ရေခြားမြေခြား မြန်မာများ

ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနား နယူးယောက်မှာ ကျင်းပ

February 10, 2015
ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနား နယူးယောက်မှာ ကျင်းပ

   ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနား နယူးယောက်မှာ ကျင်းပ (ကိုမျိုး ဂရပ်ဖစ်) ဖေဖော်ဝါရီ ၁၀၊ ၂၀၁၅ အမေရိကန်ပြည်၊ နယူးယောက်မြို့၊ အမျိုးသားခေါင်းဆောင်ကြီး ရဲ့ နှစ်(၁၀၀)ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဖေဖေါ်ဝါရီလ ၇ ရက်၊ စနေနေ့ နံနက် ၁၀ နာရီ မှ ညနေ ၅ နာရီခွဲ အထိ အမေရိကန်ပြည်၊ နယူးယောက်မြို့၊  P.S. 12 James B Colgate, 42-00 72nd Street, Woodside NY 11377. စာသင်ကျောင်းမှာ စည်ကားသိုက်မြိုက် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။   နယူးယောက်မြို့၊ မြို့မိမြို့ဖ မြန်မာပြည်ဖွား တိုင်းရင်းသားမိသားစု၊ မျိုးဆက်ဟောင်း...

Read more »

ကိုသန်းလွင် – မဟတ္တမဂန္ဓီ

February 3, 2015
ကိုသန်းလွင် – မဟတ္တမဂန္ဓီ

ကိုသန်းလွင် – မဟတ္တမဂန္ဓီ (မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၁၅ (၁) ကျွန်တော်တို့သည်အိန္ဒိယနိုင်ငံ၏ ဖခင်ကြီးသဖွယ်ဖြစ်သောခေါင်းဆောင်ကြီးမဟတ္တမဂန္ဓီ၏ အိမ်ရှေ့သို့ ၂၀၁၄ခု ခရစ္စမတ် နေ့တွင်ရောက်ရှိသွားကြပါသည်။ ဂိတ်မှ အရာရှိက ပြတိုက်ပိတ်သည်ဟု ဆိုခါကျွန်တော်တို့ကို ၀င်ခွင့်မပြု၊ ကျွန်တော်တို့ သည် မနက်ဖြန် မနက်အစောစော ဒေလီမြို့မှပြန် ထွက်ရမည်ဖြစ်ရာ ချွင်းချက်အနေဖြင့် ခေတ္တ၀င်ခွင့်ပြုပါရန် တောင်းပန်ကြရပါသည်၊ ကျွန်တော်တို့သည် ဗမာပြည် မှ လာကြသောဧည့်သည်တွေဖြစ်ပါသည်။ အချိန်ကမရှိတော့သဖြင့် အိမ်ထဲသို့မ၀င်ရလျင်ရှိစေ၊ ခဏလေးဝင်းထဲမှာလမ်းလှေျုာက်ကြည့် ခွင့်ပေးပါဆိုတော့လည်းခွင့်မပြု၊ ကျွန်တော်တို့သည် ထိုအရာရှိအနီးမှ လေးငါးလှမ်း ဘေးကိုလျှောက်ခါ အိမ်ကို မြင်နိုင်သမျှသာ ဓါတ်ပုံတွေရိုက်ခဲ့ရပါသည်။ ဂန္ဓီကြီးသည် ဤအိမ်မှာနေရင်းလုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။ ၁၉၄၈ ခု ဇန်န၀ါရီလ ၃၁ရက်နေ့၊ သေနပ်သမားက သူဘုရားဝတ်ပြုဖို့အလာ သူ့ရှေ့မှာရပ်ခါ အနီးကပ်ပြစ်ခတ်သွားခြင်း ဖြစ်ပါသည်။...

Read more »

မောင်ရင်ငတေ – နှစ်ဆယ်ကျော်အလွမ်း – ဘီကေကေအစုန်အဆန် (လေယာဉ်စီး၍ ခရီးနှင်မယ်)

January 28, 2015
မောင်ရင်ငတေ – နှစ်ဆယ်ကျော်အလွမ်း – ဘီကေကေအစုန်အဆန် (လေယာဉ်စီး၍ ခရီးနှင်မယ်)

