လူမှုရှုခင်း

MoeMaKa Reader – မိုးပျံတံတားတွေအတွက် သစ်ပင်ကြီးတွေကို စတေးမယ်

March 24, 2012
MoeMaKa Reader – မိုးပျံတံတားတွေအတွက် သစ်ပင်ကြီးတွေကို စတေးမယ်

မိုးမခစာဖတ်သူ ရန်ကုန်၊ မတ် ၂၄၊ ၂၀၁၂ မိုးမခ၀ိုင်းတော်သားများ စာရှည်ရှည်မရေးနိုင်ဘူး၊ တိုတိုပဲ ရေးလိုက်မယ်။ မိုးမခကာတွန်းဘောက်စ်က ဆရာတွေ ကာတွန်းဆွဲချင် ဆွဲပါ။ ရန်ကုန်မှာ မိုးပျံတံတားတွေ ဆောက်မယ်လို့ ပြောတယ်။ မိုးမပျံသေးခင် တံတားနဲ့ မလွတ်တဲ့ သစ်ပင်တွေကတော့ အရှင်းခံရတော့မယ်။ ခုတ်မိန့်ကျခံထားရတဲ့ အပင်တွေမှာ လိမ္မော်ရောင် လည်ပတ်တွေ စည်းထားတယ်။ သေမိန့်ကျတဲ့ အကျဉ်းသားတွေကို ခွဲထားသလိုမျိုး မြင်မိတယ်။ ရန်ကုန်မှာ နာဂစ်ကျတော့ သစ်ပင်တွေစတေးခံရတယ်။ မြို့အနာသက်သာတယ် ပြောကြတယ်။ အခု သစ်ပင်တွေဟာ မိုးမပျံသေးတဲ့ တိုင်းပြည်က မိုးပျံတံတားတွေအတွက် ဖြိုလဲခံရဦးမယ်။ ပြီးတော့ ဇာတ်နာအောင် ပြောရရင် စည်းစရာရှားလို့ လိမ္မော်ရောင် အ၀တ်တွေ စည်းထားတယ်။ သင်ကန်းစတွေ လိုပဲ စိတ်ထဲက မြင်နေမိပြန်တယ်။ မြန်မာပြည်ကြီး...

Read more »

ဝတ်ပြုဆုတောင်းပွဲ ငြိမ်းချမ်းအောင်မြင်စွာပြီးဆုံး

March 24, 2012
ဝတ်ပြုဆုတောင်းပွဲ ငြိမ်းချမ်းအောင်မြင်စွာပြီးဆုံး

အရှင်ဝီရသူ မတ်လ ၂၄၊ ၂၀၁၂ ၂၂.၃.၂၀၁၂-ရက်နေ့ မွန်လွဲ (၁) နာရီတွင် စာရေးသူဦးဆောင်သော ၀တ်ပြုဆုတောင်းရေးအဖွဲ့ ဘုရားကြီးသို့ ရောက်ရှိခဲ့ပါသည်။ ဘုရား ကြီးမြောက်မုခ်မှ အရှေ့စောင်းတန်းသို့ဝင်ခါနီးတွင် တာဝန်ခံဆရာတော်သုံးပါးက “ခဏစကားပြောချင်လို့” ဟုဆိုကာ ဂေါပကရုံးခန်းထဲ ခေါ်သွားပါသည်။ ဆရာတော်သုံးပါးအနက် ဘဒ္ဒန္တသီဟနာဒဘွဲ့အမည်ရသောဆရာတော်က လေးစားရည်မွန်စွာမေတ္တာရပ်ခံပါသည်။ ‘ဆူပူအုံကြွမှု မဖြစ်စေချင်ပါ’ ‘အရှင် ဘုရားကို ယုံပါသည်’ ဟု မိန့်တော်မူပါသည်။ စာရေးသူကလည်း ‘စိတ်ချပါဘုရား’ ‘တပည့်တော်တာဝန်ယူပါသည်ဘုရား’ ‘တပည့်တော်လည်း ဆူပူအုံကြွမူကို မလိုလားပါဘုရား’ ဟု ပြန်လျှောက်ထားရာ၊ ဆရာတော်သုံးပါးလုံးက ၀တ်ပြုဆုတောင်းပွဲကို ငြိမ်းချမ်းစွာ ပြုလုပ်ရန် သဘောတူကြပါသည်။ ဆက်လက်၍ ဆရာတော်များက ဗီနိုင်းကိုင်ဆောင်မည့်ကိစ္စကို မေတ္တာရပ်ခံတားမြစ်ပါသည်။ စာရေးသူက အစိုးရကိုဆန့်ကျင်သည့်စာများ မပါကြောင်း၊ အကျဉ်းသားဓာတ်ပုံနှင့် အကျဉ်းသားတို့၏မိသားစုတို့ခံစားမှုများသာ ရေးသားထားကြောင်းလျှောက်ထား၍ ဗီနိုင်းများ...

