးစာတစောင် (A letter to our daughter) ကိုဖတ်နေရင်းနဲ့ လူတယောက်ရဲ့ တန်ဖိုး ဆိုတာဒါပါလားလို့ကွက်ကွက်ကွင်းကွင်းမြင်လာပါတော့တယ်။ အဲ့စာထဲမှာ သူတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ ကိုယ်ကျင့်တရားနဲ့...

Read more »

မောင်ရင်ငတေ – ငါ့ ရင်ထဲမှာ ဧရာဝတီ – မြေထဲပင်လယ်ရေစီးသံ

November 25, 2015
မောင်ရင်ငတေ – ငါ့ ရင်ထဲမှာ ဧရာဝတီ – မြေထဲပင်လယ်ရေစီးသံ

  Côte d’Azur သို့မဟုတ် ပင်လယ်ရေပြာပြာ ကောင်းကင်ပြာပြာ               (ဓါတ်ပုံ မရငတ) မောင်ရင်ငတေ – ငါ့ ရင်ထဲမှာ ဧရာဝတီ – မြေထဲပင်လယ်ရေစီးသံ (မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၁၅   ဧရာဝတီရေ မင်းကို တိုင်တည်ပြီး ငါ မရေးဖြစ်တာ ကြာပြီ၊ သတိမရလို့တော့ မဟုတ်ဘူးပေါ့ကွာ၊ အမျိုးမျိုးအထွေထွေသော အကြောင်းတွေကြောင့်ပေါ့ကွာ၊ ၂၀၁၅ ခုနှစ်လယ်မှာ မင်းနဲ့ပတ်သက်တဲ့  အကြောင်းတွေကိုလည်း နေရာအနှံ့ပလူပျံနေအောင် ကြားခဲ့ရသကွာ၊ စိတ်တော့မကောင်းဘူး၊ မင်း အကြောင်းတွေနဲ့ လှူကြတန်းကြ ကယ်ဆယ်ကြနဲ့ မကြာပါဘူးကွာ၊ အနီ … . …… အနီမှအနီ ရဲရဲနီ မင်းလည်းနီ ငါလည်းနီ ခါတော်မီလည်းနီ ဆိုပြီးတော့ အနီရောင်လှိုင်းတံပိုးတွေကြား မျောလို့ပါသွား...

Read more »

ကိုသန်းလွင် – ရီပို့ကဒ်

November 23, 2015
ကိုသန်းလွင် – ရီပို့ကဒ်

  ကိုသန်းလွင် – ရီပို့ကဒ် (မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၅   (၁) သားတို့ကျောင်းမှ SMS တခုပို့လာသည်၊ သား၏ ဂျီစီအီး O Level စာမေးပွဲ အောင်လက်မှတ်ကိုလာထုတ်ပါ ဟုဆိုသည်၊ သြဂုတ်လအတွင်းကဖြစ်ပါ၏၊ သားကိုယ်တိုင်ဖြစ်စေ၊ မိဘတစ်ဦးဦး ဖြစ်စေ လာခဲ့ပါဟုဆိုသည်၊ ကြည့်လိုက် တော့ သုံးလမျှ အချိန်ပေးထားသည်၊ အမှတ်တမဲ့သတိမရမိ၊ နိုဝင်ဘာ ၁၀ ရက်နေ့ ရောက်မှဖုန်းထဲ မှ Message တွေကို ပြန်ဖတ်ရင်းသားအောင်လက်မှတ် ထုတ်ရန်ကိစ္စကိုသတိရသည်။   သားတို့ကျောင်းမှာ စင်္ကာပူမြို့ အရှေ့ဘက်အစွန်မှာရှိပါသည်၊ လွယ်လွယ်ကူကူမဟုတ်၊ တကူးတက သွားရ သည်၊ သားက  အခု ဂျူရောင်းဂျေစီ ( JC ) မှာ တက်နေခြင်း...

Read more »

သာထက်အောင် – “နေရစ်ခဲ့တော့ ခေတ်ဟောင်း၊ စနစ်ဟောင်း၊ အကျင့်ဟောင်း၊ အတွေးအခေါ်ဟောင်း”

November 19, 2015
သာထက်အောင် – “နေရစ်ခဲ့တော့ ခေတ်ဟောင်း၊ စနစ်ဟောင်း၊ အကျင့်ဟောင်း၊ အတွေးအခေါ်ဟောင်း”