မောင်ရင်ငတေ – နှစ်ဆယ်ကျော်အလွမ်း – ဘီကေကေအစုန်အဆန် (လေယာဉ်စီး၍ ခရီးနှင်မယ်) (မိုးမခ) ဇန်န၀ါရီ ၂၈၊ ၂၀၁၉ PARIS DOHA BANGKOK                                                                (ဓါတ်ပုံ မရငတ) မောင်ရင်ငတေ တယောက် မရောက်တာ ကြာပြီဖြစ်တဲ့ ဘန်ကောက်ခရီးစဉ်ကို လေးလ ကြိုတင်ပြီး စီစဉ်ဖြစ်ခဲ့ပါတယ်၊ အမှန်တကယ်ကတော့ ကြိုတင်ပြင်ဆင်ရခြင်းဆိုတဲ့ ကိစ္စကြီးကို မောင်ရင်ငတေ သိပ်မကြိုက်နှစ်သက်ပါဘူး၊ လုပ်လေ့လုပ်ထလည်း သိပ်မရှိပါဘူး၊ ဒါပေမယ့် ငွေကြေး မပြည့်စုံတဲ့ မောင်ရင်ငတေတယောက်ကတော့ ဥရောပမှာ ခရီးထွက်မယ်ဆိုရင် ကြိုတင်ပြီး ဝယ်ထားနိုင်ခါမှ တော်ကာကျတဲ့ ရထားလက်မှတ် ကားလက်မှတ် လေယာဉ်လက်မှတ် ဈေးနှုန်း သတ်မှတ်ပုံတွေကြောင့် ကြိုမလုပ်ချင်ပေမယ့် ကြိုတင်လုပ်ခဲ့ရတာချည်းပါ၊ အဲသလို လေးလကြိုတင် ဝယ်ဖြစ်ခဲ့တဲ့ ကာတာလေယာဉ် လက်မှတ်ခက အသွားအပြန်ကိုမှ ၅၁၂ ...

Read more »

ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – ရောမပြည် ရောက်ခဲ့ရင်

January 28, 2015
ဇွန်မိုး  – မြန်မာပြည်သို့ပေးစာ – ရောမပြည် ရောက်ခဲ့ရင်

  ဇွန်မိုး  – မြန်မာပြည်သို့ပေးစာ – ရောမပြည် ရောက်ခဲ့ရင် (မိုးမခ) ဇန်န၀ါရီ ၂၆၊ ၂၀၁၅ ၂၀၁၄ ဒီဇင်ဘာလတစ်လလုံး မင်းတို့ဆီ စာမရေးနိုင်ဖြစ်ခဲ့တယ်။ တခါတလေတော့ ရွှေရီ၊ ကျော်ထင်၊ ဝင်းဆွေတို့နဲ့တော့ Viber နဲ့ စကားပြောဖြစ်ပါတယ်။ ဆင်ခြေပေးရရင်တော့ နှစ်ကုန်မှာ တသက်လုံး သင်ယူလေ့လာမယ် (Lifelong learning) ခံယူချက်နဲ့ ယူထားတဲ့ Online အတန်းတွေအတွက် စာမေးပွဲတွေဖြေရ၊  စာတမ်းတွေ ရေးတင်နေရတာရယ်။ အလုပ်မှာလည်း နှစ်ချုပ်လုပ်ရမယ့် အလုပ်တွေကို လက်စသတ်နေတာရယ်။ ပြီးတော့ မလုပ်မဖြစ် နှမ်းဝင်ဖြူးရတဲ့ ရပ်ရေးရွာရေး သာရေးနာရေးကိစ္စတွေနဲ့ ရှုပ်နေတာကြောင့် အားလုံးကို အချိန်ပေးပြီး စာမရေးနိုင်၊ ဖုန်းမခေါ်နိုင် ဖြစ်ခဲ့ရတယ်။ ဒီလို ဆင်ခြေပေးလို့ နားလည်ခွင့်လွတ်မယ်လို့ မျှော်လင့်ပါတယ်။...

Read more »

ကိုသန်းလွင် – ဗုဒ္ဓဂါယာ

January 20, 2015
ကိုသန်းလွင် – ဗုဒ္ဓဂါယာ

ကိုသန်းလွင် – ဗုဒ္ဓဂါယာ (မိုးမခ) ဇန်န၀ါရီ ၂၀၊ ၂၀၁၅ (၁) ဂါယာလေဆိပ်မှာ နှင်းတွေထူထပ်စွာကျနေသောကြောင့် ရန်ကုန်မင်္ဂလာဒုံလေဆိပ်မှ ထွက်မည့်လေယာဉ်သည် အချိန်မှန် မထွက်နိုင်၊ မနက် ၉း၃၀ တွင် ထွက်မည်ဆိုကာ ကျွန်တော်တို့သည် လေဆိပ်သို့ ၇း၃၀ တွင်အရောက်လာကြရပါသည်။ တစ်နာရီခန့်နောက်ကျပြီးမှလေယာဉ်ထွက်ခွင့်ရသည်။ သူတို့ အချိန် ၁၁း၃၀ ခန့်တွင် ဂါယာလေဆိပ်ကို ကျွန်တော်တို့ရောက် သွားတော့လေဆိပ်မှာ နှင်းတွေဝေနေဆဲ ဖြစ်ပါသည်။ နေကိုကောင်းကောင်းမြင်နေရသော်လည်း စင်တီဂရိတ် ၄-၅ ဒီဂရီ ခန့်သာရှိမည်ထင်သည်။ ဂါယာမြိုသည် မြောက်လတ္တီတွတ် ၂၅ဒီဂရီတွင်ရှိရာ မြောက်ဘက် ဥတ္တရ ယဉ်စွန်းတန်းထက် မြောက်ဘက်ပိုကျသေးသည်၊ မြစ်ကြီးနားမရောက်မှီ အင်းတော်ကြီးအိုင် နှင့် ရာသီဥတု ဆင်ဆင်တူပါသည်၊ လေဆိပ် အဆောက်အဦးထဲဝင်တော့လည်း နွေးမသွား အနွေးထည်တွေကို ကဗျာကရာ...