Read more »

ရဟန်းတော်နှင့် နိုင်ငံရေး

March 23, 2012
ရဟန်းတော်နှင့် နိုင်ငံရေး

ပေးစာကဏ္ဍ မတ်လ ၂၃၊ ၂၀၁၂ ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ်မှစ၍ ရဟန်းပျိုများ၏ နိုင်ငံရေးတက်ကြွစွာဆောင်ရွက်မှုများ အင်တာနက်၊ ဂြိုဟ်တုစလောင်း စသည့်သတင်းများ၌ ကျယ်ပြန့်စွာ တွေ့ရှိရပေသည်။ ဒီမိုကရေစီကို ချစ်မြတ်နိုးခြင်း၊ လူ့အခွင့်အရေးကို လိုလားတောင့်တခြင်း၊ တရားဥပဒေစိုးမိုးရေးကို လိုလားတောင့်တခြင်း စသောအခြေခံအကြောင်းတရားများကြောင့် တစ်ပွင့်တည်းသောကြယ်၊ တစ်ခုတည်းသော အိမ်မက်ဖြစ်သည့် “အောင်ဆန်းသွေးဇာနည်” ကို အင်တိုက်အား တိုက် ထောက်ခံကြိုဆိုကြခြင်း ဖြစ်ပေသည်။ သို့သော် လူငယ် (ရဟန်းပျို) များဖြစ်သည့်အလျောက် စိတ်ခံစားမှုကိုဦးစားပေးကာ ပါးမှာစတေကာကပ်ခြင်း၊ နဖူးစည်းခြင်း၊ အလံကိုင် လွှင့်ခြင်း၊ ဗီနိုင်းများထောင်ခြင်း၊ ဓာတ်ပုံများမြှောက်တင်ခြင်းများပြုလုပ်၍ လွန်လွန်ကဲကဲ အားပေးလာကြသည်ကိုလည်း တွေ့ရပေသည်။ မီဒီယာများကလည်း လွန်ကဲသောအားပေးမှုများကိုသာ ဦးစားပေးဖော်ပြကြသဖြင့် ကျန်ရဟန်းသံဃာများ ဂုဏ်သိက္ခာထိခိုက်ရလောက် အောင် ဣနြေ္ဒပျက်၊ အရှက်မဲ့စွာအားပေးမှုများကို တကမ္ဘာလုံးက သတိထားမိကြပေသည်။ “လူဆိုသည်မှာ...

Read more »