စောငို ကာတွန်း သာထက်အောင် – “နေရစ်ခဲ့တော့ ခေတ်ဟောင်း၊ စနစ်ဟောင်း၊ အကျင့်ဟောင်း၊ အတွေးအခေါ်ဟောင်း” (မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၅ “နေရစ်ခဲ့တော့ ခေတ်ဟောင်း…. မူသစ်ပြောင်းပြီလေ….” ဆိုတဲ့ သီချင်းလေး ခုတလော ပါးစပ်ဖျားမှာ ဟီးလေးခိုနေပါတယ်။ ၁၉၆၂ ခုနှစ်မှာ ဗိုလ်နေ၀င်းခေါင်းဆောင်တဲ့ စစ်အစိုးရက တော်လှန်ရေးအစိုးရ အမည်ခံပြီး သာယာဝပြောတဲ့ လူ့ဘောင်သစ်ဆီချီတက်မယ်ဆိုတဲ့ လေကြီးမိုးကြီး တွေပစ်ပြီး ပြည်သူကို အယုံသွင်းတော့ ဘုမသိ ဘမသိနဲ့ အဲဒီစနစ် အဲဒီခေတ် ကိုထောက်ခံတဲ့သီချင်းတွေ အလျိုလျို ပေါ်ပေါက်ခဲ့ပါတယ်။ အထက်ကဆိုတဲ့ နေရစ်တော့ ခေတ်ဟောင်း.. မူသစ်ပြောင်းပြီလေ ဆိုတဲ့ မာမာအေးရဲ့ ချိုသာကြည် သာလဲ့တဲ့ တေးသံသာလေးလည်းပါဝင်ခဲ့ပါတယ်။ နှစ်လေးအတန်ကြာလာတော့… စစ်အစိုးရပြောတဲ့ သာယာဝပြောတဲ့လူ့ဘောင်သစ်ကြီး က ဘယ်ဆီနေမှန်းမသိပဲ...

Read more »

မောင်ရင်ငတေ – ဘဝထဲကလူသား ၊ ပါရီ သို့မဟုတ် မျှော်လင့်ခြင်း၏ မနက်ဖန်များ

November 13, 2015
မောင်ရင်ငတေ – ဘဝထဲကလူသား ၊  ပါရီ သို့မဟုတ် မျှော်လင့်ခြင်း၏ မနက်ဖန်များ

ပါရီ သို့မဟုတ် မျှော်လင့်ခြင်း၏ မနက်ဖန်များ (ဓါတ်ပုံ မရငတ) မောင်ရင်ငတေ – ဘဝထဲကလူသား ၊  ပါရီ သို့မဟုတ် မျှော်လင့်ခြင်း၏ မနက်ဖန်များ   (မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၁၅ လက်သစ်ဈေးသည်တယောက်ရဲ့ ပါရီမေထရိုထိပ်က ဈေးဆိုင်လေး တဆိုင်ပါ၊              ဈေးသည်လက်သစ်တဦးရဲ့ …… ရင်ထဲက ခံစားချက်တွေကို အင်တာမဗျူးပါဘဲ  . . . …… …….. . မောင်ရင်ငတေ . . … သာ . …. ဆိုရင်  . ….. စိတ် နဲ့  . . … . ....

Read more »

အောင်မော်ဦး – “ချစ်ခြင်းအားဖြင့် သည်သာလျှင်”

November 7, 2015
အောင်မော်ဦး – “ချစ်ခြင်းအားဖြင့် သည်သာလျှင်”

than htay maung အောင်မော်ဦး – “ချစ်ခြင်းအားဖြင့် သည်သာလျှင်” (မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၁၅ ကျနော့်အလုပ်၌ ဗမာဆို၍ ကျနော်တယောက်တည်းရှိသည်။ အများစုမှာ လူဖြူများဖြစ်ကြ သော်လည်း နိုင်ငံစုံမှ လူမျိုးစုံအား မျှ၍ ခန့်ထားပုံရသဖြင့် အသားအရောင် စုံသည်။ အစားအစာ စုံသည်။ ဘာသာစကား စုံသည်။ ယဉ်ကျေးမှု စုံသည်။ ကိုးကွယ်ယုံကြည်မှု စုံသည်။ သမိုင်းနောက်ခံ စုံသည်။ မတူသည့်အလုပ်ချိန်၊ မတူသည့်ဌာနတို့၌ လုပ်ကိုင်ကြရသော်ငြား နေ့လည်စာစားချိန်များ တွင်မူ နီးရာခုံချင်းဆက်၍ သတင်းနှင့်ဟင်းဖလှယ်ကြသည်။ ယဉ်ကျေးမှုချင်းဖလှယ်ကြသည်။ သူ့မွေးရပ်ဌာနေနှင့် ကိုယ့်ဇာတိချက်ကြွေ။ သူသူငါငါ၊ မျှော်ရည်မှန်းဆ၊ လွမ်းတမ်းတသ။ စပ်မိစပ်ရာ၊ ထွေရာလေးပါး အကြောင်းအရာများထဲ၌ မနေ့ကဘောလုံးပွဲ၊ သည်မနက်ရာသီ ဥတု၊ ညနေခင်း...