Read more »

ထူးထူး (တောင်ငူ) – ပျင်းတောင် ပျင်းသေးတယ်

January 10, 2015
ထူးထူး (တောင်ငူ) – ပျင်းတောင် ပျင်းသေးတယ်

ထူးထူး (တောင်ငူ) – ပျင်းတောင် ပျင်းသေးတယ် (မိုးမခ) ဇန်န၀ါရီ ၁၀၊ ၂၀၁၅ အခန်း (၁) န၀တ နဲ့ နအဖ အမွှာညီအစ်ကိုနှစ်ယောက်ရဲ့ကျေးဇူးကြောင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ ဟာ ကြိုးပြတ်သွားတဲ့ပုတီးကုန်းလေးလို ကမ္ဘာ့နေရာအနှံ့ကို တစစီလွင့်စင်ခဲ့ကြရပါတယ်။ အခုအစိုးရ လက်ထက်မှာလည်း ပြည်သူတွေဟာ အခက်အခဲပေါင်းစုံကို ရင်ဆိုင်နေကြ ရတုန်းပါ။ လက်ပတောင်း တောင်က ပြည်သူတွေဒုက္ခပင်လယ်ဝေနေသလို၊ ဆရာလူထုဦးစိန်ဝင်းသာ ကွယ်လွန်သွားခဲ့တယ်၊ တောင်တန်းတွေပေါ်မှာ ဂျိုးကူသံတွေလည်း မကြားရသေးပါဘူး။ အခုချိန်မှာ- ဗမာ မရှိတဲ့နေရာ ဆိုလို့ မြောက်ဝင်ရိုးစွန်းတနေရာပဲရှိတော့မယ်လို့ထင်ပါတယ်။ ဘယ်အရပ်၊ ဘယ်နိုင်ငံကိုပဲရောက်ရောက်၊ နေရာအသစ်မှာ စိန်ခေါ်မှုမျိုးစုံကိုရင်ဆိုင်ကြရမှာကတော့ မြေကြီး လက်ခတ်မလွဲပါ။ တယောက်နဲ့တယောက်ကြုံရတဲ့အခက်အခဲပုံစံချင်းသာကွဲချင်ကွဲမယ်၊ ပန်းခင်း လမ်းတွေ မဟုတ်ကြတာတော့သေချာပါတယ်။ လုပ်ငန်းခွင်ဝင်တဲ့သူလည်း လုပ်ငန်းခွင်မှာ အခက်အခဲ တွေကိုရင်ဆိုင်ကြရသလို၊ စာသင်တဲ့သူလည်း...

Read more »

ကိုသန်းလွင် – ချောင်းသာ နှင့် အင်တာနက်

January 10, 2015
ကိုသန်းလွင် – ချောင်းသာ နှင့် အင်တာနက်

ကိုသန်းလွင် – ချောင်းသာ နှင့် အင်တာနက် (မိုးမခ) ဇန်န၀ါရီ ၁၀၊ ၂၀၁၅ (၁) ချောင်းသာကိုသွားမည်ဟု စိတ်ကူးထားမိသည်မှာ ကြာပါပြီ။ သို့ပါသော်လည်း အကြောင်းက မတိုက်ဆိုင်နိုင်၊ တကယ်သွားတော့မည်ဟု သေချာသွားတော့ ဟော်တယ် booking လုပ်ရန် တစ်ရက်ပဲ အချိန်ရတော့သည်။ ဖြစ်ချင်တော့ ထိုနေ့က ဟော်တယ်လိုင်း ဖုန်းတွေမှာ တစ်ခုမှခေါ်၍မရ၊ လက်ကိုင်ဖုန်း နံပါတ်တွေ ခေါ်ရသမျှတော့ အခန်းလွတ်မရှိ ဘူးဟုသာ ပြောကြလေသည်။ ကျွန်တော်တို့သည် ချောင်းသာဟော်တယ်တွေမှာ အခန်းလွတ်မရှိဘူးဆိုတာကို မယုံနိုင်အောင် ဖြစ်နေသည်။ Beach front ခေါ် ဆိပ်ကမ်းကို မျက်နှာမူထားသော ဟော်တယ်တွေမှာသာ နေရာကျပ်မည် ဟု ခန့်မှန်းမိသည်။ ထိုနေရာကောင်းတွေမှာ ဆောက်ထားသော ဟော်တယ်တွေမှာ နေရာမရလျှင် ကတ္တရာ လမ်းတဖက်မှာ...