ဝတ်ပြုဆုတောင်းပွဲ မပျက်ပါ

March 22, 2012

မိုးမခ ပေးစာ မတ်လ ၂၂၊ ၂၀၁၂ ၂၂၊ ၃၊ ၂၀၁၂ ရက်နေ့ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး ရှေ့တော်မှောက်တွင်ကျင်းပမည့် ၀တ်ပြုဆုတောင်းပွဲနှင့်ပတ်သက်၍ ၂၁၊ ၃၊ ၂၀၁၂ ရက်နေ့ မွန်းလွဲ (၂) နာရီတွင် မြို့နယ်သံဃနာယကအဖွဲ့မှ ညွှန်ကြားလာပါသည်။ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌဆရာတော်ကြီး (သို့) သာသနာရေးဌာနပြည်ထောင်စုဝန်ကြီးထံတင်ပြပြီးမှပြုလုပ်ရန်နှင့် မဟာမြတ်မုနိ ဘုရားကြီး သြဝါဒါစရိယဆရာတော်ကြီးများ၏ခွင့်ပြုချက်ရပြီးမှ ပြုလုပ်ရန် စာဖြင့်ညွှန်ကြားခြင်းဖြစ်ပါသည်။ ညွှန်ကြားစာရသည်နှင့်တပြိုင်နက် ဘုရားကြီးသြဝါဒါစရိယ ဆရာတော်ကြီးများထံခွင့်တောင်းဖို့သွားရာ ဘုရားကြီးတိုက်လယ်ပေါ်ကျောင်း ဆရာတော်ကြီး ဘဒ္ဒန္တကာရုညက “လုပ်လို့လည်း မတိုက်တွန်းဘူး။ မလုပ်နဲ့လို့လည်း မတားမြစ်ဘူး” ဟု မိန့်တော်မူပါသည်။ မြတောင်ကျောင်းတိုက် ရွှေဝါဝင်းဆရာတော်ကြီး ဘုဒ္ဒန္တသာသနာဘိဝံသက “ဆန္ဒမစောဖို့နှင့် အချိန်သင့်ကခွင့်ပြုမည်” ဖြစ်ကြောင်း မိန့် တော်မူပါသည်။ ဘုရားကြီးသြဝါဒါစရိယ အများစုမှာ သက်တော်ရှည်ဆရာတော်ကြီးများ ဖြစ်သည့်အားလျှော်စွာ...

Read more »

ဝီရသူ သဘောထား (၁)

March 21, 2012
ဝီရသူ သဘောထား (၁)

မတ်လ ၂၁၊ ၂၀၁၂ ၁၉၊ ၂၊ ၂၀၁၂ ရက်စွဲပါ နိုင်ငံတော်ပိုင်သတင်းစာများ၌ပါရှိသော ဦးဂမ္ဘီရသတင်းနှင့်ပတ်သက်၍ အရှင်ဝီရသူ၏ သဘောထားထုတ်ပြန်ချက် (၂၀၊ ၂၊ ၂၀၁၂) ၁၃၇၃ ခု၊ တပိုတွဲလဆုတ် (၁၃) ရက်။   (၁) (က) ဦးဂမ္ဘီရသည် သံဃာ့အဖွဲ့အစည်းများနှင့် သံဃာ့အဖွဲ့အစည်းများ ချမှတ်ထားသောကျင့်ဝတ်ဥပဒေများကို လျစ်လျူရှုခဲ့ပါသည်။ တ ရားဝင်လျှောက်ထားတင်ပြ၍ ခွင့်ပြုချက်ကိုရယူနိုင်ပါလျက် ဥပဒေမဲ့ပြုမူခဲ့ပါသည်။ သင်္ကန်းပြန်ဝတ်သည်ကို နားလည်ပေးနိုင်သော်လည်း ချိပ်ပိတ်ထားသည့်ကျောင်းများကို သော့ဖျက်ဝင်ရောက်ခြင်းသည် ဘုရားသားတော်တို့၏အပြုအမူမဟုတ်သလို၊ ဒီမိုကရေစီနည်းလမ်း လည်းမကျပါ။ ဒီမိုကရေစီကိုလိုလားသူ၊ ဒီမိုကရေစီကိုချစ်မြတ်နိုးသူတိုင်းသည် ဒီမိုကရေစီနည်းလမ်းကျဆောင်ရွက်ဖို့ လွန်စွာလိုအပ်ပါ သည်။ မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်လုပ်ရပ်မျိုးကို ရှောင်ကြဉ်ရမည်ဖြစ်ပါသည်။ သုံးကြိမ်တိုင် စာဆင့်ခေါ်ပါလျက် ရုံးတော်သို့ မသွားရောက်ခြင်းသည် သံဃာ့အဖွဲ့အစည်းကို မလေးစားရာကျသလို မထီမဲ့မြင်ပြုမူရာလည်း ရောက်ပါသည်။...