Read more »

ဝိသေသ – စင်္ကာပူရဲ့ အိမ်သာအလှူ နဲ့ မြန်မာရဲ့ ရေအလှူ

October 19, 2015
ဝိသေသ – စင်္ကာပူရဲ့ အိမ်သာအလှူ နဲ့  မြန်မာရဲ့ ရေအလှူ

  ဝိသေသ – စင်္ကာပူရဲ့ အိမ်သာအလှူ နဲ့  မြန်မာရဲ့ ရေအလှူ (မိုးမခ) အောက်တိုဘာ ၁၉ ၊ ၂၀၁၅   စင်္ကာပူနိုင်ငံမှာ မှတ်မှတ်သားသားအဖြစ်ရဆုံးကတော့ ‘ အိမ်သာ’ အလှူပါပဲ။ လူထွေးက အိမ်သာနှင့် ပတ်သက်ပြီး ခံစားချက်က တော်တော် ရှိခဲ့သူမို့ ပို၍သတိပြုမိခြင်းလည်း ဖြစ်နိုင်သည်။ လူထွေးတို့က တောသားတွေဖြစ်တော့ တောထိုင်တယ်ဆိုတာ ရိုးဟိုးဟိုးနေပါပြီ။ လူထွေးငယ်စဉ်က ဖြစ်၏။ မြို့ပေါ်နေ ကျန်းမာရေးဝန်ထမ်းတွေ လာပြီး စစ်မယ်၊ ဆေးမယ်ဆိုတော့မှ တွင်းတူးအိမ်သာကို ရွာလူကြီးတွေက ကမန်းကတန်းဆောက်ကြသည်။ အများစုကတော့ ရွာဝန်းကျင်ရှိ ခြုံပုတ် တောစပ်တွေမှာပဲ အလေးသွားကြသည်။ ဒါကို တောထိုင်တယ်ဟု ဆိုပါသည်။   ကာတွန်းဆွေမင်း (ဓနုဖြူ) ၏ မြိုင်ရာဇာတွတ်ပီ ကာတွန်းကို...

Read more »

ဖိုးထက် – ပင်နီဇူလာမှ မိုးကျရွှေကိုယ် တယောက်

October 13, 2015
ဖိုးထက် – ပင်နီဇူလာမှ မိုးကျရွှေကိုယ် တယောက်

ဖိုးထက် – ပင်နီဇူလာမှ မိုးကျရွှေကိုယ် တယောက် (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၅ ကျွန်တော်တစ်ယောက် စီးတီးဟောလ်ဘက် မရောက်တာ ကြာပြီ။ ကြာဆို နှစ်လလောက် ရှိခဲ့ပေရော့မည်။ ဘာအကြောင်းကြောင့်မှ မဟုတ်ပါဘဲ မရောက်ဖြစ်ခြင်းသာ ဖြစ်၏။ အလွန်ကြိုက်သည့် ကွမ်းကို လက်တကမ်းမှာ အလွယ်တကူ ၀ယ်စားလို့ရနေခဲ့သည်။ ထို့ကြောင့် မြန်မာကွမ်းယာဆိုင်တွေ မိုးဦးကျ ကောက်ရိုးမှိုများလို များနေသည့် မြန်မာတွေစုရပ်ဖြစ်သည့် စင်္ကာပူနိုင်ငံ၏ စီးတီးဟောလ်ဘူတာအနီးမှ ပင်နီဇူလာ ပလာဇာက ကျွန်တော့်ကို မစွဲဆောင်နိုင်ခဲ့တာ ကြာခဲ့ပြီရော။ ပြီးခဲ့သော တနင်္ဂနွေနေ့က စိတ်ပြေလက်ပျောက်၊ စိတ်ညစ်ငြူး၊ စိတ်မလန်းဆန်းသည်များ ပျောက်စေမည်လား ဟူသည့် မျှော်လင့်ချက်ဖြင့် ချီတက်သွားခဲ့သည်။ တနင်္ဂနွေတိုင်း အဲဒီမှာ ကျွန်တော်တို့ ရွှေတွေ ပုခုံးခြင်း တိုးတိုးတိုက်တိုက်၊ အသက်ရှူသံခြင်း...