Read more »

အရှင်ကုသလသာမိ (အတည်မဲ့) – စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၆၊ နိဂုံး)

December 24, 2014
အရှင်ကုသလသာမိ (အတည်မဲ့) – စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၆၊ နိဂုံး)

အရှင်ကုသလသာမိ (အတည်မဲ့) – စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၆၊ နိဂုံး) (မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၄ ယခင်အပတ်မှ အဆက် (၆၇) ည ၆ နာရီခွဲခန့်တွင် ဂျာမနီနိုင်ငံ၏ မြို့တော်ဘာလင်မြို့မှ ဖရန့်ဖွတ်မြို့သို့ ပြန်လည်ထွက်ခွါကြသည်။ ဖရန့်ဖွတ်မြို့ရောက်သည်နှင့် ခရီးစဉ်ပြီးဆုံးမည်ဖြစ်သည်။ ဘာလင်မြို့နှင့်ဖရန့်ဖွတ်မြို့သည် ကီလိုမီတာ ၄ဝဝ ခန့်ဝေးရာ အနည်းဆုံး ၄ နာရီခန့် သွားရဦးမည်ဖြစ်သည်။ ဂျာမနီနိုင်ငံ အဝေးပြေးလမ်းများသည် ကီလိုမီတာနှုန်းကို ၁၂ဝ ခန့်အထိ သတ်မှတ်ထားသည်။ အချို့နေရာများတွင် ကီလိုမီတာနှုန်း သတ်မှတ်ထားခြင်းမရှိ၊ စိတ်ကြိုက်မောင်းနှင်နိုင်လေသည်။ နော်ဝေလမ်းမများပေါ်တွင် ကီလိုမီတာ ၇ဝ/၈ဝ ဝန်းကျင် သတ်မှတ်ထားသည်က များသည်။ ယခုအခါ ကပ္ပိယကြီးသည် သူ့စိတ်ကြိုက်မောင်းနေလေပြီ။ မိမိတို့ကား ခရီးပန်းကာ အိပ်ငိုက်လေပြီ။...

Read more »

ဝင်းအောင်ကြီး – ကျနော်တွေးမိသလို ရေးပါမည် (၁)

December 22, 2014
ဝင်းအောင်ကြီး – ကျနော်တွေးမိသလို ရေးပါမည် (၁)

ဝင်းအောင်ကြီး – ကျနော်တွေးမိသလို ရေးပါမည် (၁) ဒီလိုမှသာ ဘာသာရေးခေါင်းဆောင် (သူ့ဖေ့စ်ဘွတ်) ဒီဇင်ဘာ ၂၂၊ ၂၀၁၄ ကျနော့်အိမ် အိပ်ခန်းပြတင်းပေါက်ကနေ ကြည့်လျှင် ခရစ္စမတ်အတွက် မီးလုံးလေတွေ ထွန်းထားတာ သိပ်လှတာပဲ။ ညတရေးနိုး အပေါ့အပါးထသွားရင်းလည်း ငေးမိတယ်၊ အမှောင်ထ ရွှေမှုန်လေးတွေလိုလို။ ဒီဇင်ဘာလဆန်းပြီဆိုကတည်း လှုပ်လှုပ်ရွရွဖြစ်နေတတ်သူ အိမ်နီးနားချင်းအိမ်မှာ ဒီနှစ်မှောင်နေတယ်။ သူ့သား အဖမ်းခံထားရလို့တဲ့။ ကျနော်တို့ရွာမှာ ခရစ်ယာန်တွေ မရှိလို့ခရစ္စမတ်ဆိုတာ မသိမကြားမိ။ ပဲခူး အေဘီအမ်ကျောင်း ( American Baptist Mission School) ရောက်တော့မှ သိတယ်။ အစဉ်အလာတခုကား ဘယ်လောက်ဝေးတဲ့ အရပ်ကိုရောက်နေပါစေ ကြိုးစားပြီး အရောက်ပြန်ကာ၊မိသားစုနဲ့ ခရစ္စမတ်ညစာ အတူစားကြခြင်းပါ။ အိမ်သားတယောက် လျော့နေ၍ မပျော်နိုင်ရှာတဲ့ အိမ်နီးနားချင်းအတွက် စိတ်မကောင်းဖြစ်မိတယ်။...

Read more »

အရှင်ကုသလသာမိ (အတည်မဲ့) – စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၅)

December 19, 2014
အရှင်ကုသလသာမိ (အတည်မဲ့) – စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၅)

အရှင်ကုသလသာမိ (အတည်မဲ့) – စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၅) (မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၁၄ ယခင်အပတ်မှ အဆက် (၆၃) ညပိုင်းတွင် ရွှေညဝါဆရာတော် တရားဟောသည်။ တရားပွဲက ကြားရက်ဖြစ်နေသဖြင့် ပရိသတ် ၄ဝ ခန့်သာ လာရောက်နိုင်ကြသည်။ တရားပွဲအပြီးတွင် ဆွီဒင်ရောက်မြန်မာများနှင့် စကားစမြည်ပြောကြသည်။ နောက်တစ်နေ့ မနက်တွင် ဆွီဒင်နိုင်ငံ၊ မြန်မာကျောင်းမှ ထွက်ခွါလာခဲ့ကြသည်။ ခရီးစဉ်က ဂျာမနီနိုင်ငံ ဘာလင်မြို့သို့ သွားရန်ဖြစ်သည်။ သို့ရာတွင် မြန်မာကျောင်းမှ ဘာလင်မြို့သို့ ဆက်တိုက်သွားလျှင် ၁၃ နာရီခန့် ကားမောင်းရမည်ဖြစ်သဖြင့် ဒိန်းမတ်နိုင်ငံသို့ ဝင်ပြီး တစ်ညနားရန် စီစဉ်ကြသည်။ သို့ဖြင့် ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့သို့ ဦးတည်ထွက်ခွါလာခဲ့ကြသည်။ စာရေးသူတို့ချည်း ဤကဲ့သို့သောခရီးစဉ်ကို သွားဖို့ မလွယ်ပါ။...