Read more »

Suu not welcome – သင်းချိုင်းကုန်းနဲ့ သောင်ပြင်မှာတောင် လူထုဟောပြောပွဲ လုပ်လို့မရဘူးလား

March 21, 2012
Suu not welcome –  သင်းချိုင်းကုန်းနဲ့ သောင်ပြင်မှာတောင် လူထုဟောပြောပွဲ လုပ်လို့မရဘူးလား

မိုးမခမိတ်ဆွေ (မြေလတ်)။ မတ် ၂၁၊ ၂၀၁၂ ဒေါ်အောင်ဆန်းစုကြည် ညောင်ဦး၊ ကျောက်ပန်းတောင်း၊ ရေနံချောင်း၊ မကွေး ခရီးစဉ်ကို မတ်လ ၂၇ မှာ မော်တော်ယာဉ်တန်းဖြင့် သွားမည်လို့ ပြောပါတယ်။ ညောင်ဦးကိုတော့ လေယာဉ်နဲ့ လာမယ်လို့ ဆိုပါတယ်။ မကွေးမှာ ဟောပြောစည်းရုံးခွင့်ရဖို့ ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုချက် မပေးဘူးလို့ ကြားနေရပါတယ်။

Read more »

Letter to MoeMaKa – စစ်အာဏာရှင်တို့၏ သန်းချီသော ပင်စင်လစာများ

March 21, 2012
Letter to MoeMaKa – စစ်အာဏာရှင်တို့၏ သန်းချီသော ပင်စင်လစာများ

၁၉၈၈ – ၂၀၁၁ န၀တနဲ့ နယက စစ်အုပ်ချုပ်ရေးခေတ်အတွင်း စစ်ဗိုလ်ချုပ်ကြီးများ၏ ပင်စင်နှင့် နိုင်ငံရေးဆုကြေးငွေ လေ့လာဖွယ် မိုးမခစာဖတ်သူတဦး၊ မတ် ၂၁၊ ၂၀၁၂

Read more »

ရွှေသံစဉ်များဖန်တီးသူ

March 15, 2012
ရွှေသံစဉ်များဖန်တီးသူ

ခက်မာ မတ်လ ၁၅၊ ၂၀၁၂ “ဂီတမှာ Timing ဟာအသက်ပဲ၊ အရေးကြီးဆုံးပဲ။ Timing လွဲသွားရင် တေးသွားသီချင်းရဲ့အရသာပျက်သွားရော။ ထို့အတူဘဲဟင်းချက်ရာမှာပဲဖြစ်ဖြစ်၊ အားကစားလုပ်ရာမှာပဲဖြစ်ဖြစ် Timing မှန်ဖို့လိုအပ်တယ်။ သီချင်းတစ်ပုဒ် ဟင်းတစ်ခွက် Timing Out သွားရင် သီချင်း လောက် ဟင်းလောက်ပဲအရသာပျက်မှာ၊ နိုင်ငံရေးမှာ Timing လွဲသွားရင် တိုင်းပြည်တခုလုံးရဲ့ Image ပျက်တယ်။ တစ်မျိုးသားလုံးထိခိုက်နစ်နာစေတယ်။ နိုင်ငံရေးမှာ Timing ဆိုတာ လုပ်သင့်လုပ်ထိုက်တာကို လုပ်သင့်တဲ့အချိန်မှာလုပ်ခြင်းပါပဲ။” ဒီစကားကိုပြောခဲ့သူက ကျမသူငယ်ချင်း ဂီတသမား၊ ဗီဒီယိုဂျာနယ်လစ်စ် ကိုဝင်းမော်ပါ။ ဒီစကားကို သူက သူ့သမီးကိုပြောခဲ့တာပါ။ သူ့ရဲ့သားသမီး ၄ ယောက်ထဲက တတိယသမီး ခင်စုကြည် ၂၀၁၂ ဇန်န၀ါရီလ ၈ ရက်နေ့မှာရေးခဲ့တဲ့ သမ္မတကြီးသို့ အိတ်ဖွင့်ပေးစာမှာ...