Read more »

အရှင်သြသဓ၊ ဟပ်မွန်းဗေး – ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ တိပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲ

September 16, 2015
အရှင်သြသဓ၊ ဟပ်မွန်းဗေး – ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ တိပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲ

    အရှင်သြသဓ၊ ဟပ်မွန်းဗေး – ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ တိပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲ (မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၅ ယခုနှစ် အပြည်ပြည်ဆိုင်ရာ တိပိဋက ရွတ်ဖတ်ပူဇော်ပွဲကို စက်တင်ဘာလ ၁၈-၁၉ ရက်နေ့များ၌ ကျင်းပမည် ဖြစ်ပေသည်။ နေရာမှာ ယမန်နှစ်က ကျင်းပခဲ့သည့် ဘားကလေတက္ကသိုလ်အနီး မင်္ဂလာစင်တာတွင် ဖြစ်ပေသည်။ တက်ရောက်လိုသူများအနေဖြင့် အခမ်းအနားနှင့် အချိန်ဇယား အသေးစိပ်ကို သိလိုပါလျှင် သူတို့ဝပ်ဆိုက် (www.tipitakachantingcouncil.org)တွင် လေ့လာနိုင်ပေသည်။ ယခုနှစ်သည် ဒုတိယအကြိမ်ဖြစ်၏။ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် အခြား အနောက် နိုင်ငံများမှ ထေရဝါဒ ရဟန်းတော်များ၊ တိဗက်ရဟန်းတော်များ၊ မဟာယာန ရဟန်းတော်အချို့၊ ဘိက္ခုနီမများနှင့် သီလရှင် များ...

Read more »

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) – ရေဘေးကူညီရေး စာပေဟောပြောပွဲ အမှတ်တရ

August 25, 2015
ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)  – ရေဘေးကူညီရေး စာပေဟောပြောပွဲ အမှတ်တရ

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)  – ရေဘေးကူညီရေး စာပေဟောပြောပွဲ အမှတ်တရ (မိုးမခ) သြဂုတ် ၂၅၊ ၂၀၁၅ ၂၀၁၅ သြဂုတ်လ၂၃-ရက် တနင်္ဂနွေနေ့ညပိုင်းမှာ ဆန်ဖရန်စစ်စကို၊ ဘေးဧရိယာ၊ ဖရီးမောင်မြို့၊ ကောင်တီလမ်း၊ မြန်မာကွန်မြူနတီနှင့် ယဉ်ကျေးမှုစင်တာ မှာ ပြုလုပ်တဲ့“မြန်မာနိုင်ငံ ရေဘေးကူညီရေး” ရဟန်းစာဆို(၄)ပါး စာပေဟောပြောပွဲကတော့ မမျှော်လင့်ပဲနဲ့ မျှော်လင့်သည်ထက် အောင်မြင်ကြည်နူးရတဲ့ ဟောပြောပွဲလေးပါ။ ဒီပွဲနဲ့ပတ်သက်လို့  မိမိတို့အနေနဲ့ အဓိကကျေးဇူးတင်စရာ အကောင်းဆုံးကတော့-ဖရီးမောင့်က ညီတော် မောင်ကြည်ဖြူပါပဲ။ သူက စောစောကတည်းက”ကံ,ဉာဏ်,ဝီရိယ” သုံးပါးဆုံပွဲလုပ်ချင်လို့ တပူပူ။  ဒါပေမယ့် လူချင်းက မစုမိကြလို့ မလုပ်ဖြစ်။ ခုမှ ဂင်္ဂါရော လေးပါးဆုံ မိတဲ့အပြင်  ရည်ရွယ်ချက်ကလဲ “မြန်မာနိုင်ငံ ရေဘေးအတွက်” ဆိုတော့ မဖြစ်မနေ (၄)ပါးလုံး ဆုံပြီး...

Read more »

ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – အခြေခံအုတ်မြစ် ခိုင်ခံ့ဖို့

July 25, 2015
ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – အခြေခံအုတ်မြစ် ခိုင်ခံ့ဖို့

ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – အခြေခံအုတ်မြစ် ခိုင်ခံ့ဖို့ (မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၅ ချစ်သူငယ်ချင်းတို့ရေ … ကမ္ဘာ့အရှေ့ ဘက်ခြမ်းကနေ အနောက်ဘက်ခြမ်းကို မိုင်ပေါင်း (၈၉၇၆) မိုင်ကျော်၊ တစ်ရက်နီးပါး ဝေဟင်ခရီးနဲ့ ဖြတ်သန်းပြီးနောက် ဒီနေ့ညနေပိုင်း (၇) နာရီလောက်မှာ အိမ်ကို ချောချောမောမော ပြန်ရောက်ပါပြီ (safe and sound)။ မင်းတို့လည်း ဘန်ကောက် (Bangkok) ကနေ ရန်ကုန်ကို ဘေးရန်ကင်းစွာ ပြန်ရောက်ကြတယ်ဆိုတာကို ကြားသိရလို့ ဝမ်းသာပါတယ်။ နောက်မှ ဒို့သူငယ်ချင်းတွေ တပတ်နီးပါး လည်ပတ်ခဲ့တဲ့ ထိုင်းနိုင်ငံခရီးအကြောင်း ပြန်ပြောကြတာပေါ့။ အခုတော့ ဘန်ကောက်ကနေ ဘေဂျင်း (Beijing) သွား လေယာဉ်ပေါ်မှာ ဖတ်ဖြစ်တဲ့ China Daily...