Read more »

မောင်မောင်လတ်(ရွှေအင်းလေးစာပေ) – အမေရိကန်တက္ကသိုလ်မှာ ခဏတာ

December 18, 2014
မောင်မောင်လတ်(ရွှေအင်းလေးစာပေ) – အမေရိကန်တက္ကသိုလ်မှာ ခဏတာ

မောင်မောင်လတ်(ရွှေအင်းလေးစာပေ) – အမေရိကန်တက္ကသိုလ်မှာ ခဏတာ (မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၁၄ တည်ဆောက်ထားတဲ့ ကွင်းပုံစံက  ၁၀ပေ ပတ်လည်စတုရန်းပုံအဝိုင်းအဝန်းလေးပါ  ၊ အပြင်အဆင်က ညာဖက်ဒေါင့် အောက်ခြေမှာ  အဖျက်သမား အစွန်းရောက်တွေ ထောင်ထားတဲ့ မိုင်းဗုံးတလုံးရယ်၊ ညာဖက်ခြမ်းအပေါ်ဒေါင့် မှာတော့  ပတ်ဝန်းကျင်ညစ်နွမ်းစေမဲ့ သဘာဝဘေးအန္တာရယ်ဖြစ်တဲ့  ရေနံစိမ်းဆီကွက်တွေရှိပြီး၊ မျက်နှာချင်းဆိုင်တဖက်တချက်   ဝဲဖက်ဒေါင့်  အောက်ခြေမှာ   အကူအညီ အရေးပေါ်လိုအပ်နေတဲ့  တောင်ကုန်းပေါ်က လူသားနှစ်ဦး….အဲဒီဝဲဖက်ခြမ်းအပေါ်ဒေါင့် မှာတော့ အရေးပေါ်ကယ်ဆယ်ရေးဌာနချုပ်ကြီးဘဲပေါ့။ ကွင်းအလယ်နေရာမှာ အပေါ်အောက်ဒေါင်လိုက် တောင်တန်းရှည်ကြီးတခုရှိပြီး တောင်တန်းအလယ် ချိုင့် ဝှမ်းမှာ  စွန့် ပစ်အမှိုက် ထည့် ထားတဲ့  သစ်သားစည်ပိုင်းကြီးနှစ်ခုက နေရာယူထားပါတယ်။ “Ready  And  Go...

Read more »

မောင်စွမ်းရည် – ပန်းမြန်မာတွေ လာတုန်းက

December 11, 2014
မောင်စွမ်းရည် – ပန်းမြန်မာတွေ လာတုန်းက

  မောင်စွမ်းရည် – ပန်းမြန်မာတွေ လာတုန်းက (မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၄ နယူးယောက်ကို ဗမာစာရေးဆရာတွေ လာခဲ့ကြတယ်။ ကြုံဝင် ခဲ့ပါလေ။ ခရီးကြုံလို့ ဝင်လာကြတာပါ။ ဗမာပြည်က စာရေးဆရာ တွေက PEN International  အသင်းကိုဝင်ဖို့ မနှစ်က (၂၀၁၃) မှာ PEN Myanmar ကို ဖွဲ့ခဲ့သတဲ့။ မသီတာ (စမ်းချောင်း) တို့ ဦးဆောင်ဖွဲ့ကြတယ်။ သူတို့အဖွဲ့ကို ဗမာလို ဘယ်လိုခေါ်သလဲ မမေးလိုက်ရဘူး။ အပြည်ပြည်ဆိုင်ရာအသင်းကို ဝင်တာဆိုတော့ ဗမာအမည်လည်း ရှိပုံမရဘူး။ကျနော်ကလဲ ကျနော့်စာတွေထဲမှာ အင်္ဂလိပ်စာလုံးတွေ မပါစေချင်ဘူး။ဗမာအသံထွက်နဲ့ ရေးရင်လဲ PEN ကို ပင်း လို့ ရေးမလား၊ပန်းလို့ ရေးမလား။ ဘယ်ဟာမှမကြိုက်တာနဲ့ပဲ  ပန်းမြန်မာ လို့ပဲ...