Read more »

SFBC Book Drive – ကလေးစာအုပ်များ ဆက်လှူဒါန်း၊ ရပ်ကွက်တွင်း စာကြည့်ခန်းငယ်များအတွက်ပါရည်ရွယ်

March 15, 2012
SFBC Book Drive – ကလေးစာအုပ်များ ဆက်လှူဒါန်း၊ ရပ်ကွက်တွင်း စာကြည့်ခန်းငယ်များအတွက်ပါရည်ရွယ်

San Francisco Burmese Community Book Drive ကလေးစာအုပ်များ ဆက်လှူဒါန်း၊ ရပ်ကွက်တွင်း စာကြည့်ခန်းငယ်များအတွက်ပါရည်ရွယ် မိုးမခအထောက်တော် ၀၀၂၊ မတ် ၁၅၊ ၂၀၁၂ မြန်မာပြည်တွင်းရှိ ကလေးသူငယ်များအတွက် San Francisco Burmese Community – Book Drive က ကလေးစာအုပ်များ စုဆောင်းပြီး ပေးပို့လှူဒါန်းသည့် လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်လျက်ရှိရာ ယခင်လက စာအုပ်သေတ္တာများ အသုတ် ၃ သုတ်ခန့် စုဆောင်း ပေးပို့ခဲ့သည်ဟု သိရသည်။ ရှေ့လာမည့် လအတွင်း အဆိုပါစာအုပ်များ ရန်ကုန်သို့ ရောက်ရှိပါက အဝေးနယ်များရှိ ကလေးကျောင်းအချို့ထံ ပေးပို့မည်ဟု ဆိုသည်။ ရန်ကုန်မြို့တွင်း mini library ခေါ် အိမ်တွင်းစာကြည့်တိုက် (စာကြည့်ခန်း) ဖွင့်ထားသည့်...

Read more »

Thargyi Maung Zeya – ငါတို့ရဲ့ လွမ်းဆွတ်ကြေကွဲသံ (ဇော်သက်ထွေး)

March 15, 2012
Thargyi Maung Zeya – ငါတို့ရဲ့ လွမ်းဆွတ်ကြေကွဲသံ (ဇော်သက်ထွေး)

 သီပေါကပြန်ခဲ့တယ်နဲ့ အခန်းဆက်များ (၃) သားကြီးမောင်ဇေယျ၊ မတ် ၁၅၊ ၂၀၁၂ ငါတို့ရဲ့ လွမ်းဆွတ်ကြေကွဲသံ (ဇော်သက်ထွေး) သို့ ကိုရစ် မနေ့ က နယ်စည်းမခြား အရက်သမားများအဖွဲ့ လို့ နာမည်ထင်ရှားတဲ့ အုပ်စုနဲ့တွေ့ပါတယ်။ ကိုဟန်းမြတ်ဇော် အိမ်မှာပါ။ ကိုဥက္ကာ ၊ ကိုမော်သန်း ၊ကိုတိုးလွင်၊ လင်းထိတ်သျှင်၊ တို့ကိုတွေ့တယ်။ ခါတိုင်းတွေ့နေကျ မြင့်သန်းကိုမတွေ့ရတော့ စိတ်မကောင်းဘူး၊ သူ့အကြောင်း တော်တော်များများပြောဖြစ်ကြတယ်။  ကဗျာဆရာအမည်ခံ၊ ဒါရိုက်တာအမည်ခံ၊ အနုပညာသမားအမည်ခံ၊ နိုင်ငံရေးသမားအမည်ခံပြီး ငွေအပွကြံသူတွေ ရှေ့တန်းရောက်လာတဲ့ အကြောင်းပြောတာ နားထောင်လာခဲ့ရတယ်။ နောက်ပြီး ရှေ့ဆက်ပြီး အဲဒီလူတွေနဲ့ ဝေးဝေး ရှောင်ဖို့ လည်းကျနော့်ကိုသတိပေးကြတယ်။ ရင်ဖွင့်ကြတယ်။ အထူးသဖြင့် ကဗျာ၊ သီချင်း၊ ပန်းချီ (နာဂစ်) အုပ်စုကလေးရဲ့ နာမည်ကိုသုံးပြီး...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly February 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ

By

 မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ  (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆ “အ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) လောကပါလ သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်