Read more »

ဖိုးစီ (ရုံးတော) – ကိုစိန်တို့ ဘယ်လိုမဲပေးရပါ့

June 28, 2015
ဖိုးစီ (ရုံးတော) – ကိုစိန်တို့ ဘယ်လိုမဲပေးရပါ့

Cartoon Saw Ngo (2011) ဖိုးစီ (ရုံးတော) – ကိုစိန်တို့ ဘယ်လိုမဲပေးရပါ့ (မိုးမခ) ဇွန် ၂၈၊ ၂၀၁၅ တနေ့ညက ဖြစ်သည်။  မက်ဆင်ဂျာဘောက်စ်က တုံခနဲ မြည်ကာတက်လာသည်။ ကိုဖိုးစီ အိပ်ပြီလားဗျာ..။ မအိပ်သေးပါဘူးဗျာ .. ဘာကိတ် ..။ ကျုပ်တို့ အိုတွေ ဘယ်လိုမဲပေးရမလဲဗျာ။  အခွင့်အရေး ရှိ / မရှိ သိချင်လို့ပါ။ အမ် ….။ ကျုပ်လည်း မလျှောက်တတ်ဘူး ဆရာ ..။ မေးမြန်းကြည့်ပါဦးမယ်။ သူ့ အမည်ကို ကိုစိန်လို့ သာ အကြမ်းဖျင်း မှတ်ကြပါတော့။  သူက မလေးရှားက ဂျိုဟိုးပြည်နယ်မှာ သောင်တင်နေသော မြန်မာ နိုင်ငံသား  တရားမ၀င် အခြေချနေထိုင်နေသူဖြစ်သည်။  မလေးရှားမှာ...

Read more »

မောင်ရင်ငတေ – ရောက်တတ်ရာရာအတိုအစများ (ကမ္ဘာတလွှား လေဘာတီများ (တစ်) မူရင်းလေဘာတီများ)

June 19, 2015
မောင်ရင်ငတေ – ရောက်တတ်ရာရာအတိုအစများ  (ကမ္ဘာတလွှား လေဘာတီများ (တစ်) မူရင်းလေဘာတီများ)

ပြင်သစ်မှအမေရိကားသို့မပို့ခင် မူရင်းလေဘာတီရဲ့ခေါင်းပိုင်း (၁၈၇၈) (Photo Google) La tête exposée à l’Exposition universelle de 1878, Champs-de-Mars à Paris.  မောင်ရင်ငတေ – ရောက်တတ်ရာရာအတိုအစများ ကမ္ဘာတလွှား လေဘာတီများ (တစ်) မူရင်းလေဘာတီများ (မိုးမခ) ဇွန် ၁၉၊ ၂၀၁၅ ကမ္ဘာတလွှားမှာ မူရင်းအော်ရီဂျင်နယ်ဆိုတဲ့ လေဘာတီရုပ်တုသုံးခုနဲ့ ပုံစံတူရုပ်တုငယ်အပွားများက တရာကျော်ရှိတယ်လို့ ဆိုပါတယ်။ မူရင်း လေဘာတီရုပ်တုကြီးရှိတဲ့နေရာကိုတော့ အားလုံးလိုလို သိကြမှာပါ။ အမေရိကန်နိုင်ငံ နယူးယောက် မြို့တော်ကြီးသို့အဝင် ဦးခိုက်ရာ ကျွန်းကလေးတကျွန်းပေါ်မှာ တည်ရှိပါတယ်။ လေဘာတီရုပ်တု အမည်အပြည့်အစုံက La Liberté éclairant le monde (Liberty Enlightening the World)...