Read more »

အရှင်ကုသလသာမိ (အတည်မဲ့) – စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၃)

December 7, 2014
အရှင်ကုသလသာမိ (အတည်မဲ့) – စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၃)

  အရှင်ကုသလသာမိ (အတည်မဲ့) – စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၃) (မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၄   ယခင်အပတ်မှ အဆက်   (၅၈)   အော်စလို ဓမ္မသုခကျောင်းသို့ ည ပြန်ရောက်သည်။ မနက် ၂ နာရီ အိပ်ရာထရမည်ဖြစ်သော်လည်း တော်တော်နှင့် အိပ်ရာမဝင်ဖြစ်ကြ ကျောင်းထိုင်ဆရာတော် ဦးဝိသုဒ္ဓနှင့် စကားများ ပြောကြသည်။ ၁ နာရီကျော်ခန့်သာ အိပ်ပျော်ခဲ့သည်။ မနက် ၂ နာရီလောက်ရှိတော့ ကပ္ပိယကြီးတို့ မောင်နှံရောက်လာကြသည်။    ဦးထာဝရနှင့် မြန်မာအချို့ရှိရာ Stjodal မြို့သို့ ခရီးနှင်ကြသည်။ ဂျာမနီစသော နိုင်ငံများတွင် တစ်နာရီကို အနည်းဆုံး ၁၂ဝ ခန့် မောင်းနှင်လာသော ကပ္ပိယကြီး...

Read more »

ဖိုးထက် – မရှက်နိုင်တဲ့ အုန်းထမင်း တစ်ပွဲ

December 6, 2014
ဖိုးထက် – မရှက်နိုင်တဲ့ အုန်းထမင်း တစ်ပွဲ

  ဖိုးထက် – မရှက်နိုင်တဲ့ အုန်းထမင်း တစ်ပွဲ (မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၁၄   လေယာဉ်ကွင်းကိုဆင်းဖို့ ကျွန်တော် ကားငှားတော့ ရှစ်နာရီ။ လေယာဉ်က ဆယ်နာရီ မတ်တင်းမှ ထွက်မည်။ လမ်းမှာ ကားပိတ်တာ အလွန်ဆုံး ရှိမှ လေးဆယ့် ငါးမိနစ်၊ အေးအေး ဆေးဆေးမှီပါတယ်ဟု ခပ်ပေါ့ပေါ့တွေးခဲ့ခြင်း ဖြစ်သည်။ လမ်းမှာ ကားမပိတ်ပါ။ သို့သော် ကားသမားနှင့် လေပေးဖြောင့်ပြီး လ္ဘက်ရည်ဝင်သောက်လိုက်မိသည်။ ကားသမားဆီမှ ကွမ်းတစ်ယာ တောင်းစားမိကာမှ ကိုယ်တော်ချောက “ကွမ်းလေးတော့ လက်ဆောင် ထည့်ပေးစမ်းပါရစေ။ ခင်ဗျားလေယာဉ်မှီစေရမယ် စိတ်ချစမ်းပါ” ဆိုသောကြောင့် ကွမ်းဝယ်ချိန် ပုပ်သွားပြန်သည်။ လေယာဉ်ကွင်းကို ရောက်တော့ ကိုးနာရီ ဆယ့်ငါးမိနစ်။   သို့သော် ကိစ္စမရှိ။...

Read more »

အရှင်ကုသလသာမိ (အတည်မဲ့) – စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၂)

December 3, 2014
အရှင်ကုသလသာမိ (အတည်မဲ့) – စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၂)

အရှင်ကုသလသာမိ (အတည်မဲ့) – စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၂) (မိုးမခ) ဒီဇင်ဘာ ၃၊ ၂၀၁၄ ယခင်အပတ်မှ အဆက် (၅၄) ည ၇ နာရီခန့်တွင် အော်စလိုမြို့အနီးက ဓမ္မသုခကျောင်းတိုက်သို့ သွားကြသည်။ ဂျာမနီက ငှါးလာသောကားဖြင့် ကပ္ပိယကြီးနှင့် အော်စလိုမြို့တွင် နေသော ကိုလှမင်းတို့ လိုက်ပါလာကြသည်။ ၄၅ မိနစ်ခန့်ကြာသည်။ ဆရာတော်ဦးဝိသုဒ္ဓက ဝမ်းမြောက်ဝမ်းသာ ဆီးကြိုသည်။ မြို့ပြ၏ ဆူညံမှုများနှင့်ဝေးကွာသောကျောင်းလေးဖြစ်သည်။ သို့ရာတွင် ကျောင်းနောက်ကျောတွင် ရထားလမ်းရှိသဖြင့် မကြာခဏ ဖြတ်သန်းသွားလာနေသော ရထားများကြောင့် ဆူညံမှုတော့ ရှိသည်။ ကျောင်းအပေါ်ထပ်ဆိုလျှင် ရထားဖြတ်သွားတိုင်း အနည်းငယ် တုန်ခါမှုပင် ရှိနေသည်။ ညပိုင်းတွင် အတော်နှင့်အိပ်ရာ မဝင်ဖြစ်ကြ။ ရွှေညဝါဆရာတော်၊ တပည့်ဦးသူရိယ၊ ဦးဝိသုဒ္ဓတို့နှင့်အတူ အလ္လာပသလ္လာပစကားများ...

Read more »

စံပယ်ဖြူ – ဌာနေသို့ တခေါက်တခါ

December 2, 2014
စံပယ်ဖြူ –  ဌာနေသို့ တခေါက်တခါ

စံပယ်ဖြူ –  ဌာနေသို့ တခေါက်တခါ (မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၄ ကျွန်မ၏ နေရပ်ဌာနီသို့ တခေါက်ပြန်ရောက်ခဲ့တဲ့ အကြောင်းတွေကို မိုးမခကို ပြန်ပြီးဖောက်သယ် ချချင်ပါတယ်။ အရင်ဆောင်းပါးတွေမှာ ကျွန်မတို့ ရွာအကြောင်း ရေးဖူးပါတယ်။ ကျုံပျော်မြို့နယ်က မိုးကြိုးပစ်ရွာ ဖြစ်ပါတယ်။ ဗမာလူမျိုး အများဆုံးနေထိုင်ပြီး၊ ကရင်အိမ်ခြေ (၅၀)နဲ့ မွတ်စလင်အိမ်ခြေ(၂၀) လောက်ရှိတဲ့ ရွာပါ။ စံပြကျေးရွာလို့ သတ်မှတ်ထားတဲ့ ကျွန်မတို့ရွာမှာ (၉၆၉)အဖွဲ့လည်း ခိုင်ခိုင်မာမာ ရှိနေပြီဖြစ်ပါတယ်။ ရွာမှာ တပတ်လောက်နေတဲ့ အချိန်လေးမှာ ဆွေးမျိုးတွေဆီ အိမ်လည်ရတာနဲ့ မအားလပ်နိုင်ပါ။ အခါတလေမှ ပြန်တာဆိုတော့ ဟိုအိမ်က ထမင်းခေါ်ကျွေးလိုက် ဒီအိမ်က ထမင်းခေါ်ကျွေးလိုက်နဲ့ ဟင်းကောင်းလည်း စားခဲ့ရပါတယ်။ နိုဝင်ဘာလ ဆောင်းလေအေးဝင်စဖြစ်ပြီး၊ ဆောင်းရနံ့တွေ ရတာကို သဘောကျပါတယ်။...

Read more »

အရှင်ကုသလသာမိ (အတည်မဲ့) – စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၁)

November 29, 2014
အရှင်ကုသလသာမိ (အတည်မဲ့) – စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၁)

  အရှင်ကုသလသာမိ (အတည်မဲ့) – စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၁) (မိုးမခ) နိုဝင်ဘာ ၂၉ ၊ ၂၀၁၄ ယခင်အပတ်မှ အဆက် (၅ဝ) နော်ဝေအခြေခံဥပဒေတွင် ခရစ်ယာန်ဘာသာဦးထိပ်ထားသည့်အချက်ဟု ယူဆနိုင်စရာများ ပါရှိသော်လည်း ဥရောပနိုင်ငံများအနက် နော်ဝေနိုင်ငံသည် ထာဝရဘုရားအပေါ် မယုံကြည်တော့သူများ အများဆုံးဟုပင် ဆိုကြသည်။ ထာဝရဘုရားရှိသည်ဟု ယူဆသူ ၂၉ ရာခိုင်နှုန်းခန့်သာရှိတော့သည်။ “အရှင်ဘုရားရယ် … ကိုယ်လုပ်လို့ ကိုယ်စားရတယ်၊ ကိုယ်ကြိုးစားလို့ အရာရာ ပြည့်စုံလာတယ်၊ နေဖို့မပူရ၊ စားဖို့မပူရ၊ ဆေးကုဖို့ မပူရဆိုတော့ ဘယ်သူက ထာဝရဘုရားကို ကျေးဇူးတင်စကား သွားပြောနေတော့မလဲ”ဟု ကိုမိုးမောင်မောင်က နော်ဝေသားတို့၏ ဘာသာရေးအခြေအနေကို ပြောပြသည်။ ထို့ကြောင့် နော်ဝေတွင် ဘာသာမဲ့ဦးရေက ၇၂ ရာခိုင်နှုန်းအထိ...

Read more »