Read more »

သာထက်အောင် – “အနုမြူဗုံးထက်ဆိုးသော”

June 4, 2015
သာထက်အောင် – “အနုမြူဗုံးထက်ဆိုးသော”

သာထက်အောင် – “အနုမြူဗုံးထက်ဆိုးသော” (မိုးမခ) ဇွန် ၄၊ ၂၀၁၅ ပင်စင်သွားရမယ့်အသက်မရောက်ခင် အလုပ်က အနားယူလိုက်တော့- အချိန်ပိုတွေ လေထွက်လာပါရဲ့။ ဒါပေမယ့်… တသက်လုံး အလုပ်လုပ်လာတဲ့လူ- ဗြုန်းဆို အလုပ်ကနားလိုက်တော့- အစမှာ တော်တော်ယောင်ချာချာနိုင်တာပဲ။ ထိုင်ရမလို- ထရမလို သီးချင်းပဲအော်ဆိုရမလို- တရားပဲထိုင်ရမလို- ဇနီးကအလုပ်သွား- သမီးကအလုပ်သွား- အိမ်မှာ ဘုန်းမောင့်တစ်ယောက်တည်း ‘ကျီးခြောက်-ခွေးနှင်’ ဘဝနဲ့ အိမ်မှာ ‘ငေါင်’ နေတဲ့ အဖြစ်ကို သမီးက စာနာမိတယ်ထင်ပါရဲ့။ သူ့ဖာသာ လေယာဉ်လက်မှတ်ဘွတ်ကင်လုပ်- ဟိုတယ်ဘွတ်ကင်လုပ်- လျှောက်ကြည့်ဖို့ ‘တိုး’ တွေနဲ့ လျှောက်ချိတ်ရင် ကျွန်တော်တို့ ဒက်ဒီ- ဘယ်မြို့တွေသွားချင်သလဲတဲ့။ မြို့တော် တိုကျိုကတော့ မရောက်မဖြစ်ဆိုတော့ထားတော့။ မြို့တော်ဟောင်း ကျိုတိုကလည်း သွားသင့်တဲ့နေရာ။ ကျွန်တော်ဆန္ဒအရှိဆုံးမြို့ကတော့ ဟီရိုရှီးမား။ ဟီရိုရှီးမားကိုဘာ့ကြောင့်...

Read more »

အေးငြိမ်း – အွန်လိုင်းတွင် လုပ်စားခံလိုက်ရသည့် စာရေးဆရာ၏ ဖွင့်ဟ၀န်ခံချက်

June 2, 2015
အေးငြိမ်း – အွန်လိုင်းတွင် လုပ်စားခံလိုက်ရသည့် စာရေးဆရာ၏ ဖွင့်ဟ၀န်ခံချက်

အေးငြိမ်း – အွန်လိုင်းတွင် လုပ်စားခံလိုက်ရသည့် စာရေးဆရာ၏ ဖွင့်ဟ၀န်ခံချက် (မိုးမခ) ဇွန် ၂၊ ၂၀၁၅ ၂၀၁၂ ခုနှစ်၊ ဇန္န၀ါရီလ၏ တစ်ခုသော တနင်္ဂနွေနေ့၌ ကျွန်ုပ် ပင်နင်စူလာသို့ သားအတွက်နို့မှုန့်ပို့ရန်သွားစဉ် ကျွန်တော်နှင့် ရင်းနှီးသောအစ်မကြီးနှင့် ထွေရာလေးပါး စကားစမြည်ပြောဆို၊ ထိုမှ ကျွန်ုပ်စာအုပ်များအကြောင်းပြောမိ။ ထိုအခါ သူက ကျွန်တော်တို့အနီးတွင်ထိုင်နေသော ခပ်ထွားထွား လူငယ်နှစ်ဦးနှင့် မိတ်ဆက်ပေးကာ . . . သူတို့မှာ သူ့တူများဖြစ်ကြောင်း၊ ဘာအလုပ်လုပ်ကြောင်း၊ ကျွန်တော့်စာအုပ်များမှာ ဖတ်ရသူအများအတွက် အလွန်တန်ဘိုးရှိမည် ဖြစ်သဖြင့် အွန်လိုင်းတင်ကာရောင်းရလျှင် သင့်တော်လိမ့်မည်ဖြစ်ကြောင်း၊ အိုင်ဖုံး၊ အိုင်ပက်စသည်များတွင် ဈေးချိုချိုနှင့် ရောင်းလျှင် လူအများလက်သို့ချက်ချင်းရောက်လိမ့်မည်ဖြစ်ကြောင်း . . . blah . . ....

Read more »

ဇော်အောင် (မုံရွာ) – စင်ကာပူအတွက် မြန်မာ အိမ်အကူလုပ်သား ဈေးကွက်

April 22, 2015
ဇော်အောင် (မုံရွာ) – စင်ကာပူအတွက် မြန်မာ အိမ်အကူလုပ်သား ဈေးကွက်

ဇော်အောင် (မုံရွာ) – စင်ကာပူအတွက် မြန်မာ အိမ်အကူလုပ်သား ဈေးကွက် (မိုးမခ) ဧပြီ ၂၂၊ ၂၀၁၅ စင်ကာပူ တနင်္ဂနွေနေ့ ညနေပိုင်း၊ HDB ဆိုတဲ့ လူနေတိုက်တန်းကြားမှာ အသက်၂၀ကျော် အမျိုးသမီးလေး တယောက် အိမ်အကူပုံစံပါပဲ။  သူ့ဖာသာပြုံးရင် မြန်မာစကားနဲ့ တယ်လီဖုန်း နားကြပ်ကလေးနဲ့ ဈေးဆင်းဝယ်၊ ပျော်နေတဲ့ ပုံပါပဲ။ တနင်္ဂနွေနားရက်ဆိုရင် စင်ကာပူ ပင်နီစူလာ ပလာဇာမှာတော့ မြန်မာအိမ်အကူ မြောက်များစွာ သူတို့မိတ်ဆွေ သူငယ်ချင်းများနဲ့ အားလပ်ရက် အနားယူကြတာ တွေ့မိတယ်။ အသက်ငယ်သူများပါတယ်။ လှပစွာ ဝတ်စားဆင်ရင် ပျော်နေသူများစွာ တွေ့ရပါတယ်။ တစ်ချို့လည်း တွေးတော၊ ထိုင်နေတဲ့ မြန်မာမိန်းကလေးတွေလဲ ရှိပါတယ်။ အင်တာနက် ခေတ်စားတော့ တယ်လီဖုန်း အင်တာနက်ထဲ နာမည်ကျော် Alibaba.com...

Read more »

ဖိုးထက် – သုခုမ လမ်းပေါ်က ဒုက္ခနိုင်ငံသား

April 2, 2015
ဖိုးထက် – သုခုမ လမ်းပေါ်က ဒုက္ခနိုင်ငံသား

  ဖိုးထက် – သုခုမ လမ်းပေါ်က ဒုက္ခနိုင်ငံသား (မိုးမခ) ဧပြီ ၂၊ ၂၀၁၅ ကိုသိန်းနိုင် အင်ဂျင်နီယာဘွဲ့ရခဲ့တဲ့အချိန်က ခေတ်ပျက်ကြီးထဲမှာ။ ကိုယ်ရခဲ့တဲ့ ဘွဲ့ ကိုယ် တန်ဖိုးမထားတတ်တာ မဟုတ်ပါဘူး။ ၁၉၈၈ မတိုင်ခင်က YIT မပြောနဲ့ GTI ကျောင်းဆင်းတောင်မှ တန်ဖိုးရှိတယ်။ ကျောင်းဆင်းရင် အလုပ်ထဲမှာ ဒင်ပြည့် ကျပ်ပြည့် အလုပ် လုပ်နိုင်လောက်အောင် ကျောင်းတွေက သင်ပေးနိုင်ခဲ့တယ်။ နောက်တော့ နည်းပညာ ကျောင်းသားဆိုရင် အစိုးရက သူပုန်လို့ သတ်မှတ်ပြီး စိတ်ထင်တိုင်း လျှောက်လုပ် ပစ်ခဲ့ကြတာလေ။ စာသင်နှစ် တစ်နှစ်မှာ လေးလတက် တစ်တန်းဖြေ၊ ရှစ်လနဲ့ စာသင်နှစ် တစ်နှစ်ပြီး။ သင်တဲ့ ဆရာ၊ ဆရာမလေးတွေ ခမျာ ၀န်ကြီးတန်းဆိုလား၊...

Read more »

ကိုသန်းလွင် – တောအလှု

March 31, 2015
ကိုသန်းလွင် – တောအလှု

  ကိုသန်းလွင် – တောအလှု (မိုးမခ) မတ် ၃၁၊ ၂၀၁၅   (၁) တနေ့ကကျွန်တော့်တူတော်မောင် ရွာသို့ပြန်သည်ကို ကျွန်တော်တို့ စင်္ကာပူ လေဆိပ်သို့ လိုက်ပို့လိုက်ရပါသည်၊ သူသည် ရွာသို့ပြန်၍မြေးကိုရှင်ပြုမည်ဖြစ်သည်၊ သူ့ကိုကြည့်ရသည်မှာမြူးတူးရွှင်ပြ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေပုံ ရသည်။   သူ့မိဘများသည် တောမှာ နေသည့် တောင်သူကြီးများဖြစ်ကြ၏၊ သူသည် စက်မှုတက္ကသိုလ် မှ ဘွဲ့ရခဲ့သည်၊ သူတို့ရွာမှာ နိုင်ငံခြားသို့ ပထမဦးဆုံးသွားရသည့်သားရတနာဖြစ်သည်၊ အလုပ်တာဝန်၊ ပရိယေသန၀မ်းစာရေး အတွက် နိုင်ငံခြားမှာနေရသော်လည်း သူသည် မိဘနှစ်ပါး နှင့် သူပညာသင်ခဲ့ရာ သူ့ကျေးရွာကို မေ့၍  မသွား ပေ၊ သူ့တွင် သမီးတယောက်သာရှိသည်၊ သမီးဖြစ်သူက သားတယောက်၊ သမီးတယောက် မွေးသော် သူသည် မြေး...