ကိုသန်းလွင် – ချန်ဂီလေဆိပ်

November 29, 2014
ကိုသန်းလွင် – ချန်ဂီလေဆိပ်

  ကိုသန်းလွင် – ချန်ဂီလေဆိပ် (မိုးမခ) နိုဝင်ဘာ ၂၉ ၊ ၂၀၁၄   (၁)   အဲယားပို့ ဗိုလီဘတ် အတွင်းသို့ ကားမောင်းဝင်လိုက်ပြီဆိုသည်နှင့် ကျယ်ပြန့်သော ခြောက်လမ်းသွားလမ်းမကြီး ကိုမြင်ရသည်၊ လမ်းဘေးဝဲယာမှာလေယဉ်လိုင်းနာမည်တွေနှင့်အတူ ဘယ် တာမီနယ် ကိုသွားရမည်ဆိုသည့် ဆိုင်းဘုတ်တွေရှိသည်၊ ကားပါတ်တွေမှာ နေရာအလွတ် ဘယ်လောက်ရှိပါသည့်ဆိုသည့် နီယွန်စာလုံးအမှတ် အသားတွေကို ထိန်ထိန်ငြီးနေသည့် မီးပွင့်တွေနှင့်အတူမြင်ရမည်၊ စင်္ကာပူ ချန်ဂီလေဆိပ်သို့ရောက်ရတိုင်း ကြီးမား ကျယ်ပြန့်သောနေရာ၊ သန့်ရှင်းသတ်ရပ်သော အခင်းအကျင်းကို အထင်အရှားတွေ့ကြရပါသည်၊   ချန်ဂီလေဆိပ်သည် ၁၉၈၁ ခုနှစ် အမှတ်တစ် တာမီနယ် ကိုစတင်ဖွင့်လှစ်ချိန်မှစပြီးရေတွက်သော် ဆုတံဆိပ် ပေါင်း ၄ရ၀ကျော် ရရှိပြီး ပြီဟုဆိုသည်၊ ကမ္ဘာအကြီးဆုံးလေဆိပ်များစာရင်းတွင် နံပါတ် ၅ ချိတ်သည်၊ ...

Read more »

အရှင်ကုသလသာမိ (အတည်မဲ့) – စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁ဝ)

November 23, 2014
အရှင်ကုသလသာမိ (အတည်မဲ့) – စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁ဝ)

  အရှင်ကုသလသာမိ (အတည်မဲ့) – စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁ဝ) (မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၄   ယခင်အပတ်မှ အဆက်   (၄၇)   ပစ္စည်းများ နေရာတကျ ချပြီးသောအခါ ဦးသူရိယနှင့်အတူ သင်္ဘောအပေါ်ဆုံးထပ်သို့ တက်သည်။ ဆရာတော်နှင့် ကပ္ပိယတို့က နောက်မှ လိုက်လာမည်ဟု ဆိုသည်။ အပေါ်သို့ တက်ရာတွင် ကြီးမားသန့်ပြန့်သော ဓာတ်လှေကားရော၊ ရိုးရိုးလှေကားရော ရှိသည်။ စူပါမားကတ်ကြီးတစ်ခုကိုလည်း တွေ့ရသည်။ မြေပြင်ပေါ်ရှိဆိုင်များကဲ့သို့ ပစ္စည်းမျိုးစုံရှိသည်။ စားသောက်ဆိုင်များ၊ ယမကာဆိုင်များ၊ ကော်ဖီဆိုင်များ၊ ဒစ္စကိုခန်းမများ၊ လောင်းကစားဝိုင်းများ၊ အပျော်ကစားစရာ ဂိမ်းများ၊ ဆိုင်ကယ်၊ ကား၊ စက်ဘီး၊ သေနတ်ပစ် … မျိုးစုံပြုလုပ်နိုင်သည့် ခန်းမကြီး။ ကြည့်ရင်းကြည့်ရင်း...

Read more »

မောင်ရင်ငတေ – နှစ်ဆယ်ကျော်အလွမ်း – ကေအယ်လ် ကလန်းမှ ကပါသို့ (နှစ်)

November 21, 2014
မောင်ရင်ငတေ – နှစ်ဆယ်ကျော်အလွမ်း – ကေအယ်လ် ကလန်းမှ ကပါသို့ (နှစ်)

မောင်ရင်ငတေ – နှစ်ဆယ်ကျော်အလွမ်း – ကေအယ်လ် ကလန်းမှ ကပါသို့ (နှစ်) (မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၄ ကေအယ်လ်မြို့လယ် ဂျလန်ရာဇာဝယ် (၁၉၉၁)                               (Photo Arkar KGyi) လွန်ခဲ့တဲ့ အနှစ် အစိတ်နီးပါး အချိန်က မလေးတခွင်မှာ မောင်ရင်ငတေ ကျင်လည်ခဲ့စဉ် အတူတကွ ဆိုးတူကောင်းဘက် အတွဲညီခဲ့တဲ့ မောင်ရင်ငတေရဲ့ သူငယ်ချင်းတဦးဖြစ်သူ (Photo Arkar KGyi) ရိုက်ပေးခဲ့သော အဲဒီ မှုန်ဝါးဝါး ဓါတ်ပုံတွေဟာ နေ့ရောညပါမက အိပ်ပျော်နေစဉ် အိပ်မက်တွေမှာပါ တောက်လျှောက်ဆိုသလို ပါဝင်လာခဲ့ပါတယ်၊ အဲလိုပါဝင်လာတဲ့ အကြောင်းကတော့ အဲဒီမှုန်ဝါးဝါး ဓါတ်ပုံတွေကို မောင်ရင်ငတေ့ညီမက ဖေ့စ်ဘုတ်ခ်ကတဆင့် လှမ်းပို့လိုက်တာကနေ စတင်ခဲ့တာပါ၊ ၁၉၉၀ ခုနှစ်များဆီက ပုံတချို့ပါ၊ အဲဒါကြောင့်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်