Read more »

ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – ဖက်ဆစ်တို့ရဲ့  ညစာစားပွဲ

March 29, 2015
ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – ဖက်ဆစ်တို့ရဲ့  ညစာစားပွဲ

၂၀၁၅ မတ် ၂၇၊ ၀ါရှင်တန်ဒီစီ၊ အကြမ်းဖက်မြန်မာအစိုးရသံရုံးရှေ့က ဒို့ မြန်မာတိုင်းရင်းသားတွေ (ဇွန်မိုး)   ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – ဖက်ဆစ်တို့ရဲ့  ညစာစားပွဲ (မိုးမခ) မတ် ၂၉ ၊ ၂၀၁၅ ချစ်သူငယ်ချင်းတို့ရေ … တကယ်တော့ ဒီအကြောင်းရေးဖို့ အစီအစဉ်မရှိဘူး။ အရင်စာထဲမှာ ကားမောင်းတဲ့အကြောင်း ပြောခဲ့ပြီး၊ မင်းတို့ မေးထားတဲ့ နှင်းတွေထူထပ် ဆောင်းတွင်းကာလ၊ ရေခဲလမ်းတွေပေါ်မှာ ဘယ်လို ကားတွေမောင်း၊ သွားလာနေထိုင်ကြတဲ့အကြောင်း ဆက်ရေးမလိုပဲ။ ဒါပေမဲ့ ဒီရက်အတွင်း ဒို့ရွှေပြည်မှာ ဖြစ်ပျက်ခဲ့တဲ့ ပြည်သူ့ချဉ်ဖတ်တွေရဲ့  အရုပ်ဆိုး အကျည်းတန် တရားမဲ့လုပ်ရပ်တွေကို မခံစားနိုင်လို့ ဒီမှာရှိတဲ့ ဒို့အင်အားတွေ ဝါရှင်တန်ဒီစီ မြန်မာစစ်အစိုးရ အခွန်ရုံးရှေ့ သွားပြီး  စစ်အစိုးရရဲ...

Read more »

သာထက်အောင် – “မြဲခဲလှတဲ့ ဗီဇာအိမ်ထောင်ရေး”

March 27, 2015
သာထက်အောင် –  “မြဲခဲလှတဲ့ ဗီဇာအိမ်ထောင်ရေး”

သာထက်အောင် –  “မြဲခဲလှတဲ့ ဗီဇာအိမ်ထောင်ရေး” (မိုးမခ) မတ် ၂၇၊ ၂၀၁၅ ၁၉၈၈ – အရေးအခင်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသား အတော်များများ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားတိုင်းပြည်တွေ လွင့်စင်ရောက်ရှိသွားကြပါတယ်။ နောက်ပိုင်…..နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်း မာရေး အဖတ်ဖတ်က ချွတ်ချုံကျလာတော့ “ ဒီမှာတော့ မျှော်လင့်ချက်မဲ့ပြီ” ဆိုတဲ့ အတွေးမျိုး လူငယ်တွေဦး နှောက်ထဲဝင်လာတော့ နီးစပ်ရာ အဆင်ပြေရာ တိုင်းပြည်တွေမှာ မျက်နှာငယ်ငယ်နဲ့ ကြုံရာကျရာ အလုပ်တွေ ဝင်လုပ်ရင်းနဲ့ ဘဝသစ်တွေ စကြရပြန်ရော။ ဒီလိုနဲ့…..မလေးရှားမှာ၊ စင်္ကာပူမှာ၊ သြစတြေးလျမှာ၊ အမေရိကားမှာ ရွှေမြန်မာတွေ အတွေ့ရများလာ ပါတယ်။ ခုတော့ ရွှေပြည်ကြီးနဲ့ စင်္ကာပူ အိမ်ဦးနဲ့ကြမ်းပြင်လိုတောင် ဖြစ်နေပါပြီ။ မလေးရှားမှာဆိုရင် အောက် ပိုင်းကလယ်သမားတွေရော...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်